Old Love ( အရွယ်လွန် အချစ် )

By Sms12790

171K 6.3K 297

အသက်လေးဆယ်ကျော် ခမည်းခမက် လူပျိုကြီး နဲ့ အပျိုကြီး ရဲ့ ဖူးစာ More

Old Love -1
Old Love -2
Old Love -3
Old love-4
Old Love-5
Old Love -6
Old Love -7
Old Love -8
Old Love -9
❣️Old Love❣️
Old Love -10
Old Love-11
Old Love-12
Old Love-13
Old Love-14
Old Love-15
Old Love-16
Old Love-17
Old Love -18
Old Love-19
Old Love-20
Old Love-21
Old Love-22
Old Love -23
Old Love -24
Old Love-25
❣️Old Love-26❣️
Old Love -28
Old Love -29
Old Love -30
Old Love -End
Extra

Old Love-27

4.9K 179 2
By Sms12790

အရွယ်လွန်အချစ်💓
Old Love-27

ကမ်းခြေ၏  အလှက လိူင်းပုတ်သံထင်ပါရဲ့ ။

အမြဲတစေ တည်ငြိမ်ခြင်းမရှိသော လိူင်းပုတ်သံ တွေက နေ့နေ့ညည။

ကုန်းမြေပေါ်က လေတဟူးဟူး ကြောင့် အုန်းပင်တွေက ယိမ်းနွဲ့နေသည်။

တည်းခိုးခန်း အိပ်ခန်းဆောင်၏ ခန်းဆီး လိုက်ကာ များသည်လည်းလေ နှင့်အတူ လွှင့်ခါနေသည်။

အိပ်ရာကုတင်ပေါ်က  သူ့လက်မောင်းတွေကြားမှာ သူမကိုယ်ကလေး တွန့်လူး ပြီ

“ကိုမျိုး ..”
“ဗျ ..”
“လမ်းလျှောက်ထွက်ရအောင် ..”

သူမစကားသံ သူကြားသည်နှင့် အိပ်ရာပေါ်ကနေ ဝုန်းခနဲ့ ထရေချိုးခန်းထဲ အပြေး၀င် ရေချိုး ရိူးစမိုး ထုတ်သည်။

သူ့ကိုကြည့်ပြီ ခင်ခင်ကတော့ တဗျစ်တောက်တောက် အမေက သားကို ငေါက်သလို ဆူပူနေသည်။

“တော်တော်လှ ချင်နေ ..  အပြင်မှာ လေတဟူးဟူး နဲ့ဘယ်သူ့ကိုများ ရိူးပြချင်နေသလဲ မသိပါဘူးတော်တကတည်း ..

ဒီခေါင်းကို လျှော်လိုက်ရတာ အကြိမ်ကြိမ် ..
ဆံပင်အတိုမို့ တော်ခါကျတယ်.

ဒီနားလာခဲ့ ခေါင်းကို ရေပြောင်အောင် သုတ်ရအောင်..”

သူမ ၏ ပွစိပွစိ စကားသံများ ကြားရလျှင် သူကျေနပ်သည်။

သူ့ကို ခေါင်းအစ ခြေအဆုံး ကြည့်ပြီ
“ကိုမျိုး နော် .. သိပ်လှချင်မနေနဲ့ ကိုယ့်အသက်ကို လည်း သတိရအုံး ..”

“ခင်ခင်ကလည်းကွာ .. ကိုမျိုးနော် သိပ်လှချင်မနေနဲ့ မိန်းမရှိတာ သတိရအုံးလို့ ပြောမှပေါ့ ။

ဘယ်နှယ့် ဗျာ အသက်ကိုသွား သတိရခိုင်းနေ။

အသက်ဆိုတာ သတိမရကောင်းဘူး ။ မေ့ကောင်းတာ ဗျသိရဲ့လား ။ မေ့လေ ကောင်းလေ ပဲ ..”

သူက သူမမေဖျား ဆွဲယူ နမ်းရိူက်ပြီ ဖြေတော့ သူမက ထုံးစံအတိုင်းမျက်စောင်းကလေးထိုး သည်။

ထိုးနေသော မျက်စောင်းကလေးကို သူနမ်းပြီ သူ့မိန်းမ ၀တ်စားဆင်ယင်ပုံကို  ကြည့်သည်။

ကြည့်ရင်

“ခင်ခင် အင်္ကျီတွေက မဟုတ်သေးပါဘူးကွာ .. ဘယ်နဲ့ အဘွားကြီးပေါက်စ
ကျနေတာပဲ ..”

