Unicode
သန့်ဇင်ခန်းထဲမှ ရှိုင်းနှင့်အတူဘေးတွင် ယောက်ျာလေးတစ်ယောက်ထွက်လာတာမြင်တော့monက
" ကျွန်မသူငယ်ချင်းကိုကူညီပေးလို့ကျေးဇူးပါ "
Monက ရှိုင်းလက်အား ထိုလူ့လက်ထဲမှဆွဲလေတော့ ထိုလူကမလွှတ်ပေ။
" ရှင်ဘာလုပ်တာလဲ သူ့ကိုလွှတ်လိုက် "
" မလွှတ်နိုင်ဘူး "
" ဘာ! ရှင်နဲ့ဘာဆိုင်လို့မလွှတ်နိုင်ရတာလဲ "
" သူငယ်ချင်းမို့လေ ကျွန်တော်နဲ့ရှိုင်းက သူငယ်ချင်းတွေဘဲ "
" ရှင်လျှောက်ပြောမနေနဲ့ ရှိုင်းမှာသူငယ်ချင်းဆိုလို့ကျွန်မဘဲရှိတယ် "
" အဟားးး မင်းကိုယ်မင်းအထင်ကြီးနေတာဘဲ ဒါမဲ့ဘလိုလုပ်မလဲ မင်းသူငယ်ချင်းက ငါနဲ့ပြန်မှာတဲ့ "
" ဘာ! ခန့်... ရှင်... "
" အင်းးး ခင်ဗျားပြန်နှင့်လိုက်ပါ ကျုပ်သူနဲ့သွားစရာရှိတယ် "
" ရှင်က ကျွန်မကိုထားခဲ့ချင်တာလား "
" အဲ့လိုမဟုတ်ဘူး ပြန်လိုက်တော့ ကျုပ်ကို
ခွင့်ပြုဦး "
" ခန့်! "
သူမနောက်မှလှမ်းခေါ်နေသော်လည်း ရှိုင်းကအဖတ်ပင်မလုပ်။ထိုလူနဲ့ပါသွားလေပြီ။
" တောက်! "
တစ်ယောက်ထဲ ဒေါသတွေလောင်မြိုက်ပြီးကျန်နေခဲ့သောသူမ။ အားလုံးကသူမကိုကွက်ကြည့်ကွက်ကြည့်နဲ့ တီးတိုးပြောနေကြတာမို့ သူမဘားထဲမှချက်ချင်းထွက်ခွာလာခဲ့သည်။
အပြင်ရောက်တော့ ကားပင်မရှိတော့ဘူး။ သူမtaxiငှားပြီးပြန်ရတော့မည်။
" ရှိုင်းခန့်သော် ရှင်ထွက်ပြေးစမ်းပါ ရှင်ပေးနိုင်သလောက်သာပြေး ရှင်မောတဲ့အခါကျ ကျွန်မရှင့်ကိုဖမ်းမယ် "
နှုတ်ခမ်းထက် အပြုံးတစ်ခုဖန်ဆင်းလိုက်သည်။ မျက်ဝန်းထဲတွင် နာကျဉ်းမှုတွေ မုန်းတီးမှုတွေပြည့်နှက်နေခဲ့ပါသည်။
( သည်းခံတယ်ဆိုတာ အတိုင်အတာထိဘဲရှိတယ် ခုတော့ဆက်ပြီးသည်းခံနေမှာ မဟုတ်တော့ဘူး )
" ဒါနဲ့ ညီလေးက ဘာလို့ လွန်းဆိုတဲ့တစ်ယောက်ဆီသွားချင်ရတာလဲ "
" ကျုပ်... ကျုပ်မသိဘူး ကျုပ်သိတာသူ့ကိုတွေ့ချင်တာဘဲ "
