သူကြီးရဲ့ ခေါ်ဆိုမှုကြောင့် ပုံတိုင်းဆောင်၊
ရာချီဒွေးနဲ့ကျန်စစ်တို့ သုံးယောက်လုံးခြံထဲကကွပ်ပျစ်မှာ ထိုင်လျှက်။
ပုံတိုင်းကိုအလယ်မှာထားပြီး ဘေးမှာတော့ ရာချီနဲ့ကျန်စစ်က နေရာယူထားသေး၏
ပုံတိုင်းကိုကြည့်နေတဲ့ကျန်စစ်ရဲ့အကြည့်က ချိုသာသလောက် သူ့ကိုလာကြည့်ရင်တော့မသာကောင်ကြီးလိုရုပ်ကိုတည်ချလိုက်တာများ ဖြတ်ထိုးချင်စရာဖြစ်နေတာကြောင့်။
နှစ်ယောက်လုံးကို လျှစ်လျူရူပြီးသာနေလိုက်၏။
ဘယ်လိုဘဲသူဆွဲဆောင်နေပါစေ
ပုံတိုင်းကငါ့အပိုင်ဖြစ်လာမှာဘဲကို ။
"မင်းတို့သုံးယောက်ကိုအခုလိုခေါ်လိုက်တာက ငါခိုင်းစရာရှိနေလို့ "
"ဟုတ်ကဲ့ပြောပါ "
"မနက်ဖြန်ကျောင်းဆရာမလေးနှစ်ယောက် ရွာကိုလာမှသိတယ်မလား"
"မသိပါဘူး"
"မသိဘူး"
"ဘာကွ!!"
"ဟုတ်တယ်လေ အဖေရာသားတို့ကဘယ်လိုသိမှာလဲ အဖေမှမပြောတာ "
"ထားပါထားပါ အခုပြောမယ် အဲ့ဆရာမလေးတွေမနက်ဖြန်လာမှာကို မင်းတို့သုံးယောက်ကသွားကြိုပေး အေဟိုရောက်ရင်တော့ ရန်ဖြစ်သံတွေမကြားချင်ဘူးနော်ကြားလား"
ဆရာဝန်တွေလာလည်းသွားကြိုရ
ဟိုဟာလာလည်းသွားကြိုရနဲ့ အထမ်းယာဉ်တွေများမှတ်နေလားမသိဘူး အခုလည်းမကြိုချင်ဘူးလို့ပြောချင်ပေမယ့်
ကိုယ့်အဖေအကြောင်းလဲကိုယ်သိနေပြီလေ
သူ့လိုဘဲ တဇွတ်ထိုးဆိုတာကို
"သူတို့ဘာသာလာတာ ကျွန်တော်တို့သုံးယောက်ကဘာလို့သွားကြိုရမှာတုန်းသူကြီးရဲ့ "
"မင်းတို့သုံးယောက်လုံးက အားကိုးရလို့ပေါ့ကွာ "
"အော် မှတ်သားလောက်ပါပေတယ် "
ခိုင်းစရာရှိမှ အားကိုးရတယ်လို့ပြောတာမသိဘူးများမှတ်နေလားမသိ။
ပုံတိုင်းကလည်းတစ်ခုခုကို အလိုမကျစွာထပြော၏။
"အဲ့တာထက် မိန်းကလေးနှစ်ယောက်လာတာကို ကျွန်တော်တို့ယောင်္ကျားလေးတွေဘဲသွားကြိုလို့မသင့်တော်ဘူးထင်တယ်နော် "
ကျန်စစ်ကတော့ပုံတိုင်းကိုကြည့်ရင်း
အကြည့်ချိုချိုတွေကဝေဆာလျှက်
အကိုပုံတိုင်းကတကယ့်ကိုယောင်္ကျားကောင်းဘဲ ဟိုကောင်နဲ့တော့ကွာပ။
"အဲ့အတွက်မပူနဲ့ နှင်းရည်ကိုပါထည့်ပေးလိုက်မယ်"
မေးမိတာကိုက မှားပါသည်။
ရွာထဲမှာလိုက်စရာ ဒီကောင်မလေးဘဲရှိတော့တာလားဆိုသည့်အတွေးနှင့်။
<><><>
"ဂျီးတော် ကိုကိုပုံသက်သာလား "
"မနက်က သူကြီးခေါ်လို့ ညည်းတို့အိမ်သွားတယ်မလား မတွေ့လိုက်ဘူးလား "
