ကျွန်တော် သရဲနဲ့ကြုံခဲ့ရတယ်

By SaiMoonMaiLahpai

3.8K 394 14

ရှောင်းလင် ကျောင်းကိုသွားတဲ့လမ်းမှာ ကားမတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။ အဲ့ဒီညမှာပဲ သူ့အခန်းထဲမှာ သရဲတစ်က... More

ရှောင်းလင် ဒုက္ခရောက်ပြီ
ကိုယ်ကလူသားမှမဟုတ်ဘဲ
သွားသေလိုက်!!!!!
'' [[သုံးနှစ်မြောက်နဲ့ငါးနှစ်မြောက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲလေ့ကျင့်ခန်း]] စာအ
About EXTRA

ကျွန်တော့်ကိုမခြောက်ပါနဲ့!!

323 62 0
By SaiMoonMaiLahpai

ရှောင်းလင်ရဲ့မိဘတွေက အရမ်းအလုပ်များတဲ့သူတွေမို့လို့ အိမ်မှာမရှိသလောက်ဘဲ။သူတို့ဌားထားတဲ့ ထမင်းချက်ကြီးက အစားအသောက်ချက်ပြုတ်ပြင်ဆင်ပေးပြီးတာနဲ့ အိမ်ပြန်သွားရော။

သူ့မှာ ယန်ချီစုပ်ယူခံလိုစိတ်မရှိကြောင်း
ပြသရန်အတွက် ရှောင်းလင်က တနေ့လုံးတညနေလုံးကိုစာလုပ်ရင်းကုန်ဆုံးသွားလို့ ညစာစားဖို့တောင် မေ့သွားတယ်။

သရဲတစ်ကောင်အနေနဲ့ သရဲက အစာစားဖို့မလိုအပ်ဘူး။သူ့ရဲ့ကမ္ဘာမှာ နေ့ညဆိုတာတောင် မရှိဘူး။သူပြောသမျှစကားတိုင်းကို ကြားရပြီး သူ့အနားမှာ တချိန်လုံးရှိနေတဲ့ ရှောင်းလင်ပဲ ရှိတာလေ။

''ဘယ်တက္ကသိုလ်ကို တက်မယ်လို့ မင်းဆုံးဖြတ်ထားလဲ?'' သရဲက ရှောင်းလင်ကို မေးလာခဲ့သည်။

ရှောင်းလင်က သူ့အရှေ့က မေးခွန်းပင်လယ်တွေဆီကနေ စိတ်အာရုံပြန့်လွင့်နေတုန်း သူ့အစာအိမ်က တကျုတ်ကျုတ် မြည်လာခဲ့တယ်လေ။

သူ့ခေါင်းကုတ်လိုက်ရင်း ပြောလိုက်တယ်။

''ကျွန်တော်အရင်က လေယာဥ်မောင်းချင်ခဲ့တာဗျ။
နောက်တော့ ကျွန်တော်က သူတို့ရဲ့ကိုယ်လုံးကိုယ်ထည် စံချိန်ကိုတောင် မမှီနိုင်လောက်ဘူးလေ။ ပြီးတော့ အမြင့်လည်း ကြောက်တတ်သေးတယ်။ သမိုင်း ဒါမှမဟုတ် ရှေးဟောင်းသုတေသန ကိုပဲ လေ့လာနိုင်လောက်တယ်''

သရဲ,''ဒါဆိုလည်း Tတက္ကသိုလ်ဝင်ခွင့် ဖြေလို့ရတယ်''

ရှောင်းလင်းက သန်းဝေလိုက်ရင်း သာမာန်ကာလျှံကာနဲ့
''ကောင်းပါပြီ''လို့ ဖြေလိုက်၏။

အဆုံးမတော့ သူ့ရဲ့သိချင်စိတ်ကို မချုပ်တည်းထားနိုင်တော့ဘဲ အမေးရှိလိုက်တယ်။

''ခင်ဗျားက အတိတ်မေ့နေတာ မဟုတ်ဘူးလား?
ဘယ်လိုလုပ်Tတက္ကသိုလ်ရဲ့ ဂုဏ်သတင်းကျော်ဇောမှုကြီးကို သိနေရတာလဲ?''

