နတ်နဂါးစစ်သည်

By purefeather199

17.2K 1.5K 21

နတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရ... More

အခန်း 1+2 (ငါ ပြန်လာခဲ့မယ်)
အခန်း 3+4 (အရင်းနှီးဆုံး သူစိမ်း)
အခန်း 5+6(အခန်းဖော်)
အခန်း 7+8(အလှနတ်သမီး၏အခြွေံအရံများ)
အခန်း 9+10(ရှောင်ဖို့ပဲတတ်တာလား)
အခန်း 11+12(အဓိပ္ပါယ်မရှိတဲ့ အောက်ဆုံးစည်း)
အခန်း 13+14(အားလုံးကို ထိန်းသိမ်း)
အခန်း 15+16(ရှေ့နေများ၏အဝိုင်းခံရခြင်း)
အခန်း 17+18(ပျားရည်ထောင်ချောက်များပင် အလုပ်မဖြစ်)
အခန်း 19+20(ဒီခန္ဓာကတော့တစ်ခုခုမှားနေပြီ)
အခန်း 21+22(ချောင်ပိတ်မိခြင်း)
အခန်း 23+24(လိမ္မာပါးနပ်တဲ့ရဲ)
အခန်း 25+26(ရုတ်တရက်ရောက်လာသောသတင်းထောက်များ)
အခန်း 27+28(အနည်းငယ်ခံစားသွားရခြင်း)
အခန်း 29+30(မထိန်းချုပ်နိုင်သောစွမ်းအားများ)
အခန်း 31+32(ဂိုဏ်းလေးဂိုဏ်း၏နောက်ခံ)
အခန်း 33+34(၅ မိနစ်တည်းနဲ့ အမှောက်သိပ်မယ်)
အခန်း 35+36 (သူ့ကို ခေါ်သွားချင်ရင် ငါတို့ စည်းကမ်းအတိုင်း လုပ် ))
အခန်း 37+38( ပြဿနာဒုတ်ထိုးရှာသူ )
အခန်း 39+40(အကြီးအကဲများ)
အခန်း 41+42(ခွန်အား စမ်းသပ်မှု )
အခန်း 43+44(အမှတ်မထင် တိုက်ပွဲတခု )
အခန်း 45+46(အမျိုးသမီး နှစ်ဦးကြားမှ အလောင်းအစား )
အခန်း 47+48 (ငါ မဖမ်းရဲတဲ့သူ မရှိဘူး )
အခန်း 49+50 ( ပန်းကလေး၏ စောင့်ရှောက်သူများ ဒေါသထွက်ခြင်း )
အခန်း 51+52( ရန်ငြိုးတွေ ရှိရင် အခုညပဲ အပြတ်ရှင်းရအောင် )
အခန်း 53+54 (သေမင်းတမန် ထိုးသတ်ပွဲ ဖိတ်ကြားလွှာ )
55+56 (သေမင်းတမန် ထိုးသတ်ပွဲအား လက်ခံခြင်း )
57+58( ကြိုတင်ပြင်ဆင်ခြင်း )
59+60( အကဲဖြတ်မှု ( ၁ ) ( တုံ့ပြန်မှု အမြန်နှုန်း )
61+62(မျက်လုံးအုပ်၍ ပစ်ခတ်ခြင်း )
63+64(အားကုန်သုံးပြီး ငါ့ကို ထိုးစမ်းပါ...)
65+66(လုံးဝ အကြံပြုတယ်...)
67+68( စောင့်နေရတာ တန်ရဲ့လား.... )
69+70(အခြေအနေ)
71+72(သူ ငါ့ရည်းစားဖြစ်လာရစေမယ်)
73+74( မတူညီသော အတွေးကိုယ်စီ )
75+76(မခူးဆွတ်ရက်သောပန်းတစ်ပွင့်)
77+78(ဒီအရူးကောင်ကတော့)
79+80(ကြောက်မက်ဖွယ်ရာတို့၏အစ)
အခန်း ၈၁ (ငါတို့ မစ်ရှင်ကို နင်ဘယ်လိုသိတာလဲ)
အခန်း ၈၂ (ငါမင်းနဲ့ကစားမယ်)
အခန်း ၈၃ (လှည့်စားမှု)
အခန်း ၈၄ - ငါ့မှာ သဘောကျတဲ့သူ ရှိပြီးသား
အခန်း ၈၅ ( ရှုချန်း လုပွဲ )
အခန်း ၈၆( လင်ချူရွယ်အား ပိုးပန်းနေသူ )
အခန်း ၈၇ ( တဲဗက်စ် မိသားစုပိုင် ကာစီနိုသို့ အလည်တခေါက် )
အခန်း ၈၈( လောင်းကစားဟူသည် အနုပညာတမျိုး...)
အခန်း ၈၉(အပျော်တမ်း ဖဲရိုက်ကြတာပေါ့... )
အခန်း ၉၀ (အလောင်းအစား)
အခန်း ၉၁ ( ဒီကောင်လေး ပြောင်းလဲသွားပြီ )
အခန်း ၉၂ (စာစဥ် ၇) (အချစ်လေး... ကိုယ့်ကို ဖဲဆော့ဖို့ ပိုက်ဆံ နည်းနည်းချေး )
အခန်း ၉၃ (မင်း တိုက်ပေါ်က ခုန်ခုချင်လည်း ပိုမြင့်တဲ့ တိုက်ကိုရှာ )
အခန်း ၉၄ ( အကြွင်းမဲ့ ပြောင်းလဲခြင်း တစ်ခု )
အခန်း ၉၅(ဒီခံစားချက်ကို လွမ်းတာ ကြာပြီ )
အခန်း ၉၆(ခေါင်းဆောင် ရဲ့ အမိန့်ကို နာခံ )
အခန်း ၉၇
အခန်း ၉၈ +၉၉
အခန်း ၁၀၀+၁၀၁
102+103
104+105
