နတ်နဂါးစစ်သည်

By purefeather199

16.6K 1.4K 19

နတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရ... More

အခန်း 1+2 (ငါ ပြန်လာခဲ့မယ်)
အခန်း 3+4 (အရင်းနှီးဆုံး သူစိမ်း)
အခန်း 5+6(အခန်းဖော်)
အခန်း 7+8(အလှနတ်သမီး၏အခြွေံအရံများ)
အခန်း 9+10(ရှောင်ဖို့ပဲတတ်တာလား)
အခန်း 11+12(အဓိပ္ပါယ်မရှိတဲ့ အောက်ဆုံးစည်း)
အခန်း 13+14(အားလုံးကို ထိန်းသိမ်း)
အခန်း 15+16(ရှေ့နေများ၏အဝိုင်းခံရခြင်း)
အခန်း 17+18(ပျားရည်ထောင်ချောက်များပင် အလုပ်မဖြစ်)
အခန်း 19+20(ဒီခန္ဓာကတော့တစ်ခုခုမှားနေပြီ)
အခန်း 21+22(ချောင်ပိတ်မိခြင်း)
အခန်း 23+24(လိမ္မာပါးနပ်တဲ့ရဲ)
အခန်း 25+26(ရုတ်တရက်ရောက်လာသောသတင်းထောက်များ)
အခန်း 27+28(အနည်းငယ်ခံစားသွားရခြင်း)
အခန်း 29+30(မထိန်းချုပ်နိုင်သောစွမ်းအားများ)
အခန်း 31+32(ဂိုဏ်းလေးဂိုဏ်း၏နောက်ခံ)
အခန်း 33+34(၅ မိနစ်တည်းနဲ့ အမှောက်သိပ်မယ်)
အခန်း 35+36 (သူ့ကို ခေါ်သွားချင်ရင် ငါတို့ စည်းကမ်းအတိုင်း လုပ် ))
အခန်း 37+38( ပြဿနာဒုတ်ထိုးရှာသူ )
အခန်း 39+40(အကြီးအကဲများ)
အခန်း 41+42(ခွန်အား စမ်းသပ်မှု )
အခန်း 43+44(အမှတ်မထင် တိုက်ပွဲတခု )
အခန်း 45+46(အမျိုးသမီး နှစ်ဦးကြားမှ အလောင်းအစား )
အခန်း 47+48 (ငါ မဖမ်းရဲတဲ့သူ မရှိဘူး )
အခန်း 49+50 ( ပန်းကလေး၏ စောင့်ရှောက်သူများ ဒေါသထွက်ခြင်း )
အခန်း 51+52( ရန်ငြိုးတွေ ရှိရင် အခုညပဲ အပြတ်ရှင်းရအောင် )
အခန်း 53+54 (သေမင်းတမန် ထိုးသတ်ပွဲ ဖိတ်ကြားလွှာ )
55+56 (သေမင်းတမန် ထိုးသတ်ပွဲအား လက်ခံခြင်း )
57+58( ကြိုတင်ပြင်ဆင်ခြင်း )
59+60( အကဲဖြတ်မှု ( ၁ ) ( တုံ့ပြန်မှု အမြန်နှုန်း )
61+62(မျက်လုံးအုပ်၍ ပစ်ခတ်ခြင်း )
63+64(အားကုန်သုံးပြီး ငါ့ကို ထိုးစမ်းပါ...)
65+66(လုံးဝ အကြံပြုတယ်...)
67+68( စောင့်နေရတာ တန်ရဲ့လား.... )
69+70(အခြေအနေ)
71+72(သူ ငါ့ရည်းစားဖြစ်လာရစေမယ်)
73+74( မတူညီသော အတွေးကိုယ်စီ )
75+76(မခူးဆွတ်ရက်သောပန်းတစ်ပွင့်)
77+78(ဒီအရူးကောင်ကတော့)
79+80(ကြောက်မက်ဖွယ်ရာတို့၏အစ)
အခန်း ၈၁ (ငါတို့ မစ်ရှင်ကို နင်ဘယ်လိုသိတာလဲ)
အခန်း ၈၂ (ငါမင်းနဲ့ကစားမယ်)
အခန်း ၈၃ (လှည့်စားမှု)
အခန်း ၈၄ - ငါ့မှာ သဘောကျတဲ့သူ ရှိပြီးသား
အခန်း ၈၅ ( ရှုချန်း လုပွဲ )
အခန်း ၈၆( လင်ချူရွယ်အား ပိုးပန်းနေသူ )
အခန်း ၈၇ ( တဲဗက်စ် မိသားစုပိုင် ကာစီနိုသို့ အလည်တခေါက် )
အခန်း ၈၈( လောင်းကစားဟူသည် အနုပညာတမျိုး...)
အခန်း ၈၉(အပျော်တမ်း ဖဲရိုက်ကြတာပေါ့... )
အခန်း ၉၀ (အလောင်းအစား)
အခန်း ၉၁ ( ဒီကောင်လေး ပြောင်းလဲသွားပြီ )
အခန်း ၉၂ (စာစဥ် ၇) (အချစ်လေး... ကိုယ့်ကို ဖဲဆော့ဖို့ ပိုက်ဆံ နည်းနည်းချေး )
အခန်း ၉၃ (မင်း တိုက်ပေါ်က ခုန်ခုချင်လည်း ပိုမြင့်တဲ့ တိုက်ကိုရှာ )
အခန်း ၉၄ ( အကြွင်းမဲ့ ပြောင်းလဲခြင်း တစ်ခု )
အခန်း ၉၅(ဒီခံစားချက်ကို လွမ်းတာ ကြာပြီ )
အခန်း ၉၆(ခေါင်းဆောင် ရဲ့ အမိန့်ကို နာခံ )
အခန်း ၉၇
အခန်း ၉၈ +၉၉
အခန်း ၁၀၀+၁၀၁
102+103
