BUNCH {စည်း}Complete ✔️

By Poelaywarthway

27.1K 2.6K 150

"ခင်ဗျားတစ်ယောက်တည်း တစ်ဖက်သတ်ကြီးခြားထားတဲ့စည်းကို ကျုပ်ကဂရုစိုက်မယ် ထင်လို့လား" JEON JUNG KOOK💜 "အဓိပ္ပါယ်... More

🌿_ 1
🌿_2
🌿_3
🌿_4
🌿_5
🌿_6
🌿_7
🌿_8
🌿_9
🌿_10
🌿_11
🌿_12
🌿_13
🌿_14
🌿_16
🌿_17
🌿_18
🌿_19
🌿_20
🌿_21
Ending

🌿_15

1K 119 10
By Poelaywarthway

ဆော့ဂျင် ဟိုနေ့ကအကြောင်းတွေ သူပြန်မတွေးပေမယ့် ခေါင်းထဲကို အစီအရီပေါ်ပေါ်လာနေသည်။

ဂျွန်ဂျောင်ကုက သူ့ကိုပေါ်တင်စိန်ခေါ်သွားခဲ့တာ သူကြောက်နေတာမျိုးတော့ မဟုတ်ပေမယ့် ဂျွန်ဂျောင်ကုက ဘာကိုမှ ဂရုမစိုက်ဘဲတဇွတ်ထိုးလုပ်တတ်တာ အဲ့နေ့က သူ့ကုမ္ပဏီ သူ့ရုံးခန်းထိလာစော်ကားသွားခဲ့တာမဟုတ်လား။သူဒီအကြောင်းတွေပြန်တွေးမိသွားတော့ ဒေါသလည်းထွက် ရှက်လည်းရှက်မိသည်။

အမှန်ဆို သူလည်းယောကျာ်းတစ်ယောက်ပဲလေ ဒီလိုတခြားယောကျာ်းတစ်ယောက်က အနိုင်ကျင့်တာကို ခံလိုက်ရတာကြီးကတော့ ..........
သူကသူ့လိုမျိုး လူရမ်းကားတစ်ယောက်မဟုတ်လို့ ခံလိုက်ရတယ်ဆိုပေမယ့် သူ့သိက္ခာနဲ့မာနတော့ထိခိုက်သွားတာအမှန်ပင်။

သူအောက်ထပ်ဆင်းလာပြီး dining roomထဲဝင်လာတော့ "မီမီ"ကမနက်စာပြင်ပေးနေပြီး သူ့ကိုပြုံးပြကာ နှုတ်ဆက်လာသည်။

"morning ကိုကြီး"

"ကိုကြီး အကြိုက်တွေချည်း "မီမီ"ပြင်ပေးထားတာ ညစာရော ဘာစားချင်လည်း "မီမီ"ချက်ပေးမယ်လေ"

"နေပါစေ ကိုကြီးက ဘာနေနေစားပါတယ် အစားမရွေးပါဘူး အပင်ပန်းခံမနေနဲ့ ဟုတ်ပြီလား"

"ဟယ် တော်ပြီလား ကိုကြီးက...."

"ဒီလောက်ဆို ဗိုက်ထဲတော်တော်ဝင်သွားပြီလေ......
ရုံးက နောက်ကျလို့မဖြစ်လို့ ....."

"သွားပြီ သွားပြီ "မီမီ"

ဆော့ဂျင် ကော်ဖီခွက်ကို အကုန်မော့ချလိုက်ပြီး ကားဆီထွက်လာခဲ့တော့သည်။ သူ"မီမီ"ကိုမျက်နှာချင်း သိပ်မဆိုင်ရဲဘဲ မလုံမလဲဖြစ်နေသည်။ သူအပြစ်လုပ်ထားတာမဟုတ်ပေမယ့် "ဂျွန်ဂျောင်ကု"က "မီမီ"သဘောကျနေတဲ့သူဆိုတဲ့အသိနဲ့တင် သူ"မီမီ"ကို မျက်နှာပူနေမိသည်။

သူ့ကားလေး ကုမ္ပဏီသို့ မောင်းထွက်လာသည်။ဒီနေ့က တနင်္လာနေ့ဆိုတော့ သူရုံးပြန်တက်ရတော့မည် သူတို့ဖြစ်ခဲ့တာ သောကြာနေ့ကဆိုတော့ ကြားထဲအိမ်မှာ နှစ်ရက်နားလိုက်ရလို့တော်သေးသည်ပြောရမည် မဟုတ်ရင်သူ့မှာရှက်လွန်းလို့။သူတို့ဖြစ်ခဲ့တာ သူ့ရုံးခန်းထဲမှာ ဘယ်သူမှမမြင်ဘူးဆိုပေမယ့် "ဂျွန်ဂျောင်ကု"က အမဲဖြတ်နေတဲ့အတိုင်းပဲ ရိုင်းစိုင်းနေတာခဲ့မဟုတ်လား.........

