မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (...

Von Zphoowai

375K 19.3K 2.4K

Redflag- Beauty M-preg Mehr

Intro
Profile
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
🌱
အပိုင်း (၁၀)
Emergency foods
Ice CREAM
🍃
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)

အပိုင်း(၁၇)

6.5K 387 62
Von Zphoowai

{Unicode}

... မဟုတ်ဘူး..
သူ့ဆီက ပျိုးငယ်ကို ယူမယ် ဟုတ်လား?
he'd rip the world apart with his bare hand.

****

ယခင်အပိုင်းမှ အဆက်...

"ဟယ်လို ပျိုး... ပျိုးလား? ကျွန်တော် ရတုပါ...။"

တစ်ဖက်က အသံက ရှင်းလင်းပြတ်သားစွာ မဟုတ်ဘဲ အနည်းငယ် လုံးထွေးနေခဲ့သည်...။ သို့ပေမယ့် အစ်ကို့မျက်နှာက တဖြည်းဖြည်း တည်တံ့လာသည်...။

ကျွန်တော်လည်း အခြေအနေကို တစ်ချက်ကြည့်ကာ အစ်ကို့အနားသို့...
အစ်ကိုကတော့ ကျွန်တော့်ကို ကြည့်ကာ သူ့လက်ထဲက ဖုန်းကို speaker ပါ ဖွင့်လိုက်လေပြီ...။

ကျွန်တော်လည်း screenမှ ပေါ်လာသည့် ဖုန်းနံပါတ်စိမ်းကို မျက်မှောင်ကျုံ့ကာ ကြည့်လိုက်ရင်းမှ အစ်ကို့အနားသို့ ဖြည်းညှင်းစွာ သွားလိုက်မိသည်...။အစ်ကို့ရင်ခွင်ထဲမှာ တိုးဝင်လိုက်ရင်းမှ... နားထောင်နေမိသည်...။

အစ်ကိုက အမူအရာဖြင့်ပင် ကျွန်တော့်ကို အသံကို ပေးဖို့ ပြောဖို့ မေးလေတော့... ကျွန်တော်လည်း ခေါင်းကို ညိမ့်ကာ...

"ဟုတ်ကဲ့...."

"သြော်... ပျိုးလား? ငါလေ... Fအခန်းက မိုးလေ...။ နင့်ဆီက စာအုပ်ကို ရတုဆီ ခဏ ငှားလိုက်မလို့... အဲ့ဒါ လှမ်းဆက်ပြီး ပြောတာ...။ ဘယ်လိုလဲ? နယ်ရောက်နေပြီလား?"

တစ်ဖက်က မိန်းကလေးအသံနှင့် ယောကျ်ားလေးအသံ ရောထွေးနေသည့် အချိန်မှာတော့ ကျွန်တော်လည်း အစ်ကို့ကို ကြည့်လိုက်မိသည်...။ အစ်ကိုကတော့ ခံစားချက်မရှိသော မျက်နှာတည်ဖြင့်ပင်....။

မိုးဆိုတာက ကျွန်တော်နှင့်တစ်ခန်းထဲက မိန်းကလေးဖြစ်သည်...။ သူနှင့်ရတုဆိုသည့် ကလေးက ဘယ်လိုပတ်သတ်နေသည်လဲ?

ထို့ထက်...
ကျွန်တော့်ဖုန်းနံပါတ်ကို ရတုဆိုသည့် တစ်ယောက်က ဘာလို့ ရသွားသည်လဲ?
သူဘာတွေ ကြံနေသည်လဲ မသိ....။

အဲ့ဒါထက် အဲ့ဒီအရာက အစ်ကိုနဲ့ ကျွန်တော့်ကိုသာ ခွဲဖို့ အရာတစ်ခုဖြစ်လာဖို့ အကြောင်းအရာဖြစ်လာရင်တော့ ....
ပျိုးငယ် အဲ့လို လုံးဝ အဖြစ်ခံနိုင်မှာ မဟုတ်...။

ဒါပေမယ့် အဲ့ဒီအရာကို ဟိုရောက်ရင်တော့ သေချာလေးကို ရှင်းရမယ့်ကိစ္စပင်...။ အခုတော့ အစ်ကို့ကို ထိုကိစ္စအတွက် ဘာကိုမှ မစဥ်းစားစေချင်သေး...။

"သြော်... မိုးလား? ရတယ်လေ... ပေးထားလိုက်ပေါ့...။ နင်က နင့်ဖုန်းနံပါတ်နဲ့ ဆက်တာမှ မဟုတ်ဘဲ.... ။"

"အေး ဟုတ်တယ်... ငါ့ဖုန်း ဘေလ်ကုန်သွားလို့ပါ...။ ဘယ်လိုလဲ နယ်မှာ ပျော်နေတယ်လား? ဘယ်နေ့ ပြန်လာမှာလဲ?"

ထိုစကားကြားချိန်မှာတော့ အစ်ကိုက ကျွန်တော့်ကို တစ်ချ​က်ကြည့်လာသည်...။ ကျွန်တော်လည်း အစ်ကို့ကို ပြုံးကာ ကြည့်လိုက်မိပြီး....

"permit ရမှပေါ့... ဒါပဲမလား? ငါဖုန်းချလိုက်တော့မယ်...။ ငါ ရေချိုးမလို့...။"

"သြော် အေးအေး... ဒါဆို ဒါပဲနော်... ပျိုးရေ...။ ကျောင်းဖွင့်မှ တွေ့ကြမယ်...။"

"အေး..."

ထို့နောက် ဖုန်းကို ချလိုက်ပြီး အစ်ကို့ကို ပေးကာ အစ်ကို့ခါးကို ပွေ့ဖက်မိလိုက်သည်...။

"မိုးသက်ဝေတဲ့... ဟိုရောက်ရင် မိတ်ဆက်ပေးမယ်နော်...အစ်ကို။"

"အင်း"

အစ်ကိုက ဘာမှမပြောဘဲ ခေါင်းကို ညိမ့်ကာ ကျွန်တော့်ကို ပွေ့ဖက်လာသည်...။ ကျွန်တော်လည်း အစ်ကို့ရင်ခွင်ထဲမှာ အလိုက်သင့်လေးပင် ရှိနေမိသည်...။ခဏအကြာမှာတော့ အစ်ကိုက...

"နည်းနည်းအေးတယ်... ညမရောက်ခင် ရေချိုးတော့...။ ပြီးတာနဲ့ ထမင်းစားမယ်..."

"ဟုတ်ကဲ့ အစ်ကို... ဒါဆို ပျိုးငယ်တို့ အခုချိုးလိုက်ကြစို့!"

မိမိလက်တစ်ဖက်ကို မြှောက်ကာ ပြောလာသည့် အချိန်မှာတော့ အစ်ကိုက အနည်းငယ် ပြုံးလာလေပြီ...။ ထို့နောက် ကျွန်တော့်ခါးမှ ပွေ့ကာ ရေချိုးကန်ရှိရာသို့...။ဆောင်းရာသီမို့ ရာသီဉတုက စောစီးစွာ အမှောင်ကျနေပြီး အေးစိမ့်နေသည်...။ ကျွန်တော်လည်း အရီးလေးကို ပျိုးငယ်တို့ ရေချိုးမယ့်အကြောင်း တစ်ခါတည်း ပြောခဲ့ပြီး ဖြစ်သည်...။

အစ်ကိုကတော့ ရေချိုးတဘက်တစ်ထည်ကို ပုခုံးပေါ် တင်ကာ သွားတိုက် နေသည်...။ ကျွန်တော်ကတော့ အစ်ကို့အနား ခပ်သုတ်သုတ် ရောက်လာသည်ကို အစ်ကိုက ငုံ့ကာ ကြည့်နေသည်...။

"အစ်ကို့ကိုယ်ပေါ်က မြက်မှုန်တွေချည်းပဲ... အစ်ကို မယားဘူးလား? ဘာလို့ အဝတ်မပါဘဲ လုပ်နေရတာလဲဟင်?"

".. စိတ်ကျဥ်းကြပ်လို့...။"

"ဟင်း... အစ်ကို့ကြည့်ရတာ ပျိုးငယ် မရှိတိုင်း လုပ်ချင်တိုင်းကို လုပ်နေသလိုပါပဲ...။ မလွယ်ဘူး... မလွယ်ဘူး...။"

ထိုအချိန်မှာတော့ အစ်ကိုက သွားတိုက်နေတာကိုပင် ရပ်တန့်ပြီးသည့်နောက် ကျွန်တော့်ကို ရုတ်တရက် ဖက်လေတော့ ကျွန်တော် လန့်သွားမိသည်...။

"အစ်ကို... အစ်ကို ဘာဖြစ်လို့လဲဟင်?"

မိမိလည်း ထိတ်လန့်မှုနှင့်အတူ ပြောလိုက်လေတော့ အစ်ကိုက ကျွန်တော့်ကို ဖက်လျက် ခေါင်းကို ခါရမ်းပြသည်...။

"ရေချိုးတော့... အရမ်းအေးတယ်...."

"ဟုတ်...ဟုတ်ကဲ့ အစ်ကို...။"

မိနစ်အနည်းငယ် အကြာ....

ကျွန်တော်တို့ ရေချိုးပြီး ပြင်ဆင်ပြီးသည်နှင့် အောက်ထပ်ကို ထမင်းစားဖို့ ဆင်းလာမိသည်...။အစ်ကိုနှင့်အတူ ထမင်းဝိုင်းတစ်ခုတည်း မျက်နှာချင်းဆိုင် ထိုင်ပြီးသည့် နောက်မှာတော့ ကျွန်တော်လည်း အစ်ကို့အတွက် ထမင်းခူးခပ်ကာ ထည့်ပေးနေသည်...။

အစ်ကိုကတော့ ဘာမှမပြောဘဲ ကျွန်တော့်ကို အချိန်အတော်ကြာ ကြည့်နေတာမျိုးပင်...။ ကျွန်တော်လည်း အစ်ကို့ကို ပြုံးကာ ပြန်ကြည့်နေမိသည်...။ အစ်ကိုကတော့....

"ကျောင်းတက်ရတာ ဘယ်လိုလဲ? အဆင်ပြေလား?"

"ဟုတ်ကဲ့ ပြေပါတယ်... ဒါပေမယ့် ပျိုးငယ် ကျောင်းမတက်တာ ကြာလို့ ထင်တယ်...။ ကျောင်းတက်ရတာ ပျင်းနေတယ်... ဟီး...။ ဒါနဲ့ အစ်ကိုရော ကျောင်းသွားမတတ်သေးဘူးလားဟင်?"

"ငါက မင်းပါမှ တက်မလို့ ရည်စူးပြီးသား... ဒါမှမဟုတ် မင်းတက္ကသိုလ်ရှိတဲ့ဘက်ကိုပဲ ပြောင်းလာရမလား?"

"အမလေး... မဟုတ်ဘူး... မဟုတ်ဘူး...။ ဘယ်ကသာ... အစ်ကို့ပုံစံနဲ့က အဲ့လိုမျိုး လိုက်မှာမဟုတ်ဘူး...။ အစ်ကိုက အတွက်အချက်တော်ပြီး ငြိမ်နေတာကိုက အစ်ကို့ကို မိုက်စေတာ...။ အစ်ကို့ရဲ့ အခုပုံစံက ပျိုးငယ် သဘောအကျဆုံးပဲ...။ အစ်ကိုက ဉာဏ်ကောင်းတယ်... တော်တယ်... ဖြတ်ထိုးဉာဏ်ကောင်းတယ်...။ တည်ကြည်တယ်... အမိုက်ဆုံးပဲ...။ ပျိုးငယ်က အတွက်အချက်နဲ့ IT အပိုင်းတွေ ညံ့လို့ ထင်တယ်... အစ်ကို အဲ့လိုတော်နေတာကို အရမ်းသဘောကျတာပဲ...."

အစ်ကိုကတော့ ကျွန်တော့်စကားကို သဘောကျစွာ တစ်ချက်ပြုံးလိုက်ပြီးသည့်နောက်....

"Babe ကမှ အတော်ဆုံးပါ..."