104+105
106+107
108+109
110+111
112+113
114+115
116+117
118+119
120+121
122+123
124+125
126+127
128+129
131+132
133+134
အခန်း ၁၃၅ ( သွေးကြွေးပြန်တောင်းရန် ရောက်လာသူများ )
အခန်း ၁၃၆ ( ပုန်းလျှိုးကွယ်လျှိုး )
အခန်း ၁၃၇ ( မယုံနိုင်ဖွယ် ဖြစ်ရပ် )
အခန်း ၁၃၈ ( ရှန်ဝမ်ဆန်း )
အခန်း ၁၃၉ ( အဲဒီ ရှုချန်း အစစ်ပဲ... )
အခန်း ၁၄၀
အခန်း ၁၄၁
၁၄၂( အထီးဖြစ်ဖြစ် အမ ဖြစ်ဖြစ် ဂရုမစိုက်ဘူး )
၁၄၃( ဒီကလေးက ငယ်လွန်းသေးပါတယ်... )
၁၄၄( အသန်မာဆုံး B အဆင့် )
၁၄၅( လင်လဲ့ နေထိုင်ခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက် )
၁၄၆( လီတ့ဟွမ်၏ အဆုံးသတ် )
၁၄၇( ကျုပ်မသွားခင် တံခါးဝဂိုဏ်း လေးခုလုံးကို ရှင်းသွားမယ်...)
၁၄၈( လုပ်ရိုးလုပ်စဥ် အတိုင်း စစ်ဆေးမယ် )
၁၄၉( ဟဲထျန်း ၏ ဗျူဟာ )
၁၅၀( အားလုံးကို ဖမ်းဆီးထိန်းသိမ်းခြင်း )
၁၅၁( ကျုပ်တို့ သူဌေးက ခင်ဗျားကို စကား တစ်ခွန်းလောက် ပြောချင်လို့တဲ့... )
၁၅၂( ကျုပ်ကို ခြိမ်းခြောက်ခဲ့တဲ့သူတွေ အခု ဘာဖြစ်နေလဲ သိလား... )
၁၅၃( ညီလေး... စားနော်...)
၁၅၄( စစ်ဒေသ ၃၆ ခု ပြိုင်ပွဲ )
၁၅၅( တကယ်ကို ထိုက်တန်ပါတယ်... )
၁၅၆(နောက်ယောင်ခံ လိုက်ခြင်း )
၁၅၇( ကျုပ် ရှာဖွေရေး ဝရမ်း လိုတယ် )
၁၅၈(ဖော်ထုတ်ခံရပြီ )
၁၅၉(အင်အားသုံး )
၁၆၀( ဟာကွက် အပြည့်နှင့် )
၁၆၁( ခေတ်တစ်ခေတ် အဆုံးသတ်ခြင်း )
၁၆၂( အနာဂတ်မှာ မင်းဘယ်လောက်ထိ အောင်မြင်မလဲဆိုတာ ငါ တကယ်ကိုမြင်ချင်ပါတယ်...)
၁၆၄
၁၆၅( သောက်ကျိုးတော့နည်းကုန်ပြီ ယောက်ဖရေ...)
၁၆၆( နင့်သူငယ်ချင်းက နင့် ယောက်ျားကို ဖွင့်ပြောလိုက်ပြီ...
၁၆၇( ရှန်ယောင် ချန်ခဲ့သော စာတစ်စောင် )
၁၆၈( ကတိ )
၁၆၉( ငါပြန်လာပြီ )
၁၇၀( မောက်မာသော လူသစ် )
၁၇၁( စီနီယာများနှင့် ဂျူနီယာများ အကြားမှ စစ်ရေးလေ့ကျင့်မှု )
၁၇၂( တစ်ကိုယ်တော် အစွမ်း )
၁၇၃( ဒီကောင် ဘာ အခွင့်အရေးမှ မရစေရဘူး )
၁၇၄( ပြည့်စုံသော လမ်းကြောင်း )
၁၇၅( မခုတ်တတ်တဲ့ကြောင် )
၁၇၆( စိတ်လှုပ်ရှားစရာ မရှိသလောက်ပါပဲ... )
၁၇၇( ငါတို့ TV အစီအစဥ် တစ်ခုမှ ပါရမယ် )
၁၇၈( ငါ လုပ်နိုင်တယ် )
၁၇၉( လင်ချူရွယ် )
၁၈၀( လေးလေးနက်နက် တွေးတောခြင်း )
အခန်း ၁၈၁( ထပ်ပြီးတော့ ရှုချန်းပဲလား... )
၁၈၂ + ၁၈၃( စစ်ဒေသ ငါးတွင် လူသစ်ကလေး ထင်တိုင်းကြဲရမည့် အလှည့် မရောက်သေးချေ...)
အခန်း ၁၈၄( အသက်တွေလည်း ကြီးပါပြီ... လှေကားက ဆင်းတာပဲ ကောင်းပါတယ်...)
အခန်း ၁၈၅ + ၁၈၆( မင်း မျက်ခွက် )
အခန်း ၁၈၇ + ၁၈၈(တစ်လောကလုံး နဲ့ စစ်ပြိုင်မယ် )
အခန်း ၁၈၉ + ၁၉၀( အရှက်မရှိ... )
အခန်း ၁၉၁ + ၁၉၂ + ၁၉၃( အမျိုးသမီး စစ်ယူနီဖောင်း )
အခန်း ၁၉၄ + ၁၉၅( ကံမကောင်းလွန်းသူကို ရန်ရှန်း ဟု ခေါ်သည်...)
၁၉၆ + ၁၉၇( ခင်ဗျား ရုပ်ရှင် ရိုက်ရင်လည်း ဒီလို အက်ရှင်ကားမျိုး ရိုက်စမ်းဗျာ... )
အခန်း ၁၉၈+၁၉၉( နဖူးပြင်ထက်မှ အနမ်းပန်း တစ်ပွင့် )
အခန်း ၂၀၀+၂၀၁( ခေါင်းမာသူ )
အခန်း ၂၀၂ + ၂၀၃( အဲဒါ ငါ့အိပ်မက်ပဲ... )
အခန်း ၂၀၄ (မင်းက ဆရာကြီးပဲ... )