106+107
108+109
110+111
112+113
114+115
116+117
118+119
120+121
122+123
124+125
126+127
128+129
131+132
133+134
အခန်း ၁၃၅ ( သွေးကြွေးပြန်တောင်းရန် ရောက်လာသူများ )
အခန်း ၁၃၆ ( ပုန်းလျှိုးကွယ်လျှိုး )
အခန်း ၁၃၇ ( မယုံနိုင်ဖွယ် ဖြစ်ရပ် )
အခန်း ၁၃၈ ( ရှန်ဝမ်ဆန်း )
အခန်း ၁၃၉ ( အဲဒီ ရှုချန်း အစစ်ပဲ... )
အခန်း ၁၄၀
အခန်း ၁၄၁
၁၄၂( အထီးဖြစ်ဖြစ် အမ ဖြစ်ဖြစ် ဂရုမစိုက်ဘူး )
၁၄၃( ဒီကလေးက ငယ်လွန်းသေးပါတယ်... )
၁၄၄( အသန်မာဆုံး B အဆင့် )
၁၄၅( လင်လဲ့ နေထိုင်ခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက် )
၁၄၆( လီတ့ဟွမ်၏ အဆုံးသတ် )
၁၄၇( ကျုပ်မသွားခင် တံခါးဝဂိုဏ်း လေးခုလုံးကို ရှင်းသွားမယ်...)
၁၄၈( လုပ်ရိုးလုပ်စဥ် အတိုင်း စစ်ဆေးမယ် )
၁၄၉( ဟဲထျန်း ၏ ဗျူဟာ )
၁၅၀( အားလုံးကို ဖမ်းဆီးထိန်းသိမ်းခြင်း )
၁၅၁( ကျုပ်တို့ သူဌေးက ခင်ဗျားကို စကား တစ်ခွန်းလောက် ပြောချင်လို့တဲ့... )
၁၅၂( ကျုပ်ကို ခြိမ်းခြောက်ခဲ့တဲ့သူတွေ အခု ဘာဖြစ်နေလဲ သိလား... )
၁၅၃( ညီလေး... စားနော်...)
၁၅၄( စစ်ဒေသ ၃၆ ခု ပြိုင်ပွဲ )
၁၅၅( တကယ်ကို ထိုက်တန်ပါတယ်... )
၁၅၆(နောက်ယောင်ခံ လိုက်ခြင်း )
၁၅၇( ကျုပ် ရှာဖွေရေး ဝရမ်း လိုတယ် )
၁၅၈(ဖော်ထုတ်ခံရပြီ )
၁၅၉(အင်အားသုံး )
၁၆၀( ဟာကွက် အပြည့်နှင့် )
၁၆၂( အနာဂတ်မှာ မင်းဘယ်လောက်ထိ အောင်မြင်မလဲဆိုတာ ငါ တကယ်ကိုမြင်ချင်ပါတယ်...)
၁၆၃( ပိုက်ကွန်ထဲမှ လွတ်သွားသော ငါးတစ်ကောင် )
၁၆၄
၁၆၅( သောက်ကျိုးတော့နည်းကုန်ပြီ ယောက်ဖရေ...)
၁၆၆( နင့်သူငယ်ချင်းက နင့် ယောက်ျားကို ဖွင့်ပြောလိုက်ပြီ...
၁၆၇( ရှန်ယောင် ချန်ခဲ့သော စာတစ်စောင် )
၁၆၈( ကတိ )
၁၆၉( ငါပြန်လာပြီ )
၁၇၀( မောက်မာသော လူသစ် )
၁၇၁( စီနီယာများနှင့် ဂျူနီယာများ အကြားမှ စစ်ရေးလေ့ကျင့်မှု )
၁၇၂( တစ်ကိုယ်တော် အစွမ်း )
၁၇၃( ဒီကောင် ဘာ အခွင့်အရေးမှ မရစေရဘူး )
၁၇၄( ပြည့်စုံသော လမ်းကြောင်း )
၁၇၅( မခုတ်တတ်တဲ့ကြောင် )
၁၇၆( စိတ်လှုပ်ရှားစရာ မရှိသလောက်ပါပဲ... )
၁၇၇( ငါတို့ TV အစီအစဥ် တစ်ခုမှ ပါရမယ် )
၁၇၈( ငါ လုပ်နိုင်တယ် )
၁၇၉( လင်ချူရွယ် )
၁၈၀( လေးလေးနက်နက် တွေးတောခြင်း )
အခန်း ၁၈၁( ထပ်ပြီးတော့ ရှုချန်းပဲလား... )
၁၈၂ + ၁၈၃( စစ်ဒေသ ငါးတွင် လူသစ်ကလေး ထင်တိုင်းကြဲရမည့် အလှည့် မရောက်သေးချေ...)
အခန်း ၁၈၄( အသက်တွေလည်း ကြီးပါပြီ... လှေကားက ဆင်းတာပဲ ကောင်းပါတယ်...)
အခန်း ၁၈၅ + ၁၈၆( မင်း မျက်ခွက် )
အခန်း ၁၈၇ + ၁၈၈(တစ်လောကလုံး နဲ့ စစ်ပြိုင်မယ် )
အခန်း ၁၈၉ + ၁၉၀( အရှက်မရှိ... )
အခန်း ၁၉၁ + ၁၉၂ + ၁၉၃( အမျိုးသမီး စစ်ယူနီဖောင်း )
အခန်း ၁၉၄ + ၁၉၅( ကံမကောင်းလွန်းသူကို ရန်ရှန်း ဟု ခေါ်သည်...)
၁၉၆ + ၁၉၇( ခင်ဗျား ရုပ်ရှင် ရိုက်ရင်လည်း ဒီလို အက်ရှင်ကားမျိုး ရိုက်စမ်းဗျာ... )
အခန်း ၁၉၈+၁၉၉( နဖူးပြင်ထက်မှ အနမ်းပန်း တစ်ပွင့် )
အခန်း ၂၀၀+၂၀၁( ခေါင်းမာသူ )
အခန်း ၂၀၂ + ၂၀၃( အဲဒါ ငါ့အိပ်မက်ပဲ... )
အခန်း ၂၀၄ (မင်းက ဆရာကြီးပဲ... )
