သူကြီးသားကကျွန်တော့်အပိုင်[ပု...

By Shinn-0813

302K 14K 677

ပုံတိုင်းဆောင် +ရာချီဒွေး သူကြီးသားလေးနဲ့ အပေါင်ဆိုင်သားလေးတို့ကိုဖတ်ပေးကြပါအုန်းရှင့် တောရွာပုံစံလေးကိုမှ ကြ... More

intro
1(Unicode)
1(ZawGyi)
2(Unicode)
2(ZawGyi)
3(Unicode)
3(ZawGyi)
4(Unicode)
4(ZawGyi)
5(Unicode)
5(ZawGyi)
6(Unicode)
6(ZawGyi)
7(Unicode)
7(ZawGyi)
8(ZawGyi)
9(Unicode)
9(ZawGyi)
10(Unicode)
10(ZawGyi)
11(Unicode)
11(ZawGyi)
12(Unicode)
12(ZawGyi)
13(Unicode)
13(ZawGyi)
14(Unicode)
14(ZawGyi)
15(Unicode)
15(ZawGyi)
16(Unicode)
16(ZawGyi)
17(Unicode)
17(ZawGyi)
18(Unicode)
18(ZawGyi)
19(Unicode)
19(ZawGyi)
20(Unicode)
20(ZawGyi)
21(Unicode)
21(ZawGyi)
22(Unicode)
22(ZawGyi)
23(Unicode)
23(ZawGyi)
24(Unicode)
24(ZawGyi)
25(Unicode)
25(ZawGyi)
26(Unicode)
26(ZawGyi)
27(Unicode)
27(ZawGyi)
28(Unicode)
28(ZawGyi)
29(Unicode)
29(ZawGyi)
Final part(Unicode)
Final Part (ZawGyi)
အသိပေးခြင်း

8(Unicode)

7.4K 470 6
By Shinn-0813

"ဘုန်းဘုန်းက သားတို့ကိုယုံတယ်ဟုတ်လား "

"ယုံတာမယုံတာငါလဲမသိဘူး ဒါပေမယ့် ဒီကိစ္စကိုမင်းနဲ့ကျန်စစ်ကိုဘဲခိုင်းနေတာ"

ဘယ်လိုတောင်မဖြစ်နိုင်တဲ့ကိစ္စလဲ ဘုရားပွဲမှာ အလှူလုပ်ကိုဖို့ ကျန်စစ်နဲ့ငါက ဘာလို့အလှူခံရမှာလဲ ။

"သားမလုပ်ချင်ဘူး ရွာထဲမှာလည်းလိုက်မခံချင်နေပူတယ်ဗျ "

"ဒါဆိုလဲဘုန်းဘုန်းသာ သွားပြော "

"ဘုန်းဘုန်း‌ကိုပြောရင် ကြိမ်လုံးဆာမိမှာပေါ့"

"ဒါဆို ခိုင်းတာလုပ်လိုက်လေ "

ဘုန်းဘုန်းက တမင်ကိုကျန်စစ်နဲ့ရန်မဖြစ်အောင်ခိုင်းတာနေလိမ့်မည် ။
ဒါပေမယ့် သူတို့ဘယ်လိုဦးဆောင်နိုင်မလဲ ရွာထဲမှာ ခွေးကစ သူတို့ကိုအမြင်မကြည်တာကို။

"ကြားပြီးပြီလား "

"ကြားပြီးလို့မင်းကိုလာပြောတာလေဘယ်လိုလဲမင်းလုပ်မာလား "

ဆရာတော်ကိုကြောက်လို့သာ ရာချီကအရင်လာပတ်သက်နေရတာ တကယ်ဆို တစ်စက်လေးမှ မပတ်သတ်ချင်ပါ ။

"မလုပ်လို့မှမရတာ "

"သိပြီးတာဘဲ မနက်ဖြန်ကျရင်သာ လူစုတော့"

"မင်းလုပ်လေ လီးလား "

"အတူတူလုပ်မယ်ကွာ ငါလဲ ရပ်ကွက်ထဲမှာသိပ်သိတာမဟုတ်ဘူး "

"အေ "

ပြောလို့ပြီးတာနဲ့ ပြန်ဖို့လုပ်နေတူန်း
ကျန်စစ်က လက်ကိုလှမ်းဆွဲလို့တွန့်သွားရ၏

"အမလေးဖယ်ဖယ်ဖယ်အော့အော့‌တွေ "