ခုနကဘားတွင် သန့်စင်ခန်းထဲမှ ဖေဖေ့ဆီဖုန်းဆက်ကာ လွန်းကိုမေးတော့ လွန်းက ပျောက်သွားတဲ့အတောအတွင်းနေခဲ့တဲ့ဆီကို အလည်သွားတာတဲ့ ဘယ်ချိန်ပြန်လာမလဲတော့မသိဘူးတဲ့ ဖေဖေ့ဆီမှ လိပ်စာတောင်းထားလိုက်တာမို့ ထိုလိပ်စာအတိုင်း ကားကိုမောင်းနှင်လေသည်။
" အော်ဒါနဲ့ အကို့အကြောင်း ပြောပြီးပြီနော် မှတ်မိတယ်မလား "
" အင်း မှတ်မိပါတယ် "
" အိုခေ မင်းကိုအခုကစပြီး အကို့သူငယ်ချင်းတစ်ယောက် ညီလေးတစ်ယောက်လို ဂရုစိုက်ပေးမယ် "
" အင်း ကျေးဇူးပါ "
ကားထဲတွင် မိတ်ဖွဲ့နေကြတဲ့ လူနှစ်ဦး။ တစ်ဖြည်းဖြည်းနှင့် လိပ်စာထဲမှနေရာကိုရောက်လာခဲ့ကြသည်။
" လိပ်စာအရတော့ ဒီနေရာဘဲ ဆင်း ရှာကြည့်ရအောင် "
" အင်း "
နှစ်ယောက်သား ကားထဲမှထွက်လိုက်ကြသည်။ ရှိုင်းကသိပ်တော့မူးမနေတော့ပါ ခုနကမူးချင်ယောင်ဆောင်ထားသည်က monကိုဖယ်ထုတ်ချင်တာကြောင့်ဖြစ်သည်။
ပြီးတော့ အမူးပြေဆေးလုံးရော သောက်ထားသေးသည်။
ကားထဲမှ ထွက်ပြီးသည်နှင့် ရပ်ကွက်ငယ်လေးအတွင်း လွန်းကိုလိုက်ရှာမိသည်။ ညအချိန်ဖြစ်တာကြောင့် လူဝောာ့သိပ်မရှိပေ။
" ဟို... အဒေါ် ဒီတစ်ယောက်ကိုသိလားဗျ "
" အင်း သိတယ် သူကသိပ်လိမ္မာတာ ဒါနဲ့သားတို့က ဘာလို့သူ့ကိုရှာတာလဲ "
" ဒီကိုလာတယ်ဆိုလို့ပါ ကျွန်တော်က သူ့သူငယ်ချင်းပါ "
" အော် အရင်ကတော့လာတယ် ဒီမှာ၂နှစ်လောက်တော့နေသွားတယ် ပြီးတော့ ပျောက်သွားတာဘဲ "
" ဒါဖြင့် သူနေခဲ့တဲ့အိမ်က ဘယ်နားမှာလဲဗျ "
ရှိုင်းကိုကူညီပေးသည့်အကိုက ဝင်မေးတော့ ထိုအဒေါ်က အိမ်တစ်အိမ်ကိုလက်ညှိုးထိုးကာ
" အဲ့အိမ်နောက်ကအိမ်ဘဲ ဘေးကလမ်းလေးထဲဝင်သွားရင် ရောက်တယ် "
" အော် ဟုတ် ကျေးဇူးပါဗျ "
" ရတယ်ရတယ် "
ရှိုင်းကကျေးဇူးတင်စကားပင်မဆိုဘဲ ထိုအဒေါ်ညွှန်းသည့်ဘက်ကိုသွားလေတာကြောင့် ထိုလူကဘဲ ကျေးဇူးတင်စကားဆိုလိုက်ရသည်။
" ဒီလမ်းထဲကဝင်သွားရင် ရောက်မယ်တဲ့လား "
တစ်ယောက်ထဲခါးထောက်ကာ ရေရွတ်နေသောရှိုင်းဘေးနား ယှဉ်ရပ်လိုက်သည်။
" သွားမယ်လေ "
" အင်း "
ထိုလမ်းအတိုင်းဝင်လိုက်ပြီး အိမ်တစ်အိမ်ရှေ့ရပ်လိုက်သည်။
