ငါ လူသားမဟုတ်တော့ဘူး [ Comple...

By Puddin524

211K 28.5K 325

This story is just a fan translation. Crd to the original owner. More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
ဈေးဗန်း
Chapter 21
Paid Gp Complete 🩵
MM Storyteller Website
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
ငါ့အမြှီးကို ဘယ်သူထိတာလဲ
Chapter 67
Chapter 68🚨
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93 ( Main Story End )
Chapter 94 ( Extra 1 )
Chapter 95 ( Extra 2 )
Chapter 96 ( Extra 3 )
Chapter 97 ( Extra 4 )
Chapter 98 ( Extra 5 )
Chapter 99 ( Extra 6 )
Chapter 100 ( Extra 7 )
Chapter 101 ( Extra 8 )
Chapter 102 ( Extra 9 )
Chapter 103 ( Extra 10 )
Chapter 104 ( Extra 11 )
Chapter 105 - Extra 12 (End Of Story)
ကျေးဇူးတင်လွှာ
New Novels
Attention Plz

Chapter 50

1.4K 207 3
By Puddin524

Chapter 50

ကုဟွိုက်မှာ နှုတ်ခမ်းကိုအနမ်းခံလိုက်ရပြီး သူ၏စိတ်က စက္ကန့်ဝက်ခန့်ဗလာကျင်းသွားခဲ့သည်။ နားရွက်ထိပ်ဖျားများက တိတ်တဆိတ်နီမြန်းလာကာ သူသည်လည်းကြောင်စီစီအခြေအနေအတွင်းသို့ ကျရောက်သွားလေ၏။

ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသောကြောင့် ဟိုအတွေးသည်အတွေးဖြင့် လုံးချာလည်နေပြီး မည်သည့်နေရာမှစကာရှင်းပြရမည်မှန်းမသိသေးပေ။ သူသည် ကြောင်ကြီး၏တိုက်ခိုက်မှုအောက်မှပြန်ဆုတ်မရဖြစ်နေကာ နေရာတွင် တည်တည်ငြိမ်ငြိမ်ရပ်နေရန်လည်းမဖြစ်နိုင်တော့။

တိုက်ရိုက်ထိခတ်သွားမှုက အကျိုးသက်ရောက်မှုရှိနေသည်။ သူ၏နားရွက်ထိပ်ဖျားများက ပူနေပြီး ကုဟွိုက်မှာ အသက်မပါစွာဖြင့် သူ့စိတ်သူလျှော့လိုက်ရ၏။ သူနောက်တကြိမ် ဆရာကြီးလေသံဖြင့်ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် အကြိုက်ဆိုတာ အမျိုးမျိုးရှိတယ်၊ 'အကြိုက်' မျိုးတိုင်းက ဒီလိုနမ်းလို့ရတာမဟုတ်ဘူး.."

ကုဟွိုက်စကားကြောင့် အလ်ဗ်ကမျက်မှောင်ကြုတ်သည်။ ကြိုက်တာကကြိုက်တာပဲပေါ့။ ဘာလို့အကြိုက်ကအများကြီးရှိရမှာလဲ။ အလ်ဗ်တွင် ကုဟွိုက်အပေါ်ခံစားမိသော အကြိုက်တစ်မျိုးတည်းသာရှိသည်။ သို့ဖြစ်၍ သူကုဟွိုက်စကားကို နားမလည်နိုင်ဖြစ်နေရသည်။ ကုဟွိုက်စကားများက အလ်ဗ်ကိုအမြဲမျက်မှောင်ကြုတ်စေ၍ ပြန်ချေပရန်နည်းလမ်းမရှိတော့ပေ။

ကုဟွိုက်၏မျက်လုံးထဲ၌မူ အလ်ဗ်ကသူ့အား 'သဘောကျခြင်း' ဆိုသည်မှာ တိကျသောမှီခိုခြင်းနှင့် ကြောင်နှင့်အလွန်တရာတူသောလူတစ်ယောက်၏စရိုက်အရ တစ်ဦးပိုင်ဖြစ်လိုသောဆန္ဒများကြောင့်သာဖြစ်သည်။ တဖက်မှ သူ့အား 'သဘောကျသည်' ဟုပြောလာပြီး ချစ်သူများအကြားမှပုံစံမဟုတ်ပေ။

ကုဟွိုက် သူ့နှုတ်ခမ်းကိုလက်ညိုးထိုးပြပြီးပြောလိုက်၏။

"ဥပမာ မင်းငါ့ကိုသဘောကျတယ်ဆိုတာ ဒီနေရာကိုနမ်းရတာမျိုးမဟုတ်ဘူး.."