"စောက်ပိုလုပ်မနေနဲ့ "

"လီးကိုစောက်ပိုလား ဒါဆိုဘောဖြစ်လို့ငါ့လက်ကိုလာဆွဲတာလား"

စကားတခါပြောဖို့အရေးကို အမြဲ အထွန့်တက်နေတာ ဒါကြောင့်မတည့်တာမဆန်းပေ ။

"မင်း အကိုပုံတိုင်းရဲ့ အပေါင်ဆိုင်ကိုမသွားနဲ့"

"ဘာ"

"ငါမကြုက်ဘူးမင်းအက်လိုသွားနေတာကို"

"မင်းနဲ့ဘာဆိုင်လဲ မင်းမကြိုက်ပေမယ့် ငါကြိုက်တယ် ငါကြိုက်လို့ငါသွားတယ်ရှင်းလား အခုလည်းသွားဖို့ "

"မင်း...မင်း!"

ငါကိုကလျှာရှည်ပြီးပြောမိတာ ဒီကောင်ကဘယ်တုန်းက လူစကားနားလည်ဖူးလို့လဲ။
အကိုပုံတိုင်းကိုသဘောကျမိတာကြောင့်
အကိုပုံတိုင်းနားလူတွေကပ်ရင်မကြိုက်ချင်ပါ
ကိုယ်ကခနခနသွားရင်လည်း အကိုပုံတိုင်းကိုကြိုက်နေတယ်ဆိုတာ ရာချီသိသွားမှာ။

ဟိုကောင့်ကို စောက်မြင်ကပ်လို့သာပြောလိုက်တာ တကယ်တော့ပုံတိုင်းအိမ်ကို သွားဖို့လဲ အချိန်မရှိ ဒီနေ့ မျို့စေ့ရမှာမို့လို့ သာလှနဲ့သာ စိုက်ပျိုးမလို့အချိန်ပေးထားရသည်။

<><>

မနေ့ညနေက စလုပ်ခဲ့ပေမယ့်ဘာမှလည်းသိပ်လုပ်ထားတာမရှိတော့
အရင်ဆုံးကျန်တဲ့မြေတွေကိုသာ ပေါက်တူးနဲ့ဆွပေးနေရသည်။

"အကိုလေးရာချီ"

"‌ စကားမများနဲ့လုပ်စရာရှိလုပ်ကွာ "

ရာချီက အလုပ်ဆိုမလုပ်ရင်ဘယ်တော့မှမလုပ် လုပ်ပြီဆိုရင်လည်း ပြီးတဲ့အထိ မနားမနေလုပ်တက်သည် ဒါမှ နားရမှာမို့လို့လေ။

"အရင်လိုဘဲနေတက်သလိုနေပါဗျာ ဘာလို့အခု အပင်ပန်းခံပြီးလုပ်နေရတာလဲ "

"အပြောအဆို မခံချင်လို့ပါကွာ အခု ငါသာပိုက်ဆံရှိပြီးအဖေနဲ့ အတူတူနေစရာမလိုတော့ဘူးဆိုရင် ငါလည်း အဆူမခံရတော့ဘူး ပေါ့ ဟုတ်တယ်မလား "

"ဟုတ်ပါတယ် ဟုတ်ပါတယ် "

အခုဆို အလုပ်လုပ်နေရတာ အချိန်လည်းကြာမြင့်လာသလို နှစ်ယောက်သာချွေးသံ တစ်ရွှဲရွဲနဲ့ ရာချီ့ရဲ့မျက်နှာမှာဆိုလဲ မြေတွေနဲ့ နှစ်ပါးသွားထားရတာမို့ ညစ်ပတ်နေပြီဖြစ်သည်။
သို့သော်ဒီတရက်ဘဲလုပ်ရတော့မည် ‌နောက်နေ့ကစပြီးဘုရားပွဲအတွက်ပြင်ဆင်ရမှာမိူ့ ဒီစိုက်ခင်းကိုလည်း လူပြန်ငှားထား၏

"အကိုလေး ဒါဆို ကျွန်တော် ထမင်းစားသွားနားတော့မယ် "

"အေအေ "

"အကိုလေးရော လိုက်ခဲ့လေ "

"မလိုက်တော့ဘူး ဒီမှာခနမှေးမလို့ "