အခန်း ၂၀၅+၂၀၆( ပြင်းထန်သော ပြိုင်ဆိုင်မှု )
အခန်း ၂၀၇+၂၀၈( ပြည့်စုံသော အစပြုခြင်း တစ်ခု )
အခန်း ၂၀၉+၂၁၀(ပစ်ချက် )
၂၁၁ + ၂၁၂( အသံမထွက်အောင် ဘယ်လို လျှောက်လာတာလဲ... )
အခန်း ၂၁၃ + ၂၁၄( တပ်တွင်း အပြေးချန်ပီယံပင် မလွတ်မြောက်နိုင်ခဲ့...)
အခန်း ၂၁၅ + ၂၁၆( သောက်ရမ်း မိုက်ချက်ပဲ )
အခန်း ၂၁၇ + ၂၁၈( ဒါဆို ငါ စ လှုပ်ရှားပြီ )
အခန်း ၂၁၉ + ၂၂၀( လူယုတ်မာ )
အခန်း ၂၂၁ + ၂၂၂(ခက်ခဲတဲ့ ပြိုင်ဘက် )
အခန်း ၂၂၃ + ၂၂၄(အရှက်မရှိ )
အခန်း ၂၂၅(မင်း ထပ်ပစ်ချင်သေးရင် ပစ်လေ )
အခန်း ၂၂၆ + ၂၂၇(မင်းအမေ ကိုယ်စား မင်းကို ခွင့်လွှတ်လိုက်မယ် )
အခန်း ၂၂၈ + ၂၂၉(ဖြစ်ချင်ရာကို အကောင်အထည် ဖော်ခြင်း )
အခန်း ၂၃၀ + ၂၃၁(ထိပ်တန်းအထူးအဖွဲ့ )
အခန်း ၂၃၂ + ၂၃၃(အဖွဲ့ နှစ်ခု အကြား ကွာြခားချက် )
အခန်း ၂၃၄ +​၂၃၅(ဆုပေးပွဲ )
အခန်း ၂၃၆ +​၂၃၇(ကျွန်မရဲ့ သခင်ကြီး ကာနယ် )
အခန်း ၂၃၈ +​၂၃၉ + ၂၄၀(ရည်ရွယ်ချက် ရှိရှိ )
အခန်း ၂၄၁ + ၂၄၂(ငါ သူ့ကို ယုံတယ် )
အပိုင်း - ၂၄၃ +၂၄၄(ဖယ်ရှားပစ်မယ် ( ၂ )
အပိုင်း - ၂၄၅ + ၂၄၆ + ၂၄၇( ငါ တောင်းပန်ဖို့ ရွေးချယ်တယ် )
အပိုင်း - ၂၄၈ + ၁၄၉(ငြင်းပယ်ခြင်း )
အပိုင်း - ၂၅၀ + ၂၅၁(ဒီကောင်လေး မဆိုးဘူးပဲ )
အပိုင်း ၂၅၂ + ၂၅၃( ကျုပ်က နဂါးတပ်ဖွဲ့ကို ကိုယ်စားပြုတယ် )
အပိုင်း ၂၅၄ + ၂၅၅( အရိပ်လက်သီး )
စာရေးသူ မှ ပြန်ကြားလွှာ
အပိုင်း ၂၅၆ + ၂၅၇( နှစ်လေး )
အခန်း ၂၅၈ + ၂၅၉( ငါ့ဇနီးလောင်းနဲ့ တစ်ခြားလူ လက်ထပ်သွားတော့ ငါဘယ်လို ခံစားရမလဲ )
အပိုင်း ၂၆၀ + ၂၆၁( တတိယမင်းသား၏ မဖြစ်စလောက် အကြံ )
အပိုင်း ၂၆၂ + ၂၆၃( စစ်ဆင်ရေးအောင်မြင်ခြင်း )
အပိုင်း ၂၆၄ + ၂၆၅( ကြားဖြတ်ခံရခြင်း )
အပိုင်း ၂၆၆ +​၂၆၇( ငါ ဒီမြို့က မပြန်တော့ဘူး )
အပိုင်း ၂၆၈ +​၂၆၉ + ၂၇၀( ဒီအချိန်မှာတော့ သေးပေါက်ချင်တာပဲ သိတယ် )
အပိုင်း ၂၇၁ + ၂၇၂( ငါ့ကို သောက်ရှက်ခွဲနေတာလား )
အပိုင်း ၂၇၃ + ၂၇၄ + ၂၇၅( အဘိုးကြီးတောင် မင်းလောက် ချော့မသွင်းတတ်ဘူး )
အပိုင်း ၂၇၆ + ၂၇၇ + ၂၇၈(သူ့ကို ဒီမှာ ထိန်းသိမ်းထား )
အပိုင်း ၂၇၉ + ၂၈၀ + ၂၈၁( ညစာစားပွဲ )
အခန်း ၂၈၂ + ၂၈၃( ခင်ဗျားတို့ ဘယ်လောက်ရောင်းမှာလဲ... ကျုပ် အကုန်ဝယ်မယ်... )
အခန်း ၂၈၄ + ၂၈၅( မင်းတို့အားလုံး အမှိုက်လိုကောင်တွေချည်းပဲ...)
အခန်း ၂၈၆ + ၂၈၇ + ၂၈၈(နောက်ဆုံး )
အခန်း ၂၈၉ + ၂၉၀( သူမကိုယ်သူမ အပြစ်တင်ခြင်း )
အခန်း ၂၉၁ + ၂၉၂(မင်း သန္ဓေပြောင်းလူသား ဖြစ်လာလိမ့်မယ် )
အခန်း ၂၉၃ + ၂၉၄ + ၂၉၅( ကျုပ်လက်သီး တွေကို လုံးဝ ရပ်မရတော့ဘူး... )
အခန်း ၂၉၆ + ၂၉၇ + ၂၉၈( ချောက်ချခြင်း.... )
အခန်း ၂၉၉ + ၃၀၀( လျှိုထားမယ်.... )
အခန်း ၃၀၁+၃၀၂( အားလုံးပဲ... ကျွန်မက ရှုချန်း မိန်းမပါ... )
အခန်း ၃၀၃ + ၃၀၄( ရင်ဆိုင်ရန် မဖြစ်နိုင်သော )
အခန်း ၃၀၅+၃၀၆( ရှုချန်း ခြေရာ လိုက်နင်းဖို့ဆိုတာ...)
အခန်း ၃၀၇+၃၀၈( ခြိမ်းခြောက်ခြင်း )
အခန်း ၃၀၉+၃၁၀( ပွဲပြီးသွားပြီ )
၃၁၁+၃၁၂+၃၁၃( ရှုံးသူ ချီးစားကြေး )
အခန်း ၃၁၄+၃၁၅( ကျေးဇူးနော် ချူရွယ် )