"အဟင်း... ဒါနဲ့လေ... အစ်ကို... ပျိုးငယ် အိမ်ကို စ ရောက်တဲ့နေ့တုန်းက အိမ်မှာ ဆရာဝန်တစ်ယောက်ကို တွေ့လိုက်လားလို့...။ သူက ဒီနယ်မှာ တာဝန်ကျတဲ့ ဆရာမလား? အရင်တစ်ခါ ပျိုးငယ်ကို ကုပေးတဲ့ သူလား?"

ထိုအချိန်မှာတော့ အစ်ကိုက တည်ငြိမ်စွာဖြင့်ပင်...

"အင်း... ဟုတ်တယ်..."

"အရီးလေးက ဘာတွေ နေမကောင်းဖြစ်နေလို့လဲဟင်? ဆရာဝန်က စွဲပြီး ပြနေရတာလားဟင်?"

"မဟုတ်ပါဘူး... မသိဘူး... ကိုယ်က အိမ်မှာ မရှိတာ များတယ်...။ အိမ်မှာ ရှိနေရင်တောင် လူရှုပ်နေရာကို မကြိုက်လို့ ဆန်ကြိတ်စက် ရှိတဲ့ဘက်ကို သွားနေတာ...။"

"သြော်... ဟုတ်လား?"

"အရင်တစ်ခါ ဟင်းရွက်ခူးဖို့ ဆိုပြီး တောထဲ လိုက်လာတာတော့ ရှိတယ်...။ ဒါပေမယ့် ဝေကြီးနဲ့ ထားခဲ့လိုက်တာ... စကားလည်း သိပ်မပြောချင်လို့...။"

"ဟင်းရွက်ခူးဖို့ တောထဲ လိုက်လာတယ် ဟုတ်လား အစ်ကို...?"

ကျွန်တော်က ထမင်းကို မစားဘဲ အမေးစကားဖြင့် ဆိုလေတော့ အစ်ကိုက မျက်နှာတည်ဖြင့်ပင် ကျွန်တော့်ကို ကြည့်လာပြီး...

"ငရုတ်သီးတွေ အများကြီး မစားနဲ့..."

ကျွန်တော့်ခေါင်းကို တစ်ချက်ပွတ်ကာ ပြောသွားသည့် အစ်ကို့စကားနောက်မှာတော့ ကျွန်တော်လည်း အတွေးများဖြင့်သာ...။

သူက ဘာလို့ အစ်ကိုနဲ့ တောထဲ လိုက်ဖို့အထိ...
မဟုတ်လောက်ပါ... ဒီအတိုင်း ခင်တာမျိုးပဲ ဖြစ်လောက်ပါမည်...။

ချက်ချင်း အစ်ကို့အပေါ် သံသယဝင်မယ့် အတွေးတစ်ခုကို ဖယ်ထုတ်ပစ်လိုက်မိသည်...။ ကျွန်တော့်ကို အရမ်းချစ်တဲ့ အစ်ကို့ကို သံသယဝင်တာ ကျွန်တော့်အဆိုးပဲ ကျမှာပေါ့...။
အစ်ကိုက အဲ့လိုလူမျိုး မဟုတ်ပါ...။

ကျွန်တော်တို့ မိနစ်အနည်းငယ်အတွင်း ထမင်းစားပြီးသည့်နောက်မှာတော့ ကိုယ်ရည်လက်ရည်သပ်ကာ အိပ်ရာဝင်ဖို့ ပြင်တော့သည်....။နှစ်ယောက်လုံး မျက်နှာသစ် သွားတိုက် အိပ်ရာဝင်ဖို့ မလုပ်သေးခင်မှာပင် အစ်ကိုကတော့...

"အပေါ်သွားနှင့်... နောက်က လိုက်ခဲ့မယ်..."

"ခဏ... အစ်ကို ဘယ်သွားမလို့လဲ? လုပ်စရာရှိလို့လားဟင်? ပျိုးငယ်ပါ ကူလုပ်ပေးမယ်နော်...။"

"မနက် လယ်ထဲ စောစောသွားဖို့ ပြင်မလို့... ရတယ်... Babeက အပေါ်သွားတော့...။"

အစ်ကိုကတော့ ကျွန်တော့်ကို လှေကားခုံပေါ် တင်ပေးကာ အိမ်ပေါ်သို့ သွားဖို့ ပြောလေတော့ ကျွန်တော်လည်း...

"... လယ်ထဲက အခုချိန် ကုလားပင်ပေါက်လေးတွေ သွားကြည့်မလို့လား? ပျိုးငယ်ရော လိုက်ခဲ့မယ်လေ...။ ပျိုးငယ်ရော လိုက်ခဲ့လို့ ရမလား?"

အစ်ကို့မျက်နှာကို လိုက်ကြည့်ကာ ပြောလေတော့ အစ်ကိုက ကျွန်တော့်ခေါင်းမှ ဆံပင်များကို အုပ်ကိုင်ကာ ခေါင်းကို နမ်းရှိုက်ရင်း....

"ပင်ပန်းမယ်..."

"ဟင့်အင်း... ပျိုးငယ် မပင်ပန်းဘူး...။ ပျိုးငယ် အစ်ကိုနဲ့ လိုက်ချင်တာ...။ ပြီးတော့ ငွေပန်းတွေရော ဘယ်လိုဖြစ်နေပြီလဲ မသိဘူး...။ ပျိုးငယ် လိုက်မယ်.... လိုက်မယ်နော်... နော်..."

ကျွန်တော်က ဇွတ်အတင်း လိုက်ဖို့ ပြောလေတော့... အစ်ကိုက ခေါင်းကို ညိမ့်ပြလိုက်သည်...။ ထိုအချိန်မှာတော့ ကျွန်တော်လည်း... အစ်ကို့ခန္ဓာကိုယ်ကို မှီတွဲ့လိုက်တော့ အစ်ကိုက ကျွန်တော့်ခါးမှ ပွေ့လေသည်...။ ထိုအချိန်မှာတော့ ကျွန်တော်လည်း အစ်ကို့ရင်ဘတ်ပိုင်းနှင့် ကြွက်သားအပြည့် လက်မောင်းတစ်ဖက်ကို ကိုင်ကာ...

"အစ်ကို... ခဏ...ခဏလေး... ပျိုးငယ် ဖိနပ်မစီးရသေးဘူး...။"

ထိုအချိန်မှာတော့ အစ်ကိုက...

"မစီးနဲ့... မလိုဘူး..."

"အစ်ကို... အစ်ကို... ခဏ..."

ကျွန်တော်လည်း ဘာမှမပြောနိုင်တော့ဘဲ အစ်ကိုပွေ့ချီရာ နောက်သို့သာ ပါသွားတော့သည်...။

ခဏအကြာမှာတော့ အစ်ကိုက လှည်းရပ်ထားသည့် တစ်နေရာမှာ အထူးသဖြင့် လှည်းပေါ်မှာ ကျွန်တော့်ကို တင်ထားသည်...။ ကျွန်တော့်နံဘေးမှာ မီးအိမ်ကို ချိတ်ကာ ရှိလေတော့ ကျွန်တော်လည်း တလှုပ်လှုပ်နဲ့ အလုပ်များနေသည့် အစ်ကို့ကို ကြည့်ရင်းမှ...

"အစ်ကို..."

"ရတယ်... အဲ့ဒီပေါ်မှာနေ...။"

ကျွန်တော် ဘာမှမပြောခင်မှာပင် အစ်ကိုက ထိတ်ပိတ်ကာ ပြောလာသည့် အချိန်မှာတော့ ကျွန်တော်လည်း...

"ပျိုးငယ်.. ကူလုပ်ပေးမယ်နော်...။ အစ်ကိုလည်း အလုပ် မြန်မြန်ပြီးမယ်လေ... ပျိုးငယ် ကူလုပ်မယ်နော်...။"

ထိုအချိန်မှာတော့ အစ်ကိုက သူ့လက်ထဲမှ နွားပိုးကျင် တစ်ချောင်းနှင့်အတူ လက်တစ်ဖက်က ကိုင်ကာ မိမိအနားသို့....

"ငြိမ်ငြိမ်နေ... မဟုတ်ရင် ခေါင်းလိမ်ချိုးပစ်လိုက်မယ်...။"

အစ်ကို့စကားကြောင့် ပျိုးငယ် ဘာပြောရမှန်း မသိတော့...။ ကျွန်တော်က အစ်ကို့ကို ငေးကာ ကြည့်နေရင်းမှ အစ်ကိုက ကျွန်တော်ရှိနေသည့် လှည်းနောက်ပိုင်းသို့ ရောက်လာသည်...။

ကျွန်တော့်ခန္ဓာကိုယ်ကို သူ့လက်နှစ်ဖက်ဖြင့်ပင် ဘောင်ခတ်ရင်းမှ ကျွန်တော့်ကို စူးစိုက်ကာ ကြည့်နေသည်...။ သူ့လက်တစ်ဖက်တစ်ချက်စီမှာတော့ ဓားတစ်လက်၊ ဝါးသည်းစိမ်းတစ်ခု...။အစ်ကို့မျက်နှာက ကျွန်တော့်မျက်နှာနှင့် တစ်ထွာအကွာလောက်မို့ မီးအိမ်မှ မီးရောင်က အစ်ကို့မျက်နှာအပေါ်မှာ တစ်စွန်းတစ.. ထင်ဟပ်နေသည်...။

အစ်ကို့ဆီက ဆွဲဆောင်မှုရှိသည့် မျက်နှာနှင့်အတူ ယောကျ်ားပီသသော မုတ်ဆိတ်မွှေး ၊ နူတ်ခမ်းမွှေး ရေးရေးကို ငေးကြည့်တိုင်း ဘာကြောင့်မှန်းမသိ... ကျွန်တော် ရင်တစ်စုံလုံး ပရမ်းဗတာ ဖြစ်ရုံကလွဲ အခြားမရှိ...။

အချိန်အတော်ကြာသည့်အထိ အစ်ကိုက ကျွန်တော့်ကို စိုက်ကြည့်နေတာမို့ ကျွန်တော်လည်း ဘာလုပ်ရမှန်း မသိစဥ်မှာပင်... အစ်ကိုကတော့... ကျွန်တော့်လည်တိုင်အနား တိုးကပ်ကာ...

"... ငါ့ရဲ့ အရာရာတိုင်းကို limit မရှိဘဲ ထိန်းနိုင်ပြီလား?"

အစ်ကို့စကားလုံးကြောင့် ကျွန်တော့်မျက်နှာတစ်ပြင်လုံး ပူနွေးသွားသလို... ကျွန်တော့်အသည်းအူလှိုက်မှုကြောင့် ခြေဖဝါးနှစ်ဖက်ကို အချင်းချင်းပွတ်တိုက်၍... ရှိနေသည်..။ ခဏအကြာမှာတော့ အစ်ကိုက သူ့လက်ထဲမှ ဝါးသည်းကိုင်ထားသည့် ဘယ်လက်က ကျွန်တော့်ရဲ့ ပေါင်တံကို ဒူးအထက်မှ စ ၍ ကိုင်လာသည်...။ တဖြည်းဖြည်း ဆုပ်ထွေးဖျစ်ညှစ်နေရင်းမှ ...

"ဒီခြေထောက်တွေကို ခုတ်ပစ်မှ ငါ့အနားမှာ နေနိုင်မယ် ထင်တယ်...။ ပျိုးငယ် မင်းမရှိရင် ငါက ရူး..မှာ..."

"......."

ကျွန်တော်လည်း ဘာမှမပြောနိုင်ဘဲ အစ်ကို့ကိုသာ တစ်ချက်ကြည့်နေမိသည်...။ အစ်ကိုကတော့ ကျွန်တော့်ပေါင်တံကို သူ့လက်ဖဝါးကြီးကြီးဖြင့် ဆုပ်ထွေးလာပြီး အစ်ကို့ထံမှ အသက်ရှုသံ ပြင်းပြင်း ကြားသည့် အချိန်မှာတော့ ကျွန်တော် အနည်းငယ် စိုးရိမ်ထိတ်လန့်လာသလိုပင်..

