Old Love ( အရွယ်လွန် အချစ် )

By Sms12790

137K 5.5K 279

အသက်လေးဆယ်ကျော် ခမည်းခမက် လူပျိုကြီး နဲ့ အပျိုကြီး ရဲ့ ဖူးစာ More

Old Love -1
Old Love -2
Old Love -3
Old love-4
Old Love-5
Old Love -6
Old Love -7
Old Love -8
Old Love -9
❣️Old Love❣️
Old Love -10
Old Love-11
Old Love-12
Old Love-13
Old Love-14
Old Love-15
Old Love-16
Old Love-17
Old Love -18
Old Love-19
Old Love-20
Old Love-21
Old Love-22
Old Love -23
Old Love -24
❣️Old Love-26❣️
Old Love-27
Old Love -28
Old Love -29
Old Love -30
Old Love -End
Extra

Old Love-25

3.2K 162 13
By Sms12790

အရွယ်လွန်အချစ်💓
Old Love-25

ဟင်းအိုးနား ရောက်သွားသည်နှင့် အိုးတွင်အနည်းငယ်ကပ်နေသော ကြက်သွန်နီ နှင့် ပန်းမုန်လာအစိမ်း ရောင်တွေက အညိုရောင်သမ်းပြီအနံ့တထောင်းထောင်း ထနေသည်။

ခင်ခင်က သွက်လက်စွာ အိုးကမီးခလုတ် ရော ပလပ်ပေါက် ကြိုးကိုပါတန်းဖြုတ်သည်။

ဟင်းအိုး အဖုံးသေချာပြန်ဖွင့်ကြည့်တော့  အလုံးစုံ တူးသည့်မဟုတ်၊စား၍ရနိုင်သေးသည်။

ဒါ့ကြောင့် ခင်ခင်က သူမအနောက်မှာ ရပ်ကြည့်နေသော ကိုမျိုးကို

“ကိုမျိုး ပန်းကန် ယူခဲ့ ..”
“ဘာလုပ်မလို့လဲ ..”

“ဟင်းခပ် မလို့ပေါ့ ..”
“စားလို့ ရပါတော့မလား ..”

“ရတဲ့ဟာ ပဲ ရွေးခပ်မှာပေါ့ ..
ဒီမှာကြည့်လေ .. အပေါ်ယံ အိုးမကပ်တာလေးတွေက စားလို့ရသားပဲဟာ..

ဟင်းခပ်ပြီရင် အိုးကို ရေစိမ်ထားမှ မဟုတ်ရင်  အိုးတိုက်ရ ခက်နေမှာ ..”

အိုးတူးဟင်းကို ကျွမ်းကျင်စွာ  ကိုင်တွယ်နေသော သူ့ဇနီးကို ကြည့်ပြီကိုမျိုးက မေးလိုက်သည်။

“ခင်ခင် ခဏခဏ ဟင်းအိုးတူး ဖူးတယ် ထင်တယ်နော်..

အတူးထဲက နေ စားလို့ ရအောင် ကြံတတ်တယ် .. ဟဲဟဲ ..”

သူ့စကားကြားသည်နှင့် ခင်ခင်က သူ့လက်မောင်းကို လှမ်းရိုက်ပြီ

“ကိုမျိုးနော် .. ချီကျူးတာလား ကဲ့ရဲ့တာလား ..”

“ဟာ ချီကျူးတာပေါ့ မိန်းမရဲ့ ..ကိုယ့်မိန်းမကို ကဲ့ရဲ့ပါ့မလား ..”