ပြောပြောဆိုဆို ဆံပင်ကို နောက်လှန် သိမ်းထားသော သူမခေါင်းက
ညှပ်ကလစ်ကို သူဆွဲဖြုတ်သည်။

“အို .. ကိုမျိုးကလည်း ညဘက် ဆံပင်ဖားလျား မချကောင်းပါဘူး ..”
“ဘယ်သူပြောလဲ..”

“လူကြီးတွေ ပြောတာပေါ့ ၊ သရဲတစ္ဆော ကပ်ပါလာတတ်တယ်..”

“ဒီလိုသာဆို အခုခေတ် မိန်းကလေးတွေအကုန် သရဲ ၀င်စီးနေရောပေါ့ခင်ခင်ရာ။

မဟုတ်တာတွေ အယူမသီးစမ်းပါနဲ့ ၊ လာ ကိုယ် ၀တ်ခိုင်းတဲ့ အင်္ကျီလေး ၀တ်ကြည့်စမ်းကွာ ..”

“ဒီ မော်ဒယ်စိမ်းနု ပိုး ဂါ၀န်အရှည်ကလေးကို ဒီချည်ထည် ဆင်စွယ် ဆွယ်တာကလေး နဲ့ တွဲ၀တ်ကြည့်..”

သူ့စိတ်ကြိုက် ခင်ခင်ကို ၀တ်စားဆင်ယင်ပေးပြီ နောက်သူတို့နှစ်ဦး လက်တွေ တွဲထားလျက် ၊ပုခုံးချင်းယှဉ်လျက်တည်းခိုးခန်းအရှေ့က သဲသောင်ပြင်ပေါ် လမ်းလျှောက်လာသည်။

ညပိုင်း အစောကာလမို့ ဂီတာ တီးသံ အုပ်စုလိုက် သီချင်းဆိုသံကလေးတွေက ကြားနေရသေးသည်။

လေတွေ တိုးဝှေ့လို့ လူပ်ခတ်သွားသော အုန်းလက်အသံ ကလေးများကသီချင်းသံတွေရဲ့အဝေး ပင်လယ်ပြင်မှာ သူရှိနေသည်ကို သက်သေထူသည်။

@@@

“ငွေဆောင်ကမ်းခြေဆိုတာ ပုသိမ်သူပုသိမ်သားတွေဆို ရေခဏခဏ လာချိုး လက်ပစ်လာကူးလို့ လွယ်တဲ့ အရပ်တဲ့ ဗျ ၊ အဲ့တာ ခင်ခင် သိလား..”

“ဟင့်အင်း မသိပါဘူး ၊ ဘာဖြစ်လို့  သူတို့က လွယ်နေတာလဲ..”

“နီးလို့ ပေါ့ ခင်ခင်ရဲ့ ..”

“အို ..ဘာများလဲလို့ ကိုမျိုး နဲ့နော် ..”

“ဟောဗျာ ၊ ဟုတ်တယ်လေ ၊ ငွေဆောင်ဆိုတာ ဧရာ၀တီတိုင်း ပုသိမ်ခရိုင်ထဲမှာ ရှိတယ်။

ပုသိမ်သူ ပုသိမ်သားတွေ ရေလာချိုးတယ်။

သူတို့ ရေလာချိုးတဲ့ ကမ်းခြေမှာ ကိုယ်တို့လို တောင်ပေါ်သားတွေကလာအပန်းဖြေတယ်။

ကဲ .. ကြည့်စမ်းကွာ ဘယ်လောက်ကြည်နူးဖို့ ကောင်းလိုက်သလဲ ..

ပင်လယ်လေ လေးကတဖြူးဖြူး ၊ကိုယ့်မိန်းမ လက်ကိုတွဲလို့ သဲသောင်ပေါ် လမ်းလျှောက်နေချိန်လရောင်ကလေးကလည်း ဆမ်းလို့ ..”

