🌼မောင်လူဆိုး🌼

By NaweiMonsoe

32.4K 1.7K 125

‌kookက သူဌေးသား လူဆိုးလေး jiက kookတို့ အိမ်မာနေတဲ့ အိမ်ဖော်ရဲ့သား... ⚠️🔞ပါနိုင်ပါတယ်နော် မဖတ်ချင်ကျော်သွားပါ... More

🌼မောင်လူဆိုး🌼(ကြော်ငြာ😁)
part 1
part 3
part 4
part 5
part 6
part 7
part 8
part 9
part 10
part 11
part 12
part 13
part 14
🚨🔞part 15🔞🚨
part 16
part 17
part 18
part 19

part 2

1.7K 112 3
By NaweiMonsoe

🌼မောင်လူဆိုး🌼

ဒီမနက်စောစောထရတယ် နဂိုနေ့တေထက်ကို စောပြီးထရ‌တာ ...
ကျောင်းသွားဖို့ကလဲ ပြင်ဆင်ရ...ဟိုကောင်ကို ကြိုဖို့လဲ လုပ်ရနဲ့ အလုပ်ကိုရှုပ်နေတာပဲ....သူက မနက်စောစောလေယာဉ်နဲ့ရောက်မာလေ...
သူသွားကြိုပြီး ကျောင်းတခါတည်း ပြေးရမာ ..ကျောင်ပျက်လို့မဖြစ်ဘူး....

"ဂျီမင် သားပြီးပြီလား ..
မနက်စာ လာစားတော့..."
"မစားတော့ဘူး မေမေ.."
"ဟဲ့ မစားလို့မရဘူးလေ..လာပါ နည်းနည်းလောက်တော့စားသွား..."

မေမေက အတင်းကျွေးနေတော့လဲ ပေါင်မုန့်တချပ်ကို ပါးစပ်ထဲ ထိုးထည့်ကာ ပလုပ်ပလောင်းနဲ့ ကော်ဖီတခွက်အမြန်သောက်ပြီး ပြေးထွက်လာခဲ့လိုက်သည်...

📞📞📞📞

"အေးပြော ဂျီမင်..."
"ဟျောင့် ငါဒီနေ့ နောက်ကျမယ်ထင်တယ်..ငါ့ကိုမစောင့်ကြနဲ့တော့.."
"အော်..အေးပါ.."
"အင်း..."

ဟိုဆော့ကို ဖုန်းကြိုဆက်ထားရတယ် မဟုတ်ရင် အ့ကောင် စောင့်နေအုံးမာ....
လေယာဉ်ကွင်းရောက်တော့ America ကနေ Seoul ကို ဆိုက်မယ့် လေယာဉ်ကို စောင့်နေရတော့သည်......
လေယဉ်ဆိုက်တာ မနည်းကြာနေပြီ ဒီကောင်က ဘယ်ရောက်နေလဲမသိဘူး ..လူကြားထဲ တိုးရှာနေရတာ ...စိတ်ညစ်တယ် ကျောင်းနောက်ကျနေပါပြီဆို သူ့ကိုရှာရတာ တလုပ်....

မတွေ့တဲ့ အဆုံး ဖုန်းခေါ်ကြည့်တယ် ဂြိုလ်ဆိုးကောင် လုံးဝ မကိုင်ဘူး....
သူနဲ့တူတဲ့လူ တယောက်တော့တွေ့လိုက်မိတယ်..ဒါမဲ့ဖြစ်နိုင်ပါ့မလား လက်တဖက်က tattoo တေနဲ့ အရပ်ကလဲ အရှည်ကြီး မိုးထိုးတော့မယ်...ဗလကြီးကလဲ ကြောက်စရာကြီး....
မဖြစ်နိုင်လောက်ပါဘူး...ကုကု အ့လိုတေ လုပ်ပါ့မလား မတွေ့ရတဲ့ ၁၀နှစ်အတွင်း အ့လောက်ပြောင်းလဲ သွားပါ့မလား....
တော်ပြီ..သူ့အမြန်တွေ့မှ ငါလဲစိတ်အေးရမာ....

