jungkookတယောက်သူကြားတာကိုတောင်သူမယုံနိုင် boss ကသူ့ကိုအိမ်မှာလာနေခိုင်းနေတာတဲ့လား
jimin သူ့ရှေ့ကကောင်လေးရဲ့အံံ့သြသွားတဲ့အမူအယာကိုကြည့်လိုက်သည် သူနားလည်ပါတယ် သူတို့ကသူစိမ်းသက်သက်ဘဲရှိသေးတာလေ ခုလိုစဥ်းစားနေတာကိုသူနားလည်တာမို့ သူစိတ်ရှည်ရှည် စောင့်ပေးလိုက်သည်
Jungkookစဥ်းစားလိုက်သည် သူတကယ်လို့Bossနဲ့နေဖြစ်ခဲ့ရင် သူ့အဆောင်ခကိုသက်သာမည်ဖြစ်ပြီး ပိုင်ဆံပိုဆုလို့ရပြီး အမေ့ကိုပိုက်ဆံပြန်ပို့နိုင်မည်ဖြစ်သည်
ဒါပေမဲ့ တချို့သူဠေးတေကအကြံတေနဲ့ အစကကောင်းသလိုနဲ့ နောက်မှအရင်းအနှီးယူသလိုဖြစ်ခဲ့ရင်ရော အဲ့အတွေးကိုသူဖယ်ထုတ်လိုက်သည် သူ့လိုဆင်းရဲနေတဲ့သူကဖာတေအရင်းအနှီးယူမှာလဲ Bossလိုအရာရာပြီးပြည့်စုံနေတဲ့သူက သူအတန်ကြာစဥ်းစားပြီးမှ ပြန်ဖြေလိုက်သည်
"ဟုကဲ့ Boss ကျွန်တော်လာနေပါ့မယ် ဒါပေမဲ့ Bossအတွက် အခက်အခဲ ဖြစ်နေပါအုန်းမယ် ကျွန်တော့လို ဝန်ထမ်းတယောက်အတွက်"
Jungkook ရဲ့ဖြူစင်လွန်းတဲ့အပြောတေကို jiminအသာပြုံးလိုက်သည် သူယုံပါသည် သူ့ရှေ့ကကောင်လေးကို
"ဘာမှအခက်အခဲမရှိပါဘူး နောက်ပြီး jungkook ကလည်း ကိုယ့်အတွက် ကားဒရိုင်ဘာလုပ်ပေးရအုန်းမှာလေ အစဥ်ပြေပါတယ်"
"အဲ့ဒါဆိုကျွန်တော် ဘယ်တော့ ပြောင်းလာလိုက်ရမလဲဗျ"
"ဖြစ်နိုင်ရင် ဒီနေ့ဘဲဆိုရင်ရော နောက်နေ့တေဆိုရင်အရမ်း အလုပ်ရှုပ်တော့မှာ "
"arr အဲ့ဒါက"
"တခုခုအဆင်မပြေလို့လား"
Bossရဲ့ အပြောကြောင့် jungkook ခပ်မြန်မြန်ဘဲ ငြင်းကာလက်ကာလိုက်ရသည်
"မဟုပါဘူးဗျာ..ကျွန်..ကျွန်တော်က"
jiminသူ့ရှေ့ကကောင်လေးက ပြောဖို့တုံ့ဆိုင်းနေတာမြင်တော့
"ရပါတယ် jungkook စိတ်ရှိတိုင်းသာပြောလို့ရပါတယ် တွန့်ဆုတ်နေစရာမလိုပါဘူး နောက်ကြရင်လဲ ကိုယ်တို့တေကအမြဲအလုပ်အတူတွဲလုပ်ရမှာဘဲလေ ခုလိုတွန့်ဆုတ်နေတော့ မကောင်းဘူးလေ"
jungkook ခေါင်းငြိမ့်လိုက်မိသည် ဟုတာဘဲ
"ဟုကဲ့ပါ Boss ကျွန်တော့ပစ္စည်းတေပြန်ယူလိုက်အုန်းမယ်ဗျ အဆောင်မှာ"
