You're My Beloved ( COMPLETE )
Da Tulip_K
698K 30.1K 3.7K
Myanmar × BL Uni/Zaw [ 3 ] Warning..... My Best Friend Becomes My Husband Season 2 Start Date: 20.11.2023 End... Altro
Intro U / Z
( 1 ) U / Z
( 2 ) U / Z
( 3 ) U / Z
( 4 ) U / Z
( 5 ) U / Z
( 6 ) U / Z
( 7 ) U / Z
( 8 ) U / Z
( 9 ) U / Z
( 10 ) U / Z
Name Changing ☘️
( 11 ) U / Z
( 12 ) U / Z
( 13 ) U / Z
( 14 ) U / Z
( 15 ) U / Z
( 16 ) U / Z
( 17 ) U / Z
( 18 ) U / Z
( 19 ) U / Z
( 20 ) U / Z
( 21 ) U / Z
( 22 ) U / Z
( 23 ) U / Z
( 25 ) U / Z
( 26 ) U / Z
( 27 ) U / Z
( 28 ) Final U / Z
To Readers U / Z
Extra ( 1 ) U / Z
Extra ( 2 ) U / Z
Extra ( 3 ) U / Z
Special Extra U / Z
Extra ( 4 ) U / Z
Extra ( 5 ) U / Z
Extra ( 6 ) U / Z
Extra ( 7 ) End U / Z
( 24 ) U / Z
15.1K 784 92
Da Tulip_K
U~
" မောင် ဒီနေ့.. "
" အဲ့လိုမခေါ်နဲ့ "
" ဟင်! "
" မောင်လို့မခေါ်နဲ့ "
'လွမ်း' ၏စကားကြောင့် 'မြူငယ်' ၏မျက်နှာကညိုးကျသွားကာ လက်ထဲကကိုင်ထားသည့် စတော်ဘယ်ရီသီးလေးကိုပင် ပန်းကန်ထဲပြန်ထည့်လိုက်သည်။
" 'မြူငယ်' ကမင်းကိုအဲ့လိုပဲခေါ်နေကြလေ "
အခြေအနေမကောင်းနေသဖြင့် 'ရာစု' ကဝင်ဖြန်ဖြေပေးတော့ 'လွမ်း' ကဘာစကားမှထပ်မပြောလာ...ကုတင်ခေါင်းရင်းကိုသာ မှီထိုင်နေသည်။
'မြူငယ်' ကျချင်နေသည့် မျက်ရည်တို့အား
ထိန်းချုပ်ကာ ပြုံး၍ မော့ကြည့်လိုက်ရင်း..
" 'လွမ်း' ဒီနေ့တောင်ကြီးကခြံက စတော်ဘယ်ရီတွေပို့လာပေးတယ် မင်းငါ့ကိုဝယ်ထားပေးတဲ့ခြံလေ..စတော်ဘယ်ရီတွေက တုံးတော့မှာကွ!
သိလား.... "
ပြောပြနေရင်းကို 'လွမ်း' ၏သူစိမ်းဆန်ဆန်အကြည့်တို့ကြောင့် နှုတ်ခမ်းတို့က တုန်ယင်
လာကာ မျက်ရည်တို့က ကျလာတော့...
" အင့်! ငါစားလို့ မဝသေးဘူးသိလား
စတော်ဘယ်ရီတွေက ဘာလို့ အဲ့လောက်အမြန်ကြီး တုံးကုန်ရတာလည်း မသိဘူး အီးဟီး.... "
'မြူငယ်' ကအားရပါးရ အော်ငိုတော့ ဘေးမှာထိုင်နေသည့် 'ရာစု' ကသာ ပွေ့ဖက်ကာ
နှစ်သိမ့်ပေးရသည်။
'မြူငယ်' ဝမ်းနည်းနေတာ စတော်ဘယ်ရီ
သီး‌တွေကြောင့်မဟုတ်ဘဲ 'လွမ်း' ကြောင့်ဆိုတာ
'လွမ်း' ကိုယ်တိုင်က သိနိုင်ပါ့မလား...
" ကိုကို "
'လွမ်း' ၏ခေါ်သံကြောင့် မော့ကြည့်မိတော့
ဆေးရုံအခန်းထဲဝင်လာသည့် 'နွေမှိုင်း' နှင့်
'မင်းမြတ်'...
" ညီ.. နေရထိုင်ရ အဆင်ပြေလား "
" ကိုကို သားကို ပစ်ထားပြီး ဘယ်တွေသွား
နေတာလည်း... သားမသိတဲ့ လူတွေနဲ့
မထားခဲ့ပါနဲ့လား သားမနေတက်ဘူး "
'လွမ်း' ၏စကားဆုံးသည်နှင့် 'ရာစု' က
မတ်တပ်ထရပ်ကာ..
" 'အလွမ်းနက္ခတ်'!!! မင်းမလွန်လာနဲ့နော်!!