သရဲ ပြန်ပြောလာသည်။''ကိုယ်မသိဘူး။ရုတ်တရက်သတိရလိုက်တာပဲ။ကိုယ် အဲ့ကျောင်းကနေဘွဲ့ရခဲ့တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့''

ရှောင်းလင်းက သူ့ရဲ့ဂုဏ်ထင်ကြီးနေမှုကို ချိုးနှိမ်ပစ်လိုက်ဖို့ တွန့်ဆုတ်မနေဘူး။

''ခင်ဗျား Tတက္ကသိုလ်ကိုအရမ်းတက်ချင်ခဲ့ပေမယ့်လည်း ဝင်ခွင့်စာမေးပွဲကို ဆယ်ကြိမ်ထက်မက ကျလို့ ရူးခါပြီး သေသွားတာလည်း ဖြစ်နိုင်သေးသားပဲ။မဟုတ်ရင်ဘာလို့ မေးခွန်းတွေလုပ်တဲ့နေရာမှာ ကျွန်တော့်ကို  ဇွဲကောင်းကောင်းနဲ့ အဲ့လောက်ထိ နှိပ်စက်နေမှာလဲ?''

သရဲ,''မင်းရဲ့ ယန်ချီတွေကို စုပ်ယူစေချင်ပြန်ပြီပေါ့?''

ရှောင်းလင်,''........''



အစ်ကိုသရဲက သူ့ရဲ့အားနည်းချက်ကို သိထားလို့ စကားလုံးအနည်းငယ်လောက်နဲ့ သူ့ပါးစပ်ကို ပိတ်နိုင်သွားခဲ့ပြီပင်။ရှောင်းလင်က စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ဘောပင်ကို လွှင့်ပစ်ပြီး အစားအသောက်တွေကို ပြန်နွှေးဖို့ မုန်တိုင်းတိုက်ခတ်တဲ့အရှိန်နဲ့ အခန်းထဲကနေ ထွက်လာသည်။

ဒီနေ့အရမ်းပင်ပန်းတယ်လို့ခံစားရရင်း ရှောင်းလင်က အစားတောင်လုံးဝမစားနိုင်တော့ဘဲ ထမင်းစား စားပွဲမှာ အိပ်ပျော်သွားရော။

ကောင်းကင်က အရမ်းလင်းထင်းနေခဲ့လို့ သူက မိန်းမောနေရင်းနဲ့  ဝိုးတဝါးမြင်ကွင်းကိုပဲ မြင်ရတယ်။ဘယ်အချိန်ကတည်းက သူTတက္ကသိုလ်ရဲ့ ဂိတ်ပေါက်ဝကို ရောက်နေပြီး အတန်းဖော်အသစ်တစ်စုနဲ့ စကားပြောရင်း ရယ်မောနေမိလဲ မသိတော့ပါဘူး။တက္ကသိုလ်ရောက်ချင်တဲ့ သူ့ဆန္ဒလေးက နှလုံးသားတစ်ခုလုံးနဲ့ ပြည့်နေရင်းပေါ့။

လူတစ်ယောက်က သူ့ကို အလျင်စလိုနဲ့ ကျော်ဖြတ်သွားတယ်။ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရပေမယ့် ပုံရိပ်က အရမ်းအရမ်းကို ရင်းနှီးနေသလိုပဲ။ ရှောင်းလင်ရဲ့ နှလုံးသားလေး ခုန်လာလို့ အတန်းဖော်တွေကို ချန်ထားခဲ့ရင်း သူခပ်သွက်သွက်ကလေး ပြေးလိုက်လာမိသည်။

သူမအော်ဘဲ မနေနိုင်လို့,''အစ်ကိုသရဲ!!!''

သူ့အရှေ့က လူကြီးက သွားနေတာကို ရပ်လိုက်တယ်။

ရှောင်းလင်က အလျင်စလိုစိတ်သက်သာရာရမိရင်း ပျော်ရွှင်မှုကို ခံစားလိုက်ရတယ်။ပြုံးရင်းနဲ့ အရှေ့ကိုလျှောက်သွားပြီး လူကြီးရဲ့ ပုခုံးကို ပုတ်လိုက်တယ်။

''ကျွန်တော် ခင်ဗျားကို ရှာတွေ့ပြီပဲ!!!''

