Past

By Bruce673

845 7 2

romanceကိုမှပုံစံတစ်မျိုးလေးရေးထားပါတယ် ဇာတ်အိမ်ခိုင်ခိုင်လေးရေးချင်တာကြောင့် တချို့နေရာတွေမှာအသေးစိတ်လေးတွေရ... More

Intro
Part 2
Part 3

Part1

246 2 2
By Bruce673

''သားရေ ရဲထက် ထတော့လေ ၆နာရီထိုးတော့မယ် ဖယ်ရီမမီရင်ကျောင်းနောက်ကျဦးမယ်''

ရဲထက်တစ်ယောက် နားထဲဝင်လာတဲ့ အမေ့နှိုးသံကြောင့်မထချင်ပေမယ့်ကျောင်းနောက်ကျမှာစိုးလို့အိပ်ယာက​နေ လူးလဲထလိုက်တယ် ဖယ်ရီကအိမ်ရှေ့ထိလာကြိုတာဆိုပေမယ့် ရောက်တဲအချိန်အဆင်သင့်မဖြစ်သေးရင် ၅မိနစ်ပဲစောင့်ပေးတယ် အိမ်နဲ့ကျောင်းနဲ့ကမနီးလွန်းမဝေးလွန်းတဲ့နေရာမှာရှိတာဆိုတော့ ဖယ်ရီလမ်းကြောင်းအရရော ကိုယ့်ကိုနောက်ဆုံးဝင်ခေါ်တာဖြစ်တဲ့အတွက်စောင့်ခိုင်းလို့လဲမကောင်းဘူးလေ
အဲ့ဒါနဲ့အောက်ထပ်ဆင်းရေမိုးချိုးပြိီး အမေပြင်ပေးတဲ့မနက်စာစား အဝတ်အစားလဲပြီးအဆင်သင့်စောင့်နေလိုက်တယ်

''တီ တီ တီ''

သိပ်မကြာခင် ၆နာရီခွဲမှာပဲဟွန်းသံ၃ချက်ကြားလိုက်ပြီးဖယ်ရီရောက်လာတော့ချက်ချင်းပဲထသွားလိုက်တယ်

''သွားတော့မယ် မေမေ''

''အေးအေး ရော့ ဒီမှာမုန့်ဖိုး သေချာထည့်သွားနော် ပျောက်မယ် ဂရုစိုက်သွား''

''ဟုတ် ဟုတ် သွားပြီနော်''

ဖယ်ရီပေါ်ရောက်တော့ထုံးစံအတိုင်းနောက်ဆုံးလွတ်နေတဲ့နေရာမှာဝင်ထိုင်လိုက်တယ် နောက်ဆုံးမှခေါ်တာဆိုတော့ကိုယ့်တစ်နေရာစာအမြဲကွက်တိကျန်တယ်
ကျောင်းစဖွင့်တာ ၁ပတ်လောက်ရှိပြီဆိုတော့
ကားပေါ်မှာလည်းအကုန်လုံးကဘော်ဒါတွေဖြစ်ပြီး စကြနောက်ကြပြောကြဆိုကြနဲ့ပေါ့ ၂ယောက် ၃ယောက်ကလွဲရင်ကျန်တဲ့သူတွေကအခန်းမတူပေမယ့် အတန်းတူကြတော့ပိုအဆင်ပြေတာပေါ့
အထက်တန်းကျောင်းသားစဖြစ်တဲ့ ၉တန်းကျောင်းသားဘဝကမနက်အစောထရတာကလွဲရင်ပျော်စရာတော့ကောင်းသား ဒီလိုနဲ့ ၁၀မိနစ်လောက်နေတော့ကျောင်းကိုရောက်ပြီးသိပ်မကြာခင်မှာပဲကျောင်းတက်ခေါင်းလောင်းသံကြားရတာပါပဲ
တစ်ပတ်ဆိုတာအထက်တန်းကျောင်းသားတစ်ယောက်အတွက်တော့အခန်းဖော်သစ်တွေရဖို့လုံလောက်ပါတယ် စာသင်ရင်နားထောင်လိုက် ဆရာမလစ်ရင်လစ်သလိုစကြနောက်ကြစကားပြောလိုက်ကြနဲ့ပါပဲ
အဲ့လိုနဲ့ကျောင်းဆင်းချိန်နီးလာပြီဆိုတော့ ထုံးစံအတိုင်းအကုန်လှုပ်လှုပ်ရွရွဖြစ်နေပြီး ကျောင်းဆင်းခေါင်းလောင်းသံကိုစောင့်နေကြတာပေါ့

