Unicode
၂နှစ်ခန့်ကြာသော်...
ခုဆို ရှိုင်းတောင်၁၉နှစ်ပြည့်သွားပြီဖြစ်သည်။ လွန်း အိမ်မှထွက်ခဲ့တဲ့ ညရဲ့ နောက်နေ့ကစပြီး ရှိုင်းပြင်သစ်မှာဘဲ ကျောင်းဆက်တက်ရသည်။ လွန်းလည်း ကျောင်းထွက်ကာ အိမ်ကမသိနိုင်တဲ့ တခြားကျောင်းတွင် အလုပ်လုပ်ပိုက်ဆံရှာပြီး ဆက်တက်ခဲ့ရသည်။
ဒီနေ့ရှိုင်းရဲ့မွေးနေ့ဖြစ်သလို စာမေးပွဲနောင်ဆုံးရက်လည်းဖြစ်ပြီး ရှိုင်းမြန်မာပြည်ပြန်မဲ့နေ့လည်းဖြစ်သည်။
တိတ်ဆိတ်နေသော စာမေးပွဲခန်းထဲတွင် ဖြေဆိုသူများနှင့် တာဝန်ကျ အခန်းစောင့် ဆရာ၊ဆရာမများလည်းရှိသည်။
ရှိုင်း စာဖြေနေတုန်း ဘေးနားသို့ မသိမသာတိုးလာတဲ့ကောင်မလေးကြောင့် စိတ်ရှုပ်ထွေးရသည်။
" Hi! Nice to meet you "
" ... "
ထိုကောက်မလေးက ရှိုင်းအား အဂ်လိပ်လိုနှုတ်ဆက်လာသော်လည်း ရှိုင်းကတော့ သူနှင့်မဆိုင်သလို စာသာဆက်ဖြေနေလိုက်သည်။ ထိုကောင်မလေးကလည်းအားမလျှော့ပေ....
" Are you proud? "
" Don't talk "
" Ohh! Ok sorry! "
" Hey! Don't talk and take the exam "
ရှေ့နားတွင် မိန့်မိန့်ကြီးရပ်နေတဲ့ ဆရာက
ရှိုင်းတို့အား လှမ်းအော်လာသည်။
" If you want to talk, get out of the exam room! OK? "
ဆရာက ထပ်အော်လာတော့မှ ထိုကောင်မလေးကတိတ်ဆိတ်သွားတော့သည်။
ရှိုင်းလည်း စာကိုသာဆက်ဖြေနေလိုက်သည်။
စာဖြေပြီးသည်နှင့် စာမေးပွဲခန်းထဲမှ ထွက်လာခဲ့တော့ နောက်မှလှမ်းခေါ်သူက..
" Hey! Wait me. "
ထိုသူမှာတခြားသူမဟုတ် ခုနကရှိုင်းကို အာရုံလာနောက်တဲ့ကောင်မလေးဖြစ်သည်။ ထိုကောင်မလေးက ပြေးလာတာမို့ ရှိုင်းလည်း ရပ်စောင့်လိုက်ရသည်။
" You are so fast. "
" Because you know me? "
" Oh! No, I want to be with you. "
ရှိုင်းဘာစကားမှမဆိုဘဲ တိတ်ဆိတ်နေမိသည်။ ဘာလား... မြန်မာပြန်ခါနီးမှ ဖွန်ကြောင်ခံနေရတာလားပေါ့...