အခန်း ၂၀၅+၂၀၆( ပြင်းထန်သော ပြိုင်ဆိုင်မှု )
အခန်း ၂၀၇+၂၀၈( ပြည့်စုံသော အစပြုခြင်း တစ်ခု )
အခန်း ၂၀၉+၂၁၀(ပစ်ချက် )
၂၁၁ + ၂၁၂( အသံမထွက်အောင် ဘယ်လို လျှောက်လာတာလဲ... )
အခန်း ၂၁၃ + ၂၁၄( တပ်တွင်း အပြေးချန်ပီယံပင် မလွတ်မြောက်နိုင်ခဲ့...)
အခန်း ၂၁၅ + ၂၁၆( သောက်ရမ်း မိုက်ချက်ပဲ )
အခန်း ၂၁၇ + ၂၁၈( ဒါဆို ငါ စ လှုပ်ရှားပြီ )
အခန်း ၂၁၉ + ၂၂၀( လူယုတ်မာ )
အခန်း ၂၂၁ + ၂၂၂(ခက်ခဲတဲ့ ပြိုင်ဘက် )
အခန်း ၂၂၃ + ၂၂၄(အရှက်မရှိ )
အခန်း ၂၂၅(မင်း ထပ်ပစ်ချင်သေးရင် ပစ်လေ )
အခန်း ၂၂၆ + ၂၂၇(မင်းအမေ ကိုယ်စား မင်းကို ခွင့်လွှတ်လိုက်မယ် )
အခန်း ၂၂၈ + ၂၂၉(ဖြစ်ချင်ရာကို အကောင်အထည် ဖော်ခြင်း )
အခန်း ၂၃၀ + ၂၃၁(ထိပ်တန်းအထူးအဖွဲ့ )
အခန်း ၂၃၂ + ၂၃၃(အဖွဲ့ နှစ်ခု အကြား ကွာြခားချက် )
အခန်း ၂၃၄ +​၂၃၅(ဆုပေးပွဲ )
အခန်း ၂၃၆ +​၂၃၇(ကျွန်မရဲ့ သခင်ကြီး ကာနယ် )
အခန်း ၂၃၈ +​၂၃၉ + ၂၄၀(ရည်ရွယ်ချက် ရှိရှိ )
အခန်း ၂၄၁ + ၂၄၂(ငါ သူ့ကို ယုံတယ် )
အပိုင်း - ၂၄၃ +၂၄၄(ဖယ်ရှားပစ်မယ် ( ၂ )
အပိုင်း - ၂၄၅ + ၂၄၆ + ၂၄၇( ငါ တောင်းပန်ဖို့ ရွေးချယ်တယ် )
အပိုင်း - ၂၄၈ + ၁၄၉(ငြင်းပယ်ခြင်း )
အပိုင်း - ၂၅၀ + ၂၅၁(ဒီကောင်လေး မဆိုးဘူးပဲ )
အပိုင်း ၂၅၂ + ၂၅၃( ကျုပ်က နဂါးတပ်ဖွဲ့ကို ကိုယ်စားပြုတယ် )
အပိုင်း ၂၅၄ + ၂၅၅( အရိပ်လက်သီး )
စာရေးသူ မှ ပြန်ကြားလွှာ
အပိုင်း ၂၅၆ + ၂၅၇( နှစ်လေး )
အခန်း ၂၅၈ + ၂၅၉( ငါ့ဇနီးလောင်းနဲ့ တစ်ခြားလူ လက်ထပ်သွားတော့ ငါဘယ်လို ခံစားရမလဲ )
အပိုင်း ၂၆၀ + ၂၆၁( တတိယမင်းသား၏ မဖြစ်စလောက် အကြံ )
အပိုင်း ၂၆၂ + ၂၆၃( စစ်ဆင်ရေးအောင်မြင်ခြင်း )
အပိုင်း ၂၆၄ + ၂၆၅( ကြားဖြတ်ခံရခြင်း )
အပိုင်း ၂၆၆ +​၂၆၇( ငါ ဒီမြို့က မပြန်တော့ဘူး )
အပိုင်း ၂၆၈ +​၂၆၉ + ၂၇၀( ဒီအချိန်မှာတော့ သေးပေါက်ချင်တာပဲ သိတယ် )
အပိုင်း ၂၇၁ + ၂၇၂( ငါ့ကို သောက်ရှက်ခွဲနေတာလား )
အပိုင်း ၂၇၃ + ၂၇၄ + ၂၇၅( အဘိုးကြီးတောင် မင်းလောက် ချော့မသွင်းတတ်ဘူး )
အပိုင်း ၂၇၆ + ၂၇၇ + ၂၇၈(သူ့ကို ဒီမှာ ထိန်းသိမ်းထား )
အပိုင်း ၂၇၉ + ၂၈၀ + ၂၈၁( ညစာစားပွဲ )
အခန်း ၂၈၂ + ၂၈၃( ခင်ဗျားတို့ ဘယ်လောက်ရောင်းမှာလဲ... ကျုပ် အကုန်ဝယ်မယ်... )
အခန်း ၂၈၄ + ၂၈၅( မင်းတို့အားလုံး အမှိုက်လိုကောင်တွေချည်းပဲ...)
အခန်း ၂၈၆ + ၂၈၇ + ၂၈၈(နောက်ဆုံး )
အခန်း ၂၈၉ + ၂၉၀( သူမကိုယ်သူမ အပြစ်တင်ခြင်း )
အခန်း ၂၉၁ + ၂၉၂(မင်း သန္ဓေပြောင်းလူသား ဖြစ်လာလိမ့်မယ် )
အခန်း ၂၉၃ + ၂၉၄ + ၂၉၅( ကျုပ်လက်သီး တွေကို လုံးဝ ရပ်မရတော့ဘူး... )
အခန်း ၂၉၆ + ၂၉၇ + ၂၉၈( ချောက်ချခြင်း.... )
အခန်း ၂၉၉ + ၃၀၀( လျှိုထားမယ်.... )
အခန်း ၃၀၁+၃၀၂( အားလုံးပဲ... ကျွန်မက ရှုချန်း မိန်းမပါ... )
အခန်း ၃၀၃ + ၃၀၄( ရင်ဆိုင်ရန် မဖြစ်နိုင်သော )
အခန်း ၃၀၅+၃၀၆( ရှုချန်း ခြေရာ လိုက်နင်းဖို့ဆိုတာ...)
အခန်း ၃၀၇+၃၀၈( ခြိမ်းခြောက်ခြင်း )
အခန်း ၃၀၉+၃၁၀( ပွဲပြီးသွားပြီ )
၃၁၁+၃၁၂+၃၁၃( ရှုံးသူ ချီးစားကြေး )
အခန်း ၃၁၄+၃၁၅( ကျေးဇူးနော် ချူရွယ် )