ဒီနေရာလေးက လေစိမ်းတွေပါတိုက်တာမို့လို့အေးချမ်းနေ၏ မြေဆွထားတော့ ထွက်လာတဲ့မြေသင်းနံ့ကိုလည်း ကြိုက်နှစ်သက်၏
ဒါကြောင့် မြေပေါ်မှာဘဲ ထိုင်လျှက်
တဖြည်းဖြည်းနဲ့ လှဲချပြီးပါ အိပ်လိုက်သေးသည်။

"ရာချီ...အိပ်ပျော်နေတာလား"

ဘေးကနေ သြရှနေတဲ့အသံလေးကိုမှ ငြိမ်ငြိမ်လေးပြောနေတဲ့ ပုံတိုင်းရဲ့အသံကို ရာချီ ကြားလိုက်ပါသည်။
သို့ပေမယ့် ဒီအချိန်က သူရုပ်ဆိုးနေမည်ထင်တာကြောင့် မျက်နှာတောင်မဖော်ချင်တော့ဘဲ အိပ်ချင်ယောင်ဆောင်ပြန်ဆောင်လိုက်သည်။
သူကဘာလို့ရောက်လာတာလဲ အရေးထဲကမှ။

"ရာချီ...ဒီနားကနေပူနေပြီ "

"...."

နေရောင်က ရာချီ့မျက်နှာကိုထိုးလာတာကြောင့် နေပူနေမှာဆိုးလို့ နိူပေးမယ့်မကြားရတာလားမသိ လုံးဝပြန်မဖြေ။
ဒါကြောင့် သူကဘဲ နေထိုးနေတဲ့ နေရာမှာ ဝင်ကာပေးလိုက်သေးသည်။

နေပူလို့ မျက်စိကို ရူံ့ရူံ့သွားတဲ့ကောင်လေးကိုကြည့်ရတာ တကယ့်ကို မြတ်နိုးစရာလေးဖြစ်နေ၏

*ချီးဘဲ မြန်မြန်သွားပါတော့ဟ *

အိပ်ချင်ယောင်ဆောင်တဲ့သူက နိူးရခက်တယ်ဆိုတာ တကယ်မှန်ပါလား။
အခုလည်း သူနိုးနေလောက်ပြီ
ဒီလောက်မြေဆွေးနံ့စူးစူးကြီးတွေရှိပြီး
အချိန်နှောင်းနေလို့ ဗိုက်ဆာရင်လည်းဆာနေလိုက်ပြီ။အက်အတွက်တော့ ပုံတိုင်းပါလာတဲ့ ထမင်းချိုင့်လေးတော့ရှိသည်။

ကိုယ်ကသူ့ဆီ အနီးကပ်ကြည့်လိုက်တဲ့အချိန်မျတ်နှာရူံ့သွားတာတို့ မျက်တောင်မလှုပ်နေတာတွေကအသဲယားနေလို့နေပြီ
ဒါကြောင့် နိူးရခက်တဲ့ လူကို နိူးစေချင်တဲ့စိတ်နဲ့

ပြွတ်စ်!!!

*ဘာလဲအခု ငါ့နှဖူးကိုမနမ်းခံလိုက်ရတာလား*

"ဒါတောင်မထသေးဘူးဘဲမင်းက "

နောက်ဆုံးမှ ကောင်လေးရဲ့ ခါးနှစ်ဖက်ကို ကလိထိုးလိုက်တာကြာင့် ရာချီနိုးလာပြီးရုန်းကန်နေရ၏

"ဖယ် အဟီးဟီယားတယ် "

"အိပ်ချင်ယောင်ဆောင်နေတယ်ပေါ့ "

"....ဟင်းဟင်းဟင်းဟင်း"

အချိန်တော်အကြာမှ လွှတ်ပေးလာသည်မို့
ရုန်းကန်နေရတဲ့ အချိန်တွင်တော့ အင်္ကျီတွေမှာလဲပိုလို့တောင် ရွံ့‌တွေလူးသွားရ၏

"ပုံတိုင်းမင်းကတော့ကွာကျစ် "

"ဒေါသထွက်သွားတာလား "

"အက်လိုတော့မဟုတ်ပါဘူး သူများအိပ်နေတာကို "

"အိပ်နေတာရော ဟုတ်ရဲ့လား....ထားပါ အခု ကိုယ်ထမင်းထည့်လာပေးမယ် မင်းဗိုက်ဆာနေမယ်ထင်လို့ "

