Unicode
" လွန်း "
" အင်း "
" ကုတင်ပေါ်တက်ခဲ့ပါ အတူအိပ်ရအောင်လေနော် "
" ဟင့်အင်း မဆံ့လောက်ဘူး မင်းကိုယ်မင်းကလေးများထင်နေလား အဲ့ကုတင်နဲ့၂ယောက်အိပ်ရအောင် "
" ဟာဗျာ နှစ်ယောက်မဆံ့ရင် တစ်ယောက်ထဲလိုအိပ်မယ်လေ နှစ်ကိုယ့်တစ်စိတ်ပေါ့ဗျာ "
" တော်စမ်းပါ အိပ်လိုက်တော့ ပွစိပွစိနဲ့ "
" ကျစ်! ပါးစပ်ကပြောတာကိုနားမထောင်ဘူး တကယ်ကလေးဆိုးဘဲ "
" အာ့! ဘာလုပ်တာလဲ ချပေး "
လွန်းငုပ်တုတ်ထိုင်နေသော အနားကိုတိုးလာကာ လူကိုကောက်ပွေ့လိုက်တာကြောင့် လည်တိုင်အား အလျင်အမြန်သိုင်းဖက်လိုက်မိသည်။
" ချပေးမယ်လေ အရင်ကုတင်ပေါ်သွားရအောင် "
" မင်း! ငါ..ငါပြောတာက ငါ့ကိုပွေ့မထားနဲ့ အောက်ချပေးလို့ပြောတာ "
အရှက်သည်းစွာ မျက်နှာကြီးနီမြန်းနေသော သူကိုကြည့်ပြီး ရှိုင်းတဟားဟားရီတော့သည်။
" ဟားဟားးးး ကျုပ်က စတာပါဗျာ လန့်သွားတာလား စိတ်မပူနဲ့ကျုပ်ခင်ဗျားကိုဘာမှမလုပ်ဘူး ဘာလို့ဆို.... အခန်းကအသံမလုံလို့လေ "
" မင်း! မပြောနဲ့တော့ "
" ဟားဟားးးး "
" မရီနဲ့လို့ "
တဟားဟားရီနေပြန်သော သကောင့်သားကို အရှက်ပြေထုရိုက်နေမိသည်။
လွန်းအားကုတင်ပေါ်တွင်အသာယာချပေးကာ သူပါဝင်လှဲအိပ်သည်။ ပြီးနောက် လွန်းကိုယ်လေးအား ရင်ခွင်ထဲသိမ်ဝင်သည်ထိ ဖက်ထားလိုက်သည်။
" ဒီလိုလေးဖက်ထားပါရစေ ခင်ဗျားရယ်... "
" ငါ.. ငါအိပ်တော့မယ် "
ရှိုင်းရင်ခွင်ထဲမှတိုးထွက်ကာ ရှိုင်းကိုကျောပေးထားမိသည်။ ရှိုင်းမျက်နှာညှိုးငယ်သွားသည်ကိုတော့ သူသိလိမ့်မည်မဟုတ်ပါ။
( ခင်ဗျားကို မလွတ်လပ်စေမိရင် ကျုပ်တောင်းပန်ပါတယ် )
" ခင်ဗျားကို မလွတ်လပ်စေမိရင် ကျုပ်တောင်းပန်ပါတယ် "
လွန်း၏ကျောပြင်အား ဖွဖွလေးပွတ်ကာ စိတ်ထဲကပါ အပြင်မှာရော တိုးညှင်းစွာ ပြောမိသည်။