၁၆၁( ခေတ်တစ်ခေတ် အဆုံးသတ်ခြင်း )

60 6 0
By purefeather199

နတ်နဂါးစစ်သည်

အခန်း ၁၆၁

( ခေတ်တစ်ခေတ် အဆုံးသတ်ခြင်း )

သံအမတ်ကြီးက ကျိုးကျီ ကို မျက်လုံးများ ကျွတ်ကျလုမတတ် ပြူး၍ မယုံကြည်နိုင်စွာ ကြည့်နေ၏။ အကယ်၍ ရဲများသာ ဤစုံစမ်းစစ်ဆေးမှုတွင် တစ်စုံတစ်ခုကို အမှန်တကယ် တွေ့ရှိသွားပါက ဟွာရှတွင် ဝေ့နိုင်ငံ၏ ဂုဏ်သတင်းရော သူ၏ အသက်မွေးလမ်းကြောင်း အလုပ်ပါ ဆုံးခန်းတိုင်ရပေတော့မည်။

ကျိုးကျီ မှာလည်း လွန်စွာ စိတ်နှလုံးတုန်လှုပ်နေ၏။ သူ၏ မျက်နှာမှာ သိပ်မဟန်တော့ချေ။ ရှုချန်းက ဤလျှို့ဝှက်တံခါးကို တွေ့လိုက်သည့်အပေါ် သူ လွန်စွာ အံ့အားသင့်နေမိ၏။

သူ့အား အစိမ်းလိုက် ဝါးစားမတတ် ကြည့်နေသော သံအမတ်ကြီးကို ကျိုးကျီ က အလွန် တိုးညှင်းသည့် လေသံဖြင့် ပြောလိုက်သည်။

"ဒါက လက်ဗွေနဲ့ မျက်စိသူငယ်အိမ် နှစ်ခုပေါင်းပြီး စကင်န်ဖတ်တဲ့ အီလက်ထရောနစ် လုံခြုံရေးတံခါးလေ... ခန်းရီ တစ်ယောက်ပဲ ဖွင့်နိုင်တယ်... သူက အခု ဒီမှာမရှိတော့ စိတ်မပူပါနဲ့... "

သံအမတ်ကြီးက သူ့ကိုကြည့်လိုက်၏။

"အဲဒီထဲမှာ ငွေမည်းတွေ တကယ်ရှိတာလား..."

"... "

ကျိုးကျီ ဘာပြန်ဖြေရမှန်းမသိဘဲ ခေါင်းတညိတ်ညိတ်သာ ပြုလိုက်၏။

သံအမတ်ကြီး၏ မျက်နှာလည်း ချက်ချင်း ပျက်ယွင်းသွား၏။

ကျိုးကျီ က ...

"သံအမတ်ကြီး... ဒီနေ့ကို ဖြတ်ကျော်နိုင်ခဲ့တဲ့အခါ ခင်ဗျားရဲ့ ကျေးဇူးတရားတွေ ကျွန်တော့်အပေါ် တော်တော် သိသိသာသာကြီးကို များလာမှာပါ... "

သံအမတ်ကြီးက ...

"ဒီထဲမှာ ဝင်ဖို့ လုံခြုံတဲ့ လျှို့ဝှက်လမ်းကြောင်း မရှိဘူးလား... "

ကျိုးကျီ က ...

"ရှိပါတယ်... ဒါပေမဲ့ စကားဝှက်တွေ အကုန်လုံးကို ခန်းရီ ပဲ သိတာလေ... ဒါပေမဲ့ သူက အခု အဖမ်းခံထားနေရတယ်... "

သံအမတ်ကြီးက ...