ကုဟွိုက်မှာ သူ့အရှေ့မှကြောင်ကြီးက ဘာကိုမှမသိနားမလည်၍ သူ့အနေဖြင့် အလ်ဗ်၏အသိပညာရေးကို အာရုံစိုက်မှရတော့မည်ဟု ခံစားမိလာ သည်။ ကြောင်ကြီး၏စိတ်မှာ စက္ကူဖြူလေးတစ်ရွက်ပမာ စင်ကြယ်သန့်ရှင်းသည်။ ၎င်း၏အကျင့်စရိုက်မှာလည်း ချစ်စရာကောင်းလွန်းပြီး ကုဟွိုက်မှာ မလွန်ဆန်နိုင်ပေ။

အလ်ဗ်ကမျက်လွှာချကာ နူးညံ့သည့်အသံလေးဖြင့်ဆိုလာ၏။

"ဘယ်လိုမျိုးသဘောကျတာက ဒီနေရာကိုနမ်းလို့ရတာလဲ.."

မည်သည့်အရာကိုမှစိတ်ဝင်တစားမရှိတတ်သော အလ်ဗ်၏မျက်နှာကအလေးအနက်ဖြစ်နေသည်ကို မြင်ရသည့်အခါ ကုဟွိုက် တဖက်လူကိုကြည့်နေရာမှ အဝေးကိုအကြည့်လွှဲလိုက်ရသည်။ ထို့နောက်မှ သူရှင်းပြလိုက်၏။

"အဲဒါက ချစ်သူတွေကြားမှာပဲရှိတဲ့ သဘောကျတာမျိုး.."

ကုဟွိုက်သည် အနှီကြောင်ကြီးက သူဆိုလိုချင်သည့် 'ချစ်သူများကြားရှိသဘောကျခြင်းမျိုး' ဟူသော အဓိပ္ပါယ်ကိုနားမလည်နိုင်ဘဲ 'ချစ်သူ' ဆိုသည်မှာ ဘာမှန်းပင်နားလည်မည်မဟုတ်ကြောင်း သိနေသည်။ ထို့ကြောင့် အလ်ဗ်တွေးနေစဉ် ကုဟွိုက်ကဖြည့်ပြောလိုက်၏။

"မင်းငါ့ကိုချစ်တဲ့အချစ်က ဒီလိုမျိုးမဟုတ်ဘူးဆိုတော့ မင်းစီဗာဆီကသင်လို့မရတော့ဘူး..."

ရသမျှအကုန်သင်ယူပြီး သင်သမျှအားလုံးကို ပြန်အသုံးချနေသည်၊ ကုဟွိုက်မှာ ထိုကြောင်ကြီးကို မည်သို့ကယ်တင်ရမည်မှန်းမစဉ်းစားတတ်တော့ချေ။

ကုဟွိုက်အပြောကြောင့် အယ်လ်ဗ်၏နှုတ်ခမ်းအစုံကတင်းတင်းစေ့သွားသည်။

"ဘာလို့ ကျွန်တော်သဘောကျတာက ဒီလိုပုံစံမဟုတ်တာလဲ..."

ကုဟွိုက်ခမျာ ကြောင်တောင်တောင်ဖြစ်သွားပြီး အနှီမေးခွန်းကိုမည်သို့ဖြေရမည်မသိ။ သူမဖြေနိုင်ခဲ့ပေ။ 'ဘာလို့လဲဆိုတော့ ငါအဲဒီလိုမထင်လို့လေ'

ထိုသို့သော စိတ်ထဲမှအလိုလိုပေါ်လာသည့်အဖြေမျိုးက တဖက်လူကိုစိတ်ကျေနပ်စေမည်မဟုတ်။ သို့သော် ကုဟွိုက်မှာ သီအိုရီအရနှင့်ဓမ္မဓိဌာန်ကျသော မည်သည့်ရှင်းပြချက်မျိုးမှမစဉ်းစားတတ်တော့၍တုံဏှိဘာဝေလုပ်နေလိုက်ရသည်။ ကုဟွိုက်၏တိတ်ဆိတ်နေမှုကြောင့် အလ်ဗ်၏နှုတ်ခမ်းများက ပို၍တင်းစေ့လာကာ အနောက်မှအမြှီးမှာလည်း လှုပ်ခတ်လာလေသည်။