ပြီးနောက် ကုတင်ပေါ်မှေခါင်းအံုတစ်လံုးယူကာတိတ်တဆိတ်ဆင်းပြီး ကြမ်းခင်းပေါ်တွင် လှဲလိုက်ပြီး လွန်းကျောပြင်ကိုငေးကြည့်နေမိသည်။
( အရာရာတိုင်းအတွက် တောင်းပန်ပါတယ် ခင်ဗျားရယ် )
ထိုစကားကိုတော့ စိတ်ထဲမှသာ ပြောမိသည်။
ပြီးတော့ မျက်လုံးအားမှိတ်ကာ အိပ်စက်ဖို့ ပြင်သည်။
( ငါတောင်းပန်ပါတယ် မောင်ရယ် ငါမောင့်ကိုချစ်ပါတယ် မချစ်ရဲတာဘဲရှိတာပါ လူနှစ်ဦးပျော်ရွှင်ဖို့အတွက် ဘေးလူအသိုင်းအဝိုင်းကို ဥပက္ခာပြုပြီးနေလို့မရဘူးလေ အထူးသဖြင့် မေမေတို့ပေါ့ မောင်တော့မသိပေမဲ့ ငါတော့ မေမေတို့ကိုသစ္စာမဖောက်ချင်ဘူး ငါမောင့်နားမှာဘဲအမြဲရှိနေပေးမှာပါ )
အတွေးတို့အား ရပ်ပစ်ကာ မျက်လုံးများကိုမှိတ်ထားမိသည်။ မျက်လုံးမှိတ်ထားရာမှ မထိန်းနိုင်ဘဲထွက်ကျလာတဲ့ မျက်ရည်များ...
• • • • •
လတ်ဆတ်သောလေသစ်တို့တိုက်ခတ်နေသော မနက်ခင်းတစ်ခု။ ရပ်ကွယ်ငယ်အတွင်း မနက်ပိုင်း ချက်ပြုတ်နေကြသည့်အသံများ ကလေးငယ်များပြေးလွှားကစားနေကြသည့်အသံများက ဖုံးလွှမ်းထားသည်။
" အမ သက်သာရဲ့လား "
" အင်း အမသက်သာသွားပါပြီ ဘာမှမဖြစ်တော့ဘူး အမလမ်းထိပ်ဘက်ခနသွားဦးမယ် ဝယ်စရာလေးရှိလို့ "
" ဘာဝယ်မလို့လဲအမရဲ့ ကျွန်တော်လိုက်ခဲ့ပေးမယ် "
" အင်းရတယ်လေ သွားရအောင် "
လွန်းနှင့်နဒီနှစ်ဦးသား အိမ်မှထွက်လာခဲ့ကြသည်။ဖွားဖွားက အိမ်တွင် ချက်ရင်းပြုတ်ရင်းကျန်နေခဲ့သည်။ ဖွားဖွားအသက်ကသိပ်တော့မကြီးလှ။ ၅၀ကျော်လောက်သာရှိလိမ့်မည်။ လွန်း၏အခန်းထဲတွင်တော့ ရှိုင်းတစ်ယောက်ကြမ်းခင်းတွင် အိပ်မောကျနေရာမှ နိုးလာခဲ့သည်။ ညကခေါင်းအုံးသာယူပြီးအိပ်ခဲ့ပေမဲ့ ဘယ်အချိန်ကခြုံပေးထားလဲမသိသည့် စောင်ပါးလေးတစ်ထည်က
ရှိုင်းကိုယ်ပေါ်တွင် ဖြန့်ခြုံထားသည်။
ရှိုင်းပြုံးမိပါသည်။ ဘာလို့ဆို လွန်းကသူ့ကိုစောင်ခြုံပေးသည်လေ။ အနည်းဆုံးတော့ ဂရုစိုက်ပေးတာဘဲ...
