{Unicode}
... တစ်ခါတစ်လေ
အချစ်ဆိုတာမျိုးက...
****
ယခင်အပိုင်းမှ အဆက်...
"ဒီသီချင်းက ပျိုးအတွက်ပါ..."
ထိုအသံက ကျယ်လောင်စူးရှစွာ ဝန်းကျင်တစ်ခုလုံး ရစ်ဝဲသွားသလိုပင်....။ အခန်းထဲမှာ အစ်ကိုနဲ့ ဖုန်းပြောနေရင်းမှ ထိုအသံကို ကြားလိုက်ရသည်မို့.... အသံကို တိတ်ကာ နားထောင်လိုက်ပြီး တစ်ဖက်မှ အစ်ကို့အသံကို ဆန်းစစ်ကာ နားထောင်လိုက်မိသည်...။
အစ်ကို့ဘက်က အသံရှူသံများကိုသာ ကြားနေရပြီး... ဘာအသံမှ ထွက်မလာသေးသည်မို့...
"အစ်ကို... ပျိုးငယ် အိမ်သာသွားမလို့ ခဏလေးနော်...။"
"အင်း..."
အစ်ကို့ဘက်က ထိုစကားတစ်လုံးတည်းဖြင့် ကြားလာရသည့် အချိန်မှာ အဲ့ဒီသီချင်းကိစ္စကို ရှင်းမလို့ အခန်းထဲက ထွက်ချိန်မှာပင် အပြင်မှာ စောင့်နေသည့် အဆောင်မှူး ကိုမြတ်မင်း...
ရုတ်တရက်မို့ လန့်သွားသည့် အချိန်မှာတော့ ကိုမြတ်မင်းက...
"သြော်... ပျိုးငယ်... ဘယ်သွားမလို့လဲ? ဒီမှာ... ရှေ့က အဖွဲ့က ပျိုးငယ်အတွက် ပစ္စည်းတွေ ပေးခိုင်းလိုက်လို့ လာပေးတာ...။"
ရှေ့ကအဖွဲ့ဆိုတာနဲ့ ဂစ်တာသံ ၊ သီချင်းသံများနှင့် ရှိနေသည့် အိမ်ရှေ့က အဖွဲ့ဘက်ကို မျက်လုံးကို တည်တည်ထားကာ တစ်ချက်ဝေ့ကြည့်လိုက်ပြီး....
"ပျိုးငယ်... ဒါတွေ မယူချင်ဘူး ကိုမြတ်မင်း...။ သူတို့နဲ့လည်း ပျိုးငယ် မသိဘူး...။ သူတို့ ဘယ်သူဆိုတာလည်း ပျိုးငယ် မသိဘူး...။ ပျိုးငယ်က မသိတဲ့သူတွေဆီက ပစ္စည်းတွေကို လက်မခံတတ်လို့ပါ...။"
ထိုအဆောင်မှာတော့ အဆောင်မှူး ကိုမြတ်မင်းက ကျွန်တော့်ကို ဘေးကြပ်နံကြပ်ဖြစ်စေသည့် အနေအထားဖြင့်ပင်....
"ဒါပေမယ့်... ဒါတွေက ပျိုးငယ်အတွက် သေချာလေး ပို့ပေးဖို့ ပြောထားတာ...။"
"ဒါဆို ကျွန်တော့်ကို ပေးပါ... ကျွန်တော် သူတို့ဆီကို တွေ့ပြီး ပြန်ပေးလိုက်ပါ့မယ်...။"
လက်ထဲက ပစ္စည်းအပြည့်ဖြစ်နေသည့် ပုံကို လွှဲပြောင်းယူသွားကာ အရှေ့ကို ထွက်သွားသည့် ပျိုးငယ်ရဲ့ အလှက ဟိုတစ်ယာက်ကို အရူးအမူး ဖြစ်စေတာလဲ မပြောတော့နဲ့...။
တကယ်ကို ချောမောမှုက ဘယ်အချိန်ကြည့်ကြည့် မရိုးသွားပဲ မပြောင်းမလဲ အနေအထားပင်....။ အသားအရေက ဖြူဖွေးနေပြီး စိုစိုပြည့်ပြည့်ဖြင့် သေးသေးလေး ဖြစ်သည်...။
ခေါင်းထက်မှ ဆံပင်များကို ရစ်ထုံးထားသည့် အခြေအနေတစ်ခုဖြင့်ပင် ရှိနေတတ်ပြီး တကယ်တမ်း အလှဆိုသည့် အရာကိုသာ အနည်းငယ် ပြင်လိုက်မယ် ဆိုရင်တော့ ဘယ်လိုဖြစ်သွားမလဲ မသိတော့....။
မိန်းမသားများ၏ ချောမောမှုဆိုတာထက် အစိတ်အပိုင်းတစ်ခုချင်းစီကကို လှပမြတ်နိူးမှု ကောင်းနေတာမျိုးပင်....။
အဲ့ဒီတစ်ယောက်ကတော့ တဖြည်းဖြည်းဖြင့် အဆောင် ခြံတံခါးရှေ့သို့ ရောက်သွားလေပြီ...။
အဆောင်ရှေ့...
အိမ်ရှေ့ကို လက်ထဲက ပုံးတစ်ပုံးနှင့် ထွက်လာသည့် သူ...။ ထိုတစ်ယောက်က ကျွန်တော့်အား အရူးအမူးဖြစ်အောင် ပြုစားနိုင်သည့်သူ....။
မျက်နှာက အလှတရားတို့ စုပုံနေပေမယ့် ဘယ်လိုပြောရမလဲ ရက်စက်မှုအပြည့်ဖြင့် ရှိနေသည့် အနေအထားဖြင့်ပင်....။
"ဒါတွေက မင်းပစ္စည်းတွေဆိုရင် ပြန်ယူသွားပါ...။ ပြီးတော့ ငါ့ကိစ္စတွေလည်း ရှိသေးတာမို့... သီချင်းဆိုမယ်လို့ ရည်စူးထားရင်တောင် ငါ့နာမည်ကို အော်ဟစ်ဆိုနေတာမျိုး မလုပ်ဖို့ တောင်းဆိုချင်ပါတယ်...။"
"ပျိုး... ခဏ...
ခဏလေး... ကျွန်တော် စကားပြောစရာရှိတယ်...။ ကျွန်တော် ပြောတာကို ခဏလောက် နားထောင်ပေးပါ...။"
အဆောင်ရှေ့က လှုပ်ခတ်ကာ ပြောလိုက်သည်မို့ နံဘေးမှ အဆောင်အခြေအနေများကို တစ်ချက် မျက်လုံးဝင့်ကာ ကြည့်လိုက်မိသည်....။
ဒီလမ်းတစ်ဝိုက်မှာ ရှိနေသည်က တက္ကသိုလ်ကျောင်းသား ကျောင်းသူများ နေထိုင်ရာ အဆောင်များက ပတ်ချလည်နေတာမျိုးပင်...။
ဒီအခြေအနေကလဲ ဘာကြောင့်မှန်းမသိ... တစ်ခြားအဆောင်များကပါ တိတ်ဆိတ်ပြီး အခြေအနေကို နားထောင်နေဟန် ရှိနေသည်...။ တစ်ဖက် မိန်းကလေးအဆောင်များမှ ဝရန်တာများတွင် စာထွက်ကျက်ဟန်ဖြင့် အခြေအနေကို ကြည့်နေကြသည်....။
ဟုတ်ပါသည်...
