MY Bad Elder Brother...

De MhileNyo2009

62.4K 1K 85

" အတိတ်ကအတိတ် ၊ ပစုပ္ပန်ကပစုပ္ပန် ၊ အနာဂိတ်ကအနာဂတ်.. ဘယ်အရာမှ ကျုပ်စိတ်မဝင်စားဘူး... ဒါမဲ့ ခုလက်ရှိမှာ ရှိနေတ... Mais

Intro
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)💋
အပိုင်း(၆)🔞
အပိုင်း(၇)🔞
အပိုင်း(၈)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)🔞
အပိုင်း(၁၃)🌚
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
🩵🩵
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)🔞
အပိုင်း(၂၂) unicode
အပိုင်း(၂၂) zawgyi
အပိုင်း(၂၃) unicode
အပိုင်း(၂၃) zawgyi
အပိုင်း(၂၄) unicode
အပိုင်း(၂၅) Unicode
အပိုင်း(၂၄) zawgyi
အပိုင်း(၂၅) zawgyi
အပိုင်း(၂၆) unicode
အပိုင်း(၂၆) zawgyi
အပိုင်း(၂၇) unicode
အပိုင်း(၂၇) zawgyi
အပိုင်း(၂၈) unicode
အပိုင်း(၂၈) zawgyi
အပိုင်း(၂၉) unicode🔞
အပိုင်း(၂၉) zawgyi 🔞
အပိုင်း(၃၀) unicode
အပိုင်း(၃၀) zawgyi
အပိုင်း(၃၁) unicode
အပိုင်း(၃၁) zawgyi
အပိုင်း(၃၂) unicode
အပိုင်း(၃၂) zawgyi
အပိုင်း(၃၃) unicode
အပိုင်း(၃၃) zawgyi
အပိုင်း(၃၄) unicode 🔞
အပိုင်း(၃၄) zawgyi 🔞
အပိုင်း(၃၅) unicode
အပိုင်း(၃၅) zawgyi
အပိုင်း(၃၆) (final) unicode
အပိုင်း(၃၆) (final) (zawgyi)
Thank! my reader🩵(Unicode)
Thank! my reader🩵 (Zawgyi)

အပိုင်း(၉)

1.6K 35 2
De MhileNyo2009

Unicode

ရှိုင်းက အဖေဖြစ်သူဆီက အထိုးခံရလို့ပေါက်သွားတဲ့ နှုတ်ခမ်းကို လက်မနှင့် အရေးမပါသလို ဖိသုတ်လိုက်သည်။ ပုံစံကိုက နည်းနည်းမှထောင့်မကျိုး။ မျက်နှာအမူအရာမှာ
လည်း နောင်တရသွားတာမျိုးမရှိ။

" မိဘမျက်နှာကို အိုးမဲသုတ်တဲ့ကောင်! မင်းကြောင့် ငါတို့ခွေးဖြစ်သွားပြီကွ အရိုင်းအစိုင်းကောင်!မင်းကို သင်ပေးထားတဲ့ပညာတွေကို ဘယ်နားမှာ သွားသုံးစားမှာလဲ ဟမ်! အဲ့လောက်အောက်တန်းကျတဲ့ အလုပ်မျိုးလုပ်ရအောင်မင်းမှာအသိတရားနည်းနည်းမှမရှိဘူးလားဟမ်!တော်တော် မိုက်ရိုင်းတဲ့ကောင် "

" တော်ပါတော့ ဖေဖေရာ ကျွန်တော့်အမှားတွက် တောင်းပန်ပြီးပြီဘဲ ၊ ပြီးတော့ တာဝန်ယူဖို့လည်း ပြောပြီးပြီ "

" ဘာကွ! ဒါ တောင်းပန်ရုံနဲ့ပြီးသွားမဲ့ကိစ္စလား မင်း! ငါကွာ... စိတ်ရှိလက်ရှိသာဆိုရင်တော့ ငါမင်းကို သတ်မိတော့မယ် "

" ကျစ်! နားငြီးလိုက်တာ "

