MY Bad Elder Brother...

De MhileNyo2009

55.5K 1K 83

" အတိတ်ကအတိတ် ၊ ပစုပ္ပန်ကပစုပ္ပန် ၊ အနာဂိတ်ကအနာဂတ်.. ဘယ်အရာမှ ကျုပ်စိတ်မဝင်စားဘူး... ဒါမဲ့ ခုလက်ရှိမှာ ရှိနေတ... Mai multe

Intro
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)💋
အပိုင်း(၆)🔞
အပိုင်း(၇)🔞
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)🔞
အပိုင်း(၁၃)🌚
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
🩵🩵
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)🔞
အပိုင်း(၂၂) unicode
အပိုင်း(၂၂) zawgyi
အပိုင်း(၂၃) unicode
အပိုင်း(၂၃) zawgyi
အပိုင်း(၂၄) unicode
အပိုင်း(၂၅) Unicode
အပိုင်း(၂၄) zawgyi
အပိုင်း(၂၅) zawgyi
အပိုင်း(၂၆) unicode
အပိုင်း(၂၆) zawgyi
အပိုင်း(၂၇) unicode
အပိုင်း(၂၇) zawgyi
အပိုင်း(၂၈) unicode
အပိုင်း(၂၈) zawgyi
အပိုင်း(၂၉) unicode🔞
အပိုင်း(၂၉) zawgyi 🔞
အပိုင်း(၃၀) unicode
အပိုင်း(၃၀) zawgyi
အပိုင်း(၃၁) unicode
အပိုင်း(၃၁) zawgyi
အပိုင်း(၃၂) unicode
အပိုင်း(၃၂) zawgyi
အပိုင်း(၃၃) unicode
အပိုင်း(၃၃) zawgyi
အပိုင်း(၃၄) unicode 🔞
အပိုင်း(၃၄) zawgyi 🔞
အပိုင်း(၃၅) unicode
အပိုင်း(၃၅) zawgyi
အပိုင်း(၃၆) (final) unicode
အပိုင်း(၃၆) (final) (zawgyi)
Thank! my reader🩵(Unicode)
Thank! my reader🩵 (Zawgyi)

အပိုင်း(၁၄)

1.4K 24 2
De MhileNyo2009

Unicode

အားလုံးအံ့ဩသွား‌ေလာက်အောင် မှင်သက်စရာကောင်းသည့်စကားမှာ....

" ကျွန်တော် လွန်းငယ်ကို ချစ်မိနေပြီထင်တယ်ဗျာ "

" ဘာ! "

" ဟမ်! "

" ဟယ် "

" အို! "

အာမေဋိတ်ပေါက်းများစွာနဲ့ အံ့အားသင့်နေကြသည်။ ဖေဖေက သားဖြစ်သူကိုသေချာကြည့်နေမိသည်။ သားဖြစ်သူမျက်နှာတွင်
ခါတိုင်းလို မဟုတ်ဘဲ လေးနက်မှုတွေတွေ့ရသည်။

" မင်း သေချာလား "

" ကျွန်တော်... ကျွန်တော်မသိဘူး "

ဖေဖေနှင့်မေ‌ေမက အံ့ဩမှုများစွာဖြင့် ရှိုင်းကိုကြည့်သည်။ ရှိုင်းလည်း မျက်ခုံးများကိုတွန့်ချိုးကာ သူ့ကိုယ်သူအဖြေရှာမရဖြစ်နေသေးသည်။

" မင်း သေချာသုံးသပ်ကြည့်ပေါ့ မင်းသာသေချာရင် ဖေဖေတို့က ကိစ္စမရှိဘူး ဒါပေမဲ့တစ်ခုတော့မှတ်ထား အချစ်က လုပ်ယူလို့ရတဲ့အရာမဟုတ်ဘူး "

" နေကြပါဦး "

မေမေကတစ်ခုခုကို စဉ်းစားမိသွားပုံနှင့် စကားဖြတ်လာတော့ အားလုံး၏အကြည့်များက မေမေ့ထံတွင်...