သူပြောတော့ ခင်ခင်က မျက်စောင်းလှလှလေးထိုးလိုက်သည်။

သူကလည်း သူမ မျက်စောင်းလှလှကလေးကို ကျေနပ်စွာ ခံယူသည်။

သည်လိုနှင့် နှစ်ကိုယ်တူ ယှဉ် နွှဲပျော် လာကြသည်မှာ ရာသီတွေပါ ကူးပြောင်းလာသည်။

ဒီနေ့ဆို ကိုကြည်နှင့် သဲသဲ တို့၏ သမီး တိမ်လွှာကြည်ပြာ လေး ရက်(၁၀၀)ပြည့်မွေးနေ့ကို ပင်ရောက်လာသည်။

နှစ်ဖက် ဘိုးဘိုး ဘွားဘွားတို့နှင့်ဆွေမျိုးတွေ၏  အချစ်မေတ္တာတွေရထားသော ကြည်ပြာကလေးသည် မျက်လုံးဝိုင်းဝိုင်း မျက်တောင်ကလေးတွေက ရှည်ပြီ ကော့နေသည်။

ဆံပင်အရောင်ကလေးကနက်မှောင်ပြီ အသားရေလေးက ကြည်လင်နေသည်မို့ အတော်ကလေး လှသည်။

ပါးဖောင်းဖောင်းလေးတွေ နူတ်ခမ်း ရဲရဲကလေးတွေ နှင့် လူကြီးတွေ ချော့လိုက်တိုင်း ရယ်ပြတတ်သည့် ကြည်ပြာကလေးသည် အလွန်ချစ်စရာကောင်းသည်။

ကလေးပေါက်စကလေးမို့ လူတိုင်းချီချင် ပွေ့ချင်ကြ၏။

တိမ်လွှာကြည်ပြာကလေး က လူတိုင်းက ချီတာ ပွေ့တာကိုမကြိုက်။

သူမ အမေ အဖေနှင့် ကိုမျိုး အပေါ်သာ လိုက်သည်။
ခင်ခင် လက်ပေါ်မှာ တောင် မလိုက် ။

ဒါ့ကြောင့်ခင်ခင်က  မတွေ့တာကြာသည့်သူမ တူလေး ကိုသာ အားရပါးရ ပွေ့ဖက်ပြီ ခဏခဏ မွှေးသည်။

မွှေးရင် ကောင်းကောင်းက သူ့ကျောင်းက အကြောင်းတွေ ပြောပြတော့

ခင်ခင်က ဟုတ်လား အင်း အင်းဆိုပြီ ကောင်းကောင်းပြောသမျှကို လူကြီးတစ်ယောက်လို အသိမှတ်ပြု  နားထောင်ပေးနေသည်။

ကိုမျိုးကတော့ တူမဆိုလည်းဟုတ် မြေးမလေး ဆိုလည်းဟုတ် ပေါက်စနမလေးက လေတွေပေါ ရယ်ပြနေသည်ကို ကျေနပ်စွာ
ချော့မြူနေသည်။

ထိုမြင်ကွင်းကို မြင်ရသူ ဆွေမျိုး တွေက

“လူပျိုကြီး နဲ့ အပျိုကြီးကလေးချစ်တတ်ကြသားပဲ ၊ကလေးမယူ ဘူးလား .. ကလေးမရတာလား”

ကြားအောင် တစ်မျိုး မကြားအောင် တစ်မျိုး မေးနေကြသည်။

ဒေါ်ကြည်စိန်နှင့် မဝါက အလိုက်တသိ မေးနေသူများကို စကားလမ်းကြောင်း ၀င်၀င်လွှဲသည်။

သည်လို အမေးခံရတိုင်း သူ့မိန်းမ မျက်နှာညိုးသွားသည်ကို ကိုမျိုး
သတိပြုမိပါသည်။

ဤသို့ဖြင့်  တိမ်လွှာကြည်ပြာ ကလေး၏ ရက် တစ်ရာပြည့် မွေးနေ့ ပွဲ တောင် နှစ်ဖက်မိသားစုတွေကြား ပျော်ပျော်ပါးပါး ကျင်းပပြီးစီးသွားသည်။

ခင်ခင် နှင့်ကိုမျိုး ဆီမှာတော့ မျှော်လင့်နေသော ကလေး လေးရောက်မလာသေး။

သက်ဆိုင်သူ သူတို့ နှစ်ယောက် နာမည်ကြီး OG များထံ လှည့်လည် ပြီ ကျန်းမာရေး ဟောပြောချက် ညွန်ကြားချက်များကို ခံယူသည်။