"ငါ သူတို့ကို အချိန်ဆွဲထားမယ်... တစ်ယောက်ယောက်ကို ဒီနေရာကနေ ငွေတွေ မြန်မြန်လွှဲဖို့ မင်းစီစဉ်လိုက်... မြန်မြန်လုပ်... သူတို့မှာ ရှာဖွေရေးဝရမ်းပါတဲ့အတွက် မင်းတို့ကို ဖွင့်ဖို့ အမိန့်ပေးခွင့်ရှိတယ်... အဲဒီအခါကျရင် ငါတို့ အားလုံး အဆုံးသတ်သွားမှာ အသေအချာပဲ... "

ကျိုးကျီ က ...

"ဒါပေမဲ့ ခန်းရီ ကို ဖမ်းထားပြီးသားလေ... "

သံအမတ်ကြီး မျက်လုံးမှိတ်လိုက်၏။

"သူ့ကိုဖုန်းခေါ်ဖို့ ငါ စဉ်းစားကြည့်ပါဦးမယ်... သူ စကားဝှက်ပေးပြီးတဲ့အခါကျရင် ငါတို့မြန်မြန်ဆန်ဆန် ငွေလွှဲဖို့ ပြင်ကြရအောင်... "

ပြောပြောဆိုဆိုနှင့် သံအမတ်ကြီးက ဖုန်းကို ချက်ချင်းဆွဲထုတ်လိုက်ပြီး ရှေ့နေကို ဖုန်းဆက်လိုက်၏။

ဤအခြေအနေအထိ ရောက်လာပြီဖြစ်၍ သံအမတ်ကြီးကိုယ်တိုင် ဝင်ပါရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။ ယခုအချိန်တွင် လက်ပိုက်ကြည့်၍ အရှုံးပေး အညံ့ခံလိုက်ပါက ဟွာရှမှ ပြည်သူများက ဝေ့နိုင်ငံ၏ သံတမန် အခွင့်အာဏာကို နှိမ်ပေတော့မည်။

ထို့ကြောင့် ယနေ့ကဲ့သို့သော အခြေအနေမျိုးတွင် အရှုံးမပေးဘဲနေရမည်ပင်။

လီချောင်နှင့် ဝူကန်းတို့က အထူးရဲတပ်ဖွဲ့ဝင် အနည်းငယ်နှင့်အတူ တံခါးပေါက်ကို ချက်ချင်းသွားရောက် စစ်ဆေးခဲ့သည်။ ထုထည် ထူထပ်လှသော သံမဏိပြားကို ကြည့်ပြီး ဖောက်ခွဲရေးကျွမ်းကျင်သူက ...

"ဒါ A အဆင့် အထူးထုတ်လုပ်ထားတဲ့ တံခါးပဲ... ဗုံးဒဏ်တွေကို တောင်မှ ခံနိုင်စွမ်းရှိတယ်... ဒီတံခါးရဲ့ လုံခြုံရေးအဆင့် သတ်မှတ်ချက်ကလည်း အရမ်းမြင့်မားတယ်... လက်ဗွေရော မျက်စိသူငယ်အိမ်ပါ နှစ်ခုပေါင်း စကင်န်ဖတ်မှပဲရလိမ့်မယ်... "

"ခေါင်းဆောင်... ကျုပ်တို့ ဘာလုပ်ကြမလဲ... "

ရှုချန်းက ကျိုးကျီ အား လှည့်ကြည့်ပြီး ...

"ဆာ... ဒါကို ဖွင့်ပေးလို့ရနိုင်မလား... "

ကျိုးကျီ က အေးဆေးတည်ငြိမ်စွာဖြင့် ...

"ဆောရီး... ငါ မလုပ်နိုင်မှာ ကြောက်တယ်... "

ရှုချန်း မျက်မှောင်ကြုံ့လိုက်၏။

"ဘာဖြစ်လို့လဲ... "

ကျိုးကျီ က ...

"စီးပွားရေး မဟာမိတ်အဖွဲ့က ကျုပ်ရဲ့ တစ်ဦးတည်းပိုင် မဟုတ်ဘူး... ဒီနေရာက စီးပွားရေး မဟာမိတ် တစ်ဖွဲ့လုံးရဲ့ ရုံးခန်းပဲ... စကားဝှက်တွေ လက်ဗွေရာတွေ သူငယ်အိမ် စကင်န်နာတွေအကြောင်း ကျုပ် ဘာမှမသိဘူး... ပြီးတော့ ဒီတံခါးရဲ့ နောက်ကွယ်မှာ ရှိနေတဲ့အရာက ကျုပ်တို့ စီးပွားရေး မဟာမိတ်အဖွဲ့ရဲ့ အရေးကြီးဆုံး လျှို့ဝှက်နေရာပဲ... ဒါကြောင့် ခင်ဗျား အနေနဲ့ ကျုပ်တို့ရဲ့ လျှိုဝှက်ချက်တွေကို ဆက်ပြီး မဖော်တော့ဖို့ မျှော်လင့်ပါတယ်... ခင်ဗျားဆက်ပြီး ရှာဖွေဖို့ပြောနေရင်တော့ ဟွာရှက နိုင်ငံခြား ကုန်သွယ်မှုကုမ္ပဏီတွေရဲ့ အခြေခံအကျဆုံး ကိုယ်ရေးကိုယ်တာ အခွင့်အရေးတွေကိုတောင် အာမ မခံပေးနိုင်ဘူးလို့ တစ်ကမ္ဘာလုံးကို ထုတ်ပြောရလိမ့်မယ်..."

