5.Blind Date (Ongoing)

By karrot0801

6.7K 428 126

ရှက်ရှက်နဲ့ ခေါင်းမော့ကြည့်လိုက်တော့ သူက ကျွန်တော့်လက်တွေကို စိုက်ကြည်နေခဲ့တယ် ...... #PerthChimon ရွက္ရွက္န... More

Intro (U±Z)
Part 1(U±Z)
Part-2(U±Z)
Part-3(U±Z)
Part-4(U±Z)
Part-5(U±Z)
Part-6(U±Z)
Part-7(U±Z)
Part-8.2(U±Z)
Part-9(U±Z)

Part-8.1(U±Z)

311 22 3
By karrot0801

Blind Date 🖤💛
Part-8.1
Unicode

" အစ်ကို့ကို သဘောကျတယ် "

" ဟင် "

" အမေ့ အားးးးး "

ထင်မှတ်မထားတဲ့ စကားကို ထင်မှတ်မထားမိတဲ့အချိန် ထင်မှတ်မထားတဲ့ နေရာမှာ ကြားလိုက်ရသည်။

ဒီနေ့ဟာ ကျွန်တော်တို့ Blind Date 5 ကြိမ်မြောက် တွေ့ဆုံနေကြတဲ့ချိန်ဖြစ်ပြီး နေရာအရ Dream World ကစားကွင်း ၊ အဲ့ဒီမှာ Vikingစီးနေရင်းနဲ့ ဖွင့်ပြောခံလိုက်ရသည် ။
(A/N - Viking Rideက မြန်မာမှာဆို ပင်လယ်ဓါးပြကို ပြောတာပါ )

အရှိန်တော်တော်မြင့်တဲ့ချိန်မှာ Perthရှိက ဖွင့်ပြောလာအပြီး အောက်ကို ပြန်လျောကျသွားတဲ့အခါ သူပြောတာတောင် ပြန်မေ့သွားတဲ့အထိ ရင်ထဲ အေးခနဲဖြစ်သွားမှု့ကြောင့် အော်ချမိတော့သည်။

" မိုက်တယ်မလား အစ်ကို
ဒီလိုမျိုး ဖွင့်ပြောတာမျိုး လုပ်ကြည့်ချင်ခဲ့တာ မိုက်တယ်..ဟုတ် "

" ဘယ်လို မိုက်တာလဲ .... အားးးးးး "
စကားတစ်ခွန်းပြောဖို့တောင် အူတွေ အပေါ်တက်သွားလိုက် အောက်ဆင်းသွားလိုက် ခံစားချက်ကို

" မင်း တစ်ယောက်ထဲသာ မိုက်နေလိုက် .... "

" အားးးး ထနပ်ပွန် .... "

" ကျွန်တော့် လက်ချောင်းတွေ ကျိုးတော့မယ် အစ်ကို ... "

သူအော်ပြောတဲ့ စကားတွေကလည်း လေထဲတစ်ဝက်နဲ့ ပျောက်ကွယ် ၊ အရှိန်ကလည်း ပို ပြင်းလာလေသည်။ မြင့်လာတာမှ ... နတ်ပြည်ကနေ ငုံ့ကြည့်နေရသလိုပဲ ၊ Perthကို ကြည့်လိုက်တော့ လေတိုက်ခတ်ထားတဲ့ အရှိန်နဲ့ မျက်နာအသားရည်နီးစက်စက်ဖြစ်နေတာကလွဲ ကျန်တာအဆင်ပြေသည်။ တဝူးဝူးနဲ့သာ အော်မြူးရင်း ပျော်နေတာ ...