" အဖွား လွန်းရော "
အိပ်ရာမှထခဲ့ပြီး ခြံထောင့်က ရေချိုးကန်တွင်မျက်နှာသစ်လိုက်သည်။ ပြီးတော့အိမ်ထဲပြန်ဝင်ပြီး လွန်းအားရှာနေမိပါသည်။ ဖွားဖွားကိုသာတွေ့တာမို့ မေးလိုက်မိသည်။
" အော် လွန်းကသူ့အမနဲ့ ဈေးဝယ်သွားတယ် အခုလေးတင်ဘဲ "
" အော်ဟုတ် ဒါနဲ့သူ့အမဆိုတာဘယ်သူလဲဟင် "
" လွန်းဒီအိမ်ကိုစရောက်တည်းက မြေးမလေးကလွန်းကိုတယ်သဘောကျတာကွဲ့ ဂရုလဲစိုက်ပေးတယ် "
" ဗျာ! သဘောကျတယ် "
" အင်း အမြဲပြောတယ် သူ့ရဲ့ပျောက်သွားတဲ့မောင်လေးကလွန်းအရွယ်လောက်ဘဲလေ လွန်းသာဆိုရင် ကောင်းမှာဘဲတဲ့ မျိုးရိုးနာမည်ကလည်းတူကြတာကိုး။ "
" မျိုးရိုးနာမည် "
ဖွားဖွားပြောသည့်စကားလုံး ရေရွတ်မိသည်။ ဘာဘဲဖြစ်ဖြစ်ပါလေ သူစိတ်အေးသွားရပါသည်။ ဘာလို့ဆို အဲ့အမသဘောကျတယ်ဆိုတာ မောင်လေးတစ်ယောက်လို သဘောကျတာမို့ပေါ့...
" မြေးမလေးနာမည်က လွန်းနဒီတဲ့ သူမငယ်ငယ်တည်းက ဖွားဖွားစောင့်ရှောက်လာတာ "
" ဟို... အဖွားနဲ့ အမနဲ့ကဘယ်လိုတော်တာလဲ "
ရှိုင်းနည်းနည်းတော့စပ်စုမိပြန်သည်။
" ဘာမှတော့မတော်ပါဘူးကွယ် သူမငယ်ငယ်တုန်းကပေါ့.... "
လွန်ခဲ့သော ၁၀နှစ်ခန့်အချိန်ကာလတစ်ခုတွင်
ညအမှောင်ထဲတွင် တောထဲမှ ပန်းခူးပြီးပြန်လာသော မိန်းမတစ်ယောက်ရှိခဲ့သည်။
လက်ထဲတွင် ပန်းများကို ပိုက်ကာ ကားလမ်းမတစ်ခုပေါ်တွင် ခြေလှမ်းအား ပုံမှန်နှုန်းဖြင့်သာ လျှောက်နေသည်။ သို့သော် အဝေးတစ်နေရာမှထွက်နေသောမီးအလင်းရောင်နှင့်အတူ မီးခိုးများအုံ့ဆိုင်းနေခဲ့သည်။ သူမစပ်စုချင်တဲ့စိတ်ကြောင့် ထိုအနားကို တဖြည်းဖြည်းသွားကြည့်ခဲ့ပါသည်။
အနီးရောက်မှ ရှင်းလင်းစွာမြင်ရသည်က ကားတစ်စီးမှောက်နေသည်လေ။ သူမစိတ်ထဲတစ်ခုခုကမတင်မကျဖြစ်သွားကာ အနားကိုသွားစဉ် ငိုယိုနေသည့်ကလေးမလေးတစ်ယောက်ကိုတွေ့သည်။ ထိုကလေးမလေးက...