သက်သာလားမေးရင် ညည်းအကိုကို ဆေးလေးဘာလေးလာထည့်ပေးအုန်းလို့ပြောမယ်မရှိဘူး အော် အလိုက်မသိလိုက်တာယောက္ခမကြီးရယ်။
"အခုရော ကိုကိုပုံဘယ်မှာလဲ "
"ဟိုကြည့်ဒီကြည့်ရှာမနေနဲ့ အပေါင်ဆိုင်မှာရှိတယ်ညည်းအကိုက "
"ညည်းအကိုလို့ပြောမယ့်အစား ညည်း
ယောင်္ကျားလို့သာ ပြောလိုက်ပါလားဂျီးတော်ရယ်"
"ဟဲ့ဟဲ့ အော် "
ပြောချင်တာပြောပြီး ခါခါ"ပြေးသွားတာများ ကျုပ်သားအတွက် ရင်လေးလိုက်တာကွယ်။
"ကိုကိုပုံရေ ကိုကိုပုံ "
"နှင်းရည်ဘာလာပေါင်တာလဲ "
"ကိုကိုပုံရယ် စိမ်းကားလိုက်တာ နှင်းရည်က တစ်ခုခုပေါင်မှ ကိုကိုပုံ့ဆီလာရမာလား ကိုကိုပုံရယ် "
နှင်းရည် စကားေပြာတဲ့ပုံစံကို ကြည့်နေရတာ တကယ့်က်ိုစိတ်ညစ်စရာလေးဖြစ်နေ၏
ရင်ကိုတကော့ကော့နဲ့ ခေါင်းကိုလည်း ကုလားတွေစကားပြောသလို အမူအယာတွေနဲ့ပြောနေတာ ခေါင်းမူးလှပါပြီ
ဒီကြားထဲ ကိုကိုပုံလို့ခေါ်နေတာများသူ့အစားလျှာတွေကလိပ်ရ၏
"အော် နှင်းရည်ရာ အပေါင်ဆိုင်ကိုလာတာပေါင်စရာမရှိဘဲဘာလာလုပ်တာတုန်း"
"ကိုကိုပုံ !!"
"ဘာလို့ အော်တာလဲဟ "
"ကိုကိုပုံ နှင်းရည်ကို အဲ့လိုမပြောပါနဲ့
နှင်းရည်က စိတ်ပူလို့လာတာကို စေတနာပျက်အောင်မလုပ်ပါနဲ့ အခုကိုကိုပုံပြောသလို တစ်ခုခုပေါင်မှလာရမယ်ဆို နှင်းရည်က
ကိုကိုပုံအတွက် အဖေ့အိမ်ပါ ပေါင်ပေးနိုင်တဲ့လူပါနော် "
"ဟုတ်ပါပြီဟုတ်ပါပြီအကိုဘဲမှားပါတယ်
အိမ်တော့မပေါင်ပါနဲ့ကွာနော် နှင်းရည်သာ အိမ်ပေါင်ရင် နှင်းရည်တို့ မိသားစုသုံးယောက်ဘဲဒုက္ခရောက်မှာ "
"ကိုကိုပုံရယ် နှင်းရည်သိပ်ဝမ်းနည်းတာဘဲ
နှင်းရည်ကို ကိုကိုပုံက တကယ့်ကို ဂရုမစိုက်တာဘဲ နှင်းရည်မှာက မိသားစု သုံးယောက်မဟုတ်ဘူး ကိုကိုပုံရဲ့ လေးယောက်ရှိတာ လေးယောက် "
"ရာချီ့ ကိုက အကိုခေါ်ထားမှာမို့လေ"
"ဟင် "
"ထားပါထားပါ နှင်းရည်ပြန်တော့မကြာခင်မှောင်တော့မှာ "
ကိုကိုပုံရဲ့ အိမ်ပြန်ခိုင်းတဲ့စကားကြောင့်ပျော်မိပါ၏ ကိုကိုပုံက မချစ်ဘူးမချစ်ဘူးနဲ့ တိတ်တခိုးချစ်နေတာမလား။
အခုလည်းနှင်းရည်ကို စိတ်ပူနေတာဆိုတာ နှင်းရည်သိတာပေါ့။
"ကိုကိုပုံ နှင်းရည်ကို စိတ်ပူလို့လားဟင် "
"မပူပါဘူး "
"ကိုကိုပုံ!!!"
