Past

Av Bruce673

771 7 2

romanceကိုမှပုံစံတစ်မျိုးလေးရေးထားပါတယ် ဇာတ်အိမ်ခိုင်ခိုင်လေးရေးချင်တာကြောင့် တချို့နေရာတွေမှာအသေးစိတ်လေးတွေရ... Mer

Intro
Part1
Part 3

Part 2

136 0 0
Av Bruce673

စနေနေ့ဖြစ်တဲ့အတွက် ရဲထက် အိပ်ရေးဝဝနဲ့ပဲအိပ်ယာက ထခဲ့ပါတယ် ကျောင်းကာလအစောပိုင်းမို့ထွေထွေထူးထူးစာလုပ်စရာမရှိတာရယ် နေ့ခင်းပိုင်းကျူရှင်မသွားခင်အထိအေးအေးဆေးဆေးနားလို့ရတာ​ကြောင့် အမေ့ကိုအိမ်အလုပ်တချို့ဝိုင်းကူလုပ်ပေးလိုက်ဂိမ်းလေးဆော့လိုက်နဲ့နေ့ခင်းပိုင်းရောက်တော့ရေချိုး ထမင်းစားပြီးကျူရှင်ဘက်ထွက်လိုက်တယ် ကျူရှင်ချိန်လိုသေးတာကြောင့် ကျူရှင်ရှေ့မှာစကားပြောနေကြတဲ့သူတွေ မျက်နှာချင်းဆိုင်ကမုန့်ဆိုင်မှာမုန့်ဝယ်နေကြသူတွေ ကျူရှင်နားကလက်ဘက်ရည်ဆိုင်မှာထိုင်နေကြတဲ့သူတွေရှိနေပေမယ့် အထဲကိုပဲဝင်နေလိုက်တယ် အခန်းထဲရောက်တော့ ၄ ၅ယောက်တော့ရောက်နေပြီ အရင်နေ့ကမိန်းကလေးတွေကရှေ့ဆုံးမှာထိုင်ပေမယ့် ဒီနေ့တော့နောက်ဆုံးတန်းရဲ့ရှေ့မှာထိုင်နေတာတွေ့လိုက်တယ် ရဲထက်လည်းမနေ့ကအတိုင်းပဲနောက်ဆုံးမှာပဲဝင်ထိုင်လိုက်တယ်
နိုင်လင်းကရောက်နေပေမယ့် မျိုးကို ကိုတော့မတွေ့ ဒီနှစ်ကောင်ကသူနဲ့အတူတူထိုင်တဲ့ကောင်တွေ နှစ်ယောက်လုံးနဲ့ကျောင်းတူပေမယ့် နိုင်လင်းနဲ့ကအရင်နှစ်တွေကကျောင်းမှာမျက်မှန်းတန်းရုံလောက်ပဲရှိတာ မျိုးကိုနဲ့ကတော့အိမ်ချင်းလည်းနီးတော့ အရင်ကတည်းကဘော်ဒါဖြစ်နေတာ

''ဟေ့ရောင် မျိုးကိုမရောက်သေးတာလား''

''အေး ဟုတ်တယ် မင်းလာတုန်းကတွေ့ခဲ့လား''

''မတွေ့ပါဘူးကွာ ဒီကောင့်အိမ်ကငါ့အိမ်ကိုကျော်ပြီးမှရောက်တာလေ ဒီကောင်ငါ့အိမ်ရှေ့ကဖြတ်သွားမှသာတွေ့ရမှာ''

''စောနေသေးလို့ဖြစ်မယ်''

ခြေထောက်ပေါ် တစ်ခုခုပြုတ်ကျလာလို့ကြည့်လိုက်တော့ရှေ့တန်းကဘောပင်ပြုတ်ကြတာဖြစ်နေတယ်
ဒီနေရာမှာထိုင်ရတဲ့အနေအထားကိုပြောပြပါမယ် fiberအမာသား စားပွဲအရှည်မှာမှ နောက်မှီပလတ်စတစ်ခုံတစ်လုံးစီနဲ့ထိုင်ရတာ
စားပွဲရှည်တစ်တန်းမှာ ခုံ၄ခုံနှုန်းနဲ့ပေါ့
နောက်ဆုံးတန်းမှာက၃ယောက်ပဲရှိတာဆိုတော့ ခုံတန်းရဲ့အတွင်းဘက်နံရံနဲ့ကပ်လျက်မှာက မျိုးကို အထွက်ဘက်မှာကနိုင်လင်းထိုင်ပြီး ရဲထက်ကအလယ်မှာထိုင်တယ် ဘောပင်ကမျိုးကိုအရှေ့ခုံမှာထိုင်တဲ့ကောင်မလေးဆီကပြုတ်ကျတာ...ဘောပင်ကိုကောက်ပြီးပြန်ပေးလိုက်တယ်