ငါတို့ဘယ်လောက်ရင်းနှီးခဲ့တယ် 'မြူငယ်' နဲ့မင်းနဲ့ဆက်ဆံရေးက ဘယ်လိုရှိတယ်ဆိုတာ
ပြောပြထားပြီးသား Social Media ပေါ်မှာပဲ
တက်ကြည့်မလား မင်းကြိုက်တဲ့သူကိုသွားမေးလို့ရတယ် မင်းက.. "
" 'ရာစု' တော်တော့ စိတ်လျော့ပါကွာ.. "
'မြူငယ်' ကမတ်တပ်ထရပ်ကာ 'ရာစု' ၏လက်ကိုဆုပ်ကိုင်ကာ ပြောတော့ 'ရာစု' လက်သီးကိုတင်းတင်းဆုပ်ထားကာ အသားတွေပါ တဆတ်ဆတ်တုန်ယင်နေသည်။
" 'လွမ်း' ငါဒီနေ့ ရေမွှေးစွတ်လာတယ်
မင်းကြိုက်တဲ့ အဖြူရောင်သစ်ခွပန်းအနံ့လေးလေ... အမြဲ‌တမ်း‌ပွေ့ဖက်ထားမယ် ဆိုပြီးတော့
မင်းငါ့ကို ကတိပေးခဲ့ဖူးတယ် ဒါပေမယ့် မင်းကတိမတည်ဘူး "
ရုတ်ချည်းတိတ်ဆိတ်သွားသည့် အခန်းအတွင်း
ထွက်ပေါ်လာသည့် 'မြူငယ်'..၏ဖုန်းRingtone သံ.. 'မြူငယ်' ဖုန်းထုတ်ကြည့်ကာ မျက်ရည်တို့အား သုတ်ရင်း...
" အင်း 'ဏီရာ' "
"..... "
" ကိုယ်အခုဆေးရုံမှာ "
'မြူငယ်' ကဖုန်းပြောရင်း အပြင်ကိုထွက်သွားတော့ 'လွမ်း' ကလိုက်ကြည့်နေသဖြင့် 'ရာစု' က
'လွမ်း' ၏အရှေ့သို့သွားကာ..
" 'လွမ်း' မင်း 'မြူငယ်' ကိုတကယ်မလိုချင်တော့ဘူးလား.. အဲ့တာဆို ငါ 'မြူငယ်' ကိုအသစ်ရှာပေးလိုက်မယ် မင်းသိလား 'ဏီရာ' ဆိုတဲ့ကောင်လေးက အရမ်းချစ်ဖို့ကောင်းတာ မင်းထက်အများကြီး ပိုပြီးတော့လေ အဟွန်း! "
'ရာစု' ကထိုသို့ဆိုကာ အပြင်ကိုထွက်သွားတော့
'လွမ်း' ဘာကိုစိတ်တိုလို့ စိတ်တိုမိသည်မသိ...
" ညီ 'မြူလေး' ကိုအရမ်းမစိမ်းပါနဲ့..
ကိုကို့စကားကိုနားထောင် ညီမေ့နေတာ‌‌‌တွေ
ပြန်သတိရဖို့က 'မြူလေး' ပဲကူညီနိုင်မှာ....
ညီမေ့သွားတဲ့ ဆယ်နှစ်တာ မှတ်ဉာဏ်ထဲမှာ
'မြူလေး' နဲ့ 'ခမ်း' ကညီနဲ့ အချိန်‌တွေအများဆုံး
တူတူဖြတ်သန်းခဲ့တာ "
" အဲ့ဒီ 'ခမ်း' ဆိုတဲ့တစ်ယောက်က သတိမရသေးဘူးလား "
" အင်း.. "
" သား သွားကြည့်လို့လား "
'လွမ်း' ၏စကားကြောင့် 'နွေမှိုင်း' နှင့် 'မင်းမြတ်' တစ်ယောက်ကို တစ်ယောက်ပင် ကြည့်လိုက်မိသည်။
ဒီနေ့က 'ခမ်း' သတိမေ့နေတာ ဆယ်ရက်မြောက်သည့်နေ့...
" မောင်သိလား ဒီနေ့စာသင်တာ ကိုယ်လုံးဝစိတ်မပါနေဘူး စိတ်ကမောင့်ဆီပဲ ရောက်နေတာ
မောင့်ရဲ့အပြုံးလေးကိုသာ မြင်ရင်‌ဘယ်လောက်ကောင်းမလည်း ပြီးတော့ ဟိုကောင် 'ရှိုင်း' ကလည်း တငူငူတငိုင်ငိုင်နဲ့ မိဘနဲ့ ကိုယ်ချစ်ရတဲ့သူဆိုတဲ့ ရွေးချယ်မှုကြားမှာ သေချာပေါက်တစ်ခုခုကိုတော့ သူစွန့်လွှတ်ရမှာ "
"...... "
" 'လွမ်း' ကလည်း အခုထိ ဘာမှပြန်မမှတ်မိဘူး
လောကကြီးက ဘာတွေဖြစ်ကုန်မှန်းမသိဘူး
..... မောင် ကိုယ်မင်းကိုအရမ်းလွမ်းနေပြီ "
"...... "
" မှားရအောင် ဆိုပြီး လိုက်ပြီး ဂျီတိုက်နေတဲ့
ကောင်လေးက အကြာကြီးအိပ်နေတော့ ကိုယ်မှားချင်တာတောင် မမှားရဘူး...အခုကိုယ်အရမ်းမှားချင်နေလို့ ထလာပြီး ကိုယ့်ကိုအနမ်းပေးပါလား ကိုယ်မှား... "
" အသက်.. "
'ခမ်း' ၏လက်အား ‌ရေစိုဝတ်ဖြင့် သုတ်ပေးရင်း
စကားတွေပြောနေတုန်း ထွက်ပေါ်လာသည့် တိုးဖျဖျအသံလေးကြောင့် မော့ကြည့်မိတော့
'ခမ်း' ကသူ့ကိုကြည့်နေကာ နွမ်းလျလျလေး
ပြုံးပြလာသည်။
" မောင်! "
'သုတ' ချက်ချင်းပင် မတ်တပ်ထရပ်ကာ
အရေးပေါ်ခလုတ်ကို ‌သုံးလေးခါလောက်ပင်
နှိပ်ချပစ်လိုက်သည်။ ထို့နောက် 'ခမ်း' ၏မျက်နှာကို တစ်ဖျက်ဖျက်နှင့် အနမ်းပေးကာ ပွေ့ဖက်ထားရင်း...