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆော့ဂျင် ကုမ္ပဏီကိုရောက်တော့ သူ့ရုံးခန်းဆီတက်လာလိုက်သည်။ သူ့အခန်းရှေ့မှာ အတွင်းရေးမှူးဂင်က မျက်စိပျက်မျက်နှာပျက်ဖြင့် ဂနာမငြိမ်ဖြစ်နေသည် သူ့ကိုလည်းမြင်ရော မျက်နှာလေးပိုငယ်သွားကာ သူ့ဆီပြေးလာတော့သည်။

"အတွင်းရေးမှူးဂင် ဘာဖြစ်လို့လဲ?"

"C..CEO ...
ဟို...ဟိုတစ်နေ့ကလူ CEO ရုံးခန်းထဲရောက်နေပါတယ်"

"ဘာ!!!"

"ဟုတ် ဟုတ်ပါတယ် CEO ကျွန်မလည်းပြောပါသေးတယ် CEOမရှိဘဲ ခွင့်ပြုချက်မရဘဲ CEO အခန်းထဲဝင်လို့မရဘူးပြောတော့ သူ သူကပြန်ပြောပါတယ်...."

"ဘာပြန်ပြောတာလဲ"

"ဟို ကျွန်မကို အလုပ်ပြုတ်ချင်နေလို့လားတဲ့ သူနဲ့ CEOရဲ့ပတ်သက်မှုကို မသိလို့ တားနေရဲတာလားတဲ့....အဲဒါကြောင့်... အဲဒါကြောင့်......"

"အတွင်းရေးမှူးဂင်!"

"ရှင်"

"အတွင်းရေးမှူးဂင်က ကျွန်တော့်ရဲ့အတွင်းရေးမှူးနော်..."

"ဟုတ် ဟုတ်ပါတယ်ရှင်"

"တကယ်ဆို အတွင်းရေးမှူးဂင်က ကျွန်တော့ကိုPhအရင်လှမ်းဆက်မေးရမှာ မဟုတ်ဘူးလား အဲဒီလူက အဲ့လိုလျှောက်ပြောလိုက်တာနဲ့ ခွင့်ပြုလိုက်ရောလား ဟမ်...."

"........"

"ကျွန်တော့ကို လုပ်ကြံဖို့လာတာဆိုရင်ရော ဘယ်လိုလုပ်မလဲ အတွင်းရေးမှူးဂင်ကပါ ကြံရာပါလား...."

"ရှင်.....မ မဟုတ်ပါဘူး CEO ကျွန်မသူ့ကိုတကယ်မသိပါဘူးရှင်"

"မသိဘဲ ခွင့်ပြုလိုက်ရသလား ?နောက်တခါဆို အတွင်းရေးမှူးဂင်........."

"နောက် နောက်တခါမဖြစ်စေရပါဘူးရှင်"

ဆော့ဂျင် အတွင်းရေးမှူးဂင်ကို ဆူခဲ့ပြီး သူ့အခန်းထဲ ပိုင်စိုးပိုင်နင်း ရောက်နေတဲ့လူကို မောင်းထုတ်ဖို့အတွက် အခန်းထဲဝင်လာခဲ့လိုက်သည်။

အခန်းထဲဝင်ဝင်ချင်း "ဂျွန်ဂျောင်ကု"က ဆိုဖာခုံမှာ ခြေချိတ်ပြီးထိုင်နေလေသည် သူ့ကိုမြင်တော့........

"နောက်ကျတယ်နော် CEOကြီး"

"မင်းငါ့အခန်းထဲ ဘာဝင်လုပ်နေတာလဲ ထွက်သွားစမ်း! အခုချက်ချင်း...."

"ဟော...စောစောစီးစီးဒေါသမထွက်ရဘူးလေ တစ်နေကုန် စိတ်မကြည်ဖြစ်တတ်တယ် သိရဲ့လား.."