ရှိုင်းတစ်ယောက် ခေါင်းအား တဗျင်းဗျင်းကုတ်ပြီး အောက်ငုံ့ကာ တိုးတိုးဆိုလေတော့

" ဘာကွ! မင်း! တောက်! ပြင်ထား မင်းကျောင်းထွက်တော့ ငါမင်းကို ပြင်သစ်ပို့မယ် မင်းပြင်သစ်မှာ ကျောင်းတက်ပြီး စောက်ချိုး‌တွေပြင်ခဲ့စမ်း ဟေ့ကောင်! "

" ဗျာ! ကျွန်တော်မသွားချင်ဘူး ဖေဖေ "

" မင်း သွားကိုသွားရမယ် ငါ့ကို အတွန့်လာမတက်နဲ့ သွား ခုချက်ချင်း အဝတ်အစားတွေသွားသိမ်း မင်းမျက်နှာကို တစ်ရက်လေးတောင် ပိုမမြင်ချင်တော့ဘူး ဟေ့ကောင် "

" ဖေဖေ ကျွန်တော်... "

" တောက်! မင်း လူကမွေးရင် လူစကားနားလည်စမ်းပါ "

" ကျစ်! ပြီးရောဗျာ "

ဖေဖေက အလိုမကျသည့် မျက်နှာနှင့် အခန်းထဲကထွက်သွားပြီး တစ်ဖက်ခန်းထဲဝင်သွားတဲ့ သားဖြစ်သူကိုကြည့်ကာ လွန်းအား အားနာနေမိသည်။

" တောက်! "

" စိတ်ကိုလျှော့ပါ ကိုရယ် ကျွန်မတို့ လွန်းကို ဘယ်မှာရှာကြမလဲ "

" မသိဘူး တွေ့အောင်ကိုရှာရမယ် လွန်းမှာ သွားစရာနေရာလည်း ရှိတာမဟုတ်ဘူး "

" အင်းးးး ဘာတွေဖြစ်ကုန်တာလဲရှင် ကျွန်မဖြင့် စိတ်တွေတော်တော်ညစ်နေပြီ ဘာလို့ကျွန်မတို့မိသားစုမှာမှ ဒီလိုတွေဖြစ်နေရတာလဲ "

" မငိုပါနဲ့ ခင်ရယ် ကိုယ်တို့လွန်းကို တွေ့အောင်ရှာကြမယ်‌နော် "

ခင့်အားနှစ်သိမ့်စကားဆိုကာ ရင်ခွင်ထဲတင်းကြပ်စွာဖက်ထားလိုက်သည်။ ချစ်ရသူ ခင်ကတော့ ဦးရှိုင်းမင်းဆက် ရင်ခွင်ထဲတွင် ငိုကြွေးနေရှာသည်။

" ဟာကွာ တောက်! "

ဘုန်း! ဒုန်း!

ရှိုင်း ဒေါသကြောင့် နံရံကို လက်ဖြင့် ထိုးနေမိသည်။ကြာတော့ လက်မှ သွေးများပင်ထွက်လာတော့သည်။ ထိုဒေါသကြောင့် နာကျင်မှုကိုပင် မခံစားနိုင်တော့။

" ဖေဖေရာ ကွန်တော်က ဖေဖေ့သားအရင်းပါ ဖေဖေဘာကိစ္စ အဲ့ကောင်ဘက်က ပါနေရတာလဲ ကွာ... တောက်! "

ဒေါတပုန်ထနေတဲ့ ရှိုင်းက ကျားရိုင်းတစ်ကောင်လို မှုန်ယိုနေသည့်မျက်နှာ။ ဒေါသကြောင့် မြန်နေတဲ့ အသက်ရှူသံတွေကလည်း အခန်းတွင်း ပျံ့လွင့်နေသလို တစ်ရှူးရှူးတစ်ရှားရှား ဖြစ်နေသည်။

" တောက်! "