ရောက်နေသော ပတ်၀န်းကျင်ရဲ့ အလှပကို သူစိတ်အာရုံထဲ နှစ်ခံစားရင်
လိူက်လိူက်လှဲလှဲ ကြီး သူပြောနေသည်။

ပြောရင်သူက ခင်ခင် လက်ကလေး နှစ်ဖက်ကို မျက်နှာချင်းဆိုင်သူ့လက်နှစ်ဖက် ဖြင့် ဆွဲယူလိုက်သည်။

နီးကပ်နေရာကနေ ခြေတစ်လှမ်းအကွာ မျက်နှာချင်းဆိုင် နောက်ဆုတ်လိုက်သည်။

ခင်ခင် ညာဖက် လက်တစ်ဖက်ကိုသူ့ ညာဖက် လက်တစ်ဖက်ဖြင့် ခင်ခင်ခေါင်းပေါ်ကနေ မြှောက် နာရီလက်တံ သဖွယ် လှည့်လိုက်၏။

ရုတ်တရက် သူလုပ်လိုက်သည်က ရုပ်ရှင်ဇာတ်လမ်းဆန်ဆန် လို့ပြောရမလား ကလေး ဆန်ဆန်လို့ ပြောရမလား ။

သူ့လုပ်ရပ်ကြောင့်ခင်ခင်မျက်နှာမှာ ထိတ်လန့်မူ့ နှင့်အတူ ၀မ်းသာမူ့တွေက ဖုံးဖိမရအောင်ပေါ်လာသည်။

ခင်ခင် သူ့ကို ဘာ‌ပြန်ပြောရမယ်မှန်းမသိ။
ပြုံးပြုံးကလေး နူတ်ဆိတ်နေသည်။

ကိုမျိုးက ကျေနပ်စွာ သဲသောင်ပြင်ပေါ် မှာ ခြေစုံရပ်လျက် လက်နှစ်စုံကို လေမှာဝဲလွင့်မျော ကြည့်စေသည်။

ခင်ခင် သူ ခိုင်းစေသလို လွင့်မျောကြည့်သည်။

ပျော်စရာကောင်းသည်။

လူနှစ်ယောက် မျက်နှာချင်းဆိုင်လက်ဖ၀ါးနှစ်ဖက်စုံ နဖူးချင်းတေ့ ခေါင်းချင်းထိထားရသည့် ခံစားချက်ကပျော်စရာကောင်းသည်။

ကဲ လွန်းသည်ဟု တွေးမိ‌ခဲ့သော အတွေးများပျောက်

ချစ်သူချင်း နီးကပ်လာသည်ဟုသော အတွေးများသာရ လာသည်။

💙💙💙
သူ့ရင်ခွင်ကျယ်ကို မှီ ပင်လယ်ကြီးကို မျက်နှာမူထားရသည်မှာသိပ်သာယာသည်။

“ပင်လယ်ကြီးက မကျယ်ဘူးလား
ကျယ်တယ် ..
ပင်လယ်ဓါးပြက မတိုက်ဘူးလား
တိုက်တယ် ..

ကျယ်တိုက် တော့ ကြိုက်တယ် ဆိုပြီ ကိုမျိုး ပြောတဲ့ ဟာသကလေးကိုကျွန်မ ခဏခဏ ကြားဖူးပါသည်။

သိပ်တော့ မထူးဆန်းပါ။

ဒါပင်မယ့် ကျွန်မ ရယ် မိသည် ။ အပျိုဖြန်းမလေး သစ်ရွက်လူပ်တာမြင်ပြီ ရယ်သလို ကျွန်မက ရယ်သည်။

အသံစာစာကလေး နှင့် ကျွန်မက ကလေးတစ်ယောက်လို ရယ်ရင် သူ့ကို မှီ သူ့လက်မောင်းကို အားပြုထားသည်။

အားပြုထားရင် ကိုမျိုး မျက်နှာ မော့ကြည့်တော့ နူတ်ခမ်းမွှေးရေးရေးကလေး နှင့် သူ့နှာတံကလေးက မှောင်ပြပြ အလင်းရောင် အောက်မှာ ထင်းနေသည်။

ယောင်္ကျားတစ်ယောက် ၏ ဆွဲဆောင်မူ့ ရုပ်ရည် အပြည့် ကိုမျိုးမှာရှိသည်ကို ကျွန်မ သိပါသည်။

ဒါပင်မယ့် ဒီနေ့မှာ ကျွန်မရဲ့ ကိုမျိုးက ပိုပြီ ချောမောနေသည်ဟုကျွန်မမြင်နေမိသည်။ ခံစားမိသည်။

ကျွန်မရဲ့ ကိုမျိုးက ကျွန်မကို ခင်ခင် လို့ ခေါ်သည့် အသံက သိပ်နား၀င်ချိုနေသည်။

ကိုမျိုးထွေဖက်ထားလို့ ကျွန်မ  ပိုပြီ လုံခြုံနွေးထွေးသလို ခံစားရသည်။

ကိုမျိုး ရဲ့ ကိုယ်သင်းနံ့ကလေးကို ကျွန်မ ရူရိူက်မိတိုင်း ‌ကျွန်မ တက်ကြွစွာ ပျော်နေသည်။

