မင်းကို ချစ်စေခဲ့သော ကံကြမ္မာ...

By Edna_Htun

1.1K 74 15

Zeeဆိုတဲ့ ကောင်လေးတ ယောက်ကို တဖက်သတ်အနေနဲ့ 5နှစ် လောက်ကြိုက်လာတဲ့ Nunew ဆိုတဲ့ကောင်လေး တယောက် ယာဉ်မတော်တဆဖြစ်... More

မိတ်ဆက်
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 8

Chapter 7

62 5 2
By Edna_Htun

Nunew မှတ်စု-

-Zee က ငါကိုမမှတ်မိဖူးသူကိုတွေ့ရဖို့ ဒီနေ့ငါစာအုပ် ပြန်သွားပေးခဲ့ပြန်တယ် သူ ကအတန်းထဲကထွက်လာပြီး စာအုပ်လာယူခဲ့တယ် "ခေါပွန်"လို့ ပဲပြောပြီး ပြန်ဝင်သွားခဲ့တယ် သူငါကိုတကယ်မမှတ်မိဖူး လား?

-Zee pruk ငါနာမည် တောင်မသိဖူး အမှတ်စာရင်း မှာ သူနဲ့ငါကြားက အကွာ အဝေးက ၀.၅cmလောက်ပဲ ရှိ တာကို သူကဒီနေ့ ကျောင်း ဘုတ်မှာ အဆင့်ကပ်တော့ Risaကို ပြောခဲ့တယ် "Nunew က ဘယ်သူလဲတဲ့?"

-ဒီနေ့ Zee က ကြင်နာတတ်မှန်းသိခဲ့ရတယ် သူက ဒီနေ့အဘွားတယောက် ကို တွန်းလှည်းကူတွန်းပေး ခဲ့ပြီး ကြမ်းပြင်ပေါ်ကျနေတဲ့ ပန်းသီးတွေလည်း ကူကောက် ပေးခဲ့တယ် မိုက်တယ်

-ကျောင်းမှာ သတင်းတွေပြန့် နေတယ် Zee က Risaနဲ့ ကြိုက်နေတယ်တဲ့ Zee က သူမနဲ့တွဲသွားတွဲလာလုပ်တာ ကို ဝန်ခံပါတယ် ဘာလို့ Zee က သူမကိုကြိုက်တာလဲ?လှလို့လား နာမည်ကြီးလို့လား မိန်းကလေးဖြစ်နေလို့လား ငါမှာအ့တာ‌ေတမှမရှိတာ ငါကဒီ တိုင်း အရေးမပါတဲ့လူပဲ

-Risaနဲ့ Zee နမ်းနေတာ ကို ငါမြင်ခဲ့တယ် ငါသူကိုစမြင် တဲ့နေရာမှာပဲ ငါကျတော့ ဒီ နေရာကိုနေ့တိုင်းသွားနေတာ ကို ဘာလို့ သူနဲ့စကားပြောဖို့ အခွင့်အရေးနောက်တခေါက် လောက်တောင် မရှိရတာလဲ?

-ဒီနေ့ ငါနောက်ကျလို့ ကျောင်း ရှေ့မှာ ပြေးရတယ် သူနဲ့ ငါနဲ့အတူတူပြေးရတယ် အားကစားတော်တာမို့လို့
သူကငါထက်ကျော်တက် သွားတယ် ဒါပေမယ့်လည်း နောက်ကျောကြည့်တာပဲ လည်း ကျေနပ်ပါတယ်

-လောဘမကြီးချင်ပါဖူး ငါရဲ့ အချစ်ဦး အထက်တန်းနှစ်တွေ လည်း ကုန်ဆုံးခဲ့ပြီ ငါလည်း မင်းကို နှုတ်ဆက်ရတော့မယ် ထင်တယ် ချစ်ခဲ့တယ် ချစ် တယ် နောက်လည်း ချစ်နေ မယ် ထင်တယ် တောင်းပန်ပါ တယ် အချစ်ပဲပေးနိုင်လို့

A/N(အ့တာအားလုံးက Nunew ရဲ့ အထက်တန်းကျောင်းမှတ်စုတစ်ချို့ပါ
ယခုမှာတော့ သူတို့ကစာမေးပွဲ ဖြေပြီးကြပြီး နွေရာသီ ကျောင်းပိတ်ကြလေပြီ ပထမ နှစ်လည်း ကုန်ဆုံးသွားလေပြီ