သံအမတ်ကြီးကလည်း အခွင့်ကြုံသည်နှင့် ဝင်နှက်တော့၏။

"ဟုတ်တယ်... ပြီးတော့ ဒီလိုမမျှတတဲ့ ဆက်ဆံမှုကို ကုလသမဂ္ဂဆီမှာ အယူခံဝင်ဦးမှာ... "

ထိုသူနှစ်ဦးကို ကြည့်လိုက်ပြီး ရှုချန်းက ...

"ရှာဖွေရေးဝရမ်းရဲ့ သဘောသဘာဝကို ထပ်ပြီး စဉ်းစားကြည့်ကြပါဦး... "

သံအမတ်ကြီးက ...

"ကျုပ် သိပါတယ်... ဒါပေမဲ့ နိုင်ငံကြီးသားဆိုရင် နိုင်ငံကြီးသားတွေလိုပဲ ပြုမူသင့်တယ်... ခင်ဗျားတို့ အဆောက်အအုံတစ်ခုလုံးကို ဝိုင်းထားပြီး နေရာတစ်ခုမကျန် ရှာဖွေတဲ့အခါမှာ ကျုပ်တို့ လုံးဝကို ပူးပေါင်းဆောင်ရွက်တယ်... ရိုးရိုးသားသားပြောရရင် အခုလိုတွေလုပ်နေတဲ့အတွက် ကျုပ်တို့ စီးပွားရေး မဟာမိတ်အဖွဲ့ရဲ့ ဂုဏ်သတင်းကို ထိခိုက်စေမယ့် အခြေအမြစ်မရှိတဲ့ ကောလဟာလတွေ ထွက်တော့မှာ သေချာတယ်... ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျုပ်တို့က ခင်ဗျားကို နည်းနည်းလေးတောင် ရန်မရှာခဲ့ဘူး... ခင်ဗျားလူတွေက ဘာတစ်ခုမှ မရှာနိုင်တော့ ကျုပ်တို့ရဲ့ လျှို့ဝှက်အခန်းကိုပါ သံသယဝင်လာကြပြီပေါ့... ဒီအိပ်ခန်းတွင်းမှာ မူးယစ်ဆေးတချို့ ဒါမှမဟုတ် တရားမဝင်တဲ့ လုပ်ငန်း အထောက်အထားတွေ တွေ့တာနဲ့ ဒီနေရာကို ချိတ်ပိတ်ပစ်မယ်လို့ ဆိုလိုချင်တာလား... ကျုပ် ခင်ဗျားကိုပြောမယ် အရာရှိရှု... ကျုပ် ဒီနေရာမှာ ရှိနေသရွေ့ ဒီလိုမျိုးတွေဖြစ်လာဖို့ လုံးဝ ခွင့်မပြုနိုင်ဘူး... "

ထိုအချိန်မှာပင် နိုင်ငံတကာမှ နာမည်ကျော် ရှေ့နေများ ရဲစခန်းသို့ ရောက်ရှိလာကြသည်။ သူတို့အားလုံးနှင့်အတူ သက်ဆိုင်ရာ စာရွက်စာတမ်းများလည်း ပါရှိလာ၏။

"ကျုပ်က မစ္စတာ ခန်းရီ ရဲ့ရှေ့နေပါ... ကျုပ် အမှုသည်နဲ့ တွေ့ချင်တယ်... "

"ဆောရီးပါ... လူကုန်ကူးမှုနဲ့ ငွေကြေးခဝါချမှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိထားပါတယ်... ခင်ဗျား သူ့ကို တွေ့ခွင့်မရှိပါဘူး... "

"သံသယဖြစ်တယ်ဆိုတာ သူ့ကို တရားစွဲထားတယ်လို့မှ မဆိုလိုတာ... သူ့ရဲ့မှန်ကန်မှုအတွက် ကျုပ်တို့မှာ ခုခံပိုင်ခွင့်ရှိတယ်... ဒါ့ကြောင့်လည်း ရှေ့နေ တွေ ဖြစ်တည်နေတာ... ဒီအချိန်မှာ ခင်ဗျားတို့ သက်သေရှာပြီး တရားမစွဲခင်မှာ ကျုပ်အနေနဲ့ သူ့ကို တွေ့ခွင့်ရှိတယ်... ကျုပ်က ဝေ့နိုင်ငံ သံအမတ်ကြီးရဲ့ ဥပဒေအကြံပေး တစ်ယောက်လည်း ဖြစ်တယ်... နိုင်ငံရပ်ခြားမှာ ဖမ်းဆီးခံရတဲ့ ကျုပ်တို့ ဝေ့လူမျိုးတွေဟာ နိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်စေနိုင်တာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး အသးစိတ်သိရှိဖို့ သူ့ကို တောင်းဆိုရလိမ့်မယ်... "

တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက ထိုသူများ မည်မျှ ရန်လိုနေကြောင်း မြင်တွေ့ခဲ့ရ၏။ သို့သော် သူတို့က အချက်အလက်နှင့် ကိုင်ပေါက်ပြောဆိုနေသည်မှာလည်း မှန်ပေ၏။ ထို့ကြောင့် ထိုသူများအား ဝင်ခွင့်ပေးရန် တံခါးဖွင့်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။

ရှေ့နေအထဲသို့ဝင်သွားပြီး ခန်းရီ အား အသံတိုးတိုးဖြင့်...