"ပူတယ် ပူတယ်ဟုတ်ပြီလား မြန်မြန်ကြွပါတော့ အမေ "
"ကြွပြီကြွပြီ ကိုကိုပုံကိုနှင်းရည်တကယ်စိတ်ဆိုးတယ် နောက်လည်းမလာတော့ဘူး"
"အေးကျေးဇူးတော်ကြီးမားလိုက်တာ "
ပုံတိုင်းရဲ့ စကားကိုမကြားလိုက်ဘဲ မျက်စောင်းထိုးရင်းထွက်သွားလို့သာပေါ့
ကြားသာကြားသွားရင် ထပ်ပြီးသောင်တင်နေအုန်းမှာ။
လမ်းတစ်ဝက် ရောက်သည်အထိ ကိုကိုပုံရဲ့စိမ်းကားကား စကားတွေကြောင့် ဝမ်းနည်းလာရ၏ ဒါပေမယ့် တခြားသူရှေ့မှာတော့
နှင်းရည် ကအချောအလှလေးဖြစ်နေမှရမှာဆိုပြီး မျက်နှာကိုပြန်ပြင်ထားရသေး၏
စိတ်ကတိုနေပါတယ်ဆို အဖြတ်မတွေနဲ့ကို တန်းတိုးတာဘဲ
"ဟဲ့ စပယ် နင်ဘယ်သွားမှာလဲ "
စပယ်က ပုံတိုင်းနဲ့အရမ်းရင်းနှီးတာကြောင့် နှင်းရည် ကြည့်မရတဲ့သူဆိုလည်းမမှား။
ဒါတောင် သဇင်တို့ မိလှိုင်တို့ကျန်သေးသည်။
ကွမ်းတောင်သာကိုင်တာ ရွာထဲက တစ်ယောက်နဲ့မှ မတည့်။
"မရိုင်းနဲ့ နှင်းရည် ငါနင့်ထက်အကြီး "
"အဲ့တော့ အခုဘယ်သွားမှာလဲမေးနေတာ
လေဒါနင့်အိမ်ပြန်တဲ့ လမ်းမဟုတ်ပါဘူး ဘာလဲကိုကိုပုံဆီသွားမလို့လား "
"ငါ့သူငယ်ချင်းဆီငါသွားတာ နင်နဲ့ဘာဆိုင်လဲ "
"မသွားနဲ့ ကိုကိုပုံက သူ့အိမ်ပြန်သွားပြီ "
"အခုလေးတင်ဂျီးတော် လွှတ်လိုက်တာပါနော် "
"မသွားနဲ့လို့ "
"သွားမှာဘဲဟာ "
"မသွားနဲ့လို့ပြောနေတယ်ဆို စံပယ် "
"သွားမှာလို့ "
နှင်းရည်တားတာကို ဂရုမစိုက်ဘဲ ထွက်သွားတာကြောင့် နှင်းရည် ဒေါသထွက်လျှက်သာ ကျန်ခဲ့၏
"ကြည့်နေ ငါ့အကိုနဲ့တိုင်ပြမယ် နင်တို့အဲ့အပေါင်ဆိုင်ကို ခြေဦးတောင်မလှည့်နိုင်အောင်လို့ "
ပါးစပ်ကလည်းပွစိပွစိတွေပြောပြီးထွက်သွားတာများအိမ်ရောက်သည်အထိ အိမ်မှာလည်းအကိုဖြစ်သူက အဆင်သင့်ရှိနေတာကြောင့် ပိုလို့အဆင်ပြေသွား၏
"ကိုကိုကြီးပြောစရာရှိလို့ "
"ဘာလဲ "
"ကိုကိုကြီး နှင်းရည်လေ ကိုကိုပုံ့အနားကိုလူတွေကပ်တာမကြိုက်ဘူး နှင်းရည် သဝန်တိုတယ်"