" တံခါးခေါက်ရမှာလား "
" ရမလား အော်ခေါ်မှပေါ့ ဟိုတယ်များမှတ်လား အိမ်ငယ်လေးဟ "
" အာ ဟုတ်သား "
" လွန်း... "
အော်ခေါ်ဖို့ အရှိန်ယူကာရှိသေး လွန်းကအိမ်ပြင်ထွက်လာတာကြောင့် ရှိုင်းအသံလေးသိမ်ဝင်သွားရသည်။
" မင်းဘယ်လိုရောက်လာတာလဲ "
" ကျုပ်... ခင်ဗျားကိုတွေ့ချင်လို့ "
" ဟမ်! ဘာတွေပြောနေတာလဲ ငါကဒီကိုအပြီးလာနေတာလဲမဟုတ်ဘဲနဲ့ "
" မသိဘူး အိမ်ပြန်ရင် ခင်ဗျားကိုမတွေ့ရမှာကြောက်လို့ ဖေဖေ့ကိုဖုန်းဆက်မေ့လိုက်တာ "
" ထားလိုက်ပါတော့ အိမ်ထဲဝင်ကြလေ မိုးတောင်ချုပ်နေပြီ "
" အင်း "
အိမ်ထဲသို့ နှစ်ယောက်သားဝင်ခဲ့ကြပြီး ထိုင်နေလိုက်ကြသည်။ ပြီးမှလွန်းကနောက်ကလိုက်ဝင်လာသည်။
" ဧည့်သည်တွေရောက်နေတာလား "
" ဟုတ်ဖွားဖွား သားသူငယ်ချင်းတွေပါ "
" အော်အေးအေး မိုးတောင်ချုပ်နေပြီကိုး ဒီမှာဘဲအိပ်သွားကြလေနော့် သိပ်တော့လွတ်လပ်မှာမဟုတ်ဘူးရယ် "
" ဟုတ် ရပါတယ်ဗျ ကျေးဇူးပါ "
" ရပါတယ်ကွယ် ဒါနဲ့လွန်း သားအမက အိပ်သွားပြီလား "
" ဟုတ် အဖျားလေးနည်းနည်းရှိနေတာနဲ့ သားစွပ်ပြုတ်တိုက်ပြီး အိပ်ခိုင်းလိုက်တာ "
" အော်အေအေ ကောင်းသားဘဲ ဖွားဖွားလည်း အိပ်တော့မယ်နော့် သားသူငယ်ချင်းတွေကို ဂရုစိုက်လိုက်ဦး "
" ဟုတ်ဟုတ် ဖွားဖွား "
ဖွားဖွားက သူမအခန်းဖြစ်ပုံပေါ်သည့် အခန်းငယ်လေးထဲ ဝင်သွားသည်။
" ဟို... အခန်းလွတ်ကမရှိတော့ဘူးရယ် မင်းတို့ငါ့အခန်းထဲအိပ်လိုက်လေ ငါဒီမှာအိပ်လိုက်မယ် "
" အာ.. မဟုတ်တာ မင်းတို့နှစ်ယောက်အိပ်လိုက်ပါ အကိုက အလုပ်ရှိသေးတယ် ပြန်သွားရမှာ "
" အာ.. အလုပ်ရှိတာလား "
" အင်း သူကဆရာဝန်လေ "
" အော် အဲ့လိုလား ဒါဖြင့်လည်း လမ်းမှာဂရုစိုက်သွားဦးနော် ဒေါက်တာ မိုးချုပ်နေပြီ "
" ဟုတ်ပြီဗျာ "
လွန်းနှင့်ဒေါက်တာ လေပစ်နေကြသည်ကို
ရှိုင်းမကြည်သလိုသာကြည့်နေမိသည်။ ခုလွန်းက ဒေါက်တာ့ကိုဂရုစိုက်ပေးပြီး စိတ်ပူနေတာလားဟ...