" Chi ... ချစ်တယ် ... "

လူတွေ အားလုံးက သူတို့ အော်သံတွေနဲ့ သူတို့မို့ သူအော်နေတာကို အာရုံမရပေမဲ့ ဘေးနားမှာရှိတဲ့ မိမိကတော့ အတိုင်းသား ကြားရသည်။ ‌ လုံးဝ မထင်မှတ်ထားခဲ့တာမျိုးပါ ၊ စီးတာအချိန်ပြည့်လို့ မြေပြင်ပေါ် ပြန်ရောက်တဲ့ထိ သူ့ ဖွင့်ပြောတာနဲ့ ပတ်သက်ပြီး ကိုယ့်ဘက်က စကား မဟဖြစ်သေး။ မတွေးမိနိုင်သေးဆို ပိုမှန်မည်။

Dateတာ ၃ကြိမ်မြောက် ၊ ၄ ကြိမ်မြောက်အထိ ပုံမှန်တွဲနေကျအတိုင်းသာ။ ခုလို ဖွင့်ပြောမယ်ဆိုတဲ့ အရိပ်အယောင် နည်းနည်းမှမရှိပါဘူး ၊ ခု ၅ကြိမ်မြောက်မှ ရုတ်တရက် ထပြောလေသည်။ ပြီးတော့လည်း အဲ့တာက Viking ပေါ်မှာ

မသကာဆို ၄ ကြိမ်မြောက် သွားခဲ့တဲ့ Ocean World လို နေရာက ကဗျာဆန်ဆန် ဖွင့်ပြောလို့ ကောင်းတဲ့ နေရာ မဟုတ်ဘူးလား ။

' ငါနဲ့ ဘာတွေတွေးနေတာလဲ ... '

" အစ်ကို ရေခဲမုန့်စားမလား "

" ဟင့်အင်း "

" ဘာတွေ တွေးနေတာလဲ တွေးမဲ့တွေးတော့ အဖြေပြန်ပေးဖို့ပဲ တွေးနော် "

" အဖြေ ... "

" ဟုတ်တယ်လေ အဖြေပြန်ပေးရမှာပေါ့ ကျွန်တော် ဖွင့်ပြောတဲ့အပေါ် အစ်ကိုဘက်က ခံစားချက် ဘယ်လိုလဲ ကျွန်တော်ကို သဘောကျရဲ့လားဆိုတာ သိချင်တာပေါ့ "

" အင်း "

" အဲ့တာက အဖြေလားး "

" မဟုတ်ပါဘူး မင်းပြောတာကို အင်းချမိတာပါ "

" ကျွန်တော် ဒီနောက်ပိုင်း အစ်ကို ပြောသလိုနေတယ်နော် ၊ မူးပြီး အိမ်မလာရဘူးဆိုလို့လည်း မူးပြီး လာတာမျိုး ရှောင်တယ် ၊ တွေ့ဖို့ ကိစ္စရှိမှ တွေ့တယ် ၊ အလုပ်ကြိုတာကတော့ လမ်းကြုံလို့ အဲ့တာတောင် ရုံးရှေ့ လာမကြိုနဲ့ဆိုလို့ ရှောင်ပေးတယ် ကျွန်တော့် စိတ်နဲ့ဆို အဲ့လိုမျိုး နေမယ် ထင်လို့လား "

အဲ့တာကတော့ ဟုတ်ပါတယ် ၊ သူများတွေနဲ့ဆို သူ့ပုံစံက သူလုပ်ချင်တာ လုပ်တဲ့ ပုံစံမျိုး မြင်ဖူးထားပေမဲ့ ကိုယ့်ရှေ့မှာတော့ စကားနားထောင်တဲ့ လူလိမ္မာပုံစံမျိုး ။ အဲ့တာက ဘဝင် မကျစရာတော့ နည်းနည်းကောင်းပေမဲ့ ကိုယ်စကားနားထောင်နေတာလေးကို သဘောကျ‌နေမိတယ် ။

" အဖြေကိုသိရဖို့ ခံစားချက်ကို မေးကြည့်လိုက်ပါဦးမယ် "

" ခု မေးကြည့်လေ "

" ဟာ အဲ့လောက် လွယ်ပါ့မလား "