၁၆၃( ပိုက်ကွန်ထဲမှ လွတ်သွားသော ငါးတစ်ကောင် )

58 6 0
By purefeather199

နတ်နဂါးစစ်သည်

အခန်း ၁၆၃

( ပိုက်ကွန်ထဲမှ လွတ်သွားသော ငါးတစ်ကောင် )

နောက်တစ်နေ့တွင် ရှုချန်းက ဌာနချုပ်၏ HR ဌာနမှ ထွက်လာပြီးနောက် သူ၏ ပစ္စည်းများကို ထုတ်ပိုးသိမ်းဆည်း‌ရန် ရုံးခန်းသို့ တည့်တည့်မတ်မတ်သွားခဲ့သည်။ အဖွဲ့ ( ၂ ) မှ အဖွဲ့ဝင်များ အားလုံးလည်း ဆုပေးရန် အခမ်းအနားမှ ပြန်လည်ရောက်ရှိလာကြပြီး ရှုချန်းကို တွေ့လိုက်သောအခါ အားလုံး စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းအုံလာလိုက်ကြ၏။

"ခေါင်းဆောင်... ခင်ဗျား ဘာလို့ ဆုပေးပွဲမတတ်တာလဲ..."

"ငါ သွားတော့မယ်..."

ရှုချန်း ပြုံးကာပြောလိုက်၏။ ထို့နောက် အဖွဲ့ ( ၂ ) အဖွဲ့ဝင်များကို ကြည့်ကာ...

"အနာဂါတ်မှာ မင်းတို့တွေက အဖွဲ့ ( ၂ )ရဲ့ ဂုဏ်ယူစရာ လူတွေ ဖြစ်လာလိမ့်မယ်... အလုပ်ကြိုးစားကြ... "

အဖွဲ့ဝင်များအားလုံး အံ့အားသင့်သွားကြ၏။

"ခေါင်းဆောင် ဘာတွေပြောနေတာလဲ..."

"ငါ နှုတ်ထွက်စာ တင်ပြီးပြီ..."

ရှုချန်း ပြုံးကာ ပြောလိုက်၏။ ယခုနှစ်များအတွင်း၌ ပိုမို သန်မာကာ သူ့ကိုယ်သူ ပိုမို ယုံကြည်မှု ရှိလာပြီး ယခု အခြေအနေမျိူး၌ပင် စိတ်တည်ငြိမ်စွာ ထားနိုင်နေလေပြီ။ သူ၏ အဖွဲ့ဝင်များ ပုခုံးကို ပုတ်လိုက်ပြီး...