ပျော်နေသော ကျွန်မ နူတ်ခမ်းလေး‌တွေ ကွေးညွတ်ပြီ ကိုမျိုး မေးဖျားကလေးကို လှမ်းနမ်းတော့ ကိုမျိုး ပြုံးသည်။

ကိုမျိုးအပြုံးက ကျွန်မမြင်ဖူးသမျှ ထဲမှာ
အကြင်နာဆုံး အပြုံးကလေး ဟုအောက်မေ့ထင်မှတ်ရသည်။

ကျွန်မနမ်းသည်နှင့် ကျွန်မခါးပေါ်က ကိုမျိုးလက်တွေက ပိုမိုတင်းကျပ်စွာ ဖက်လာသည်။

ကျွန်မပါးကလေး နှစ်ဖက် ကို ကိုမျိုးက မြတ်နိုးစွာနမ်းသည်။

ကျွန်မနဖူလေးကိုတော့ သူ့နူတ်ခမ်းကလေးက အာငွေ့လေးတွေ စိုစွတ်သည်အထိ နမ်းသည်။

လိူင်းသံတွေက ပိုမို ကျယ်လောင်လာသည်။
ထိတွေ့ ခြင်းကလွဲ အကုန် တိတ်ဆိတ်နေ၏။

သူမနှင့် ကိုမျိုးရဲ့ နှစ်ကိုယ်ကြား အကြောင်းမဲ့ ရယ်မောသံလေးများ လေထဲ လွင့်ပါသွားသည်။

တိတ်ဆိတ် ခြင်းကို သူမကပဲ စဖြိုခွင်းလိုက်သည်။

"ကိုမျိုး .."
"ဟုတ်.."

"ဒီကို အရင်က ရောက်ဖူးလားဟင် .."
"ဟုတ်.."

"တစ်ယောက်တည်း တော့ မဟုတ်ဖူးမို့လား .."

သူမမေးခွန်းကို သူက ပြုံးလျက်ကြည့်နေမိသည်။

ဟုတ်သည်လည်း မဖြေ။
မဟုတ်သည်လည်း မဖြေ။

သူမက အဖြေပြန်မရတော့ ပြုံးနေသော သူ့ကိုကြည့်ပြီ

"ထင်သားပဲ ..ကိုမျိုး သိပ်ကဲ တတ်တာပဲနော် ..”

သူမစကားသံများတွင် မနာလိုခြင်း အလိုမကျခြင်း စိတ်ဒေါသသံကလေးတွေ ဟပ်လာသည်။

သူသာ အဖြေပြန်မပေးလျှင် သူမစိတ်ထဲ ခံစားမိသလို စွပ်စွဲ တော့မည်။

ထူးဆန်းစွာပင် သူမ ဒေါသတကြီး စွပ်စွဲဟန်
ကို သူက ကျေနပ်စွာ နားထောင်နေသည်။

သူ့ရင်ခွင်ထဲ ငြိမ်သက်နေရာကနေ သူမက ရုန်းထွက်ဖို့ပြင်လာသည်မို့ သူက အကြောက်အကန်း ငြင်းဆန် ခံရမည်ကို ပါးနပ်စွာ ထိန်းချူပ်သည်။

သူထိန်းချုပ်ပုံက သူမလက်နှစ်ဖက်ကို ခပ်တင်းတင်းဆွဲ ဘယ်ဘက်ခြမ်းက သူ့နှလုံးသားပေါ်တင်ပြီ

"ခင်ခင် အတွက် ရင်ခုန် တဲ့ ရင်ခုန်နူန်းနဲ့
ဘယ်မိန်းမကိုမှ ကိုယ် ရင်ခုန် မချစ်ခဲ့ဘူး။

အဲ့တာ ခင်ခင် ယုံတယ်မို့လား .."

"မယုံ ဘူး .."
"ဟောဗျာ .. ဘာဖြစ်လို့ .."

"အို ..ကိုမျိုး အခြားမိန်းမတွေ ချစ်နေတုန်းက
ကျွန်မမှ ကိုမျိုး ရင်ဘက် မစမ်းဖူးပဲ .."

"ဟာကွာ .. ခင်ခင်ကလည်း ကတ်သီးကတ်သတ်.."