လူကြီးက သူ့ဘက်ကို လှည့်လာသည်။သူ့မျက်လုံးတွေက ခေါင်းလောင်းသဏ္ဍာန်နဲ့ ခပ်ဆင်ဆင်တူပြီး အဖြူရောင်နဲ့ကြေးနီရောင်စပ်ထားသလို ဖြစ်နေပြီး ပါးစပ်ကနေလည်း သွေးတွေစီးကျနေသေးပေမယ့် သူ့အခွက်ကပြီတီတီနဲ့''

''အတန်းဖော်။မင်းငါ့ကိုရှာနေတာလား?''

အကြောက်တရားက ရှောင်းလင်းကို ဝါးမြိုသွားလို့ အဆုံးမှာတော့ ကြက်သီးမွှေးညှင်းတွေတောင် ထလာသည်။သူခပ်မြန်မြန် နောက်လှည့်လိုက်ရင်း သူ့ခေါင်းကိုလည်း မြွေခလောက်တစ်ကောင်လို ခါယမ်းနေခဲ့သည်။

မမျှော်လင့်စွာနဲ့ သူ့လက်က လူကြီးရဲ့ ခန္ဓာကိုယ်ပေါ်ရှိနေဆဲဖြစ်နေပြီး ခါချပစ်လို့လဲ မရခဲ့ဘူး။

အဲ့မျက်နှာက သူ့ကိုပြုံးဖြဲဖြဲလုပ်နေတာကို ကြည့်​နေခဲ့
ရတယ်။ အဲ့ဒီပြုံးဖြဲဖြဲပါးစပ်ကြီးက ကျယ်သထက်ကျယ်လာပြီး လူကြီးရဲ့ မျက်နှာတစ်ခုလုံးပိုတောင် ဖုံးသွားတော့မလို့။

ရှောင်းလင်ဖြင့် ကြောက်လွန်းအားကြီးလို့ ငိုချမိတော့မတတ်ဘဲ။

''အစ်ကိုသရဲ....ကျွန်တော့်ကို မခြောက်ပါနဲ့တော့!!''

လူကြီးက ရှေ့ကို ဆတ်ခနဲလှမ်းလာပြီးသူ့လက်ကို အကြမ်းကြီး ကိုက်ထည့်လိုက်တယ်။ရှောင်းလင် အော်ဟစ်လိုက်ရင်း နောက်မှာပဲ သူ့မျက်လုံးတွေက ပွင့်လာတယ်။မြင်ကွင်းက သူ့အိမ်အဖြစ်ပြောင်းသွားရော။

ညစာစားတဲ့ စားပွဲမှာမဟုတ်ဘူးဘဲ။အိမ်ယာထဲ စောင်ခြုံရင်း ကျကျနနနဲ့ လှဲနေခဲ့တာပဲ။

ရှောင်းလင်ရဲ့စိတ်က နောက်ကျိသွားပြီး အိပ်ယာကထခါစမို့ ရီဝေဝေဖြစ်နေသေးတုန်း။သူသတိထားမိလိုက်တာက စားပွဲဘေးက ထိုင်ခုံမှာထိုင်ရင်းနဲ့ စားပွဲပေါ်က အဖြေလွှာတွေကို စစ်ဆေးကြည့်ရှုနေတဲ့ မှုန်ဝါးဝါးပုံရိပ်တစ်ခုကိုပဲ။

သူတွေဝေနေရင်း နောက်တော့ အဲ့ဒီတခြားလူကို မှတ်မိသွားတယ်။''အစ်ကိုသရဲလား?''