အလ်ဗ်သည် ဤသို့သောသဘောကျခြင်းမျိုးက တဖက်လူကိုနမ်းရှိုက်နိုင်သည်ဟု ထင်မြင်ခဲ့သော်လည်း ကုဟွိုက်က ငြင်းဆိုခဲ့သည်။ ကုဟွိုက်သည် အလ်ဗ်ကမမေးမြန်းတော့ဘဲ စိတ်ရှုပ်ထွေးနေသည်ဟုထင်ရသည့်အခါ စကားကိုရှေ့မဆက်တော့ပေ။ ကုဟွိုက်နားမလည်ခဲ့သည့်အချက်မှာ အနှီငွေရောင်ကြောင်ကြီးအား စိတ်ရှုပ်ထွေးသွားအောင်လုပ်ရန် မဖြစ်နိုင်သည်ကိုပင်။

အိုင်ဗီကြယ်အားတည်ဆောက်နေမှုက တည်ငြိမ်သောအနေအထားသို့ရောက်ရှိနေပြီဖြစ်ပြီး နောက်ဆုံးတွင်ကုဟွိုက်လည်းတူဆာသို့ပြန်လာနိုင်ခဲ့သည်။ မိုးမှောင်မျှော်စင်ကိစ္စအတွက်မူ တူဆာတွင်ခဏတာနေထိုင်ခဲ့သည့်အချိန်အတွင်း ကုဟွိုက်သည် တည်ဆောက်ရေးအတွက်စစ်ကြောင်းများအား လွီကြယ်ပေါ်သို့စေလွှတ်ခဲ့သည်။ ယခု သူတူဆာသို့တရားဝင်ပြန်ရောက်လာနိုင်ခဲ့ပြီ။

မိုးမှောင်မျှော်စင်မတော်တဆမှုပြီးသည့်နောက်ပိုင်း ကြယ်တာရာမျိုးနွယ်စုများသည် ဇက်မျိုးနွယ်စုအပေါ် နောက်ထပ်နားလည်မှုတစ်ခုရှိလာ၏။ ဇက်တို့က ကြယ်တာရာမဟာမိတ်အဖွဲ့ကိုကူညီနေပြီး ၎င်းမှာ ယခင်က ဇက်တို့လုပ်နေကျနှင့်မတူညီသော သိသာထင်ရှားသည့်အချက်ပြမှုဖြစ်ပေသည်။

မတိုင်ခင်က ဇက်မျိုးနွယ်စုများသာဆိုပါက ၎င်းတို့သည် ကြယ်တာရာမဟာမိတ်အဖွဲ့၏ကိစ္စကို ကြည့်ရုံသာကြည့်ပြီး အကူအညီပေးမည်မဟုတ်ချေ။ ဇက်တို့က အမှန်တကယ်ပြောင်းလဲသွားမှန်းသေချာမှ အချို့သော မျိုးနွယ်စုများသည် စတင်တက်ကြွလာကြပြီး ဇက်တို့နှင့်ဆက်သွယ်ရန် စမ်းသပ်လုပ်ဆောင်လာကြသည်။

"အရှင်ကတော့ သမိုင်းအသစ်ကိုရေးလိုက်ပြန်ပြီပဲ.."

လူသားအရာရှိနှစ်ယောက်မှာ ဇက်တို့အပြန်ခရီးအတွက် စောင့်ဆိုင်းရန် တူဆာတွင်ကျန်ရစ်နေခဲ့သည်။ ယခု ဟန်မာက လည်ဆန့်ကာကုဟွိုက်ထံသို့ကြည့်လိုက်၏။

ဇက်မျိုးနွယ်၏ပြောင်းလဲမှုများက ၎င်းတို့နှင့်အနီးကပ်ဆုံးနေထိုင်ခဲ့ပြီးတူဆာတွင် ကျန်ရစ်ခဲ့သောလူသားမျိုးနွယ်နှစ်ယောက်အတွက် အသိသာဆုံးဖြစ်ခဲ့သည်မှာ သံသယရှိစရာမလိုပေ။ မိုးမှောင်မျှော်စင်ကိစ္စကယခုကဲ့သို့ အဆုံးသတ်သွားခဲ့မည်ဟု သူတို့မထင်ထားခဲ့ကြသည်မှာ အမှန်ပင်ဖြစ်သည်။

ကုဟွိုက်က ပြန်လည်ပြုံးပြပါ၏။

"ဆိုးတာက တရားခံကထွက်ပြေးသွားပြီး ကြယ်တာရာမဟာမိတ်အဖွဲ့ကလည်း လိုက်ဖမ်းနေရတုန်းပဲလေ.."