"ကျုပ်က သံအမတ်ကြီးရဲ့ ဥပဒေအကြံပေး တစ်ယောက်ပါ... စီးပွားရေး မဟာမိတ်အဖွဲ့ရဲ့ အခြေအနေကတော့ သိပ်မဟန်ဘူး... သူတို့ရဲ့လျှို့ဝှက်ခန်းကို ရှာတွေ့ထားပြီ... ဒီ လျှို့ဝှက်ခန်းကို သူတို့မဖွင့်ခင်မှာ သံအမတ်ကြီးက ခင်ဗျားကို ကျိုးကျီ နဲ့ဆက်သွယ်ပြီး စကားဝှက် ပြောပြစေချင်တယ်... ဒီလိုမှပဲ ငွေကို ဘေးကင်းလုံခြုံတဲ့ လမ်းကြောင်းကနေတဆင့် လွှဲပေးနိုင်မှာ... ကျုပ်တို့ အချိန် မရှိတော့ဘူး... မြန်မြန်လုပ်ရအောင်... "

ခန်းရီ အနည်းငယ် ထိတ်လန့်သွား၏။ လျှို့ဝှက်အခန်းအား ရှာဖွေတွေ့ရှိလိမ့်မည်ဟု သူလုံး ဝ မျှော်လင့်မထားချေ။

သူ ယခု ဘာလုပ်သင့်သနည်း။ အကယ်၍ ငွေများအားလုံး သိမ်းဆည်းရမိပါက မိမိကိုယ်ကိုယ်မိမိ သတ်သေလိုက်လျှင်ပင် အပြစ်ကြွေးတို့ ပြန်ဆပ်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ရှေ့နေ၏ ဖုန်းကို အမြန်ယူကာ ကျိုးကျီ အား ခေါ်လိုက်၏။ ရှေ့နေ၏ လက်ထောက် ယူဆောင်လာသော အိတ်အတွင်း၌ ဖုန်းခေါ်ဆိုမှုများကို အကျဉ်းခန်း အပြင်ဘက်မှ မည်သူမျှ မကြားနိုင်စေရန် ဖြတ်တောက် အနှောင့်အယှက် ပေးနိုင်သော ကိရိယာငယ် တစ်ခုပါ၏။

ကျိုးကျီ ဖုန်းသို့ နံပါတ်စိမ်းတစ်ခု ဝင်လာ၏။ သို့သော် သူ ပြန်ဖြေလိုက်၏။

"ဟယ်လို... "

"ငါပါ ခန်းရီ..."

ကျိုးကျီ မျက်လုံးပြူးသွား၏။ သံအမတ်ကြီး၏ လုပ်ဆောင်မှု ဤမျှထိရောက်မည်ဟု သူ မျှော်လင့်မထားချေ။ မိနစ်အနည်းငယ်သာ ကြာပြီးနောက်တွင် ခန်းရီ က သူ့ကို ဖုန်းခေါ်နေလေပြီ။

ဖုန်းခေါ်သံကြားလိုက်သည့်အတွက် ရှုချန်း၏ နားများ အနည်းငယ် လှုပ်ခါသွား၏။ သူက ကျိုးကျီ ဘက်သို့ လှမ်းကြည့်လိုက်သည်။ ရှုချန်းနှင့် ကျိုးကျီ တို့အကြည့်ချင်းဆုံသည့်အခိုက်တွင် ကျိုးကျီ ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ကြက်သီးမွေးညှင်းများ ထသွားရလေသည်။ ထို့ကြောင့် ထောင့်တစ်နေရာသို့ လျင်မြန်စွာ လျှောက်သွားကာ ...

"မြန်မြန် စကားဝှက်ကိုပြောတော့... " ဟု ပြောလိုက်၏။

ခန်းရီ က ...

"စကားဝှက်က ၂၀၀၅၁၂... ငါတို့စီးပွားရေး မဟာမိတ်အဖွဲ့ ထူထောင်ခဲ့တဲ့ နှစ်နဲ့ လကို ယူပြီး ပေးထားတာ... အဆောက်အအုံအပေါ်ထပ် အိပ်ခန်းရဲ့ ရေချိုးခန်းထဲမှာ လုံခြုံတဲ့ လမ်းကြောင်းတစ်ခုကို ဦးတည်ထားတဲ့ လျှို့ဝှက်တံခါး တစ်ချပ်ရှိတယ်... "

"ကောင်းပြီ... မင်း အဲဒီမှာဘယ်လိုလဲ.... "

"ရိုးရိုးသားသားပြောရရင် ငါထောင်ကျဖူးတာ ပထမဆုံးအကြိမ်ပဲ... ငါ တကယ်ကို မပျော်ဘူး... ငါ့ကို ပြန်မလွတ်စေနဲ့ပေါ့ကွာ... ငါ အပြင်ရောက်တာနဲ့ အဲဒီခွေးကောင် ရှုချန်းကို သတ်ပစ်မယ်... "

"အေးဆေးပေါ့... မပြီးသေးပါဘူး... "

ထို့နောက် ဆက်လက် လုပ်ဆောင်ရမည်တို့ကို သူ့လူများအား တိတ်တဆိတ် ညွှန်ကြားလိုက်၏။ သို့သော် သူတို့၏ စီစဉ်မှုအလုံးစုံကို ရှုချန်း ကြားသိပြီးပြီဖြစ်ကြောင်း သူ မသိနိုင်ခဲ့ချေ။

ရှုချန်းက သံအမတ်ကြီးကိုကြည့်ကာ ...