သရဲက ထူးသံပေးရင်း ပြောလာသည်။

''မီးမဖွင့်လိုက်နဲ့။အခုအခြေအနေမှာပဲ ကိုယ်က ကိုယ်ထင်ပြနိုင်တာ။မီးဖွင့်လိုက်ရင် ကိုယ့်ကိုယ်ထည်ကို မင်းမြင်ရတော့မှာ မဟုတ်ဘူး''

ရှောင်းလင်က တကိုယ်လုံး စောင်ခြုံထားပြီး လဲလျောင်းနေရင်း ဝမ်းပမ်းတသာစိတ်နဲ့ ထိရှနေခဲ့တယ်။တချို့လူတွေသရဲနဲ့တွေ့ကြုံရတာက သရဲရုပ်ရှင်တွေလိုဖြစ်နေပြီး သူတွေ့ကြုံရတဲ့တစ်ခုကတော့ နတ်သမီးပုံပြင်လေးလိုပဲ ဆိုပြီး တွေးနေခဲ့မိတယ်။

သူ့ရဲ့ခံစားချက်အတွေးတွေကိုတောင် မရုတ်သိမ်းရသေးခင်မှာပဲ သရဲရဲ့အသံက အခန်းကို ဖြန့်ကျက်လာတာကို ကြားလိုက်ရတယ်။

''မင်း မေးခွန်းတစ်ပုဒ်ကို အဖြေမှားဖြေထားတယ်''

ရှောင်းလင်ရဲ့ နှုတ်ခမ်းထောင့်တွေက တွန့်သွားရင်း

''ဒီတလော ကျွန်တော့်ရဲ့ ရမှတ်တွေက သိသိသာသာကိုပဲ တိုးတက်လာလိုက်တာဗျာ။ဒီလို တိုးတက်မှုနှုန်းနဲ့သာဆိုရင်တော့ Tတက္ကသိုလ်ကို ဝင်ခွင့်ရဖို့ ဘာပြသနာမှ ရှိလာမှာမဟုတ်ဘူး။''

သရဲ, ''မင်းမှားတယ်ဆို မှားတာပဲ။ မင်းရဲ့အမှားတွေကို ဝန်ခံချင်စိတ်ရှိရမယ်လေ။''

စနစ်တကျနဲ့သရဲက ရှောင်းလင်ဆီ လွင့်မျောလာတဲ့အချိန်မှာပဲ သူ့ရဲ့နှုတ်ခမ်းထက်မှာ အေးစက်စက်အရာတစ်ခု လွှမ်းမိုးခြင်းခံလိုက်ရပြီးဖြစ်တယ်။

ဒါမှမဟုတ်...အဲ့ဒါက တစ်ခု......အေးစက်စက်အထိအတွေ့?

အဲ့တာက ရေခဲမုန့်နဲ့ နမ်းနေရသလို ခံစားချက်ကြီး။သဘောပေါက်ကျောပေါက်သွားတဲ့နောက်မှာတော့ ရှောင်းလင်ရဲ့ မျက်လုံးက ပြူးကျယ်သွားရော။

ဒါပေမဲ့ အဲ့ဒီနောက်မှာတော့ ထန်းပင်လောက်အမြင့်ရှိတဲ့ အရိပ်ကြီးက သူ့မျက်စိရှေ့ကို တဖြည်းဖြည်းရွေ့လျားလာတယ်။ သူ့ရဲ့အမြင်အာရုံတွေကို ပိတ်ကာဆီးထားရင်းနဲ့ပေါ့။

ရှောင်းလင်က သူ့ရဲ့ ပထမဆုံးအနမ်းက ကောင်လေးဒါမှမဟုတ် ကောင်မလေးနဲ့ မှ ဖြစ်ရမယ်လို့ ဘယ်တုန်းကမှ စိတ်ကူးမထားခဲ့ပေမယ့် သရဲတစ်ကောာင်နဲ့ကတော့!!!!

လူသားတစ်ယောက်နဲ့ နမ်းရတာ ဘယ်လိုခံစားရမလဲဆိုတာ သူမသိခဲ့ပေမယ့် အခုတော့ သရဲတစ်ကောင်နဲ့ နမ်းတဲ့အတွေ့အကြုံ သူ့မှာ ရှိသွားပြီလေ။

ငိုင်တိုင်နေရင်းနဲ့ သူတွေးမိနေတာကတော့

''ဂရင်းနစ်ကမ္ဘာ့စံချိန်ချိုးဖို့အတွက်တောင် ငါလျှောက်ထားလို့ရနိုင်နေခဲ့ပြီပဲ အံသြစရာ?''