စစ်ဆေးသည်။

သုတ်ပိုး နှင့် ဆိုင်သော ပြဿနာ လည်းမရှိ။
မျိုးဥ နှင့် ဆိုင်သော သားအိမ် နှင့်ဆိုင်သော ပြဿနာသည်လည်း ရှာမတွေ့။

ဒါ့ကြောင့် ကလေး ရရှိဖို့ မျှော်လင့်ချက်ကတော့ မမဲ့ ။

ဆရာ၀န်ညွန်းကြားသလို အကောင်းဆုံး ရက်များကို သူတို့ရွေးချယ်ပြီ
နေသည်။

အရက်ရှောင် ၊ ဆေးလိပ်ရှောင် ၊ အချိန်မှန်အိပ် ၊ ကျန်းမာရေး နှင့်ညီညွတ်သော အစားစာများကို များများစားပါဆို၍ မိခင်လောင်းဖြစ်ချင်သည့် ခင်ခင်သာမက ဖခင်လောင်း ဖြစ်ချင်သောကိုမျိုးပါလိုက်နာသည်။

သို့သော် အခုထိ မထူးခြားသေး..

တစ်ခါတစ်လေ ခင်ခင် စိတ်ဓာတ်ကျချင်သည်။

စိတ်ဓာတ်ကျသည်က ဘာရယ်မဟုတ် သူမ ခေါင်းထဲတိုးဝင်လာသော
အသိတွေ အမြင်တွေကြောင့် ဖြစ်သည်။

သူမအသက်က တဖြည်းဖြည်းကြီးလာသည်။ အသက်ကြီးလာရင် ကိုယ်၀န်ဆောင်ဖို့က ထင်သလောက် မလွယ်ကူတော့တာ လူတိုင်းသိကြသည်။

ခင်ခင် လည်းသိသည် ။ သိနေသည့် ခင်ခင် အတွက် သူမ တစ်ရက် တစ်လ တစ်နှစ် အသက်ကြီးလာမူ့အပေါ် အလိုမကျ ဖြစ်လာသည်။

ဗုဒ္ဓ တရားများ နှင့် ဖြေသာနိုင်အောင်ကြိုးစားသည်။

မတည်မြဲ ခြင်းသဘော ၊ ဖြစ်ချင် တာတွေလည်း မဖြစ်ရတာမဖြစ်ချင်တာတွေလည်း  ဖြစ်ရမှာ အဲ့တာ ဘ၀သံသရာပါလို့  တွေးရင်ဖြေဖျောက်ဖို့ ကြိုးစားသည်။

ကြိုးစားရင် ပတ်၀န်းကျင်ရဲ့ ကလေးမရနိုင်တော့ဘူးထင်ပါရဲ့ ၊

ကိုမျိုးက မထင်ရဘူး ကလေးချစ်တတ်တယ်နော် ဆိုသော ဆိုသော စကားများ
နားထဲ ၀င်လာရင် ခင်ခင် နှလုံးခုန်တွေမြန်လာသည်။

ဒါ့အပြင် သူမအမေက ဆီးချို ရောဂါ ရှိနေသည်မို့ သူမမှာလည်း အချိန်မရွေး ဆီးချို ရောဂါ ဖြစ်လာနိုင်သည်ဟူသော အသိကလည်း ၀င်နေသည်။

ဆီးချိုရောဂါ သူမမှာ ရှိနေလျှင် သေချာပေါက် ကိုယ်၀န်ဆောင်ဖို့ သင့်တော့မည်မဟုတ်။

သူမ ကလေးကိုလည်း ရောဂါလက်ဆင့်ကမ်း မပေးချင်။

သူမကိုယ်တိုင်ရော ရောဂါဖြစ်လာလျှက် ခံနိုင်ရည် ရှိပါ့မလား စသော သူမ၏ ကျန်းမာရေး ဗဟုသုတ နည်းနည်းလေးကို အခြေခံ ခင်ခင် တွေးကြောက်နေသည်။