Nunew မှာ သူ.မိဘဆီပြန် သွားလေသည် Zee မှာလည်း သူဇာတိပြန်လေ သည်(ဟူဝါးဟင်)

(ဟူဝါးဟင် မှာ Zee ကော Nunew ကော အထက်တန်းကျောင်း တူတူ တက်ခဲ့ကြသောနေရာဖြစ်လေ သည်)

Nunew မှာ သူ့မိဘများ ဖြင့် ပျော်" ရွှင်နေနေလေသည် Zee မှာ ကွာရှင်း လိုက်သော အမေအားနှစ်သိမ့် ပေးရုံမှတခြား မတတ်နိုင်ချေ

Nunew မှာ ရက်သတပတ် ကြာပြီးနောက် စာအုပ်ဆိုင် ဆိုင်၌ အလုပ်"လေသည် အချိန်ပိုင်းအလုပ်သမား အဖြစ်ဖြင့် သူ့မှာ ဝါသနာပါ သောကြောင့် လုပ်ခြင်း ဖြစ်သည် "စာအုပ်တွေနဲ့နေ့ တိုင်းထိတွေ့နေချင်သည်"

Nunew မှာ သူ့အလုပ်၌ ပျော်ရွှင်လေသည် စာအုပ် အသစ်တွေနေ့တိုင်း မြင်ရ သည့်အပြင် ဧည့်သည်တချို့ မှာလည်း သူညွှန်းသော စာအုပ်တချို့အား သဘောကျ ကြလေသည် သို့သော် ကံကြမ္မာဆိုသည်မှာ တွေ့ချိန် တန်လျင်တွေ့ရလေသည်။

Zee မှာ စာအုပ်တ အုပ်ရှာရန် စာအုပ်ဆိုင်တဆိုင် အား ရောက်လာလေသည် သို့သော် စာအုပ်ဆိုင်ထဲဝင် လိုက်ချင်း သူမျက်လုံးထဲဝင်လာသည်မှာတော့ ထောင့်တ ထောင့်၌ အပြုံးလှ"ဖြင့် တစုံတ ယောက်အား စာအုပ်ညွှန်းပေး နေသည့် Nunew အားဖြစ် လေသည်

Zee pov:ငါ နောက်များ လိုက်နေသလား အောက်မေ့ရတယ် Nunew

Zee မှာ သူ့အနား မသိသာအောင် လျောက်သွား ကာ သူကနောက်ပြန်လှည့် လိုက်သည်နဲ့ ကွက်တိ သူ ဆံပင်မှ ချယ်ရီသီးအနံ့မွှေးမွှေး လေးတချို့ ရလိုက်လေသည်။

Nunew မှာ Zee အား မထင်မှတ်ပဲမြင်လိုက် ရသဖြင့် ကြောင်နေလေသည် သူ့မှာ ဘာမှမပြောနိုင်ပဲ ကြောင်ရပ်ကြည့်မိလေသည် Zee ရဲ့ ရှည်လျားလှ သော မျက်တောင်မွှေးတချို့ မှဲ့နက်နေသော မျက်ဝန်းတစုံ နဖူးပေါ်ကျနေသော ရှေ့ဆံပင် တချို့အား အလယ်နည်း"ခွဲ ထားသဖြင့် ပုံမှန်ကြည့်ကောင်း သည့်ပုံစံနဲ့ ကွဲထွက်နေလေ သည် Zee က သူ အား စိုက်ကြည့်နေသည့် Nunew အား ကြည့်လိုက်ရင်း ပြုံးလိုက်လေသည်။

Nunew pov: 'ပြုံးလိုက် ရင် ကလေး"နဲ့တူတယ် ငါ ဦးနှောက်ရူးနေပြီလား မသိဖူး ဘာတွေတွေးနေတာလဲ'

"ဒီမှာပဲရပ်ပြီး ကိုယ့်ကိုကြည့် နေတော့မှာလား?" Zee က သူ့စာအုပ်တွေတင် သယ်သွားသည့် တွန်းလှည်းကို တွန်းလိုက်ရင်း မေးလိုက်လေ သည်။

Nunew က အခုမှအသိစိတ် ဝင်လာကာ"ခင်ဗျား ခင်ဗျား ဆိုင်ကတွန်းလှည်းကို ဘယ်ယူသွားမ လို့လဲ?"