သူက လူကြီးသားတဲ့...။
ပြီးတော့ သူတို့တက္ကသိုလ်သာမက အပြင်တက္ကသိုလ်တွေများအထိပါ နာမည်ကြီးတဲ့သူတဲ့...။
ဒီအတိုင်းဆို သူ့ကို အရေးထားပြီး ခေါင်းထဲ ခါးမနေဘဲ ကိုယ်ပြောချင်တာကို ပြောလိုက်မည် ဖြစ်သည်...။ ဒါပေမယ့် အစ်ကို့ကိုတော့ သူတို့နဲ့ ထိပ်တိုက် မတွေ့စေချင်....။
ကျွန်တော်နဲ့ ပတ်သတ်ပြီး အစ်ကို့ကို ဒုက္ခမရောက်စေချင်ပါ...။ ပြီးတော့ အစ်ကို့ကို ဒုက္ခရောက်ခွင့် မပြုနိုင်ပါ...။
ဒါကြောင့် အရမ်း ပစ်ပစ်ခါခါ ဆိုတာထက် ပညာသားပါပါ တုံ့ပြန်ရမည် ဖြစ်သည်...။ ဒါပေမယ့် အနည်းငယ်မှ နူးညံ့လို့ မဖြစ်ပါ...။ အဲ့ဒီအရာက အစ်ကို့စိတ်ကို ဆွပေးမယ့် လောင်စာ မဖြစ်စေလို....။
နောက်ပြီး ထိုကလေးက မိမိထက် အနည်းငယ် ငယ်နိုင်သေးသည်...။ အစ်ကိုနဲ့ဆို တော်တော်လေး ငယ်မည် ဖြစ်သည်...။ ပုံစံကြည့်ရတာ လိုချင်တာကို ကလေးတစ်ယောက်လို ငြူစူပြီး ယူမယ့် အနေအထားပင်...။ သူကိုယ်တိုင်လည်း အရမ်းသန်မာပြီး ယူတတ်မယ့် ပုံစံမျိုး မဟုတ်...။
အစ်ကိုကတော့ လိုချင်တာကို ရအောင် ယူရင်တောင် သူ့ပုံစံက အရမ်းကို သန်မာတာမျိုးပင်...။ ပြီးတော့ ကျွန်တော့်အတွက် အားကိုးရမည့် လက်တစ်စုံဖြစ်သည်...။
အခြားသူတွေက သူ့ကို အန္တရယ်ရှိတယ်တဲ့...။
အဲ့ဒီအန္တရာယ် ရှိတဲ့ အစ်ကိုကပဲ ကျွန်တော့်အတွက် လုံခြုံစိတ်ချရာ ဖြစ်နေခဲ့ပါသည်....။
"ဒါဆို... ဒီလက်ဆောင်ကို ပြန်ယူသွားပါ...။ ငါ့ကို အဲ့လိုပေးတာ ငါ မကြိုက်ဘူး...။ ပြီးတော့ ပြောစရာပြောပြီးရင် ပြန်ပါ...။ ငါ မနက်ဖြန်မှာ လုပ်စရာတွေ အများကြီး ရှိတယ်...။"
မျက်နှာထားတည်တည်... ငြိမ်ငြိမ်ဖြင့်ပင် ပြောလိုက်သည့် အချိန်မှာတော့ တစ်ဖက်က သူ့မျက်နှာက အတော်လေးကို အိုကျသွားသည်...။
သူကတော့ သူ့သူငယ်ချင်းများနဲ့ ဒီကိုလာသည် ထင်သည်...။ အားလုံးစုစုပေါင်း ရှစ်ယောက်နည်းပါး ဖြစ်သည်...။ အားလုံးက သူ့ပုံစံတွေချည်း ဖြစ်သည်...။ အခုတစ်ခါတော့ တစ်ဖက်မှာ ရပ်ထားသည့် ဆိုင်ကယ်များကို မြင်သည့်အချိန်မှာတော့ အားလုံးက ဆိုင်ကယ်နဲ့ ဒီကို လာခဲ့သည် ထင်သည်....။
ကျွန်တော်က ထိုသို့ ပြောလိုက်လေတော့ ထိုကလေးက မျက်နှာမကောင်းဖြစ်သွားပြီး သူ့ဘေးနားမှ သူ့သူငယ်ချင်းများက သူ့ကိုကြည့်လိုက် ၊ ကျွန်တော့်ကို ကြည့်လိုက်ဖြင့်ပင်....။
ခဏအကြာမှာတော့ သူက မျက်နှာကို ငုံ့လျက် ရှိနေသည်မှ မျက်နှာကို မေ့လာသည်...။ သူ့မျက်နှာ အမူအရာကြောင့် အနည်းငယ် မိမိလည်း စိတ်မကောင်း ဖြစ်သွားမိသည်....။
သူ့မျက်ဝန်းများက နီရဲပြီး မျက်နှာပေါ်မှာလည်း မျက်ရည်စများက စွတ်စိုနေခဲ့သည်...။
"ကျွန်တော်... ကျွန်တော့်ကို အရမ်းကြီး မပစ်ပယ်လိုက်ပါနဲ့...။ ကျွန်တော် စိတ်အခြေအနေ အရင်းအမြစ်က ပျိုး ဖြစ်နေလို့ပါ...။ ဒါကြောင့် အရမ်းကြီး ပစ်ပစ်ခါခါ မလုပ်လိုက်ပါနဲ့လို့ တောင်းဆိုချင်ပါတယ်... ကျေးဇူးပြုပြီး... "
သူ့အသံများက အက်ကွဲကြမ်းရှကာ ရှိနေခဲ့သည်...။ သူ့ပုံစံက တကယ်ကို စိတ်ကျနေသည့် လူတစ်ယောက်လိုပင်...။
"ကျွန်တော် ပျိုးကို သဘောကျမိတာက အပြစ်ရှိတယ်လို့ ဆိုရင်တောင် ကျွန်တော့်အတွက် လွှဲမှားမှု တစ်ခုလို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ဘူး...။"
"ဒါပေမယ့်_"
"ကျွန်တော်... ပျိုးတစ်ယောက်တည်းကိုပဲ... ဒီလို ဖြစ်ခဲ့လို့ပါ...။ တစ်ခါမှ မခံစားဖူးလို့ ရူးမတတ်ပါပဲ...။"
ဒါပေမယ့်... ငါ မင်းအချစ်ကို တုံ့ပြန်မှာ မဟုတ်သလို...။ ငါ့မှာ ငါ့ကို ချစ်တဲ့ အစ်ကိုတစ်ယောက်လုံး ရှိသလို၊ ငါကလည်း သူအဲ့လိုချစ်တာမျိုးနဲ့ နေသားကျနေသလို... ငါကလဲ အစ်ကို့ကို အဆုံးရှုံးမခံလောက်တဲ့အထိ ချစ်တာမို့...။
"ပြောစရာရှိသေးလား?"
မျက်နှာတည်တည်ဖြင့်ပင် ပြောလိုက်မိသည်...။ ထိုအချိန်မှာတော့ ဟန်မဆောင်နိုင်တဲ့အထိ တအိအိ ငိုကြွေးနေသည်...။
"ကျွန်တော် တောင်းပန်ပါတယ်ဗျာ... ကျေးဇူးပြုပြီး... အဲ့ဒီထက် နည်းနည်းလောက် လျှော့ပေးလို့ ရမလား? အဲ့ဒီလေသံပြင်းပြင်းတွေကို ကြားတိုင် ကျွန်တော့်ရင်ဘတ်တွေ အက်ကွဲပြီး ပေါက်ကွဲထွက်မတတ်ပါပဲ...။"
ဟူး...
မင်းရဲ့ ဒီအသက်အရွယ်နဲ့ မင်းကြိုက်တဲ့ တစ်ခြားသူကို ထပ်ပြီး ရွေးချယ်သင့်တယ်...။
ငါက မင်းဘယ်လိုပဲ တောင်းဆို တောင်းဆို... ဒါက အလိုက်ထိုက် မင်းပြောသလို တစ်ထစ်ချပြီး နေပေးခဲ့တယ်ဆိုရင်တောင် မင်းအတွက် မျှော်လင့်ချက်မဖြစ်စေချင်သလို...
အဲ့ဒီဆုံးဖြတ်ချက်က ငါ့ကို ရူးလောက်အောင် အစ်ကို့ကို သိပ်ပြီး ထိခိုက်မှာ ကြောက်လို့....။ အစ်ကိုမရှိတဲ့ ဘဝမှာ ငါ မနေချင်ဘူး...။ နေလည်း မနေနိုင်ဘူး....။
"... ပြောချင်တာ ဒါ အကုန်ပဲ မလား? ဒီအတိုင်း ငါပြောနေတုန်း ပြန်သွားရင် မင်းအတွက် အဆင်ပြေမယ်...။ အဲ့လိုမှ မဟုတ်ရင်တော့ နောက်နေ့က စ ပြီး ငါ မင်းကို စကားစ ပြောမှာ မဟုတ်ဘူး..."
ဒီအတိုင်း သူနဲ့ အချိန်ကုန်ဖို့က အတော်လေးကို မဖြစ်စေချင်သည်မို့ ခြိမ်းခြောက်ပြီး ပြောလိုက်မိသည်...။
အစ်ကို့ကို အိမ်သာခဏသွားမလို့ ပြောထားခဲ့တာပင်...။ အစ်ကို မမြင်နိုင်သည့် နေရာမှာ အစ်ကိုစိတ်မချအောင် မလုပ်ချင်...။
အစ်ကို ကျွန်တော့်ကို ဒီကိုလွှတ်ထားသည့် ခံစားချက်ကို ကျွန်တော် သိသည်မို့...။
ထိုစကားအဆုံးမှာတော့ ထိုကလေးက အခြားတစ်ယောက်လိုပင် ဖြစ်သွားပြီး ဖွင့်ထားသည့် ခြံတံခါးကို အနည်းငယ် တွန်းဖွင့်ကာ...
"တောင်းပန်ပါတယ်... အဲ့လို မလုပ်ပါနဲ့...။ ကျွန်တော် ရူးသွားလိမ့်မယ်...။ ကျွန်တော် လုပ်ချင်တာတွေ လုပ်သွားမိလိမ့်မယ်...။ တောင်းပန်ပါတယ်...။ ကျွန်တော် ပြောတာတွေကို နားထောင်ပေးပါ...။ ကျွန်တော့်ကို စကားမပြောလို့ မရဘူးနော်...။"
"မင်း... ငါ့လက်ကို အခုလွှတ်စမ်း..!"
ဘေးနားက အဆောင်အခြေအနေတွေကို တစ်ချက်ကြည့်ပြီး သူ့လက်ထဲမှ လက်ကို အတင်းရုန်းဖယ်ကာ ရှိနေတော့ သူက နောက်ထပ် ဆွဲဖို့ လုပ်သည့် အချိန်မှာတော့ အဆောင်ရှေ့သို့ ဦးတည်လာသည့် ဆိုင်ကယ်တစ်စီး....
ဆိုင်ကယ်ပေါ်မှ လူတစ်ယောက်ကို မြင်ချိန်မှာတော့ ကျွန်တော် အနည်းငယ် ထိတ်လနွသွားသလို... အနည်းငယ် လွှတ်မြောက်သည့်အလားအလာ မြင်မိသည်....။
"ဟ... ပျိုးငယ်... ငါ့ကောင်ကြီးရဲ့ တစ်လုတ်စာလေးက ဘာတွေ ထွက်လုပ်နေတာလဲ?"
ထိုအချိန်မှာတော့ ကျွန်တော်လည်း ပြုံးလိုက်မိကာ...
"ကိုကျော်ကြီး... ဒီဘက်ကို လာတာလား?"
"ဟုတ်တယ်... ကြုံလို့ တမင်တကာ လာတယ်ဆိုပါတော့..."
ကိုကျော်ကြီးက အရွှမ်းဖောက်ကာ ပြောလာသည်...။ ကိုကျော်ကြီးက သူ့ဆိုင်ကယ်ကို အဆောင်တစ်ဖက်က အုတ်နံရံဘေးမှာ ရပ်ထားခဲ့သည်...။
ထို့နောက် ဆိုင်ကယ်လက်ကိုင်မှာ ဆွဲကာ ယူလာသည့် အထုပ်တစ်ထုပ်ကို ယူကာ ကျွန်တော့်ဆီသို့...။
အစ်ကို့သူငယ်ချင်းများက အစ်ကို့အတိုင်း ထွားထွားကျိုင်းကျိုင်း အရပ်ရှည်သန်သန်မာမာများသည်...။ နူတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးများနှင့်အတူ လူကြမ်းကြီးများဖြစ်ပြီး ယောကျ်ားပီသတာတွေချည်းတွေပင်...။
အင်းလေ...