• • • • •

မျက်လုံးဖွင့်လိုက်သည်နှင့် မှောင်ရိပ်တို့ ပျောက်ကွယ်သွားပြီး သာယာသော နေရောင်ခြည်ကို မြင်ရသည်။

" နိုးပြီလား ထ ဆေးသောက်လိုက်ဦး "

ဘေးနားတွင်ရှိသော ကောင်မလေးက စားပွဲပေါ်တင်ထားသော ဆေးဗူးထဲမှ ဆေးတစ်လုံးထုတ် လွန်းအား ရေနှင့်အတူ ကမ်းပေးလာသည်။

" ကျွန်တော်... ဟို.. အမက "

" အော် မင်း တံတားမှာ လှဲနေတာတွေ့လို့ ခေါ်လာတာ မနက်ကတော်‌ေသးတယ် အ‌ေစာကြီးငါလုပ်စရာရှိလို့ အဲ့ဘက်ကဖြတ်ရင်းနဲ့ မင်းကိုတွေ့တာ "

" အာ... ကျေးဇူးပါဗျ "

" အင်.. ရပါတယ် ရော့ ဆေးသောက်ထားလိုက်ဦး "

" ဟုတ် ထပ်ပြီး ကျေးဇူးတင်ပါတယ် "

" ရပါတယ် "

ထိုအမလက်ထဲမှ ‌ဆေးနှင့်ရေကိုယူကာ တစ်ကျိုက်တည်းမော့လိုက်သည်။

" ကျေးဇူးပါအမ ဒါနဲ့အမနာမည်က "

" အမနာမည်က လွန်းနဒီပါ "

" ဗျာ...ကျွန်တော်နဲ့မျိုးရိုးနာမည်တူတယ်ဗျ "

" ဟင် ဟုတ်လား မောင်လေးနာမည်က "

" လွန်းငယ်ပါ ဒါရေစက်ထင်ပါတယ်ဗျာ "

" ဟုတ်ပါ့နော် ဒါနဲ့ သွားစရာနေရာမရှိဘူးလား ခရီးဆောင်အိတ်နဲ့ဆိုတော့ "

နဒီကမေးတော့ လွန်းကမျက်နှာပျက်သွားသည်။ ခေါင်းကိုအောက်ငုံ့ကာ ဖြေလိုက်တော့

" အာ.. ကျွန်တော် အိမ်ပေါ်ကဆင်းခဲ့တာဗျ "

" အော် ဒါဆိုအမအိမ်မှာနေလေ အမလည်းပျင်းနေတာ အမအဖွားရယ် အမရယ်ဘဲရှိတာ  အိမ်ကနည်းနည်းတော့စုတ်တယ်နော် "

" အာ.. ရပါတယ် ဖြစ်ပါ့မလား အမကိုအားနာတယ် "

" အားမနာပါနဲ့ ခုနကမောင်လေးပြောသလို ရေစက်ပါလို့ ဆုံပြီးပြီဘဲလေ ဆက်ဆုံရုံပေါ့ "

" အာ့ဆို အမကိုကျေးဇူးတင်ပါတယ် "

လွန်း အမကိုကျေးဇူးတင်စကားဆိုပြီးတော့   တစ်ဖက်သို့လှည့်ကာ ပြန်အိပ်နေလိုက်သည်။

( ခုချိန်အိမ်မှာ ဘာတွေဖြစ်နေမလဲမသိဘူး ဟူးးးး ငါ့လုပ်ရပ်က မှန်ရောမှန်ပါ့မလား )

အိပ်‌နေရင်း သက်ပြင်းတွေချနေသူကို နဒီ တစ်ချက်ကြည့်ပြီး ထိုနေရာမှ ထထွက်သွားသည်။

• • • • •

" ပြင်ပြီးပြီလား ထ အခုသွား မင်းမျက်နှာငါထပ်မမြင်ချင်တော့ဘူး "

" ဖေဖေ ကျွန်တော်... "