"မင်းကို မြင်လိုက်ကတည်းက "အ"မင်္ဂလာဖြစ်နေပြီးသား"

"ကိုယ့် အိမ်ဦးနတ် ဖြစ်လာမယ့်သူကို အဲ့လိုကြီးပြောရလားကွာ .....ကိုယ်ရင်ထဲထိသွားပြီ😞"

"သေလေ"

"ကဲပါ ဘာစားလာလဲ ကိုယ်ဘာမှမစားရသေးဘူးနော် ဒီမှာထိုင်စောင့်နေရတာ ကြာလှပြီ တစ်ခုခုစားရအောင်"

"ဂျွန်ဂျောင်ကု! မင်းမျက်နှာ လာပြောင်နေတာလား?
မင်းကို ဘယ်သူက လာထိုင်စောင့်ခိုင်းနေလို့လဲ မင်းနဲ့ငါကရော ဘာဆိုင်လို့ အခုလိုတွေလာပြောနေတာလဲ..."

"မဆိုင်ဘူးလား မဆိုင်ဘူးပေါ့လေ"

ဂျောင်ကုက ပြောရင်းဖြင့် ဆော့ဂျင်အနားလျှောက်လာသည် မျက်နှာကလည်းပြည်တည်တည်နဲ့

"မင်း.. မင်း မယုတ်မာနဲ့နော် ငါ ငါဆွဲထိုးမှာ..."

"ဟား ဟား ဟား"

"ကျုပ်ကဘာလုပ်နေလို့လဲ ခင်ဗျားကို...."

သူပြောကာမှ ဆော့ဂျင်ပိုရှက်သွားသည်
ဟုတ်တယ်လေ ဒီကောင်ကယုံရတာမှမဟုတ်တာ အရင်တခေါက်ကလည်း အဲ့လိုပြောပြီး သူ့ကိုရုတ်တရက် ထနမ်းတာမဟုတ်ဘူးလား........

ဂျောင်ကုလက်က ဆော့ဂျင်မျက်နှာနားလေးရောက်လာတော့ ဆော့ဂျင် ဂျောင်ကုလက်ကိုပုတ်ထုတ်ပြစ်လိုက်သည်။ဂျောင်ကုလက်က ထပ်မံပြီး မျက်နှာပေါ်ရောက်လာတော့.....

"ဖယ်စမ်း ဘာလုပ်တာလဲ မင်း!"

"ငြိမ်ငြိမ်နေ..."

ဂျောင်ကု ဆော့ဂျင်နဖူးအစပ်မှာသီးနေတဲ့ ချွေးစလေးတွေကို တယုတယဖြင့်ညင်ညင်သာသာသုတ်ပေးနေလေသည်......

"အဲ့လောက်တောင် လန့်နေတာလား.......
အခုမဟုတ်လည်း နောက်လည်း မကြာမကြာအနမ်းခံရတော့မယ့်ဟာကို  အဟင်း...."

"မင်း!!! ဖယ်ပေးစမ်း လူယုတ်မာ..."

"ဟားဟားဟား ....."

"တကယ်ယုတ်မာပြရမလား ....ဟင်လို့...."

"ဂျွန်ဂျောင်ကု!  မင်း...မင်းနော်"

"ဟားဟား...တကယ်ချစ်စရာလေးကွာ"

ဆော့ဂျင် မျက်နှာတစ်ခုလုံးလည်း ရဲတွတ်နေသည် ပေါက်ထွက်တော့မလားပဲ
သူရှက်နေမှန်းသိတော့ ဂျွန်ဂျောင်ကုက ပြုံးစနဲ့နဲ့ စိုက်ကြည့်လာတော့ သူပိုလို့ပင်မနေမတတ်ဖြစ်လာကာ.....

"မင်း မပြန်သေးဘူးလား ?"

"မပြန်ပါဘူး အလွမ်းတောင်မပြေသေးတာ ဒီမှာတစ်နေကုန်နေမှာ..."

"ဘာ !!"

"မင်းအဲ့လောက် အားနေလား ဘာလုပ်စရာမှမရှိဘူးလား?"

ဂျောင်ကုက ပခုံးမြှင့်ပြလိုက်တော့......

"ဒါနဲ့များ ....အလုပ်လည်းမလုပ် ပေါ့ပျက်ပျက် လက်ယားလက်ယားနဲ့ ...မင်းကိုဘယ်သူကယုံကြည်ပြီးအားကိုးရဲလဲတော့မသိဘူး...."

"ကင်မ်ဆော့ဂျင် "
ဝါး...အခုခင်ဗျားက ကျုပ်ကို အားမကိုးရဲလို့ အတင်းငြင်းနေတာပေါ့လေ ...."

"ဘာ ဘာရယ်..."

"ကျုပ်ထင်နေတာက တခြားအကြောင်းလေ....."