ငှက်တွေဆိုလည်း အတော်တူတာပဲ စုမှာပေါ့...။ အစ်ကို့ပုံစံ လက်ရဲဇက်ရဲနဲ့ သွေးရဲမည့် ပုံတွေချည်းပင် ဖြစ်သည်...။
အစ်ကို့ပုံစံက အဲ့လိုမျိုး ရှိနေပေမယ့် ပြဿနာဖြစ်ခဲသည်...။ ဒီအတိုင်းက လွတ်လွတ်လပ်လပ် နေပေမယ့် လုပ်ချင်ရင်လည်း လုပ်လိုက်မယ့် ပုံပင်...။
"ကဲ... ဒီမှာရော့... မင်း ဒါ စားချင်တယ်လို့ ငဦးက ပြောလို့... ။ ကိုယ်တော်က သူကိုယ်တိုင် လာပို့ဖို့ လုပ်နေတာ...။ ကျုပ်ကပဲ သူ့ကို စိတ်မချလို့ ဒီအတိုင်း လာပို့ကြောင်းပါ...။"
ကိုကျော်ကြီးဆိုသူက အရင်တစ်ခါ အစ်ကိုလာတုန်းက သူ့အိမ်မှာ သွားအိပ်ကတည်းက ခင်ကြတာပင်...။ အစ်ကို့လူဖြစ်သည့် အထိုက်အလျောက် ကျွန်တော့်ကို ဆိုရင်လည်း ဂရုစိုက်ပါသည်...။ အစ်ကိုက သူတို့အပေါ် ဘယ်လောက်တောင် သြဇာညောင်းလည်း မသိ...။
အစ်ကို့နဲ့ စရိုက်တွေ တူပေမယ့် ကျန်သည့် အစ်ကို့သူငယ်ချင်းများက ဟာသအနည်းငယ် လုပ်ပေမယ့် အစ်ကိုကတော့ တည်တာ များသည်...။
"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်...။ အစ်ကိုက တကူးတကကို ကိုကျော်ကြီးကို လုပ်ခိုင်းနေတာပဲ...။"
ထိုအချိန်မှာတော့ ကိုကျော်ကြီးက ရတုတို့ဘက် တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် ကျွန်တော့်ဘက်သို့ တစ်ချက်ကြည့်လာပြီး...
"တကူးတက ကို ဒုက္ခပေးတာပါကွာ...။ ဒါနဲ့ မနက်ဖြန် လာကြိုလိမ့်မယ်...။ ဆာလာအိတ်နဲ့ လာကြိုမယ်တဲ့...။"
"ဘယ်လို...?"
"အိတ်ထဲ ထည့်ပြီး ဆိုင်ကယ်နောက်က တုတ်နှောင်ပြီး သယ်သွားမလို့တဲ့...။ ဒါဆိုရင် ဘယ်သူမှ ကြည့်လို့ ရမှာမဟုတ်ဘူးလေ... ဟားဟား...။ ဒါနဲ့... သတင်းတွေ ကြားပါတယ်... အရိုးတွေကျိုး-"
"အဲ... ကိုကျော်ကြီး... "
အနည်းငယ် သူ့စကားကို ပိတ်လိုက်သည့် အချိန်မှာတော့ ကိုကျော်ကြီးက ပြုံးရယ်ကာ သူ့ပါးစပ်ကို ပိတ်လိုက်သည်... ။
"ဒါဆို သွားတော့မယ်... လိုအပ်တာရှိရင် မှာကြားလို့ ရပါတယ်ဗျ...။ ဒါဆို ခွင့်ပြုပါဦး... ဆရာသမားရဲ့ တစ်လုတ်စာလေးရေ...။ ငဦးက ယူမယ့်ယူထားတော့လည်း တကယ်ကို... တကယ်ကို ဘယ်မှာတွေ့တွေ့ ကောက်ပွေ့လို့ ရမယ့်သူကို ယူထားတာပဲ...။ ဒါဆို ကျုပ် ပြန်တော့မယ်... ဒီမှာ မန်ယူပွဲ ကြည့်တုန်း အပြေးအလွှား လာရတာ... "
"ဟုတ်ကဲ့ပါ ကိုကျော်ကြီး... ဂရုစိုက်ပါနော်...။"
"....အေးအေး...."
ကိုကျော်ကြီးက သူ့ဆိုင်ကယ်ပေါ် တက်ကာ စက်နိူးပြီး ကျွန်တော့်ကို လက်ကို မြှောက်ကာ နူတ်ဆက်ပြီး ပြန်နူတ်ဆက်ကာ ပြလေပြီးသည့်နောက် ဆိုင်ကယ်ကို မောင်းကာ ထွက်သွားလေပြီ...။
ကိုကျော်ကြီး ထွက်သွားပြီဆိုတာနဲ့... ရတုဆိုသည့် တစ်ယောက်ကို မျက်နှာကို တင်းမာစွာ ရှိပြီးသည့်နောက်... အဆောင်ထဲကိုသာ ဝင်သွားလိုက်မိသည်...။
အဆောင်က အခန်းထဲကို ပြန်ရောက်မိတော့ အစ်ကိုဖုန်းက အခုထက်ထိ မကျသေးပါ...။
ကျွန်တော်လည်း အမောတကောဖြင့်ပင် သွားပြီးသည့်နောက်မှာတော့... အစ်ကို့ဖုန်းကို ကိုင်လိုက်မိသည်...။
"အစ်ကို... ပျိုးငယ် နည်းနည်း ကြာသွားတယ် အစ်ကို... "
"အင်း... မနက်ဖြန် ညနေဘက်ပဲ လာကြိုလိုက်မယ်...။ ကျောင်းရှေ့လာခဲ့မယ်...။"
"ဟုတ်ကဲ့... အစ်ကိုက အိပ်တော့မှာလား? မအိပ်သေးရင် ဖုန်းပြောမယ်လေ... "
"အင်း မင်းမရှိကတည်းက ငါ မအိပ်တာ ကြာပြီ... ပျိုးငယ်..."
နောက်တစ်နေ့...
ညနေ ၅နာရီ...
အစ်ကိုက ကျွန်တော့်ကို ကျောင်းရှေ့ထိ လာကြိုခဲ့ပါသည်...။ ကျွန်တော်လည်း ကျောင်းကအပြန် တစ်ခါတည်းပဲ အစ်ကိုနှင့်လိုက်ကာ အိမ်ကို ပြန်လာခဲ့မိသည်...။
အိမ်ကို ပြန်ရောက်တော့ အိမ်မှာ ရှိတဲ့ လူတွေအကုန်လုံးက ပျိုးငယ်ကို လွမ်းကြောင်း နူတ်ဆက်ကြသည်...။
"ပျိုးငယ်လေး... အိမ်ကို ခဏ ပြန်လာခဲ့တာလား?"
အစ်ကို့ဆိုင်ကယ်ပေါ်မှ ဆင်းဆင်းချင်းပင် အိမ်မှာ ရှိနေသည့် အလုပ်လာကူလုပ်သည့် အစ်မများက နူတ်ဆက်ကြသည်...။
"ဟုတ်တယ်... ကျောင်းက နှစ်ရက်ပိတ်လို့ ပြန်လာတာ...။"
"ဟုတ်လား? ပျိုးငယ်ကတော့နော်... ဘယ်အချိန်ကြည့်ကြည့်... ချောမောလှပနေသော ပါပဲ...။ အဲ့ဒါကြောင့်လဲ ငဦးတို့က အဲ-"
ကျွန်တော့်ကို စ နေသည့် အစ်များက ကျွန်တော့်နောက်မှ ဆိုင်ကယ်ကို အိမ်နောက်ဘက်မှ နေရာတစ်ခုထဲ အကျအနထားပြီး ထွက်လာသည့် အစ်ကို့ကို မြင်ချိန်မှာတော့ ပြောစရာစကားများ ရပ်တန့်၍... ။
ကျွန်တော်လည်း သူတို့နဲ့ပင် ကောင်းကောင်း မပြောနိုင်သေးခင်မှာပင် အစ်ကိုက ကျွန်တော့်ကို အိမ်ပေါ်သို့ ခေါ်သွားတာမို့... ကျွန်တော်လည်း ထိုအစ်မများကိုသာ ပြုံးပြီး နူတ်ဆက်လိုက်မိသည်...။
အိမ်ပေါ်ကို တက်သွားသည့် မိမိချစ်ရသူကို တစ်ချက်ကြည့်လိုက်ပြီးသည့်နောက်...
"မေရီ... ကျွန်တော် ပြန်တော့မယ်နော်..."
"ဘာဖြစ်လို့လဲ ဆရာလေးရဲ့... နေပါဦး..။ ဟိုမှာ... ငဦးကတော့ ထုံးစံအတိုင်း... အောက်ကို ဆင်းလာတော့မှာ မဟုတ်တော့ဘူး...။ ဆရာလေး ပျိုးငယ်လေးကို သိတယ်မလား?"
"အိမ်မှာ ကိစ္စလေးတွေ ရှိလို့ ကျွန်တော် ပြန်တော့မယ်... မေရီ...။"
"သြော်... အေး...။ မေရီ လိုက်မပို့တော့ဘူးနော်...။"
"ဟုတ်ကဲ့... မေရီ...။"
မေရီအခြေနေကို လာကြည့်ရင်း ဆေးကုပေးနေရင်းမှ ဒီနေ့ သူက ပျိုးပင်ငယ်ဆိုတဲ့ သူ့လူကို သွားခေါ်တာတဲ့လား?
ခပ်သုတ်သုတ်ပင် အိမ်ထဲက ထွက်လာမိသည်...။ ရင်တစ်ခုလုံး နာကျင်စုတ်ပြတ်သွားသည်က ခြေလှမ်းတွေတောင် ယောင်ယောင်မှားမှားပင်....။
အစ်ကိုက ကျွန်တော့်ကို အိမ်ပေါ်သို့ ခေါ်လာလေပြီ...။ ထို့နောက် ပြတင်းပေါက် တစ်ချို့ကို ပိတ်လျက်...
"ပျိုးငယ်...မင်း... လာခဲ့....."
ကျွန်တော့်လည်တိုင်ကို ခရီးရောက်မစိုက်... ဖျစ်ညှစ်ကာ ပြောလာသည့် အစ်ကိုက... ကျွန်တော်နှင့်အတူ အိပ်ရာပေါ်သို့ လဲပြို၍...။ အစ်ကို့ပုံစံက အနည်းငယ် စိတ်လွှတ်နေဟန်မို့ လည်ပင်းကို ဖျစ်ညှစ်ထားသည့် အစ်ကို့လက်တစ်ဖက်ကို လက်နှစ်ဖက်လုံးဖြင့်ပင် ဆုပ်ကိုင်ထားမိသည်....။
"အစ်...အစ်ကို..."
ည ၇နာရီ...