''ကလင် ကလင် ကလင် ကလင်''ဆိုတဲ့အသံနဲ့အတူ ''ဟေး''ခနဲအော်သံတွေထွက်လာပြီး လမ်းလျှောက်ပြန်ကြတဲ့အဖွဲ့တွေကပြန် ဖယ်ရီီစီးမယ့်သူတွေကဖယ်ရီဆီသွား ရည်းစားကိုစောင့်တဲ့သူကတစ်ဖွဲ့ ရည်းစားစကားပြောဖို့ကြံနေတဲ့သူတွေကတစ်ဖုံ ချိန်းပွဲတွေကတစ်မျိုး အစုံပါပဲ ရဲထက်လည်းဖယ်ရီပေါ်တက်ပြီးတခြားသူတွေကိုစောင့်နေလိုက်တယ် သိပ်မကြာပါဘူး လူစုံလို့ကားစထွက်ပြီး အနီးဆုံးဖြစ်တဲ့သူ့ကိုအရင်ချပြီးထွက်သွားလေရဲ့

''မေမေ သားပြန်ရောက်ပြီ''

''အမေလည်းမျှော်နေတာ သား ဒီနေ့ ကျောင်းမှာအဆင်ပြေလား''

''ဟုတ် ပြေတယ်''

''ကဲအဝတ်အစားလဲပြီး ခဏနားဦး ပြီးတော့ထမင်းစားမယ် အမေပြင်ထားလိုက်မယ်''

''ဟုတ်''

ပုံမှန်ဆို အပေါ်တက်အဝတ်အစားလဲပြီး အေးဆေးနေပြီးမှထမင်းစားတာများတယ် ဒီနေ့ကတော့အေးဆေးနေလို့မရ ကျူရှင်စတက်ရတော့မယ် ဒါပေမယ့်ကျူရှင်ကလည်းအဝေးကြီးမဟုတ်ပါဘူး လမ်းထိပ်တင်ပဲဆိုတော့ခဏလောက်နားပြီးမှအောက်ဆင်းလိုက်တယ်

''လာ သား စားမယ်...မင်းဒီနေ့ကျူရှင် ၁ခွဲစမှာမလား ပထမဆုံးနေ့နောက်ကျနေရင်မ​ကောင်းဘူး''

''ဟုတ် ရပါတယ် နီးတာပဲ ၁၅မိနစ်အလိုလောက်မှသွားလိုက်မယ်''

''အေးအေး ပြီးရော''

ထမင်းစားသောက်ပြီးခဏနေတော့ကျောပိုးအိတ်လွယ်ပြီးထွက်လာလိုက်တယ်

''သွားတော့မယ် မေမေ''

''ပိုက်ဆံယူသွားဦး ဒီမှာဒါကကျူရှင်အပ်တုန်းကဖြတ်ပိုင်း ဆရာ့ကိုပြလိုက်''

''ဟုတ်''

ကျူရှင်သွားတဲ့လမ်းတစ်လျှောက်လူကပေါ့ပါးပြီးပျော်သလိုလိုရင်ခုန်သလိိုလို​ပါပဲ ကျူရှင်ကလည်းဖွင့်တာတစ်ပတ်လောက်ရှိနေပေမယ့် ကိုယ့်အတွက်က ပထမဆုံးရက်ဖြစ်နေတာရယ် ကျောင်းကျူရှင်မဟုတ်တဲ့အတွက် ကျောင်းတူတာရောမတူတာရောကသူငယ်ချင်းအသစ်တွေရတော့မယ်ဆိုတာရယ်......အဲ့လိုနဲ့ကျူရှင်တံခါးကိုဖွင့်ပြီးဝင်လိုက်တယ်ဆိုရင်ပဲထိုင်နေတဲ့ကျောင်းသားကျောင်းသူတွေအများကြီးရယ် ကျူရှင်အပ်တုန်းကလက်ခံတဲ့ဆရာကိုတွေ့တာနဲ့ ဆရာ့ကိုဖြတ်ပိုင်းစာရွက်လေးပြလိုက်တယ်