"မ မဟုတ်....."

"ကင်ဆော့ဂျင်..ဒီမှာ ကျုပ်ကိုကြည့်  ကျုပ်ဘာအလုပ်မှမလုပ်ဘဲနဲ့တောင် ခင်ဗျားကို ဒီတစ်သက်တင်မဟုတ်ဘူး နောင်ဆယ်သက်မကထိ လိုလေသေးမရှိပြည့်ပြည့်စုံစုံ ထားပေးနိုင်တယ်ဆိုတာ သဘောပေါက်ထား ကြားလား...."

"ကိုယ့်ကိုယ်ကို အထင်ကြီးမနေစမ်းပါနဲ့  မင်းရှာထားတာ ဘာတစ်ခုမှပါမနေဘူး..."

ဂျောင်ကု ဆော့ဂျင်အနားကို လျှောက်သွားကာ ဆော့ဂျင်ကိုယ်လုံးလေးကို တင်းနေအောင်ဖက်လိုက်သည်။

"ဘာလုပ်တာလဲ မင်း!"

"ခဏလေးပါ ...ငြိမ်ငြိမ်လေးနေပေး ခဏလေးပဲ....."

"......."

"တကယ် သိလား အစကလေ ခင်ဗျားကို အနုနည်းနဲ့မရလို့ ကြမ်းမလို့လုပ်ထားပေမယ့် ခင်ဗျားမျက်နှာလေးမြင်လိုက်ရရင် ကျုပ်မှာဘယ်လိုဖြစ်ဖြစ်သွားမှန်းမသိဘူး...."

"ကျုပ်ကကျုပ်မဟုတ်တော့ သလို ပြောင်းလဲသွားခဲ့တာ ....."

ဂျောင်ကု ဆော့ဂျင် နားအနားလေးသို့တိုးကပ်ကာ ခပ်အီအီလေသံလေးဖြင့်တိုးညင်းညင်သာစွာပြောလာသည်.......

"ဂျင် ကိုယ်မင်းကို ချစ်တယ်.."

"ကိုယ့်ကို လက်ခံပေးဖို့ကြိုးစားပေးပါ့လား"

"ဂျင် ....နှလုံးသားတွေကထပ်တူမကျဘဲ ပေါင်းစပ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး
အမြဲတခြားသူတွေအတွက်ပဲ တွေးပေးနေတော့မှာလား ...."

"ဂျင့် နှလုံးသားတခါးကို အမြဲပိတ်ထားဖို့မကြိုးစားပါနဲ့ လား တစ်ခါလောက်တော့ ဖွင့်ပေးပါလား...."

"နော်.....ဂျင်...."

ဂျောင်ကု ဆော့ဂျင်ကို ဖက်ထားရာမှ လွှတ်ပေးလိုက်သည် အထိ ဆော့ဂျင်မှာ ဘာမှမပြောနိုင်ဘဲ ကျောက်ရုပ်ကြီးသဖွယ် တောင့်တောင့်ကြီးရပ်နေတော့သည်။

ဂျောင်ကု ဆော့ဂျင်နဲ့မျက်နှာချင်းဆိုင်ရပ်လိုက်ပြီး.....

"ဂျင် အထင်မှားနေခဲ့တာ တစ်ခုရှိသေးတယ်.....
"ဆမ်မီ"ကလည်း ကိုယ့်ကို ချစ်မနေခဲ့ဘူး.."

ဆော့ဂျင် အခုမှ အသိဝင်လာသလို ဂျောင်ကုကိုမော့ကြည့်လိုက်ပြီး.......

"မင်းက ဘယ်လိုလုပ်ပြီးသိတာလဲ?"

"ကိုယ်အတည်ပြောနေတာ ဂျင်...."

"ကိုယ့်ကိုယုံ...."








~~~~~~~~~~~~~~~~~~~~~~~~~~~{စည်း}

Continue Reading

You'll Also Like

253K 26.5K 38
This is my first fic. အထီးကျန်နေတဲ့ကျွန်တော့်အတွက် ...လက်လေးကမ်းပေးပြီးမှ ဘာလို့ပြန်ဖြုတ်ချခဲ့တာလဲ Jeon......။ ကျွန်တော်သိလိုက်ပါပြီ.... ဒုတိယဟာဘယ်တေ...
3.1K 127 4
The Kurikara is broken before Rin ever unsheaths it. With that, his demonic powers disappear, and Satan has run out of time to capture him. However...
766K 28.3K 103
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
929K 21.4K 49
In wich a one night stand turns out to be a lot more than that.