(N- FA တွေက ကိုယ့်ပေါင်ကို ပြန်ကိုင်ကြည့်🙂)

"မင်း ငါ့အနားက ဘာလို့ခဏ ခဏ ထွက်ပြေးနေတာလဲ...။ ငါက မင်းမရှိရင် မဖြစ်ဘူးလို့ ပြောနေတာကို ဘာလို့ ထွက်ထွက်သွားနေတာလဲ? ငါ့စိတ်တွေ လွတ်ထွက်မသွားဖို့ ငါဘယ်လောက်တောင် ကြိုးစားနေရလဲ သိလား ပျိုးငယ်..။ "

အစ်ကိုက အသက်ရှုသံပြင်းပြင်းဖြင့်ပင်  အကြည့်မလွှဲဘဲ ရှိနေသည်မို့... ကျွန်တော်လည်း စကားလမ်းကြောင်းလွှဲဖို့ ပြင်လိုက်မိသည်...။ထိုအချိန်မှာတော့ ကျွန်တော်က အစ်ကို့ပါးပြင်နှစ်ဖက်ကို လက်နှစ်ဖက်ဖြင့်ပင် အုပ်သိမ်းကိုင်ကာ...

"အစ်ကို အရမ်းကို ပင်ပန်းနေတာလား? အစ်ကို ပိန်သွားတယ်...။ ပျိုးငယ်... မရှိလည်း ညဘက်တွေ အိပ်ပါနော်...။

ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ခါးကိုဖျစ်ညှစ်ကာ ကိုင်လာပြီး...

"ပျိုးငယ်...
ငါ့အတွက် အိပ်စက်ခြင်းက မင်းလောက် အ‌ရေးမပါဘူး ပျိုးငယ်...။ ငါ့ကို အိပ်စက်ဖို့ ပြောနေတာထက် အရေးကြီးတာက ငါ့ကို မရူးသွားဖို့ မင်းလုပ်ရမှာ...။"

ထို့နောက် အစ်ကို့ပုံစံက အနည်းငယ် စိတ်လွှတ်ပြီး ရှိနေသည်မို့ ကျွန်တော်လည်း ဓားကို ကျစ်ကျစ်ပါအောင် ကိုင်ထားသည့် အကြောပြိုင်းပြိုင်းနဲ့ အစ်ကို့လက်တစ်ဖက်ကို ကျွန်တော့်လက်ဖြင့် ဖွဖွဆုပ်ကိုင်မိတော့...

"... ပျိုးငယ်.. ငါက မင်းကို ချစ်လွန်းလို့ အရိုးတစ်ခြား အသားတစ်ခြား ဆွဲဖြဲလိုက်ချင်တာမျိုး...၊

ပျိုးငယ်... ခြေလှမ်းတွေ မမှားနဲ့နော် ကလေးလေး...
တစ်ခုခု တွေးထားတာရှိရင်... စိတ်မပူနဲ့.... မင်းကို ငါကိုယ်တိုင် သတ်မှာ..."

အစ်ကိုက ချက်ချင်းဆိုသလိုပင် ကျွန်တော့်လည်တိုင်မှ ကိုင်ကာ နောက်ဘက်မှ လှည်းပေါ်သို့ လဲချသည်...။ ထို့နောက်...

နံနက်ပိုင်း...

နံနက် ၅နာရီ

အစ်ကိုကတော့ အိပ်ရာမှ ထကာ လှည်းအနားမှာ ယူမယ့်ပစ္စည်းများကို အစီအရင် တင်နေသည်..။ နံနက်၅နာရီမို့ ဆောင်းရာသီ၏ ချမ်းစီးမှုကို အပြည့်အဝ ခံစားနေရသည်...။ကျွန်တော်လည်း မနက်စာ ထမင်းထုပ်ဖို့ ပြင်ဆင်နေမိသည်...။ မီးဖိုခန်းထဲမှာ ချမ်းစီးမှုနှင့်အတူ တလှုပ်လှုပ် ရှိနေမိသည်...။

ထမင်းထုပ် အကုန်ပြင်ဆင်ပြီးချိန်မှာတော့ နံနက်၆နာရီ ရှိသွားပြီ ဖြစ်သည်..။ မနက်ခင်းအလင်းရောင်က ဖြန့်ကျက်၍... ။ အရီးလေးတို့လည်း အိပ်ရာမှ ထ ကာ ဆွမ်းတော်ကပ် ဘုရားဝတ်ပြုဖို့ ပြင်ဆင်နေသည်...။

အကုန်လုံး စီစဥ်ပြီးသည်နှင့် အစ်ကိုက ကျွန်တော့်ကို မျက်နှာသစ်ဖို့ လာခေါ်သည်..။ ကျွန်တော်လည်း အစ်ကို့နောက်သို့ ပါသွားပြီး ရေကန်အနား ရောက်ပြီးသည့်နောက်မှာတော့ နှစ်ယောက်သား သွားတိုက်မျက်နှာသစ်သည်...။ထို့နောက် အရီးလေးတို့ကို နူတ်ဆက်ကာ အစ်ကိုနှင့် လှည်းပေါ်တက်ကာ အိမ်ဝိုင်းထဲမှ တောထဲသွားဖို့ လှည်းဖြင့်ပင် ထွက်ခဲ့မိတော့သည်...။

နံနက်ခင်း အရုဏ်ဦး နေရောင်ခြည်က... ပြိုးပြိုးပြောက်ပြောက် ကမ္ဘာမြေပေါ် ဖြန့်ခင်းလာပေမယ့် အေးခဲမှုကတော့ မလျှော့လာသေး...။ထိုကြောင့်ပင် အစ်ကိုက သူ့ရင်ခွင်ထဲ ကျွန်တော့်ဖြစ်တည်မှု ပျောက်ထွက်မတတ် တင်းကြပ်စွာ ပွေ့ဖက်ထားသည်...။ ကျွန်တော်လည်း ချမ်းအေးမှုကြောင့်ပင် အစ်ကို့ရင်ခွင်ထဲ တိုး၍ တိုး၍ပင်..

နံနက် ၈နာရီ...

ကျွန်တော်တို့ လယ်ထဲကို နံနက် ၇နာရီထိုးလောက် ရောက်သည်...။ ကျွန်တော် ဟိုမှာ ကျောင်းတက်နေစဉ်အတွင်း စိုက်ပျိုးထားသည့် ကုလားပင်များက စိမ်းစိမ်းညှို့ညှို့ဖြင့်ပင်..လယ်ကွင်းပြင် အပြည့် မြကမ္ဗလာခင်းသည့်နှယ်...။

အစ်ကိုကတော့ လယ်ကွက်ထဲမှာ အခြေအနေ လိုက်ကာ ကြည့်ပြီးသည်နှင့် ကျွန်တော့်ဆီသို့ ကန်သင်းရိုးမှပင် ပြန်လာနေသည်...။ ကျွန်တော်လည်း အစ်ကို့ကို တစ်ချက်ကြည့်လိုက်ပြီး အစ်ကိုလာရာလမ်းကို ပြုံး၍သာ မျှော်လျက်...

နေ့လည်ပိုင်း...

"ဟယ်... ပျိုးငယ်လေးက ပြန်လာတာလား?"

"ဟုတ်တယ်... မနက်က လယ်ထဲ နှစ်ယောက်လုံးသွားပြီး ပြန်လာတာလေ..."

"ကြည့်ပါဦး အရီးလေးရီရယ်... ငဦးက အရပ်ကြီးက ပျိုးငယ်နဲ့ဆို တော်တော် ကွာတာပဲ...။ ကုလားထိုင်ပေါ် အဲ့လိုအိပ်တော့ အလှည့်မသင့်ရင် အကြောတွေ ညှပ်နေမယ်...။ ပျိုးငယ်လေးက ကုလားထိုင်နဲ့ အံဝင်ခွင်ကျ ဖြစ်ပေမယ့် ငဦးကျတော့ ပျိုးငယ်ကိုလည်း သူ့ကိုယ်ပေါ် တင်အိပ်ရသေး... အရပ်ကြီးက ကလန်ကလားနဲ့..."

"အမလေး... ထားလိုက်...ထားလိုက်...။ ဘယ်လောက်တောင် ပင်ပန်းလာကြလဲ မသိဘူး...။ အများကြီးတောင် စကားမပြောနိုင်ဘဲ အိပ်ပျော်သွားကြတာ..။"

"ဒါနဲ့ အရီးလေးရယ် ... ပျိုးငယ်ကိုတော့ ငဦးနဲ့ နှစ်ယောက်တည်း လွှတ်တာက အန္တရာယ် မများဘူးလား? တော်ကြာ လက်လွန်သွားမှ အရီးလေးရယ်..."

"အမလေးအေ... သူ အဲ့လိုကြိမ်းတာက မလုပ်သေးလို့ပေါ့ တကယ်သာလုပ်ရင် အခုချိန် အလှလေးက ဆွေးမြေ့နေပြီ...။ ကဲပါ... လာလာ... အလုပ်သာ စ လိုက်ရအောင်..."

အရီးလေးရီရဲ့ အဟန့်နောက်မှာတော့ ကျွန်မတို့လည်း အရီးလေးရီအိမ်မှာ အလုပ်ကိုသာ စ ဖို့ ပြင်မိလေသည်...။

ညနေ ၃နာရီ...

နှစ်ယောက်လုံး တောထဲကအပြန် အိပ်ပျော်ပြီးသည့် နောက်မှာတော့ နှစ်နာရီကျော်ကျော်လောက်မှာ အိပ်ရာက နိုးလာမိသည်...။

အိမ်မှာ အလုပ်သမားတစ်ချို့နှင့် အလုပ်ရှုပ်နေသည်မို့ အစ်ကိုက ကျွန်တော့်ကို ခေါ်ကာ ရေကန်အနားသို့...။

ကျွန်တော်ကတော့ အစ်ကို့မျက်နှာကို ရေအနည်းငယ်ဖြင့်ပင် မျက်နှာသစ်ပေးလိုက်မိသည်...။ ထို့နောက် အစ်ကို့မေးဖျားမှ မုတ်ဆတ်မွှေးများကို ရိတ်သင်ပေးဖို့ ပြင်လိုက်မိသည်...။

"အစ်ကို့မုတ်ဆိတ်မွှေးတွေက ကြည့်ပါဦး... မြန်မြန်ရှည်ထွက်နေတာ...။ အဲ့ဒါတွေကို မရိတ်ဘူးလားဟင် အစ်ကို...။"

"ဘာမှမဖြစ်ဘူး ထားလိုက် ရတယ်..."

"ဘာ ရ ရ မှာလဲ? ကြည့်ဦး အဲ့ဒီနူတ်ခမ်းမွှေးတွေက အစ်ကို့ကို ပိုပြီး ရုပ်ကြမ်းစေတယ်...။"

ထိုအချိန်မှာတော့ အစ်ကိုက တစ်ချက်ပြုံးလာပြီးသည့်နောက်...

"ဘေဘီက တကယ် အဲ့ဒါကို ရုပ်ရင့်စေတယ် ထင်တာလား?"

"ဟုတ်တယ်... အဲ့ဒီနူတ်ခမ်းမွှေးတွေက အစ်ကိုနဲ့ ကြည့်မကောင်းဘူး...။ အဲ့ဒါကြောင့်-"

"........"

အစ်ကိုက ဘာမှမပြောဘဲ ကျွန်တော့်အခြေအနေကို စူးစိုက်စွာ ကြည့်နေသည်မို့...။ နောက်ဆုံးတော့ ကျွန်တော်လည်း ဘာမှမပြောနိုင်တော့ဘဲ အစ်ကို့ကို မကြည့်ရဲတော့သလို စကားလည်း မပြောနိုင်တော့...။ ထိုအချိန်မှာတော့ အစ်ကိုက...

"တကယ် ရုပ်ရင့်စေတာလား?"

နောက်တစ်ခါ ထပ်ပြီး မေးလာချိန်မှာတော့... ကျွန်တော်လည်း ခေါင်းကို ခါရမ်းလိုက်ပြီး...

