Chilli Pepper

Por Lilyisback_1

8.9K 717 38

Spice like Chilli Hot like Pepper #LilyLittleSexy Más

Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7

Ch-1

1.8K 80 2
Por Lilyisback_1

Operation ဟူသည့် အစိမ်းရောင် မီးလေး မှိတ်သွားအပြီးမှာ ပွင့်လာသည့် ခွဲစိတ်ခန်းတံခါးမှ ခွဲစိတ်ခန်းဝတ်စုံအပြည့်နှင့် အမျိုးသားတစ်ယောက်ဟာ  သူ၏ ခြေတံရှည်များအား  တစ်လှမ်းချင်း လှမ်းကာ ထွက်လာလေသည်။

ထိုအမျိုးသားဟာ ပွယောင်းသည့် ခွဲစိတ်ခန်း ဝတ်စုံအပြာကို ဝတ်ဆင်ထားသော်ငြား သူ၏  ရှည်သွယ်သည့် ခြေတံတို့ဟာ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်းမှာ ရုပ်ရှင်တွေထဲမှ အဓိကဇာတ်ကောင်တစ်ယောက် ခုန်ထွက်လာသည့်ပမာ။   တန်းမတ်နေသော ပုခုံးတန်းဟာလည်း ထိုအမျိုးသားအား ယုံကြည်ချက်အပြည့်ရှိသည့်ပုံစံအဖြစ်  ဆောင်ကျဉ်းပေးနေလေသည်။ နှာခေါင်း အုပ်ထားသည့် အတွက် မျက်နှာတစ်ခုလုံး ကွယ်နေသော်လည်း စူးရှကာ အပြုံးရိပ်သန်းနေတတ်သည့် အကြည့်တို့ဟာ မြင်သမျှ လူတိုင်းအား နှစ်ခေါက်ပြန်ငေးစေနိုင်စွမ်းပါသည်။ သို့သော် ထိုအမျိုးသား၏ အာရုံဟာ ပတ်ဝန်းကျင်၌ ရှိမနေပေ။

ခွဲခန်းထဲက ထွက်ထွက်ခြင်း အမှိုက်ပုံးဆီသို့ တန်းသွားကာ  ပုံမှန်လုပ်နေကြသကဲ့သို့ ဘာမျှတုံ့ဆိုင်းခြင်း မရှိဘဲ သွေးစွန်းနေသော လက်အိတ်နှင့် ခေါင်းစွပ်ကို ချွတ်ကာ အမှိုက်ပုံးထဲ ပစ်ချလိုက်လေသည်။ ထို့နောက် သက်ပြင်းချသံ တစ်ခုထွက်လာအပြီးမှာ နှာခေါင်းစည်း အပြာရောင်ကိုပါ ဆွဲချွတ်လိုက်လေသည်။

ထိုအခါ မနီးမဝေး မှန်တံခါး၌ ရောင်ပြန်ဟပ်နေသည့်  ထိုအမျိုးသား၏ ပုံရိပ်ဟာ နတ်ဘုရားတစ်ပါးအလားပင် ။ ခေါင်းစွပ်အား ဖြစ်သလိုချွတ်လိုက်တာတောင် spray နှင့် သေချာပုံသွင်းထားသည့် ဆံပင်ဟာ ပုံစံပင် သိပ်မပျက်ပေ။  ချွန်ထက်နေသည့် နှာတံ၊ သေ‌သပ်လှသည့် နှုတ်ခမ်းပါးတစ်စုံနှင့်အတူ ထူထဲလှသည့် မျက်ခုံးများဟာ သူ့နေရာနှင့်သူ လိုက်ဖက်စွာ တည်ရှိနေသည်မို့ အချိန်ပေးကာ ထုဆစ်ထားသည့် အနုပညာလက်ရာတစ်ခုအလား ထင်မှတ်ရစေပါသည်။

*ဒေါက်တာ! ခွဲခန်းဝင်နေတုန်းက အပြင်က message တွေ ခဏခဏလာပါတယ်။ *

ဘေစင်၌ လက်ဆေးနေရင်း ခွဲခန်းအကူသူနာပြုလေးဟာ သူ၏ ဖုန်းအား ကိုင်ထားရင်း အသိပေးလာလေသည်။ ထိုစကားကြောင့် သူ၏ မျက်နှာဟာ စက္ကန့်ပိုင်းမျှတည်တံ့သွားသော်လည်း တစ်ဖက်က သူနာပြုလေးပင် သတိမထားမိခင်မှာ ချင်ချင်းပင် အစားထိုးဝင်ရောက်လာသည့် သူ၏ အပြုံးလှလှလေးကြောင့် တစ်ဖက်က သူနာပြုလေးမှာ ရှက်စိတ်ကြောင့်လားမသိ ခေါင်းကလေး ငုံ့သွားလေတော့သည်။