" မောင်.. ကိုယ်မင်းကိုအရမ်းလွမ်းနေတာ
ဘာလို့ ကိုယ့်ကို အကြာကြီးပစ်ထားရတာ
လည်းကွာ... "
'သုတ' ကပြောရင်းဖြင့် မော့ကြည့်လိုက်တော့
'ခမ်း' ကပြုံး၍ ကြည့်နေသဖြင့် နှုတ်ခမ်းလေးကိုတစ်ချက်ဖိကပ်ကာ အနမ်းပေးလိုက်မိသည်။
" လူနာက အသက်ရှင်ချင်စိတ်အတော်လေးကို
ပြင်းထန်နေတာ ခွဲစိတ်နေကတည်းက
သတိထားမိတယ် အခုလိုအစောကြီးနိုးလာမယ်လို့တော့ တကယ်မထင်ခဲ့တာ "
'ခမ်း' ကကုတင်‌ပေါ်တွင် ထိုင်နေခြင်းဖြစ်ရာ 'ဆိုင်း' ကဘေးတွင်မတ်တပ်ရပ်လျက် 'ခမ်း' ကိုရင်ခွင်ထဲဆွဲထည့်ကာ ပွေ့ဖက်ထားခြင်းဖြစ်သည်။ 'ခိမ်း' ကဆရာဝန်နှင့်အတူ မတ်တပ်ရပ်နေခြင်းဖြစ်ရာ 'သုတ' က ကုတင်၏တစ်ဖက်ခြမ်းတွင် မတ်တပ်ရပ်နေခြင်းဖြစ်သည်။
" ကျွန်တော့်ကောင်လေးက လက်ထပ်ကြဖို့ အမြဲတမ်းတဂျီဂျီနဲ့ ပူဆာနေလို့ နားပူလာလို့ ထလာလိုက်တာ "
'ခမ်း' ပြောလိုက်တော့ အကုန်လုံးကရယ်ကြသဖြင့် 'သုတ' ၏မျက်နှာမှာ ဖြန်း!ခနဲပင်ရဲတက်လာသည်။ ဆရာဝန်နှင့်အတူ 'ခိမ်း' နှင့် 'ဆိုင်း' ပါ
အပြင်ကို ထွက်သွားတော့မှ 'သုတ' ကကုတင်ပေါ်တင်ပလွဲဝင်ထိုင်ကာ 'ခမ်း' ၏ရင်ခွင်ထဲတိုးဝင်ကာပွေ့ဖက်ထားသည်။
" မောင် "
" ဗျာ.. "
" အခုလို နိုးလာပေးတဲ့အတွက် အရမ်းကျေးဇူးတင်တယ် "
" မောင်ကသာ အသက်ကိုကျေးဇူးတင်ရမှာ မောင်ပြန်နိုးထလာနိုင်ဖို့အတွက် အားအင်‌တစ်ခုဖြစ်ပေးခဲ့လို့ "
" မောင်.. အမြန်ဆုံးလက်ထပ်ချင်ပြီ...
ကိုယ်မင်းကို ဆုံးရှုံးရမှာအရမ်းကြောက်တယ် "
" မောင်ဆေးရုံကဆင်းတာနဲ့ လက်ထပ်ကြမယ် "
" အင်း "
'သုတ' က 'ခမ်း' ၏ရင်ခွင်ထဲတိုးဝှေ့ကာ ခပ်ချွဲချွဲပြောလာတော့ 'ခမ်း' 'သုတ' ၏နားရွက်အနားသို့တိုးကပ်ကာ...
" အသက် မှားချင်နေတာဆို မောင်တို့မှား..အား... "
'သုတ' က 'ခမ်း' ၏နားရွက်ကို ဆွဲလိမ်လိုက်ခြင်းဖြစ်ရာ....
" သေရွာကနေ ပြန်ရောက်လာတာ ဘယ်နှစ်စက္ကန့်ရှိသေးလို့ တဏှာကရူးနေရတာလည်း ဟမ်!! '
" အသက်ကမှားချင်‌တယ်ပြောလို့ မောင်က
အသက်ပြောတဲ့ အဲ့‌ဒီသေရွာကနေ ဝှီး! ခနဲအပြေးရောက်လာတာလေ.. "
" ဆောင့်ကန်လိုက်လို့ သေရွာပြန်ရောက်
သွားဦးမယ်.. နှာဘူးပဲထမနေနဲ့
ကျန်းမာရေးကောင်းအောင်သာ အရင်လုပ်ဦး "
" အသက်ကလည်း.. "
" ကိုယ်မလည်းသေးဘူး ထောင်နေတာ "
" ဟုတ်လား မောင် Suck ပေးရမလား "
" 'ဆိုင်းခမ်းလျှံ'!! "
" ဟား...ဟား..ဟား... "
'ခမ်း' ကရယ်ရင်းဖြင့် 'သုတ' ၏မျက်နှာကို နေရာအနှံ့တစ်ဖျက်ဖျက်နှင့်အနမ်းပေးလာသည်။
'သုတ' က 'လွမ်း' ၏အကြောင်းအား ပြောပြနေသဖြင့် နားထောင်နေသည့်အချိန်တွင်...