အဲ့သလို ခေါင်းထဲမှာ အတွေးပေါင်းစုံ ၀င်လာလျှင် ညဘက် ခင်ခင်အိပ်မပျော်တော့ ။

ကလေး ချစ်တဲ့ ကိုမျိုး မျက်နှာ မြင်မိတိုင်း လည်းခင်ခင် ၀မ်းနည်းရသည်။

အခုလည်း မွေးနေ့ကပြန်လာပြီ နှစ်ညမြောက်ရှိပြီ ခင်ခင် အိပ်မပျော်။

အိပ်မပျော် ပင်မယ့် သူမကို ဖက်ထားသည့် ကိုမျိုး နိုးသွားမှာကိုလည်း စိုးရိမ်သည်မို့ တိတ်တိတ်ကလေး အတွေးလွန်နေသည်။

မျက်လုံးများကို မှိတ်ချလိုက်ပြီ အတွေးလွန်နေသည်ကို ဖျောက် အိပ်ပျော်အောင် ကြိုးစားအိပ်ကြည့်သည်။

ဆောင်းတွင်းကာလ ညတာ ရှည်သည်မို့ အိပ်မပျော်ညကလည်း ရှည်လျားနေသည်။

ရှည်လျားနေသော ညမှာ ခင်ခင် မျက်လုံးများကိုမှိတ် အိပ်ကြည့်သည်။

“အိပ်ရင် အိမ်မက်ထဲမှာ ကလေး လေး တွေငိုနေတယ်။မေမေလို့လည်း ခေါ်နေတယ်။ ဗိုက်ဆာနေတာ ထင်တယ်။

ခင်ခင်ကြားတယ်။ သွားခေါ်လို့လည်းမရဘူး ။

ကလေးလေးတွေက မျက်လုံး မှိတ်လျက် အာခေါင်ကိုခြစ် အတင်းငိုနေတာ။

ကိုမျိုးကလည်း ကလေးလေးတွေဆီသွားနေပြီ ..

ခင်ခင် တစ်ယောက်တည်း ငိုရင်  ဝုန်းခနဲ့ အသံနက်ကြီးတစ်ခု ကြားလိုက်သည်နှင့်

“အမယ်လေး ...”
ဟုအော်ရင် ခင်ခင် လန့်နိုးလာသည်။

ခင်ခင် အသံကြောင့်  ကိုမျိုးပါ နိုးလာသည်။
နိုးနိုးချင်း ချွေးတွေ ရွဲနေသော ခင်ခင် ကျောပြင်လေးကိုသူစမ်းမိသည်။

သူမျက်လုံးတွေကို  ပွတ်သပ်ပြီ အိပ်ရာဘေးက မီးအိမ်ခလုတ်ကို နှိပ်သည်။

သူ ခလုတ်နှိပ် အလင်းရောင် ဖျော့ဖျော့ ရောက်လာသည်နှင့် ခင်ခင် တစ်ယောက် တအိအိ ငိုနေသည်။

ငိုနေသော သူမ ကိုယ်ကလေးကို စိုးရိမ်တကြီး သူသိမ်းဖက်လိုက်သည်။

သိမ်းကျူံးဖက်ထားရင် ငိုနေသော သူမကျောပြင်ကို ပွတ်သပ်ပေးသည်။

ပွတ်သပ်ပေးရင် သူ့မိန်းမကို သူချော့မြူသည်။

ချော့မြူရင် ခင်ခင်က သူလက်မောင်းတွေကြားကနေ ရုန်းပြီ

"ကိုမျိုး ကျွန်မ .. ကျွန်မလေ  အိမ်မက်မက်တယ်.. အိမ်မက်ထဲ မှာလေ .."