"အဲ့ဒါက ရုပ်မရင့်စေပါဘူး... အရမ်း...အင်း အရမ်းကို ဆွဲဆောင်မှုရှိနေသလိုမျိုး...။"

စကားသံတို့ ဘာမှထပ်ပြီး မထွက်နိုင်တော့...။ အစ်ကိုက ကျွန်တော့်ကို အချိန်အတော်ကြာ ဘာမှမပြောဘဲ စိုက်ကြည့်နေသည်မို့ ...။ အစ်ကို့မျက်နှာက ကျွန်တော့်မျက်နှာအနားသို့ တရိပ်ရိပ် တိုးကပ်လာသည်မို့ ကျွန်တော်လည်း မိမိခြေထောက်တစ်ခုပေါ် တစ်ခု ထပ်လျက်ပင်...။ 

"ဟောဒီက မုန့်ကြွပ်..မု့န့်ကြွပ် ကြွပ်ကြွပ်ရွရွလေး... လေးရီတို့ ယူဦးမလားဟေ့..."

ရုတ်တရက် အိမ်တံခါးပေါက်ဝမှာ လာရပ်စောင့်နေသည့် မုန့်ကြွပ်သည်ကြောင့် နှစ်ယောက်သား လူချင်းခွာဖို့ ကြိုးစားလိုက်ပေမယ့် အစ်ကိုက လွှတ်မပေးဘဲ...။ နောက်ဆုံးတော့ ဇွတ်ရုန်း ရုန်းပြီး....

"အရီး... ခဏ ခဏ ပျိုးငယ် မုန့်ဝယ်မလို့..."

"သြော် အေးအေး... ဝင်ခဲ့မယ်လေ..."

အစ်ကို့လက်မှ လွှတ်မြောက်အောင် ရုန်းပြီး အဲ့ဒီမုန့်ကြွပ်သည်အနား ရောက်သွားလေတော့ လွှတ်မြောက်သွားပြီ ထင်ခဲ့ပေမယ့်....

ကျောဘက်မှ ကပ်လျက်...ကျွန်တော့်လည်ပင်းအောက်မှ နေရာတစ်နေရာကို သူ့လက်တစ်ဖက်ဖြင့်ပင် ပွေ့ပိုက်၍...

"ဘယ်လောက်ဖိုး ယူမလဲ အလှလေး..."

ကျွန်တော်က ပြန်ဖြေဖို့ ကြိုးစားလိုက်ပေမယ့်.... နောက်ကျောဘက်မှ...

"သူစားချင်သလောက် ပေးလိုက်ပါ..."

အစ်ကို့လက်တစ်ဖက်က ပိုက်ဆံကိုထုတ်ကာ မုန့်သည်အရီးလေးဆီ ပေးလာတော့... ကျွန်တော်လည်း မစားနိုင်သည့် ပမာဏတစ်ခုဖြစ်မှာမို့...

"အာ... အရီးလေး... တော်ပြီ... တော်ပြီ... ၂ထောင်ဖိုးပဲ..."

"ကဲ.. ဟုတ်ပါပြီ...ဟုတ်ပါပြီ...။ ဝယ်ကျွေးတဲ့သူက ဝယ်ကျွေးနေတာကို...။ မစားဘူးလား အလှလေးရဲ့...။"

"ဒီအတိုင်း ပျိုးငယ် နည်းနည်းပဲ စားချင်လို့ပါ...။"

မုန့်ကြွပ်သည် အရီးလေးဆီမှ မုန့်ကို ဝယ်ကာ အစ်ကို့လက်မောင်းမှ ကြွက်သားဖုပေါ် မှေးခိုကာ စားနေမိသည်...။ အစ်ကိုကတော့ ရေမချိုးသေးဘဲ ဒီအတိုင်း ထိုင်ကာ တစ်ဖက်မှ ကျွန်တော့်ကို ပွေ့ပိုက်ထားပြီး ကျန်တစ်ဖက်က ဆေးလိပ်ကိုသာ သောက်လျက်...။

"အစ်ကို... စားဦးမလား?"

ထိုအချိန်မှာတော့ ခေါင်းကို ခါရမ်းပြီး... ဆေးလိပ်ငွေ့ကိုသာ ကျွန်တော်နှင့်ဝေးရာ မှုတ်ထုတ်လျက်...။

အဝေးက အချစ်ငှက်နှစ်ကောင်ကို ကြည့်ပြီး... အမြင်ကပ်လာသူ မိမိကတော့...

"အရီးလေး... အဲ့ဒီနှစ်ယောက် ခွဲမယ့်အချိန်ရော ရှိလားဟင်?"

"မရှိဘူး... အေး... ခွဲလို့လည်း မရဘူးအေ့...။ ငဦးက ပျိုးငယ်ကို တစ်နာရီဝေးရင် တစ်နာရီ ထိုင်ကြည့်မယ့်သူလေ...။"

(.......) မြို့...

သူကတော့ နယ်ကို ပြန်သွားတာ နှစ်ရက်တောင် မပြည့်သေးပေမယ့် ဒီကတော့ သူ့ကို လွမ်းလွန်းလို့ ရူးနေပြီ ဖြစ်သည်...။

လွမ်းဆွတ်သည့် ဝေဒနါကို မခံစားနိုင်သည့်အဆုံး လက်မောင်းမှာ ဓားရှရာတို့က သွေးချင်းချင်းနီအောင် ထွက်လျက်...။

မေ့ပျောက်ဖို့ အိပ်ဆေးများကို သောက်ခဲ့သည်...။ မူးယစ်ရီဝေဖို့ အရက် ဘီယာများ ၊ ဆေးလိပ်များကို သောက်ခဲ့မိသည်...။ သို့ပေမယ့် ထိုဝေဒနါကို ကုစားနိုင်မှုမရှိဘဲ တရိပ်ရိပ်သာ တက်လျက်...

"ပျိုး... ကျွန်တော် မခံစားနိုင်တော့ဘူး...။ ဒီလိုပုံစံနဲ့ဆို... ပျိုး ကျွန်တော် သေဖို့ပဲ ရှိတော့တယ်...။"

လက်ထဲက ဖုန်းမှန်ပြင်မှ သူ့ပုံရိပ်လေးကို ငေးကြည့်မိသည်...။ ဖုန်းခေါ်ဆိုမှုတို့က အဆတ်မပြတ်ဖြစ်နေပေမယ့် တစ်ဖက်က ကိုင်သူမဲ့နေသည်...။ ထိုအရာကို တွေးကြည့်မိရင်းပင် မျက်ရည်တို့က မထိန်းနိုင်တော့...။

{တောင်းပန်ပါတယ်ဗျာ... တောင်းပန်ပါတယ်... ပျိုး.. ကျွန်တော့်ကို အရှင်လတ်လတ်ကြီး မသတ်ပါနဲ့...။ ကျေးဇူးပြုပြီး ဖုန်းကိုင်ပါ Please...။ ပျိုးကို ကျွန်တော် အရမ်း ချစ်တယ်ဗျာ...။}

{ပျိုးကို အရမ်းချစ်တယ်..}

ထိုmsgနှစ်စောင်ကို ပို့လိုက်မိသည်...။ မကြာမီပင် msgနှစ်စောင်က ရောက်ရှိကြောင်း ပြသပြီးသည့်နောက်မှာတော့ toiletဘက်သို့ သွားကာ ပြည့်ကာတက်နေသည့် အရာအားလုံးကို အန်ချမိလိုက်သည်...။

"ပျိုး...
ပျိုးကို ကျွန်တော် ချစ်တယ်ဗျာ..."

Tuesday:30:January:2024:21:24PM

N- ဒီလောက် ပြဿနာလေးနဲ့ မုန်တိုင်းက စောစောဝင်ပြီး စောစောပြီးပါ့မလား?

စိတ်ချ ဒီ့ထက်ကြီးတာ ရှိတယ်...။

Q: အစ်ကိုတော် အကြိုက်ဆုံး ငဦးရဲ့ position?

A: ပုံမှန်စိတ်အတိုင်းဆို ဘာစကားမှ မပြောဘဲ ပျိုးငယ်ကို ရင်ခွင်ထဲထည့် လက်တစ်ဖက်က သူ့ကလေး ပြုတ်ကျမှာစိုးလို့ ဖက်ထားမယ်... ကျန်တစ်ဖက်က ဒူးတစ်ဖက်ပေါ် ဆန့်တန်းပြီး ဆေးလိပ်သောက်နေတာမျိုး...။

စိတ်တိုနေတဲ့အချိန်ဆိုရင်တော့ ဘယ်positionပဲဖြစ်ဖြစ် ကြိုက်ပါတယ်...။

Q: ငဦးပြောတဲ့ စကားထဲမှာ အကြိုက်ဆုံး စကားလုံး...

{ဖောက်ပြန်ရဲ ဖောက်ပြန်ကြည့် ဒီမျက်နှာလှလှလေးက အရည်ပြားတွေ အကုန်ဆွဲခွာပစ်မယ်...}

{ပေါက်ကရတွေ မလုပ်နဲ့... ငါ ထိုးသတ်ပစ်မှာ}

Q: ငဦးက ပျိုးငယ် ကလေးရသွားရင် အရင်လို သဝန်မတိုတော့ဘူးမလား?

A: တိုဦးမှာပါပဲ... ပျိုးငယ် ဘာပဲဖြစ်နေ ဖြစ်နေ... ငဦးtraitက သဝန်တိုကို တိုနေမှာပါ။ သေချာတာက ငဦးက ပျိုးငယ်နဲ့ပတ်သတ်ရင် Serious ဖြစ်တတ်တဲ့သူပါ...။

Q: ဒီအပိုင်းက အရမ်းချိုတယ်နော်... ငဦးရဲ့ Dark side မတွေ့ရဘူး...

A: စိတ်မပူပါနဲ့... အဆုံးစွန်ဆုံးတွေအတွက် နောက် နှစ်လမ်းဆုတ်တာပါ...။ Ok bro?

{Zawgyi}

... မဟုတ္ဘူး..
သူ႕ဆီက ပ်ိဳးငယ္ကို ယူမယ္ ဟုတ္လား?
he'd rip the world apart with his bare hand.

****

ယခင္အပိုင္းမွ အဆက္...

"ဟယ္လို ပ်ိဳး... ပ်ိဳးလား? ကြၽန္ေတာ္ ရတုပါ...။"

တစ္ဖက္က အသံက ရွင္းလင္းျပတ္သားစြာ မဟုတ္ဘဲ အနည္းငယ္ လုံးေထြးေနခဲ့သည္...။ သို႔ေပမယ့္ အစ္ကို႔မ်က္ႏွာက တျဖည္းျဖည္း တည္တံ့လာသည္...။

ကြၽန္ေတာ္လည္း အေျခအေနကို တစ္ခ်က္ၾကည့္ကာ အစ္ကို႔အနားသို႔...
အစ္ကိုကေတာ့ ကြၽန္ေတာ့္ကို ၾကည့္ကာ သူ႕လက္ထဲက ဖုန္းကို speaker ပါ ဖြင့္လိုက္ေလၿပီ...။

ကြၽန္ေတာ္လည္း screenမွ ေပၚလာသည့္ ဖုန္းနံပါတ္စိမ္းကို မ်က္ေမွာင္က်ဳံ႕ကာ ၾကည့္လိုက္ရင္းမွ အစ္ကို႔အနားသို႔ ျဖည္းညွင္းစြာ သြားလိုက္မိသည္...။အစ္ကို႔ရင္ခြင္ထဲမွာ တိုးဝင္လိုက္ရင္းမွ... နားေထာင္ေနမိသည္...။

အစ္ကိုက အမူအရာျဖင့္ပင္ ကြၽန္ေတာ့္ကို အသံကို ေပးဖို႔ ေျပာဖို႔ ေမးေလေတာ့... ကြၽန္ေတာ္လည္း ေခါင္းကို ညိမ့္ကာ...

"ဟုတ္ကဲ့...."

"ေၾသာ္... ပ်ိဳးလား? ငါေလ... Fအခန္းက မိုးေလ...။ နင့္ဆီက စာအုပ္ကို ရတုဆီ ခဏ ငွားလိုက္မလို႔... အဲ့ဒါ လွမ္းဆက္ၿပီး ေျပာတာ...။ ဘယ္လိုလဲ? နယ္ေရာက္ေနၿပီလား?"