" 'ခမ်း'!!!! "
သံရှည်ဆွဲအော်သံကြီးနှင့်အတူ ပြေးဝင်လာသည့် 'ရာစု' ကြောင့် 'ခမ်း' အလျင်အမြန်ပင် 'သုတ' ၏ကိုယ်အနောက်ဘက်သို့ကွယ်ရာ..
" 'ရာစု'! ငါလူနာနော် လူနာ.. "
'ရာစု' ဆိုသည်က စကားပြောရင် လက်ကအရင်ပါတက်သူဖြစ်သောကြောင့် ကြိုတင်ကာကွယ်နေခြင်းဖြစ်သည်။ 'ရာစု' ကကုတင်အနားရောက်သည်နှင့် ခေါင်းအုံးကို တဘုန်းဘုန်းထုရိုက်ကာ...
" နောက်ဆုံးတော့ နိုးလာပြီကွ...ရေး... "
အော်ဟစ်ခုန်ပေါက်ပြီးတော့မှ 'ခမ်း' ကိုပွေ့ဖက်လာသည်။ ထိုအချိန်တွင် အခန်းထဲသို့ 'လွမ်း' နှင့် 'နွေမှိုင်း' ကဝင်လာတော့ 'လွမ်း' နှင့် 'ခမ်း' တစ်ယောက်ကို တစ်ယောက်ကြည့်ကာ..
" 'လွမ်း' မင်းငါ့ကို တကယ်မမှတ်မိတာလား "
"..... "
" 'ခမ်း'.. "
'မြူငယ်' ၏အသံကြောင့် အကုန်လုံး၏အကြည့်တို့က 'မြူငယ်' ဆီရောက်သွားကာ 'မြူငယ်' က 'ခမ်း' ဆီကို တန်းနေအောင် ပြေးကာ ရင်ခွင်ထဲပစ်ဝင်တော့ 'ခမ်း' ပွေ့ဖက်ကာ 'မြူငယ်' ၏ဆံပင်တို့အား ထိုးဖွပစ်လိုက်သည်။
" အီးဟီး... 'ခမ်း'.. မင်းဘာလို့အကြာကြီး
အိပ်နေရတာလည်းကွာ... ငါမင်းကိုအရမ်းလွမ်း
နေတာကွ! "
" သိသားပဲ ငါ့ဘေးလာပြီး တဗြဲဗြဲ နဲ့ အမြဲတမ်းအော်ငိုနေတာလေ "
" အဲ့တာ မင်းနားငြီးအောင်လို့ "
" ဟား..ဟား..ဟား.. ပြစမ်းပါဦး မင်းဒီရက်ထဲ ကောင်းကောင်းမအိပ်ဘူးလား မျက်တွင်းတွေလည်း ကျလို့ "
'ခမ်း' က ရင်ခွင်ထဲရှိ 'မြူငယ်' ၏မျက်နှာကို ဆွဲမော့ကာ ပြောတော့ 'မြူငယ်' ကနှုတ်ခမ်းလေးဆူကာ...
" 'ခမ်း' .... 'လွမ်း' ကငါ့ကိုမမှတ်မိဘူးသိလား
မောင်လို့မခေါ်နဲ့လို့လည်းပြောတယ် ပြီးတော့
ငါ့ကို မသိတဲ့လူမလို့တဲ့ ငါနဲ့ဆို မနေတက်ဘူးတဲ့
'လွမ်း'..က အီးဟီး.. ငါ့ကိုမချစ်တော့ဘူး "
အော်ဟစ်ငိုယိုလာသူကြောင့် 'ခမ်း' 'မြူငယ်' ကိုပုခုံးထက် မျက်နှာအပ်စေကာ မျက်နှာချင်းဆိုင်မှာ ရပ်နေသည့် 'လွမ်း' ကိုကြည့်၍...
" 'လွမ်း'.. မင်းဒီကို ခဏလာမလား "
'ခမ်း' ခေါ်လိုက်တော့ 'လွမ်း' ကအနားကို ရောက်လာသဖြင့် 'ခမ်း' အားထည့်ကာ 'လွမ်း' ၏လက်မောင်းကို ရိုက်ချပစ်လိုက်သည်။
သတိရလာသည်က မကြာသေးသဖြင့်
အားကတော့ သိပ်မပါပေ..
" ကျေနပ်ပြီလား "
" မကျေနပ်သေးဘူး ငါအားပြန်ပြည့်လာမှ မင်းကို အသေထိုးမှာ "
" အဲ့တာဆိုလည်း အားပြည့်အောင် အရင်လုပ်လိုက်ဦး "
'လွမ်း' ကထိုသို့ဆိုကာ လှည့်ထွက်ရင်း..
" ပြန်မယ်.. "
"...... "
" အခန်းပြန်မယ် "
'လွမ်း' ကပြောတော့ 'ခမ်း' ကမော့ကြည့်ကာ...