*ကျေးဇူးတင်ပါတယ် ဆရာမ။ ဖုန်းကို ဟိုခုံလေးပေါ် တင်ထားပေးခဲ့နော် *

*ဟုတ်...ဟုတ်ကဲ့!*

သူနာပြုလေးမှာ လှပတဲ့အပြုံးပိုင်ရှင် ဆရာဝန်ကြီးကြောင့် ဖုန်းအား ဘေးက ခုံပေါ်ချကာ ခြေလှမ်းသွက်သွက်နှင့် ပြေးလေတော့သည်။

*ဒီနေ့အတွက် တာဝန်ကျေပါတယ် ဆရာမ!*

ထို့နောက် သူမကြားစေရန် အသံမြှင့်ကာ ပြောလာသည့် စကားကြောင့် သူမ၏ ခြေလှမ်းလေးပင် ရပ်သွားကာ ‌ခါးကို အကြိမ်ကြိမ်ဦးညွတ်ရင်း အရိုအသေပေးမိလေသည်။ ထို ဆရာဝန်ကြီးဟာ သူမဘဝမှာ တွေ့ဖူးသမျှ ဆရာဝန်တွေထဲ အကြင်နာတတ်ဆုံးဖြစ်သည့်အပြင် အမျိုးသားတစ်ယောက်အနေနှင့်လည်း မိန်းကလေးတိုင်း လိုချင်မိသည့် တစ်ဖက်သားအပေါ် လေးစားမှုအပြည့်ရှိသော Gentleman ဖြစ်တာမို့ သူမ လေးစားစွာ အရိုအသေပေးမိခြင်းဖြစ်ပေသည်။ အသက် ၃၆ ‌နှစ်အရွယ် တဲ့! သူမဖြင့် ယုံဖို့ ခက်ခဲလှပေသည်။

သူနာပြုမလေး ရှက်ပြီးထွက်ပြေးသွားသည်ကို ကြည့်ကာ ခန့်ညား ခေါင်းကိုသာ အသာခါကာ ရယ်မိလေသည်။ သူကတော့ စိတ်ရင်းအမှန်နဲ့ ပြောလိုက်တာဖြစ်ပေမယ့် တစ်ဖက်သားအတွက်တော့ သူ့အပေါ် ပိုပြီး ကြွေသွားပုံရတာဟာ ပျော်စရာလား၊ ငိုရမလားတောင်မသိတော့ပေ။ သို့သော်လည်း ဒီလိုအဖြစ်အပျက်ဟာ လုပ်ငန်းခွင်အတွင်း သူအမြဲ ကြံနေရသည့် ကိစ္စမို့ ထူးပြီးတော့ စိတ်ထဲရှိမနေတော့ပေ။

ထို့နောက် တံတောင်စစ်အထိ လက်ကိုသေချာ ဆေးကြောပြီးသည့်အခါ လက်ကို အခြောက်ခံလိုက်ကာ ဘေးခုံပေါ်က သူ၏ ဖုန်းအား ကောက်ယူလိုက်သည့်အခါ အမြဲသူ၏ မျက်နှာထက် ထင်ဟပ်နေတတ်သည့် အပြုံးတို့ဟာ လွင့်ပြယ်သွားလေတော့သည်။

သူခွဲခန်းဝင်နေသည့် လေးနာရီအတွင်း Whatsapp ဆီမှ နီရဲနေအောင် တက်နေသော message noti များဟာ သူ့အား မျက်မှောင်ကျုံ့စေရန် လုံလောက်ပေသည်။

ထို့ကြောင့် စာ အများဆုံးပို့ထားသည့် acc ထဲကို အရင်ဝင်ကာ ကြည့်လိုက်တော့ message များပါမက voice record တွေပါ စုံနေလေသည်။ ထို့အပြင် message ၏ အသွားအလာအရကြည့်ရင်လည်း အစကတော့ တောင်းပန်သည့် စာများနှင့်သာ ပြည့်နေသော်လည်း နောက်ရောက်လာလေလေ သူ့အား ခြိမ်းခြောက်သည့်ပုံစံတွေပါ တွေ့လာရသဖြင့် ခန့်ညား အသံထွက်အောင် ဟက် ကနဲ ရယ်မိလေသည်။