တစ္ဖက္က မိန္းကေလးအသံႏွင့္ ေယာက်္ားေလးအသံ ေရာေထြးေနသည့္ အခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း အစ္ကို႔ကို ၾကည့္လိုက္မိသည္...။ အစ္ကိုကေတာ့ ခံစားခ်က္မရွိေသာ မ်က္ႏွာတည္ျဖင့္ပင္....။

မိုးဆိုတာက ကြၽန္ေတာ္ႏွင့္တစ္ခန္းထဲက မိန္းကေလးျဖစ္သည္...။ သူႏွင့္ရတုဆိုသည့္ ကေလးက ဘယ္လိုပတ္သတ္ေနသည္လဲ?

ထို႔ထက္...
ကြၽန္ေတာ့္ဖုန္းနံပါတ္ကို ရတုဆိုသည့္ တစ္ေယာက္က ဘာလို႔ ရသြားသည္လဲ?
သူဘာေတြ ႀကံေနသည္လဲ မသိ....။

အဲ့ဒါထက္ အဲ့ဒီအရာက အစ္ကိုနဲ႕ ကြၽန္ေတာ့္ကိုသာ ခြဲဖို႔ အရာတစ္ခုျဖစ္လာဖို႔ အေၾကာင္းအရာျဖစ္လာရင္ေတာ့ ....
ပ်ိဳးငယ္ အဲ့လို လုံးဝ အျဖစ္ခံနိုင္မွာ မဟုတ္...။

ဒါေပမယ့္ အဲ့ဒီအရာကို ဟိုေရာက္ရင္ေတာ့ ေသခ်ာေလးကို ရွင္းရမယ့္ကိစၥပင္...။ အခုေတာ့ အစ္ကို႔ကို ထိုကိစၥအတြက္ ဘာကိုမွ မစဥ္းစားေစခ်င္ေသး...။

"ေၾသာ္... မိုးလား? ရတယ္ေလ... ေပးထားလိုက္ေပါ့...။ နင္က နင့္ဖုန္းနံပါတ္နဲ႕ ဆက္တာမွ မဟုတ္ဘဲ.... ။"

"ေအး ဟုတ္တယ္... ငါ့ဖုန္း ေဘလ္ကုန္သြားလို႔ပါ...။ ဘယ္လိုလဲ နယ္မွာ ေပ်ာ္ေနတယ္လား? ဘယ္ေန႕ ျပန္လာမွာလဲ?"

ထိုစကားၾကားခ်ိန္မွာေတာ့ အစ္ကိုက ကြၽန္ေတာ့္ကို တစ္ခ်က္ၾကည့္လာသည္...။ ကြၽန္ေတာ္လည္း အစ္ကို႔ကို ၿပဳံးကာ ၾကည့္လိုက္မိၿပီး....

"permit ရမွေပါ့... ဒါပဲမလား? ငါဖုန္းခ်လိဳက္ေတာ့မယ္...။ ငါ ေရခ်ိဳးမလို႔...။"

"ေၾသာ္ ေအးေအး... ဒါဆို ဒါပဲေနာ္... ပ်ိဳးေရ...။ ေက်ာင္းဖြင့္မွ ေတြ႕ၾကမယ္...။"

"ေအး..."

ထို႔ေနာက္ ဖုန္းကို ခ်လိဳက္ၿပီး အစ္ကို႔ကို ေပးကာ အစ္ကို႔ခါးကို ေပြ႕ဖက္မိလိုက္သည္...။

"မိုးသက္ေဝတဲ့... ဟိုေရာက္ရင္ မိတ္ဆက္ေပးမယ္ေနာ္...အစ္ကို။"

"အင္း"

အစ္ကိုက ဘာမွမေျပာဘဲ ေခါင္းကို ညိမ့္ကာ ကြၽန္ေတာ့္ကို ေပြ႕ဖက္လာသည္...။ ကြၽန္ေတာ္လည္း အစ္ကို႔ရင္ခြင္ထဲမွာ အလိုက္သင့္ေလးပင္ ရွိေနမိသည္...။ခဏအၾကာမွာေတာ့ အစ္ကိုက...

"နည္းနည္းေအးတယ္... ညမေရာက္ခင္ ေရခ်ိဳးေတာ့...။ ၿပီးတာနဲ႕ ထမင္းစားမယ္..."

"ဟုတ္ကဲ့ အစ္ကို... ဒါဆို ပ်ိဳးငယ္တို႔ အခုခ်ိဳးလိုက္ၾကစို႔!"

မိမိလက္တစ္ဖက္ကို ျမႇောက္ကာ ေျပာလာသည့္ အခ်ိန္မွာေတာ့ အစ္ကိုက အနည္းငယ္ ၿပဳံးလာေလၿပီ...။ ထို႔ေနာက္ ကြၽန္ေတာ့္ခါးမွ ေပြ႕ကာ ေရခ်ိဳးကန္ရွိရာသို႔...။ေဆာင္းရာသီမို႔ ရာသီဉတုက ေစာစီးစြာ အေမွာင္က်ေနၿပီး ေအးစိမ့္ေနသည္...။ ကြၽန္ေတာ္လည္း အရီးေလးကို ပ်ိဳးငယ္တို႔ ေရခ်ိဳးမယ့္အေၾကာင္း တစ္ခါတည္း ေျပာခဲ့ၿပီး ျဖစ္သည္...။

အစ္ကိုကေတာ့ ေရခ်ိဳးတဘက္တစ္ထည္ကို ပုခုံးေပၚ တင္ကာ သြားတိုက္ ေနသည္...။ ကြၽန္ေတာ္ကေတာ့ အစ္ကို႔အနား ခပ္သုတ္သုတ္ ေရာက္လာသည္ကို အစ္ကိုက ငုံ႕ကာ ၾကည့္ေနသည္...။

"အစ္ကို႔ကိုယ္ေပၚက ျမက္မႈန္ေတြခ်ည္းပဲ... အစ္ကို မယားဘူးလား? ဘာလို႔ အဝတ္မပါဘဲ လုပ္ေနရတာလဲဟင္?"

".. စိတ္က်ဥ္းၾကပ္လို႔...။"

"ဟင္း... အစ္ကို႔ၾကည့္ရတာ ပ်ိဳးငယ္ မရွိတိုင္း လုပ္ခ်င္တိုင္းကို လုပ္ေနသလိုပါပဲ...။ မလြယ္ဘူး... မလြယ္ဘူး...။"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက သြားတိုက္ေနတာကိုပင္ ရပ္တန့္ၿပီးသည့္ေနာက္ ကြၽန္ေတာ့္ကို ႐ုတ္တရက္ ဖက္ေလေတာ့ ကြၽန္ေတာ္ လန့္သြားမိသည္...။

"အစ္ကို... အစ္ကို ဘာျဖစ္လို႔လဲဟင္?"

မိမိလည္း ထိတ္လန့္မႈႏွင့္အတူ ေျပာလိုက္ေလေတာ့ အစ္ကိုက ကြၽန္ေတာ့္ကို ဖက္လ်က္ ေခါင္းကို ခါရမ္းျပသည္...။

"ေရခ်ိဳးေတာ့... အရမ္းေအးတယ္...."

"ဟုတ္...ဟုတ္ကဲ့ အစ္ကို...။"

မိနစ္အနည္းငယ္ အၾကာ....

ကြၽန္ေတာ္တို႔ ေရခ်ိဳးၿပီး ျပင္ဆင္ၿပီးသည္ႏွင့္ ေအာက္ထပ္ကို ထမင္းစားဖို႔ ဆင္းလာမိသည္...။အစ္ကိုႏွင့္အတူ ထမင္းဝိုင္းတစ္ခုတည္း မ်က္ႏွာခ်င္းဆိုင္ ထိုင္ၿပီးသည့္ ေနာက္မွာေတာ့ ကြၽန္ေတာ္လည္း အစ္ကို႔အတြက္ ထမင္းခူးခပ္ကာ ထည့္ေပးေနသည္...။

အစ္ကိုကေတာ့ ဘာမွမေျပာဘဲ ကြၽန္ေတာ့္ကို အခ်ိန္အေတာ္ၾကာ ၾကည့္ေနတာမ်ိဳးပင္...။ ကြၽန္ေတာ္လည္း အစ္ကို႔ကို ၿပဳံးကာ ျပန္ၾကည့္ေနမိသည္...။ အစ္ကိုကေတာ့....

"ေက်ာင္းတက္ရတာ ဘယ္လိုလဲ? အဆင္ေျပလား?"

"ဟုတ္ကဲ့ ေျပပါတယ္... ဒါေပမယ့္ ပ်ိဳးငယ္ ေက်ာင္းမတက္တာ ၾကာလို႔ ထင္တယ္...။ ေက်ာင္းတက္ရတာ ပ်င္းေနတယ္... ဟီး...။ ဒါနဲ႕ အစ္ကိုေရာ ေက်ာင္းသြားမတတ္ေသးဘူးလားဟင္?"

"ငါက မင္းပါမွ တက္မလို႔ ရည္စူးၿပီးသား... ဒါမွမဟုတ္ မင္းတကၠသိုလ္ရွိတဲ့ဘက္ကိုပဲ ေျပာင္းလာရမလား?"

"အမေလး... မဟုတ္ဘူး... မဟုတ္ဘူး...။ ဘယ္ကသာ... အစ္ကို႔ပုံစံနဲ႕က အဲ့လိုမ်ိဳး လိုက္မွာမဟုတ္ဘူး...။ အစ္ကိုက အတြက္အခ်က္ေတာ္ၿပီး ၿငိမ္ေနတာကိုက အစ္ကို႔ကို မိုက္ေစတာ...။ အစ္ကို႔ရဲ႕ အခုပုံစံက ပ်ိဳးငယ္ သေဘာအက်ဆဳံးပဲ...။ အစ္ကိုက ဉာဏ္ေကာင္းတယ္... ေတာ္တယ္... ျဖတ္ထိုးဉာဏ္ေကာင္းတယ္...။ တည္ၾကည္တယ္... အမိုက္ဆုံးပဲ...။ ပ်ိဳးငယ္က အတြက္အခ်က္နဲ႕ IT အပိုင္းေတြ ညံ့လို႔ ထင္တယ္... အစ္ကို အဲ့လိုေတာ္ေနတာကို အရမ္းသေဘာက်တာပဲ...."

အစ္ကိုကေတာ့ ကြၽန္ေတာ့္စကားကို သေဘာက်စြာ တစ္ခ်က္ၿပဳံးလိုက္ၿပီးသည့္ေနာက္....

"Babe ကမွ အေတာ္ဆုံးပါ..."

"အဟင္း... ဒါနဲ႕ေလ... အစ္ကို... ပ်ိဳးငယ္ အိမ္ကို စ ေရာက္တဲ့ေန႕တုန္းက အိမ္မွာ ဆရာဝန္တစ္ေယာက္ကို ေတြ႕လိုက္လားလို႔...။ သူက ဒီနယ္မွာ တာဝန္က်တဲ့ ဆရာမလား? အရင္တစ္ခါ ပ်ိဳးငယ္ကို ကုေပးတဲ့ သူလား?"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက တည္ၿငိမ္စြာျဖင့္ပင္...

"အင္း... ဟုတ္တယ္..."

"အရီးေလးက ဘာေတြ ေနမေကာင္းျဖစ္ေနလို႔လဲဟင္? ဆရာဝန္က စြဲၿပီး ျပေနရတာလားဟင္?"

"မဟုတ္ပါဘူး... မသိဘူး... ကိုယ္က အိမ္မွာ မရွိတာ မ်ားတယ္...။ အိမ္မွာ ရွိေနရင္ေတာင္ လူရႈပ္ေနရာကို မႀကိဳက္လို႔ ဆန္ႀကိတ္စက္ ရွိတဲ့ဘက္ကို သြားေနတာ...။"

"ေၾသာ္... ဟုတ္လား?"

"အရင္တစ္ခါ ဟင္း႐ြက္ခူးဖို႔ ဆိုၿပီး ေတာထဲ လိုက္လာတာေတာ့ ရွိတယ္...။ ဒါေပမယ့္ ေဝႀကီးနဲ႕ ထားခဲ့လိုက္တာ... စကားလည္း သိပ္မေျပာခ်င္လို႔...။"

"ဟင္း႐ြက္ခူးဖို႔ ေတာထဲ လိုက္လာတယ္ ဟုတ္လား အစ္ကို...?"