"သံအမတ်ကြီး... ခင်ဗျားကို ကျုပ် မေးချင်တာက ကျုပ်တို့ ရဲလုပ်ငန်းတွေမှာ ဝင်စွက်ဖက်ဖို့လာတာလား... ခင်ဗျားနိုင်ငံ ကိုယ်စားပြုအနေနဲ့ လာတာလား... ဒါမှမဟုတ် ခင်ဗျားရဲ့ ကိုယ်ပိုင်သဘောထားနဲ့ လာတာလား... "

"ကျုပ်တို့ဝေ့နိုင်ငံကို ကိုယ်စားပြုပြီး လာတာပါ.. "

"ဒါဆိုရင် ဒီအထဲမှာ ငွေမည်းရှိရင် ခင်ဗျား တာဝန်ယူမှာလား... "

"ကျုပ်ဆီက စကားနှိုက်ဖို့ ခြောက်မနေနဲ့... ကျုပ် ခင်ဗျားကိုပြောပြမယ်... သံတမန်ရေးရာ ကိစ္စတွေမှာ ပြိုင်ဘက်တွေ အများကြီးနဲ့ ကျုပ် ကြုံဖူးတယ်... ခင်ဗျားက ကျုပ်ကို စိန်ခေါ်ဖို့ အရမ်း အတွေ့အကြုံ နုသေးတယ်... "

ရှုချန်း ရယ်မောလိုက်၏။

"ဒါဆိုရင် ဒီနေ့ ခင်ဗျားရဲ့ခေတ် ကုန်တော့မယ်ထင်ပါရဲ့... တရားမဝင်လှုပ်ရှားမှု အထောက်အထား တကယ်ရှိရင် ခင်ဗျားနဲ့ ခင်ဗျားနောက်မှာရှိတဲ့ သံရုံးဝန်ထမ်း အကုန်လုံးကို ဖမ်းဆီးပြီး ရာဇဝတ်မှုနဲ့ စွဲချက်တင်မယ်... သံတိုင်တွေနောက်ကို ရောက်တဲ့အခါ ခင်ဗျား အခုလိုပဲ နှုတ်သီးကောင်း လျှာပါးဖြစ်နေဖို့ ကျုပ် မျှော်လင့်ပါတယ်... "

ရှုချန်းက ပြောပြောဆိုဆိုဖြင့် ယခင်က ခန်းရီ ၏ လက်ဗွေရာများကို စုဆောင်းထားသော တိတ်ကို အိတ်ထဲမှ ထုတ်လိုက်ပြီး မကြာသေးမီက သူကြားထားသည့် စကားဝှက် ၂၀၀၅၁၂ ကို ရိုက်ထည့်လိုက်၏။ အီလက်ထရောနစ် စကင်န်နာဆီမှ စက်ရုပ်အသံ ထွက်ပေါ်လာ၏။

"လက်ဗွေ မှန်ကန်ပါတယ်... စကားဝှက် မှန်ကန်ပါတယ် ...ကျေးဇူးပြုပြီး သင့်မျက်လုံးများကို စကင်န်နာရှေ့တွင် နေရာယူပေးပါ..."

ရှုချန်း ဖုန်းကို ထုတ်လိုက်ပြီး မကြာခင်က ရိုက်ကူးထားသော ခန်းရီ ၏ အနီးကပ်ဗီဒီယိုကို စကင်န်နာရှေ့တွင် ပြလိုက်၏။ ယနေ့ခေတ်တွင် မျက်စိ စကင်န်နာ အများစုမှာ ဓာတ်ပုံများဖြင့် လှည့်စား၍ မရတော့ချေ။ သို့သော်လည်း ရှုချန်း ရိုက်ကူးထားသည့် ဗီဒီယိုမှာ ခန်းရီ ၏ သူငယ်အိမ် အရောင် အသေးစိတ်ကို တိကျစွာ ရိုက်ကူးထားသည့်အတွက် စကင်န်နာကို အရူးလုပ်ရန် ပိုမိုလွယ်ကူခဲ့၏။

"သူငယ်အိမ် စကင်န်ဖတ်တာ အောင်မြင်ပါတယ်..."

စက်ရုပ်အသံ အဆုံးတွင် လျှို့ဝှက်တံခါးချပ်ကြီး ပွင့်လာ၏။ ထိုမြင်ကွင်းကြောင့် သံအမတ်ကြီးနှင့် စီးပွားရေး မဟာမိတ်အဖွဲ့မှ လူများအားလုံး ချက်ချင်း ထိတ်လန့်သွားကြကာ မေးရိုးများ ပြုတ်ကျလုမတတ် ပါးစပ်အဟောင်းသား ဖြစ်ကုန်၏။

ရှုချန်းက တံခါးကို ဆွဲဖွင့်လိုက်ပြီး ပစ္စတိုကို ချက်ချင်းထုတ်လိုက်၏။ အထဲ၌ ငွေရွှေ့နေသောသူများကို သေနတ်ဖြင့် ချိန်လိုက်ပြီး...

"တစ်ချက်လှုပ်တာနဲ့ ပစ်သတ်လိုက်မယ်... "

အခန်း ၁၆၁ ပြီး

Continue Reading

You'll Also Like

914K 31.1K 111
When Grace returns home from college, it doesn't go like she thought it would. With her past still haunting her everyday choices, she discovers a sid...
24.8K 935 25
Sykkuno moved to a new school, which means new friends and being bullied. It was his first day but nobody wanted to be his friend, Sykkuno was alone...
5.2K 132 6
قصه حب بين بات مان و سوبر مان مع اضافة الثنائى الذى لم اجد لهم قصصا حتى الان فلاش وجرين لانتر ادخل لتعرف ما سيحدث ...................اتمنى التشجيع حب...
5K 160 12
Rape. Period. This one word is enough to bring rage, sympathy, shame, disgust all at once. I once read the scribble on the internet 'He raped her on...