"arr အဲ့ဒါကလားရပါတယ် နေ့လည်စာစားပြီးတဲ့အချိန်ကြရင် သွားယူလိုက်မယ်လေ ကိုယ့်ကားနဲ့ဘဲသွားကြတာပေါ့ jungkook ယူမဲ့ပစ္စည်းတေကအရမ်းများနေလို့လား"
"မများပါဘူးဗျာ့ တချို့အသုံးအဆောင်လေးတေဘဲပန်ယူမှာပါ"
တနေ့တာအလုပ်တေကသူ့လိုအတွင်းရေးမှူးအတွက်အရမ်းများလွန်းပါတယ် အရာအားလုံးကို ဦးစီးနေတဲ့ သူ့Bossဆိုပိုဆိုးတာပေါ့ အမြဲအလုပ်အတွက်ဘဲ ကွန်ပျူတာနဲ့ Phကလက်နဲ့ကိုမကွာ သူစိတ်ပူမိပါသည် အလုပ်ကြိုးစားတာကဟုပါပြီ ကျန်းမာရေးလဲအရေးကြီးသည်မလား နောက်ပြီးသူ့ Boss ကဖြူဖြူသေးသေးလေးလေ
နေ့လည်စာတောင်မှသူဘဲစားရသည် သူ့Bossကအလုပ်ရှိလို့ဆိုပြီး သူနေ့လည်စာစားပြီးတော့ သူ့အဆောင်မှာ ပစ္စည်းတေပြန်ယူလေသည် ကားကိုကြည့်ပြီး သူမေးတောင်မစိနိုင်တော့ နောက်ဆုံးပေါ် brand ကားကြီးလေ ချမ်းသာတဲ့သူတေများ ဘာဘဲဖြစ်ဖြစ် အကောင်းစားတေကြီးဘဲ
(Jungkook တယောက်ထိုကားက အကန့်အသက်နဲ့ထုတ်ထားတဲ့ကားဖြစ်တာကိုတော့မသိခဲ့မယ်ဆိုရင်)
jungkook မောင်းတာတောင် သူလက်ဖျားတေအေးစက်နေတာဘဲ သူစိတ်လှုပ်ရှားနေတာ ဖြစ်သည် သူ့bossကနောက်ခုံကမလိုက်ဘဲ love over seat မှာဝင်ထိုင်တာဖြစ်တာကြောင့် ပိုပြီးတော့ကိုသူ့စိတ်တေကအငြိမ်မနေတော့တာဘဲ ဒါပေမဲ့ သူ့Bossက tables ကိုသာကြည့်နေတာဖြစ်တာကြောင့်သာတော်တော့သည်
(ခဏခဏ လှမ်းကြည့်နေတဲ့ jiminကိုတော့ jungkook မသိခဲ့ပါ)
သူအဆောင်ကိုရောက်တော့ ကားကိုရပ်ကာ
"Boss ကျွန်တော့ ပစ္စည်းတေသွားယူလိုက်အုန်းမယ်ဗျ"
"ဟမ် ရောက်ပြီလား sorry ကိုယ်မသိလိုက်ဘူး"
"ရပါတယ်ဗျ ကျွန်တော်သွားယူလိုက်အုန်းမယ်"
"ကိုယ်လဲလိုက်မယ်လေ"
"ရပါတယ်ဗျ Boss ကားထဲကနေဘဲစောင့်ပါ ကျွန်တော်ကိုယ်တိုင်ဘဲသွားယူလိုက်မယ်"
တကယ်တော့ သူBossကိုသူ့ရဲ့သေးငယ်နေတဲ့အဆောင်ထဲပေးမဝင်စေချင်ပါ စိတ်ရှုပ်သွားမှာကြောက်လို့ဖြစ်သည်
"ရပါတယ် ကိုယ်ဘာမှမလုပ်ပါဘူး လိုက်ကြည့်ရုံဘဲ"
jungkook သူအတွေးသာလွန်နေတာ သူ့Bossကအဆောင်တံခါးရှေ့တောင်ရောက်နေပြီ
Jk"..."