သရဲက သူ့ကိုမထိနိုင်ပေမယ့်လို့ သူမျက်လုံးမှိတ်ထားလိုက်တဲ့အခါ တစ်ဖက်လူရဲ့ နှုတ်ခမ်းနဲ့ လျှာကို ထင်ထင်ရှားရှား ခံစားမိနေတာက သိပ်ထူးဆန်းတယ်။အဲ့တာက အေးစက်စက်ဖြစ်နေပေမယ့်လို့ တနည်းနည်းနဲ့တော့ နွေရာသီလိုပဲ..........အဲ့တာကို ဖရဲသီးစားခြင်း ဒါမှမဟုတ် ရေခဲ့မုန့်စားခြင်းအမှုလိုပဲ သဘောထားလိုက်ပါတော့တယ်။

အမှောင်နဲ့ ဖုံးနေတဲ့ ရှောင်းလင်ရဲ့ မျက်နှာပေါ် ပန်းသွေးနုလေး စွန်းထင်းလာတယ်။သူ သရဲကို တွန်းထုတ်ဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပါတယ်။ သရဲရဲ့ရင်ဘတ်ကို တွန်း, တွန်းရင်းနဲ့ပေါ့။ ဒါပေမယ့် သူ့လက်တွေ ရောက်လုပြီဆိုတိုင်း လေဟာနယ်ကိုပဲ ဖြတ်မိသွားတယ်လေ။

နောက်တော့..........

ထင်တဲ့အတိုင်း နမ်းပဲနမ်းလို့ရတဲ့ သရဲနဲ့ ဘာကများဆက်ဖြစ်နိုင်မှာမို့လို့လဲ။

ဘယ်အချိန်အိပ်ပျော်သွားလဲ ရှောင်းလင်မသိလိုက်ဘူး။ နောက်နေ့မနက် သူစိတ်နည်းနည်းလွတ်နေတာပဲ သူသိလိုက်ရတယ်။

အိပ်ချင်မူးတူးနဲ့ သူဆက်စပ်မိလိုက်တာတော့ ညတုန်းက သရဲ သူ့ဆီက ယန်ချီတွေ အများကြီး စုပ်ယူသွားတာပဲ ဆိုပြီးပေါ့။အဲ့နေ့ည သူအိမ်ပြန်ရောက်ရောက်ချင်း သရဲကို ချက်ချင်းလက်ငင်း အပြစ်တင်ဆူပူတော့တာပဲ။

မမျှော်လင့်စွာနဲ့ သရဲပြောလာတာကတော့

''မနေ့ညက မင်းဆီကယန်ချီတစ်အောင်စတောင် မစုပ်ယူခဲ့ပါဘူးနော်''

ရှောင်းလင်ရဲ့ အဆုံးမရှိ အပြစ်တင်နေမှုကြီးက ရုတ်တရတ်ဆိုသလို တန့်သွားရင်း သူ့မျက်နှာအရောင်က ပြာနှမ်းသွားလိုက် ဖြူဖျော့လာလိုက်နဲ့ အာစေးနေမိတယ်။

သရဲက သူ့ကိုစနောက်လာပြန်ရော။

''နောက်တစ်ခါလောက် မင်းကို အတွေ့အကြုံလေး ထပ်ပေးမယ်ဆိုရင်ရော?''

မသိစိတ်လုပ်ရပ်အတိုင်း ရှောင်းလင်က ပါးစပ်အုပ်ဖို့လက်မြောက်လိုက်ရင်း ​သရဲနဲ့ဝေးရာ အနောက်ကို ဆုတ်သွားခဲ့တယ်။

နောက်တစ်နေ့မှာ ကျောင်းပြောင်းကျောင်းသားတစ်ယောက် သူ့အတန်းထဲ ရောက်လာတယ်။အဲ့ကျောင်းသားရဲ့ကျောင်းဝတ်စုံကလွဲရင် သူဝတ်ထားသမျှအားလုံးက နာမည်ကြီးတံဆိပ်တွေချည်း။ဆရာက ရှောင်းလင်ရဲ့အရှေ့မှာနေရာချပေးလိုက်တော့ သူ့စိတ်က မကြည်မလင်နဲ့ရယ်။