"အမှန်ပြောတာပဲကို.."
"ကိုယ်လည်း တစ်ကယ် အမှန်ပြောတာ ..
မလိမ်ပါဘူးကွာ .."

"ဒါဆို ကျွန်မမေးတာ ဖြေကြည့်လေ..
ကိုမျိုး အဖြေပေါ်မူတည်ပြီ ကျွန်မ ယုံကြည်မယ်.."

"ခင်ခင်က ဘာမေးတာလဲ .."
"ကိုမျိုး ဒီကမ်းခြေကို ဘယ်သူနဲ့ လာဖူးသလဲ .."

"အမှန်တိုင်း ဖြေရမလား လိမ်ဖြေရမလား .."
"အဲ့ဒါ ကိုမျိုးသဘော .."

"ခင်ခင် သဘော ပြောပါ..
လိမ်တာ ကြိုက်လား ညာဖြေတာ ကြိုက်လား .."

"ကိုမျိုး ရဲ့ ရွေးချယ် မေးခွန်းထဲမှာ ကျွန်မကြိုက်တဲ့ အဖြေ တစ်ခုမှ မပါလို့ ကျွန်မ မဖြေဘူး .."

"မာ လှကြီးလားကွာ .."
"မာမာပဲ ခင်ခင်တို့က .."

သူ့ဇနီး အပြောကို သူသဘောကျစွာရယ်သည်။

ရယ်ရင်

"ကဲ လိမ်ပြောမယ်ကွာ လာဖူးတယ် ဂျနီဖာလိုပတ်စ် နဲ့ တစ်ခေါက် ၊ အရှေးဝီရာဘချမ်း နဲ့ တစ်ခေါက် .."

"သွား လာမနောက်နဲ့ ။ဒီက ကြုံတုန်း သိချင်လို့ မေးကြည့်တာပါ။ ကိုမျိုး လူတွေကို စိတ်၀င်စားလွန်းလို့လဲ မဟုတ်ပါဘူးနော် .."

"ဟုတ်ရဲ့လားဗျာ ၊ ငါ့ ယောင်္ကျား ဒီကမ်းခြေကို ဘယ်မော်ဒယ် ခဲနဲ့ လမ်းလျှောက်ဖူးသလဲ တွေးပူနေတာ များ ဖြစ်မလား .."

"အို .. သွားစမ်းပါ ပူမနေပါဖူး ၊အရင်က လျှောက်ဖူးတာကို ကလေးကလား ကျွန်မက ပူစရာလား .."

"တစ်ကယ် မပူဖူးပေါ့ .."
"မပူပါဘူး.."

"မပူလည်း ပြောပြမယ် ဘယ်မိန်းကလေးနဲ့မှ
ဒီလို သဲသောင်ပေါ် လမ်းမလျှောက်ဖူးဘူး။

ဒီလို မဖက်ဖူးဘူး။

ဒီလိုမနမ်းဖူးဘူး။

ဒီလို မပွေ့ဖူးဘူး။

ပြောရင် သူက သူမကိုယ်ကလေးကို လေထဲမှာ  မြှောက်တက် သွားအောင် ပွေ့ချီလိုက်သည်။

"အယ်.. ကိုမျိုး .. ကိုမျိုး .. ကိုမျိုး .. မချီပါနဲ့ လူတွေ မြင်ကုန်ပါအုံးမယ် .."

"မြင်ပါစေကွာ .. ကိုယ့်မိန်းမကို ချီတာပဲ
သူများတွေလို တိတ်တိတ်ပုန်း လာကြတာမှမဟုတ်ဘဲ .."

"အို .. ကိုမျိုး ဘာတွေ ပြောနေတာ .."
"အမှန်တွေ ပြောနေတာ လေကွာ .."

"တိုးတိုးပြောစမ်းပါ .. ကိုယ့်အရပ်ဒေသလည်းမဟုတ်  အာကျယ် အာကျယ်နဲ့
လူရိုက်ခံရအောင် .."

"ဟာကွာ ၊ မရိုက်ရဲ လောက်ပါဘူး။
ပုံစံက ဖွန်ကြောင် ရုပ်ကလေးပါကွာ။
စပွန်ဆာ အဘွားကြီး ရှိလို့ ငြိမ်ကုပ်ပြနေတာ.."

"အို .. ကိုမျိုးနဲ့ လည်း ခက်တယ် .."
"မကြားပါဘူးကွာ မင်းကလည်း စိုးရိမ်လွန်နေတာ ၊ စောစောကတည်းက အခန်းထဲ ၀င်သွားတာ အခုချိန် နှပ်နေလောက်ရောပေါ့ .."