ဂါဗင်ကို ဖမ်းမမိသေးလေရာ ပြဿနာမှာမပြီးဆုံးသေးပေ။ ၎င်းက ပုန်းလျိုးနေသောအန္တရာယ်အဖြစ် ရှိနေသေး၏။ ကြယ်တာရာမဟာမိတ်အဖွဲ့က စိုးရိမ်နေသလို ကုဟွိုက်မှာလည်းစိတ်မချနိုင်သေး။

ကုဟွိုက်နှင့်လူသားနှစ်ယောက် စကားပြောနေကြစဉ် အလ်ဗ်သည်ဘေးမှ အမူအရာကင်းမဲ့သည့်မျက်နှာဖြင့်ရပ်နေခဲ့သည်။ သူ၏မျက်လုံးများက အစတွင် ကုဟွိုက်ကိုယ်ပေါ်၌ ရှိနေခဲ့ပြီးနောက် အလ်ဗ်သည် တစ်ခုခုအားတွေးမိပုံဖြင့် ကုဟွိုက်နှင့်မျက်နှာချင်းဆိုင်မှလူနှစ်ယောက်ကို မျက်လုံးများကျုံ့ကာကြည့်လိုက်၏။

ကုဟွိုက်၏သဘောထားက အမြဲတစေ ညင်သာ၍ ရှန်းမုနှင့်ဟန်မာတို့မှာ အင်မတန်စိတ်ပေါ့ပါးနေခဲ့ကြသည်။ ထို့နောက် ရုတ်တရက် ငွေရောင်ဆံပင်ဖြင့်ဇက်ထံမှ အေးတိအေးစက်အကြည့်အားရလိုက်သောကြောင့် နှစ်ဦးသားမှာ တောင့်ဆတ်သွားကြ၏။ သူကဘာကြောင့်သူတို့အားထိုသို့ကြည့်နေရသနည်း။

အသက်ရှင်လိုစိတ်က ထိုလူနှစ်ယောက်အား အနှီကိစ္စအကြောင်းတွေးမိလာစေသည်။ အဟုတ်အမှန်ပြောရမည်ဆိုပါက သူတို့နှစ်ယောက်လုံးသည် ဇက်စစ်တပ်ခေါင်းဆောင်လေးယောက်အနက် အအေးစက်ဆုံးနှင့် ကြောက်စရာအကောင်းဆုံးသောအလ်ဗ်နှင့် မျက်နှာချင်းမဆိုင်လိုပေ။ သူတို့မှာ ဤအခြေအနေနှင့်ကြုံရရုံရှိသေးသည်။ ကုဟွိုက်သာ အနီးနားတွင်ရှိနေပါက ငွေရောင်ဆံပင်ဖြင့်ဇက်ကသူတို့အား ဘာမှလုပ်နိုင်မည်မဟုတ်ချေ။

အလ်ဗ် သူတို့အားစောင့်ကြည့်နေရသည့်အကြောင်းမှာ သူ၏မေးခွန်းကို တယောက်ယောက်ကဖြေပေးရန်လိုအပ်နေသောကြောင့်ပင်။ သူ၏နှစ်သက်မှုက ချစ်သူများကဲ့သို့နှစ်သက်မှုဖြစ်ကြောင်း ကုဟွိုက်လက်ခံလာစေရန် မည်သို့လုပ်ရမည်မှန်းသူမသိပေ။ အလ်ဗ်သည် လူနှစ်ယောက်ကို ဗလာမျက်လုံးများဖြင့်ကြည့်လိုက်၏။

"ဒီလိုသဘောကျတာမျိုးက ချစ်သူရည်းစားတွေလို သဘောကျတာမျိုးဆိုတာ တဖက်လူသိအောင်ဘယ်လိုပြောရမလဲ..."