" မကြားချင်ဘူး မင်းဘာမှလာမပြောနဲ့ မင်းတွက် လေယာဉ်စီစဉ်ပေးထားတယ် မင်း မြန်မြန်သွားလေ ငါစိတ်အေးလေဘဲကွ "

" သွားမယ်ဗျာ အဲ့လောက်ထိမောင်းထုတ်စရာမလိုဘူး ခင်ဗျားတို့ မလိုချင်တဲ့သားက ခုခင်ဗျားတို့စိတ်တိုင်းကျ ထွက်သွားတော့မှာ၊ ပျော်တယ်မလား ပျော်လိုက်ကြစမ်းပါ ခင်ဗျားတို့သားက ယောက်ျားလေးတစ်ယောက်ကို မဒိန်းကျင့်လိုက်တယ်ဆိုတဲ့ သတင်းသာ ပျံ့ရင် ခင်ဗျားတို့ မျက်နှာဘယ်နားသွားထားမလဲ ကိုယ့်ကိုရွေးကြ "

" ဘာ! မင်း... "

ခွပ်!

" ကို! "

မျက်နှာပေါ်သို့ ထပ်မံကျရောက်လာတဲ့ လက်သီးက ‌ပို၍ ပြင်းထန်သည်။နှုတ်ခမ်းမှ သွေးများပင် စီးကျလာသည်အထိ။ မေမေက ဘေးမှ ရပ်ကြည့်ရုံကလွဲဘာမှ

" တောက်! "
တောက်ခေါက်ပြီး‌ေနာက် သွေးများကို လက်ခုံနှင့်ပွတ်သုတ်ကာ အိမ်ပြင်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာခဲ့သည်။

" မင်းက ငါ့ကိုတောက်ခေါက်တယ်ပေါ့ ဟမ်! မင်းအသက်မရှင်ချင်တော့ဘူးလား ကိုယ့်အဖေကိုတောင် မလေးမစား တော်တော် မိုက်ရိုင်းစော်ကားတဲ့ကောင် "

အနောက်ဘက်မှ ဖေဖေကဒေါသတကြီး လှမ်းအော်နေသော်လည်း ရှိုင်းဂရုမစိုက်ပါဘဲ ထွက်သွားလိုက်သည်။

" တောက်! ငါကွာ ဒီကောင်နဲ့တော့ စောက်ချိုးကိုက "

" ကဲပါကိုရယ် စိတ်ကိုလျှော့ သားငယ်လည်း နောက်ကျ အသိတရားရှိလာမှာပါ သားကြီးကလည်း ဘယ်ရောက်နေမလဲမသိဘူး "

" ခင်.. မင်းကွာ မင်း ကျပ်ကျပ်အလိုလိုက်သိလား ခုမင်းသားကိုကြည့် သူမလုပ်ရဲတာရှိ
‌ေသးလား "

" အဟင့်... ကျွန်မကို လာမအော်နဲ့ ရှင်လည်းအတူတူဘဲ "

မိန်းမဖြစ်သူက ငိုယိုကာပြောလေတော့ ဦး
ရှိုင်းမင်းဆက်တစ်ယောက် ဆက်မအော်နိုင်တော့။

" ကဲပါ ကိုယ်မှားပါတယ် မငိုနဲ့တော့ "

( ဦးမင်းဆက်ဘဲသုံးတော့မယ်နော် )
ဦးမင်းဆက်ပြောတော့ ခင်က ဦးမင်းဆက်ရင်ခွင်ထဲဝင်ကာ ပို၍ပင်ငိုကြွေးတော့သည်။သားနှစ်ယောက်လုံးကို ပြဿနာတစ်မျိုးစီဆုံးရှုံးလိုက်ရတဲ့ မိခင်မှာ အဘယ်မျှ ပူဆွေးနေရမည်နည်း....