လူကို တွေ့ရဲ့သားနဲ့ မမှတ်မိတဲ့ ကိုကို...ထားလိုက်အုံးမယ် ဘယ်ချိန်ထိ ရှာနေအုံးမလဲ ဆိုတာ..
အရင်တိုင်းပဲ ခလေးလေးလို သေးသေးကွေးကွေးလေး အသားလေးကလဲ ဖြူဖွေးဥနေတာပဲ.....

ဂျောင်ကု ဂျီမင်ရဲ့ အနောက်ကနေသာ ကြည့်နေလိုက်သည်...ဖုန်ခေါ်လဲ မကိုင်ဘူး..သူ့ကိုပဲကြည့်နေလိုက်တယ်...ဒါတောင် သူက ကိုယ်ကို တချက်တချက် မျက်စောင်းက ထိုးသေး ...
သူ့ကို ကြည့်နေတာ မကြိုက်လို့လား ..စိတ်တိုနေတာလားတော့ မသိ.....
တကယ်ဆို ပြေးဖက်ကာ သူ့ပါးလေးကို နမ်းပလိုက်ချင်မိတယ်..အကြာကြီး ဖက်ထားချင်တယ်....ဒါမဲ့ သူက ကိုယ့်ကို မမှတ်မိလေတော့ အသာလေးပဲ ကြည့်နေရသည်...

"အ့ဂြိုလ်ဆိုးကောင် တွေ့လို့ကတော့ အမှုန့်ကြိတ်ပစ်မယ်..."

ရှာနေတဲ့လူက မတွေ့ပါဘူးဆို နောက်ကတယောက် ကိုယ့်ကိုကြည့်နေတာက အစိမ်းလိုက်ဝါးစားမတတ်...ကုကုထက်အကြောင်းဆိုးတဲ့ အကောင်ပေါ်လာပြီ ရုပ်ကိုက ..မပြောချင်ဘူး..ဂလေကချေရုပ်...

ဂျီမင် ပြောရင်းဆိုရင်း ဖုန်းခေါ်ပြီး လူရှာဖို့ ဂျောင်ကု ဘက်သို့ လျှောက်လာချိန်....
ခေါ်မှ ထွက်လာသော ဂျောင်ကု ဖုန်းသံ......
မဖြစ်နိုင်လောက်ပါဘူး ဒါတိုက်ဆိုင်တာ......ဂျောင်ကုနားရပ်ကာ ဖုန်းကို ခေါ်လိုက် ချလိုက် လုပ်ကြည့်မိလိုက်သည်...
သူ့ဘက်က ချရင် ဟိုဘက်က အသံတိတ်သွားတယ် ..ခေါ်လိုက်ရင် အသံထွက်လာပြန်တယ်...သေချာတယ် သူက ကုကု.....ထင်မထားဘူး... ငယ်ငယ်ကထက် တော်တော်ကို ပြောင်းလဲသွားတယ်...အ့ကြောင့် လူကို ကြည့်နေတာက တနာမျက်စိနဲ့ကိုး....ငါ့ကိုရော မမှတ်မိတာလား...

"ဘာလို့ ရပ်နေတာလဲ..ကိုကို...."
"မင်း.."

ခွေးကောင် ငါ့ကို သိရဲ့သားနဲ့ ငြိမ်နေတာ...
ဟူး စိတ်လျော့ စိတ်လျော့ ခုမှ တွေ့ရုံရှိသေးတယ် ပြသနာ မဖြစ်ချင်ဘူး...

"သတိရနေတာ .."
"Yarr...မဖက်နဲ့"
"ကိုယ်ချစ်သူတောင် မေ့သွားတယ်ပေါ့.."
"Yarr...ပေါက်ကရတေ မပြောနဲ့....လွှတ် ပြန်မယ် ...
ငါကျောင်းနောက်ကျ နေပြီ..."
"နောက်ရက်မှ တက်ပေါ့ ဘာခက်လဲ.."
"မင်းဟာလေ...လာတော့..."

သူ့အထုပ်တေလဲ နည်းနည်းပါးပါးကူဆွဲပေးပါ့လား မဟုတ်ဘူး မနိုင့်တနိုင်နဲ့ ငါ့မာ သယ်လိုက်ရတာ....