*ကိုကို စာမပြန်ရင် ဒီည စင်ပေါ် လုံးဝမတက်ဘူး!* ဆိုတဲ့ နောက်ဆုံးစာကြောင်းလေးဟာ လွန်ခဲ့သည့် ငါးမိနစ်ကမှ ပို့ထားခြင်း ဖြစ်ပေသည်။ ပုံမှန်လည်း ဤကဲ့သို့ ကိစ္စများဟာ သူတို့ကြား၌ ဖြစ်နေကြမို့ ခန့်ညား အရေးမလုပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ ဒါဟာ ဒီနေ့ သူ ဝင်ပေးဖို့ ကျန်နေသေးသည့် duty ချိန် နှစ်နာရီအား လေးစားသောကြောင့်လည်း ဖြစ်ပေသည်။ သူ လုပ်ငန်းခွင်အတွင်းမှာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရင်း လူနာတွေကို မကုသလို၊ စာသင်နေရင်းလည်း စိတ်အနှောင့်အယှက် မဖြစ်ချင်ပေ။ ဒါဟာ သူ့ကိုယ်သူ ချမှတ်ထားသည့် စည်းကမ်းဖြစ်ပေသည်။

ထို့နောက် duty coat ကိုပြန်ဝတ်ကာ ဖုန်းကို အိတ်ကပ်ထဲသာ ထည့်ထားရင်း သူ ပို့ချပေးရမည့် lecture တန်းမစခင် ရသည့်အချိန်လေးမှာ ကော်ဖီတစ်ခွက်လောက်သောက်ရန် နားနေခန်းဆီ ပြန်လာလိုက်လေသည်။

သို့သော် လမ်းတစ်လျှောက် သူ့အား နှုတ်ဆက်နေသည့် သူများအား အပြုံးလေးနှင့် ပြန်နှုတ်ဆက်ကာ နားနေခန်းကိုသွားရန် လော်ဘီကို အဖြတ်တွင် လူနာစောင့်ဟု ထင်ရသော ဆယ်ကျော်သက် ကောင်မလေးနှစ်ယောက်၏ ဖုန်း screenအား ကြည့်ကာ  တီးတိုးပြောသံလေးကြောင့် သူ၏ ခြေလှမ်းအစုံတို့ဟာ ရပ်တန့်သွားရလေတော့သည်။

*ဟဲ့! အခြား artists တွေတောင် red carpet လျှောက်တာ စုံသလောက် ရှိနေပြီ။ ငါတို့ရဲ့ Ben လေးက ဘာလို့ ခုထိ ပေါ်မလာရသေးတာလဲ?*

*အေးလေ! သူက ဒီညအတွက် King Card ကို ! ငါတို့ ကိုကို တစ်ခုခုများ ဖြစ်နေတာတော့မဟုတ်ပါဘူးနော်!*

*ဟုတ်ပါ့မလားဟယ် နင်ကလည်း နမိတ်မရှိဘာမရှိနဲ့! *

ထိုကောင်မလေးတွေရဲ့ စကားဝိုင်းထဲက တစ်ယောက်သော သူရဲ့ နာမည်ကို ကြားလိုက်ရသည့်အခါ Dr .ခန့်ညားတစ်ယောက် အလိုလိုပင် မျက်မှောင် ကျုံ့မိသွားလေသည်။ ထို့နောက် ရှည်လျားကာ သွယ်လျသည့် ခြေလှမ်းတို့ဖြင့် သူ၏ နားနေခန်းဆီသို့ ဦးတည်သွားတော့သည်။

သို့သော် သူ၏ နားနေခန်းကိုပင် ပြန်မရောက်သေး ထပ်ဝင်လာသည့် ဖုန်းတစ်ကောကြောင့် သူ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်သည့်အခါ မြင်လိုက်ရသည့် ဟိန်းထက်နိုင်ဆိုသည့် နာမည်ကြောင့် သူဖုန်းကို လက်ခံကာ ပြောလိုက်ရလေသည်။

*အေး ပြော*

*အေး ပြော လုပ်မနေနဲ့ ငါ့ကောင်ရေ! မင်းစောက်ကလေးက ဘယ်ချောင်ထဲသွားခွေနေတာလဲ? ငါတို့လည်း ခေါင်းမီးတောက်နေပြီကွ!*