_____

အပိုင်းလေးတွေက တိုတော့ အပိုင်းများမယ်ဗျ ခုထိဇာတ်ကောင်တောင်မစုံသေးဘူးရယ်😩
မှိုင်းကိုအားပေးတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကို အရမ်းချစ်ပါတယ် ကျေးလည်းကျေးဇူးတင်ပါတယ်နော်😘❤️

Zawgyi

ရႈိင္းက အေဖျဖစ္သူဆီက အထိုးခံရလို႔ေပါက္သြားတဲ့ ႏႈတ္ခမ္းကို လက္မႏွင့္ အေရးမပါသလို ဖိသုတ္လိုက္သည္။ ပုံစံကိုက နည္းနည္းမွေထာင့္မက်ိဳး။ မ်က္ႏွာအမူအရာမွာ
လည္း ေနာင္တရသြားတာမ်ိဳးမရွိ။

" မိဘမ်က္ႏွာကို အိုးမဲသုတ္တဲ့ေကာင္! မင္းေၾကာင့္ ငါတို႔ေခြးျဖစ္သြားၿပီကြ အ႐ိုင္းအစိုင္းေကာင္!မင္းကို သင္ေပးထားတဲ့ပညာေတြကို ဘယ္နားမွာ သြားသုံးစားမွာလဲ ဟမ္! အဲ့ေလာက္ေအာက္တန္းက်တဲ့ အလုပ္မ်ိဳးလုပ္ရေအာင္မင္းမွာအသိတရားနည္းနည္းမွမရွိဘူးလားဟမ္!ေတာ္ေတာ္ မိုက္႐ိုင္းတဲ့ေကာင္ "

" ေတာ္ပါေတာ့ ေဖေဖရာ ကြၽန္ေတာ့္အမွားတြက္ ေတာင္းပန္ၿပီးၿပီဘဲ ၊ ၿပီးေတာ့ တာဝန္ယူဖို႔လည္း ေျပာၿပီးၿပီ "

" ဘာကြ! ဒါ ေတာင္းပန္႐ုံနဲ႔ၿပီးသြားမဲ့ကိစၥလား မင္း! ငါကြာ... စိတ္ရွိလက္ရွိသာဆိုရင္ေတာ့ ငါမင္းကို သတ္မိေတာ့မယ္ "

" က်စ္! နားၿငီးလိုက္တာ "

ရႈိင္းတစ္ေယာက္ ေခါင္းအား တဗ်င္းဗ်င္းကုတ္ၿပီး ေအာက္ငုံ႔ကာ တိုးတိုးဆိုေလေတာ့

" ဘာကြ! မင္း! ေတာက္! ျပင္ထား မင္းေက်ာင္းထြက္ေတာ့ ငါမင္းကို ျပင္သစ္ပို႔မယ္ မင္းျပင္သစ္မွာ ေက်ာင္းတက္ၿပီး ေစာက္ခ်ိဳး‌ေတြျပင္ခဲ့စမ္း ေဟ့ေကာင္! "

" ဗ်ာ! ကြၽန္ေတာ္မသြားခ်င္ဘူး ေဖေဖ "

" မင္း သြားကိုသြားရမယ္ ငါ့ကို အတြန႔္လာမတက္နဲ႔ သြား ခုခ်က္ခ်င္း အဝတ္အစားေတြသြားသိမ္း မင္းမ်က္ႏွာကို တစ္ရက္ေလးေတာင္ ပိုမျမင္ခ်င္ေတာ့ဘူး ေဟ့ေကာင္ "

" ေဖေဖ ကြၽန္ေတာ္... "

" ေတာက္! မင္း လူကေမြးရင္ လူစကားနားလည္စမ္းပါ "

" က်စ္! ၿပီးေရာဗ်ာ "

ေဖေဖက အလိုမက်သည့္ မ်က္ႏွာႏွင့္ အခန္းထဲကထြက္သြားၿပီး တစ္ဖက္ခန္းထဲဝင္သြားတဲ့ သားျဖစ္သူကိုၾကည့္ကာ လြန္းအား အားနာေနမိသည္။

" ေတာက္! "

" စိတ္ကိုေလွ်ာ့ပါ ကိုရယ္ ကြၽန္မတို႔ လြန္းကို ဘယ္မွာရွာၾကမလဲ "