မူတာမျိုး မဟုတ်ဘဲ သေချာချင်တာမျိုးပါ ၊ အပျော်တွဲခဲ့တဲ့ ကျောင်းသားအရွယ်လည်း မဟုတ်တော့တဲ့အပြင် ကိုယ့် ဖြစ်တည်မှု့ကို လက်ခံရမယ့် ကိုယ့်အရှေ့က ကိုယ့်ရင်ခုန်သံကို ခေါင်းညိတ်ဝန်ခံချလိုက်ဖို့က ... သတ္တိလိုအပ်နေသလို ၊ ယုံကြည်လိုက်ဖို့ မရဲသလို ဖြစ်နေရသည်။

အမှန်တော့လေ သဘောမကျဘူးလို့ ပြောရင် လိမ်နေတာပဲဖြစ်လိမ့်မည် ။ ဒီအတောအတွင်း ရင်မခုန်ခဲ့ဘူး ဆိုရင်လည်း လိမ်မိ‌နေတာပါ ။ ခုတောင်ကြည့် သူကျွန်တော်ကို စိုက်ကြည့်နေတာ ၊ အဲ့အပေါ် ခံနိုင်ရည်က စက္ကန့်ပိုင်းပဲ ။ ပြီးရင် ရင်ခုန်မိလို့ မျက်နှာလွှဲလိုက်ရတာကြီးပဲ ။

" အဲ့တာဆို ဒီည အဖြေပေး "

" ဟင် ချက်ချင်းလား "

" ကျွန်တော့်စိတ်က မရှည်တဲ့ထဲပါလို့ပါ ... ဒါပေမဲ့ အစ်ကို့ကိုတော့ ချွင်းချက် ထားပေးပါ့မယ် ဒါမှမဟုတ် အစ်ကို ခံစားချက်ကို ကျွန်တော် ဖော်ပေးရမလားး "

" ဟင့်အင်း ကိုယ်ဘာသာ သိအောင်လုပ်ပြီး ပြန်အဖြေပေးပါ့မယ် ခဏပဲ ခဏပဲ စောင့် "

Ok ကို လက်လေးနဲ့ အမူရာပြပြီး သူ့နှုတ်ခမ်းတွေက ပြွတ်ဆိုပြီး အမူရာနဲ့ လှမ်းလုပ်ပြလိုက်သေးသည်။ သူက ဘယ်ချိန်ကြည့်ကြည့် တက်ကြွလန်းဆန်းနေတဲ့ လူငယ်တစ်ယောက်အဖြစ် အမြဲရှိတယ်။

" အိုခေ
အစ်ကို ဟိုဟာ ထပ်စီးဦးမလားး "

ကြည့်လိုက်တာ Viking ထက် အဆပေါင်းများစွာ ပိုဆိုးနိုင်သည် ။

" တော်ပြီ အူတွေလည်း ဇောက်ထိုးတွေ ဖြစ်တော့မယ် ... "

" ဟားး ဟားးး "

" မရယ်နေနဲ့တော့ ပြန်ရအောင် ... "

" အချိန်ရှိသေးတာမို့ တစ်ဆိုင်ဆိုင် သွားထိုင်ကြမယ်လေ နော် "

နာရီတစ်ချက်ကြည့်ပြီး သူပြောတဲ့အတိုင်း လုပ်ဖို့ ခေါင်းညိတ်လိုက်သည်။ တွေးစရာများစွာနဲ့ သူနောက်က လျှောက်လိုက်နေရင်း လမ်းကူး တစ်နေရာမှာ...