လူသားများက ဇက်တို့ထက် ခံစားချက်ပိုများတတ်ပြီး ဤသို့သောပြဿနာမျိုးကိုနားလည်နိုင်လိမ့်မည်ဟု အလ်ဗ်ကတွေးထားခဲ့သည်။

လူသားနှစ်ယောက်: "...?"

နှစ်ယောက်လုံးမှာ ဦးနှောက်ကပြောင်းပြန်လန်သွားသလိုဖြစ်သွားသောကြောင့် တစ်စက္ကန့်ခန့်ကြက်သေသေသွားခဲ့သည်။ သို့သော်လည်းဟန်မာထံတွင် အဖြေတစ်ခုထက်ပိုရှိနေသောကြောင့် သူပြန်ဖြေလိုက်၏။

"အဲဒီလူကို ဒဲ့သာပြောလိုက်.."

အလ်ဗ်သည် စက္ကန့်အနည်းငယ်ကြာသည်အထိ စကားမပြောဘဲရှိနေပြီးမှ တဖက်လူကို ငေးကြောင်ကြောင်ကြည့်လိုက်၏။

"သူပြောတာတော့ သဘောကျတဲ့ပုံစံကအများကြီးရှိတယ်တဲ့.."

ရှန်းမုမှာ ဘာကိုမျှနားမလည်တော့သော်လည်း ဟန်မာကမူ စကားဝိုင်း၏ အခြေအနေအလုံးစုံနီးပါးကို နားလည်သွားခဲ့၏။ ဟန်မာသည် ဇက်ပြောသည့် 'သူ' ဆိုသောလူကို မည်သူမည်ဝါဖြစ်ကြောင်းစဉ်းစားမနေတော့ပေ။ ၎င်းမှာ ဘေးလူတစ်ယောက်၏အမြင်မှ သိသာထင်ရှားနေပြီ။ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်အနည်းငယ်မြင့်သူမည်သူမဆို သိလိမ့်မည်ပင်။

ဒီလိုဆိုတော့ ဒီအခြေအနေမှာဖြစ်နိုင်တာက....အလ်ဗ်က ဘုရင်အားသဘောကျကြောင်းပြောခဲ့စေကာမူ ဘုရင်ကနားမလည်ခဲ့ပေ။ ၎င်းကအတော်လေးခက်ခဲပေသည်။

ဟန်မာသည် ဘေးမှလူကိုကြည့်ကာ အခြေအနေသိပ်မကောင်းသလိုခံစားလိုက်ရ၏။ ဟန်မာက ထိုအကြောင်းကိုထပ်တွေးမိပြီး စကားပြန်သည်။

"ကြည့်ရတာ...ချစ်ရေးဆိုတဲ့အပိုင်းမပါသေးလို့ဖြစ်မယ်..."

အလ်ဗ်က မျက်လုံးများကိုဝင့်လိုက်၏။

"ချစ်ရေးဆိုတာ..?"

၎င်းကသူ၏ကျရှုံးရမှုအကြောင်းအရင်းကို သတ်မှတ်ပေးလိုက်သည်။ ဟန်မာက ချောင်းဆိုးလိုက်၏။

"မင်းနည်းလမ်းမှန်ရှာချင်ရင် ကြယ်တာရာကွန်ရက်ထဲသွားကြည့်လို့ရတယ်..."

ဟန်မှာခမျာ မသင်ပေးရဲချေ။ အလ်ဗ်သာမအောင်မြင်ခဲ့ပါက ဟန်မာမှာနေရာတွင် ပွဲချင်းပြီးသွားနိုင်သည်။ အလ်ဗ်သည် အေးစက်စက်မျက်နှာဖြင့်တခဏမျှတွေးတောနေပြီးနောက် ထွက်သွားလေ၏။ သို့ဖြစ်၍နောက်တနေ့ ကုဟွိုက်အိပ်ရာမှနိုးလာသည့်အခါ သူ့အိပ်ရာဘေးတွင်တက်ခ်ဇက်များသာမက အလ်ဗ်ကပါ အနားတွင်မတ်တပ်ရပ်နေသည်ကိုမြင်လိုက်ရသည်။