''ဆရာ့နောက်ကလိုက်ခဲ့သား ဒါက၁၀တန်းတွေ''

ဝင်ဝင်ချင်းအခန်းကြီးကိုကျော်ပြီးအခန်းလေးတစ်ခုဖြတ်ပြီးတော့ အနောက်မှာရှိတဲ့အခန်းထဲကိုရောက်တော့ အရှေ့ကလောက်မကျယ်ဘူး ခုံတန်းရှည် ၅တန်းရယ်ထိုင်နေတဲ့သူတွေရယ်တွေ့လိုက်ရတယ်

''သား နောက်မှာလွတ်နေတဲ့နေရာဝင်ထိုင်လိုက် ဒါ၉တန်းတွေပဲ ဆရာပြန်လာခဲ့မယ် သူငယ်ချင်းတွေနဲ့စကားပြောနှင့်''

''ဟုတ် ဆရာ'''

​ရှေ့ခုံတွေကလူပြည့်နေပြီးနောက်ဆုံးမှာ ၂ ယောက်စာလောက်လွတ်နေတဲ့ထဲကတစ်ခုံမှာဝင်ထိုင်လိုက်တယ် ကိုယ်နဲ့အခန်းတူတဲ့သူလည်းရှိသလို အခန်းမတူပေမယ့်ကျောင်းတူပြီး တစ်လမ်းထဲအိမ်နီးလို့အစကတည်းကဘော်ဒါဖြစ်နေတဲ့သူတွေလည်းပါပေမယ့် ကျန်တဲ့တော်တော်များများကတော်အခုမှတွေ့ဖူးမြင်ဖူးတာပါ အစလည်းဖြစ်နေတော့ကိုယ်နဲ့သိတဲ့သူလောက်နဲ့ပဲစကားပြောဖြစ်တယ် အခန်းကအရမ်းမကျယ်တဲ့အတွက်ခုံလည်းမများသလိုလူလည်းအရမ်းတော့မများ ခုံတန်းတစ်တန်းမှာ ၄ယောက်ထိုင်ရတယ် မိန်းကလေးကတော့ ၃ယောက်ပဲရှိတယ် ယောကျာ်းလေးဦးရေကတော့ပိုများတာပေါ့ ခဏနေတော့ဆရာပြန်ရောက်လာတယ်

''ကဲ သားတို့သမီးတို့အားလုံးပဲမင်္ဂလာပါ ဒီနေ့ကျောင်းသားသစ်နာမည်ကတော့ရဲထက်တဲ့ ....သား ဘယ်ကျောင်းကလဲ ဘာလဲ မိတ်ဆက်လိုက်ပါဦး''

''ငါ့နာမည်ကရဲထက်ပါ ငါက( )ကျောင်းကပါ အားလုံးကိုတွေ့ရတာဝမ်းသာပါတယ်''

''ကဲ ဟုတ်ပြီ ကျောင်းသားသစ်လည်းရောက်နေတာဆိုတော့ဆရာကိုယ့်ကိုယ်ကိုပြန်မိတ်ဆက်ပါမယ် ဆရာ့နာမည်ကဦးကျော်မျိုးပါ အင်္ဂလိပ်စာသင်ပါတယ် ဒီမှာတစ်နေ့ကို ၃ဘာသာသင်ပါတယ် ဒီနေ့ကတော့ဆရာ့အချိန်မပါဘူး ခဏနေရင်မင်းတို့chemistry
ဆရာ လာလိမ့်မယ် ရဲထက် သား timetable
ရပြီးပြီမလား''