တစ်ဖက်က ပြောမနာဆိုမနာ သူငယ်ချင်းမို့လို့သာ သူ ဖုန်းကို မချလိုက်ခြင်းဖြစ်ပေသည်။ သူ့အနေနှင့် အခြားသူဆီမှ ဒီလိုလေသံနဲ့ ပြောခံရတာဟာ သူ၏ လက်ရှိ ရှိနေသည့် ရာထူးရာခံနှင့် နည်းနည်းမျှ မလိုက်ဖက်နေပေ။

*ငါ မသိဘူး!*

*ဟာ! မင်းတောင် မသိရင် ငါတို့က သူ့ကို ဘယ်သွားရှာရမှာလဲကွ! အဲ့စောက်ကလေး အတော်လေး ပြသာနာရှာချက်ပဲဟေ့!*

*နောက် ငါးမိနစ်အတွင်း သူ့မန်နေဂျာကို ဖုန်းစောင့်နေဖို့ ပြောလိုက်!*

သူ လိုရင်းကို ပြတ်ပြတ်ပင်ပြောကာ တစ်ဖက်က သူ့သူငယ်ချင်းပြောတာကိုပင် မစောင့်တော့ဘဲ ဖုန်းချပစ်လိုက်တော့သည်။ ထို့နောက် လွှမ်း ဆိုသည့် contact အား ဖုန်းခေါ်လိုက်လေသည်။ သို့သော် တစ်ဖက်က သူ့ဖုန်းအား လုံးဝပြန်မဖြေပေ။ ဒီလောက်ဆို အခုဖြစ်နေသည့် ကိစ္စများကို သူ သဘောပေါက်ပြီမို့ အကြီးအကျယ် ‌ထွက်နေသည့် ဒေါသများကို မျက်နှာပေါ်၌ မပေါ်လာစေရန် ဖုံးအုပ်ကာ သူ၏ နားနေခန်းဆီသို့သာ သွက်သွက်လေး သွားလိုက်လေတော့သည်။ လွန်ခဲ့သည့် ငါးမိနစ်ကမှ သူဖတ်ခဲ့ရသည့် message ဟာ ခြိမ်းခြောက်နေရုံသက်သက် မဟုတ်တော့မှန်း သူသိလိုက်တော့သည်။

ဝုန်း!

အမြဲငြင်သာသည့်အသွင်ဖြင့်သာ သိက္ခာရှိရှိ ပြုမူနေထိုင်လေ့ရှိသည့် သူဟာ ဒီနေ့မှာတော့ သူ၏ ရုံးခန်းတံခါးကိုပင် အသံထွက်အောင် ပိတ်ပစ်လိုက်သည်။ တစ်ဆက်တည်းမှာပဲ သူ၏ လက်ကလည်း တစ်ဖက်လူဆီ ဖုန်းခေါ်နေလျက်သားပင်။ 

ဒူ~ ဒူ~

*ဟယ်လို ကိုကို!*

တစ်ဖက်လူဟာ ဘယ်လောက်တောင် သူ့ဖုန်းကို စောင့်နေခဲ့သလဲ မသိ။ နှစ်ချက်လောက်ပင် ဖုန်းဝင်အပြီးမှာ တစ်ဖက်က ချက်ချင်း ပြန်ဖြေလာသည့် လူဆိုးကောင်လေး၏ အသံကို သူကြားလိုက်ရလေသည်။

*ငါ့အပေါ် ဒီလိုအကွက်တွေ လာမသုံးနဲ့ ! ခုချက်ချင်း မင်း မန်နေဂျာကို ဆက်သွယ်လိုက်! *

*ကျွန်တော် ကိုကို့ ကို စိတ်ကောက်နေတာလေ! *

တစ်ဖက်က ကောင်လေးကလည်း သူ့အား ပက်ကနဲပင် ပြန်ပြောလာသောကြောင့် ခန့်ညား မေးကြောတွေပင် ထောင်အောင် ဒေါသထွက်လာရလေတော့သည်။