ကျွန်တော်လည်း ည၇နာရီ ထိုးကာနီးမှ အစ်ကို့ဆီက လွှတ်မြောက်ခွင့်ရသည်...။ ဒါတောင် မလွှတ်ချင် လွှတ်ချင်နဲ့ သူ့သူငယ်ချင်း ကိုဝေကြီးတို့နှင့်အတူ အလုပ်ကိစ္စရှိလို့ ကျွန်တော့်ကို လွှတ်ပေးတာပင်...။ ဒါကလဲ ခဏတာ လွှတ်မြောက်မှု....။
အစ်ကိုက ကိုဝေကြီးနှင့်အတူ မနက်တောထဲ သွားဖို့ ပြင်ဆင်နေတာပင်...။ မနက်စောစောသွားမှာမို့ နွားစာကို ညဘက်ကြီး စဥ်းနေတာပင် ဖြစ်သည်...။
ကိုဝေကြီးနှင့်အတူ တကုပ်ကုပ် အလုပ်ကို အားစိုက်ပြီးသည့် နောက်မှာတော့ ကိုဝေကြီးက အိမ်ခဏပြန်သွားသည်...။
ထိုစဥ်မှာပင် အစ်ကိုက ရေချိုးဖို့ ပြင်ဆင်နေဟန် ရှိပြီး ရေကန်ဘောင်အနား သူ့အကျီ်ကို ချွတ်ကာ တင်ထားသည်...။ ထို့နောက် ဆေးလိပ်တစ်လိပ်ကို သောက်နေဟန် ရှိသည်...။
ကျွန်တော်လည်း မီးဖိုခန်းထဲ ဝင်ပြီး အစ်ကို့အတွက် မနက်ဖြန် ဟင်းချက်ပေးဖို့ ကြိုးစားချိန်မှာပင် အစ်ကိုရှိရာကို ကြည့်မိတော့ အစ်ကိုက ကျွန်တော့်ကို ခေါင်းညိမ့်ကာ ခေါ်သည်....။
ထိုအချိန်မှာတော့ ကျွန်တော်လည်း လုပ်လက်စ အလုပ်များကို ချန်ထားကာ... အစ်ကိုရှိရာသို့...
အစ်ကိုက ကျွန်တော်မရောက်ခင် စီးကရက်တစ်လိပ်ကို ဖွာကာ လက်ကြားထဲ ထိုးညှပ်လိုက်ပြီးနောက်... ကျွန်တော့်ကို ခပ်ဖွဖွ ပွေ့ပိုက်ထားသည်...။
"ကြည့်ပါဦး ဟိုနှစ်ယောက်...။ ပျိုးငယ်လေးကလည်း ဟိုကို ကျောင်းသွားတတ်ပြီးတဲ့ အချိန်မှ ငဦးကို ပိုချွဲလာသလိုပဲနော်...။ ကြည့်ပါဦး... ငဦးကလည်း အဲ့ဒီကလေး ခြေထောက်ပေါင်ပိုင်းတွေကို သူ့လက်တွေနဲ့ ဘောင်ခတ်ထားတာနော်...။"
"အမလေးကို ပြောကို မပြောချင်ဘူး...။ ရောက်ကတည်းက နည်းနည်းမှကို အလွတ်မခံတာပါ...။ အခုလဲ ရေချိုးမယ် လုပ်တာတောင် သူ့ဟာလေးကို တစ်စက်မှ အပျောက်မခံနိုင်ဘူး...။"
"ဟုတ်ပါ့နော် အရီးလေးရယ်...။ ငဦးက ရေချိုးမယ် လုပ်နေတာ ထင်တယ်...။ အကျီ်ချွတ်နဲ့ ထိုင်နေတာ...။ ပျိုးငယ် ရှိနေတဲ့ မီးဖိုဘက်ကို လှမ်းကြည့်ပြီး လက်ယပ်ခေါ်တာ...။ ဟိုက ရောက်လာပြီဆိုတာ မတ်တပ်ရပ်ပြီး ရှိနေတဲ့ ပျိုးငယ်ကို မြင်လား... ငဦးက လက်နှစ်ဖက်ကို အချင်းချင်းကိုင်ပြီး ထိုင်နေတဲ့ ပုံစံနဲ့...။ တကယ် အဲ့ဒီအတွဲကို တစ်ယောက်ယောက် မကယ်တင်နိုင်တော့ဘူးလား?"
"ဟုတ်ပါ့အေ... ပြောကို မပြောချင်ဘူး..."
သူတို့ ဘာပြောပြော... ပျိုးငယ်နှင့်အတူ ရှိနေသည့် ငဦးကတော့...
"အောက်မှာ ရှုပ်မနေနဲ့... အိမ်ပေါ်မှာပဲ သွားနေ...။ ဒီက မင်းရှိနေရင် အာရုံစိုက်မရဘူး..."
အစ်ကို့ရဲ့ သြရှရှအသံက ကျွန်တော့်နားထဲ တိုးဝှေ့လာချိန်မှာတော့... ဘယ်လိုပြောရမလဲ... နှလုံးခုန်သံများက ထိန်းမရ...။
နူတ်ခမ်းမွှေး ရေးရေး၊ မုတ်ဆိတ်မွှေးရေးရေးနှင့်အတူ အစ်ကို့အကြည့်စူးစူးများက ကျွန်တော် ရင်မဆိုင်နိုင်သည်မို့ အစ်ကိုနဲ့အကြည့်ချင်းမဆုံမိတောင် ခေါင်းကို ငုံ့ထားမိသည်...။
ထိုအချိန်မှာတော့ အစ်ကိုကတော့ ကျွန်တော့်ကို စူးစူးစိုက်စိုက်ဖြင့် ငေးကြည့်နေပြီး နူတ်ခမ်းမွှေးမွှေး ရေးရေး၊ မုတ်ဆိတ်မွှေးရေးရေးနဲ့ အစ်ကို့အပြုံးများက လူကို သတ်နေတာပင်....
"အ... အစ်ကို... ပျိုးငယ်... အပေါ်မှာပဲ သွား နေလိုက်တော့မယ်နော်...။"
အစ်ကို့အကြည့်များကို ထပ်ပြီး ရင်မဆိုင်နိုင်တော့သည်မို့ အစ်ကို့ကို ပြောလိုက်မိတော့... အစ်ကိုက အသာတကြည်ဖြင့်ပင် လွှတ်ပေးလာသည်...။ ထို့နောက် ပြောလာသည့် စကားက...
"... ပျိုးငယ်... တစ်နေ့နေ့တော့ မင်း ငါ့လက်ချက်နဲ့ပဲ သေမယ်ထင်တယ်...။"
ရွာလယ်ဆေးခန်း...
ည၇နာရီ ၄၅မိနစ်...
📱~~
"ပျိုးပင်ငယ်.. အိမ်ကို ရောက်နေတာ... မင်း သူ့ကို မလိုက်ဘူးလား ရတု...။ မင်းပဲ သူ့ကို ကြိုက်တယ်ဆို...။"
"......."
"ရတယ်... အခု သူ့ဖုန်းနံပါတ်ပေးမယ်...။ သူ့ကို ဖုန်းဆက်လိုက်...။ ပြီးတော့ မင်းလည်း သူ့ကို လွမ်းပြီး သတိရနေတာမလား?"
"......"
"ရတယ်... ခေါ်လိုက်...။ ပြီးတော့... ကားတင်ပြီးတော့ပဲ ဖြစ်ဖြစ်... ရအောင်ယူ...။ ဖြစ်နိုင်ရင် သူ့ကို မင်း မြန်မြန်ရအောင် ကြိုးစား...။ သူ့ဆံပင်ကို ပယ်နိုင်တဲ့သူက သူ့ကို ပိုင်တာပဲ...။"
".........."
"အေး... သူ့ဖုန်းနံပါတ်က..."
"........"
"အေး... ဆက်ဖြစ်အောင် ဆက်နော်...။"
"......."
"ကောင်းပြီ... ဒါဆို ဖုန်းချတော့မယ်..."
ဖုန်းကို ချလိုက်ပြီးသည့်နောက်မှာတော့ တစ်အိမ်လုံးက သူ့ကို ချစ်ပြီး သည်းသည်းလှုပ်နေသလို... မိမိချစ်နေတဲ့သူကလည်း သူ့တစ်ယောက်တည်းပဲ မြင်နေသည်မို့...။
စနက်တံကို ဖြုတ်ပေးလိုက်မိတော့သည်...။
မိနစ်အနည်းငယ် အကြာ
ငဦးတို့အိမ်...
🎶
မခြွေခင်မှာပင်..ကြွေခဲ့မိတဲ့
အချစ်ပန်းကလေးများကိုကွယ်...
ထာ၀စဉ်ချစ်မလား..မကြာခင်ပစ်သွားမလား
အတူတူနေမယ်..တစ်သက်လုံးမခွဲဖို့
ရည်မှန်းထားခဲ့ပေမယ့်
မနေချင်ရင်လည်း...မင်းရဲ့သဘောပဲကွယ်
ယူသွားဦးပေါ့ တို့ရဲ့အချစ်...
တို့ဘ၀အားလုံးလိုရင်
ကြည်ဖြူစွာပေးလှူမယ် တို့သည်းဦး
အချစ်ဦးလေးမို့ အရူးအမူးပဲ
မင်းအလိုပြည့်ဖို့ဆိုရင်..
လိုချင်ယူသွား မျက်ရည်များလည်းယူ...
ယူ ငိုစေချင်သလား...မျက်ရည်ကလေးများယူ...
သီချင်းလေး တအေးအေးလေးဖြင့် ရှိနေသည့် ပျိုးငယ်...။
အရင်တုန်းကဆိုရင် ပေါ့ပေါ့ပါးပါးဖြင့် သူ့ရှပ် ပိတ်သားချည်သား အကျီ်များကိုသာ ဝတ်တဲ့ ကလေးလေးက အခုတော့ မိမိအစောနက အိုက်လို့ ချွတ်ထားခဲ့တဲ့ အကျီ်ကို ကောက်လျှိုကာ ဝတ်ထားတာပင်....။
အသံလေးက မျက်နှာလေးဖြင့် လိုက်ဖက်ကာ ရှိနေပြီး ဒီနေ့ မြင်နေရသည့် ပုံစံလေးက တစ်မျိုးဖြင့်... နွားစားစင်းပြီး ပြန်လာသည့် အပေါ်ပိုင်း အဝတ်ဗလာဖြင့်ပင် သူဟင်းချက်နေသည့် နေရာသို့...။
သူကတော့ ပြင်ဆင်ကာ ဗူးသီးတစ်လုံးကို သေချာလေး ခွဲထုတ်နေသည့် သူ့လက်ပေါ်မှ ထပ်အုပ်ကိုင်ကာ သူ့ခါးသွယ်သွယ်လေးကို ကျန်တစ်ဖက်မှ ဖက်ထားမိသည်...။
သူကတော့ ရုတ်တရက် လန့်သွားပြီး ပွေ့ဖက်ကာ ရှိနေသည့် မိမိ့ဘက်သို့ လှည့်ကာ ကြည့်လာတော့...