"ငါ ထွက်သွားပေမယ့် မင်းတို့ထဲက တစ်ယောက်ယောက် အလုပ် မလုပ်ဘူးလို့ မကြားချင်ဘူးနော်... ငါ ဂုဏ်ယူရတဲ့သူတွေဖြစ်အောင် လုပ်ပါ... ငါတို့အဖွဲ့က သေးသေးလေးဆိုပေမဲ့ ဒီနေ့ကစပြီး တခြားဘယ်သူမှ ငါတို့ကို မထီမဲ့မြင် လုပ်ရဲမှာ မဟုတ်တော့ဘူး... ဒီလိုဖြစ်ခဲ့တာလည်း ငါတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ စွမ်းဆောင်ရည်တွေကြောင့်လေ... ဒါကြောင့် ကောင်းတဲ့အလုပ်တွေ ဆက်လုပ်ပြီး ဂုဏ်ယူရအောင် နေကြ..."

ထိုကဲ့သို့ ပြောပြီးနောက် ဝူကန်းနှင့် အခြားသူများ ပြန်ပြောရန် အခွင့်အရေး မပေးတော့ဘဲ ရုံးခန်း အပြင်ဘက်သို့ ချက်ချင်း ထွက်သွားတော့၏။

အဖွဲ့ဝင် ဆယ်ဦးလည်း စိတ်ပျက်သွားကြတော့သည်။ မူလက သူတို့အားလုံး ဆုပေးပွဲမှ ချီးမြှင့်သော ဆုပစ္စည်းများနှင့် ပျော်ရွှင်စွာ ပြန်လာကြပြီး သူတို့ ခေါင်းဆောင် ရှုချန်းမှာ အထက်လူကြီးများ၏ ချီးမွမ်းခြင်းကို မလိုလားသည့်အတွက် မတက်ရောက်ခဲ့ခြင်းဟုသာ ထင်ခဲ့ကြသည်။

သို့သော် သူတို့၏ အဖွဲ့ ( ၂ ) ခေါင်းဆောင် ဤကဲ့သို့ ထွက်သွားမည်ဟု လုံးဝ မမျှော်လင့်ထားကြပေ။

လီချောင် မျက်နှာပျက်သွား၏။

"ဝေ့နိုင်ငံ သမ္မတက ရဲတွေကို ဖိအားပေးဖို့ တစ်ခုခုပြောခဲ့တာ ငါမှတ်မိတယ်... ဒါကြောင့် အထက်အရာရှိတွေလည်း ငါတို့ ခေါင်းဆောင်ကို ထွက်ခွင့်ပေးဖို့က လွဲပြီး တခြား ရွေးချယ်စရာ မရှိတော့တာ ဖြစ်မယ်..."

အခြားအဖွဲ့ဝင် တစ်ဦးလည်း ခေါင်းညိတ်လိုက်၏။

"ငါလည်း အဲဒီအကြောင်း ကြားတယ်... ခေါင်းဆောင်က ဝေ့နိုင်ငံ သံတမန်ရေးကို မျက်နှာပျက်စေခဲ့တာပဲ... ဒါကြောင့် သူတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေါင်းဆောင်ကို ဝေဖန်တိုက်ခိုက်ချင်နေကြတာ..."

ထိုစကားကို ကြားလိုက်သောအခါ ဝူကန်းက ချက်ချင်းပင်...

"သောက်တလွဲတွေကွာ... အဲဒီသံအမတ်ကို ငါ အရင်သွားပြီး သောက်ခွက် ဖြတ်ရိုက်ပြီးမှ ကျန်တဲ့ စကား ဆက်ပြောကြမယ်..."

လီချောင်က ဝူကန်းကို ချက်ချင်းလှမ်းဆွဲထားလိုက်၏။

"ဘာလို့ ဒီလိုလုပ်မှာလဲ... ညွှန်ကြားရေးမှူးဆီ သွားပြီး ဒီကိစ္စမှာ ဘယ်သူက အဓိက ဇာတ်ကောင်လဲဆိုတာ လူတိုင်း သိအောင် လုပ်ရမယ်... အထက်လူကြီးတွေ ငါတို့ကို ရာထူးတိုးပေးဖို့ ဒါမှမဟုတ် လစာတိုးပေးဖို့ မလိုဘူး... ငါတို့ ခေါင်းဆောင်ကို ဒီလိုမျိူး လုပ်တာတော့ လက်မခံနိုင်ဘူး... သူမရှိရင် အခုချိန်မှာ ငါတို့လည်း ရှိနေမှာ မဟုတ်ဘူး... ဟိုးအရင်တုန်းက လူတွေ ငါတို့ကို ဘယ်လို ပြောဆိုဆက်ဆံခဲ့လဲ... အခုရော ဘယ်လိုလဲ... အခုချိန်မှာ ငါတို့ကို အထင်သေးရဲတဲ့လူ ဘယ်သူရှိလဲ... ဒီလိုမျိူးဖြစ်အောင် လုပ်ပေးခဲ့တာ ဘယ်သူလဲ..."

"ဟုတ်တယ်... ငါတို့သွားပြီး ရှင်းပြချက် တောင်းရမယ်..."