_____
ကောင်းရဲ့လားဗျာ ဝေဖန်ကြပါဦး🥺
Zawgyi
" လြန္း "
" အင္း "
" ကုတင္ေပၚတက္ခဲ့ပါ အတူအိပ္ရေအာင္ေလေနာ္ "
" ဟင့္အင္း မဆံ့ေလာက္ဘူး မင္းကိုယ္မင္းကေလးမ်ားထင္ေနလား အဲ့ကုတင္နဲ႔၂ေယာက္အိပ္ရေအာင္ "
" ဟာဗ်ာ ႏွစ္ေယာက္မဆံ့ရင္ တစ္ေယာက္ထဲလိုအိပ္မယ္ေလ ႏွစ္ကိုယ့္တစ္စိတ္ေပါ့ဗ်ာ "
" ေတာ္စမ္းပါ အိပ္လိုက္ေတာ့ ပြစိပြစိနဲ႔ "
" က်စ္! ပါးစပ္ကေျပာတာကိုနားမေထာင္ဘူး တကယ္ကေလးဆိုးဘဲ "
" အာ့! ဘာလုပ္တာလဲ ခ်ေပး "
လြန္းငုပ္တုတ္ထိုင္ေနေသာ အနားကိုတိုးလာကာ လူကိုေကာက္ေပြ႕လိုက္တာေၾကာင့္ လည္တိုင္အား အလ်င္အျမန္သိုင္းဖက္လိုက္မိသည္။
" ခ်ေပးမယ္ေလ အရင္ကုတင္ေပၚသြားရေအာင္ "
" မင္း! ငါ..ငါေျပာတာက ငါ့ကိုေပြ႕မထားနဲ႔ ေအာက္ခ်ေပးလို႔ေျပာတာ "
အရွက္သည္းစြာ မ်က္ႏွာႀကီးနီျမန္းေနေသာ သူကိုၾကည့္ၿပီး ရႈိင္းတဟားဟားရီေတာ့သည္။
" ဟားဟားးးး က်ဳပ္က စတာပါဗ်ာ လန႔္သြားတာလား စိတ္မပူနဲ႔က်ဳပ္ခင္ဗ်ားကိုဘာမွမလုပ္ဘူး ဘာလို႔ဆို.... အခန္းကအသံမလုံလို႔ေလ "
" မင္း! မေျပာနဲ႔ေတာ့ "
" ဟားဟားးးး "
" မရီနဲ႔လို႔ "
တဟားဟားရီေနျပန္ေသာ သေကာင့္သားကို အရွက္ေျပထု႐ိုက္ေနမိသည္။
လြန္းအားကုတင္ေပၚတြင္အသာယာခ်ေပးကာ သူပါဝင္လွဲအိပ္သည္။ ၿပီးေနာက္ လြန္းကိုယ္ေလးအား ရင္ခြင္ထဲသိမ္ဝင္သည္ထိ ဖက္ထားလိုက္သည္။
" ဒီလိုေလးဖက္ထားပါရေစ ခင္ဗ်ားရယ္... "
" ငါ.. ငါအိပ္ေတာ့မယ္ "
ရႈိင္းရင္ခြင္ထဲမွတိုးထြက္ကာ ရႈိင္းကိုေက်ာေပးထားမိသည္။ ရႈိင္းမ်က္ႏွာညႇိဳးငယ္သြားသည္ကိုေတာ့ သူသိလိမ့္မည္မဟုတ္ပါ။
( ခင္ဗ်ားကို မလြတ္လပ္ေစမိရင္ က်ဳပ္ေတာင္းပန္ပါတယ္ )
" ခင္ဗ်ားကို မလြတ္လပ္ေစမိရင္ က်ဳပ္ေတာင္းပန္ပါတယ္ "
လြန္း၏ေက်ာျပင္အား ဖြဖြေလးပြတ္ကာ စိတ္ထဲကပါ အျပင္မွာေရာ တိုးညႇင္းစြာ ေျပာမိသည္။