"အစ်ကို.."
ခဏတစ်ဖြုတ် ကြည့်ပြီး သူ့အကြည့်တို့က ပြန်လွှဲသွားတာမို့...။
"ဘာဖြစ်လို့လဲ? "
အစ်ကို့ခန္ဓာကိုယ်က ချွေးစအနည်းငယ် ကပ်ညှိနေပြီး အစ်ကို့ပုံစံက ဆွဲဆောင်မှု ရှိနေတာထက် ပိုသည်မို့...
အထူးသဖြင့် ဒီလိုပုံစံက တစ်ချို့နေရာမှာ အများဆုံး တွေ့ရသည်မို့ အတွေးထဲ ဝင်ရောက်လာပြီး မျက်နှာပူထူသွားတာမို့ အကြည့်တို့ လွှဲမိတော့ အစ်ကိုက ချက်ချင်းဆိုသလို သူ့ရဲ့ Deep voice(သြရှရှ) အသံဖြင့် ပြောလာပြီးသည့်နောက်မှာတော့ ကျွန်တော့်ခြေဖျားတို့ ကုပ်သွားရသည့်အထိ...။
"အကျီ်က...ဝတ်ထားမှာလား?..."
အစ်ကို့အသံ... အစ်ကို့အကြည့်နှင့် အစ်ကို့အမူအရာများက ပျိုးငယ် နှလုံးရပ်စရာမို့...
"ဟို... အစ်ကို ထမင်းစားတော့မလား? ရေချိုးတော့မလား? ဘာလိုချင်လို့လဲဟင်?"
ထိုအချိန်မှာတော့ အစ်ကိုက ခါးကို ဖျစ်ညှစ်ကာ ကျွန်တော့် နားအနား ကပ်ကာ ပြောလာသည်က...
"A child"
ထိုအသံနှင့်အတူ သူ့နူတ်ခမ်းမွှေး၊ မုတ်ဆိပ်မွှေးများက အနည်းငယ် ကျွန်တော့်နားရွက်ဖျားဖြင့် ပွတ်ရှသွားချိန်မှာတော့ ကျွန်တော် မတ်တပ်ရပ်ဖို့တောင် အနိုင်နိုင်ပင်...။
ထိုအချိန်မှာပင် စားပွဲပေါ်မှ ချထားသည့် ကျွန်တော့်ဖုန်းက မြည်လာချိန်မှာတော့...
"...ပျိုးငယ်... "
ဖုန်းလာသည်ကို အစ်ကိုက မေးထိုးကာ ပြလေတော့ ကျွန်တော့်အနားမှ အစ်ကို့သွားဖို့ နည်းလမ်းက...
"ဟုတ်ကဲ့... အစ်ကို ကိုင်လိုက်နော်... ပျိုးငယ် မအားလို့...။"
ထိုအချိန်မှာတော့ အစ်ကိုက စားပွဲပေါ်မှ ကျွန်တော့်ဖုန်းကို ယူကာ ဖုန်းကိုင်လိုက်သည်...။
"ဟယ်လို... ပျိုး...။ ပျိုးလား... ကျွန်တော် ရတုပါ...။"
Monday:January:2024:1:23:13PM
ပေါ့နေရင်လည်း ဖြည့်ဖတ်ပေးပါဗျ... ။ နောက်ပိုင်း ဒီ့ထက်ပိုလေးပါ့မယ်... စိတ်ချပါ...။
{Zawgyi}
... တစ္ခါတစ္ေလ
အခ်စ္ဆိုတာမ်ိဳးက...
****
ယခင္အပိုင္းမွ အဆက္...
"ဒီသီခ်င္းက ပ်ိဳးအတြက္ပါ..."
ထိုအသံက က်ယ္ေလာင္စူးရွစြာ ဝန္းက်င္တစ္ခုလုံး ရစ္ဝဲသြားသလိုပင္....။ အခန္းထဲမွာ အစ္ကိုနဲ႕ ဖုန္းေျပာေနရင္းမွ ထိုအသံကို ၾကားလိုက္ရသည္မို႔.... အသံကို တိတ္ကာ နားေထာင္လိုက္ၿပီး တစ္ဖက္မွ အစ္ကို႔အသံကို ဆန္းစစ္ကာ နားေထာင္လိုက္မိသည္...။
အစ္ကို႔ဘက္က အသံရႉသံမ်ားကိုသာ ၾကားေနရၿပီး... ဘာအသံမွ ထြက္မလာေသးသည္မို႔...
"အစ္ကို... ပ်ိဳးငယ္ အိမ္သာသြားမလို႔ ခဏေလးေနာ္...။"
"အင္း..."
အစ္ကို႔ဘက္က ထိုစကားတစ္လုံးတည္းျဖင့္ ၾကားလာရသည့္ အခ်ိန္မွာ အဲ့ဒီသီခ်င္းကိစၥကို ရွင္းမလို႔ အခန္းထဲက ထြက္ခ်ိန္မွာပင္ အျပင္မွာ ေစာင့္ေနသည့္ အေဆာင္မႉး ကိုျမတ္မင္း...
႐ုတ္တရက္မို႔ လန့္သြားသည့္ အခ်ိန္မွာေတာ့ ကိုျမတ္မင္းက...
"ေၾသာ္... ပ်ိဳးငယ္... ဘယ္သြားမလို႔လဲ? ဒီမွာ... ေရွ႕က အဖြဲ႕က ပ်ိဳးငယ္အတြက္ ပစၥည္းေတြ ေပးခိုင္းလိုက္လို႔ လာေပးတာ...။"
ေရွ႕ကအဖြဲ႕ဆိုတာနဲ႕ ဂစ္တာသံ ၊ သီခ်င္းသံမ်ားႏွင့္ ရွိေနသည့္ အိမ္ေရွ႕က အဖြဲ႕ဘက္ကို မ်က္လုံးကို တည္တည္ထားကာ တစ္ခ်က္ေဝ့ၾကည့္လိုက္ၿပီး....
"ပ်ိဳးငယ္... ဒါေတြ မယူခ်င္ဘူး ကိုျမတ္မင္း...။ သူတို႔နဲ႕လည္း ပ်ိဳးငယ္ မသိဘူး...။ သူတို႔ ဘယ္သူဆိုတာလည္း ပ်ိဳးငယ္ မသိဘူး...။ ပ်ိဳးငယ္က မသိတဲ့သူေတြဆီက ပစၥည္းေတြကို လက္မခံတတ္လို႔ပါ...။"
ထိုအေဆာင္မွာေတာ့ အေဆာင္မႉး ကိုျမတ္မင္းက ကြၽန္ေတာ့္ကို ေဘးၾကပ္နံၾကပ္ျဖစ္ေစသည့္ အေနအထားျဖင့္ပင္....
"ဒါေပမယ့္... ဒါေတြက ပ်ိဳးငယ္အတြက္ ေသခ်ာေလး ပို႔ေပးဖို႔ ေျပာထားတာ...။"
"ဒါဆို ကြၽန္ေတာ့္ကို ေပးပါ... ကြၽန္ေတာ္ သူတို႔ဆီကို ေတြ႕ၿပီး ျပန္ေပးလိုက္ပါ့မယ္...။"
လက္ထဲက ပစၥည္းအျပည့္ျဖစ္ေနသည့္ ပုံကို လႊဲေျပာင္းယူသြားကာ အေရွ႕ကို ထြက္သြားသည့္ ပ်ိဳးငယ္ရဲ႕ အလွက ဟိုတစ္ယာက္ကို အ႐ူးအမူး ျဖစ္ေစတာလဲ မေျပာေတာ့နဲ႕...။
တကယ္ကို ေခ်ာေမာမႈက ဘယ္အခ်ိန္ၾကည့္ၾကည့္ မရိုးသြားပဲ မေျပာင္းမလဲ အေနအထားပင္....။ အသားအေရက ျဖဴေဖြးေနၿပီး စိုစိုျပည့္ျပည့္ျဖင့္ ေသးေသးေလး ျဖစ္သည္...။
ေခါင္းထက္မွ ဆံပင္မ်ားကို ရစ္ထုံးထားသည့္ အေျခအေနတစ္ခုျဖင့္ပင္ ရွိေနတတ္ၿပီး တကယ္တမ္း အလွဆိုသည့္ အရာကိုသာ အနည္းငယ္ ျပင္လိုက္မယ္ ဆိုရင္ေတာ့ ဘယ္လိုျဖစ္သြားမလဲ မသိေတာ့....။
မိန္းမသားမ်ား၏ ေခ်ာေမာမႈဆိုတာထက္ အစိတ္အပိုင္းတစ္ခုခ်င္းစီကကို လွပျမတ္နိူးမႈ ေကာင္းေနတာမ်ိဳးပင္....။
အဲ့ဒီတစ္ေယာက္ကေတာ့ တျဖည္းျဖည္းျဖင့္ အေဆာင္ ၿခံတံခါးေရွ႕သို႔ ေရာက္သြားေလၿပီ...။
အေဆာင္ေရွ႕...
အိမ္ေရွ႕ကို လက္ထဲက ပုံးတစ္ပုံးႏွင့္ ထြက္လာသည့္ သူ...။ ထိုတစ္ေယာက္က ကြၽန္ေတာ့္အား အ႐ူးအမူးျဖစ္ေအာင္ ျပဳစားနိုင္သည့္သူ....။
မ်က္ႏွာက အလွတရားတို႔ စုပုံေနေပမယ့္ ဘယ္လိုေျပာရမလဲ ရက္စက္မႈအျပည့္ျဖင့္ ရွိေနသည့္ အေနအထားျဖင့္ပင္....။
"ဒါေတြက မင္းပစၥည္းေတြဆိုရင္ ျပန္ယူသြားပါ...။ ၿပီးေတာ့ ငါ့ကိစၥေတြလည္း ရွိေသးတာမို႔... သီခ်င္းဆိုမယ္လို႔ ရည္စူးထားရင္ေတာင္ ငါ့နာမည္ကို ေအာ္ဟစ္ဆိုေနတာမ်ိဳး မလုပ္ဖို႔ ေတာင္းဆိုခ်င္ပါတယ္...။"
"ပ်ိဳး... ခဏ...