ထို့ကြောင့် သူ တစ်ခွန်းတည်းသာ ထပ်မေးလိုက်လေသည်။

*မင်း လုပ်ရဲလား Benjamin?*

ဖုန်းတစ်ဖက်ကနေ မေးလာသည့် အေးစက်သည့် အသံပိုင်ရှင်၏ မေးခွန်းကြောင့် ဧည့်ခန်းကြီး၏ ဆိုဖာပေါ်၌ ထိုင်နေကြတဲ့ ကောင်လေးနှစ်ယောက်လုံးဟာ တစ်ယောက်ကို တစ်ယောက် ပြိုင်တူ ကြည့်လိုက်မိလေသည်။ ထို့နောက် တစ်ဖက်က အကြည်မျက်မှန်ကိုင်းနှင့် မျက်မှန်လေးအား တပ်ထားသည့် ကောင်လေးဟာ သူ့အား ခေါင်းခါပြ၍ ဆက်မရစ်တော့ရန် သတိပေးလာလေသည်။ ဒီလောက် လေသံအနေအထားအရဆို အခြေအနေတွေက သူတို့ဘက်က ဆက်ပြီး မူလို့ရနေသည့် အခြေအနေမဟုတ်တော့မှန်း သိလိုက်ပေသည်။

*ကျွန်တော် မလုပ်ရဲတာ ကိုကို သိရဲ့သားနဲ့ !*

Ben အနည်းငယ် ဆူပုတ်နေတဲ့ အသံလေးနဲ့သာ ပြန်ပြောလိုက်လေသည်။ ကိုကိုက အမြဲ သူတို့ကိုဆို အလိုမလိုက်ပေ။

*ငါးမိနစ်အတွင်း မင်း မန်နေဂျာကို ဆက်သွယ်လိုက်!*

တီ!

သူ့ဘက်ကလည်း ပြတ်သည်။ ချက်ချင်းပင် ခက်ထန်သည့်လေသံနှင့် အမိန့်တစ်ခုကိုသာ ပေးကာ တစ်ဖက်က ဘာမှဆက်မပြောနိုင်ခင် ဖုန်းအား ချပစ်လိုက်လေသည်။

ဟူး!

ဒီနေ့နဲ့ဆိုလျှင် သူသက်ပျင်းချသည့် အရေအတွက်ဟာ အတော်လေး များနေပြီဖြစ်လေသည်။ သူ့မှာ နှစ်ရက်ဆက်ဆိုက် duty ဝင်ပေးထားရတာမို့ ပင်ပန်းနေသည့်အပြင် ဒီနေ့ အရေးပေါ် ခွဲစိတ်မှုတစ်ခုကိုပါ လေးနာရီကြာ လုပ်လိုက်ရသေးသည်။ ဒါကိုတောင် မသိတတ်သည့် လူဆိုးကောင်နှစ်ကောင်ဟာ သူ့အား ဒီလို စိတ်ဖိစီးစရာကိစ္စတွေနှင့် စောင့်ကြိုနေသေးသည်။

လွန်ခဲ့သည့် နှစ်ရက်  သူ duty မဝင်ခင်က ထိုစောက်ကလေးနှင့် သူ စကားများဖြစ်ကြသည်။ သို့သော် ဘာမှပြောပလောက်စရာ ကိစ္စမဟုတ်ပေ။ ထုံးစံအတိုင်း သူတို့ ဌာနကိုအသစ်ပြောင်းလာသည့် Junior လေး တစ်ယောက်နှင့် သူ့အား သဝန်တိုရာကနေ စခြင်းဖြစ်ပေသည်။ ထိုနေ့က လွှမ်းဟာ မရှိနေခဲ့ပေ။ သူ့ ဝတ္ထုကို C နိုင်ငံက ပြန်ဝယ်သည့် ကိစ္စနှင့် ပက်သတ်ပြီး ပြည်ပခရီးသွားနေခဲ့သောကြောင့် ဖြစ်သည်။

သို့သော် သူကလည်း အသည်းမာသည်။  ထိုကလေးလိုချင်နေသည့် ဖြေရှင်းချက်အား လုံးဝမပေးပေ။  ထိုအတိုင်းသာ ပစ်ထားလိုက်သည်။  ဒီကလေးတွေက အလိုလိုက်လျှင် ပိုရောင့်တက်သည်မို့ပင် ဖြစ်သည်။

ထို့နောက် နှစ်ရက်လုံးလည်း သူ့ဘက်ကနေ ဘာ ဖုန်းမှလည်း လက်ခံမပြော၊ စာလည်း မပြန်သည့်အခါ ထိုကောင်စုတ်လေးက ဒီလိုတွေအထိ ထလုပ်လာလေသည်။ တကယ် ထိန်းရမလွယ်တဲ့ ကောင်လေးတွေပင်။