jiminထိုကောင်လေးရဲ့ အဆောင်ကိုလိုက်ကြည့်နေသည် ထမင်းစားမီးဖိုချောင်တခုရယ်နောက်ပြီး TVလေးရယ်တခြားပစ္စည်းတေကသေသေ သပ်သပ်စီမို့သူ့စိတ်လေးတောင်ကြည်လင်လာသလိုပင်
jungkook များများစားစားယူစရာမရှိပါ သူတို့မိသားစုပုံလေးနဲ့ သူ့အဝတ်အစားလေးတေကိုသာယူဖို့ရှိပါတယ် သူလိုအပ်တာတေထုတ်ပိုးပြီးတော့ အဆောင်ပိုင်ရှင်ကို ph ဆက်ကာအဆောင်ပြန်အပ်လိုက်သည် အဆောင်ကြေးက တဝက်သာပေးချေလိုက်သည် သူဒီလနေတာ လဝက်ပင်မပြည့်သေးပေမဲ့လည်းပေါ့
သူကားပေါ်ရောက်တော့ Boss ပြောတဲ့လိပ်စာအတိုင်းမောင်းခဲ့လိုက်သည်
jungkook အံ့သြမှုတေကဒီနေ့ဆက်တိုက်ပါဘဲ အိမ်ကြီးကတကယ့်ကိုခမ်းနားလွန်းတာဘဲ ခြံစောင့်ကတံခါးလာဖွင့်ပေးတာမို့ သူခြံဝင်းထဲမောင်းဝင်လိုက်သည် ခြံဝင်းနဲ့အိမ်နဲ့တောင်အတော်မောင်းဝင်လိုက်ရသည် ခြံဝင်းရဲ့ဘေးမှာလဲ ပန်းပင်ရဲ့အမျိုးအစားလိုက်စီစီရီရီစိုက်ပျိုးထားပြီး ရေပန်းတေနဲ့ပါအလှဆင်ထားတာဖြစ်သည် အိမ်ကြီးကတော့ တကယ့်ကိုကြီးမားလွန်းတာပေါ့ သူတကယ့်ကိုအိမ်မက်မက်နေသလိုပင်
"အိမ်ထဲဝင်လာခဲ့လေ"
"ဟုကဲ့ပါဗျ "
သူတို့အိမ်ထဲဝင်တော့ အသက်ကြီးတဲ့ လူကြီးတယောက်ကအပြေးလာကြိုသည်
"သခင်ကြီး အစောကြီးပြန်လာတာလားဗျ"
"မဟုဘူး အဘညို ကျွန်တော့အတွင်းရေးမှူးကဒီမှာနေတော့မှာဆိုတော့ သူ့ကိုအခန်းလိုက်ပြပေးလိုက်ပါအုန်း"
ထိုသို့ပြောတော့ အဘညိုဆိုတဲ့လူကြီးကသူ့ကိုအကဲခက်သလိုကြည့်လာသည်
jiminခေါင်းသာအသာခါယမ်းမိသည် အဘညိုဆိုတာ သူ့အိမ်မှာ အသက်အကြီးဆုံးအိမ်တော်ထိန်းပင်ဖြစ်သည် အသက်ကတော့ 50နီးပါးကပ်နေပြီဖြစ်သည်သူ့ကိုငယ်ငယ်ထဲကထိန်းလာတဲ့သူလည်းဖြစ်သလို သူကလည်း
မိဘဝင်တယောက်လိုရိုသေ သမှုကြောင့်အဘညိုလို့ခေါ်တာဖြစ်သည် သူစိမ်းကိုအိမ်ခေါ်လာတော့ စိတ်နည်းနည်းရှုပ်ထွေးသွားမှာပေါ့ သူအရင်ကတခါမှမှ သူစိမ်းကိုအိမ်မခေါ်လာဘူးတော့
"လူကလေးဒီအဖိုးကြီးနောက်လိုက်ခဲ့ပါ"
jungkook တယောက်သူ့bossဖြစ်သူကိုကြည့်လိုက်မိသည်
jiminသူ့ကိုခွင့်တောင်းသလိုကြည့်လာတဲ့ကောင်လေးကြောင့် ခေါင်းအသာငြိမ့်ပြလိုက်သည်
"ဘာမှမဖြစ်ပါဘူး"
"ဟုကဲ့"