" မသိဘူး ေတြ႕ေအာင္ကိုရွာရမယ္ လြန္းမွာ သြားစရာေနရာလည္း ရွိတာမဟုတ္ဘူး "

" အင္းးးး ဘာေတြျဖစ္ကုန္တာလဲရွင္ ကြၽန္မျဖင့္ စိတ္ေတြေတာ္ေတာ္ညစ္ေနၿပီ ဘာလို႔ကြၽန္မတို႔မိသားစုမွာမွ ဒီလိုေတြျဖစ္ေနရတာလဲ "

" မငိုပါနဲ႔ ခင္ရယ္ ကိုယ္တို႔လြန္းကို ေတြ႕ေအာင္ရွာၾကမယ္‌ေနာ္ "

ခင့္အားႏွစ္သိမ့္စကားဆိုကာ ရင္ခြင္ထဲတင္းၾကပ္စြာဖက္ထားလိုက္သည္။ ခ်စ္ရသူ ခင္ကေတာ့ ဦးရႈိင္းမင္းဆက္ ရင္ခြင္ထဲတြင္ ငိုေႂကြးေနရွာသည္။

" ဟာကြာ ေတာက္! "

ဘုန္း! ဒုန္း!

ရႈိင္း ေဒါသေၾကာင့္ နံရံကို လက္ျဖင့္ ထိုးေနမိသည္။ၾကာေတာ့ လက္မွ ေသြးမ်ားပင္ထြက္လာေတာ့သည္။ ထိုေဒါသေၾကာင့္ နာက်င္မႈကိုပင္ မခံစားႏိုင္ေတာ့။

" ေဖေဖရာ ကြန္ေတာ္က ေဖေဖ့သားအရင္းပါ ေဖေဖဘာကိစၥ အဲ့ေကာင္ဘက္က ပါေနရတာလဲ ကြာ... ေတာက္! "

ေဒါတပုန္ထေနတဲ့ ရႈိင္းက က်ား႐ိုင္းတစ္ေကာင္လို မႈန္ယိုေနသည့္မ်က္ႏွာ။ ေဒါသေၾကာင့္ ျမန္ေနတဲ့ အသက္ရႉသံေတြကလည္း အခန္းတြင္း ပ်ံ႕လြင့္ေနသလို တစ္ရႉးရႉးတစ္ရွားရွား ျဖစ္ေနသည္။

" ေတာက္! "

• • • • •

မ်က္လုံးဖြင့္လိုက္သည္ႏွင့္ ေမွာင္ရိပ္တို႔ ေပ်ာက္ကြယ္သြားၿပီး သာယာေသာ ေနေရာင္ျခည္ကို ျမင္ရသည္။

" ႏိုးၿပီလား ထ ေဆးေသာက္လိုက္ဦး "

ေဘးနားတြင္ရွိေသာ ေကာင္မေလးက စားပြဲေပၚတင္ထားေသာ ေဆးဗူးထဲမွ ေဆးတစ္လုံးထုတ္ လြန္းအား ေရႏွင့္အတူ ကမ္းေပးလာသည္။

" ကြၽန္ေတာ္... ဟို.. အမက "

" ေအာ္ မင္း တံတားမွာ လွဲေနတာေတြ႕လို႔ ေခၚလာတာ မနက္ကေတာ္‌ေသးတယ္ အ‌ေစာႀကီးငါလုပ္စရာရွိလို႔ အဲ့ဘက္ကျဖတ္ရင္းနဲ႔ မင္းကိုေတြ႕တာ "

" အာ... ေက်းဇူးပါဗ် "

" အင္.. ရပါတယ္ ေရာ့ ေဆးေသာက္ထားလိုက္ဦး "

" ဟုတ္ ထပ္ၿပီး ေက်းဇူးတင္ပါတယ္ "

" ရပါတယ္ "

ထိုအမလက္ထဲမွ ‌ေဆးႏွင့္ေရကိုယူကာ တစ္က်ိဳက္တည္းေမာ့လိုက္သည္။

" ေက်းဇူးပါအမ ဒါနဲ႔အမနာမည္က "