ၿပီးေနာက္ ကုတင္ေပၚမွေခါင္းအံုတစ္လံုးယူကာတိတ္တဆိတ္ဆင္းၿပီး ၾကမ္းခင္းေပၚတြင္ လွဲလိုက္ၿပီး လြန္းေက်ာျပင္ကိုေငးၾကည့္ေနမိသည္။
( အရာရာတိုင္းအတြက္ ေတာင္းပန္ပါတယ္ ခင္ဗ်ားရယ္ )
ထိုစကားကိုေတာ့ စိတ္ထဲမွသာ ေျပာမိသည္။
ၿပီးေတာ့ မ်က္လုံးအားမွိတ္ကာ အိပ္စက္ဖို႔ ျပင္သည္။
( ငါေတာင္းပန္ပါတယ္ ေမာင္ရယ္ ငါေမာင့္ကိုခ်စ္ပါတယ္ မခ်စ္ရဲတာဘဲရွိတာပါ လူႏွစ္ဦးေပ်ာ္႐ႊင္ဖို႔အတြက္ ေဘးလူအသိုင္းအဝိုင္းကို ဥပကၡာျပဳၿပီးေနလို႔မရဘူးေလ အထူးသျဖင့္ ေမေမတို႔ေပါ့ ေမာင္ေတာ့မသိေပမဲ့ ငါေတာ့ ေမေမတို႔ကိုသစၥာမေဖာက္ခ်င္ဘူး ငါေမာင့္နားမွာဘဲအၿမဲရွိေနေပးမွာပါ )
အေတြးတို႔အား ရပ္ပစ္ကာ မ်က္လုံးမ်ားကိုမွိတ္ထားမိသည္။ မ်က္လုံးမွိတ္ထားရာမွ မထိန္းႏိုင္ဘဲထြက္က်လာတဲ့ မ်က္ရည္မ်ား...
• • • • •
လတ္ဆတ္ေသာေလသစ္တို႔တိုက္ခတ္ေနေသာ မနက္ခင္းတစ္ခု။ ရပ္ကြယ္ငယ္အတြင္း မနက္ပိုင္း ခ်က္ျပဳတ္ေနၾကသည့္အသံမ်ား ကေလးငယ္မ်ားေျပးလႊားကစားေနၾကသည့္အသံမ်ားက ဖုံးလႊမ္းထားသည္။
" အမ သက္သာရဲ႕လား "
" အင္း အမသက္သာသြားပါၿပီ ဘာမွမျဖစ္ေတာ့ဘူး အမလမ္းထိပ္ဘက္ခနသြားဦးမယ္ ဝယ္စရာေလးရွိလို႔ "
" ဘာဝယ္မလို႔လဲအမရဲ႕ ကြၽန္ေတာ္လိုက္ခဲ့ေပးမယ္ "
" အင္းရတယ္ေလ သြားရေအာင္ "
လြန္းႏွင့္နဒီႏွစ္ဦးသား အိမ္မွထြက္လာခဲ့ၾကသည္။ဖြားဖြားက အိမ္တြင္ ခ်က္ရင္းျပဳတ္ရင္းက်န္ေနခဲ့သည္။ ဖြားဖြားအသက္ကသိပ္ေတာ့မႀကီးလွ။ ၅၀ေက်ာ္ေလာက္သာရွိလိမ့္မည္။ လြန္း၏အခန္းထဲတြင္ေတာ့ ရႈိင္းတစ္ေယာက္ၾကမ္းခင္းတြင္ အိပ္ေမာက်ေနရာမွ ႏိုးလာခဲ့သည္။ ညကေခါင္းအုံးသာယူၿပီးအိပ္ခဲ့ေပမဲ့ ဘယ္အခ်ိန္ကၿခဳံေပးထားလဲမသိသည့္ ေစာင္ပါးေလးတစ္ထည္က
ရႈိင္းကိုယ္ေပၚတြင္ ျဖန႔္ၿခဳံထားသည္။
ရႈိင္းၿပဳံးမိပါသည္။ ဘာလို႔ဆို လြန္းကသူ႔ကိုေစာင္ၿခဳံေပးသည္ေလ။ အနည္းဆုံးေတာ့ ဂ႐ုစိုက္ေပးတာဘဲ...