ထပ်မပြောပါနဲ့ ထပ်မပြောပါနဲ့ ဆိုပြီး ရာချီတွေးနေပေမယ့်မရ နှင်းရည်ကတော့အဆုံးထိကိုပြောချနေ၏
တကယ်လဲ နှင်းရည် ပုံတိုင်းကိုကြိုက်နေတာကို ရာချီမသိချင်ပါ။
သူ့ကြိုက်နေတာကို သိလျှက်နဲ့ ကိုယ်နဲ့ရသွားရင် နှင်းရည် ငါ့ကိုစိတ်ဆိုးသွားလိမ့်မည်။
"နင်သဝန်တိုတော့ ငါဘာလုပ်ပေးရမှာလဲ "
"ကိုကိုကြီးက ကိုကိုပုံ့အနားမှာ နေ့ရောညပါ
သွားနေပေးပါလား "
"ငါက ဘာကိစ္စနဲ့လဲ"
"ကိုကိုကြီးက တစ်ရွာလုံးနဲ့အချစ်တော်လေ ကိုကိုကြီးကိုမြင်တာနဲ့လူတွေကရှောင်တာဆိုတော့ ကိုကိုကြီးသာ ကိုကိုပုံ့နားမှာကပ်နေရင် ကိုကိုပုံ့နားကိုလဲဘယ်သူမှ ကပ်မှာ မဟုတ်တော့ဘူးပေါ့ "
"အော်..."
"နော် ကိုကိုကြီး အလုပ်လည်းရှိတာမဟုတ်ဘဲနဲ့သွားနေပေးလေ "
"အင်းပါ အင်းပါ ဒါပေမယ့် ငါကနင်နေခိုင်းလို့နေတာနော် ငါနေချင်လို့နေတာမဟုတ်ဘူး"
"သိပါတယ် "
လင်သာလိုချင်တာ ဦးနှောက်က မရှိရှာဘူးဘဲ။နင့်အကိုက နင်ကြိုက်တဲ့အကောင်ကို လုယူတော့မှာဆိုပြီး သူသိအောင်သာပြောပြလိုက်ချင်၏
<><><>
ရွာထိပ်မှာ ဆရာမလေးတွေကို သွားကြိုဖို့
နှင်းရည်ရယ် ဟိုသုံးယောက်ရယ် လူတွေစုနေကြ၏ ။တစ်ယောက်မှ စိတ်မပါပေမယ့်ပေါ့။
ပုံတိုင်းက ခပ်တည်တည်နဲ့သာရပ်ပြီးတစ်စုံတစ်ယောက်ဆီအကြည့်မခွာပေမယ့်
နှင်းရည်ကတော့ပုံတိုင်းရဲ့နားကိုအတင်းကပ်နေ၏
ဒါကိုသတိထားမိတဲ့ ကျန်စစ်ကတော့ နှင်းရည်ရဲ့ကြားက ဝင်၍ လက်မောင်းနဲ့တွန်းထုတ်ပြီး
"ယောင်္ကျားလေးနားကို မိန်းကလေးတွေကမကပ်ရဘူးတဲ့နှင်းရည်ရဲ့ "
"ကပ်တော့ဘာဖြစ်လဲ "
တခါပြောလဲမရ နှင်းရည်ကတော့ ထပ်ပြီးပုံတိုင်းရဲ့လက်တစ်ဘက်ခြမ်းမှာသွားပြန်ကပ်လိုက်တာကြောင့် ပုံတိုင်းက သူတို့ကြားကိုရောက်သွားပြန်၏။
ပုံတိုင်းကတော့ ကြားကနေမနည်းထွက်လာရပြီး တစ်ယောက်ထဲ အပင်ဘေးမှာရပ်နေတဲ့ ရာချီရဲ့ အနီးသို့ကပ်သွားခဲ့၏
"မင်းကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီပွင့်ကြီးနော် "
"ကိုယ်လဲမသိပါဘူး အားဘဲနာမိနေတာ"