_____
အပ်လိုက်ပြီဗျာ ကောင်းပါ့မလားမသိဘူး အာရုံများနေတော့ ဘာမှန်းတောင်မသိလိုက်ဘူးဗျာ😩
Voteလေးတွေ အလှူခံပါတယ်ဗျာ🤌
Zawgyi
သန႔္ဇင္ခန္းထဲမွ ရႈိင္းႏွင့္အတူေဘးတြင္ ေယာက္်ာေလးတစ္ေယာက္ထြက္လာတာျမင္ေတာ့monက
" ကြၽန္မသူငယ္ခ်င္းကိုကူညီေပးလို႔ေက်းဇူးပါ "
Monက ရႈိင္းလက္အား ထိုလူ႔လက္ထဲမွဆြဲေလေတာ့ ထိုလူကမလႊတ္ေပ။
" ရွင္ဘာလုပ္တာလဲ သူ႔ကိုလႊတ္လိုက္ "
" မလႊတ္ႏိုင္ဘူး "
" ဘာ! ရွင္နဲ႔ဘာဆိုင္လို႔မလႊတ္ႏိုင္ရတာလဲ "
" သူငယ္ခ်င္းမို႔ေလ ကြၽန္ေတာ္နဲ႔ရႈိင္းက သူငယ္ခ်င္းေတြဘဲ "
" ရွင္ေလွ်ာက္ေျပာမေနနဲ႔ ရႈိင္းမွာသူငယ္ခ်င္းဆိုလို႔ကြၽန္မဘဲရွိတယ္ "
" အဟားးး မင္းကိုယ္မင္းအထင္ႀကီးေနတာဘဲ ဒါမဲ့ဘလိုလုပ္မလဲ မင္းသူငယ္ခ်င္းက ငါနဲ႔ျပန္မွာတဲ့ "
" ဘာ! ခန႔္... ရွင္... "
" အင္းးး ခင္ဗ်ားျပန္ႏွင့္လိုက္ပါ က်ဳပ္သူနဲ႔သြားစရာရွိတယ္ "
" ရွင္က ကြၽန္မကိုထားခဲ့ခ်င္တာလား "
" အဲ့လိုမဟုတ္ဘူး ျပန္လိုက္ေတာ့ က်ဳပ္ကို
ခြင့္ျပဳဦး "
" ခန႔္! "
သူမေနာက္မွလွမ္းေခၚေနေသာ္လည္း ရႈိင္းကအဖတ္ပင္မလုပ္။ထိုလူနဲ႔ပါသြားေလၿပီ။
" ေတာက္! "
တစ္ေယာက္ထဲ ေဒါသေတြေလာင္ၿမိဳက္ၿပီးက်န္ေနခဲ့ေသာသူမ။ အားလုံးကသူမကိုကြက္ၾကည့္ကြက္ၾကည့္နဲ႔ တီးတိုးေျပာေနၾကတာမို႔ သူမဘားထဲမွခ်က္ခ်င္းထြက္ခြာလာခဲ့သည္။
အျပင္ေရာက္ေတာ့ ကားပင္မရွိေတာ့ဘူး။ သူမtaxiငွားၿပီးျပန္ရေတာ့မည္။
" ရႈိင္းခန႔္ေသာ္ ရွင္ထြက္ေျပးစမ္းပါ ရွင္ေပးႏိုင္သေလာက္သာေျပး ရွင္ေမာတဲ့အခါက် ကြၽန္မရွင့္ကိုဖမ္းမယ္ "
ႏႈတ္ခမ္းထက္ အၿပဳံးတစ္ခုဖန္ဆင္းလိုက္သည္။ မ်က္ဝန္းထဲတြင္ နာက်ဥ္းမႈေတြ မုန္းတီးမႈေတြျပည့္ႏွက္ေနခဲ့ပါသည္။
( သည္းခံတယ္ဆိုတာ အတိုင္အတာထိဘဲရွိတယ္ ခုေတာ့ဆက္ၿပီးသည္းခံေနမွာ မဟုတ္ေတာ့ဘူး )
" ဒါနဲ႔ ညီေလးက ဘာလို႔ လြန္းဆိုတဲ့တစ္ေယာက္ဆီသြားခ်င္ရတာလဲ "
" က်ဳပ္... က်ဳပ္မသိဘူး က်ဳပ္သိတာသူ႔ကိုေတြ႕ခ်င္တာဘဲ "