" အဖြား လြန္းေရာ "
အိပ္ရာမွထခဲ့ၿပီး ၿခံေထာင့္က ေရခ်ိဳးကန္တြင္မ်က္ႏွာသစ္လိုက္သည္။ ၿပီးေတာ့အိမ္ထဲျပန္ဝင္ၿပီး လြန္းအားရွာေနမိပါသည္။ ဖြားဖြားကိုသာေတြ႕တာမို႔ ေမးလိုက္မိသည္။
" ေအာ္ လြန္းကသူ႔အမနဲ႔ ေဈးဝယ္သြားတယ္ အခုေလးတင္ဘဲ "
" ေအာ္ဟုတ္ ဒါနဲ႔သူ႔အမဆိုတာဘယ္သူလဲဟင္ "
" လြန္းဒီအိမ္ကိုစေရာက္တည္းက ေျမးမေလးကလြန္းကိုတယ္သေဘာက်တာကြဲ႕ ဂ႐ုလဲစိုက္ေပးတယ္ "
" ဗ်ာ! သေဘာက်တယ္ "
" အင္း အၿမဲေျပာတယ္ သူ႔ရဲ႕ေပ်ာက္သြားတဲ့ေမာင္ေလးကလြန္းအ႐ြယ္ေလာက္ဘဲေလ လြန္းသာဆိုရင္ ေကာင္းမွာဘဲတဲ့ မ်ိဳး႐ိုးနာမည္ကလည္းတူၾကတာကိုး။ "
" မ်ိဳး႐ိုးနာမည္ "
ဖြားဖြားေျပာသည့္စကားလုံး ေရ႐ြတ္မိသည္။ ဘာဘဲျဖစ္ျဖစ္ပါေလ သူစိတ္ေအးသြားရပါသည္။ ဘာလို႔ဆို အဲ့အမသေဘာက်တယ္ဆိုတာ ေမာင္ေလးတစ္ေယာက္လို သေဘာက်တာမို႔ေပါ့...
" ေျမးမေလးနာမည္က လြန္းနဒီတဲ့ သူမငယ္ငယ္တည္းက ဖြားဖြားေစာင့္ေရွာက္လာတာ "
" ဟို... အဖြားနဲ႔ အမနဲ႔ကဘယ္လိုေတာ္တာလဲ "
ရႈိင္းနည္းနည္းေတာ့စပ္စုမိျပန္သည္။
" ဘာမွေတာ့မေတာ္ပါဘူးကြယ္ သူမငယ္ငယ္တုန္းကေပါ့.... "
လြန္ခဲ့ေသာ ၁၀ႏွစ္ခန႔္အခ်ိန္ကာလတစ္ခုတြင္
ညအေမွာင္ထဲတြင္ ေတာထဲမွ ပန္းခူးၿပီးျပန္လာေသာ မိန္းမတစ္ေယာက္ရွိခဲ့သည္။
လက္ထဲတြင္ ပန္းမ်ားကို ပိုက္ကာ ကားလမ္းမတစ္ခုေပၚတြင္ ေျခလွမ္းအား ပုံမွန္ႏႈန္းျဖင့္သာ ေလွ်ာက္ေနသည္။ သို႔ေသာ္ အေဝးတစ္ေနရာမွထြက္ေနေသာမီးအလင္းေရာင္ႏွင့္အတူ မီးခိုးမ်ားအုံ႔ဆိုင္းေနခဲ့သည္။ သူမစပ္စုခ်င္တဲ့စိတ္ေၾကာင့္ ထိုအနားကို တျဖည္းျဖည္းသြားၾကည့္ခဲ့ပါသည္။
အနီးေရာက္မွ ရွင္းလင္းစြာျမင္ရသည္က ကားတစ္စီးေမွာက္ေနသည္ေလ။ သူမစိတ္ထဲတစ္ခုခုကမတင္မက်ျဖစ္သြားကာ အနားကိုသြားစဥ္ ငိုယိုေနသည့္ကေလးမေလးတစ္ေယာက္ကိုေတြ႕သည္။ ထိုကေလးမေလးက...
_____
ေကာင္းရဲ႕လားဗ်ာ ေဝဖန္ၾကပါဦး🥺