"ဟုတ်ပါပြီး နှင်ဆီကြီးရယ် "
သူကိုတောင်ဂရုစိုက်မနေတဲ့
ရာချီရဲ့ မျက်နှာရှေ့တည့်တည့်ကိုကွယ်လိုက်ပြီးမှ
"ဘယ်လိုခံစားရလဲ "
"ဘာကိုလဲ "
"ဆရာမလေးတွေလာတော့လေ မင်းရော ကျောင်းဆရာလေးမဖြစ်ချင်ဘူးလား"
"မဖြစ်ချင်ပါဘူး မင်းကငါ့ကိုဖြစ်စေချင်တာလား"
"ဖြစ်စေချင်တာပေါ့ ကိုယ်တို့ရွာက ခလေးတွေရဲ့ အနာဂတ်အတွက် မင်းသာလမ်းပြကြယ်လေးဖြစ်သွားရင် ကိုယ်မင်းအတွက်အတိုင်းအဆမရှိ ဂုဏ်ယူနေမိမှာ "
ရာချီသာ ကျောင်းဆရာလေးလုပ်ချင်စိတ်ရှိရင် သူမှာချက်ချင်းလုပ်ဖို့အရည်အချင်းရှိ၏
သို့ပေမယ့် ဝါသနာမပါ စိတ်မရှည်တာကြောင့်မလုပ်ချင် ခလေးတွေအတွက်တော့ လမ်းပြပေးချင်ပေမယ့်ပေါ့။
"ငါသာ ကျောင်းဆရာဖြစ်ရင်"
"ကျွန်တော်လို့ဘဲသုံးနူန်းပါလား ကိုယ်မင်းဆီက ကျွန်တော်လို့သုံးနူန်းတာကိုကြားရရင်
ကိုယ်သဘောကျမိနေလို့ "
"အာ အင်းပါ ကျွန်တော်သာ ကျောင်းဆရာဖြစ်ရင် ခလေးတွေက ကျွန်တော့်ကို ကြောက်ကြမှာဗျ "
"ဟင်းဟင်း ခလေးတွေကမင်းကိုချစ်တောင်ချစ်ပေးအုန်းမှာ မင်းသာကျောင်းဆရာဖြစ်ရင် မင်းကလည်းသူတို့လေးဆီမှာ ကျေးဇူးရှင်လေးဖြစ်နေမှာလေ "
"....."
"မင်းသာ ကျောင်းဆရာလုပ်ဖို့စိတ်ပါလာရင် အချိန်မရွေးဘဲနော် ကိုယ်တို့ရွာကကျောင်းလေးက မင်းကိုကြိုဆိုနေမှာပါ
ဘယ်လိုလဲ ခလေးတွေအတွက် ပညာဒါနလေးမလုပ်ပေးချင်ဘူးလား "
"ထားပါတော့ ဟိုမှာ လာနေကြပြီ သွားရအောင် "
"မင်္ဂလာပါခင်ဗျ "
"ဟုတ်ကဲ့ ရွာလေးကတကယ့်ကိုလှလိုက်တာ
ဒါနဲ့ကျွန်မနမည်က ဧကရီလင်းပါ ရှင့်"
"ကျွန်မကတော့ မြပိုးနွယ် ကျွန်မ မိဘတွေကလည်း ဒီရွာဇာတိလေ "
"အာ ဟုတ်ကဲ့ပါဗျ "
ဧည့်ဝတ်ခံတာကိုကျ ပုံတိုင်းကသာဦးဆောင်ပြီး မိတ်ဆက်နေရ၏
မိန်းကလေးနှစ်ယောက်မှာ ဧကရီလင်းဆိုတဲ့တစ်ယောက်ကအပြုံးလေးတွေရှိပေမယ့်
နောက်တစ်ယောက်ရဲ့ မျက်နှာပေါက်ကိုတော့သူတို့သဘောမတွေ့ပါ။
"ဒါဆို ရပ်မနေဘဲ ရွာထဲဝင်လို့ရပြီရှင့် ဘယ်သူမှဝင်မဆွဲပါဘူး "