"မင်းစာအုပ်တင်ရမယ့် စင်ဆီ ယူသွားပေးမလို့လေ"ဟု Zee က ပြောရင်းဆိုရင်း တွန်းသွားလေတော့သည်

Nunew pov: သူကဘာဖြစ်နေ တာတုံး ဆေးများမှားသောက် လာတာလား

Nunew မှာ သူနောက်မှ လိုက် လာရင်း "ထားလိုက်တော့ ကျွန်‌ေတာ်လုပ်လိုက်မယ် စာအုပ် ဝယ်ဖို့လာတာဆို သွားတော့ "ဆိုကာ တွန်းလှည်းပေါ် မှ Zee လက်ကို ဖယ်ထုတ်လိုက်လေသည်။

Zee က လျင်မြင် စွာ Nunew ပုတ်ထုတ်လိုက် သည့် လက်တဖက်အား ဖမ်း ဆုပ်လိုက်လေသည်

"စာအုပ်ဝယ်ဖို့လာတာတော့ ဟုတ်ပါတယ် ဒါနဲ့ ဘာလို့ ဝန်ထမ်းက ဧည့်သည်ကို မချေ မငံ့ပြောနေတာလဲ မန်နေဂျာ နဲ့ပြောမှဖြစ်တော့မယ်ထင် တယ်" မျက်ခုံးတဖက်ပင့်တင် လျက် မေးလေသည်။

Nunew မှာ ထွက်လာသော ဒေါသအလိပ်"ကို မြိုသိပ်လိုက် ရင်း "ဧည့်သည်ခင်ဗျာ ဘာများ လိုချင်လို့ပါလဲ?" အတင်းပြုံး လိုက်ရင်း မေးလေသည်။

"ဒီထက်ပိုပြီး ကိုယ်အပေါ် မချိုသာပေးနိုင်တော့ဖူး လား?"Zee က အတင်းပြုံးနေသော Nunew အား ကြည့်ရင်းဖြေလေသည်။

Nunew pov:'သခင်‌ေလးZeeရေ ငါသည် ငါသည်းခံနိုင်စွမ်းကုန်နေပါပြီ နော် မင်းကိုမထိုးမိခင်မှာ ထွက် သွားလိုက်ပါတော့ လစ်လိုက်ပါတော့ လစ်လိုက်ပါ တော့'

"အချစ်နဲ့ ပတ်သတ်တဲ့စာအုပ် လိုချင်တာ?" Zee က သူ့ကိုမကြည့်ပဲ စာအုပ် တန်းမှ စာအုပ်တချို့အား ကြည့်နေရင်း ပြောနေလေ သည်။

Nunew pov:'သူရူးများသွား တာလား အချစ် သူနှုတ်ခမ်း က အချစ်လို့ ပြောတယ် ဘာ လို့လဲ ဘာလို့အခုမှ ဘယ်သူကို ချစ်နေတာလဲ ဘယ်သူပဲဖြစ်" ငါနဲ့မဆိုင်ပါဖူးလေ ဒါပေမယ့်သူကဘာလို့အ့လိုစာအုပ်ဖတ် ချင်တာလဲ'

"ဒီဖက်မှာပါ " Nunew မှာ စာအုပ်တန်းတခုကိုခေါ်သွား ကာ သူလိုချင်သောစာအုပ်ရ သည့်ထိ မညည်းမညူရှင်းပြ နေရလေသည် Zee မှာ ပိုက်ဆံမရှင်းမိ သူအား ချိုမပေါက်ရုံတမယ် ကြည့်နေ သည့် Nunew အားကြည့် လျက် အကြံတခုရလေသည် "မင်းဖုန်းပေး"

Nunewမှာ အံ့ဩလျက် "မ ပေးဖူး "ဆိုကာ နောက်ဆုတ်လေသည်။

Zee မှာ အမြဲမျက်စိ လျင်ပြီးသား ဖြစ်လေသည် သူ့ဖုန်းကို ခုနက စာအုပ် တွန်းလှည်းပေါ်တင်ထားသည် ကို မြင်ပြီးဖြစ်သဖြင့် ယူထား ပြီးလည်းဖြစ်လေသည်

"ဒီ ဟာ ဘယ်သူဖုန်းလဲမသိဖူး ကိုယ်ဆီရောက်နေတယ်" ဆို ကာ Zee မှာ သူ ဘောင်းဘီနောက်အိတ်ကပ်ထဲ မှ Nunew ဖုန်းကို ထုတ်လိုက် လေသည်။

Nunew pov:'အ့တာ ငါဟာပဲ ဘယ်လိုလုပ်ရမလဲ?'