"လှလာတယ်နော်.."
"ကု..."
"တကယ်ပြောတာ.."
"မင်းပါးစပ်ပိတ်ပြီး တိတ်တိတ်လိုက်နော်...မဟုတ်ရင် ငါရှေ့ကနံရံဝင်တိုက်ပလိုက်မာ..."
"ကိုကိုနဲ့ ဆို သေရဲတယ်..."
"ဟက်..ငါတော့ မင်းနဲတူတူ မသေချင်ဘူး...."
"ဟော...
စိတ်တိုနေတာလေးက ချစ်စရာလေး...."
"Yarr.....ခွေးကောင်"
"ဘာလုပ်တာလဲ ကိုကို...."

"ဒုန်း...."

ကားမောင်းနေတာသိရက်နဲ့ လက်က လည်ပင်ကို လာပွတ်သီးပွတ်သတ်လုပ်လိုက်တာ ယားလဲယား စိတ်ကလဲတိုနေတော့ ကားကို နံရံဘက်ကို ဦးတည် မောင်းပြီး အနားကျမှ ဘရိတ်စောင့်နင်းလိုက်သည်...အနားရောက်မှ ဘရိတ်နင်းလိုက်တော့ အရှိန်က မသေဘဲ နံရံနဲ့ အနည်းငယ်တိုက်မိသွားသည်.....
ကာလဲ အနည်းငယ်ပွန်းသွားသည်....

"ဘာလို့ အ့လိုလုပ်ရတာလဲ ...မတော်လို့ တခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ..."
"မင်းလက်က အငြိမ်နေလေ...လက်ကမြင်းပြီးတော့ လာမကိုင်နဲ့...."
"ကိုကို့ကိုထိရုံလေးပဲလေ.."
"မထိနဲ့....မကြိုက်ဘူး..."
"ကိုကိုက ငယ်ငယ်တည်းက ကျတော့အပိုင် ကျတော်ထိလို့ရတယ်...
ကျတော်ကလွဲလို့ ဘယ်သူမှထိလို့တော့မရဘူး ..."
"တကိုယ်ကောင်းသမား...ငါကလူ မင်းအရုပ်မဟုတ်ဘူး..."
"ကိုကိုက ကုအပိုင်ပဲ အ့မှတ်ထားလိုက်....
ခုအိမ်ပြန်ချင်တယ် မောင်းတော့...."

အိမ်ရောက်လဲ ဂြိုလ်ဆိုးကောင် သူ့အထုတ်တေ သယ်ပြီး အိပ်ခန်းထဲထိ ပို့ပေးရသေး.....
အေးလေ ကိုယ်က သူ့အလုပ်သမား သူက ကိုယ်ကျေးဇူးရှင်...ဘယ်လိုပဲ ရင်နှီးရင်နှီး ကိုယ်က အလုပ်သမား ကိုယ့်တာဝန်ကတော့ ကျေအောင်လုပ်ရမာပဲ....

"ဘယ်သွားအုံးမလို့လဲ..."

စိတ်ညစ်တယ် ရှေက ကာဆီး ကာဆီးနဲ့...

"ငါကျောင်းသွားရအုံးမယ်....မင်းအမျိုးမျိုးမွှေနေလို့ ကျောင်းနောက်ကျနေပြီ...အတန်းတေလဲ နောက်ကျကုန်ပြီ..အ့သိလား..."
"မသိဘူး နောက်နေ့မှတက် ခုမသွားနဲ့တော့.."
"ရူးနေလား ..."
"လွမ်းနေလို့.."
"ဟက်..သေလိုက်တော့ ..."
"မသွားရဘူး.."
"ဖယ်ပေးနော် ကုကု ငါအန်တီနဲ့တိုင်မာ..."
"လုံးဝ..."
"Yarr....."

အပေါ်မာ အော်သံကြားတယ် ဂျီမင်အသံ ..ကုကုစနေပြန်ပြီထင်တယ် .....အပေါ်သာ အမြန်တက်ရတော့သည်..မဟုတ်ရင် ဂျီမင် ငိုအောင်ကို ကုကုက စတာ..ငယ်ငယ်ကဆို တကျက်ကျက်....ဂျီမင်ဆို ခနခနငိုတယ်....

"လွှတ်စမ်း ကုကု.."
" No..."
"ငါထိုးမာနော်..."
"ဘာနဲ့လဲ...ထိုးကြည့်လေ..."
"ခွေးစကားမပြောနဲ့ "
"ကု ကိုကို့ကို လူစကားပြောနေတာပဲလေ..."
"မင်း..."