" သားက လွန်းကိုချစ်တယ်ဘဲထားပါ ဒီကကောင်မလေးကရော "

မေမေက monအားကြည့်ကာ ပြောတော့ အားလုံး၏အကြည့်က monဆီရောက်သွားပြန်သည်။ monကမျက်နှာငယ်လေးနှင့်လုပ်ပြနေသည်။သို့သော်... ရှိုင်း၏နောက်ဆက်တွဲစကားတစ်ခွန်းက monကိုအရှက်ရစေသည်။

" သူက သားကောင်မလေးအစစ်မဟုတ်ဘူး ဟန်ဆောင်ထားရုံဘဲ သူနဲ့သားကဘာမှမပတ်သက်ဘူး ခင်တာတောင် မနေ့ကမှရယ် ပြင်သစ်မှာဆုံတာ သူလည်းမြန်မာပြန်မယ်ဆိုလို့ ကျွန်တော်ကခေါ်လာပေးရုံဘဲ ဒီလောက်ပါဘဲ "

" အော်.... "

အားလုံးက ခေါင်းညိတ်ကြသည်။ သို့သော် ဖအေဖြစ်သူကတော့ စိတ်ထဲတစ်ခုခုကို တွေးနေတုန်းပင်...

" ဒါဖြင့် လွန်းကရော မင်းကိုချစ်လို့လား ကြည်ဖြူလို့လား လက်ခံနေလို့လား "

ဖအေဖြစ်သူ၏ မေးခွန်းအောက်တွင် ရှိုင်း မျက်လွှာချမိသည်။

" ကျွန်တော်မသိဘူးဖေဖေ "

" ဟ! မင်းကမသိတာချည်းဘဲ "

" မသိတော့ဘူးဗျာ ကျွန်တော့်ကိုယ်ကျွန်တော်လည်း နားမလည်နိုင်တော့ဘူး ကျွန်တော်က ရုတ်တရက်ကြီး လွန်းကို... "

ရှိုင်းဆက်ပင်မပြောနိုင်တော့အောင် ဝမ်းနည်းနေပုံရသည်။ ဖအေဖြစ်သူက သား၏ပုခုံးအား လက်ဖြင့် အသာပုတ်ကာ

" အချိန်တွေအများကြီးပါ သေချာလေးအချိန်ယူစဉ်းစားပေါ့ လွန်းကိုလည်း အချိန်ပေးသင့်တယ်လို့ထင်တယ် "

" ... "

ဖေဖေကပြောတော့ ရှိုင်းကခေါင်းညိတ်လိုက်သည်။ ရှိုင်းခေါင်းငုံ့ထားတာကြောင့် အားလုံးမမြင်လိုက်တဲ့အရာတစ်ခုရှိသည်။ ထိုအရာက...

ရှိုင်းက ငိုနေသည်တဲ့လေ။ အေးဆေးတည်ငြိမ်ပြီး ငယ်ငယ်တည်းက မငိုခဲ့တဲ့သူက ခုကိစ္စကြောင့် လွယ်လွယ်နဲ့မျက်ရည်ကျခဲ့သည်။ ရှိုင်းငိုနေတာကိုသာ မြင်ကြရင် လွန်းကိုချစ်တယ်ဆိုတာ အတည်ပြုပြီးသားဖြစ်ပါလိမ့်မည်...

( ဒါ ခင်ဗျားအတွက်နဲ့ ပထမဆုံးမျက်ရည်ကျဖူးတာဘဲ လွန်းငယ် )

• • • • •

Monတစ်ယောက် အခန်းထဲတွင် ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်နှင့် ပြာယာခတ်‌ေနတာ့သည်။

" တောက်! လွန်းငယ် နင်ကငါပိုင်တဲ့အရာကို လူယူချင်နေတာဘဲ ပြီးမှ ငါ့အဆိုးမဆိုနဲ့ "

ကောက်ကျစ်စဉ်းလဉ်းသည့် မြေခွေးတစ်ကောင်လို အပြုံးမျိုးပြုံးကာ တစ်ခုခုအား ကြံစည်နေတော့သည်။