Nunew မှာ လုယူရန်ကြိုးစား သော်လည်း ၆'ပေအရပ်ရှိ သော Zee လက် ထဲ၌ ရှိသော ဖုန်းကို လုယူရန် မှာမလွယ်ကူပေ ။

Zee မှာ ဖုန်း မှာ lockချထားသည်ကို မြင်ပြီးသားဖြစ်သဖြင့် "အသာတကြည် ဖုန်းဖွင့် ပေးလိုက်ပါ ကိုယ်ကျမင်းကို ယုံကြည်စိတ်ချစွာဖုန်းပေးခဲ့ သေးတာပဲကို "

'သူပြောသည်မှာ မှန်သည် Zee သူအား တွေ့ဆုံပွဲ၌ ဖြစ်သည့်ကိစ္စ၌ ဖု န်းငှားပေးခဲ့သော်လည်း သူ့ မှာ သူအားတိုက်ရိုက်ပြန်မ ပေးပဲ Tawan အားပေးရန် တောင်းဆိုခဲ့လေသည် '

"ငါကိုပေး ဖွင့်ပေးမယ် " Nunew က လက်လျော့လိုက်သည့် လေသံဖြင့် ပြောလေသည်။

"ကောင်းပြီ " Zeeမှာ Nunew အား ဖုန်းပြန် ပေးလိုက်လေသည် Nunew မှာ ဖုန်းlockဖွင့်ပြီး Zee အား ပြန်ပေးလေ သည် Zee မှာ သူ့ဖုန်းအားယူလိုက်ရင်း သူaccအားLine၌ အပ်နေ လေသည် တဖက်မှ သူဖုန်း အားထုတ်လိုက်ရင်း လက်ခံ လိုက်လေသည် ထိုနောက်ရှန် Nunew အား ဖုန်းပြန်ပေးကာ ထွက်သွားလေသည်။

Nunew မှာလည်း သူ့ဖုန်း အား အိတ်ကပ်ထဲထည့်တော့ မည့်အချိန်မှာပဲအသံမြည်လာ သဖြင့် ဖွင့်ကြည့်လိုက်လေ သည်

"ဒီနေ့အတွက် ခေါပွန်န၊ မင်းကျေးဇူး နဲ့ ပျော်ရတယ် "-Zee pruk

'ဝက်သဲဟဲ Zee မင်း ငါကို Line လာအပ်သွား တာလား ဘာတွေလဲ ဘာတွေ လဲ' Nunew မှာ စဉ်းစားလို့ ပင်မရတော့'။

A/N: comment လေးတွေ့တော့ မျှော်နေကြမယ်ထင်လို့ ပုစိလေး Up ပေးလိုက်ပါတယ်

Continue Reading

You'll Also Like

1.9M 85.9K 194
"Oppa", she called. "Yes, princess", seven voices replied back. It's a book about pure sibling bond. I don't own anything except the storyline.
555K 8.5K 85
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
750K 27.7K 102
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
90.4K 3.1K 52
"𝐓𝐫𝐮𝐭𝐡, 𝐝𝐚𝐫𝐞, 𝐬𝐩𝐢𝐧 𝐛𝐨𝐭𝐭𝐥𝐞𝐬 𝐘𝐨𝐮 𝐤𝐧𝐨𝐰 𝐡𝐨𝐰 𝐭𝐨 𝐛𝐚𝐥𝐥, 𝐈 𝐤𝐧𝐨𝐰 𝐀𝐫𝐢𝐬𝐭𝐨𝐭𝐥𝐞" 𝐈𝐍 𝐖𝐇𝐈𝐂𝐇 Caitlin Clark fa...