ထို့နောက် သူ စိတ်ကိုလျော့ကာ နောက်ကျိနေသည့် စိတ်ကို ရှင်းရန် ကော်ဖီဖျော်စက်နှင့် ကော်ဖီတစ်ခွက်ကို အလွယ်ပင်ဖျော်လိုက်ကာ သူ့အခန်းတစ်ခုလုံးအား ကော်ဖီနံ့များနှင့် သင်းပျံ့သွားစေလေသည်။ ထို့နောက် နာရီအား ကြည့်လိုက်သည့်အခါ lecture တန်းဝင်ပေးရန် မိနစ်နှစ်ဆယ်လိုသေးသည်မို့ သူ နီးရာ ဆိုဖာမှာပင် ဝင်ထိုင်လိုက်ကာ ညောင်းချိနေသည့် ခါးကို ခဏတာ အနားပေးလိုက်လေသည်။

ထို့နောက် သူ၏ ခွက်ထဲမှ ကော်ဖီကုန်သွားတာနှင့် နားချိန်လည်း ပြည့်သွားပြီမို့ ထိုင်ရာကနေထကာ သူ၏ laptop ကို ယူကာ အခန်းထဲကနေ ပြန်ထွက်လာခဲ့လိုက်လေသည်။

သို့သော် ထပ်မံ၍ lobby ကို အဖြတ်တွင် ဆေးရုံ Lobby ရှိ 92" TV မှ တစ်ဆင့်ပြသနေသည့်  ဒီညပြုလုပ်သည့် ဆုပေးပွဲ၏ ကော်ဇောနီလျှောက်လမ်းမှ မြင်ကွင်းကြောင့် သူ၏ ခြေလှမ်းများဟာ ခဏတာ ရပ်တန့်လို့သွားလေသည်။  ထိုအခိုက် TV screenထဲမှ Bentley S class ကား အနက်ရောင်လေး ထိုးရပ်လာသည့်အခါ ချက်ချင်းပင် စူးကနဲတက်လာသည့် ပရိသတ်များ၏ အော်သံကြောင့် သူပင် တစ်ချက် မျက်မှောင်ကျုံ့မိသွားသည် အထိပင်။  ထို့အပြင်  အနည်းငယ် ပြာယာနေပုံရသည့် manager ဟာ တစ်ဖက်က ကားတံခါးကို လာဖွင့်ပေးသည့်အခါ ပွင့်လာသည့် ကားတံခါးမှတစ်ဆင့်  ပြောင်လက်နေသည့် ရှူးဖိနပ် တစ်ရံပေါ်လာသည့်အခါ တစ်ဖျက်ဖျက်လက်လာသည့် ကင်မရာများ၏ ရိုက်ချက်များဟာ လန့်စရာပင်ကောင်းလှပေသည်။

ထိုကဲ့သို့ အားပေးသံများဟာ သူတို့မျှော်လင့်နေသော အဓိကဇာတ်ကောင်လာပြီဆိုသည့် သဘောဖြစ်တာမို့ လူတိုင်းဟာ စိတ်လှုပ်ရှားလာလေတော့သည်။  မကြာလိုက်  ကားပေါ်ကနေ မျက်နှာကိုမော်ချီကာ ဆင်းလာသည့် ပုံရိပ်တစ်ခုကြောင့် အားပေးသံများဟာ ပို၍ ထိန်းမရတော့ပေ။ ထိုကောင်လေးဟာ  သူ၏ ကျစ်လစ်သော ရင်အုပ်ကို လစ်ဟာပြထားသည့် အနက်ရောင် leather coat တစ်ခုတည်းကိုသာ ဝတ်ထားပြီး သေးငယ်သော စိန်မှုန်လေးများကြောင့်  တစ်လက်လက်ထနေသည့်  ဒီဇိုင်နာချုပ် ဘောင်းဘီနှင့် တွဲဖက်ကာ ဝတ်ဆင်ထားသည့် ထိုကောင်လေးဟာ fashion king ဟုလည်း ခေါ်ထိုက်ပါ၏။