ခုနက ရှိုင်းပြောသည့်စကားများကို လွန်းအကုန်ကြားလိုက်ပါသည်။ ကိုယ့်ကိုရုတ်တရက်ဂရုစိုက်လာတဲ့လူတစ်ယောက်အကြောင်း စပ်စုချင်မိတာကြောင့် တံခါးဖွင့်ကာ ချောင်းကြည့်နေခဲ့မိသည်။ အသံကျယ်ကျယ်ပြောတာမို့ ရှင်းလင်းစွာကြားရဖို့တော့ လုံလောက်သည်။ သို့သော် အားလုံးကို လွန်းငယ်ကြားသွားသည်ကို monသာသိသည်။ သူမက လွန်းမြင်လိုက်တာကြောင့် ဒါသူမအတွက် ဂွင်တစ်ခုလိုပင်ဖြစ်နေသည်။

" နင်တို့အားလုံး မပျော်ရွှင်စေရဘူး "

အတ္တကြီးလွန်းတဲ့သူမအဖို့တော့ မည်သူက တားဆီးနိုင်မည်နည်း...

• • • • •

အခန်းထဲဝင်လိုက်သည်နှင့် ကုတင်ပေါ်တွင် ကျောပေးကာ ထိုင်နေသော ချစ်ရသူ။ သူ့အနားသွားလိုက်ကာ ဘေးတွင်ဝင်ထိုင်ပြီး လွန်းပုခုံးပေါ်မေးစေ့တင်လိုက်ျတာ့ ခေါင်းလေးက အနည်းငယ်လှည့်လာသည်။

" ဘာထိုင်လုပ်နေတာလဲ "

" ... "

ဘာမှပြန်မဖြေဘဲ တည်ငြိမ်စွာထိုင်နေတဲ့ လွန်းကိုမျက်နှာချင်းဆိုင်စေလိုက်‌သည်။

" ဘာဖြစ်နေတာလဲ "

" ဘာမှမဖြစ်ပါဘူး "

" သေချာရဲ့လား "

" အင်း "

မိမိကိုအကြည့်လွှဲကာဖြေနေတဲ့ ချစ်ရသူရဲ့မျက်နှာကို လက်နှင့်အုပ်ကိုင်ကာ နဖူးအား နမ်းလိုက်သည်။

" ကျုပ်ကိုမှန်မှန်ပြောပါ ခင်ဗျားဘာဖြစ်နေတာလဲ "

" ငါ... ငါ ဘာမှမဖြစ်ပါဘူး "

" ဟုတ်ပါပြီ ဘာစားချင်လည်း "

ခေါင်းသာခါယမ်းပြနေသူကြောင့် ရှိုင်းခမျာ ဝမ်းနည်းမိသည်။ ကိုယ်ချစ်ရတဲ့သူဆီမှာ လျစ်လျူရှုခံရတဲ့ခံစားချက်ကို ပထမဆုံးခံစားဖူးတဲ့ ရှိုင်းတစ်ယောက် သူ့ကိုယ်သူဘာမှားမှန်း မဖြေရှာမရ။

လွန်းစိတ်မသက်မသာဖြစ်မည်စိုး၍ အခန်းထဲမှထွက်လာခဲ့လိုက်သည်။အောက်ထပ်ဆင်းဖို့လုပ်တော့

" ခန့်... "

" အင်း monပြောလေ ဘာလိုလို့လဲ "

" ဟို... ဘာမှမလိုပါဘူး ပျင်းလို့ အပြင်သွားချင်တာ လိုက်ပို့ပေးပါလား "

" အင်း ရပါတယ် "

ရှိုင်းလည်း စိတ်ပြေလက်ပျောက် monနဲ့အတူ ကားတစ်စီးနှင့် မြို့ပတ်နေမိသည်။
တစ်လျှောက်လုံး ကားထဲတွင် ဘာစကားမျှမပြောကြ...

" ခန့်... "

" အင်း "

" ကျွန်မသောက်ချင်တယ် "

" ဟုတ်ပြီ သွားကြတာပေါ့ "

ဘားတစ်ခုကို ဦးတည်ကာ မောင်းနှင်လိုက်သည်။ တကယ်တော့ ရှိုင်းကမူးချင်နေတာဖြစ်သည်။ ခေါ်ရအောင်က မိန်းကလေးမို့သာ။သို့သော် မိန်းကလေးဘက်ကခေါ်တော့လည်း လက်ခံမိသည်။

ကျွီ...