" What is your name? "
" Shine Khant Thaw. "
" My name is Solomon. Mon can be called. "
" Ok! "
" What nationality are you? "
" I am Myanmar. "
" Oh! Really? Coincidentally, I'm from Myanmar "
" Oh! Good! "
ရှိုင်းမျက်နှာက ခုနကလိုမဟုတ်ဘဲ နဲနဲပျော့လာသည်။ ခုနကတော့ ရှိုင်းမျက်နှာက အဏုမြူဗုံးပေါက်တော့မလို တင်းမာနေသည်။
" မြန်မာလိုဘဲပြောကြတာပေါ့ သက်သောင့်သက်သာ "
Monကဆိုလေတော့ ရှိုင်းက ခေါင်းသာ အသာညိမ့်ပြမိသည်။
" ရှင်က မြန်မာစစ်စစ်လား "
" အင်း "
" ကျွန်မကသွေးနှောတယ် ပြင်သစ်မြန်မာကပြားလေ ပြီးတော့ ကျွန်မမြန်မာကိုတစ်ခါမှမရောက်ဖူးဘူး "
" ဟမ်! ဘာလို့လဲ "
ဘာရယ်မဟုတ် ရှိုင်းစပ်စုမိသည်။ monကအံကြိတ်ကာ တစ်ခုခုကိုပြောဖို့လုပ်သည်။
" ကျွန်မအမေက ဒီမှာကျောင်းတက်ရင်း ဖေဖေနဲ့ဆုံတာတဲ့ ပြီးတော့ ချစ်ကြိုက်တယ် လက်ထပ်တယ် ကျွန်မကိုမွေးတယ် မေမေက မြန်မာပြည်က သူ့မိဘ၊ ပြောရရင် ကျွန်မအဖိုးအဖွားတွေကို မေ့ထားလိုက်တာ အချစ်ကြောင့် အချစ်တစ်ခုတည်းကဘဲ မေမေနဲ့ဖွားဖွားတို့ကို ကွဲကွာစေတာ "
Monက မျက်စိမျက်နှာပျက်နဲ့ပြောတော့ ရှိုင်းက အားနာမိသည်။
" ခုရော မြန်မာမှာ ခင်ဗျား အဖွားရှိလား "
" ဟင့်အင်း မသိဘူး ဒါမဲ့ကျွန်မသွားရှာချင်တယ် ပြီးရင် ပြင်သစ်ကိုဘယ်တော့မှပြန်မလာဘဲ ဖွားဖွားနဲ့ဘဲအတူနေချင်တာ "
" ဘာလို့... "
" ေဖဖေတို့က ကျွန်မကိုမွေးထားပေမဲ့ သူတို့နဲ့မဆိုင်သလိုနေကြတာ စီးပွားရေးလုပ်တယ် ကျွန်မကိုပစ်ထားတယ် ခုချိန်ထိ ကျွန်မတစ်ယောက်ထဲရုန်းကန်လာတာဘဲ "
Monက စိတ်ဓာတ်သန်မာတဲ့ မိန်းကလေးတစ်ယောက်ဖြစ်သည်။ ဘာဖြစ်ဖြစ် သူမက သူမအတွက် အသက်ရှင်တယ်။ ဘာပြဿနာဖြစ်ဖြစ် သူမရုန်းကန်ဖြေရှင်းနိုင်သည်။ ငွေရှိပြီး အထီးကျန်တဲ့ဘဝကြီးကို သူမမုန်းသည်။
" ထားလိုက်ပါ ရှင် ဘာဆက်လုပ်မှာလဲ ကျောင်းပြီးပြီဆိုတော့ "
" မြန်မာပြန်မှာ "
" ကောင်းသားဘဲ ကျွန်မလည်းပြန်ဖို့တွေးထားတာ ကျွန်မကို အဖော်ပြုပေးပါလား ရှင်က ကျွန်မရဲ့ပထမဆုံးသူငယ်ချင်းပါ "
" အင်း ရတယ် "
" ကျေးဇူးပါ ဒါနဲ့ဘယ်နေ့ပြန်မှာလဲ "
" ဒီည၁၂နာရီ လေယာဉ်နဲ့ "
" Ohh! မြန်လိုက်တာ ကိစ္စရှိပါဘူး ကျွန်မမြန်မြန်ပြင်လိုက်မယ် ရော့ဒါကျွန်မဖုန်းနာပါတ် ဆက်သွယ်လိုက် "
" Ok. "
သူမ ရှိုင်းကို ဖုန်းနံပါတ်ကဒ်လေးပေးကာ အဆောင်ပြန်သည်။ ရှိုင်းလည်း အဆောင်ပြန်ကာ ပစ္စည်းသိမ်းဆဲလိုက်သည်။
• • • • •
" ရှင် ရှိုင်းဆီကအဆက်အသွယ်ရလား လွန်းရော "
" ဘယ်သူ့ဆီမှ အဆက်အသွယ်မရဘူး "
" ရှိုင်းက ရှင့်ကိုစိတ်ဆိုးနေတာ ခုထိမပြေသေးဘူးထင်ပါတယ် ၂နှစ်လုံးလုံး ဖုန်းလေးတကောတောင်မဆက်ဘူး သားတွေကို သတိရလိုက်တာ ရှင်ဘာလို့ သားကိုပြင်သစ်ပို့လိုက်တာလဲ "