ကြၽန္ေတာ္က ထမင္းကို မစားဘဲ အေမးစကားျဖင့္ ဆိုေလေတာ့ အစ္ကိုက မ်က္ႏွာတည္ျဖင့္ပင္ ကြၽန္ေတာ့္ကို ၾကည့္လာၿပီး...

"င႐ုတ္သီးေတြ အမ်ားႀကီး မစားနဲ႕..."

ကြၽန္ေတာ့္ေခါင္းကို တစ္ခ်က္ပြတ္ကာ ေျပာသြားသည့္ အစ္ကို႔စကားေနာက္မွာေတာ့ ကြၽန္ေတာ္လည္း အေတြးမ်ားျဖင့္သာ...။

သူက ဘာလို႔ အစ္ကိုနဲ႕ ေတာထဲ လိုက္ဖို႔အထိ...
မဟုတ္ေလာက္ပါ... ဒီအတိုင္း ခင္တာမ်ိဳးပဲ ျဖစ္ေလာက္ပါမည္...။

ခ်က္ခ်င္း အစ္ကို႔အေပၚ သံသယဝင္မယ့္ အေတြးတစ္ခုကို ဖယ္ထုတ္ပစ္လိုက္မိသည္...။ ကြၽန္ေတာ့္ကို အရမ္းခ်စ္တဲ့ အစ္ကို႔ကို သံသယဝင္တာ ကြၽန္ေတာ့္အဆိုးပဲ က်မွာေပါ့...။
အစ္ကိုက အဲ့လိုလူမ်ိဳး မဟုတ္ပါ...။

ကြၽန္ေတာ္တို႔ မိနစ္အနည္းငယ္အတြင္း ထမင္းစားၿပီးသည့္ေနာက္မွာေတာ့ ကိုယ္ရည္လက္ရည္သပ္ကာ အိပ္ရာဝင္ဖို႔ ျပင္ေတာ့သည္....။ႏွစ္ေယာက္လုံး မ်က္ႏွာသစ္ သြားတိုက္ အိပ္ရာဝင္ဖို႔ မလုပ္ေသးခင္မွာပင္ အစ္ကိုကေတာ့...

"အေပၚသြားႏွင့္... ေနာက္က လိုက္ခဲ့မယ္..."

"ခဏ... အစ္ကို ဘယ္သြားမလို႔လဲ? လုပ္စရာရွိလို႔လားဟင္? ပ်ိဳးငယ္ပါ ကူလုပ္ေပးမယ္ေနာ္...။"

"မနက္ လယ္ထဲ ေစာေစာသြားဖို႔ ျပင္မလို႔... ရတယ္... Babeက အေပၚသြားေတာ့...။"

အစ္ကိုကေတာ့ ကြၽန္ေတာ့္ကို ေလွကားခုံေပၚ တင္ေပးကာ အိမ္ေပၚသို႔ သြားဖို႔ ေျပာေလေတာ့ ကြၽန္ေတာ္လည္း...

"... လယ္ထဲက အခုခ်ိန္ ကုလားပင္ေပါက္ေလးေတြ သြားၾကည့္မလို႔လား? ပ်ိဳးငယ္ေရာ လိုက္ခဲ့မယ္ေလ...။ ပ်ိဳးငယ္ေရာ လိုက္ခဲ့လို႔ ရမလား?"

အစ္ကို႔မ်က္ႏွာကို လိုက္ၾကည့္ကာ ေျပာေလေတာ့ အစ္ကိုက ကြၽန္ေတာ့္ေခါင္းမွ ဆံပင္မ်ားကို အုပ္ကိုင္ကာ ေခါင္းကို နမ္းရွိုက္ရင္း....

"ပင္ပန္းမယ္..."

"ဟင့္အင္း... ပ်ိဳးငယ္ မပင္ပန္းဘူး...။ ပ်ိဳးငယ္ အစ္ကိုနဲ႕ လိုက္ခ်င္တာ...။ ၿပီးေတာ့ ေငြပန္းေတြေရာ ဘယ္လိုျဖစ္ေနၿပီလဲ မသိဘူး...။ ပ်ိဳးငယ္ လိုက္မယ္.... လိုက္မယ္ေနာ္... ေနာ္..."

ကြၽန္ေတာ္က ဇြတ္အတင္း လိုက္ဖို႔ ေျပာေလေတာ့... အစ္ကိုက ေခါင္းကို ညိမ့္ျပလိုက္သည္...။ ထိုအခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း... အစ္ကို႔ခႏၶာကိုယ္ကို မွီတြဲ႕လိုက္ေတာ့ အစ္ကိုက ကြၽန္ေတာ့္ခါးမွ ေပြ႕ေလသည္...။ ထိုအခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း အစ္ကို႔ရင္ဘတ္ပိုင္းႏွင့္ ႂကြက္သားအျပည့္ လက္ေမာင္းတစ္ဖက္ကို ကိုင္ကာ...

"အစ္ကို... ခဏ...ခဏေလး... ပ်ိဳးငယ္ ဖိနပ္မစီးရေသးဘူး...။"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက...

"မစီးနဲ႕... မလိုဘူး..."

"အစ္ကို... အစ္ကို... ခဏ..."

ကြၽန္ေတာ္လည္း ဘာမွမေျပာနိုင္ေတာ့ဘဲ အစ္ကိုေပြ႕ခ်ီရာ ေနာက္သို႔သာ ပါသြားေတာ့သည္...။

ခဏအၾကာမွာေတာ့ အစ္ကိုက လွည္းရပ္ထားသည့္ တစ္ေနရာမွာ အထူးသျဖင့္ လွည္းေပၚမွာ ကြၽန္ေတာ့္ကို တင္ထားသည္...။ ကြၽန္ေတာ့္နံေဘးမွာ မီးအိမ္ကို ခ်ိတ္ကာ ရွိေလေတာ့ ကြၽန္ေတာ္လည္း တလႈပ္လႈပ္နဲ႕ အလုပ္မ်ားေနသည့္ အစ္ကို႔ကို ၾကည့္ရင္းမွ...

"အစ္ကို..."

"ရတယ္... အဲ့ဒီေပၚမွာေန...။"

ကြၽန္ေတာ္ ဘာမွမေျပာခင္မွာပင္ အစ္ကိုက ထိတ္ပိတ္ကာ ေျပာလာသည့္ အခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း...

"ပ်ိဳးငယ္.. ကူလုပ္ေပးမယ္ေနာ္...။ အစ္ကိုလည္း အလုပ္ ျမန္ျမန္ၿပီးမယ္ေလ... ပ်ိဳးငယ္ ကူလုပ္မယ္ေနာ္...။"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက သူ႕လက္ထဲမွ ႏြားပိုးက်င္ တစ္ေခ်ာင္းႏွင့္အတူ လက္တစ္ဖက္က ကိုင္ကာ မိမိအနားသို႔....

"ၿငိမ္ၿငိမ္ေန... မဟုတ္ရင္ ေခါင္းလိမ္ခ်ိဳးပစ္လိုက္မယ္...။"

အစ္ကို႔စကားေၾကာင့္ ပ်ိဳးငယ္ ဘာေျပာရမွန္း မသိေတာ့...။ ကြၽန္ေတာ္က အစ္ကို႔ကို ေငးကာ ၾကည့္ေနရင္းမွ အစ္ကိုက ကြၽန္ေတာ္ရွိေနသည့္ လွည္းေနာက္ပိုင္းသို႔ ေရာက္လာသည္...။

ကြၽန္ေတာ့္ခႏၶာကိုယ္ကို သူ႕လက္ႏွစ္ဖက္ျဖင့္ပင္ ေဘာင္ခတ္ရင္းမွ ကြၽန္ေတာ့္ကို စူးစိုက္ကာ ၾကည့္ေနသည္...။ သူ႕လက္တစ္ဖက္တစ္ခ်က္စီမွာေတာ့ ဓားတစ္လက္၊ ဝါးသည္းစိမ္းတစ္ခု...။အစ္ကို႔မ်က္ႏွာက ကြၽန္ေတာ့္မ်က္ႏွာႏွင့္ တစ္ထြာအကြာေလာက္မို႔ မီးအိမ္မွ မီးေရာင္က အစ္ကို႔မ်က္ႏွာအေပၚမွာ တစ္စြန္းတစ.. ထင္ဟပ္ေနသည္...။

အစ္ကို႔ဆီက ဆြဲေဆာင္မႈရွိသည့္ မ်က္ႏွာႏွင့္အတူ ေယာက်္ားပီသေသာ မုတ္ဆိတ္ေမႊး ၊ ႏူတ္ခမ္းေမႊး ေရးေရးကို ေငးၾကည့္တိုင္း ဘာေၾကာင့္မွန္းမသိ... ကြၽန္ေတာ္ ရင္တစ္စုံလုံး ပရမ္းဗတာ ျဖစ္႐ုံကလြဲ အျခားမရွိ...။

အခ်ိန္အေတာ္ၾကာသည့္အထိ အစ္ကိုက ကြၽန္ေတာ့္ကို စိုက္ၾကည့္ေနတာမို႔ ကြၽန္ေတာ္လည္း ဘာလုပ္ရမွန္း မသိစဥ္မွာပင္... အစ္ကိုကေတာ့... ကြၽန္ေတာ့္လည္တိုင္အနား တိုးကပ္ကာ...

"... ငါ့ရဲ႕ အရာရာတိုင္းကို limit မရွိဘဲ ထိန္းနိုင္ၿပီလား?"

အစ္ကို႔စကားလုံးေၾကာင့္ ကြၽန္ေတာ့္မ်က္ႏွာတစ္ျပင္လုံး ပူႏြေးသြားသလို... ကြၽန္ေတာ့္အသည္းအူလွိုက္မႈေၾကာင့္ ေျခဖဝါးႏွစ္ဖက္ကို အခ်င္းခ်င္းပြတ္တိုက္၍... ရွိေနသည္..။ ခဏအၾကာမွာေတာ့ အစ္ကိုက သူ႕လက္ထဲမွ ဝါးသည္းကိုင္ထားသည့္ ဘယ္လက္က ကြၽန္ေတာ့္ရဲ႕ ေပါင္တံကို ဒူးအထက္မွ စ ၍ ကိုင္လာသည္...။ တျဖည္းျဖည္း ဆုပ္ေထြးဖ်စ္ညွစ္ေနရင္းမွ ...

"ဒီေျခေထာက္ေတြကို ခုတ္ပစ္မွ ငါ့အနားမွာ ေနနိုင္မယ္ ထင္တယ္...။ ပ်ိဳးငယ္ မင္းမရွိရင္ ငါက ႐ူး..မွာ..."

"......."

ကြၽန္ေတာ္လည္း ဘာမွမေျပာနိုင္ဘဲ အစ္ကို႔ကိုသာ တစ္ခ်က္ၾကည့္ေနမိသည္...။ အစ္ကိုကေတာ့ ကြၽန္ေတာ့္ေပါင္တံကို သူ႕လက္ဖဝါးႀကီးႀကီးျဖင့္ ဆုပ္ေထြးလာၿပီး အစ္ကို႔ထံမွ အသက္ရႈသံ ျပင္းျပင္း ၾကားသည့္ အခ်ိန္မွာေတာ့ ကြၽန္ေတာ္ အနည္းငယ္ စိုးရိမ္ထိတ္လန႔္လာသလိုပင္..

(N- FA ေတြက ကိုယ့္ေပါင္ကို ျပန္ကိုင္ၾကည့္🙂)

"မင္း ငါ့အနားက ဘာလို႔ခဏ ခဏ ထြက္ေျပးေနတာလဲ...။ ငါက မင္းမရွိရင္ မျဖစ္ဘူးလို႔ ေျပာေနတာကို ဘာလို႔ ထြက္ထြက္သြားေနတာလဲ? ငါ့စိတ္ေတြ လြတ္ထြက္မသြားဖို႔ ငါဘယ္ေလာက္ေတာင္ ႀကိဳးစားေနရလဲ သိလား ပ်ိဳးငယ္..။ "

အစ္ကိုက အသက္ရႈသံျပင္းျပင္းျဖင့္ပင္ အၾကည့္မလႊဲဘဲ ရွိေနသည္မို႔... ကြၽန္ေတာ္လည္း စကားလမ္းေၾကာင္းလႊဲဖို႔ ျပင္လိုက္မိသည္...။ထိုအခ်ိန္မွာေတာ့ ကြၽန္ေတာ္က အစ္ကို႔ပါးျပင္ႏွစ္ဖက္ကို လက္ႏွစ္ဖက္ျဖင့္ပင္ အုပ္သိမ္းကိုင္ကာ...