ထို့နောက် ဆယ်ဦးစလုံး ဌာနချုပ် ညွှန်ကြားရေးမှူး ရုံးခန်းဆီသို့ သွားကြတော့၏။ ဌာနချုပ် ညွှန်ကြားရေးမှူးနှင့် အခြားသူများ၏ အစည်းအဝေးပြီးချိန်နှင့် ကွက်တိရောက်သွား၏။ ထို့ကြောင့် သူတို့ အခန်းရှေ့သို့ ပြေးသွားလိုက်ကြသည်။

ဤကဲ့သို့ စုစုရုံးရုံးနှင့် ရောက်လာသူများကို မြင်လိုက်ရသည့်အတွက် HR ညွှန်ကြားရေးမှူးက စူးစမ်းစွာဖြင့်...

"ဒါဘာတွေလဲ... မင်းတို့ ကြည့်ရတာ လူတစ်ယောက်ယောက်ကို အစိမ်းလိုက် ဝါးစားတော့မယ့် ပုံတွေပါလား..."

ဝူကန်း ဒေါသအနည်းငယ်ထွက်နေ၏။

"ဆရာ... ကျုပ် တစ်ခုလောက် မေးပါရစေ... ကျုပ်တို့ ခေါင်းဆောင်ကို ရာထူးတိုးနဲ့ တခြားနေရာ ပြောင်းပေးတာလား... ဒါမှမဟုတ် အလုပ်ထုတ်ခံလိုက်ရတာလား..."

ညွှန်ကြားရေးမှူး သူတို့ကိုကြည့်နေ၏။

"အဲဒါကို မင်းတို့ ဘာလို့ မေးနေတာကြတာလဲ... ဒါက အထက်လူကြီးတွေရဲ့ အစီအစဉ်တွေလေ.... မင်းတို့ အလုပ်ပြန်သွားလုပ်ကြတော့... ကော်ရစ်ဒါမှာ ပိတ်ရပ်မနေကြနဲ့..."

လီချောင်လည်း မျက်နှာ မသာမယာ ဖြစ်‌နေ၏။

"အထက်လူကြီးတွေက မျက်စိကန်းနေကြတာလား... ဒီလိုအစီအစဉ် သူတို့ ဘယ်လိုတောင် လုပ်ရက်နိုင်ကြတာလဲ... ခေါင်းကို တစ်နေ‌ရာရာမှာ ရိုက်ခွဲခံခဲ့ရလို့ ဂေါက်သွားတာလား..."

ထိုစကားကြောင့် HR ညွှန်ကြားရေးမှူး ဒေါသချက်ချင်း ထွက်သွား၏။

"မင်း ဘာစကားပြောလိုက်တာလဲ... ဆုပေးပွဲမှာ ဆုချီးမြှင့်ခံရတာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် အရမ်းတွေ ဘဝင်မြင့်နေပြီလား..."

ဝူကန်းက...

"အခုလို ဆုတွေလက်ခံရခဲ့ပေမယ့် ကျုပ်တို့ခေါင်းဆောင် ဘာမှ မရတာကိုတော့ မယုံနိုင်ဘူး... အထက်လူကြီးတွေ ဒီ ဆုံးဖြတ်ချက်အတိုင်း ဆက်လုပ်နေမယ်ဆိုရင် ကျုပ်တို့ အားလုံး ခေါင်းဆောင် နောက်ကို လိုက်ရလိမ့်မယ်..."

"ဟုတ်တယ်...ကျုပ်တို့ ခေါင်းဆောင်နဲ့အတူ လိုက်သွားမယ်..."

အပြင်ဘက် ကော်ရစ်ဒါမှ ဆူဆူညံညံ အသံများကို ရဲဌာနချုပ် ညွှန်ကြားရေးမှူး ကြားလိုက်ရ၏။ ထို့ကြောင့် သူ၏ လက်ဖက်ရည် ပူပူနွေးနွေး ထည့်ထားသော ခွက်ကို ကိုင်ကာ အပြင်သို့ တချက်ကြည့်လိုက်ပြီး...

"ဒါတွေအားလုံးက မင်းတို့ ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ပဲ... ဒီကိစ္စတွေမှာ သူ့ရဲ့ အရေးပါခဲ့ပုံတွေကို ဦးနှောက်တခြမ်းရှိတဲ့ သူတိုင်းတောင် သိမှာပါ... သူကိုယ်တိုင်ကကို ဒီနေရာကနေ ထွက်သွားချင်ခဲ့တာ... မင်းတို့လည်း သိမှာပါ သူက စစ်တပ်ကနေ လာတာလေ... အခုတော့ သူလာခဲ့တဲ့နေရာဆီကိုပဲ ပြန်သွားပြီ..."

ဝူကန်းက...

"ညွှန်ကြားရေးမှူး... ကျုပ်တို့ခေါင်းဆောင်ကို ဒီမှာ အလုပ်ဆက် မလုပ်ဘဲ ထွက်သွားတာကို ခင်ဗျား

ဘယ်လို လက်ပိုက် ကြည့်နေနိုင်တာလဲ... သူက ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး အရာရှိ ဖြစ်လာဖို့ မွေးဖွားလာတဲ့သူလို့ ကျုပ် ထင်တယ်..."

လီချောင်ကလည်း...

