တချို့ရက်တွေမှာ ပျော်စေချင်ပြီး
တချို့ရက်တွေမှာ အပွန်းအပဲ့နည်းစေချင်တယ်
သူ့ပန်းချီထဲကသက်တန့်တွေကို အရောင်ချယ်ပြီးရင်တော့
လောကရဲ့ အရောင်ပါတာတွေကြိုက်တတ်စေချင်တယ်
လက်ထိပ်ကလေးတွေဟာ
အရင်လိုအကြောက်အလန့်မရှိရဲနေတတ်တုန်းလား
သက္ကရာဇ်တွေတစ်ရွက်ချင်းစီကုန်လာတော့ သူ့မျက်ခုံးတွေပိုထူနေလောက်လား
မင်းအကြောင်းသိလိုစိတ်ဟာ
အဝေးကနေ ဖြတ်ခနဲပြေးရတဲ့ခိုငှက်ကလေးပဲ
မင်းလည်းရိပ်မိမှာပေါ့
တစ်နှစ်ထက်တစ်နှစ်မှာ ကမ္ဘာကမပျော်တော့ဘူး
လူ့စိတ်တွေအရည်ပျော်နေကြတဲ့ထဲ
ကိုယ့်မှာတော့မင်းရှိတဲ့မြို့ကိုပဲ ဒီထက်ပိုပြီးနွေးစေချင်တယ် ။ ။
- Meldian -
#5NOV2022