ခဏေလး... ကြၽန္ေတာ္ စကားေျပာစရာရွိတယ္...။ ကြၽန္ေတာ္ ေျပာတာကို ခဏေလာက္ နားေထာင္ေပးပါ...။"
အေဆာင္ေရွ႕က လႈပ္ခတ္ကာ ေျပာလိုက္သည္မို႔ နံေဘးမွ အေဆာင္အေျခအေနမ်ားကို တစ္ခ်က္ မ်က္လုံးဝင့္ကာ ၾကည့္လိုက္မိသည္....။
ဒီလမ္းတစ္ဝိုက္မွာ ရွိေနသည္က တကၠသိုလ္ေက်ာင္းသား ေက်ာင္းသူမ်ား ေနထိုင္ရာ အေဆာင္မ်ားက ပတ္ခ်လည္ေနတာမ်ိဳးပင္...။
ဒီအေျခအေနကလဲ ဘာေၾကာင့္မွန္းမသိ... တစ္ျခားအေဆာင္မ်ားကပါ တိတ္ဆိတ္ၿပီး အေျခအေနကို နားေထာင္ေနဟန္ ရွိေနသည္...။ တစ္ဖက္ မိန္းကေလးအေဆာင္မ်ားမွ ဝရန္တာမ်ားတြင္ စာထြက္က်က္ဟန္ျဖင့္ အေျခအေနကို ၾကည့္ေနၾကသည္....။
ဟုတ္ပါသည္...
သူက လူႀကီးသားတဲ့...။
ၿပီးေတာ့ သူတို႔တကၠသိုလ္သာမက အျပင္တကၠသိုလ္ေတြမ်ားအထိပါ နာမည္ႀကီးတဲ့သူတဲ့...။
ဒီအတိုင္းဆို သူ႕ကို အေရးထားၿပီး ေခါင္းထဲ ခါးမေနဘဲ ကိုယ္ေျပာခ်င္တာကို ေျပာလိုက္မည္ ျဖစ္သည္...။ ဒါေပမယ့္ အစ္ကို႔ကိုေတာ့ သူတို႔နဲ႕ ထိပ္တိုက္ မေတြ႕ေစခ်င္....။
ကြၽန္ေတာ္နဲ႕ ပတ္သတ္ၿပီး အစ္ကို႔ကို ဒုကၡမေရာက္ေစခ်င္ပါ...။ ၿပီးေတာ့ အစ္ကို႔ကို ဒုကၡေရာက္ခြင့္ မျပဳနိုင္ပါ...။
ဒါေၾကာင့္ အရမ္း ပစ္ပစ္ခါခါ ဆိုတာထက္ ပညာသားပါပါ တုံ႕ျပန္ရမည္ ျဖစ္သည္...။ ဒါေပမယ့္ အနည္းငယ္မွ ႏူးညံ့လို႔ မျဖစ္ပါ...။ အဲ့ဒီအရာက အစ္ကို႔စိတ္ကို ဆြေပးမယ့္ ေလာင္စာ မျဖစ္ေစလို....။
ေနာက္ၿပီး ထိုကေလးက မိမိထက္ အနည္းငယ္ ငယ္နိုင္ေသးသည္...။ အစ္ကိုနဲ႕ဆို ေတာ္ေတာ္ေလး ငယ္မည္ ျဖစ္သည္...။ ပုံစံၾကည့္ရတာ လိုခ်င္တာကို ကေလးတစ္ေယာက္လို ျငဴစူၿပီး ယူမယ့္ အေနအထားပင္...။ သူကိုယ္တိုင္လည္း အရမ္းသန္မာၿပီး ယူတတ္မယ့္ ပုံစံမ်ိဳး မဟုတ္...။
အစ္ကိုကေတာ့ လိုခ်င္တာကို ရေအာင္ ယူရင္ေတာင္ သူ႕ပုံစံက အရမ္းကို သန္မာတာမ်ိဳးပင္...။ ၿပီးေတာ့ ကြၽန္ေတာ့္အတြက္ အားကိုးရမည့္ လက္တစ္စုံျဖစ္သည္...။
အျခားသူေတြက သူ႕ကို အႏၱရယ္ရွိတယ္တဲ့...။
အဲ့ဒီအႏၱရာယ္ ရွိတဲ့ အစ္ကိုကပဲ ကြၽန္ေတာ့္အတြက္ လုံၿခဳံစိတ္ခ်ရာ ျဖစ္ေနခဲ့ပါသည္....။
"ဒါဆို... ဒီလက္ေဆာင္ကို ျပန္ယူသြားပါ...။ ငါ့ကို အဲ့လိုေပးတာ ငါ မႀကိဳက္ဘူး...။ ၿပီးေတာ့ ေျပာစရာေျပာၿပီးရင္ ျပန္ပါ...။ ငါ မနက္ျဖန္မွာ လုပ္စရာေတြ အမ်ားႀကီး ရွိတယ္...။"
မ်က္ႏွာထားတည္တည္... ၿငိမ္ၿငိမ္ျဖင့္ပင္ ေျပာလိုက္သည့္ အခ်ိန္မွာေတာ့ တစ္ဖက္က သူ႕မ်က္ႏွာက အေတာ္ေလးကို အိုက်သြားသည္...။
သူကေတာ့ သူ႕သူငယ္ခ်င္းမ်ားနဲ႕ ဒီကိုလာသည္ ထင္သည္...။ အားလုံးစုစုေပါင္း ရွစ္ေယာက္နည္းပါး ျဖစ္သည္...။ အားလုံးက သူ႕ပုံစံေတြခ်ည္း ျဖစ္သည္...။ အခုတစ္ခါေတာ့ တစ္ဖက္မွာ ရပ္ထားသည့္ ဆိုင္ကယ္မ်ားကို ျမင္သည့္အခ်ိန္မွာေတာ့ အားလုံးက ဆိုင္ကယ္နဲ႕ ဒီကို လာခဲ့သည္ ထင္သည္....။
ကြၽန္ေတာ္က ထိုသို႔ ေျပာလိုက္ေလေတာ့ ထိုကေလးက မ်က္ႏွာမေကာင္းျဖစ္သြားၿပီး သူ႕ေဘးနားမွ သူ႕သူငယ္ခ်င္းမ်ားက သူ႕ကိုၾကည့္လိုက္ ၊ ကြၽန္ေတာ့္ကို ၾကည့္လိုက္ျဖင့္ပင္....။
ခဏအၾကာမွာေတာ့ သူက မ်က္ႏွာကို ငုံ႕လ်က္ ရွိေနသည္မွ မ်က္ႏွာကို ေမ့လာသည္...။ သူ႕မ်က္ႏွာ အမူအရာေၾကာင့္ အနည္းငယ္ မိမိလည္း စိတ္မေကာင္း ျဖစ္သြားမိသည္....။
သူ႕မ်က္ဝန္းမ်ားက နီရဲၿပီး မ်က္ႏွာေပၚမွာလည္း မ်က္ရည္စမ်ားက စြတ္စိုေနခဲ့သည္...။
"ကြၽန္ေတာ္... ကြၽန္ေတာ့္ကို အရမ္းႀကီး မပစ္ပယ္လိုက္ပါနဲ႕...။ ကြၽန္ေတာ္ စိတ္အေျခအေန အရင္းအျမစ္က ပ်ိဳး ျဖစ္ေနလို႔ပါ...။ ဒါေၾကာင့္ အရမ္းႀကီး ပစ္ပစ္ခါခါ မလုပ္လိုက္ပါနဲ႕လို႔ ေတာင္းဆိုခ်င္ပါတယ္... ေက်းဇူးျပဳၿပီး... "
သူ႕အသံမ်ားက အက္ကြဲၾကမ္းရွကာ ရွိေနခဲ့သည္...။ သူ႕ပုံစံက တကယ္ကို စိတ္က်ေနသည့္ လူတစ္ေယာက္လိုပင္...။
"ကြၽန္ေတာ္ ပ်ိဳးကို သေဘာက်မိတာက အျပစ္ရွိတယ္လို႔ ဆိုရင္ေတာင္ ကြၽန္ေတာ့္အတြက္ လႊဲမွားမႈ တစ္ခုလို႔ ဘယ္တုန္းကမွ မသတ္မွတ္ခဲ့ဘူး...။"
"ဒါေပမယ့္_"
"ကြၽန္ေတာ္... ပ်ိဳးတစ္ေယာက္တည္းကိုပဲ... ဒီလို ျဖစ္ခဲ့လို႔ပါ...။ တစ္ခါမွ မခံစားဖူးလို႔ ႐ူးမတတ္ပါပဲ...။"
ဒါေပမယ့္... ငါ မင္းအခ်စ္ကို တုံ႕ျပန္မွာ မဟုတ္သလို...။ ငါ့မွာ ငါ့ကို ခ်စ္တဲ့ အစ္ကိုတစ္ေယာက္လုံး ရွိသလို၊ ငါကလည္း သူအဲ့လိုခ်စ္တာမ်ိဳးနဲ႕ ေနသားက်ေနသလို... ငါကလဲ အစ္ကို႔ကို အဆုံးရႈံးမခံေလာက္တဲ့အထိ ခ်စ္တာမို႔...။
"ေျပာစရာရွိေသးလား?"
မ်က္ႏွာတည္တည္ျဖင့္ပင္ ေျပာလိုက္မိသည္...။ ထိုအခ်ိန္မွာေတာ့ ဟန္မေဆာင္နိုင္တဲ့အထိ တအိအိ ငိုေႂကြးေနသည္...။
"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ဗ်ာ... ေက်းဇူးျပဳၿပီး... အဲ့ဒီထက္ နည္းနည္းေလာက္ ေလွ်ာ့ေပးလို႔ ရမလား? အဲ့ဒီေလသံျပင္းျပင္းေတြကို ၾကားတိုင္ ကြၽန္ေတာ့္ရင္ဘတ္ေတြ အက္ကြဲၿပီး ေပါက္ကြဲထြက္မတတ္ပါပဲ...။"
ဟူး...