ဗိုက်ကမဆာဘူးလို့တောင်မလိမ်နိုင်တဲ့အထိ အသံတွေပါ မြည်လို့နေသည်။
သို့ပေမယ့် အိမ်တော့ မပြန်ချင်ပါ အဖေရဲ့ ဆူသံတွေကိုမခံချင်တော့ပါ။

ချိုင့်ကိုကြည့်လ်ိုက်တော့ ထမင်းနဲ့ ကြက်သားနှစ်ယောက်စာကို ဇွန်းကတစ်ချောင်းထဲပါလာ၏

"မင်းရောငါရော စားမှာကို ဘာလို့ဇွန်းက တစ်ချောင်းထဲလဲ "

"ကျန်ခဲ့တယ်ထင်ပါရဲ့ ရပါတယ်မင်းဘဲအရင်စားနှင့်တော့ "

ဘယ်လိုလုပ်အက်လိုလုပ်နိုင်မှာလဲ ပုံတိုင်းကအမြဲ ငါ့ကို တစ်‌ကိုယ်ကောင်းသမားလို့ ထင်နေတာလားဘဲမသိတော့ပါ အမြဲလျှော့ပေးနေတာကြီးက အမြဲအနိုင်ယူမယ်ထင်နေတာလားမသိ။

"ခွံ့ကျွေး "

"..."

"ဇွန်းမှမပါတာ မင်းဘဲငါ့ကိုခွံ့ကျွေးလေ "

"ဟုတ်ပါပြီး ကိုယ်ခွံကျွေးပါတယ် "

ရာချီရဲ့အကြိုက်ကိုတော့အမြဲဆောင်တက်၏
အခုလည်း အသားဖက်ကိုပါ တစ်ခါထဲနွင်ပြီးထည့်ကျွေးနေပေးတာ ခလေးတစ်ယောက်ကိုခွံပေးနေသည့်အတိုင်း။

"စားလို့ကောင်းရဲ့လား ရာချီ"

"အင်းကောင်းတယ် "

အသားတစ်ချောင်းကိုလက်နဲ့ကိုင်ထားပြီး
ပုံတိုင်းခွံ့ကျွေးတာကိုစားနေတဲ့အချိန်
ပုံတိုင်းအသဲယားလာသည်မို့ရီမိပေမယ့်

"ငါ့ကို ထမင်းတစ်လုပ်ခွံ့ပြီးတိုင်းမရီပါနဲ့
ခလေးတစ်ယောက်လိုခံစားရတယ်"

"ခလေးဘဲလေ "

"ဘယ်နားက ခလေးလဲ ငါ 18 ကိုတော်တော်ကျော်လာပြီးကွ "

"မင်းဘာသာ 18 မကလို့ 81 ဘဲဖြစ်ဖြစ် မင်းကကိုယ့်အတွက်တော့ ခလေးဘဲဖြစ်နေအုန်းမှာ "

ပုံတိုင်းရဲ့စကားကြောင့် စိတ်ထဲသို့ အလိုမကျတဲ့ စိတ်တွေက ပြေးခက်ဝင်လာခဲ့၏
သူက အခုငါ့ကို သူ့ညီသူ့တူ လေးလို့သဘောထားနေတာ သာဖြစ်နိုင်၏

"မင်းငါ့ကို ခလေးလိုမဆက်ဆံနဲ့လို့ကွာ "

"ဘယ်လိုဖြစ်လို့လဲရာချီရဲ့ မင်းသိလား ကိုယ်ငယ်ငယ်ထဲက ခင်လာတဲ့လူတွေက နှင်းရည် သာလှ ကျန်စစ် ပြီးတော့မင်းရယ် အက်ထဲမှာ မင်းကိုဘဲပိုပြီးသံယောစဉ်တွယ်လာမိတာ ပြီးတော့ မင်းကကိုယ့်အတွက်တော့ မရင့်ကျက်သေးတဲ့ ခလေးငယ်ပါဘဲ "

"သူတို့တွေတော့ မင်းကိုအကိုအရင်းလိုသဘောထားပေမယ့် ငါကတော့ မင်းကိုအကိုလို တခါမှ သဘောမထားဘူး "

"ဟုတ်ပါပြီ မင်းစိတ်ကြိုက်ပါ မင်းဖြစ်ချင်တာကိုတားဖို့ကိုယ့်မှာစိတ်ကူးမရှိပါဘူး"