ခုနကဘားတြင္ သန႔္စင္ခန္းထဲမွ ေဖေဖ့ဆီဖုန္းဆက္ကာ လြန္းကိုေမးေတာ့ လြန္းက ေပ်ာက္သြားတဲ့အေတာအတြင္းေနခဲ့တဲ့ဆီကို အလည္သြားတာတဲ့ ဘယ္ခ်ိန္ျပန္လာမလဲေတာ့မသိဘူးတဲ့ ေဖေဖ့ဆီမွ လိပ္စာေတာင္းထားလိုက္တာမို႔ ထိုလိပ္စာအတိုင္း ကားကိုေမာင္းႏွင္ေလသည္။
" ေအာ္ဒါနဲ႔ အကို႔အေၾကာင္း ေျပာၿပီးၿပီေနာ္ မွတ္မိတယ္မလား "
" အင္း မွတ္မိပါတယ္ "
" အိုေခ မင္းကိုအခုကစၿပီး အကို႔သူငယ္ခ်င္းတစ္ေယာက္ ညီေလးတစ္ေယာက္လို ဂ႐ုစိုက္ေပးမယ္ "
" အင္း ေက်းဇူးပါ "
ကားထဲတြင္ မိတ္ဖြဲ႕ေနၾကတဲ့ လူႏွစ္ဦး။ တစ္ျဖည္းျဖည္းႏွင့္ လိပ္စာထဲမွေနရာကိုေရာက္လာခဲ့ၾကသည္။
" လိပ္စာအရေတာ့ ဒီေနရာဘဲ ဆင္း ရွာၾကည့္ရေအာင္ "
" အင္း "
ႏွစ္ေယာက္သား ကားထဲမွထြက္လိုက္ၾကသည္။ ရႈိင္းကသိပ္ေတာ့မူးမေနေတာ့ပါ ခုနကမူးခ်င္ေယာင္ေဆာင္ထားသည္က monကိုဖယ္ထုတ္ခ်င္တာေၾကာင့္ျဖစ္သည္။
ၿပီးေတာ့ အမူးေျပေဆးလုံးေရာ ေသာက္ထားေသးသည္။
ကားထဲမွ ထြက္ၿပီးသည္ႏွင့္ ရပ္ကြက္ငယ္ေလးအတြင္း လြန္းကိုလိုက္ရွာမိသည္။ ညအခ်ိန္ျဖစ္တာေၾကာင့္ လူေဝာာ့သိပ္မရွိေပ။
" ဟို... အေဒၚ ဒီတစ္ေယာက္ကိုသိလားဗ် "
" အင္း သိတယ္ သူကသိပ္လိမၼာတာ ဒါနဲ႔သားတို႔က ဘာလို႔သူ႔ကိုရွာတာလဲ "
" ဒီကိုလာတယ္ဆိုလို႔ပါ ကြၽန္ေတာ္က သူ႔သူငယ္ခ်င္းပါ "
" ေအာ္ အရင္ကေတာ့လာတယ္ ဒီမွာ၂ႏွစ္ေလာက္ေတာ့ေနသြားတယ္ ၿပီးေတာ့ ေပ်ာက္သြားတာဘဲ "
" ဒါျဖင့္ သူေနခဲ့တဲ့အိမ္က ဘယ္နားမွာလဲဗ် "
ရႈိင္းကိုကူညီေပးသည့္အကိုက ဝင္ေမးေတာ့ ထိုအေဒၚက အိမ္တစ္အိမ္ကိုလက္ညႇိဳးထိုးကာ
" အဲ့အိမ္ေနာက္ကအိမ္ဘဲ ေဘးကလမ္းေလးထဲဝင္သြားရင္ ေရာက္တယ္ "
" ေအာ္ ဟုတ္ ေက်းဇူးပါဗ် "
" ရတယ္ရတယ္ "
ရႈိင္းကေက်းဇူးတင္စကားပင္မဆိုဘဲ ထိုအေဒၚၫႊန္းသည့္ဘက္ကိုသြားေလတာေၾကာင့္ ထိုလူကဘဲ ေက်းဇူးတင္စကားဆိုလိုက္ရသည္။
" ဒီလမ္းထဲကဝင္သြားရင္ ေရာက္မယ္တဲ့လား "
တစ္ေယာက္ထဲခါးေထာက္ကာ ေရ႐ြတ္ေနေသာရႈိင္းေဘးနား ယွဥ္ရပ္လိုက္သည္။
" သြားမယ္ေလ "
" အင္း "
ထိုလမ္းအတိုင္းဝင္လိုက္ၿပီး အိမ္တစ္အိမ္ေရွ႕ရပ္လိုက္သည္။
" တံခါးေခါက္ရမွာလား "