ကုဟွိုက် အနှီသူကိုမြင်လိုက်ရသည့်အခိုက် အိပ်ရာမှပင်မထရသေးခင်သူ့နဖူးကို အလ်ဗ်ကနမ်းလိုက်သည်။ နိုးနိုးချင်းမှာပင် ထိုကိစ္စကဖြစ်ပျက်သွားပြီး ကုဟွိုက်မှာအိပ်ချင်မူးတူးဖြစ်နေသေးသော်လည်း ယခုမူလုံးဝကိုနိုးသွားခဲ့ပြီဖြစ်သည်။

ကြယ်တာရာကွန်ရက်တွင်ပြောထားသည့်အရာရှိသည်: ချစ်သူများကမနက်ခင်းရောက်လျှင် နှုတ်ဆက်အနမ်းအားမျှဝေကြသည်၊ အလ်ဗ်ကထိုအတိုင်းလုပ်ရုံပင်။

သူထိုအတိုင်းလုပ်ခဲ့ပြီး အလ်ဗ်မှာအချိန်အတန်ကြာစောင့်နေခဲ့သေးသော်လည်း သူ့အရှေ့မှလူငယ်လေးက ကြယ်တာရာကွန်ရက်ထဲကပြောသည့်အတိုင်း တုံ့ပြန်မလာချေ။ ထို့ကြောင့် အလ်ဗ်၏မျက်လုံးများက မှေးကျသွားလေသည်။

ကြောင်ကြီး၏ချစ်ပုံချစ်နည်းက အဆင်ပြေမနေပေ။ ကုဟွိုက်မှာနိုးလာရုံရှိသေးပြီး ကိစ္စအမြောက်အမြားကိုမတွေးနိုင်သေး။ အလ်ဗ်မျက်လုံးများက ငိုက်ကျနေသည်ကိုမြင်ရသည့်အခါ သူထထိုင်မိပြီး ထိုလူ၏ဆံပင်ကို အလိုလိုပွတ်သပ်မိသွားသည်။

ကြယ်တာရာကွန်ရက်က တဖက်လူကိုချစ်ရေးဆိုသည့်ကိစ္စမှာ မိမိ၏ခံစားချက်ကိုသိခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ပြောပြထားသည်။ သို့သော်လည်း ဇက်တို့သည် ချစ်ခြင်းမေတ္တာကို အနမ်းဖြင့်သာဖော်ပြကြသည်။ ယခု ကုဟွိုက်က သူ့ဆံပင်ကိုဖွလိုက်မိသည့်အခါ အလ်ဗ်ကအနားသို့ တဖန်ကပ်လာပြန်ပြီး လူငယ်လေး၏ပါးကို နူးညံ့စွာဖြင့်အကြိမ်ကြိမ်နမ်းပြန်သည်။ ကုဟွိုက်က မနမ်းခိုင်းသော နှုတ်ခမ်းမှလွဲကာ အလ်ဗ်သည် အခြားနေရာမှန်သမျှအားလိုက်နမ်းနေသည်၊ ကြောင်ကြီးတစ်ကောင်က သူသဘောကျသည့်လူတစ်ယောက်အား အမှတ်အသားများပေးသည့်နှယ်။

ကုဟွိုက်၏ မတိုင်ခင်က ငြင်းချက်များမှာ မပြင်းထန်သေးပေ။ ထိုအရာများကြောင့် သူအလ်ဗ်အားအလိုလိုက်ထားမိသည်။ သူကြမ်းကြမ်းတမ်းတမ်းမငြင်းဆန်မိခြင်းမှာ သူ့အရှေ့မှကြောင်ကြီးက အင်မတန်ချစ်စရာကောင်းလွန်းနေသောကြောင့်ပင်။ ကုဟွိုက်ဘက်မှ ခံစားချက်များမှာနှေးကွေးနေပြီး အဖြေရှာမတွေ့သေးပေ။

ပါးမှမေးရိုးအထိ ဖွဖွလေးလိုက်နမ်းနေခြင်းက ယခုလေးတင်အိပ်ရာနိုးလာသောကုဟွိုက်ကို အချိန်အတန်ကြာအောင် မတုံ့ပြန်နိုင်ဘဲဖြစ်စေသည်။ သူသတိရသွားသည့်အခါမှ အလ်ဗ်အားအဝေးသို့တွန်းထုတ်လိုက်ပြီး သူ၏နားရွက်ထိပ်ဖျားများက ရဲတွက်လာလေ၏။

"ငါပြောထားတယ်လေ၊ မင်းသဘောကျတဲ့သူကိုပဲနမ်းလို့ရတယ်လို့.."