ပြင်းထန်သောအရှိန်နှင့် ထိုးရပ်လိုက်သော ကားတစ်စီး။ နှစ်ဦးသား ကားထဲမှထွက်ကာ ဘားထဲသို့ ဝင်လိုက်ကြသည်။

လွတ်နေသော စားပွဲဝိုင်းတွင်ထိုင်ကာ ဝိတ်တာကိုခေါ်လိုက်သည်။

" ကျုပ်ကိုပြင်းတာပေးဗျာ "

" ကျွန်မကို ...... "

ဝိတ်တာပြန်ထွက်သွားမှ ရှိုင်းအတွေးများဖြင့် ခေါင်းရှုပ်နေမိသည်။

ခနနေတော့ ဝိတ်တာလေးက မှာထားတာကို လာချပေးသည်။ ရှိုင်းတစ်ယောက် စိတ်ညစ်ညစ်နှင့် ဘာမှမစပ်ဘဲသောက်နေမိသည်။
ပုလင်းတစ်ဝက်လောက်ကျိုးရုံနဲ့ ရှိုင်း ခေါင်းတွေနောက်လာတော့သည်။

" ရှင် အဆင်ပြေရဲ့လား "

" အင်း သန့်စင်ခန်းခနသွားဦးမယ် "

" ဟုတ်ပြီ ကျွန်မစောင့်နေမယ် "

နေရာမှထထွက်သွားသော သူကိုကြည့်ကာ သူမမဲ့ပြုံးပြုံးနေခဲ့သည်။

"  ရှင် ဒီညကျွန်မအပိုင်ဖြစ်‌စေရမယ် "

အာ့!

" ကျစ်! စိုကုန်ပြီ ဒါနဲ့ရရဲ့လား ညီလေး "

" အင်း ဆောရီးဗျာ "

" ရတယ်ရတယ် တော်တော်လေး မူးနေတာဘဲ အကိုကူညီပေးမယ် သန့်စင်ခန်းသွားမလို့မလား "

" အင်း "

_____

စောင့်မျှော်ပေးကြပါဦးဗျာ ကြိုးစားနေပါတယ် လောင်ဖို့သာပြင်ထားကြ🤌

Zawgyi

အားလုံးအံ့ဩသြား‌ေလာက္ေအာင္ မွင္သက္စရာေကာင္းသည့္စကားမွာ....

" ကြၽန္ေတာ္ လြန္းငယ္ကို ခ်စ္မိေနၿပီထင္တယ္ဗ်ာ "

" ဘာ! "

" ဟမ္! "

" ဟယ္ "

" အို! "

အာေမဋိတ္ေပါက္းမ်ားစြာနဲ႔ အံ့အားသင့္ေနၾကသည္။ ေဖေဖက သားျဖစ္သူကိုေသခ်ာၾကည့္ေနမိသည္။ သားျဖစ္သူမ်က္ႏွာတြင္
ခါတိုင္းလို မဟုတ္ဘဲ ေလးနက္မႈေတြေတြ႕ရသည္။

" မင္း ေသခ်ာလား "

" ကြၽန္ေတာ္... ကြၽန္ေတာ္မသိဘူး "

ေဖေဖႏွင့္ေမ‌ေမက အံ့ဩမႈမ်ားစြာျဖင့္ ရႈိင္းကိုၾကည့္သည္။ ရႈိင္းလည္း မ်က္ခုံးမ်ားကိုတြန႔္ခ်ိဳးကာ သူ႔ကိုယ္သူအေျဖရွာမရျဖစ္ေနေသးသည္။

" မင္း ေသခ်ာသုံးသပ္ၾကည့္ေပါ့ မင္းသာေသခ်ာရင္ ေဖေဖတို႔က ကိစၥမရွိဘူး ဒါေပမဲ့တစ္ခုေတာ့မွတ္ထား အခ်စ္က လုပ္ယူလို႔ရတဲ့အရာမဟုတ္ဘူး "

" ေနၾကပါဦး "

ေမေမကတစ္ခုခုကို စဥ္းစားမိသြားပုံႏွင့္ စကားျဖတ္လာေတာ့ အားလုံး၏အၾကည့္မ်ားက ေမေမ့ထံတြင္...