" ရမလား ေအာ္ေခၚမွေပါ့ ဟိုတယ္မ်ားမွတ္လား အိမ္ငယ္ေလးဟ "
" အာ ဟုတ္သား "
" လြန္း... "
ေအာ္ေခၚဖို႔ အရွိန္ယူကာရွိေသး လြန္းကအိမ္ျပင္ထြက္လာတာေၾကာင့္ ရႈိင္းအသံေလးသိမ္ဝင္သြားရသည္။
" မင္းဘယ္လိုေရာက္လာတာလဲ "
" က်ဳပ္... ခင္ဗ်ားကိုေတြ႕ခ်င္လို႔ "
" ဟမ္! ဘာေတြေျပာေနတာလဲ ငါကဒီကိုအၿပီးလာေနတာလဲမဟုတ္ဘဲနဲ႔ "
" မသိဘူး အိမ္ျပန္ရင္ ခင္ဗ်ားကိုမေတြ႕ရမွာေၾကာက္လို႔ ေဖေဖ့ကိုဖုန္းဆက္ေမ့လိုက္တာ "
" ထားလိုက္ပါေတာ့ အိမ္ထဲဝင္ၾကေလ မိုးေတာင္ခ်ဳပ္ေနၿပီ "
" အင္း "
အိမ္ထဲသို႔ ႏွစ္ေယာက္သားဝင္ခဲ့ၾကၿပီး ထိုင္ေနလိုက္ၾကသည္။ ၿပီးမွလြန္းကေနာက္ကလိုက္ဝင္လာသည္။
" ဧည့္သည္ေတြေရာက္ေနတာလား "
" ဟုတ္ဖြားဖြား သားသူငယ္ခ်င္းေတြပါ "
" ေအာ္ေအးေအး မိုးေတာင္ခ်ဳပ္ေနၿပီကိုး ဒီမွာဘဲအိပ္သြားၾကေလေနာ့္ သိပ္ေတာ့လြတ္လပ္မွာမဟုတ္ဘူးရယ္ "
" ဟုတ္ ရပါတယ္ဗ် ေက်းဇူးပါ "
" ရပါတယ္ကြယ္ ဒါနဲ႔လြန္း သားအမက အိပ္သြားၿပီလား "
" ဟုတ္ အဖ်ားေလးနည္းနည္းရွိေနတာနဲ႔ သားစြပ္ျပဳတ္တိုက္ၿပီး အိပ္ခိုင္းလိုက္တာ "
" ေအာ္ေအေအ ေကာင္းသားဘဲ ဖြားဖြားလည္း အိပ္ေတာ့မယ္ေနာ့္ သားသူငယ္ခ်င္းေတြကို ဂ႐ုစိုက္လိုက္ဦး "
" ဟုတ္ဟုတ္ ဖြားဖြား "
ဖြားဖြားက သူမအခန္းျဖစ္ပုံေပၚသည့္ အခန္းငယ္ေလးထဲ ဝင္သြားသည္။
" ဟို... အခန္းလြတ္ကမရွိေတာ့ဘူးရယ္ မင္းတို႔ငါ့အခန္းထဲအိပ္လိုက္ေလ ငါဒီမွာအိပ္လိုက္မယ္ "
" အာ.. မဟုတ္တာ မင္းတို႔ႏွစ္ေယာက္အိပ္လိုက္ပါ အကိုက အလုပ္ရွိေသးတယ္ ျပန္သြားရမွာ "
" အာ.. အလုပ္ရွိတာလား "
" အင္း သူကဆရာဝန္ေလ "
" ေအာ္ အဲ့လိုလား ဒါျဖင့္လည္း လမ္းမွာဂ႐ုစိုက္သြားဦးေနာ္ ေဒါက္တာ မိုးခ်ဳပ္ေနၿပီ "
" ဟုတ္ၿပီဗ်ာ "
လြန္းႏွင့္ေဒါက္တာ ေလပစ္ေနၾကသည္ကို
ရႈိင္းမၾကည္သလိုသာၾကည့္ေနမိသည္။ ခုလြန္းက ေဒါက္တာ့ကိုဂ႐ုစိုက္ေပးၿပီး စိတ္ပူေနတာလားဟ...
_____
အပ္လိုက္ၿပီဗ်ာ ေကာင္းပါ့မလားမသိဘူး အာ႐ုံမ်ားေနေတာ့ ဘာမွန္းေတာင္မသိလိုက္ဘူးဗ်ာ😩
Voteေလးေတြ အလႉခံပါတယ္ဗ်ာ🤌