ကုဟွိုက် ခေါင်းလှည့်လိုက်သည်။

"ကျွန်တော်အဲဒီနေရာကိုမနမ်းလိုက်ဘူးလေ.."

အလ်ဗ် မျက်လုံးများက ကုဟွိုက်နှုတ်ခမ်းပေါ်တွင်သာရှိနေသည်။

ကုဟွိုက် သီးသွားသည်။ အလ်ဗ်က သူ့နှုတ်ခမ်းမှလွဲပြီး ကျန်သည့်နေရာများက ချစ်သူများနမ်းနိုင်သည်ဟု နားလည်သွားပုံရသည်။ ကုဟွိုက်မှာ ဆွံ့အသွားရလေ၏။

သူတိတ်ဆိတ်နေစဉ် ကုဟွိုက်သည် အလ်ဗ်ထံမှ ပန်းတစ်ပွင့်ရလိုက်သည်။

၎င်းက အယ်လီနောပန်းလေးပင်။ ဤအကြိမ်တွင် အလ်ဗ်သည် ပန်းပေးရာတွင်စိတ်လှုပ်ရှားနေပုံရသည့်တိုင် ကုဟွိုက်က များများစားစားတွေးတောမနေပေ။ ယခင်ကအတိုင်းဟုထင်ပြီး ယူထားလိုက်သည်။

ပန်းယူလိုက်သည်နှင့် ကုဟွိုက်မှာ အလ်ဗ်ထံမှ ပွေ့ဖက်ခံရပြန်သည်။ အယ်လ်၏အမြှီးက မြောက်တက်သွားပြီး ၎င်း၏တိုးလျသောအသံကကုဟွိုက်နားထဲသို့ ဝင်ရောက်လာ၏။

"အခု အားဟွိုက်က ကျွန်တော့်ရဲ့ချစ်ဦးသူဖြစ်သွားပြီလား.."

ကုဟွိုက် မှင်သက်သွားသည်။ ထိုအချိန်မှာပင် အယ်လီနောပန်းက 'သန့်စင်သောချစ်သူ' ဟုအဓိပ္ပါယ်ရကြောင်း မှတ်မိသွားပြီး ၎င်းကအထူးမွှေးပျံ့သောရနံမျိုးရှိသည်။ ပြဿနာမှာ ယခင်က သူတို့ပန်း၏အဓိပ္ပါယ်ကို အလေးအနက်မထားခဲ့ကြချေ။ ရုတ်တရက် မည်သို့များပြောင်းလဲသွားရပါသနည်း။ လိုအပ်သည့်အချိန်မှ ပြောင်းလဲသွားခဲ့ခြင်း။ အလ်ဗ်က ထိုကိစ္စနှင့်ပတ်သတ်၍ ဒဲ့ဒိုးဆန်လွန်းခဲ့သည်။

ကုဟွိုက်မဖြေရသေးခင် အလ်ဗ်ကဆက်ပြောလာသည်။

"ကျိုးကျိုးက ဒီနေရာကိုနမ်းချင်တယ်.."

အလ်ဗ်၏မျက်လုံးအစုံက ကုဟွိုက်နှုတ်ခမ်းပေါ်တွင်ရှိနေပြီး ကုဟွိုက်မှာမူ အနှီသူ၏တရစပ်အရူးထမှုကြောင့် စကားမပြောနိုင်တော့ချေ၊ အထူးသဖြင့် အနှီသူက 'ကျိုးကျိုး' ဟူသောအမည်ကိုသုံးလိုက်ချိန်တွင်ဖြစ်သည်။ ကုဟွိုက်ခမျာ အသက်ပင်မရှူနိုင်တော့နီးနီးပင်။ အနှီကြောင်ကြီးကအရူးထလွန်းသော်ငြား ရိုးစင်းလွန်းနေသည်။ ကုဟွိုက်ကချစ်စရာကောင်းသည်ဟုထင်မိသည့်တိုင် မည်သည့်အရာကိုမဆို ကတိပေးမည်ဟု မဆိုလိုပေ။

"မရဘူး.."