" ပြန်လေ "
" သူ့ကိုပြောနေတာ "
'ခမ်း' ရင်ခွင်ထဲဝင်နေသည့် 'မြူငယ်' ကိုမှေးငေါ့ကာပြောတော့ 'ခမ်း' ကလူယုတ်မာအပြုံးကြီးပြုံးကာ 'မြူငယ်' ကိုပွေ့ဖက်လိုက်သည်။
" 'မြူငယ်' ကငါ့ကိုပဲ အဖော်ပြုပေးတော့မှာ
မင်းပဲ မသိတဲ့လူတွေနဲ့ မနေတက်ဘူးဆို
လစ်လိုက်တော့.. "
'ခမ်း' ပြောလိုက်တော့ 'လွမ်း' ကလက်သီးတင်းတင်းဆုပ်ကာ လှည့်ထွက်သွားသဖြင့် 'နွေမှိုင်း' ကပြုံးကာ နောက်မှ လိုက်ထွက်သွားသည်။
" 'မြူငယ်' မင်းလူသဝန်တိုသွားပြီထင်တယ်
ဟာ... 'သက်တံ့မြူငယ်'!! "
'ခမ်း' ကရယ်သံစွက်ကာ ပြောနေတုန်း 'မြူငယ်' က 'ခမ်း' ၏ရင်ခွင်ထဲမှနေ၍ 'ခမ်း' ဝတ်ထားသည့်အင်္ကျီဖြင့် နှာတွေညစ်ထုတ်ပစ်ခြင်းဖြစ်သည်။
" ညစ်ပတ်အိုး အဲ့လိုညစ်ပတ်လို့ဘဲက ပစ်သွားတာ "
" ပစ်သွားကြည့်လိုက်လေ ...အပိုင်းပိုင်းခုတ်ပြီး ချက်စားပစ်လိုက်မှာ "
" အသက်.. မောင့်ကို အင်္ကျီလဲပေး "
'ခမ်း' ကမျက်နှာလေးကို ရှုံ့မဲ့ကာ ပြောတော့ 'သုတ' ကရယ်ကာ အဝတ်လဲပေးရန် အင်္ကျီကို
ထယူသည်။ 'မြူငယ်' က 'လွမ်း' ၏အခန်းသို့ပြန်သွားမည်ဟုဆိုလာတော့ 'ခမ်း' နှင့် 'ရာစု' ကပေးမသွားကြပေ။
" ကိုကို ဘယ်အချိန်ရှိပြီလည်း "
" ရှစ်နာရီထိုးပြီ "
'လွမ်း'.. 'ခမ်း' ကိုသွားတွေ့ခဲ့သည့်အချိန်က
ညနေ နှစ်နာရီဖြစ်ကာ ယခုဆိုလျှင် 'မြူငယ်' သူ့အနားမှာ မရှိတာ ခြောက်နာရီပင်ကြာမြင့်နေပြီဖြစ်သည်။ 'မြူငယ်' ကကျောင်းချိန်ကလွဲ၍ ကျန်သည့်အချိန်များတွင် 'လွမ်း' ၏အနားတွင်သာ နေကာ နှင်ထုတ်လျှင်တောင် နာရီဝက် တစ်နာရီနေလျှင် ပြန်ရောက်လာတက်သူဖြစ်သည်။
တံခါးပေါက်ကို လှမ်းလှမ်းကြည့်နေသူကြောင့် 'နွေမှိုင်း' က ပြုံးကာ...
" 'မြူလေး' ကိုမျှော်နေတာလား "
" မဟုတ်ပါဘူး "
" 'ခမ်း' နဲ့ 'မြူငယ်' ကအဖွဲ့ကျသွားရင်တော်တော်နဲ့ခွဲမရတော့ဘူး.. ငယ်ငယ်တုန်းကဆိုရင် ညီတို့သုံးယောက်တူတူအိပ်ကြတိုင်း 'ခမ်း' နဲ့ 'မြူငယ်' ကညလုံးပေါက် စကားပြောရင်ပြော..မပြောရင် ဂိမ်းဆော့ကြတာ..ညီကတော့ ကြားထဲက လိုက်ထိန်းရတဲ့သူပေါ့ အဲ့ဒီနှစ်ယောက်က စကားတစ်ခါပြောရင် လေးငါးနာရီကို မနားတမ်းပြောကြတာ "
'နွေမှိုင်း' ပြောလိုက်တော့ 'လွမ်း' ၏မျက်နှာက
တမ်း၍ မဲမှောင်သွားကာ...