" သားက လြန္းကိုခ်စ္တယ္ဘဲထားပါ ဒီကေကာင္မေလးကေရာ "

ေမေမက monအားၾကည့္ကာ ေျပာေတာ့ အားလုံး၏အၾကည့္က monဆီေရာက္သြားျပန္သည္။ monကမ်က္ႏွာငယ္ေလးႏွင့္လုပ္ျပေနသည္။သို႔ေသာ္... ရႈိင္း၏ေနာက္ဆက္တြဲစကားတစ္ခြန္းက monကိုအရွက္ရေစသည္။

" သူက သားေကာင္မေလးအစစ္မဟုတ္ဘူး ဟန္ေဆာင္ထား႐ုံဘဲ သူနဲ႔သားကဘာမွမပတ္သက္ဘူး ခင္တာေတာင္ မေန႔ကမွရယ္ ျပင္သစ္မွာဆုံတာ သူလည္းျမန္မာျပန္မယ္ဆိုလို႔ ကြၽန္ေတာ္ကေခၚလာေပး႐ုံဘဲ ဒီေလာက္ပါဘဲ "

" ေအာ္.... "

အားလုံးက ေခါင္းညိတ္ၾကသည္။ သို႔ေသာ္ ဖေအျဖစ္သူကေတာ့ စိတ္ထဲတစ္ခုခုကို ေတြးေနတုန္းပင္...

" ဒါျဖင့္ လြန္းကေရာ မင္းကိုခ်စ္လို႔လား ၾကည္ျဖဴလို႔လား လက္ခံေနလို႔လား "

ဖေအျဖစ္သူ၏ ေမးခြန္းေအာက္တြင္ ရႈိင္း မ်က္လႊာခ်မိသည္။

" ကြၽန္ေတာ္မသိဘူးေဖေဖ "

" ဟ! မင္းကမသိတာခ်ည္းဘဲ "

" မသိေတာ့ဘူးဗ်ာ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္လည္း နားမလည္ႏိုင္ေတာ့ဘူး ကြၽန္ေတာ္က ႐ုတ္တရက္ႀကီး လြန္းကို... "

ရႈိင္းဆက္ပင္မေျပာႏိုင္ေတာ့ေအာင္ ဝမ္းနည္းေနပုံရသည္။ ဖေအျဖစ္သူက သား၏ပုခုံးအား လက္ျဖင့္ အသာပုတ္ကာ

" အခ်ိန္ေတြအမ်ားႀကီးပါ ေသခ်ာေလးအခ်ိန္ယူစဥ္းစားေပါ့ လြန္းကိုလည္း အခ်ိန္ေပးသင့္တယ္လို႔ထင္တယ္ "

" ... "

ေဖေဖကေျပာေတာ့ ရႈိင္းကေခါင္းညိတ္လိုက္သည္။ ရႈိင္းေခါင္းငုံ႔ထားတာေၾကာင့္ အားလုံးမျမင္လိုက္တဲ့အရာတစ္ခုရွိသည္။ ထိုအရာက...

ရႈိင္းက ငိုေနသည္တဲ့ေလ။ ေအးေဆးတည္ၿငိမ္ၿပီး ငယ္ငယ္တည္းက မငိုခဲ့တဲ့သူက ခုကိစၥေၾကာင့္ လြယ္လြယ္နဲ႔မ်က္ရည္က်ခဲ့သည္။ ရႈိင္းငိုေနတာကိုသာ ျမင္ၾကရင္ လြန္းကိုခ်စ္တယ္ဆိုတာ အတည္ျပဳၿပီးသားျဖစ္ပါလိမ့္မည္...