မင္းရဲ႕ ဒီအသက္အ႐ြယ္နဲ႕ မင္းႀကိဳက္တဲ့ တစ္ျခားသူကို ထပ္ၿပီး ေ႐ြးခ်ယ္သင့္တယ္...။
ငါက မင္းဘယ္လိုပဲ ေတာင္းဆို ေတာင္းဆို... ဒါက အလိုက္ထိုက္ မင္းေျပာသလို တစ္ထစ္ခ်ၿပီး ေနေပးခဲ့တယ္ဆိုရင္ေတာင္ မင္းအတြက္ ေမွ်ာ္လင့္ခ်က္မျဖစ္ေစခ်င္သလို...
အဲ့ဒီဆုံးျဖတ္ခ်က္က ငါ့ကို ႐ူးေလာက္ေအာင္ အစ္ကို႔ကို သိပ္ၿပီး ထိခိုက္မွာ ေၾကာက္လို႔....။ အစ္ကိုမရွိတဲ့ ဘဝမွာ ငါ မေနခ်င္ဘူး...။ ေနလည္း မေနနိုင္ဘူး....။
"... ေျပာခ်င္တာ ဒါ အကုန္ပဲ မလား? ဒီအတိုင္း ငါေျပာေနတုန္း ျပန္သြားရင္ မင္းအတြက္ အဆင္ေျပမယ္...။ အဲ့လိုမွ မဟုတ္ရင္ေတာ့ ေနာက္ေန႕က စ ၿပီး ငါ မင္းကို စကားစ ေျပာမွာ မဟုတ္ဘူး..."
ဒီအတိုင္း သူနဲ႕ အခ်ိန္ကုန္ဖို႔က အေတာ္ေလးကို မျဖစ္ေစခ်င္သည္မို႔ ၿခိမ္းေျခာက္ၿပီး ေျပာလိုက္မိသည္...။
အစ္ကို႔ကို အိမ္သာခဏသြားမလို႔ ေျပာထားခဲ့တာပင္...။ အစ္ကို မျမင္နိုင္သည့္ ေနရာမွာ အစ္ကိုစိတ္မခ်ေအာင္ မလုပ္ခ်င္...။
အစ္ကို ကြၽန္ေတာ့္ကို ဒီကိုလႊတ္ထားသည့္ ခံစားခ်က္ကို ကြၽန္ေတာ္ သိသည္မို႔...။
ထိုစကားအဆုံးမွာေတာ့ ထိုကေလးက အျခားတစ္ေယာက္လိုပင္ ျဖစ္သြားၿပီး ဖြင့္ထားသည့္ ၿခံတံခါးကို အနည္းငယ္ တြန္းဖြင့္ကာ...
"ေတာင္းပန္ပါတယ္... အဲ့လို မလုပ္ပါနဲ႕...။ ကြၽန္ေတာ္ ႐ူးသြားလိမ့္မယ္...။ ကြၽန္ေတာ္ လုပ္ခ်င္တာေတြ လုပ္သြားမိလိမ့္မယ္...။ ေတာင္းပန္ပါတယ္...။ ကြၽန္ေတာ္ ေျပာတာေတြကို နားေထာင္ေပးပါ...။ ကြၽန္ေတာ့္ကို စကားမေျပာလို႔ မရဘူးေနာ္...။"
"မင္း... ငါ့လက္ကို အခုလႊတ္စမ္း..!"
ေဘးနားက အေဆာင္အေျခအေနေတြကို တစ္ခ်က္ၾကည့္ၿပီး သူ႕လက္ထဲမွ လက္ကို အတင္း႐ုန္းဖယ္ကာ ရွိေနေတာ့ သူက ေနာက္ထပ္ ဆြဲဖို႔ လုပ္သည့္ အခ်ိန္မွာေတာ့ အေဆာင္ေရွ႕သို႔ ဦးတည္လာသည့္ ဆိုင္ကယ္တစ္စီး....
ဆိုင္ကယ္ေပၚမွ လူတစ္ေယာက္ကို ျမင္ခ်ိန္မွာေတာ့ ကြၽန္ေတာ္ အနည္းငယ္ ထိတ္လႏြသြားသလို... အနည္းငယ္ လႊတ္ေျမာက္သည့္အလားအလာ ျမင္မိသည္....။
"ဟ... ပ်ိဳးငယ္... ငါ့ေကာင္ႀကီးရဲ႕ တစ္လုတ္စာေလးက ဘာေတြ ထြက္လုပ္ေနတာလဲ?"
ထိုအခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း ၿပဳံးလိုက္မိကာ...
"ကိုေက်ာ္ႀကီး... ဒီဘက္ကို လာတာလား?"
"ဟုတ္တယ္... ႀကဳံလို႔ တမင္တကာ လာတယ္ဆိုပါေတာ့..."
ကိုေက်ာ္ႀကီးက အ႐ႊမ္းေဖာက္ကာ ေျပာလာသည္...။ ကိုေက်ာ္ႀကီးက သူ႕ဆိုင္ကယ္ကို အေဆာင္တစ္ဖက္က အုတ္နံရံေဘးမွာ ရပ္ထားခဲ့သည္...။
ထို႔ေနာက္ ဆိုင္ကယ္လက္ကိုင္မွာ ဆြဲကာ ယူလာသည့္ အထုပ္တစ္ထုပ္ကို ယူကာ ကြၽန္ေတာ့္ဆီသို႔...။
အစ္ကို႔သူငယ္ခ်င္းမ်ားက အစ္ကို႔အတိုင္း ထြားထြားက်ိဳင္းက်ိဳင္း အရပ္ရွည္သန္သန္မာမာမ်ားသည္...။ ႏူတ္ခမ္းေမႊး၊ မုတ္ဆိတ္ေမႊးမ်ားႏွင့္အတူ လူၾကမ္းႀကီးမ်ားျဖစ္ၿပီး ေယာက်္ားပီသတာေတြခ်ည္းေတြပင္...။
အင္းေလ...
ငွက္ေတြဆိုလည္း အေတာ္တူတာပဲ စုမွာေပါ့...။ အစ္ကို႔ပုံစံ လက္ရဲဇက္ရဲနဲ႕ ေသြးရဲမည့္ ပုံေတြခ်ည္းပင္ ျဖစ္သည္...။
အစ္ကို႔ပုံစံက အဲ့လိုမ်ိဳး ရွိေနေပမယ့္ ျပႆနာျဖစ္ခဲသည္...။ ဒီအတိုင္းက လြတ္လြတ္လပ္လပ္ ေနေပမယ့္ လုပ္ခ်င္ရင္လည္း လုပ္လိုက္မယ့္ ပုံပင္...။
"ကဲ... ဒီမွာေရာ့... မင္း ဒါ စားခ်င္တယ္လို႔ ငဦးက ေျပာလို႔... ။ ကိုယ္ေတာ္က သူကိုယ္တိုင္ လာပို႔ဖို႔ လုပ္ေနတာ...။ က်ဳပ္ကပဲ သူ႕ကို စိတ္မခ်လိဳ႕ ဒီအတိုင္း လာပို႔ေၾကာင္းပါ...။"
ကိုေက်ာ္ႀကီးဆိုသူက အရင္တစ္ခါ အစ္ကိုလာတုန္းက သူ႕အိမ္မွာ သြားအိပ္ကတည္းက ခင္ၾကတာပင္...။ အစ္ကို႔လူျဖစ္သည့္ အထိုက္အေလ်ာက္ ကြၽန္ေတာ့္ကို ဆိုရင္လည္း ဂ႐ုစိုက္ပါသည္...။ အစ္ကိုက သူတို႔အေပၚ ဘယ္ေလာက္ေတာင္ ၾသဇာေညာင္းလည္း မသိ...။
အစ္ကို႔နဲ႕ စရိုက္ေတြ တူေပမယ့္ က်န္သည့္ အစ္ကို႔သူငယ္ခ်င္းမ်ားက ဟာသအနည္းငယ္ လုပ္ေပမယ့္ အစ္ကိုကေတာ့ တည္တာ မ်ားသည္...။
"ဟုတ္ကဲ့... ေက်းဇူးတင္ပါတယ္...။ အစ္ကိုက တကူးတကကို ကိုေက်ာ္ႀကီးကို လုပ္ခိုင္းေနတာပဲ...။"
ထိုအခ်ိန္မွာေတာ့ ကိုေက်ာ္ႀကီးက ရတုတို႔ဘက္ တစ္ခ်က္ၾကည့္လိုက္ၿပီးသည့္ေနာက္ ကြၽန္ေတာ့္ဘက္သို႔ တစ္ခ်က္ၾကည့္လာၿပီး...
"တကူးတက ကို ဒုကၡေပးတာပါကြာ...။ ဒါနဲ႕ မနက္ျဖန္ လာႀကိဳလိမ့္မယ္...။ ဆာလာအိတ္နဲ႕ လာႀကိဳမယ္တဲ့...။"
"ဘယ္လို...?"
"အိတ္ထဲ ထည့္ၿပီး ဆိုင္ကယ္ေနာက္က တုတ္ႏွောင္ၿပီး သယ္သြားမလို႔တဲ့...။ ဒါဆိုရင္ ဘယ္သူမွ ၾကည့္လို႔ ရမွာမဟုတ္ဘူးေလ... ဟားဟား...။ ဒါနဲ႕... သတင္းေတြ ၾကားပါတယ္... အရိုးေတြက်ိဳး-"
"အဲ... ကိုေက်ာ္ႀကီး... "
အနည္းငယ္ သူ႕စကားကို ပိတ္လိုက္သည့္ အခ်ိန္မွာေတာ့ ကိုေက်ာ္ႀကီးက ၿပဳံးရယ္ကာ သူ႕ပါးစပ္ကို ပိတ္လိုက္သည္... ။
"ဒါဆို သြားေတာ့မယ္... လိုအပ္တာရွိရင္ မွာၾကားလို႔ ရပါတယ္ဗ်...။ ဒါဆို ခြင့္ျပဳပါဦး... ဆရာသမားရဲ႕ တစ္လုတ္စာေလးေရ...။ ငဦးက ယူမယ့္ယူထားေတာ့လည္း တကယ္ကို... တကယ္ကို ဘယ္မွာေတြ႕ေတြ႕ ေကာက္ေပြ႕လို႔ ရမယ့္သူကို ယူထားတာပဲ...။ ဒါဆို က်ဳပ္ ျပန္ေတာ့မယ္... ဒီမွာ မန္ယူပြဲ ၾကည့္တုန္း အေျပးအလႊား လာရတာ... "
"ဟုတ္ကဲ့ပါ ကိုေက်ာ္ႀကီး... ဂ႐ုစိုက္ပါေနာ္...။"
"....ေအးေအး...."