"ကဲ တော်တော့ ကုကု ဂျီမင့်လက်ကို လွှတ်လိုက် ...
ခုမှ ပြန်ရောက်တယ် ပြသနာက မီးခွက်ထွန်းရှာနေပြီ...."
"မာမီ..သားက ကိုကို ပင်ပန်းမာဆိုးလို့ ဒီနေ့ကျောင်းမသွားခိုင်းတာပါ....
နက်ဖြန်မှ ကျတော့နဲ့တူတူသွားပေါ့ မဟုတ်ဘူးလား..."
"ဘာ...."
"ကိုကို....
ဘာလို့အော်တာလဲ..."
"ဟုတယ် ဂျီမင် ဘာလို့လန့်သွားတာလဲ..."
"ကုက ဒီကို အပြီးပြန်လာတာလား....
ဟိုပြန်မသွားတော့ဘူးပေါ့..."
"အော် ကိုကိုရယ် ကျောင်းဒီမာ ပြန်တက်ပါတယ်ဆိုမှ အပြီးပြန်လာတာ ....ကိုကို့နား နေချင်လို့..."
"ဟုတယ် ဂျီမင် ...သား ကုကုကို ကျောင်းမာထိန်းကျောင်းပေးပါအုံးနော်..."
"ဟမ်...အော်...ဟုတ်ကဲ့..."
"ကဲ ဂျီမင် သားကျောင်းမသွားနဲ့တော့ နက်ဖြန်မှ ကုနဲ့ အတူသွားလိုက်...ခုတော့ သွားနားလိုက်အုံး"
"ဟုတ်..."

ကုကု လက်ကို ခါချကာ အခန်းထဲက ထွက်လာလိုက်သည် ....ဘဝက ခုတော့ ကံစီမံရာအတိုင်ပေါ့ ....

" ကုကု သားလဲ ရေမိုးချိူး အနားယူတော့.."
"ဟုတ် မာမီ...."

မာမီထွက်သွားတော့ ကုတင်ပေါ် အားရပါးရလှဲချလိုက်သည်....
ကိုကိုနဲ့ အတူ ဘဝကိုဖြတ်သန်းချင်တယ်...ကိုကို့ကို ချစ်တယ်  ....

🌼🌼

မိုးလင်းတာနဲ့ ကျောင်းသွားဖို့က ပြင်ဆင်ရ....မနေ့က ကျောင်းမတက်တော့ ဒီနေ့‌ လောမှဖြစ်မယ်...မနက်စာ စားပြီးတာနဲ့ ကျောင်းသွားရန် ပြင်လိုက်သည်....

"သား ကုကုကိုမစောင့်တော့ဘူးလား..."
"မေမေ မစောင့်နိုင်တော့ဘူး သားစာတေ နောက်ကျနေပြီ ပြန်ကူးရအုံးမယ်...ဒီနေ့ စောစောသွားမာ..."
"အော် အင်းပါ..ဂရုစိုက်သွား...."
"ဟုတ် မေမေ..."

ဖေဖေကို လိုက်မပို့ခိုင်းတော့ဘူး ပင်ပန်းမာစိုးလို့ ကျတော့လိုက်ပို့ရ ကုကုလိုက်ပို့ရ အန်တီ့ကို လိုက်ပို့ရ ....သွားလိုက်ပြန်လိုက် ပိုပင်ပန်းသွားလိမ့်မည်....

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
တိုတိုလေးရေးနေတော့ အားနာပါတယ်နော်...
အမှားပါရင် ဖြည့်ဖတ်ပေးပါ... 
အဆင်မပြေရင်လဲ သည်းခံကြပါ...
တခြား ဇာတ်လမ်းအရေးအသားတေနဲ့ တူနေရင်လဲ ပြောပေးကြပါ...ဒါမှ စိုးပြင်လို့ရမာလေ..
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼



Continue Reading

You'll Also Like

5.5M 226K 68
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
306K 19.4K 48
The story of two souls who have experienced utmost love as well as heartbreak. What happens when two of them collide accidently? Will they heal each...
10.2M 640K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
533K 33.8K 69
"Sshhhhh....." he hushed and pinned us against the wall leaving no space between us. I held onto his biceps with my hand in reflex. He shook his head...