''ကျေးဇူးပဲ နင့်နာမည်ကရဲထက်မလား''

''အေး ဟုတ်တယ်''

''ငါ့နာမည်က မေပိုး နာမည်အရင်းကတော့
မေပိုးဝတ်ရည်ဆု''

''ကြားရတာ မောပါတယ်''

''အဲ့ဒါကြောင့်မေပိုးလို့ပဲခေါ်ကြတာ''

''ဟုတ်ပြီ မေပိုး''

''တစ်ပတ်စောရောက်နေတာဆိုတော့ဂျူနီယာလေးကိုကြိုဆိုပါတယ်''

မေပိုးကရုပ်တည်နဲ့နောက်တယ်

''ဪ အေး ရက်ကတော်တော်ကွာတာဆိုတော့''.

နိုင်လင်းကဝင်ငေါ့တယ်

''နင်လည်းငါ့ထက်တစ်ရက်နောက်ကျတာပဲ''

''အေးပါ အေးပါ မပြောတော့ပါဘူး''

ကျန်တဲ့မိန်းကလေးနှစ်ယောက်ကလည်းနောက်လှည့်ပြီးမိတ်ဆက်ကြတယ်

''ငါ့နာမည် သဇင်စိုးမိုး''

''ငါက ရတီနိုင် ရတီလို့ပဲခေါ်ပေါ့''

''အားလုံးကိုမှတ်ထားပြီ တွေ့ရတာဝမ်းသာပါတယ်''

''ငါကစွမ်းထက်အောင် တချို့ကတော့ အောင်ရဲလင်းလို့ခေါ်ကြတာပဲ''

​ရှေ့တစ်တန်းကျော်ကအသံထွက်လာလို့ကြည့်တော့ စွမ်းထက်အောင်ဆိုတဲ့တစ်ယောက် လှမ်းမိတ်ဆက်တာဖြစ်နေတယ်

''အမလေး ဝေါ့''

မိန်းကလေးတွေဆီကချီးကျူးထောပနာသံတွေထွက်လာတယ် အားလုံးကိုကြည့်ရတာ တွေ့ကြတာသိပ်မကြာကြသေးပေမယ့်လည်းတရင်းတနှီးနဲ့ပျော်စရာကောင်းတယ်လို့ခံစားရတယ် ဒုတိယနေ့မှာတင်တော်တော်အဆင်ပြေတယ်ပြောရမယ်

''ငါကတော့ မင်းဇင်ခန့်''

''မင်းကိုတော့ငါသိတယ် နာမည်သာမသိတာ
မင်း ၈တန်းတုန်းက( )ကျောင်းကမလား''

''အေး ဟုတ်တယ် ငါလည်းမင်းကိုမြင်ဖူးတယ်''

အားလုံးမိတ်ဆက်နေတဲ့အချိန်မှာရှေ့ဆုံးတန်းအတွင်းဘက်မှာထိုင်တဲ့တစ်ယောက်ကသူ့ဘာသူစွမ်းထက်အောင်နဲ့စကားပြောနေတော့စိတ်ထဲတော့တစ်မျိုးဖြစ်သွားတယ် ဒီကောင်ဘာလဲပေါ့ အဲ့အချိန်မှာပဲ

''ဒီကောင့်နာမည်ကတော့ ဇေယျာနိုင်တဲ့''

မင်းဇင်ခန့်ကဝင်မိတ်ဆက်ပေးတော့မှလှမ်းကြည့်ပြီးလက်လှမ်းပြတယ်

''ဆူလှချည်လားတပည့်တို့''

အသံတွေခဏရပ်သွားပြီး အသံကြားရာဆီအားလုံးအကြည့်ရောက်သွားပြီး မျိုးကိုဖြစ်နေတော့ဝိုင်းထောပနာပြုကြလေရဲ့

''နောက်ဆုံးမှာလာပြီး အာချောင်နေတာပဲ''

''လန့်တောင်လန့်တယ် သူတောင်းစား''

''ဘာပဲဖြစ်ဖြစ် မင်းတို့ကြောက်သွားတယ်တော့လုပ်လိုက် ဟဲဟဲ''

''ကြောက်လိုက်တာ အရမ်းပဲ''