ကျွီးးးးးး

" Perth "

ပလပ်ဖောင်းပေါ်က ခြေချော်ကျမလို ဖြစ်တဲ့ Perthရယ် အရှိန်နဲ့ ထိုးဝင်လာတဲ့ ကားတစ်စီးရယ် ကံကောင်းလို့ မတိုက်မိကြတာ။

" ဟူးး အစ်ကို အဆွဲမြန်လိုက်လို့ပေါ့ မဟုတ်ရင် ကျွန်တော် ကျွန်တော် အစ်ကိုရှိက အဖြေတောင်မရဘဲ နောက်ဘဝကူးမလား မသိဘူး "

ဘာရယ်မဟုတ် သူ ပြောလိုက်တဲ့စကားက ရင်ထဲမှာ အောင့်သက်သက် ၊ တိုက်မိသွားမလား လန့်သွားတာတောင် ရင်ထဲ အနည်မထိုင်ချင်သေးဘူး သူကပါ ဒီလိုစကား ပြောလိုက်တော့ ဘာကို ဘယ်လိုဖြစ်သွားတဲ့ ဝမ်းနည်းမှု့မှန်းမသိ ခံစားလာရသည် ။ အဆုံးရှုံးမခံချင်တဲ့ စိတ်တွေလားး ။ ဒါက ဒီအတောအတွင်းထဲမှာ နှောင်တွယ်ခြင်းတွေပဲ ။

သူကတော့ သူ့ဘာသာ သတိလက်လွှတ်ပြောပြီး အရှေ့ကနေ ထွက်သွားပေမဲ့ ကျွန်တော် အတွေးထဲမှာတော့ သူ့စကားက ထင်ကျန်နေခဲ့သည် ။ တစ်ခါတစ်လေ အချိန်ဆွဲနေခြင်းကလည်း မကောင်းဘူး ဆိုသလိုမျိုးပေါ့ ။

ဒီအတွေးတွေက အိမ်ပြန်ရောက်တဲ့ထိ တဝဲလည်လည်

' တကယ်ပဲ ငါ သူ့ကို ချစ်မိနေပြီထင်တယ် '

' ဘယ်အရာက ငါ သူ့ကို ချစ်မိခဲ့တာလဲ '

အဖြေမပေါ်လာပေမဲ့ သူ ဖွင့်ပြောခဲ့တာကို အခုမှ ပြန်တွေးကြည့်မိပြီး ရယ်လည်း ရယ်မိသည်။ ဘယ်သူများ ကြုံဖူးမှာလည်း ဒီလို ဖွင့်ပြောခံရတာမျိုးး ။ အဲ့ချိန် ရင်တော့ခုန်နေတယ် ဖွင့်ပြောခံရလို့ မဟုတ်ဘဲ Viking စီးနေတာ အရှိန် မြင့်နေသောကြောင့်... ။ တစ်ခုလည်းကောင်းပါတယ် မျက်နှာချင်းဆိုင်သာ ဖွင့်ပြောလာရင် ရှက်နေတာ လူမိနိုင်သည်။ ခုကလည်း အမှတ်တရတမျိုးလေးပေါ့။

ကိုယ့်ဘက်က ချစ်နေတာကို ပြန်လည်ဝန်ခံတော့မည့် ဆုံးဖြတ်ချက်များ ခိုင်မာနေပြီ ဖြစ်သည်။

' တို့တွေဟာ ယောကျာ်းလေးတွေပဲလေ ချစ်ရင် ချစ်တယ်ပဲပေါ့ '

*****

" ငါမှားပြီလား AJ "
တစ်ခုခုဆို ရင်ဖွင့်မိသူက သူငယ်ချင်းတွေထဲမှာ AJကို ... ခုလည်း သူရှိရင်ဖွင့်ချင်လို့ ဖုန်းကောက်ဆက်ဖြစ်သည်။

" ဘာလို့လဲ ဒီကစားပွဲကို မင်းနောင်တရနေတာလား "

" ငါတို့ပြိုင်ပွဲမျိုးစုံနဲ့ ဂျင်ဂျင်လည်ခဲ့ဖူးကြပါတယ် ဒါပေမဲ့ ဒါကမတူဘူးလေ "

" မင်း ဖွင့်ပြောခဲ့တာ အခြေနေမကောင်းလို့လား "