" သွားခေါ်ပေး "
" 'မြူလေး' ကိုလား ညီပဲသူရှိရင်မနေတက်
ဘူးဆို "
" သားပြန်မှတ်မိလာဖို့ သူ့ကိုအနားမှာထားဖို့
လိုတယ်ဆို.. ကိုကိုပဲပြောတာမဟုတ်ဘူးလား "
" ဟုတ်တယ်လေ... ဒါပေမယ့် ဒီညတော့
'မြူလေး' မလာလောက်‌တော့ဘူး 'ခမ်း' ဆီမှာပဲ အိပ်မယ်ထင်တယ် "
'နွေမှိုင်း' ကထိုသို့ဆိုကာ ရေချိုးခန်းဘက်ကို ထသွားသဖြင့် 'လွမ်း' ကလိုက်ကြည့်ရင်း ဘေးကခုံပေါ်တင်ထားသည့် 'နွေမှိုင်း' ၏ဖုန်းကို ဆွဲယူလိုက်သည်။
'သုတ' က 'ခမ်း' ၏ခြေလက်တို့အား နှိပ်နယ်ပေးနေကာ ခြေရင်းဘက်က ဆိုဖာတွင်တော့ 'မြူငယ်' နှင့် 'ရာစု' ဂိမ်းဆော့နေကြခြင်းဖြစ်သည်။
" ငါပြန်တော့မယ်.... Daddy ကလည်း
အသည်းကွဲပြီး သောက်ပဲသောက်နေတာ
အဲ့တာ ငါ 'ကိုရှိုင်း' ဆီကိုလည်း ခဏဝင်ဦးမလို့ "
" Ok "
'မြူငယ်' ကလက်မြောက်ကာ လက်ညိုးနှင့် လက်မကို အဝိုင်းပုံစံလုပ်ကာ ပြောလာတော့ 'ရာစု' နေရာမှထ၍ 'ခမ်း' နှင့် 'သုတ' ကိုနှုတ်ဆတ်ကာ ထွက်သွားသည်။ 'မြူငယ်' ဂိမ်းနောက်တစ်ပွဲစရန်လုပ်နေသည့်အချိန်တွင် 'နွေမှိုင်း' ၏ဖုန်းက
ဝင်လာသဖြင့်ကိုင်လိုက်သည်နှင့် တစ်ဖက်ကထွက်လာသည့်အသံကြောင့် 'မြူငယ်' မတ်တပ်ပင်ထရပ်လိုက်မိသည်။
' ပြန်မလာသေးဘူးလား '
" 'လွမ်း'.. မင်းငါ့ကို မျှော်နေတာလား "
' နွားနို့သောက်ချင်လို့ '
" အင်းအင်း ငါဝယ်ခဲ့မယ် "
' အခုသောက်ချင်တာ '
" အင်း ငါအခုလာပြီ "
'မြူငယ်' ဖုန်းပြောရင်းပင် အခန်းပြင်ထွက်သွားတော့ 'သုတ' နှင့် 'ခမ်း' ကလိုက်ကြည့်ကာ
'ခမ်း' ကခေါင်းကိုသာ ခါယမ်းနေသည်။
" ကိုကို ဒီည အိမ်ပြန်နားလိုက်တော့ "
" ဟင်! ကိုကိုပြန်နားတော့ ညီတစ်ယောက်ထဲ ဖြစ်နေမှာပေါ့ "
'လွမ်း' ကသတိရလာကတည်းက 'နွေမှိုင်း' ကိုသာ ညစောင့်အိပ်စေကာ 'မြူငယ်' အိပ်ပေးမည်ကို လက်မခံခဲ့... ကျောင်းတက်ရမည်ဖြစ်သောကြောင့် 'မြူငယ်' ကလည်းပြိုင်မငြင်းပဲ
လက်ခံကာ အတန်းချိန်ပြီးမှသာလျှင် 'လွမ်း' ဆီကိုအမြဲလာနေခြင်းဖြစ်သည်။
" 'လွမ်း' ဒီမှာ ပူတုန်းလေး သောက်လိုက် "
နွားနို့ဘူးလေး ကိုင်ကာ ဝင်လာသည့် 'မြူငယ်' ကိုမြင်တော့မှ 'နွေမှိုင်း' ကသဘောပေါက်ကာ...
" 'မြူလေး' ဒီညဒီမှာစောင့်အိပ်ပေးပါလား "
" ဗျာ.. အိပ်တော့အိပ်ချင်ပေမယ့် 'လွမ်း' က.. "
" ကိုကြီး ပြောထားပြီးပြီ "
'မြူငယ်' 'လွမ်း' ကိုလှည့်ကြည့်တော့ 'လွမ်း' ကနွားနို့ကိုသာ မော့သောက်နေသဖြင့် ‌'နွေမှိုင်း' ကိုခေါင်းငြိမ့်ပြလိုက်တော့ 'နွေမှိုင်း' ကချက်ချင်းပင် အ‌ပေါ်ထပ်အင်္ကျီ နှင့် အိတ်ကို ကောက်ယူကာ အခန်းတွင်းမှ ထွက်သွားသည်။
'မြူငယ်' 'လွမ်း' ကိုကြည့်လိုက်တော့ အကြည့်ချင်းဆုံသွားသဖြင့် ကုတင်အနားကို လျှောက်သွားလိုက်ကာ..