*Wow!!! Benjamin! Benjamin! Benjamin!*

ထို ကောင်လေးဟာ Fan များ၏ အမည်နာမခေါ်သံကြောင့်  ရင်ဘတ်တစ်ခုလုံး လစ်ဟာပြထားသည့် သူ၏ coat ကိုတစ်ချက် သပ်ချလိုက်ကာ မဲ့ပြုံးတစ်ခုအား စွန့်ကျဲလိုက်လေသည်။ ထိုအခါ  ပရိသတ်ထုဟာ ပို၍ ရူးသွပ်သွားကြသလို ၊ သတင်းထောက်များဟာလည်း ပုံရိပ်တစ်ခုချင်းဆီကို မလွတ်ရလေအောင် ဆက်တိုက်ပင် မှတ်တမ်းတင်ထားကြလေတော့သည်။  ထိုကောင်လေးကတော့ အားလုံးဘက်ကို လက်တစ်ချက်ပြကာ ကော်ဇောနီပေါ်သို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားကာ photo point မှာ ဓာတ်ပုံအချို့ရိုက်ခံလိုက်တော့သည်။ ထို့အပြင် အထဲမဝင်ခင်မှာလည်း တိုက်ရိုက်လွှင့်နေသည့် ကင်မရာကို စိုက်ကြည့်ကာ သူ၏ smokey eyes make up look ကို‌ ချယ်သထားသော အကြည့်များနှင့် မျက်စိတစ်ဖက် မှိတ်ပြသွားကာ fly kiss တစ်ခုတောင် ပေးသွားသေးပေသည်။

~~~~~~~~~~~~~~

သူ့နာမည်ဟာ Benjamin , M နိုင်ငံ၏ ထိပ်တန်း solo artist တစ်ယောက်။ အသက် ၂၃ နှစ်အရွယ် ထို အမျိုးသားလေးဟာ အသက်သာငယ်သော်လည်း ပွဲဦးထွက် သက်တမ်းဟာ ငါးနှစ်ပင် ကျော်လွန်လာပြီ ဖြစ်လေသည်။  အရပ် 179cm နီးပါးရှိသည့်သူဟာ အကမှာ ထူးချွန်လွန်းသည့်သူဟု သီးသန့်မိတ်ဆက်စရာပင်မလိုအောင် ကျစ်လစ်ကာ သွယ်လျနေသည့် ခန္ဓာကိုယ်ဟာ သက်သေပင် ဖြစ်လေသည်။ သို့သော် အပြိုင်အဆိုင်များသည့် ဤအနုပညာ နယ်ပယ်ထဲမှာ ဒီနေ့အထိ ထိပ်ဆုံးမှာ  ရပ်တည်နေနိုင်ရခြင်းဟာ ထူးချွန်လွန်းလှသည့် အက ပါရမီနှင့်  ဟန်ဆောင်ခြင်းကင်းကာ ရိုးသားပွင့်လင်းသည့် သူ၏ စရိုက်ကြောင့်ပင်ဖြစ်ပြီး သူဘာလုပ်လုပ် နောက်ကနေ မားမားမတ်မတ် ရပ်တည်ပေးမဲ့ fan base ကြီးဟာလည်း ရှိနေလို့ပင် ဖြစ်သည်။

ဒါ့ကြောင့် ဒီနေ့လို  ဖြစ်ရပ်မျိုး ဖြစ်ကြတဲ့အခါ fan တွေဟာ ထူးပြီး အံ့ဩမနေတော့ ။ တစ်ခါတစ်ရံ ပွဲကျင်းပသူတွေဘက်ကပဲ ဖြစ်ဖြစ် ၊လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်ကပဲဖြစ်ဖြစ် သူ့လမ်းမှာ လာရှုပ်နေလျှင် သူဟာ ထိုနေရာမှာပဲ ဝုန်းဒိုင်းထကာ ပြောတတ်ပြီး ပြသာနာကို ဒဲ့ရှင်းလေ့ရှိတာမို့ပင်။

Dr ခန့်ညားတစ်ယောက် မတ်တပ်ရပ်ကာ ကြည့်နေရင်းပင် ကင်မရာကနေ တစ်ဆင့်သူ့အား fly kiss ပါပေးသွားသည့် လူဆိုးကောင်လေးအား  တစ်ချက်ပင် ထပ်ကြည့်ကာ သူ၏ ခြေလှမ်းများကို ရှေ့ဆက်လိုက်လေသည်။ 

ထို့နောက် စာသင်ခန်းဆီသို့  လမ်းလျှောက်နေရင်းပင် တစ်စုံတစ်ယောက်အား ထပ်မံ၌ ဖုန်းခေါ်လိုက်လေသည်။

ဒူ~ ဒူ~

ဒီတစ်ခေါက်တော့ သူ့ဘက်ကနေ ဘယ်လောက်မျှပင် မစောင့်လိုက်ရပေ။  လွန်ခဲ့သော နာရီဝက်က မကိုင်ခဲ့သော သူ၏ ဖုန်းအား အခုတော့ နှစ်ခါမျှပင် ဖုန်းဝင်ပြီးနောက် တစ်ဖက်က ချက်ချင်းပင်  ဖုန်းပြန်ဖြေလာလေသည်။

*ဟယ်လို ကိုစေ *

တစ်ဖက်က အသံဟာ ပုံမှန်လူတွေ အတွက်ဆို ဘာမှထူးခြားနေမှာမဟုတ်တဲ့ ကောင်လေးတစ်ယောက်၏ ချိုသာတဲ့ အသံဖြစ်သော်လည်း Dr. ခန့်ညားဟာတော့ ထိုကောင်လေး၏ အသံထဲက တုန်လှုပ်နေမှုကို ခံစားမိလေသည်။

*ကိုယ့်စောက်ပြစ်ကိုယ်သိလား လွှမ်း!*

*ကျွန်တော် ညကြရင် ကိုစေရဲ့ ကွန်ဒိုမှာ စောင့်နေပါ့မယ်*

*မင်းဖွက်ထားပေးတဲ့ ကောင်ကိုပါ ဂုတ်ကနေ ဆွဲခေါ်လာခဲ့!*

သူ ဒီတစ်ခွန်းပဲထပ်ပြောကာ ဖုန်းကို ချက်ချင်းပင် ချလိုက်လေသည်။ ထို့နောက်မှ သူ၏ ဖုန်းကို ‌coat ထဲပြန်ထည့်ကာ အပြုံးမျက်နှာလေးအား ပုံမပျက် ပြန်တပ်ဆင်လိုက်ကာ  သူ့အားနှုတ်ဆက်လာသည့် သူများအား အပြုံးလေးနဲ့အတူ ပြန်နှုတ်ဆက်လိုက်လေသည်။ ဘယ်လိုပင်ဖြစ်နေပါစေ သူဟာ Excellent တက္ကသိုလ်ဆေးရုံကြီးရဲ့  အကြင်နာတတ်ဆုံးနှင့် အချိုသာဆုံး ပါမောက္ခ Dr. ခန့်ညားစေပင် မဟုတ်ပါလား။