" မဟုတ်ဘူး အစ်ကိုက ခါးခါးသီးသီး ဖြစ်တာမျိုးလုံးဝမရှိဘူး ပြီးတော့လေ သူက အရမ်းကွာ ဘယ်လိုပြောရမလဲ အရမ်း ဖြူစင်နေတယ် ငါ..ကျစ် "

" မင်းဘက်ကပါ စိတ်ဝင်စားနေတာလား "

" ဟင် မဟုတ်ပါဘူး အဲ့လို "

" ကြည့်ရတာတော့ တကယ့်အတွဲတွေလိုပဲ မင်းက အဖြောင့်ကြီးမို့သာ မဟုတ်ပါဘူးလက်ခံထားရတာ မင်းပုံစံက ဘေးကကြည့်နေရတာတော့ စိတ်ဝင်စားနေသလိုပဲ JJကပြောတယ် မင်းက တကယ်သရုပ်ဆောင်ကောင်းတယ်တဲ့ ငါ့အမြင်တော့ ... "

" မင်းအမြင်က ဘာဖြစ်လဲ "

" စိတ်မဆိုးနဲ့နော် သရုပ်ဆောင်ကောင်းတယ်မထင်ဘူး ကြိုက်နေသလိုပဲ ဟားးဟားး "

" ခွေးသားး "

" မရှက်ပါနဲ့ ငါတို့က ဒါကိုနားလည်းပေးနိုင်ပါတယ် မင်းတို့နှစ်ယောက်ကလည်း လိုက်ဖက်..."

" တော်တော့ မင်းတော်လိုက်တော့ ... "

" ငါ တကယ်ပြေတာ "

" တော်လိုက်တော့ AJ စနေတာ ရပ်လိုက် "

" ဟားးးး ဟားးး "
AJ ရယ်သံ မပြီးသေးခင်မှာပဲ ဖုန်းကို ပိတ်ချလိုက်သည်။ ဘယ်လိုရှေ့ဆက်ရမလဲ မသိအောင် စိတ်တွေရှုပ်ထွေးလိုက်တာ ။ ဘယ်လိုလုပ်မှ အဆင်ပြေနိုင်မလဲ ။

ဖုန်း‌ပြောနေရင်း ပိတ်ချလိုက်တာမို့ AJက စာလှမ်းထပ်ပို့သည်။

^ မင်းဘက်က စိတ်ဝင်စားမှု့မရှိရင် ဘာတွေကို တွေဝေနေတာလဲ မင်းလိုက်ခဲ့ပြီး ခေါက်ခဲ့တဲ့ဇယားတွေ အများကြီးပဲ ။ ခုလည်း အဲ့အခြေနေက တစ်ခုပဲမလား ယောကျာ်းလေး မိန်းကလေးကွာတာနဲ့ အားနာနေတယ်ဆိုတာက မင်းပုံစံလည်း မဟုတ်ဘူး ငါပြောတာ မင်းနားလည်ပါတယ် မင်း မကြိုက်ဘူး ဆိုရင်လည်း အမြန်ဆုံးကစားပွဲကိုသိမ်းပြီး အရင်ကလိုမျိုး အဆက်သွယ်ဖြတ်လိုက်တော့ပေါ့ ပြီးနေပြီ ^

မိန်းကလေးတွေတောင် အသာလေး မျက်နှာလွှဲခဲ့နိုင်တာကို ခုကျမှ ခက်ခဲနေရတယ်လို့ ။

' ဟုတ်တယ် ငါက ငါမဟုတ်တဲ့ ပုံစံမျိုးတွေ ရပ်တန့်ပြီး ပြိုင်ပွဲကိုပဲ မြန်မြန် အဆုံးသတ်ရအောင် '

တီတီ... တီတီ ..တီ..တီ

ဖုန်းကို ကြည့်လိုက်တော့ အစ်ကို့ရှိက ... ဒီနေ့ထူးထူးဆန်းဆန်း သူ့ဘက်ကနေ ဖုန်းစတင်ခေါ်ဆိုလာတာ... အခြေနေက ခန့်မှန်းကြည့်စရာတောင် မလို တစ်ခုခုဆိုတာကို သိနေတာမို့ ဖုန်း Recordကို နှိပ်ပြီး ဖုန်းကိုင်ဆိုလိုက်သည်။