"အာ့ဆိုလဲ ကြက်ရေခွံကို ဖယ်မကျွေးနဲ့ကွာတခုလုံးကျွေး မင်းဟာက အသားဘဲကျွေးနေတယ် "

"ဟားဟား ဟုတ်ပါပြီကွာ "

ခလေးမဟုတ်ဘူးသာပြောတာ အခုလည်း
ခလေးတစ်ယောက်လို ပြု‌မူနေတာ သူမဟုတ်တဲ့အတိုင်း။

"ဒါနဲ့ မင်းနဲ့ကျန်စစ် ဘုရားပွဲအတွက်တာဝန်ကျတယ်ဆို "

"ဟုတ်တယ်လေ ဘာလို့ ငါတို့နှ‌စ်‌ေယာက်လဲမသိဘူး "

"ဟုတ်ပါရဲ့ ငယ်ငယ်က ကိစ္စတောင် မှတ်မိချင်သလိုဖြစ်လာတယ်"

ငယ်ငယ်ကအကြောင်းကိုပြန်တွေးရင်တော့ ရီစရာတွေဘဲ ဖြစ်လာလိမ့်မည်။
အဖြစ်ဆိုးတွေဆိုပေမယ့် တွေးကြည့်တော့လည်းအမှတ်တရတွေသာ။

"ငါမင်းကိုပြောမ‌လို့ "

"ကိုယ့်ကိုဘာပြောစရာရှိလို့လဲ "

"မင်းကငယ်ငယ်ထဲက ငါရယ် ကျန်စစ်ရယ် သာလှရယ် နှင်းရည်ရယ်ကို ကိုယ့်ညီကိုမောင်နှမအရင်းလိုအရမ်းချစ်တာမလား "

"အင်း"

"အက်တော့ ဘယ်သူ့ကိုကိုယ့်ညီအရင်းလိုသဘောထားလဲ "

"ကျန်စစ်လေ"

"ဘယ်သူ့ကိုကိုယ့်ညီမလိုသဘောထားလဲ "

"နှင်းရည်ဘဲရှိတာလေကွာ "

"ဘယ်သူကို့ကာကွယ်ပေးမလဲ နှင်းရည်ကိုမလား အက်တော့မင်းက နှင်းရည်ရဲ့စိတ်နှလုံးသားကို ကာကွယ်ပေးတဲ့အနေနဲ့ မင်းဆိုင်ကိုဘယ်သူမှအလာမခံနဲ့ ကျန်စစ်ကိုရော မစံပယ်ကိုရော "

"မဟုတ်ဘူးလေ ရာချီရဲ့ "

"ဘာမဟုတ်တာလဲ သူတို့ကိုအလာခံမယ်ပေါ့ "

"ကိုယ်နှင်းရည်ကို ‌ကိုယ့်ညီမလိုချစ်ပေမယ့် ကိုယ်ကာကွယ်ပေးချင်တာက မင်းကို "

"ဟင်.."

ဒါဘယ်လိုအခြေအနေလဲ သူပြောနေတာ ဘယ်လို အဓိပ္ပါယ်ရောက်နေလဲဆိုတာမတွေးတက်တာလား ဒါမှမဟုတ် ငါ့ကိုသူ့ညီအရင်းလိုပိုချစ်ပြီးကာကွယ်ပေးချင်တာ အက်လိုတော့မဟုတ်ပါဘူး သူ့က ကျန်စစ်ကိုဘဲညီအရင်းလိုချစ်တာတဲ့။

ပုံတိုင်း ပုံတိုင်း မင်းက ရိုးသားတာမဟုတ်
တုံးအ နေပါလား ကိုယ်ပြောတဲ့စကားက ဘာစကားလဲဆိုတာကိုပါ မသိတာဘဲ။





Continue Reading

You'll Also Like

191M 4.5M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
367 54 9
နှင်းဆီနီတွေကို သိပ်မုန်းတဲ့ကောင်လေးရယ် နှင်းဆီနီတွေကို သိပ်မြတ်နိုးတဲ့ကောင်ငယ်လေးရယ် ဘယ်လိုတွေများတွေ့ဆုံကြမလဲ။
1.2M 57.1K 83
"The only person that can change Mr. Oberois is their wives Mrs. Oberois". Oberois are very rich and famous, their business is well known, The Oberoi...
243K 846 26
its all in the title babes 😋