~~~~~~~~~~~~~~T.B.C

A/N
ကဲကဲ! မနေ့က vote ပေးကြတဲ့ cmt 141ခုမှာ 1 ကိုရွေးတဲ့သူက 6 ယောက်ပဲ ရှိတာမို့ အပြတ်အသတ်ကို  2 က အနိုင်ရသွားပါတယ်ရှင်။ ဒါ့ကြောင့်  ယူတို့ကို ကတိပေးထားတဲ့အတိုင်း သုံးယောက်အချို့ plot လေးနဲ့ ပြန်လာပါပြီ။ လောလောဆယ်တော့ character intro လောက်ပဲမို့ လီလီ ပေးစရာရှိတဲ့ warning လေးတွေကို ထည့်မရေးသေးပါဘူး။

#Lily
#17.12.23
#3072words

Seguir leyendo

También te gustarán

844K 50.7K 49
𝐈𝐧 𝐭𝐡𝐞 𝐓𝐚𝐧𝐠𝐥𝐞𝐝 𝐰𝐞𝐛𝐬 𝐨𝐟 𝐇𝐞𝐚𝐫𝐭𝐬, 𝐚𝐧𝐝 𝐩𝐮𝐫𝐬𝐮𝐢𝐭 𝐨𝐟 𝐓𝐫𝐮𝐭𝐡𝐬, 𝐋𝐨𝐯𝐞 𝐰𝐞𝐚𝐯𝐞𝐬 𝐢𝐭𝐬 𝐦𝐞𝐬𝐦𝐞𝐫𝐢𝐳𝐢𝐧𝐠 �...
267K 18.5K 20
"YOU ARE MINE TO KEEP OR TO KILL" ~~~ Kiaan and Izna are like completely two different poles. They both belong to two different RIVAL FAMILIES. It's...
364K 27.7K 15
MY Creditor Side Story ပါ။ Parallel Universe သဘောမျိုးပြန်ပြီး Creation လုပ်ထားတာမို့ main story နဲ့ မသက်ဆိုင်ပဲ အရင် character ကို ရသအသစ် တစ်မျိုးနဲ...
1.2M 30.8K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...