"အာဟုတ်ကဲ့ ချစ်စရာလေးဘဲ "
"ရှင် "
"ဘာမှမဟုတ်တော့ပါဘူး "
ဧကရီလင်းက အရှေ့က သူ့အိတ်ကိုသူဆွဲပြီးထွက်သွားပေမယ့် ကျန်နေတဲ့ မြပိုးနွယ်ကတော့
"ကျွန်မအိတ်ကို ဆွဲပေးနိုင်မလား "
"ဘာဗျ!! "
"ကျွန်တော်လက်နာနေတယ်"
ကျန်စစ်နဲ့ ပုံတိုင်းကတော့ ငြင်းလိုက်ပေမယ့်
ရာချီကတော့ အဖေရဲ့ စကားကြောင့် ရွာနာမည်မပြတ်အောင် ကူဆွဲပေးလိုက်၏
"ကျုပ်ဆွဲပေးမယ် ပေးပါ "
"ကျေးဇူးပါနော် "
ရာချီ အိတ်ကို ဆွဲပြီးထွက်သွားတာကို ပုံတိုင်းမကြည့်ရက်တာကြောင့်
"ကိုယ့်ကိုပေး "
"ရပါတယ် "
ငြင်းလဲမရ အိတ်ကိုဆွဲလုပြီး သူကဘဲ သယ်သွားပေးလိုက်၏
ကျန်စစ်ကလည်း အကိုပုံတိုင်းလက်နာနေတယ်ဆိုပြီးသယ်သွားတာကို မကြည့်ရက်တာကြောင့် အိတ်ကိုဆွဲသွားပြန်၏
"ကျန်စစ် ပေးပါအကို့ကို "
"အကိုလက်နာနေတယ်မလားကျွန်တော်ဘဲသယ်ပေးပါ့မယ် "
"ရပါတယ်အကိုက "
"ပေးစမ်း မသယ်နဲ့ အဲ့အိတ် "
"နှင်းရည်.."
နှင်းရည်က ကျန်စစ်ကိုင်ထားတဲ့အိတ်ကိုဖယ်ချပြီးတော့ ဧည့်သည်တွေကိုလည်းဆူပုတ်ပြီးမှ
"ဒီမှာရှင့် နှင်းရည်တို့က အထမ်းသမားမဟုတ်ဘူးရှင့် သယ်နိုင်ရင်ကိုယ့်ဟာကိုသယ်
အရှေ့ကတစ်ယောက်တောင် သူ့ဘာသာသူသည်သွားတာဘာအသံမှ မကြားရဘူး "
"ဒီမှာအဲ့ကလူကို ကျွန်မသယ်ခိုင်းနေလား ကျွန်မသယ်ခိုင်းတာ ယောင်္ကျားသားတွေကို အားကိုးရမယ်ထင်ပြီးသယ်ခိုင်းတာပါ"
"ဒီရွာကလူတွေက အမတို့အားကိုးဖို့မွေးထားတာမဟုတ်ဘူးနော် ဘယ်သူမှလာမခိုင်းနဲ့ မကြိုက်ဘူး ဒါနှင်းရည်ရဲ့အကိုတွေ ဟွန့်
လာအကိုတို့ သွားကြမယ်"
စွာသေးလန်မလေးကြောင့် သုံးယောက်သားပြုံးမိကြ၏။
အခုလည်း သုံးယောက်လုံးရဲ့လက်က်ိုပိုက်
ပြီးထွက်သွားတာကြောင့်။
မြပိုးနွယ် နှခေါင်းရူံ့ပြီသာ ဘယ်လိုရွာလဲ လူမှုရေးခေါင်းပါလိုက်တာ။
_____________________________
[ရေးပြီးတာရှိလို့အမြန်တင်နိုင်တာပါရှင့်
ဒီနေကစပြီး သုံးရက်ခြားမှ တင်ပါတော့မယ်ရှင့် အပိုင်း ၇ ကတော့ 20 ရက်နေ့မှပါ ]