မျိုးကိုကစပ်ဖြီးဖြီးလုပ်ပြီးနောက်ဆုံးတန်းကိုရောက်လာတယ်

''မင်းကအထဲမှာလည်းထိုင်သေးတယ် နောက်လည်းကျသေးတယ် ငါတို့ထပေးရတာအလုပ်ရှုပ်တယ်''

''အောင်မာ ဒိီနေ့မှငါ့ထက်စောရောက်နေတာကို စောက်ပိုမလုပ်နဲ့''

နိုင်လင်းပြောတာကို မျိုးကိုကပြန်ထောက်တယ်

''ဟေ့ရောင် ရဲထက်ငါမင်းကိုဝင်ခေါ်သေးတယ် အန်တီကသွားပြီပြောလိုက်လို့ မင်းကဝီရိယကောင်းလှချည်လားဟ''

''မဟုတ်ပါဘူးကွာ ဘာမှလည်းလုပ်စရာမရှိတာနဲ့
အစောထွက်လာတာ''

''စကားမှပြောလို့ကောင်းကြရဲ့လား''

အသံနဲ့အတူဝင်လာတာက မြန်မာစာဆရာဦးအောင်ရဲ ဆရာကနာမည်ကြီးဆရာဆိုတော့အပြင်မှာအခုမှမြင်ဖူးပေမယ့် လူနဲ့နာမည်ကိုတော့သိနေတာကြာပြီပြောရမယ်

''ကောင်းပါတယ် ဆရာ''

''ဘာကောင်းတာလဲ စာအုပ်တွေသိမ်းစာမေးမယ်''

''ဟင် မဟုတ်ဘူးလေ ဆရာ''

''ဆရာ ဘာမှလည်းမကျက်ခိုင်းဘဲနဲ့''

''သိပ်လန့်သွားသလား  နောက်လတွေကျအဲ့လိုလာမယ် ဒါကကြိုတင်သရုပ်ပြတာ ကဲ ဆရာ့စာအုပ်ရဲ့စာမျက်နှာ ၁၂ကိုလှန် ဒီနေ့သဒ္ဒါလေးအရင်သွားမယ်ဟေ့''

ဆရာကပျော်ပျော်နေတတ်ပုံရတယ် ထင်ထားသလိုဟိတ်ဟန်ကြီးနဲ့နေတာမဟုတ်ဘဲ ပြောစရာရှိတာပြော တပည့်တွေကိုစလိုက်နောက်လိုက် ဆူစရာရှိရင်ဆူဆဲစရာရှိရင်ဆဲ စာသင်ရင်လည်းဟာသလေးတွေပြောတတ်သလို ပညာရစရာတွေလည်းအများကြီးပြောပြီးသင်တော့ ဆရာဘာကြောင့်နာမည်ကြီးရလဲ စာသင်ချိန် တစ်ချိန်ထဲနဲ့ သဘောပေါက်သွားတယ် အသင်အပြကပြောစရာမလိုအောင်ကောင်းလွန်းတယ် မြန်မာစာဆရာ
မပြန်ခင်ကတည်းကကြိုရောက်နှင့်နေတဲ့
သင်္ချာဆရာဦးစိုးနိုင်ဝင်းကဆရာအောင်ရဲသွားပြီးသိပ်မကြာဘူးအခန်းထဲဝင်လာတယ်

''သားတို့သမီးတို့အပေါ့အပါးသွားချင်သွား ရေတွေဘာတွေသောက် ဆရာ၅မိနစ် ၁၀မိနစ်လောက်စောင့်ပေးမယ်''

''ဟုတ်ကဲ့ ဆရာ''

ရေသောက်တဲ့သူကသောက် အိမ်သာသွားတဲ့သူကသွားပြီးအားလုံးကိုယ့်နေရာကိုယ်ပြန်ထိုင်လိုက်တယ်

''ဆရာတို့ ဒီနေ့chapter 2စမယ်''