" အမနာမည္က လြန္းနဒီပါ "

" ဗ်ာ...ကြၽန္ေတာ္နဲ႔မ်ိဳး႐ိုးနာမည္တူတယ္ဗ် "

" ဟင္ ဟုတ္လား ေမာင္ေလးနာမည္က "

" လြန္းငယ္ပါ ဒါေရစက္ထင္ပါတယ္ဗ်ာ "

" ဟုတ္ပါ့ေနာ္ ဒါနဲ႔ သြားစရာေနရာမရွိဘူးလား ခရီးေဆာင္အိတ္နဲ႔ဆိုေတာ့ "

နဒီကေမးေတာ့ လြန္းကမ်က္ႏွာပ်က္သြားသည္။ ေခါင္းကိုေအာက္ငုံ႔ကာ ေျဖလိုက္ေတာ့

" အာ.. ကြၽန္ေတာ္ အိမ္ေပၚကဆင္းခဲ့တာဗ် "

" ေအာ္ ဒါဆိုအမအိမ္မွာေနေလ အမလည္းပ်င္းေနတာ အမအဖြားရယ္ အမရယ္ဘဲရွိတာ  အိမ္ကနည္းနည္းေတာ့စုတ္တယ္ေနာ္ "

" အာ.. ရပါတယ္ ျဖစ္ပါ့မလား အမကိုအားနာတယ္ "

" အားမနာပါနဲ႔ ခုနကေမာင္ေလးေျပာသလို ေရစက္ပါလို႔ ဆုံၿပီးၿပီဘဲေလ ဆက္ဆုံ႐ုံေပါ့ "

" အာ့ဆို အမကိုေက်းဇူးတင္ပါတယ္ "

လြန္း အမကိုေက်းဇူးတင္စကားဆိုၿပီးေတာ့   တစ္ဖက္သို႔လွည့္ကာ ျပန္အိပ္ေနလိုက္သည္။

( ခုခ်ိန္အိမ္မွာ ဘာေတြျဖစ္ေနမလဲမသိဘူး ဟူးးးး ငါ့လုပ္ရပ္က မွန္ေရာမွန္ပါ့မလား )

အိပ္‌ေနရင္း သက္ျပင္းေတြခ်ေနသူကို နဒီ တစ္ခ်က္ၾကည့္ၿပီး ထိုေနရာမွ ထထြက္သြားသည္။

• • • • •

" ျပင္ၿပီးၿပီလား ထ အခုသြား မင္းမ်က္ႏွာငါထပ္မျမင္ခ်င္ေတာ့ဘူး "

" ေဖေဖ ကြၽန္ေတာ္... "

" မၾကားခ်င္ဘူး မင္းဘာမွလာမေျပာနဲ႔ မင္းတြက္ ေလယာဥ္စီစဥ္ေပးထားတယ္ မင္း ျမန္ျမန္သြားေလ ငါစိတ္ေအးေလဘဲကြ "

" သြားမယ္ဗ်ာ အဲ့ေလာက္ထိေမာင္းထုတ္စရာမလိုဘူး ခင္ဗ်ားတို႔ မလိုခ်င္တဲ့သားက ခုခင္ဗ်ားတို႔စိတ္တိုင္းက် ထြက္သြားေတာ့မွာ၊ ေပ်ာ္တယ္မလား ေပ်ာ္လိုက္ၾကစမ္းပါ ခင္ဗ်ားတို႔သားက ေယာက္်ားေလးတစ္ေယာက္ကို မဒိန္းက်င့္လိုက္တယ္ဆိုတဲ့ သတင္းသာ ပ်ံ႕ရင္ ခင္ဗ်ားတို႔ မ်က္ႏွာဘယ္နားသြားထားမလဲ ကိုယ့္ကိုေ႐ြးၾက "

" ဘာ! မင္း... "

ခြပ္!