jungkook လိုက်သွားပြီးအိမ်ကြီးကိုကြည့်လိုက်မိသည် တန်ဖိုးကြီးပန်းချီကားတေကို အိမ်လှေကားရဲ့ ဘေးဘက်မှာချိတ်ဆွဲထားသည် အိမ်ရဲ့အသုံးအဆောင်တေကလဲ တကယ့်တန်ဖိုးကြီး ပစ္စည်းတေနဲ့ဘဲပြည့်နပ်နေပြီး သူ့နေရာနဲ့သူသန့်ရှင်းသပ်ရပ်နေတာဘဲ
jungkook သူ့ရှေ့ကအဘညိုဆိုတဲ့သူကသွားရင်းနဲ့ ရုတ်တရက်ရပ်လိုက်တာကြောင့် သူပါကြောင်ပြီးရပ်လိုက်မိသည်
"လူကလေးက ဘယ်ကလဲကွယ့်"
"အာ..ကျွန်တော်ကရွာကလာတာပါ"
"နာမည်ကကော Jeonjungkookပါ"
"အသက်ကကော"
"23ပြည့်တော့မှာပါဗျ"
အဘညိုဆိုတဲ့သူကအဲဲဒါမှကျေနပ်သွားသည်ထင် သူ့ကိုခေါင်းငြိမ့်ပြလာပြီး အခန်းတခန်းရှေ့ မှာရပ်ကာ
"လူကလေးနေရမဲ့အခန်းက ဒီအခန်းဘဲကွယ့် လိုအပ်တာရှိရင်လဲ လှမ်းပြောနော်"
"ဟုကဲ့ပါဗျ အဘပင်ပန်းသွားရပြီ"
"ရပါတယ်ကွယ့်"
jungkook သူနေရမဲ့အခန်းကိုကြည့်လိုက်မိသည် တကယ့်ကိုကြီးတာဘဲ ကုတင်ကြီးကဘဲ သူ့မီးဖိုချောင်လောက်တောင်ကြီးနေတာ သူကုတင်ဘေးရဲ့စားပွဲမှာ သူ့ရဲ့မိသားစုပုံလေးကိုအသာတင်လိုက်သည်
"ကျွန်တော် ကြိုးစားမှာပါမားတို့ အလုပ်ကြမ်းတေမလုပ်ရအောင်"
jiminသူစာကြည့်ခန်းမှာအလုပ်လုပ်နေတုန်း ဝင်လာတဲ့အဘညိုကြောင့် သူမျက်ခုံးပင့်လိုက်မိသည်
"ဘာဖြစ်လို့လဲအဘညို"
"သခင်ကြီးက သူစိမ်းကို"
ထင်တဲ့အတိုင်းပါဘဲ အဲ့အကြောင်းမေးတော့မယ်ဆိုတာ
"စိတ်မပူပါနဲ့ သူကလူကောင်းလေးပါ"
သူကောင်လေးရဲ့ဇာတိနဲ့ နေရပ် သူအလုပ်စစ်တုန်းကအဖြစ်အပျက်တေကိုပါပြောပြလိုက်မှ စိတ်အေးသလိုဖြစ်သွားတဲ့အဘညိုရယ်ပါ
"အဲ့လိုဆိုတော့ ဒီလူအိုကြီးစိတ်မပူတော့ပါဘူး"
"စိတ်ချပါဗျာ သူ့ကိုရေမိုးချိုးပြီး ရင်စာကြည့်ခန်းလွှတ်လိုက်ပါ "
"ဟုကဲ့ပါ သခင်ကြီး"
jungkook စာကြည့်ခန်းထဲမှာအလုပ်ရှုပ်နေတဲ့ သူ့bossကိုကြည့်မိသည်
jiminသူ့ကိုစိုက်ကြည့်နေတဲ့jungkookကြောင့်
"အဟန့် နေရတာအဆင်ပြေရဲ့လား တခုခုလိုအပ်ရင်ပြောနော်"
"ရပါတယ်ဗျ ခုလိုနဲ့တင်လိုတာထပ်ကိုပိုနေပါပြီ"
သူတို့ပြောရင်း စာကြည့်ခန်းမှာသာအလုပ်လုပ်နေလိုက်သည်
"ညနေ 4နာရီတောင်ထိုးတော့မှာဘဲ "
jiminပြောကာသူကိုက်တက်လာတဲ့ခေါင်းကို အသာဖိနှိမ့်ကာ jungkook ကိုကြည့်လိုက်တော့ ဖိုင်တေကိုရှင်းနေတာကိုတွေ့လိုက်ရသည်