( ဒါ ခင္ဗ်ားအတြက္နဲ႔ ပထမဆုံးမ်က္ရည္က်ဖူးတာဘဲ လြန္းငယ္ )

• • • • •

Monတစ္ေယာက္ အခန္းထဲတြင္ ဟိုဘက္ေလွ်ာက္လိုက္ဒီဘက္ေလွ်ာက္လိုက္ႏွင့္ ျပာယာခတ္‌ေနတာ့သည္။

" ေတာက္! လြန္းငယ္ နင္ကငါပိုင္တဲ့အရာကို လူယူခ်င္ေနတာဘဲ ၿပီးမွ ငါ့အဆိုးမဆိုနဲ႔ "

ေကာက္က်စ္စဥ္းလဥ္းသည့္ ေျမေခြးတစ္ေကာင္လို အၿပဳံးမ်ိဳးၿပဳံးကာ တစ္ခုခုအား ႀကံစည္ေနေတာ့သည္။

ခုနက ရႈိင္းေျပာသည့္စကားမ်ားကို လြန္းအကုန္ၾကားလိုက္ပါသည္။ ကိုယ့္ကို႐ုတ္တရက္ဂ႐ုစိုက္လာတဲ့လူတစ္ေယာက္အေၾကာင္း စပ္စုခ်င္မိတာေၾကာင့္ တံခါးဖြင့္ကာ ေခ်ာင္းၾကည့္ေနခဲ့မိသည္။ အသံက်ယ္က်ယ္ေျပာတာမို႔ ရွင္းလင္းစြာၾကားရဖို႔ေတာ့ လုံေလာက္သည္။ သို႔ေသာ္ အားလုံးကို လြန္းငယ္ၾကားသြားသည္ကို monသာသိသည္။ သူမက လြန္းျမင္လိုက္တာေၾကာင့္ ဒါသူမအတြက္ ဂြင္တစ္ခုလိုပင္ျဖစ္ေနသည္။

" နင္တို႔အားလုံး မေပ်ာ္႐ႊင္ေစရဘူး "

အတၱႀကီးလြန္းတဲ့သူမအဖို႔ေတာ့ မည္သူက တားဆီးႏိုင္မည္နည္း...

• • • • •

အခန္းထဲဝင္လိုက္သည္ႏွင့္ ကုတင္ေပၚတြင္ ေက်ာေပးကာ ထိုင္ေနေသာ ခ်စ္ရသူ။ သူ႔အနားသြားလိုက္ကာ ေဘးတြင္ဝင္ထိုင္ၿပီး လြန္းပုခုံးေပၚေမးေစ့တင္လိုက္်တာ့ ေခါင္းေလးက အနည္းငယ္လွည့္လာသည္။

" ဘာထိုင္လုပ္ေနတာလဲ "

" ... "

ဘာမွျပန္မေျဖဘဲ တည္ၿငိမ္စြာထိုင္ေနတဲ့ လြန္းကိုမ်က္ႏွာခ်င္းဆိုင္ေစလိုက္‌သည္။

" ဘာျဖစ္ေနတာလဲ "

" ဘာမွမျဖစ္ပါဘူး "

" ေသခ်ာရဲ႕လား "

" အင္း "

မိမိကိုအၾကည့္လႊဲကာေျဖေနတဲ့ ခ်စ္ရသူရဲ႕မ်က္ႏွာကို လက္ႏွင့္အုပ္ကိုင္ကာ နဖူးအား နမ္းလိုက္သည္။

" က်ဳပ္ကိုမွန္မွန္ေျပာပါ ခင္ဗ်ားဘာျဖစ္ေနတာလဲ "

" ငါ... ငါ ဘာမွမျဖစ္ပါဘူး "

" ဟုတ္ပါၿပီ ဘာစားခ်င္လည္း "

ေခါင္းသာခါယမ္းျပေနသူေၾကာင့္ ရႈိင္းခမ်ာ ဝမ္းနည္းမိသည္။ ကိုယ္ခ်စ္ရတဲ့သူဆီမွာ လ်စ္လ်ဴရႈခံရတဲ့ခံစားခ်က္ကို ပထမဆုံးခံစားဖူးတဲ့ ရႈိင္းတစ္ေယာက္ သူ႔ကိုယ္သူဘာမွားမွန္း မေျဖရွာမရ။

လြန္းစိတ္မသက္မသာျဖစ္မည္စိုး၍ အခန္းထဲမွထြက္လာခဲ့လိုက္သည္။ေအာက္ထပ္ဆင္းဖို႔လုပ္ေတာ့

" ခန႔္... "

" အင္း monေျပာေလ ဘာလိုလို႔လဲ "

" ဟို... ဘာမွမလိုပါဘူး ပ်င္းလို႔ အျပင္သြားခ်င္တာ လိုက္ပို႔ေပးပါလား "

" အင္း ရပါတယ္ "

ရႈိင္းလည္း စိတ္ေျပလက္ေပ်ာက္ monနဲ႔အတူ ကားတစ္စီးႏွင့္ ၿမိဳ႕ပတ္ေနမိသည္။
တစ္ေလွ်ာက္လုံး ကားထဲတြင္ ဘာစကားမွ်မေျပာၾက...