ဆိုသော သူမစကားကို သူက အဆုံးသတ်မခံဘဲ
"ဆောင်းတွင်းအိမ်မက် ကယောက်ကယက် တွေပါ ခင်ခင်ရယ်.. မငိုရဘူး ..တိတ် ..

ခင်ခင် ရေသောက် နော် .."

ပြောရင် သူ့အိပ်ရာဘေးက မီးအိမ်ထားသည့်စားပွဲ‌လေးပေါ်က ရေဘူးကို သူ လှမ်းယူပြီ
ခင်ခင် ကို ရေတိုက်သည်။

ရေတိုက်ပြီ အိပ်ရာပေါ် ပြန်လှဲတော့ သူ့ကိုယ်ကို တစ်ဖက်စောင်းလှဲလိုက်သည်။

ပြီနောက် ခေါင်းအုံးပေါ်မှာ ပြန်လှဲအိပ်နေသော သူမဆံနွယ် စလေးတွေကို ပွတ်သပ်ပေးပြီ ခင်ခင်ကို  နှစ်သိမ့်ပေးသည်။

နဖူးလေးကို အနမ်းပေးပြီ ချော့သိပ်သည်။
"အိမ်မက် ဆိုးတွေပါ ခင်ခင်ရယ်.."

သူချော့သိပ်နေသည့်အချိန်တစ်ခဏ ခင်ခင်ငြိမ်သက်နေပြီ တစ်အောင့်အကြာမှာ

"ကိုမျိုး .."
"ဗျ.."

"ကျွန်မမှာ  အခွင့်‌ရှိရင်‌ လေကိုမျိုးကို ကျွန်မ ထက် ကိုမျိုး ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်တဲ့လူမျိုးကိုသာ ရွေးချယ်ဖို့ တိုက်တွန်းချင်တော့တာပဲ..”

၀မ်းနည်းသံကြီးနှင့်သူမစကား သူကြားရသည်နှင့်တစ်ပြိုင်နက် သူဟားခနဲ ဖြစ်သွား

ရပြီသူမလက်မောင်းနှစ်ဖက်ကို ပိုပြီ ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်..

သူ့မျက်၀န်းတွေကို သေချာစိုက်ကြည့်ဖို့ သူမ မေးဖျားလေးကို ဆွဲယူသည်..

ထို့နောက် သူက သူမမျက်၀န်း နက်နက်ကလေးတွေထဲ သေချာစိုက်ကြည့်ပြီ

“ကိုယ့် ဆန္ဒတွေကို ခင်ခင် လောက် ဘယ်သူမှ မဖြည့်ဆည်းပေးနိုင်ဘူး..

ခင်ခင်က ကိုယ့်ဆန္ဒပဲ..

ခင်ခင် ကိုယ့်ကို ဘာအကြောင်းပြချက် နဲ့မှ ထားသွားဖို့ လမ်းခွဲဖို့ မစဉ်းစားပါနဲ့ ..

ကိုယ့်အမြင်ထဲ မှာရော အသိထဲမှာရော ခင်ခင်က ကိုယ့်ရဲ့ ပြီးပြည့်စုံလွန်းတဲ့ ဇနီးပဲ .."

“အဲ့ဒါ ကိုမျိုးမှားနေတာ .. ကျွန်မက မပြည့်စုံဘူး .. ကျွန်မက ကလေး မမွေးနိုင်တဲ့ မိန်းမ .. မိန်းမ ဘ၀ကိုရပြီ  မိခင်ဘ၀ကို မခံစားနိုင်တဲ့မိန်းမ”

ပြောရင်ပင် ခင်ခင်က ခံစားချက်များ လိူက်တက်ပြီ ရိူက်ကြီးတငင်ထပ်ငိုသည်..

ငိုနေသော သူမကိုယ်ကလေးကို သူ့ဘက် ဆွဲပြီ

"ခင်ခင် တိတ်စမ်းကွာ..

ခင်ခင် ဘာအဓိပ္ပာယ်တွေ နဲ့ ပြောနေသလဲ ကိုယ်သဘောပေါက်တယ်နော်..