"ရပြီ jungkook ကိုယ်တို့ ကျောင်းသွားကြိုရအောင်"
"ဗျာ ဘယ်သူ့ကိုလဲဗျ"
"ကိုယ့် ကလေးပါ"
jungkook တွေဝေသွားမိသည် Bossကအိမ်ထောင်နဲ့လား ဒါပေမဲ့အိမ်မှာ မိသားစုဓာတ်ပုံတေလဲမတွေ့မိပါ သူမမေးသင့်တာမေးသင့်တာသိပါတယ် အဲ့ဒါကြောင့်ခေါင်းငြိမ့်ကာ အပြင်ထွက်လာလိုက်သည်
jungkook ကျောင်းကိုရောက်တော့ ကြည့်လိုက်မိသည် သေချာတာကျောင်းမလွှတ်သေးဘူးထင်သည် ဒီကျောင်းကမိသားစုကြီးတေရဲ့ ကလေးတေသာတက်ကြတာမို့ ကျောင်းမလွှတ်သေးတော့ တိတ်ဆိတ်ငြိမ်သက်နေသည်
ကျောင်းလွှတ်တော့ ကျောင်းသားလေးတေကိုယ်စီကိုယ်စီထွက်လာကြသည် ဒါပေမဲ့ ချမ်းသာတဲ့သူတေဖြစ်တဲ့အတွက် ကလေးတေကပါ အေးစက်စက်နိုင်သလိုပင် တချို့ကတော့သူ့တို့ကလေးတေကိုပွေ့ဖက်ကာ ပြုံးပြပြီး ဒီနေ့ကျောင်းတက်တာဘယ်လိုလဲ ဘယညာမေးနေကြသည်
jiminကားထဲကနေ ဖက်ထုပ်လေးကိုကြည့်တော့ အပြုံးအရယ်မရှိဘဲ ထွက်လာတဲ့သူ့ဖက်ထုပ်လေးကိုတွေ့လိုက်ရတာမို့ jungkook ကိုလက်ညိုးထိုးပြလိုက်သည်
jungkook သူ့Bossလက်ညိုးထိုးပြတဲ့ နေရာကိုကြည့်လိုက်တော့ ကလေးလေးကတကယ့်ကိုချစ်ဖို့ကောင်းလွန်းသည် ပါးဖောင်းဖောင်းလေးတေနဲ့ နှုတ်ခမ်းလေးတေကအစသူ့ Bossနဲ့တူလွန်းနေတာဘဲ အဲ့ဒါကြောင့် သူမပွေ့ဖက်ဘဲမနေနိုင်အောင်ဖြစ်မိတာဘဲ
မင်ဟို သူ့ဒယ်ဒီလာကြိုရင်ဘယ်တော့မှ ကားပေါ်ကမဆင်းပေ ခုတော့ ကားဘေးကလူကြီးတယောက်ကသူ့ကိုလာပွေ့ချီတာမို့ သူကြောင်သွားတယ် ဒါပေမဲ့သူပျော်လည်းပျော်တယ် သူအမြဲတခြားမိဘတေလို သူ့ဒယ်ဒီကပွေ့ဖက်ပြီးစကားပြောတာကိုလိုချင်ခဲ့တာ
သူပျော်တယ်လို့တွေးနေပေမဲ့သူ့ရှေ့ကသူကိုမသိတာကြောင့် သူပြန်မဖတ်မိ
jungkook ချောင်းအသာဟန့်ကာ ကလေးလေးကိုကားထဲဝင်ဖို့တံခါးဖွင့်ပေးလိုက်သည်
ထိုကလေးလေးက ဘာမှမပြောဘဲ သူ့နေရာသာသူဝင်ထိုင်လိုက်သည်
jimin ကြည့်နေရင်ကောင်လေးကသူ့ဖက်ထုပ်လေးကိုဖက်လိုက်တော့သူ့နှုတ်ခမ်းထောင့်လေးတေအသာကွေးတက်သွားသည်
ကားပေါ်မှာတိတ်ဆိတ်နေသည် jungkook မျက်မှောင်ကျုံ့မိသည် ကလေးနဲ့ မိဘတေကဒီလိုလား ဘာမှမပြောကြပေ
အိမ်ရောက်တော့ ထိုကလေးလေးကသူ့ဘာသာဆင်းကာအိမ်ထဲဝင်သွားသည်
အဘညိုကမင်ဟိုလေးကိုတွေ့တော့
"သခင်လေးပြန်လာပြီလား"