" 'လွမ်း' မင်းမနက်ဖြန် ဆေးရုံဆင်းရမှာမလား "
" အင်း "
" နေလုံးဝကောင်းသွားပြီလား "
" အင်း "
'မြူငယ်' ကနေရာမှလှည့်ထွက်ကာ တံခါးကို ဂျက်ချလိုက်ပြီးနောက် ကုတင်ခြေရင်းဘက်က 'လွမ်း' ၏အဝတ်အိတ်ထဲ ခေါင်းစိုက်ကာ မွှေနှောက်နေသဖြင့် 'လွမ်း' နွားနို့ဘူးကို ဘေးခုံပေါ်တင်ကာ ကုတင်ပေါ်ကျောမှီထိုင်နေရာမှ
လှဲအိပ်၍ စောင်ကို ဆွဲခြုံလိုက်သည်။
" 'လွမ်း' မင်းလက်နှစ်ဖက် ခဏပေး "
" ဘာလုပ်မလို့လည်း "
" ခဏပဲ "
'လွမ်း' ကစောင်ထဲမှလက်နှစ်ဖက်ကို ထုတ်ပေးလိုက်တော့ 'မြူငယ်' ကလက်နှစ်ဖက်ကို လက်ကောက်ဝတ်မှပူးကာ နက်တိုင်ဖြင့်ချည်၍
ခေါင်းရင်းက ကုတင်တိုင်နှင့် တွဲချည်လိုက်သည်။
" ဘာလုပ်တာလည်း... "
" ပြီးရင် သိမှာပေါ့ "
သေချာချည်နှောင်ပြီးသည်နှင့် စောင်ကိုဆွဲဖယ်ကာ ကုတင်ပေါ်တက်၍ 'လွမ်း' ၏ဘောင်းဘီကို ဆွဲချွတ်ပစ်လိုက်ကာ ခြေထောက်နှစ်ဖက်ကိုခွဲ၍ အလည်က နေရာဝင်ယူတော့ 'လွမ်း' ကရုန်းကာ...
" 'သက်တံ့မြူငယ်'! မင်းဘာလုပ်တာလည်း
ဖယ်စမ်း!! "
" မဖယ်ဘူး... "
'မြူငယ်' ကပြောပြီးသည်နှင့် 'လွမ်း' ၏ပျော့အိနေသည့် အကောင်လေးကို ဆုပ်ကိုင်လိုက်တော့ 'လွမ်း' ၏ခြေထောက်က မြောက်တက်လာကာ
" ဖယ်လို့ပြောနေတယ်နော်! ကန်ချလိုက်မှာ..
အခုကြိုးဖြည်ပေး "
" ကန်ရဲရင် ကန်ကြည့်လေ..ငါမင်းဟာကို လိမ်ချိုးပစ်မှာ မလုပ်ရဲဘူး မထင်နဲ့နော်.. ငါမင်းကို
သိပ်ကြည်နေတာ မဟုတ်ဘူး "
" ကျစ်! မင်း.. ဟာ့! "
'မြူငယ်' က 'လွမ်း' ၏အရာကို လက်ဖြင့်ပွတ်ဆွဲပြီးနောက် ပါးစပ်ထဲထည့်ကာ စုပ်ငုံလိုက်ခြင်းဖြစ်သည်။ အသွင်းအထုတ်လုပ်ရင်း လျှာဖြင့်ထိုးစွမွှေနှောက်တော့ 'လွမ်း' ခေါင်းမော့ကာ ငြီးငြူရသည်အထိ.... 'မြူငယ်' ကနေရာမှထကာ ဘောင်းဘီကို ဆွဲချွတ်၍ 'လွမ်း' ၏အ‌ပေါ်မှ ခွထိုင်ကာ သူ့၏ ထောင်မတ်နေသည့် အကောင်နှင့် 'လွမ်း' ၏အကောင်ကိုပူးကိုင်ကာ လက်ဖြင့်အထက်အောက်ပွတ်ဆွဲတော့ နှစ်ယောက်လုံး၏
ငြီးငြူသံက အခန်းတွင်းပြည့်နှက်နေသည်။
လက်ကို ခပ်မြန်မြန်လှုပ်ရှားပြီးနောက်မှာတော့ နှစ်ယောက်လုံးပြီးဆုံးခြင်းသို့ရောက်သည်။ 'မြူငယ်' ကရေစိုအဝတ်ဖြင့် သေချာသန့်ရှင်းပေးကာ
ဘောင်းဘီပြန်ဝတ်ပေးပြီးတော့မှ 'လွမ်း' ကိုကြိုးဖြည်ပေးလာသည်။
" ဟိုဘက်တိုး.. "
" ဘာလုပ်ဦးမလို့လည်း "
" အိပ်တော့မလို့လေ "
" လူနာစောင့်ကုတင်က ဟိုမှာ... "
" ငါသရဲကြောက်တက်တယ် တစ်ယောက်ထဲ
မအိပ်ရဲဘူး...တိုးစမ်းပါ "
'မြူငယ်' ကပြောရင်းဖြင့် 'လွမ်း' ကိုတွန်းကာ ကုတင်ပေါ်တက်လာတော့ 'လွမ်း' လည်းဘေးသို့ရွေ့ပေးလိုက်ရသည်။ မွေ့ယာပေါ်လှဲချပြီးသည်နှင့်
ထိုင်နေသည့် 'လွမ်း' ကိုဆွဲချကာ လက်မောင်းပေါ်ခေါင်းတင်အိပ်စေသည်။
" ကျစ်! မင်းလက်ဖယ် ခုနေတာ မအိပ်တက်ဘူး "
'လွမ်း' ကပြောရင်းဖြင့်ခေါင်းကိုကြွကာ 'မြူငယ်' ၏လက်ကိုဖယ်ရန်ပြင်တော့ 'မြူငယ်' ဝတ်ထားသည့် အင်္ကျီကို မြှောက်တင်ကာ 'လွမ်း' ၏ခေါင်းအနောက်မှ ထိန်းကိုင်၍ ရင်ဘတ်နားသို့ဆွဲကပ်လိုက်သည်။
" ဒီတိုင်းပဲ အိပ်ငါနို့တိုက်မယ် "
" ဘာ!! "
" မင်းအရင်လည်း အဲ့လိုပဲအိပ်နေကြ "
" ငါကလေး မဟုတ်ဘူး "
" မင်းငါ့နို့ကိုစို့ပြီးအိပ်မလား.. ငါ့အောက်ကကောင်ကို စုပ်ပြီး အိပ်ချင်လား တစ်ခုရွေးလိုက် "
" ဘာပြောတယ်! "
" ဒါမှမဟုတ် ငါမင်းကို ကြိုးတုပ်ပြီး
တက်လုပ်လိုက်ရမလား "
" 'သက်တံ့မြူငယ်'!! "
" ဘာလည်း! "
" ဖယ်စမ်း! သွား! မင်းပြန်တော့ "
'လွမ်း' ကတွန်းထုတ်တော့ 'မြူငယ်' ၏လက်က ချက်ချင်းပင် 'လွမ်း' ၏ဘောင်းဘီအောက်ထဲ လျှိုဝင်သွားကာ 'လွမ်း' ၏အရာကို ဆုပ်ကိုင်၍...