အတင်းအဖျင်းတွေက မကြာခင်မှာပဲ ပုလိပ်ရောဂါကြီးလို ပျံနှံ့လာလို့ ရှောင်းလင်တောင် ကိစ္စရပ်တစ်ခုနှစ်ခုလောက်လေးကို ကြားမိသွားသေးတယ်။ကြားရသလောက်တော့ ကျောင်းပြောင်းကျောင်းသားရဲ့ နောက်ခံက သိပ်ကိုမှ ရှုပ်ထွေးတယ်ဆိုပဲ။သူ့မိဘတွေက သူတို့ကိုယ်တိုင်ကျာင်းကြိုကျောင်းပို့မလုပ်ပေးပေမယ့် အကူတစ်ယောက်ထားပေးထားပြီး ကျောင်းအုပ်နဲ့တောင် သူက ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးမှု ရှိပါသတဲ့လေ။

ကျောင်းဆင်းချိန်ရောက်တော့ ရှောင်းလင်က ကျောင်းပြောင်းကျောင်းသားနဲ့ အန်တီချောချောတစ်ယောက်နဲ့ အငြင်းအခုံဖြစ်နေတာကို တွေ့လိုက်တယ်။မိန်းမကြီးကားထဲကို ဝင်သွားပြီး သူ့လူတွေကို လိုက်ဖမ်းခိုင်းလိုက်ချိန်မှာပဲ ကျောင်းပြောင်းကျောင်းသားက တစ်ဖက်လှည့်ပြီး ပြေးထွက်သွားခဲ့ပါပြီ။

သူနဲ့အတူလမ်းလျှောက်နေတဲ့ အတန်းဖော်အားလုံးက ကျောင်း​ပြောင်းကျောင်းသားရဲ့ နောက်ခံကို ထင်မြင်ချက်ပေးနေကြတယ်။ရုတ်တရက် ရှောင်းလင်က သရဲပြောသံကို ကြားလိုက်တယ်။

''ကိုယ်မကြာခင်မှာ ထပ်ပြီးထွက်သွားရနိုင်တယ်ဆိုတဲ့ အတုံးအခဲ ရင်မှာဆို့နေတယ်''

ရုတ်တရက် ရှောင်းလင် အေးခဲသွားပြီး သူ့ဘေးနားက အသံအားလုံးက ဒီရေလို ကျသွားရော။

အစ်ကိုသရဲရဲ့ စကားလုံးတွေကပဲ သူ့ခေါင်းထဲရှိနေခဲ့တော့တယ်။

''ဘာလို့လဲ?'' အသံကျယ်ကျယ်နဲ့ အော်လိုက်တယ်။

သူ့ဘေးနားက လူတွေက သူ့ကို ထူးဆန်းသလို ကြည့်လာတယ်။

အခုလေးတင် အတင်းတုပ်နေကြတဲ့ အတန်းဖော်တွေက ရှုပ်ထွေးသွားသလိုနဲ့      ''ဘာကို ဘာလို့လဲ လဲ?''

ရှောင်းလင်ရဲ့နှလုံးသားလေး နစ်မြှပ်သွားသလိုပဲ။

ဘာလို့ဆို အစ်ကိုသရဲရဲ့ ထူးသံလေးက ဘယ်တော့မှ မပေါ်လာတော့ဘူးလေ။



Continue Reading

You'll Also Like

381K 25.5K 65
"You're the never ending blue sky in my world." "Well then you're the green land completing me." Life was crude, a path of potholes and smooth road...
13.1K 1.1K 27
Allah says in the Quran : ── "Women of purity are for men of purity, and men of purity are for women of purity" - This is the story of a girl named f...
2.5M 124K 49
In wattys2018. Spiritual+Romance. Ranking 2 in spiritual (4 March 2018) He's bold. She's shy. He's full of confidence. She's outspoken. He's a workah...
178K 9.8K 28
Aria Zaman Durrani was too childish, too careless for her own good, a total Misfit to attain the title of 'Nawab Begum' and that was the reason Nawa...