''ဟုတ် ဆရာ''

''ကဲ အဲ့ဒါဆိုဆရာရှေ့မှာသွားသင်လိုက်ဦးမယ် ဪ ဒါနဲ့ မိန်းမရေလာဥ်ီး......ဒါဆရာ့အမျိုးသမီး မှတ်ထားနော် ကျောင််းသားသစ်ကိုuniformပေးလိုက်ပါဦး ကျူရှင်အင်္ကျီကနေ့တိုင်းဝတ်စရာမလိုဘူးတစ်ရက်ခြားတစ်ခါတော့ဝတ်ရမယ်နော်''

''ဟုတ် ဆရာ''

''လာ သား အန်တီနဲ့အင်္ကျီလိုက်ယူလိုက်''

အဲ့လိုနဲ့စာသင်ချိန်၃ချိန်ပြီးတဲ့အခါမှာတော့ကျူရှင်ဆင်းပြီးအိမ်ပြန်ရပါတယ် ပထမရက်ဆိုတော့အကုန်လုံးနဲ့မရင်းနှီသေးပေမယ့်လက်လှမ်းမီသလောက်တော့စကားပြောလိုက်စာသင်လိုက်နဲ့ပဲကျူရှင်ပထမဆုံးရက်ဟာပြီးဆုံးခဲ့ပါတယ်

အိမ်ပြန်ရောက်တော့အဖေလည်းပြန်ရောက်နေပြီ

''သား ဘယ်လိုလဲ ဘော်ဒါအသစ်တွေရခဲ့လား ဆရာတွေနဲ့ရောအဆင်ပြေတယ်မလား''

''ဟုတ် ဖေဖေ ပြေတယ် ဆရာတွေကသဘောလည်းကောင်း စာသင်တာလည်းကောင်းတယ် သူငယ်ချင်းတွေလည်းရခဲ့ပါတယ်''

''အေးအေး ကောင်းတယ် သွား နားတော့''

''ယောကျာ်းရေထမင်းစားလို့ရပြီ သားပြန်ရောက်ပြီလား အဆင်ပြေတယ်မလား
ထမင်းတစ်ခါထဲဝင်စားလိုက်လေ''

''ပြေတယ် မေမေ နောက်မှစားတော့မယ်မေမေ သားမဆာသေးလို့''

''အေအေး နားလိုက်ဦး''

ဒီလိုနဲ့အိပ်ယာထဲခဏလှဲနေရင်းဒီနေ့ကြုံခဲ့ရတာတွေကိုပြန်စဥ်းစားနေမိတယ်

ဒီနေ့တစ်နေ့တာကအဆင်ပြေခဲ့ပါတယ်
ယောကျာ်းလေးတွေထုံးစံအတိုင်းအချင်းချင်းခင်ဖို့ကအချိန်သိပ်မလိုပေမယ့် မိန်းကလေး၃ယောက်ကိုတော့ နာမည်တစ်စွန်းတစ်ကြားမိတာကလွဲလို့သိပ်မသိခဲ့ပါဘူး ယောကျာ်းလေးထဲမှာကကျောင်းမတူတဲ့သူရောတူတဲ့သူရောပါပေမယ့်မိန်းကလေး
၃ယောက်လုံးက တခြားကျောင်းကပေမယ့် သူတို့အချင်းချင်းတော့ကျောင်းအတူတူပဲဆိုတာကိုတော့သိတယ်

အရာအားလုံးဟာအဲ့ဒီနေ့ကစတင်ခဲ့တယ်ဆိုတာကိုပဲကျွန်တော်မသိခဲ့မိတာပါ..........

Continue Reading

You'll Also Like

1.2M 56.4K 83
"The only person that can change Mr. Oberois is their wives Mrs. Oberois". Oberois are very rich and famous, their business is well known, The Oberoi...
117K 4.4K 9
2 tom dylogii ,,Agony"
237K 5.4K 56
❝ i loved you so hard for a time, i've tried to ration it out all my life. ❞ kate martin x fem! oc
135K 259 18
Just a horny girl