" ကိုယ်လည်း သတိရပါတယ် ကိုယ်လည်း ပြင်သစ်မပို့ချင်ပါဘူး မင်းသားလုပ်ပုံကိုကြည့် အချိုးမှမပြေတာ ပြီးတော့ အဝေးပို့လိုက်တာလည်း ကောင်းပါတယ် သူ လိမ္မာလာလောက်ပါတယ် "
" အဲ့လိုဘဲ မျှော်လင့်ပါတယ် "
" မေမေ! "
" ဟင်! သား လွန်း တကယ်ဘဲသားလား သားကိုသတိရနေတာ သားဘယ်တွေရောက်နေတာလဲ ဟင် လာပါဦး မေမေသားကိုဖက်ထားချင်လို့ "
" ဟင့်... မေမေ သားတောင်းပန်ပါတယ် သားထင်တာ... သားထင်တာ မေမေတို့သားကိုမုန်းသွားမယ်လို့လေ ဒီအတောအတွင်း သားမေမေတို့ကို ခနခနလာကြည့်ပါတယ် အဆင်ပြေရဲ့လားလို့ ရှိုင်းကိုမတွေ့မိလို့ ရှိုင်းဘယ်ရောက်သွားတာလဲဟင် မေမေ "
" မင်းအဖေ ရှိုင်းကိုပြင်သစ်ပို့လိုက်တာ "
" ဗျာ! "
" ခနပါကွာ ခင်ကလည်း သူလည်း စာမေးပွဲပြီးရင်ပြန်ခဲ့လောက်မှာပါ ကြားထားတာတော့ ဒီအပတ်ထဲပြီးမယ်ထင်တယ် စာမေးပွဲက "
" ဟင် တကယ်လား အဲ့တာ ရှင်ဘာလို့အစောထဲကမပြောတာလဲ "
" မင်းက စကားတွေအဆက်မပြတ်ေပြာပြီးငိုနေတာကို ဘယ်လိုပြောရမှာလဲ ကဲပါ သား လွန်း သားအိမ်မှာပြန်လာနေနော် သား "
" ဒါမဲ့... "
" ဟုတ်တယ်သားရယ် မေမေတို့နဲ့နေပါ ထပ်ထွက်မသွားပါနဲ့တော့နော် "
" ဟုတ်ကဲ့ပါ "
" ကောင်းလိုက်တာ မေမေ့သားလေးကြည့်ပါဦး ပိန်သွားလိုက်တာ "
မေမေက လွန်းပါးကိုအုပ်ကိုင်ကာ ဆိုလေသည်။ လွန်းမျက်ရည်ကျလောက်အောင် ဝမ်းသာမိပါသည်။ မေမေတို့က သူထင်ထားသလိုမဟုတ်ခဲ့ဘူးလေ။ မုန်းသွားမယ်ထင်ထားခဲ့တာ ခုကျ ထင်ထားသလိုမဟုတ်။အိမ်ကထွက်သွားခဲ့တာ မှားပြီထင်ပါရဲ့။ ရှိုင်းပြန်လာရင် လွန်းကို အမြင်ကြည်မယ်မထင်ပေ။ လွန်းကြောင့် ပြင်သစ်သွားလိုက်ရသည်လေ။ လွန်း မေမေတို့အား နေ့တိုင်းပုံမှန် လာချောင်းကြည့်ဖြစ်သည်။ ဒီတစ်ခါ မေမေက ပြင်းပြင်းထန်ထန်ငိုနေသည့်အပြင် လွန်းကိုသတိရကြောင်းပါပြောနေတော့ လွန်းစိတ်မထိန်းနိုင်ဘဲ မေမေတို့နဲ့ ထိပ်တိုက်တွေ့လိုက်မိသည်။
_____
နောက်ကျသွားရင် ဆောတီးပါဗျာ ဒီမှာအာရုံများနေတော့ စဉ်းစားရခက်နေတာ😩
အားရင်ထပ်အပ်ပေးပါမယ်ဗျ🫶
Zawgyi
၂နှစ်ခန့်ကြာသော်...
" Hi! Nice to meet you "
" ... "
" Are you proud? "
" Don't talk "
" Ohh! Ok sorry! "
" Hey! Wait me. "
" You are so fast. "
" Because you know me? "
" What is your name? "
" Shine Khant Thaw. "
" Ok! "
" I am Myanmar. "
" Oh! Good! "
" အင်း "
" ဟမ်! ဘာလို့လဲ "
" ဘာလို့... "
" ဖေဖေတို့က ကျွန်မကိုမွေးထားပေမဲ့ သူတို့နဲ့မဆိုင်သလိုနေကြတာ စီးပွားရေးလုပ်တယ် ကျွန်မကိုပစ်ထားတယ် ခုချိန်ထိ ကျွန်မတစ်ယောက်ထဲရုန်းကန်လာတာဘဲ "
" မြန်မာပြန်မှာ "
" အင်း ရတယ် "
" ဒီည၁၂နာရီ လေယာဉ်နဲ့ "
" Ok. "
• • • • •
" မေမေ! "
" ဗျာ! "
" မင်းက စကားတွေအဆက်မပြတ်ပြောပြီးငိုနေတာကို ဘယ်လိုပြောရမှာလဲ ကဲပါ သား လွန်း သားအိမ်မှာပြန်လာနေနော် သား "
" ဒါမဲ့... "
" ဟုတ်ကဲ့ပါ "
_____