" ခန႔္... "

" အင္း "

" ကြၽန္မေသာက္ခ်င္တယ္ "

" ဟုတ္ၿပီ သြားၾကတာေပါ့ "

ဘားတစ္ခုကို ဦးတည္ကာ ေမာင္းႏွင္လိုက္သည္။ တကယ္ေတာ့ ရႈိင္းကမူးခ်င္ေနတာျဖစ္သည္။ ေခၚရေအာင္က မိန္းကေလးမို႔သာ။သို႔ေသာ္ မိန္းကေလးဘက္ကေခၚေတာ့လည္း လက္ခံမိသည္။

ကြၽီ...

ျပင္းထန္ေသာအရွိန္ႏွင့္ ထိုးရပ္လိုက္ေသာ ကားတစ္စီး။ ႏွစ္ဦးသား ကားထဲမွထြက္ကာ ဘားထဲသို႔ ဝင္လိုက္ၾကသည္။

လြတ္ေနေသာ စားပြဲဝိုင္းတြင္ထိုင္ကာ ဝိတ္တာကိုေခၚလိုက္သည္။

" က်ဳပ္ကိုျပင္းတာေပးဗ်ာ "

" ကြၽန္မကို ...... "

ဝိတ္တာျပန္ထြက္သြားမွ ရႈိင္းအေတြးမ်ားျဖင့္ ေခါင္းရႈပ္ေနမိသည္။

ခနေနေတာ့ ဝိတ္တာေလးက မွာထားတာကို လာခ်ေပးသည္။ ရႈိင္းတစ္ေယာက္ စိတ္ညစ္ညစ္ႏွင့္ ဘာမွမစပ္ဘဲေသာက္ေနမိသည္။
ပုလင္းတစ္ဝက္ေလာက္က်ိဳး႐ုံနဲ႔ ရႈိင္း ေခါင္းေတြေနာက္လာေတာ့သည္။

" ရွင္ အဆင္ေျပရဲ႕လား "

" အင္း သန႔္စင္ခန္းခနသြားဦးမယ္ "

" ဟုတ္ၿပီ ကြၽန္မေစာင့္ေနမယ္ "

ေနရာမွထထြက္သြားေသာ သူကိုၾကည့္ကာ သူမမဲ့ၿပဳံးၿပဳံးေနခဲ့သည္။

"  ရွင္ ဒီညကြၽန္မအပိုင္ျဖစ္‌ေစရမယ္ "

အာ့!

" က်စ္! စိုကုန္ၿပီ ဒါနဲ႔ရရဲ႕လား ညီေလး "

" အင္း ေဆာရီးဗ်ာ "

" ရတယ္ရတယ္ ေတာ္ေတာ္ေလး မူးေနတာဘဲ အကိုကူညီေပးမယ္ သန႔္စင္ခန္းသြားမလို႔မလား "

" အင္း "

_____

ေစာင့္ေမွ်ာ္ေပးၾကပါဦးဗ်ာ ႀကိဳးစားေနပါတယ္ ေလာင္ဖို႔သာျပင္ထားၾက🤌









Continuă lectura

O să-ți placă și

92.2K 3.3K 6
*Iwaizumi and Oikawa are confident that Makki and Mattsun's 'Snapchatting sessions' are way more than just sending memes~ •Boy x Boy •Will contain Fl...
343K 6.7K 28
A story in which a woman tries to move on after leaving her cheating husband. *She does not take him back*
9.9M 646K 75
Yaduvanshi series #1 An Arranged Marriage Story. POWER!!!!! That's what he always wanted. He is king of a small kingdom of Madhya Pradesh but his pow...
87.3K 3.1K 26
စံကားတစ်ပွင့် သက်သေတည် ဆရာလေးကို ကျွန်တော်ချစ်သည်......။💌