"အို ..ပေါက်တတ်ကရတွေ ၊ ကိုမျိုး ပါးစပ်ကိုလေ အပ်ရှိရင် အပ်နဲ့ ချုပ်ပလိုက်ချင်တယ်သိလား။

ကိုယ်နဲ့ မဆိုင်တာတွေ သူများကို တအားဝေဖန် .."

"ဝေဖန် တာမဟုတ်ပါဘူးကွာ။ မိန်းမ ပျင်းနေမှာစိုးလို့ ပတ်၀န်းကျင်ကို အကဲခတ်ပြီ လေကန် ကြည့်တာ .."

"အို .. လေမကန်ပါနဲ့ ။ သူများ အကြောင်း
ဂဃနန လည်းမသိဘဲ နဲ့ ။

မဟုတ်မမှန် စွပ်စွဲမိရင် အားနာစရာကြီး၊
ပြီတော့ ဟုတ်‌သည်ဖြစ်ဖြစ် မဟုတ်သည်ဖြစ်ဖြစ် အမြင်လေးနဲ့ သွား ဆုံးဖြတ်ပြီ ကောက်ချက်ချ ပေးမနေနဲ့ ။

ကိုမျိုးက တရားသူကြီး မဟုတ်ဘူး"

"မိန်းမကရော .."
"ကျွန်မက ကိုမျိုးကတော်ပေါ့ .."

သူ့စကားကို လိမ်မာပါးနပ်စွာ ဖြေတဲ့ သူ့ဇနီးကို ပွေ့လျက်သား အတင်းနမ်းတော့

"ကိုမျိုး တော်တော့ အခန်းထဲပဲ ပြန်ရအောင်.."

တဲ့။ သူအကြားချင်ဆုံးစကား သူကြားရသည်နှင့် ‌အားရ၀မ်းသာ ခြေလှမ်းများသွက်စွာ လျှောက်လှမ်းသည်။

💙💙💙

အလွန်အမင်း ပျော်စရာကောင်းသော ခရီးစဉ်လေးကို သူတို့ ငွေဆောင်မှာပဲ အဆုံးသတ်လိုက်သည်။

မန္တလေးက ယောက္ခမအိမ်မှာ ခရီး တစ်ထောက်နားပြီ နောက် မိုးကုတ်က သူတို့ မင်္ဂလာဦးအိမ်ကို ပြန်ခဲ့သည်။

ခရီးထွက်စနှင့်မတူသော ခင်ခင် ပုံက အလွန်တက်ကြွသည်။

သူနှင့်အတူ ကျောက်၀ယ် သွားရုံမက ကိုဇွဲနားရအောင် ဆိုင်ကို သူတို့ လင်မယားနှစ်ယောက်က အလှည့်ကျ စီမံပေးနေသည်။

"ကိုမျိုး ပိုက်တွေက ခွေ လိုက်ပဲ ရောင်းပေးတာလား၊ ပေ ဖြတ်ပြီ မရောင်းပေး ဘူးလား .."

"ဘာဖြစ်လို့လဲ .."

"၀ယ်သူက ပေဖြတ် လိုချင်နေတာ .."

"ရောင်းပေးလိုက်လေ ..မိန်းမ"
"အင်း ..အင်း .."

"ကိုယ်ခဏနေ ပြန်လာပြီ .."
"ရတယ် ဖြေးဖြေး ကားကို တအားမောင်းမလာနဲ့ .."

"ဟုတ် .. "
"ဒါပဲ နော် .. ဖြတ်ပေးတာ ကြည့်လိုက်အုံးမယ် .."

ခင်ခင်က  ကားကိစ္စနဲ့ အပြင်ခဏ သွားသည့်သူမယောကျာ်းကို ဖုန်းဆက်လှမ်းမေးပြီးသည်နှင့် ၀ယ်သူ စိတ်တိုင်းကျ ၀န်ထမ်းကောင်လေးကို ဖြတ်ခိုင်းသည်။

၀ယ်သူက ပေ ၃၀ သာ လိုချင်နေသည်။
၀န်ထမ်း ကောင်လေးက ပေ ၃၀ ဖြတ်ပေးဖို့ကို မဝံ့မရဲ ဖြစ်နေပုံရ၏။