" ကို! "

မ်က္ႏွာေပၚသို႔ ထပ္မံက်ေရာက္လာတဲ့ လက္သီးက ‌ပို၍ ျပင္းထန္သည္။ႏႈတ္ခမ္းမွ ေသြးမ်ားပင္ စီးက်လာသည္အထိ။ ေမေမက ေဘးမွ ရပ္ၾကည့္႐ုံကလြဲဘာမွ

" ေတာက္! "
ေတာက္ေခါက္ၿပီး‌ေနာက္ ေသြးမ်ားကို လက္ခုံႏွင့္ပြတ္သုတ္ကာ အိမ္ျပင္သို႔ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ထြက္လာခဲ့သည္။

" မင္းက ငါ့ကိုေတာက္ေခါက္တယ္ေပါ့ ဟမ္! မင္းအသက္မရွင္ခ်င္ေတာ့ဘူးလား ကိုယ့္အေဖကိုေတာင္ မေလးမစား ေတာ္ေတာ္ မိုက္႐ိုင္းေစာ္ကားတဲ့ေကာင္ "

အေနာက္ဘက္မွ ေဖေဖကေဒါသတႀကီး လွမ္းေအာ္ေနေသာ္လည္း ရႈိင္းဂ႐ုမစိုက္ပါဘဲ ထြက္သြားလိုက္သည္။

" ေတာက္! ငါကြာ ဒီေကာင္နဲ႔ေတာ့ ေစာက္ခ်ိဳးကိုက "

" ကဲပါကိုရယ္ စိတ္ကိုေလွ်ာ့ သားငယ္လည္း ေနာက္က် အသိတရားရွိလာမွာပါ သားႀကီးကလည္း ဘယ္ေရာက္ေနမလဲမသိဘူး "

" ခင္.. မင္းကြာ မင္း က်ပ္က်ပ္အလိုလိုက္သိလား ခုမင္းသားကိုၾကည့္ သူမလုပ္ရဲတာရွိ
‌ေသးလား "

" အဟင့္... ကြၽန္မကို လာမေအာ္နဲ႔ ရွင္လည္းအတူတူဘဲ "

မိန္းမျဖစ္သူက ငိုယိုကာေျပာေလေတာ့ ဦး
ရႈိင္းမင္းဆက္တစ္ေယာက္ ဆက္မေအာ္ႏိုင္ေတာ့။

" ကဲပါ ကိုယ္မွားပါတယ္ မငိုနဲ႔ေတာ့ "

( ဦးမင္းဆက္ဘဲသုံးေတာ့မယ္ေနာ္ )
ဦးမင္းဆက္ေျပာေတာ့ ခင္က ဦးမင္းဆက္ရင္ခြင္ထဲဝင္ကာ ပို၍ပင္ငိုေႂကြးေတာ့သည္။သားႏွစ္ေယာက္လုံးကို ျပႆနာတစ္မ်ိဳးစီဆုံးရႈံးလိုက္ရတဲ့ မိခင္မွာ အဘယ္မွ် ပူေဆြးေနရမည္နည္း....

_____

အပိုင္းေလးေတြက တိုေတာ့ အပိုင္းမ်ားမယ္ဗ် ခုထိဇာတ္ေကာင္ေတာင္မစုံေသးဘူးရယ္😩
မႈိင္းကိုအားေပးတဲ့ တစ္ဦးတစ္ေယာက္စီတိုင္းကို အရမ္းခ်စ္ပါတယ္ ေက်းလည္းေက်းဇူးတင္ပါတယ္ေနာ္😘❤️









Continue lendo

Você também vai gostar

838K 69.9K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
2.9M 71.2K 22
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
4.1K 205 16
Wonwoo and Mingyu's girlfriends force them to play spin the bottle at a party, everything that happens after that is no one's fault but their own.
48.1K 2.2K 21
𝐌𝐲𝐚𝐧𝐦𝐚𝐫 × 𝐁𝐋 1𝐬𝐭 𝐜𝐫𝐞𝐚𝐭𝐢𝐨𝐧