"ဟုတ်တယ်... ကျုပ် ဒီနယ်‌ပယ်ထဲမှာ ကျင်လည်နေတာကြာပြီ... သူကလွဲပြီး ဘယ်သူ့ကိုမှ မယုံကြည်နိုင်ဘူး... ညွှန်ကြားရေးမှူး ကျုပ်တို့ ခေါင်းဆောင် ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မသိဘူးလား... ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သူပြောတဲ့အတိုင်း ကျုပ်တို့ အတိအကျ လိုက်နာခဲ့တာ တစ်ခုလေးမှတောင် မလွဲပဲ လုပ်ခဲ့တာ... သူက ဆိုဖာကို စစ်ဆေးဖို့ ကျုပ်တို့ကို ပြောရင် အဲဒီထဲမှာ တစ်ခုခု ရှိနေတာ သေချာတယ်... သူ ကျုပ်တို့ကို ကားရပ်ခိုင်းရင် အဲဒီကားထဲမှာ ငွေမည်းသယ်လာလိမ့်မယ်... သူက အမြဲတမ်း အရာအားလုံးကို မြင်နိုင်တယ်... ကျုပ်တို့ မေးတိုင်းလဲ သင်ကြားပေးလိုစိတ် ရှိတယ်... ပြဿနာ အားလုံးကို ရှုထောင့်ပေါင်းစုံကနေ ဘယ်လိုစပြီး ကြည့်ရမလဲဆိုတာကိုလည်း သင်ပေးတယ်... ပြီးတော့ သူသင်ပေးခဲ့တဲ့ ထိုးထွင်းသိမြင်မှုကနေ အကျိူးအများကြီး ရှိခဲ့တယ်..."

အခြားသူများကလည်း...

" ညွှန်ကြားရေးမှူး... ကျုပ်တို့ကို ခေါင်းဆောင်ရှုလိုမျိုး ယုံကြည်မှု၊ ဦးဆောင်မှု ပေးနိုင်တဲ့သူ နောက် တစ်ယောက် မရှိနိုင်ဘူး... ကျုပ်တို့ ခေါင်းဆောင်ရှိနေတာနဲ့တင် ဒီအမှုက ပြေလည်သွားမှာ သေချာပါတယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ရှိတယ်... သူ ဒီကိုရောက်ကတည်းက ဘာအမှား တစ်ခုမှ မလုပ်ခဲ့ဘူး.... သူ ကျုပ်တို့ကို ဘာလုပ်ဖို့ပဲပြောပြော ကျုပ်တို့ တစ်ခွန်းတလေတောင် မေးခွန်းပြန်ထုတ်မဘဲ သူခိုင်းတဲ့ အတိုင်းပဲ လုပ်ခဲ့တယ်... သူပြောတဲ့အတိုင်းလုပ်ရင် အဲဒီကိစ္စက တစ်နည်းမဟုတ် တစ်နည်းနဲ့ ပြေလည်သွားတယ်... ညွှန်ကြားရေးမှူး... တံခါးဝဂိုဏ်း လေးခုကိစ္စ ဘယ်လောက်တောင် ခက်ခဲတယ်ဆိုတာ သိမှာပါ... အစပိုင်းမှာ ဘယ်သူမှ ကျုပ်တို့ကို မျှော်လင့် မထားကြဘူး... လူတိုင်းက ကျုပ်တို့ အခက်ခဲဆုံးကိစ္စ‌တွေဆီ တွန်းပို့ချင်နေကြတာ... ဒါပေမဲ့ ကျုပ် ပြောချင်တာက တခြားခေါင်းဆောင်တွေက ကျုပ်တို့ ခေါင်းဆောင်ထက် အားနည်းတယ်... တကယ်ဆိုရင် ကျုပ်တို့ ခေါင်းဆောင် ထွက်သွားတာက ရဲတပ်ဖွဲ့အတွက် မဟာဆုံးရှုံးမှုကြီး တစ်ခု ဖြစ်လိမ့်မယ်..."

ညွှန်ကြားရေးမှူး ဘာပြန်ပြောရမှန်း မသိ ဖြစ်သွား၏။

"မင်းတို့ မြင်သလို ငါရော မမြင်ဘူး ထင်နေတာလား... ငါက သူ့ကို ညီတစ်ယောက်လိုမျိုး သဘောထားတာ... ငါ့ကို အစ်ကိုကြီးလို့တောင် ခေါ်ခိုင်းခဲ့တာ... ဒါပေမဲ့ သူ ထွက်သွားတာကို ငါ ဘာလုပ်နိုင်မှာလဲ... တားလို့ ရနိုင်မှာလား... ကောင်းပြီ... မင်းတို့ ခေါင်းဆောင်အတွက် အကောင်းဆုံး ဖြစ်စေချင်ရင် ဆက်ပြီး စောဒက တက်မနေကြတော့နဲ့... သူရွေးချယ်တဲ့ လမ်းခရီးမှာ ဖြောင့်ဖြူး ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးလိုက်ကြပါ... မင်းတို့ အခုပြန်သွားလိုက်ကြတော့... မင်းတို့ ပြောခဲ့တာတွေကို တခြားအဖွဲ့တွေ မကြားမိစေနဲ့... သိသွားရင် သူတို့ ဒေါသထွက်ပြီး မင်းတို့ကို ပို ဒုက္ခပေးလိမ့်မယ်..."