ဒါ့ကြောင့် ခင်ခင်က  သွက်လက်စွာ တိုင်းပြီ
၀င်ဖြတ်ပေးလိုက်သည်။

၀ယ်သူ ပြန်သွားတော့မှ ခင်ခင်က ၀န်ထမ်းကောင်လေး‌ တွေကို ချိုသာစွာ သင်္ချာသင်ပေးသည်။

၁၂ လက်မ =၁ပေ ၊ ၃ ပေ = ၁ ကိုက် လို့ ကြားဖူးတယ်မို့လား 

မင်းတို့ ငယ်ငယ်က သုံးတဲ့ ကော်ပေတံဆို ၁၂ လက်မ တစ်ပေက အများဆုံးပဲ။

အဲ့ဒီတစ်ပေရဲ့ သုံးဆ ကို စိတ်မှန်းမှန်းကြည့်။
ဘယ်လောက်ဖြစ်မယ်ထင်လဲ။

ပိုက်ကိုပါ လက်ထဲ ကိုင်ခိုင်းပြီ လက်တွေ့ပြသည်။

‌၀န်ထမ်း ကောင်လေး တစ်ယောက်က စိတ်မှန်းမှန်းတွက်ပြီသည်နှင့် သွက်လက်စွာ ပိုက်ကို ကိုင်ပြသည်။

ကိုင်ပြသည့် ကောင်လေးကို ခင်ခင်ကကြည့်ပြီ

"နောက်နေ့ ပိုက် ကို ပေဖြတ် လိုချင်တဲ့သူရှိရင် မင်းထ ရောင်းပေး သိလား ။

ပြီရင် မင်းဦးမျိုးကို မင်းလစာ ထုတ်တဲ့နေ့ကျရင် မုန့်ဖိုး ပို ထည့်ပေးဖို့ အန်တီ ပြောပေးမယ် .."

၀န်ထမ်း ကောင်လေး မျက်နှာ ၀င်းထိန်သွားသည်။

သူ့မျက်နှာ ပေါ်မှာ မုန့်ဖိုး ပိုရသည်ဆိုသော အသိထက် သူများထက်ပိုပြီ ဂဏန်းသင်္ချာနားလည်သည်ဟူသော အသိက ပိုပြီ ဂုဏ်ယူစေဟန်ရှိသည်။

ဒါကို ခင်ခင် သဘောပေါက်ပါသည်။

ဆိုင်၀န်ထမ်းများတွင် ၀န်ထမ်း (၂)မျိုးရှိသည်ကို ခင်ခင် မြင်နေရသည်။

နံပါတ် (၁) လစာ ပေါ်ကိုသာ အာရုံစိုက်ပြီ အလုပ်ပေါ်ကို အာရုံမရှိသောသူ

နံပါတ် (၂) လစာရော အလုပ်ပေါ်ရော အာရုံရှိသောသူ

အခြေအနေအရ နံပါတ် တစ် ၀န်ထမ်းမျိုးကို ခန့်ထားရပင်မယ့်  အချိန်အခါ အခွင့်သင့်ရင်
နံပါတ် နှစ် ၀န်ထမ်းမျိုးကိုသာ ခန့်ချင်သည်။

သို့သော် နှစ်ပါတ် နှစ် ၀န်ထမ်းမျိုးက ရှားနေသည်။

မသိတာကို သင်ပေးလို့ ရပင်မယ့်  မသိချင်တာကို တော့ အတင်း ထိုးသိပ်လို့မရ။

မသိလည်း နေသာတယ် ၊ ဖြစ်တယ် ဆိုသော
ခံယူခြင်းက သူတို့ ခေါင်းထဲ ၀င်နေသည်။

ထို့ကြောင့် မသိရင် မဖြစ်တော့ဘူး ၊ မနေသာတော့ဘူးဆိုသော ခံယူချက်ကို ပြောင်းလဲ အသိ ၀င်ဖို့ လိုနေ သေးသည်။

ခင်ခင် တစ်ပတ်တိတိ ဆိုင်မှာ ထိုင်ရင် လိုအပ်သည်များကို ဖြည့်စွက်သည်။

ပြောင်းလဲသင့်သည်များကို ပြုပြင်ခိုင်းသည်။

ကိုမျိုးကတော့ ခင်ခင် တက်တက်ကြွကြွ စီမံသမျှကို သဘောကျသည်။

ဆိုင်၀န်ထမ်းတချို့ကတော့ ကိုဇွဲကိုသာ မျှော်သည်။

ကိုဇွဲက ယောင်္ကျားလေး ပီပီ စေ့စေ့စပ်စပ်
သေချာလိုက်မကြည့် လိုက်မပြောတော့ သူတို့  အနေစား ချောင်သည်။