" အစ်ကို ထူးထူးဆန်းဆန်းပါလား "

" အင်း ဟုတ်တယ် ပြောစရာလေးရှိနေလို့ "

" ပြောလေ ကျွန်တော်နားထောင်နေတယ် "

" တစ်ခါထဲ ပြောမှာနော် သေချာနားထောင် "

" အင်း "
ဘာပြောမှာလဲဆိုတာ သူသိနေသည်။ အဲ့လောက်တောင် စိတ်ဖတ်လို့ လွယ်တဲ့ အစ်ကို ...

" ချစ်တယ် Perth ... ဒါပဲနော် "

ချက်ချင်းပြော ချက်ချင်းချသွားတယ် ။ တကယ်ချစ်သူတွေဖြစ်တာမျိုးဆို အရမ်ပျော်စရာကောင်းကြမယ်ထင်တယ်။ အချစ်ကို အရမ်း မတွေးတတ်တဲ့ကိုယ့်မှာ ဒီနေ့မှာ အချစ်ဆိုတာကို ခံစားမိနေသလိုလို ....

အတုယောင်တွေဟာ အစစ်ဖြစ်ရင် ပျော်စရာကောင်းနေမလား ...

Continue

Note : ရပ်ထားမိတာကြာနေပေမဲ့ Perth မွေးနေ့လေး upပေးလိုက်ချင်တာမို့ 8.1 လေး အရင်တင်ပေးလိုက်ပါတယ် ။
မကြာခင်မှာ နောက်တစ်ပိုင်း ထပ်လာမှာဖြစ်ပြီး လေးလပိုင်းကျရင်တော့ ပုံမှန်ပြန်လာခဲ့ပါမယ် 🖤💛

Happy Birthday Perth
ပျော်ရွှင်ရသောမွေးနေ့လေးဖြစ်ပါစေ

ဖတ်ပေးကြတဲ့သူအားလုံးကျေးဇူးတင်ပါတယ် 🙆🏻‍♀️🖤💛
11:30pm
20.03.2024

×××

Zawgyi

" အစ်ကို့ကို သဘောကျတယ် "

" ဟင် "

" အမေ့ အားးးးး "




" မိုက်တယ်မလား အစ်ကို



" အားးးး ထနပ်ပွန် .... "



" Chi ... ချစ်တယ် ... "






" ဟင့်အင်း "


" အဖြေ ... "


" အင်း "

" အဲ့တာက အဖြေလားး "





" ခု မေးကြည့်လေ "




" အဲ့တာဆို ဒီည အဖြေပေး "

" ဟင် ချက်ချင်းလား "




" အိုခေ



" ဟားး ဟားးး "




ကျွီးးးးးး

" Perth "











*****

" ငါမှားပြီလား AJ "






" ဟင် မဟုတ်ပါဘူး အဲ့လို "


" မင်းအမြင်က ဘာဖြစ်လဲ "


" ခွေးသားး "



" ငါ တကယ်ပြေတာ "


" ဟားးးး ဟားးး "





တီတီ... တီတီ ..တီ..တီ






" အင်း "




Continue


Happy Birthday Perth 🖤

11:30pm
20.03.2024

Continue Reading

You'll Also Like

1M 55K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
920 164 5
မောင် ကိုယ့်အနားမှာ မရှိတဲ့ရက်တွေတိုင်းမိုးတွေအရမ်းရွာတယ် ‌မိုးရွာတဲ့အချိန်တိုင်း မောင့်ကိုလွမ်းတဲ့အလွမ်းကနှစ်ဆပိုတယ် 💟 12.8.2022(FRI)
886K 41K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
34.9K 1.4K 25
What she can do when her heart was stolen by her professor?