"အစ္ကို အရမ္းကို ပင္ပန္းေနတာလား? အစ္ကို ပိန္သြားတယ္...။ ပ်ိဳးငယ္... မရွိလည္း ညဘက္ေတြ အိပ္ပါေနာ္...။

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ကြၽန္ေတာ့္ခါးကိုဖ်စ္ညွစ္ကာ ကိုင္လာၿပီး...

"ပ်ိဳးငယ္...
ငါ့အတြက္ အိပ္စက္ျခင္းက မင္းေလာက္ အေရးမပါဘူး ပ်ိဳးငယ္...။ ငါ့ကို အိပ္စက္ဖို႔ ေျပာေနတာထက္ အေရးႀကီးတာက ငါ့ကို မ႐ူးသြားဖို႔ မင္းလုပ္ရမွာ...။"

ထို႔ေနာက္ အစ္ကို႔ပုံစံက အနည္းငယ္ စိတ္လႊတ္ၿပီး ရွိေနသည္မို႔ ကြၽန္ေတာ္လည္း ဓားကို က်စ္က်စ္ပါေအာင္ ကိုင္ထားသည့္ အေၾကာၿပိဳင္းၿပိဳင္းနဲ႕ အစ္ကို႔လက္တစ္ဖက္ကို ကြၽန္ေတာ့္လက္ျဖင့္ ဖြဖြဆုပ္ကိုင္မိေတာ့...

"... ပ်ိဳးငယ္.. ငါက မင္းကို ခ်စ္လြန္းလို႔ အရိုးတစ္ျခား အသားတစ္ျခား ဆြဲၿဖဲလိုက္ခ်င္တာမ်ိဳး...၊

ပ်ိဳးငယ္... ေျခလွမ္းေတြ မမွားနဲ႕ေနာ္ ကေလးေလး...
တစ္ခုခု ေတြးထားတာရွိရင္... စိတ္မပူနဲ႕.... မင္းကို ငါကိုယ္တိုင္ သတ္မွာ..."

အစ္ကိုက ခ်က္ခ်င္းဆိုသလိုပင္ ကြၽန္ေတာ့္လည္တိုင္မွ ကိုင္ကာ ေနာက္ဘက္မွ လွည္းေပၚသို႔ လဲခ်သည္...။ ထို႔ေနာက္...

နံနက္ပိုင္း...

နံနက္ ၅နာရီ

အစ္ကိုကေတာ့ အိပ္ရာမွ ထကာ လွည္းအနားမွာ ယူမယ့္ပစၥည္းမ်ားကို အစီအရင္ တင္ေနသည္..။ နံနက္၅နာရီမို႔ ေဆာင္းရာသီ၏ ခ်မ္းစီးမႈကို အျပည့္အဝ ခံစားေနရသည္...။ကြၽန္ေတာ္လည္း မနက္စာ ထမင္းထုပ္ဖို႔ ျပင္ဆင္ေနမိသည္...။ မီးဖိုခန္းထဲမွာ ခ်မ္းစီးမႈႏွင့္အတူ တလႈပ္လႈပ္ ရွိေနမိသည္...။

ထမင္းထုပ္ အကုန္ျပင္ဆင္ၿပီးခ်ိန္မွာေတာ့ နံနက္၆နာရီ ရွိသြားၿပီ ျဖစ္သည္..။ မနက္ခင္းအလင္းေရာင္က ျဖန့္က်က္၍... ။ အရီးေလးတို႔လည္း အိပ္ရာမွ ထ ကာ ဆြမ္းေတာ္ကပ္ ဘုရားဝတ္ျပဳဖို႔ ျပင္ဆင္ေနသည္...။

အကုန္လုံး စီစဥ္ၿပီးသည္ႏွင့္ အစ္ကိုက ကြၽန္ေတာ့္ကို မ်က္ႏွာသစ္ဖို႔ လာေခၚသည္..။ ကြၽန္ေတာ္လည္း အစ္ကို႔ေနာက္သို႔ ပါသြားၿပီး ေရကန္အနား ေရာက္ၿပီးသည့္ေနာက္မွာေတာ့ ႏွစ္ေယာက္သား သြားတိုက္မ်က္ႏွာသစ္သည္...။ထို႔ေနာက္ အရီးေလးတို႔ကို ႏူတ္ဆက္ကာ အစ္ကိုႏွင့္ လွည္းေပၚတက္ကာ အိမ္ဝိုင္းထဲမွ ေတာထဲသြားဖို႔ လွည္းျဖင့္ပင္ ထြက္ခဲ့မိေတာ့သည္...။

နံနက္ခင္း အ႐ုဏ္ဦး ေနေရာင္ျခည္က... ၿပိဳးၿပိဳးေျပာက္ေျပာက္ ကမၻာေျမေပၚ ျဖန့္ခင္းလာေပမယ့္ ေအးခဲမႈကေတာ့ မေလွ်ာ့လာေသး...။ထိုေၾကာင့္ပင္ အစ္ကိုက သူ႕ရင္ခြင္ထဲ ကြၽန္ေတာ့္ျဖစ္တည္မႈ ေပ်ာက္ထြက္မတတ္ တင္းၾကပ္စြာ ေပြ႕ဖက္ထားသည္...။ ကြၽန္ေတာ္လည္း ခ်မ္းေအးမႈေၾကာင့္ပင္ အစ္ကို႔ရင္ခြင္ထဲ တိုး၍ တိုး၍ပင္..

နံနက္ ၈နာရီ...

ကြၽန္ေတာ္တို႔ လယ္ထဲကို နံနက္ ၇နာရီထိုးလောက် ေရာက္သည္...။ ကြၽန္ေတာ္ ဟိုမွာ ေက်ာင္းတက္ေနစဥ္အတြင္း စိုက္ပ်ိဳးထားသည့္ ကုလားပင္မ်ားက စိမ္းစိမ္းညွို႔ညွို႔ျဖင့္ပင္..လယ္ကြင္းျပင္ အျပည့္ ျမကမၺလာခင္းသည့္ႏွယ္...။

အစ္ကိုကေတာ့ လယ္ကြက္ထဲမွာ အေျခအေန လိုက္ကာ ၾကည့္ၿပီးသည္ႏွင့္ ကြၽန္ေတာ့္ဆီသို႔ ကန္သင္းရိုးမွပင္ ျပန္လာေနသည္...။ ကြၽန္ေတာ္လည္း အစ္ကို႔ကို တစ္ခ်က္ၾကည့္လိုက္ၿပီး အစ္ကိုလာရာလမ္းကို ၿပဳံး၍သာ ေမွ်ာ္လ်က္...

ေန႕လည္ပိုင္း...

"ဟယ္... ပ်ိဳးငယ္ေလးက ျပန္လာတာလား?"

"ဟုတ္တယ္... မနက္က လယ္ထဲ ႏွစ္ေယာက္လုံးသြားၿပီး ျပန္လာတာေလ..."

"ၾကည့္ပါဦး အရီးေလးရီရယ္... ငဦးက အရပ္ႀကီးက ပ်ိဳးငယ္နဲ႕ဆို ေတာ္ေတာ္ ကြာတာပဲ...။ ကုလားထိုင္ေပၚ အဲ့လိုအိပ္ေတာ့ အလွည့္မသင့္ရင္ အေၾကာေတြ ညွပ္ေနမယ္...။ ပ်ိဳးငယ္ေလးက ကုလားထိုင္နဲ႕ အံဝင္ခြင္က် ျဖစ္ေပမယ့္ ငဦးက်ေတာ့ ပ်ိဳးငယ္ကိုလည္း သူ႕ကိုယ္ေပၚ တင္အိပ္ရေသး... အရပ္ႀကီးက ကလန္ကလားနဲ႕..."

"အမေလး... ထားလိုက္...ထားလိုက္...။ ဘယ္ေလာက္ေတာင္ ပင္ပန္းလာၾကလဲ မသိဘူး...။ အမ်ားႀကီးေတာင္ စကားမေျပာနိုင္ဘဲ အိပ္ေပ်ာ္သြားၾကတာ..။"

"ဒါနဲ႕ အရီးေလးရယ္ ... ပ်ိဳးငယ္ကိုေတာ့ ငဦးနဲ႕ ႏွစ္ေယာက္တည္း လႊတ္တာကအႏၱရာယ္ မမ်ားဘူးလား? ေတာ္ၾကာ လက္လြန္သြားမွ အရီးေလးရယ္..."

"အမေလးေအ... သူ အဲ့လိုႀကိမ္းတာက မလုပ္ေသးလို႔ေပါ့ တကယ္သာလုပ္ရင္ အခုခ်ိန္ အလွေလးက ေဆြးေျမ့ေနၿပီ...။ ကဲပါ... လာလာ... အလုပ္သာ စ လိုက္ရေအာင္..."

အရီးေလးရီရဲ႕ အဟန့္ေနာက္မွာေတာ့ ကြၽန္မတို႔လည္း အရီးေလးရီအိမ္မွာ အလုပ္ကိုသာ စ ဖို႔ ျပင္မိေလသည္...။

ညေန ၃နာရီ...

ႏွစ္ေယာက္လုံး ေတာထဲကအျပန္ အိပ္ေပ်ာ္ၿပီးသည့္ ေနာက္မွာေတာ့ ႏွစ္နာရီေက်ာ္ေက်ာ္ေလာက္မွာ အိပ္ရာက နိုးလာမိသည္...။

အိမ္မွာ အလုပ္သမားတစ္ခ်ိဳ႕ႏွင့္ အလုပ္ရႈပ္ေနသည္မို႔ အစ္ကိုက ကြၽန္ေတာ့္ကို ေခၚကာ ေရကန္အနားသို႔...။

ကြၽန္ေတာ္ကေတာ့ အစ္ကို႔မ်က္ႏွာကို ေရအနည္းငယ္ျဖင့္ပင္ မ်က္ႏွာသစ္ေပးလိုက္မိသည္...။ ထို႔ေနာက္ အစ္ကို႔ေမးဖ်ားမွ မုတ္ဆတ္ေမႊးမ်ားကို ရိတ္သင္ေပးဖို႔ ျပင္လိုက္မိသည္...။

"အစ္ကို႔မုတ္ဆိတ္ေမႊးေတြက ၾကည့္ပါဦး... ျမန္ျမန္ရွည္ထြက္ေနတာ...။ အဲ့ဒါေတြကို မရိတ္ဘူးလားဟင္ အစ္ကို...။"

"ဘာမွမျဖစ္ဘူး ထားလိုက္ ရတယ္..."

"ဘာ ရ ရ မွာလဲ? ၾကည့္ဦး အဲ့ဒီႏူတ္ခမ္းေမႊးေတြက အစ္ကို႔ကို ပိုၿပီး ႐ုပ္ၾကမ္းေစတယ္...။"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက တစ္ခ်က္ၿပဳံးလာၿပီးသည့္ေနာက္...

"ေဘဘီက တကယ္ အဲ့ဒါကို ႐ုပ္ရင့္ေစတယ္ ထင္တာလား?"

"ဟုတ္တယ္... အဲ့ဒီႏူတ္ခမ္းေမႊးေတြက အစ္ကိုနဲ႕ ၾကည့္မေကာင္းဘူး...။ အဲ့ဒါေၾကာင့္-"

"........"

အစ္ကိုက ဘာမွမေျပာဘဲ ကြၽန္ေတာ့္အေျခအေနကို စူးစိုက္စြာ ၾကည့္ေနသည္မို႔...။ ေနာက္ဆုံးေတာ့ ကြၽန္ေတာ္လည္း ဘာမွမေျပာနိုင္ေတာ့ဘဲ အစ္ကို႔ကို မၾကည့္ရဲေတာ့သလို စကားလည္း မေျပာနိုင္ေတာ့...။ ထိုအခ်ိန္မွာေတာ့ အစ္ကိုက...