ညွှန်ကြားရေးမှူး ထိုစကားများကို ပြောရင်း လက်ကို ဝှေ့ယမ်းပြလိုက်၏။ ထို့နောက် လီချောင်နှင့် အခြားသူများလည်း ရုံးခန်း ကော်ရစ်ဒါမှ ထွက်ခွာသွားကြတော့၏။

ရှူချန်း တစ်ယောက် အပြောင်းအရွေ့ဖြင့် မဟုတ်ဘဲ အမှန်တကယ် ထွက်ခွာသွားကြောင်း ရဲဌာနချုပ်ရှိ လူတိုင်း သိလိုက်ကြ၏။ ထိုသတင်းကြားပြီးနောက် ယန်ကျင်းလည်း ရှုချန်းကို နားမလည်နိုင်တော့ချေ။ သူ့အား မေးခွန်းကလေး မေးခွင့်ပင် မပေးခဲ့ပေ။

ထိုသို့ မပြောမဆို အလုပ်ထွက်သွားသော ရှုချန်းကို ဖုန်းခေါ်လိုက်ကာ...

"ရှူချန်း.... ဒါ ဘာအဓိပ္ပါယ်လဲ... ဘာလို့ ရုတ်တရက်ကြီး ထွက်သွားတာလဲ... အထွေထွေ အဖွဲ့ခေါင်းဆောင်ရာထူးကို မကြာခင် နင် ပိုင်တော့မယ်ဆိုတာကို မသိဘူးလား... နင် ခေါင်းရိုက်ခံထားရတာလား..."

ယန်ကျင်း၏ ဒေါသတကြီး ရန်တွေ့မှုကြောင့် ရှုချန်း အားပါးတရ ရယ်မောလိုက်၏။

"ယန်ကျင်း... ငါအစကထဲက နိုင်ငံရေးလောကထဲကို ဝင်ဖို့ ဘယ်တုန်းကမှ မတွေးဖူးဘူး.... ပြီးတော့ အနာဂါတ်မှာ အထွေထွေအဖွဲ့ခေါင်းဆောင် ဖြစ်လာ‌နိုင်ချေကလည်း နင့်အတွက် အလေးသာပါတယ်... ငါ ရာထူးတိုးသွားရင်လည်း နင်က ငါ့ကို လက်အောက်ငယ်သားတွေ ရှေ့မှာ ပြန်ခံပြောနေရင် ငါ မျက်နှာပျက်ရမှာပေါ့... အဲဒါကြောင့် အခုကတည်းက ထွက်သွားလိုက်တာလေ..."

"နင် အကြွားပဲသန်နေလိုက်... အခုဘယ်မှာလဲ..."

"ငါ့မှာ လုပ်စရာ တစ်ခုရှိသေးတယ်... ပြီးရင် နင့်ကို ဖုန်းဆက်လိုက်မယ်... ဒါပဲ အခုဖုန်းချပြီ..."

ရှူချန်း ဖုန်းချလိုက်ပြီး သူ့ကွန်ဒိုအတွင်းရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်၏။ သူ မဖိတ်ကြားထားသော ဧည့်သည်ကို စောင့်ဆိုင်းနေခြင်းပင်။ ထိုဧည့်သည်မှာ ပိုက်ကွန်ကို လွတ်ထွက်သွားသော ငါးတစ်ကောင်မှလွဲ၍ အခြားသူတော့ မဟုတ်ချေ။

ယခင်က ထိုသူပြောသမျှ အားလုံးကို ရှူချန်း အမြဲ အမှတ်ရနေ၏။ ထိုသူမှာ ခန်းရီ နှင့် အသက်နှင့်ရင်းကာ စာချုပ်ချုပ်ထားပေသည်။ ထိုသို့သော သက်တော်စောင့် တစ်ဦးအနေဖြင့် သခင်ဖြစ်သူ ထောင်ကျနေချိန်တွင် တစ်စုံတစ်ခု ကျိန်းသေပေါက် လုပ်ပေတော့မည်။

ထင်ထားသည့်အတိုင်း မကြာမီမှာပင် တံခါးကို တွန်းဖွင့်ကာ နေးလ် ဝင်လာ၏။ ဆိုဖာပေါ်တွင် ထိုင်ကာ သူ့ကို ကြည့်နေသော ရှုချန်းကို မြင်လိုက်ရသည့်အခါ ခေတ္တမျှ အံ့အားသင့်သွားသည်။ ထို့နောက် သူ၏ သေနတ်ကို ရှုချန်းဆီသို့ ချိန်ရွယ်လိုက်ပြီး...

"မင်းက ငါ့ သတိပေးစကားကို နားမထောင်ပုံပဲ..." ဟု ပြောလိုက်၏။

ရှုချန်းက ရယ်မောလိုက်ပြီး...

"ဟုတ်တယ်... ငါ နားမထောင်ခဲ့ဘူး... ဒါကြောင့်လည်း မင်းရောက်လာတာ ထိုင်စောင့်နေတာလေ..."

အခန်း ၁၆၃ ပြီး

Continue Reading

You'll Also Like

4.9K 160 12
Rape. Period. This one word is enough to bring rage, sympathy, shame, disgust all at once. I once read the scribble on the internet 'He raped her on...
5.1K 132 6
قصه حب بين بات مان و سوبر مان مع اضافة الثنائى الذى لم اجد لهم قصصا حتى الان فلاش وجرين لانتر ادخل لتعرف ما سيحدث ...................اتمنى التشجيع حب...
305K 4.5K 59
Harley James lived on the Ark, put in jail for stealing mechanical parts. Harley's 18th birthday was coming up and she knew what that meant. She had...
905K 30.8K 110
When Grace returns home from college, it doesn't go like she thought it would. With her past still haunting her everyday choices, she discovers a sid...