ကုဟွိုက်က အင်တင်တင်ဖြင့် ယတိပြတ်ပြောလိုက်သည်။

၎င်းက ကုဟွိုက်အား အင်မတန်ခေါင်းကိုက်စေသည်။ ဤသည်က ချစ်သူများဖြစ်တတ်သည့် ခံစားချက်မျိုးမဟုတ်ကြောင်း အလ်ဗ်နားလည်လာရန် မည်သို့ရှင်းပြရမည်မှန်း သူမသိတော့ပေ။ ဘေးလူဖြစ်သော ဟန်မာက ဤအခြေအနေကို ထိုသို့သောသဘောကျမှုမျိုးဟု ခံစားရနိုင်သော်လည်း ကုဟွိုက်ကိုယ်တိုင်ကမသိသေး။ ရက်အနည်းငယ်ကြာပြီးနောက် စိုးရိမ်စိတ်များဖြင့် ကုဟွိုက်မှာ လူသားအရာရှိနှစ်ယောက်နှင့် စကားပြောရတော့၏။

ဟန်မာကသူ့အားပြောလာသည်။

"သူကအရှင့်ကို အဲဒီလိုမျိုးသဘောကျတာမဟုတ်ဘူး၊ အရှင်ပြောတာမှန်တယ်.."

ကုဟွိုက် အနှီရွှေဉာဏ်တော်စူးရောက်သည့် စကားကိုကြားပြီး သူ့ပါးသူဆွဲလိုက်သည်။

"ဟုတ်ပြီ...ငါပြောတာက..."

ဟန်မာက ထပ်လောင်းပြောလာပြန်သည်။

"ဒါမွှန်နေတာ..."

ကုဟွိုက်မှာ အေးခဲသွားလေ၏။

"ဘာလို့လဲဆိုတော့ သူကအရှင့်ကိုအရူးအမူးချစ်နေလို့ အရှင်အဲဒီလိုပြောတာကိုနားထောင်လိုက်တာ..."

ကုဟွိုက်က ထိုစကားကိုနားထောင်ကြည့်ပြီး အလ်ဗ်က သူ့စကားနားထောင်ချင်စိတ်မရှိလာမှုများကို တွေးမိသွားသည်၊ အဘယ်ကြောင့် ကုဟွိုက်ပြောသမျှကို နားထောင်နေရသနည်း။ ကုဟွိုက် ထိုမေးခွန်းကိုမစဉ်းစားမိသေး။ ဟန်မာ ထိုသို့ပြောလာသည့်အခါ သူငြင်းမရဖြစ်သွားခဲ့သည်။

အလ်ဗ်က သူ့အားအရူးအမူးချစ်မိနေသည်။ ထို့ကြောင့် အနှီကြောင်ကြီးက သူပြောသမျှတိုင်းကို နားထောင်လိုစိတ်ရှိနေခဲ့ခြင်းဖြစ်သည်။

၎င်းကိုနားလည်သွားပြီးနောက် ကုဟွိုက်၏နှလုံးသားက တချက်ဆောင့်ခုန်သွားသည်။ မဟုတ်ပါဟုငြင်းရမည်ဆိုလျှင်လည်း ကြောင်ကြီးကသည်ရက်ပိုင်းအတွင်း မကျေမနပ်ဖြစ်နေခဲ့သည်မဟုတ်ပါလား။ ကုဟွိုက် ထိုကိစ္စကိုတွေးမိပြီး ခေါင်းကိုက်နေသည့်နှယ် သူ့မျက်လုံးကိုသူအုပ်ထားမိလေတော့သည်။

.......

စာရေးသူတွင်ပြောစရာရှိပါသည်။

ကျိုးကျိုး: အရှင့်ကို ဒီနေရာလေးနမ်းချင်တယ်။

ဟွိုက်ပေါင်း(နီရဲနေသော မျက်နှာသေကြီးဖြင့်): မရဘူး။

Continue Reading

You'll Also Like

1M 22.3K 58
A 'slut' of a 21 year old Nidhi is married to the disabled thakur, who is paralysed below his waist. What will happen when her sexual frustration wil...
59.8K 526 19
( Editing right now) Synopsis When Malenia, a betrayed middle-aged woman, is transported to a magical world, she becomes the Dungeon Mistress of a pe...
175K 1.6K 175
作者:村里的小傲娇 Chen Xiaolin accidentally bleeds on the bracelet her grandmother left her, and she discovers a space inside. She then fills the space with...
171K 2.2K 30
mikha and aiah found out na mag tita sila!!