ခင်ခင် အခုလို ငို‌ နေတာ မြင်ရရင် ကိုယ်ဘယ်လောက်ရင်နာရသလဲ.. ခင်ခင်သိလား။

ကိုယ်နဲ့ ခင်ခင်ကြားက သံယောဇဉ်ကို ခင်ခင် ဘယ်လိုတွေ တွေးနေသလဲဟင် ၊

ကိုယ့်မျက်လုံးတွေကိုကြည့် ကိုယ့်ကို မော့ကြည့်စမ်းပါ .."

ပြောရင် သူက စိတ်လိုက်မာန်ပါ သူမမေးဖျားကို အတင်းဆွဲယူပြီ သူမမျက်၀န်းတွေကိုကြည့်စေသည်။

"ကိုယ့်မျက်၀န်းတွေထဲ သေချာကြည့်စမ်း ၊
ကိုယ် ခင်ခင်ကို ချစ်တာ အတုယောင်တွေပါသလား

ရလို မူ့တွေပါတဲ့ မျှော်လင့်ချက်တွေပါသလားဟင်

သေချာကြည့် ... သေချာကြည့်ပါ

ခင်ခင် နဲ့ ကိုယ်ကြားက သံယောဇဉ်ကို နှောင်ကြိုး တွေနဲ့ ချည်မှ မြဲမယ် တွေး‌  နေ
တာလား ခင်ခင် ..

ကိုယ့် ကို ချည်မှ မြဲမယ့်အကောင်လို့ ခင်ခင်သံသယ ရှိရင် နှောင်ကြိုး တွေ မလိုပါဘူး ခင်ခင် ..

ခင်ခင် ဆိုတဲ့ မိန်းမ ရဲ့ယုံကြည်မူ့ နဲ့ အချစ်တွေနဲ့ သာချည် ပေးစမ်းပါ..

ကိုယ် တစ်ကယ်ပြောနေတာပါကွာ .."

သူ၀မ်းနည်းသံ ဖြင့် လက်သီးဆုပ် အိပ်ရာပေါ်လှဲရက်ကနေ ထထိုင်သည်။

ထိုင်ရင် သူမကိုပါ ဆွဲထူပြီ 

"ခင်ခင် အခုတိတ်စမ်း ..
မျက်ရည် မကျနဲ့ အခုတိတ် ..

ခင်ခင် မဟုတ်တာတွေ တွေး ပြီ အိပ်မပျော် ဖြစ်နေတာ ကိုယ်မသိဘူးထင်နေလားဟင်။

တစ်အိပ်ရာတည်း အိပ်နေတဲ့ မင်း ယောင်္ကျားငါမအ ဘူး..

မင်း အကြောင်းမဲ့ စိုးရိမ် လွန်း နေတယ်။

ပူစရာ မရှိတာတွေ ကြံဖန် ပူပြီ  အခုဆို မဟုတ်တဲ့ အတွေးတွေပါ ထုတ်ပြောလာပြီ ..

မင်းကွာ .. "

"ဟုတ်တယ် .. ကျွန်မက  စိုးရိမ်လွန်းနေတယ်။

တဖြည်းဖြည်း အသက်ရွယ် ရလာတာချင်းအတူတူ ကိုမျိုးက ယောင်္ကျားလေး

မိန်းမ နဲ့အတူတူ အိပ်ပေးရုံ နဲ့ ခင်ပွန်း တာ၀န်ကျေနိုင်တယ်လို့ပြောလို့ရတယ်။

ကျွန်မ က မိန်းကလေး ကျွန်မမှာ ကျွန်မသားအိမ်ထဲ ကလေး လေးရောက်လာဖို့၊

ရောက်လာပြီရင် တည်မြဲဖို့ ၊ တည်မြဲပြီရင်မွေးနိုင်ဖို့  ကြီးလာတဲ့ ကျွန်မအသက် ကို တွေးတွေးပူနေရတယ် ။

ဒီကြားထဲ ကလေးချစ်တဲ့ ကိုမျိုး မျက်နှာမြင်ရတိုင်း ဘယ်ရောက်နေမှန်းမသိသေးတဲ့ ကျွန်မကလေးကို ကျွန်မ ဘယ်မှာ သွားရှာရမှန်းမသိ ဖြစ်နေတယ်။

အဲ့တာ ကျွန်မ မှားလားဟင် .."