"တကယ္ ႐ုပ္ရင့္ေစတာလား?"

ေနာက္တစ္ခါ ထပ္ၿပီး ေမးလာခ်ိန္မွာေတာ့... ကြၽန္ေတာ္လည္း ေခါင္းကို ခါရမ္းလိုက္ၿပီး...

"အဲ့ဒါက ႐ုပ္မရင့္ေစပါဘူး... အရမ္း...အင္း အရမ္းကို ဆြဲေဆာင္မႈရွိေနသလိုမ်ိဳး...။"

စကားသံတို႔ ဘာမွထပ္ၿပီး မထြက္နိုင္ေတာ့...။ အစ္ကိုက ကြၽန္ေတာ့္ကို အခ်ိန္အေတာ္ၾကာ ဘာမွမေျပာဘဲ စိုက္ၾကည့္ေနသည္မို႔ ...။ အစ္ကို႔မ်က္ႏွာက ကြၽန္ေတာ့္မ်က္ႏွာအနားသို႔ တရိပ္ရိပ္ တိုးကပ္လာသည္မို႔ ကြၽန္ေတာ္လည္း မိမိေျခေထာက္တစ္ခုေပၚ တစ္ခု ထပ္လ်က္ပင္...။

"ေဟာဒီက မုန႔္ႂကြပ္..မု႔န႔္ႂကြပ္ ႂကြပ္ႂကြပ္႐ြ႐ြေလး... ေလးရီတို႔ ယူဦးမလားေဟ့..."

႐ုတ္တရက္ အိမ္တံခါးေပါက္ဝမွာ လာရပ္ေစာင့္ေနသည့္ မုန့္ႂကြပ္သည္ေၾကာင့္ ႏွစ္ေယာက္သား လူခ်င္းခြာဖို႔ ႀကိဳးစားလိုက္ေပမယ့္ အစ္ကိုက လႊတ္မေပးဘဲ...။ ေနာက္ဆုံးေတာ့ ဇြတ္႐ုန္း ႐ုန္းၿပီး....

"အရီး... ခဏ ခဏ ပ်ိဳးငယ္ မုန့္ဝယ္မလို႔..."

"ေၾသာ္ ေအးေအး... ဝင္ခဲ့မယ္ေလ..."

အစ္ကို႔လက္မွ လႊတ္ေျမာက္ေအာင္ ႐ုန္းၿပီး အဲ့ဒီမုန့္ႂကြပ္သည္အနား ေရာက္သြားေလေတာ့ လႊတ္ေျမာက္သြားၿပီ ထင္ခဲ့ေပမယ့္....

ေက်ာဘက္မွ ကပ္လ်က္...ကြၽန္ေတာ့္လည္ပင္းေအာက္မွ ေနရာတစ္ေနရာကို သူ႕လက္တစ္ဖက္ျဖင့္ပင္ ေပြ႕ပိုက္၍...

"ဘယ္ေလာက္ဖိုး ယူမလဲ အလွေလး..."

ကြၽန္ေတာ္က ျပန္ေျဖဖို႔ ႀကိဳးစားလိုက္ေပမယ့္.... ေနာက္ေက်ာဘက္မွ...

"သူစားခ်င္သေလာက္ ေပးလိုက္ပါ..."

အစ္ကို႔လက္တစ္ဖက္က ပိုက္ဆံကိုထုတ္ကာ မုန့္သည္အရီးေလးဆီ ေပးလာေတာ့... ကြၽန္ေတာ္လည္း မစားနိုင္သည့္ ပမာဏတစ္ခုျဖစ္မွာမို႔...

"အာ... အရီးေလး... ေတာ္ၿပီ... ေတာ္ၿပီ... ၂ေထာင္ဖိုးပဲ..."

"ကဲ.. ဟုတ္ပါၿပီ...ဟုတ္ပါၿပီ...။ ဝယ္ေကြၽးတဲ့သူက ဝယ္ေကြၽးေနတာကို...။ မစားဘူးလား အလွေလးရဲ႕...။"

"ဒီအတိုင္း ပ်ိဳးငယ္ နည္းနည္းပဲ စားခ်င္လို႔ပါ...။"

မုန့္ႂကြပ္သည္ အရီးေလးဆီမွ မုန့္ကို ဝယ္ကာ အစ္ကို႔လက္ေမာင္းမွ ႂကြက္သားဖုေပၚ ေမွးခိုကာ စားေနမိသည္...။ အစ္ကိုကေတာ့ ေရမခ်ိဳးေသးဘဲ ဒီအတိုင္း ထိုင္ကာ တစ္ဖက္မွ ကြၽန္ေတာ့္ကို ေပြ႕ပိုက္ထားၿပီး က်န္တစ္ဖက္က ေဆးလိပ္ကိုသာ ေသာက္လ်က္...။

"အစ္ကို... စားဦးမလား?"

ထိုအခ်ိန္မွာေတာ့ ေခါင္းကို ခါရမ္းၿပီး... ေဆးလိပ္ေငြ႕ကိုသာ ကြၽန္ေတာ္ႏွင့္ေဝးရာ မႈတ္ထုတ္လ်က္...။

အေဝးက အခ်စ္ငွက္ႏွစ္ေကာင္ကို ၾကည့္ၿပီး... အျမင္ကပ္လာသူ မိမိကေတာ့...

"အရီးေလး... အဲ့ဒီႏွစ္ေယာက္ ခြဲမယ့္အခ်ိန္ေရာ ရွိလားဟင္?"

"မရွိဘူး... ေအး... ခြဲလို႔လည္း မရဘူးေအ့...။ ငဦးက ပ်ိဳးငယ္ကို တစ္နာရီေဝးရင္ တစ္နာရီ ထိုင္ၾကည့္မယ့္သူေလ...။"

(.......) ၿမိဳ႕...

သူကေတာ့ နယ္ကို ျပန္သြားတာ ႏွစ္ရက္ေတာင္ မျပည့္ေသးေပမယ့္ ဒီကေတာ့ သူ႕ကို လြမ္းလြန္းလို႔ ႐ူးေနၿပီ ျဖစ္သည္...။

လြမ္းဆြတ္သည့္ ေဝဒနါကို မခံစားနိုင္သည့္အဆုံး လက္ေမာင္းမွာ ဓားရွရာတို႔က ေသြးခ်င္းခ်င္းနီေအာင္ ထြက္လ်က္...။

ေမ့ေပ်ာက္ဖို႔ အိပ္ေဆးမ်ားကို ေသာက္ခဲ့သည္...။ မူးယစ္ရီေဝဖို႔ အရက္ ဘီယာမ်ား ၊ ေဆးလိပ္မ်ားကို ေသာက္ခဲ့မိသည္...။ သို႔ေပမယ့္ ထိုေဝဒနါကို ကုစားနိုင္မႈမရွိဘဲ တရိပ္ရိပ္သာ တက္လ်က္...

"ပ်ိဳး... ကြၽန္ေတာ္ မခံစားနိုင္ေတာ့ဘူး...။ ဒီလိုပုံစံနဲ႕ဆို... ပ်ိဳး ကြၽန္ေတာ္ ေသဖို႔ပဲ ရွိေတာ့တယ္...။"

လက္ထဲက ဖုန္းမွန္ျပင္မွ သူ႕ပုံရိပ္ေလးကို ေငးၾကည့္မိသည္...။ ဖုန္းေခၚဆိုမႈတို႔က အဆတ္မျပတ္ျဖစ္ေနေပမယ့္ တစ္ဖက္က ကိုင္သူမဲ့ေနသည္...။ ထိုအရာကို ေတြးၾကည့္မိရင္းပင္ မ်က္ရည္တို႔က မထိန္းနိုင္ေတာ့...။

{ေတာင္းပန္ပါတယ္ဗ်ာ... ေတာင္းပန္ပါတယ္... ပ်ိဳး.. ကြၽန္ေတာ့္ကို အရွင္လတ္လတ္ႀကီး မသတ္ပါနဲ႕...။ ေက်းဇူးျပဳၿပီး ဖုန္းကိုင္ပါ Please...။ ပ်ိဳးကို ကြၽန္ေတာ္ အရမ္း ခ်စ္တယ္ဗ်ာ...။}

{ပ်ိဳးကို အရမ္းခ်စ္တယ္..}

ထိုmsgႏွစ္ေစာင္ကို ပို႔လိုက္မိသည္...။ မၾကာမီပင္ msgႏွစ္ေစာင္က ေရာက္ရွိေၾကာင္း ျပသၿပီးသည့္ေနာက္မွာေတာ့ toiletဘက္သို႔ သြားကာ ျပည့္ကာတက္ေနသည့္ အရာအားလုံးကို အန္ခ်မိလိုက္သည္...။

"ပ်ိဳး...
ပ်ိဳးကို ကြၽန္ေတာ္ ခ်စ္တယ္ဗ်ာ..."

Tuesday:30:January:2024:21:24PM

N- ဒီေလာက္ ျပႆနာေလးနဲ႕ မုန္တိုင္းက ေစာေစာဝင္ၿပီး ေစာေစာၿပီးပါ့မလား?

စိတ္ခ် ဒီ့ထက္ႀကီးတာ ရွိတယ္...။

Q: အစ္ကိုေတာ္ အႀကိဳက္ဆုံး ငဦးရဲ႕ position?

A: ပုံမွန္စိတ္အတိုင္းဆို ဘာစကားမွ မေျပာဘဲ ပ်ိဳးငယ္ကို ရင္ခြင္ထဲထည့္ လက္တစ္ဖက္က သူ႕ကေလး ျပဳတ္က်မွာစိုးလို႔ ဖက္ထားမယ္... က်န္တစ္ဖက္က ဒူးတစ္ဖက္ေပၚ ဆန့္တန္းၿပီး ေဆးလိပ္ေသာက္ေနတာမ်ိဳး...။

စိတ္တိုေနတဲ့အခ်ိန္ဆိုရင္ေတာ့ ဘယ္positionပဲျဖစ္ျဖစ္ ႀကိဳက္ပါတယ္...။

Q: ငဦးေျပာတဲ့ စကားထဲမွာ အႀကိဳက္ဆုံး စကားလုံး...

{ေဖာက္ျပန္ရဲ ေဖာက္ျပန္ၾကည့္ ဒီမ်က္ႏွာလွလွေလးက အရည္ျပားေတြ အကုန္ဆြဲခြာပစ္မယ္...}

{ေပါက္ကရေတြ မလုပ္နဲ႕... ငါ ထိုးသတ္ပစ္မွာ}

Q: ငဦးက ပ်ိဳးငယ္ ကေလးရသြားရင္ အရင္လို သဝန္မတိုေတာ့ဘူးမလား?

A: တိုဦးမွာပါပဲ... ပ်ိဳးငယ္ ဘာပဲျဖစ္ေန ျဖစ္ေန... ငဦးtraitက သဝန္တိုကို တိုေနမွာပါ။ ေသခ်ာတာက ငဦးက ပ်ိဳးငယ္နဲ႕ပတ္သတ္ရင္ Serious ျဖစ္တတ္တဲ့သူပါ...။

Q: ဒီအပိုင္းက အရမ္းခ်ိဳတယ္ေနာ္... ငဦးရဲ႕ Dark side မေတြ႕ရဘူး...

A: စိတ္မပူပါနဲ႕... အဆုံးစြန္ဆုံးေတြအတြက္ ေနာက္ ႏွစ္လမ္းဆုတ္တာပါ...။ Ok bro?

Weiterlesen

Das wird dir gefallen

510K 34.3K 31
story description>>>>> start-5/10/2021 end-1/1/2022
215K 5.3K 37
warning 21+ punishment, BDSM, sm play, roleplay , etc... တွေပါနိုင်ပါတယ် တပိုင်းချင်းဆီ warning ကိုတပိုင်းချင်းဆီပြန်ရေးပါ့မယ် Ukeက transgender ပါ❗
699K 37.7K 46
ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်၊ဇာတ်ကောင်များသည် စာရေးသူရဲ့ စိတ်ကူးဉာဏ်‌ေသး‌ေသးဖြင့်သာ ပုံဖော်ထားခြင်းဖြစ်လို့ တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...
637K 56.2K 51
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...