ဖုန်းကြည့်ချိန်များသည်။

ကိုမျိုး နဲ့ ခင်ခင် လာသည့်ရက်တွင် ခင်ခင်က
အမျိုးသမီး ပီပီ လိုအပ်သည်များ တန်းစီခိုင်းလျှင်  အနေစား မချောင် ။

သူတို့ ဖုန်းကြည့်ချိန် နည်းသည်။

ဒါ့ကြောင့် ကိုဇွဲ ရောက်လာလျှင် သူတို့ အလွန်အမင်း ပျော်ပြီ ကိုမျိုး ရောက်လာလျှင် မပျော်တော့။

ခင်ခင်က အလုပ်ရှင်ပီပီ သဘောပေါက်ပါသည်။

ထို့ကြောင့် သူမယောကျာ်းက နေတစ်ဆင့်
၀န်ထမ်းတွေဆီ သတင်းထုတ်ပြန်ခိုင်းသည်။

"စီစီတီဗီ မှတ်တမ်းအရ လစာပေးမည်"

💙💙💙

တစ်ရက်တော့ ကိုမျိုး နဲ့  ကိုဇွဲ ဘာတွေ ငြင်းနေမှန်းမသိ ။

ခင်ခင်သဲ့သဲ့လေးသာ ကြားလိုက်သည်။

ဘာအကြောင်းအရာမှန်း ရေရေရာရာ မကြားလိုက်ရ။

ဘာမျှ မကြားဘဲ ခင်ခင် စိတ်ထဲ စိုးရိမ်စိတ်၀င်လာသည်။

"ငါ ဆိုင် ၀င်စီမံ နေတာကိုများ  ကိုဇွဲက
သဘောမကျတာ လား ..

ကောင်းစေချင်လို့ လုပ်ပေးတာပါပဲကွယ်
ဆရာ လုပ်ချင်လို့ မှမဟုတ်ဘဲ သူနားမလည်
ပေးနိုင်တာများလား ..

ဒီလိုသာဆို ငါ ၀င်ပြီ ဘာမှ မလုပ်ပဲ နေနိုင်ပါတယ် ။

ကိုမျိုးကလည်း ငြင်းနေသေးတယ် ။
တူရီး ချင်း စိတ်၀မ်းကွဲအောင် .."

(ကဲ ... စိတ်၀မ်းမကွဲကြပါနဲ့ ✌️

လိုအပ်ချက်များနှင့် ကျွန်တော့် အရေးအသားကို ဖတ်ပေးကြလို့ ကျေးဇူးပါ 💙

ချက်ချင်း စာမပြန်နိုင်လို့ နားလည်ပေးပါ ✌️

ဝေဖန် ၊ အကြုံ ပြု ချက်များကို ၀မ်းသာစွာ လက်ခံကြိုဆိုလျက် 💙

စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဘေးရန်ကင်းကြပါစေ 💙

>>>ဆက်ရန်

ကြိုးစားရေးသားပါအုံးမည် 💪💙

#Skykyiphyu










































































Continue Reading

You'll Also Like

287K 10K 61
"𝑵𝒐𝒕𝒉𝒊𝒏𝒈 𝑾𝒊𝒕𝒉𝒐𝒖𝒕 𝒀𝒐𝒖, 𝒎𝒚 𝒍𝒐𝒗𝒆. 𝑭𝒐𝒓 𝒚𝒐𝒖 𝒊𝒏 𝒚𝒐𝒖𝒓 𝒑𝒓𝒆𝒔𝒆𝒏𝒔𝒆, 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒇𝒊𝒏𝒅𝒔 𝒊𝒕'𝒔 𝒉𝒐𝒎𝒆 𝒂𝒏�...
494K 31K 64
"Sshhhhh....." he hushed and pinned us against the wall leaving no space between us. I held onto his biceps with my hand in reflex. He shook his head...
2.7M 172K 64
"ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြား အလွှာပါးပါးလေးကိုဖြတ်ကျော်ခါနီးမှာမှ ငါမောင့်ကိုစွန့်လွှတ်တတ်ဖို့ သင်ယူနိုင်ခဲ့တယ်၊ လူတွေက သံသရာမှာ ရေစက်ရယ်၊ဝဋ်ကြွေး...
514K 16.8K 115
Read and find out...