သူမစကား နားထောင်ရသည်နှင့် သူနှလုံးသားတွေ နာကျင်ရသည်။

သူမကိုယ်ကလေးကိုသာ အတင်းထွေပိုက်ပြီ

"ကိုယ် ကလေး တွေမချစ်တော့ဘူး ၊ ကလေးကိုခင်ခင် ထက် ပိုမချစ်ဘူး ။

အဲ့တာ ကိုတော့ ကိုယ်ကျိန်ပြောရဲတယ် ။
ခင်ခင်လောက် ကိုယ်ဘယ်သူကိုမှ မချစ်ဘူး။

ကိုယ်ကလေး တွေ နဲ့ တစ်ခဏပဲ နေချင်တယ်။
ခင်ခင် နဲ့ကတော့ တစ်သက်လုံးနေချင်တာ.."

အစီစဉ် မကျသော စကားလုံးများကို သူရေရွတ်ပြီ သူမကို ချော့သည်။

ကလေးမရ သေးတဲ့ မိန်းမ တစ်ယောက်၏ ဝေဒနာ မည်မျှ ပြင်းထန်နေသလဲ သူအလုံးစုံ
ခံစားမိပြီ။

သူ့မိန်းမကို သူ ဒီအတိုင်း လွှတ်ထား ၍မရတော့ တာ သူသိသည်။

ကလေး နဲ့ ပက်သက်ပြီ ကိုယ်တို့ နောက်ထပ် ဘာမှ ထပ်မပြောတော့ဘူး  ထပ်မတွေးတော့ဘူးလို့  သူမဆီကနေ ကတိတောင်းခံထားသည်။

(ကဲ .. နေ့တိုင်းဖတ်ချင်တယ်ဆိုလို့ ရေးပြီးသလောက်လေး တင်ပေးလိုက်တာပါ ..💙

မငိုကြပါနဲ့ ၊ မအော်ကြပါနဲ့၊ မလောင်ကြပါနဲ့ နော် ..✌️

စိတ်ညစ်လည်းမခံကြပါနဲ့  နောက်ဆုံးမှာ ရီဒါတို့ မြင်ချင်တဲ့ ကလေး လေး မြင်ရအောင် ဆွဲရေးပေးမှာပါ ✌️

လိုအပ်ချက်များနှင့် ကျွန်တော့် အရေးအသားကို ဖတ်ပေးကြလို့ ကျေးဇူးပါ 💙

ချက်ချင်း စာမပြန်နိုင်လို့ နားလည်ပေးပါ ✌️

ဝေဖန် ၊ အကြုံ ပြု ချက်များကို ၀မ်းသာစွာ လက်ခံကြိုဆိုလျက် 💙

စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဘေးရန်ကင်းကြပါစေ 💙

>>>ဆက်ရန်

ကြိုးစားရေးသားပါအုံးမည် 💪💙

#Skykyiphyu


















































Continue Reading

You'll Also Like

412K 46.5K 28
"𝒚𝒐𝒖 𝒄𝒐𝒖𝒍𝒅 𝒃𝒓𝒆𝒂𝒌 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒊𝒏 𝒕𝒘𝒐 𝒃𝒖𝒕 𝒘𝒉𝒆𝒏 𝒊𝒕 𝒉𝒆𝒂𝒍𝒔, 𝒊𝒕 𝒃𝒆𝒂𝒕𝒔 𝒇𝒐𝒓 𝒚𝒐𝒖" ...
252K 28.7K 73
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
824K 25.4K 66
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...