ဆရာကလည်းအသင်အပြကောင်းတယ် ပုစ္ဆာတွေကိုဒက်ခနဲဒက်ခနဲမြင်​အောင်သူ့နည်းသူ့ဟန်တွေနဲ့ ဘောင်ထဲကနေရှင်းပြသွားတာ တော်ရုံသင်္ချာညံ့တဲ့သူတောင်နားလည်သဘောပေါက်လွယ်တယ်အဲ့လိုနဲ့စာသင်ချိန်၂ချိန်ပြီးတဲ့ချိန်မှာ နောက်ဆုံးချိန်
ဆရာ မဝင်ခင် break time ၁၅မိနစ်ပေးတယ် ကျူရှင်ရှေ့ထွက်ပြီးမုန့်ဆိုင်မှာမုန့်ဝယ်ပြီးစားသူကစား လက်ဘက်ရည်ဆိုင်ခဏသွားထိုင်တဲ့သူကထိုင်ပေါ့
ဒီနေ့ရဲ့နောက်ဆုံးအချိန်က Bioချိန်ပါ
Bioကတော့ဆရာ မဟုတ်ဘဲ တစ်ကျူရှင်လုံးမှာတစ်ဦးတည်းသောဆရာမပါ
တီချယ်ဒေါ်လင်းလက်ကအသက်အရမ်းမကြီးသေးဘူး အလွန်ဆုံးရှိလှ ၃၀ ဝန်းကျင်လောက်ပဲရှိဦးမယ်ဆိုပေမယ့် စာသင်တာကောင်းပါတယ် ဒါကြောင့်လည်း အသက်ငယ်ငယ်နဲ့တက္ကသိုလ်ဆရာမဖြစ်နေတာပါ
တီချယ်က၉တန်း ၁၀တန်းကျူရှင်သင်ပေမယ့် အထက်ကျောင်းဆရာမ မဟုတ်ဘူးလေ
ဒီလိုနဲ့စနေနေ့တစ်နေ့တာဟာကုန်လွန်သွားခဲ့ပါတယ် ကျန်တဲ့သူတွေနဲ့နှုတ်ဆက်ပြီး
မျိုးကိုနဲ့အတူပြန်လာလိုက်တယ်

''ဘယ်လိုလဲ ဟေ့ရောင် ကျူရှင်ကပျော်ဖို့ကောင်းတယ်မလား''

''အေးကွ ဆရာတွေကလည်းစာသင်ကောင်း
ဘော်ဒါတွေကလည်းခင်ဖို့ကောင်းပါတယ်''

''စော်တွေရောမချောဘူးလား''

''သေချာတောင်မသိသေးပါဘူးကွာ
၃ယောက်လုံးကခင်ဖို့တော့ကောင်းတယ်ကွ''

''သူတို့၃ယောက်ထဲကိုပြောနေတာမဟုတ်ဘူးကွ ၁၀တန်းကမမတွေရောပြောတာ''

''ဒါတော့ဟုတ်တယ်ဟ ၁၀တန်းအမကြီးတွေထဲမှာ ချောတဲ့သူတွေတွေ့မိတယ်''

''ဒါကျသေချာသိသွားပြီပေါ့''

''ဒီလိုပဲပေါ့ကွာ ဟဲဟဲ''

သူငယ်ချင်းနှစ်ယောက်စကားတပြောပြောနဲ့လျှောက်လာရင်းရဲထက်အိမ်ရှေ့ရောက်တော့လမ်းခွဲလိုက်ကြတယ်

''သွားပြီ ဟေ့ရောင်''

''အေး မနက်ဖြန်ငါ့ကိုစောင့် ငါဝင်ခေါ်လိုက်မယ်''

''အေးအေး''

.......

''မေမေ သားပြန်ရောက်ပြီ''

''အေးအေး သား ဒီနေ့ရော အဆင်ပြေတယ်မလား''

''ဟုတ် ပြေတယ်''

ခဏနားပြီးတော့ခြေလက်ဆေး ထမင်းစားပြီး TVလေးဘာလေးကြည့် ဂိမ်းလေးဘာလေးဆော့ပြီးအိပ်လိုက်တယ်
....................................

နောက်ရက်တနင်္ဂနွေဟာကျွန်တော်နဲ့သူနဲ့ ကြားကရင်းနှီးမှုတွေရဲ့အစဖြစ်လာခဲ့ပါတယ်
ဒီအရာတွေကပဲကျွန်တော့်အတွက်ကောင်းခြင်းဆိုးခြင်းတွေရဲ့မြစ်ဖျားခံရာတစ်ခုပေါ့ဗျာ

Fortsett å les

You'll Also Like

26.6K 44 10
just a bunch of random one-shots of smutt🤭
49.8K 1.6K 68
I do not own any of the characters. Y/n are a supe. But not a famous one, that didn't work out. Now you are one of the sevens PAs. Maybe, briefly Th...
506K 984 29
A few wedgie challenges for you guys! If you want you can tell me ideas and I'll add them Tell me how it went while you were doing these! it woul...
109K 4K 22
فيصل بحده وعصبيه نطق: ان ماخذيتك وربيتك ماكون ولد محمد الوجد ببرود وعناد : ان مارفضتك ماكون بنت تركي !