"လေးလေးညို သူကဘယ်သူလဲဟင်"
jungkook ကိုလက်ညိုးထိုးကာမေးလိုက်ခြင်းပင်
"သခင်လေးသူက သခင်ကြီးရဲ့အတွင်းရေးမှူးဘဲ နောက်သူကဒီမှာဘဲနေလိမ့်မယ်"
"အော်"
မင်ဟိုလေးကသူ့နှုတ်ခမ်းလေးတေဆူကာjungkookကိုလှမ်းကြည့်သည်
"သခင်လေးရေချိုးတော့လေ လေးလေးညစာပြင်ထားမယ်"
"ဟုကဲ့လေးလေး"
ထမင်းစားချိန်ရောက်တော့လဲတိတ်ဆိတ်နေပြန်ရော
jungkook သက်ပြင်းသာချမိတာဘဲ ဒီအရွယ်ကလေးတေကသူတို့မိဘတေနဲ့ရယ်မောကာဆော့နေရမဲ့အရွယ်ပေမဲ့ ခုကြတော့
jungkook ငါးဟင်းလေးကိုအရိုးလေးတေဖယ်ပေးကာ ကလေးလေးရဲ့ ထမင်းပန်းကန်ထဲထည့်ပေးလိုက်သည်
မင်ဟိုလေးကမျက်လုံးလေးတေတဖျတ်ဖျတ်ခပ်ကာ သူ့ကိုမေ့ကြည့်လာသည်
jungkook ကလေးကငါးဟင်းမကြိုက်ဘူးထင်ကာ ပြန်ယူမို့အလုပ် ကလေးလေးကသူ့ကိုဖက်ကာ
"ကျေဇူးပါ မားမား"
jk"..."
Jimin"..."
အိမ်တော်ထိန်း"....."
>>>>>>>>>>>>>>>>>>>>>
see you next part 🍂
ကိုယ်မနေ့ကမaddပေးမိတာကလေ "ချစ်ခြင်းတို့နွံရာ" ကိုနှစ်ပိုဒ်တောင်addပေးလိုက်ရလို့ပါ ညဘက်လဲaddပေးချင်ပေမဲ့ ခေါင်းကအသေမူးနေတာမို့အမေတို့က ညဘက်phပေးမကိုင်ကြဘူး😫😟
အဲ့ဒါကြောင့်မို့ကြာသွားတာပါဗျာ
ဖတ်ရတာအဆင်ပြေကြရဲ့လားဗျမန့်သွားကြပါအုန်း😗
vote နဲ့ comments လေးတေလဲအားပေးကြပါဗျာ 🍓
Zawgyi
jimin သူ့ရှေ့ကကောင်လေးရဲ့အံ့သြသွားတဲ့အမူအယာကိုကြည့်လိုက်သည် သူနားလည်ပါတယ် သူတို့ကသူစိမ်းသက်သက်ဘဲရှိသေးတာလေ ခုလိုစဉ်းစားနေတာကိုသူနားလည်တာမို့ သူစိတ်ရှည်ရှည် စောင့်ပေးလိုက်သည်
"arr အဲ့ဒါက"
"ကိုယ်လဲလိုက်မယ်လေ"
Jk"..."
"အိမ်ထဲဝင်လာခဲ့လေ"
"ဟုကဲ့ပါဗျ "
"ဘာမှမဖြစ်ပါဘူး"
"ဟုကဲ့"
"လူကလေးက ဘယ်ကလဲကွယ့်"
"အသက်ကကော"
"23ပြည့်တော့မှာပါဗျ"
အဘညိုဆိုတဲ့သူကအဲဒါမှကျေနပ်သွားသည်ထင် သူ့ကိုခေါင်းငြိမ့်ပြလာပြီး အခန်းတခန်းရှေ့ မှာရပ်ကာ
"ရပါတယ်ကွယ့်"
"ဘာဖြစ်လို့လဲအဘညို"
"သခင်ကြီးက သူစိမ်းကို"
"ဟုကဲ့ပါ သခင်ကြီး"
"ဗျာ ဘယ်သူ့ကိုလဲဗျ"
"ကိုယ့် ကလေးပါ"
"သခင်လေးပြန်လာပြီလား"
"အော်"
"ဟုကဲ့လေးလေး"
"ကျေဇူးပါ မားမား"
jk"..."
Jimin"..."
အိမ်တော်ထိန်း"....."
>>>>>>>>>>>>>>>>>>>>>
see you next part