" ငါလိမ်ချိုးလိုက်ရမလား "
" မင်း.. "
'မြူငယ်' ကအိပ်ယာပေါ်တစောင်းလှဲချကာ လက်တစ်ဖက်ကို ဆန့်တန်းလိုက်၍...
" ငါ့လက်မောင်းပေါ်ခေါင်းတင်လိုက် ပြီးရင် ငါ့နို့ကိုစို့ "
" မင်းလက်ဖယ် "
" မင်းအရင်စို့ "
'လွမ်း' ၏မျက်နှာကြီးမှာ နီရဲနေကာ အသက်ရှုသံတွေ ပြင်းပြ၍ အလွန်ဒေါသထွက်နေသည့်ဟန်.. 'လွမ်း' က လက်မောင်း ပေါ်ခေါင်းတင်အိပ်ကာပွင့်ချပ်ကို စုပ်ငုံလာတော့မှ 'မြူငယ်' အောက်ကကိုင်ထားသည်အား လွှတ်ပေးကာ စောင်ဆွဲခြုံ၍အိပ်စက်ခြင်းဆီသို့...
>>>>>>
Tulip_K ☘️
19.1.2024
Z~
" မောင် ဒီနေ့.. "
" အဲ့လိုမခေါ်နဲ့ "
" ဟင်! "
" မောင်လို့မခေါ်နဲ့ "
သိလား.... "
နှစ်သိမ့်ပေးရသည်။
" ကိုကို "
'မင်းမြတ်'...
မတ်တပ်ထရပ်ကာ..
" အင်း 'ဏီရာ' "
"..... "
" ကိုယ်အခုဆေးရုံမှာ "
တူတူဖြတ်သန်းခဲ့တာ "
" အင်း.. "
" သား သွားကြည့်လို့လား "
"...... "
"...... "
" အသက်.. "
ပြုံးပြလာသည်။
" မောင်! "
လည်းကွာ... "
" မောင် "
" ဗျာ.. "
" အင်း "
" အသက်ကလည်း.. "
" 'ဆိုင်းခမ်းလျှံ'!! "
" ဟား...ဟား..ဟား... "
" 'ခမ်း'!!!! "
" 'ရာစု'! ငါလူနာနော် လူနာ.. "
"..... "
" 'ခမ်း'.. "
နေတာကွ! "
အားကတော့ သိပ်မပါပေ..
" ကျေနပ်ပြီလား "
" ပြန်မယ်.. "
"...... "
" အခန်းပြန်မယ် "
" ပြန်လေ "
" သူ့ကိုပြောနေတာ "
လစ်လိုက်တော့.. "
ဟာ... 'သက်တံ့မြူငယ်'!! "
" ရှစ်နာရီထိုးပြီ "
" မဟုတ်ပါဘူး "
တမ်း၍ မဲမှောင်သွားကာ...
" သွားခေါ်ပေး "
ဘူးဆို "
" Ok "
' ပြန်မလာသေးဘူးလား '
" အင်းအင်း ငါဝယ်ခဲ့မယ် "
' အခုသောက်ချင်တာ '
" အင်း ငါအခုလာပြီ "
" အင်း "
" အင်း "
" ဘာလုပ်မလို့လည်း "
" ခဏပဲ "
" ဘာလုပ်တာလည်း... "
" ပြီးရင် သိမှာပေါ့ "
ဖယ်စမ်း!! "
" မဖယ်ဘူး... "
အခုကြိုးဖြည်ပေး "
" ကျစ်! မင်း.. ဟာ့! "
" ဟိုဘက်တိုး.. "
" ဘာလုပ်ဦးမလို့လည်း "
" အိပ်တော့မလို့လေ "
" ဘာ!! "
" ငါကလေး မဟုတ်ဘူး "
" ဘာပြောတယ်! "
တက်လုပ်လိုက်ရမလား "
" 'သက်တံ့မြူငယ်'!! "
" ဘာလည်း! "
" မင်း.. "
" မင်းလက်ဖယ် "
" မင်းအရင်စို့ "
>>>>>>
Tulip_K ☘️
19.1.2024
Continua a leggere
Ti piacerà anche
4.2M 268K 102
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.4M 103K 41
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
2.6M 150K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
51.4K 1.2K 22
Seme-‌ေနဘုန်းဧကရာဇ် Age-25 High-6feet 2inches Uke-ရောင်နီဖြာ Age-30 High-5feet 9inches