ကိုေက်ာ္ႀကီးက သူ႕ဆိုင္ကယ္ေပၚ တက္ကာ စက္နိူးၿပီး ကြၽန္ေတာ့္ကို လက္ကို ျမႇောက္ကာ ႏူတ္ဆက္ၿပီး ျပန္ႏူတ္ဆက္ကာ ျပေလၿပီးသည့္ေနာက္ ဆိုင္ကယ္ကို ေမာင္းကာ ထြက္သြားေလၿပီ...။
ကိုေက်ာ္ႀကီး ထြက္သြားၿပီဆိုတာနဲ႕... ရတုဆိုသည့္ တစ္ေယာက္ကို မ်က္ႏွာကို တင္းမာစြာ ရွိၿပီးသည့္ေနာက္... အေဆာင္ထဲကိုသာ ဝင္သြားလိုက္မိသည္...။
အေဆာင္က အခန္းထဲကို ျပန္ေရာက္မိေတာ့ အစ္ကိုဖုန္းက အခုထက္ထိ မက်ေသးပါ...။
ကြၽန္ေတာ္လည္း အေမာတေကာျဖင့္ပင္ သြားၿပီးသည့္ေနာက္မွာေတာ့... အစ္ကို႔ဖုန္းကို ကိုင္လိုက္မိသည္...။
"အစ္ကို... ပ်ိဳးငယ္ နည္းနည္း ၾကာသြားတယ္ အစ္ကို... "
"အင္း... မနက္ျဖန္ ညေနဘက္ပဲ လာႀကိဳလိုက္မယ္...။ ေက်ာင္းေရွ႕လာခဲ့မယ္...။"
"ဟုတ္ကဲ့... အစ္ကိုက အိပ္ေတာ့မွာလား? မအိပ္ေသးရင္ ဖုန္းေျပာမယ္ေလ... "
"အင္း မင္းမရွိကတည္းက ငါ မအိပ္တာ ၾကာၿပီ... ပ်ိဳးငယ္..."
ေနာက္တစ္ေန႕...
ညေန ၅နာရီ...
အစ္ကိုက ကြၽန္ေတာ့္ကို ေက်ာင္းေရွ႕ထိ လာႀကိဳခဲ့ပါသည္...။ ကြၽန္ေတာ္လည္း ေက်ာင္းကအျပန္ တစ္ခါတည္းပဲ အစ္ကိုႏွင့္လိုက္ကာ အိမ္ကို ျပန္လာခဲ့မိသည္...။
အိမ္ကို ျပန္ေရာက္ေတာ့ အိမ္မွာ ရွိတဲ့ လူေတြအကုန္လုံးက ပ်ိဳးငယ္ကို လြမ္းေၾကာင္း ႏူတ္ဆက္ၾကသည္...။
"ပ်ိဳးငယ္ေလး... အိမ္ကို ခဏ ျပန္လာခဲ့တာလား?"
အစ္ကို႔ဆိုင္ကယ္ေပၚမွ ဆင္းဆင္းခ်င္းပင္ အိမ္မွာ ရွိေနသည့္ အလုပ္လာကူလုပ္သည့္ အစ္မမ်ားက ႏူတ္ဆက္ၾကသည္...။
"ဟုတ္တယ္... ေက်ာင္းက ႏွစ္ရက္ပိတ္လို႔ ျပန္လာတာ...။"
"ဟုတ္လား? ပ်ိဳးငယ္ကေတာ့ေနာ္... ဘယ္အခ်ိန္ၾကည့္ၾကည့္... ေခ်ာေမာလွပေနေသာ ပါပဲ...။ အဲ့ဒါေၾကာင့္လဲ ငဦးတို႔က အဲ-"
ကြၽန္ေတာ့္ကို စ ေနသည့္ အစ္မ်ားက ကြၽန္ေတာ့္ေနာက္မွ ဆိုင္ကယ္ကို အိမ္ေနာက္ဘက္မွ ေနရာတစ္ခုထဲ အက်အနထားၿပီး ထြက္လာသည့္ အစ္ကို႔ကို ျမင္ခ်ိန္မွာေတာ့ ေျပာစရာစကားမ်ား ရပ္တန့္၍... ။
ကြၽန္ေတာ္လည္း သူတို႔နဲ႕ပင္ ေကာင္းေကာင္း မေျပာနိုင္ေသးခင္မွာပင္ အစ္ကိုက ကြၽန္ေတာ့္ကို အိမ္ေပၚသို႔ ေခၚသြားတာမို႔... ကြၽန္ေတာ္လည္း ထိုအစ္မမ်ားကိုသာ ၿပဳံးၿပီး ႏူတ္ဆက္လိုက္မိသည္...။
အိမ္ေပၚကို တက္သြားသည့္ မိမိခ်စ္ရသူကို တစ္ခ်က္ၾကည့္လိုက္ၿပီးသည့္ေနာက္...
"ေမရီ... ကြၽန္ေတာ္ ျပန္ေတာ့မယ္ေနာ္..."
"ဘာျဖစ္လို႔လဲ ဆရာေလးရဲ႕... ေနပါဦး..။ ဟိုမွာ... ငဦးကေတာ့ ထုံးစံအတိုင္း... ေအာက္ကို ဆင္းလာေတာ့မွာ မဟုတ္ေတာ့ဘူး...။ ဆရာေလး ပ်ိဳးငယ္ေလးကို သိတယ္မလား?"
"အိမ္မွာ ကိစၥေလးေတြ ရွိလို႔ ကြၽန္ေတာ္ ျပန္ေတာ့မယ္... ေမရီ...။"
"ေၾသာ္... ေအး...။ ေမရီ လိုက္မပို႔ေတာ့ဘူးေနာ္...။"
"ဟုတ္ကဲ့... ေမရီ...။"
ေမရီအေျခေနကို လာၾကည့္ရင္း ေဆးကုေပးေနရင္းမွ ဒီေန႕ သူက ပ်ိဳးပင္ငယ္ဆိုတဲ့ သူ႕လူကို သြားေခၚတာတဲ့လား?
ခပ္သုတ္သုတ္ပင္ အိမ္ထဲက ထြက္လာမိသည္...။ ရင္တစ္ခုလုံး နာက်င္စုတ္ျပတ္သြားသည္က ေျခလွမ္းေတြေတာင္ ေယာင္ေယာင္မွားမွားပင္....။
အစ္ကိုက ကြၽန္ေတာ့္ကို အိမ္ေပၚသို႔ ေခၚလာေလၿပီ...။ ထို႔ေနာက္ ျပတင္းေပါက္ တစ္ခ်ိဳ႕ကို ပိတ္လ်က္...
"ပ်ိဳးငယ္...မင္း... လာခဲ့....."
ကြၽန္ေတာ့္လည္တိုင္ကို ခရီးေရာက္မစိုက္... ဖ်စ္ညွစ္ကာ ေျပာလာသည့္ အစ္ကိုက... ကြၽန္ေတာ္ႏွင့္အတူ အိပ္ရာေပၚသို႔ လဲၿပိဳ၍...။ အစ္ကို႔ပုံစံက အနည္းငယ္ စိတ္လႊတ္ေနဟန္မို႔ လည္ပင္းကို ဖ်စ္ညွစ္ထားသည့္ အစ္ကို႔လက္တစ္ဖက္ကို လက္ႏွစ္ဖက္လုံးျဖင့္ပင္ ဆုပ္ကိုင္ထားမိသည္....။
"အစ္...အစ္ကို..."
ည ၇နာရီ...
ကြၽန္ေတာ္လည္း ည၇နာရီ ထိုးကာနီးမွ အစ္ကို႔ဆီက လႊတ္ေျမာက္ခြင့္ရသည္...။ ဒါေတာင္ မလႊတ္ခ်င္ လႊတ္ခ်င္နဲ႕ သူ႕သူငယ္ခ်င္း ကိုေဝႀကီးတို႔ႏွင့္အတူ အလုပ္ကိစၥရွိလို႔ ကြၽန္ေတာ့္ကို လႊတ္ေပးတာပင္...။ ဒါကလဲ ခဏတာ လႊတ္ေျမာက္မႈ....။
အစ္ကိုက ကိုေဝႀကီးႏွင့္အတူ မနက္ေတာထဲ သြားဖို႔ ျပင္ဆင္ေနတာပင္...။ မနက္ေစာေစာသြားမွာမို႔ ႏြားစာကို ညဘက္ႀကီး စဥ္းေနတာပင္ ျဖစ္သည္...။
ကိုေဝႀကီးႏွင့္အတူ တကုပ္ကုပ္ အလုပ္ကို အားစိုက္ၿပီးသည့္ ေနာက္မွာေတာ့ ကိုေဝႀကီးက အိမ္ခဏျပန္သြားသည္...။
ထိုစဥ္မွာပင္ အစ္ကိုက ေရခ်ိဳးဖို႔ ျပင္ဆင္ေနဟန္ ရွိၿပီး ေရကန္ေဘာင္အနား သူ႕အက်ီ္ကို ခြၽတ္ကာ တင္ထားသည္...။ ထို႔ေနာက္ ေဆးလိပ္တစ္လိပ္ကို ေသာက္ေနဟန္ ရွိသည္...။
ကြၽန္ေတာ္လည္း မီးဖိုခန္းထဲ ဝင္ၿပီး အစ္ကို႔အတြက္ မနက္ျဖန္ ဟင္းခ်က္ေပးဖို႔ ႀကိဳးစားခ်ိန္မွာပင္ အစ္ကိုရွိရာကို ၾကည့္မိေတာ့ အစ္ကိုက ကြၽန္ေတာ့္ကို ေခါင္းညိမ့္ကာ ေခၚသည္....။
ထိုအခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း လုပ္လက္စ အလုပ္မ်ားကို ခ်န္ထားကာ... အစ္ကိုရွိရာသို႔...
အစ္ကိုက ကြၽန္ေတာ္မေရာက္ခင္ စီးကရက္တစ္လိပ္ကို ဖြာကာ လက္ၾကားထဲ ထိုးညွပ္လိုက္ၿပီးေနာက္... ကြၽန္ေတာ့္ကို ခပ္ဖြဖြ ေပြ႕ပိုက္ထားသည္...။
"ၾကည့္ပါဦး ဟိုႏွစ္ေယာက္...။ ပ်ိဳးငယ္ေလးကလည္း ဟိုကို ေက်ာင္းသြားတတ္ၿပီးတဲ့ အခ်ိန္မွ ငဦးကို ပိုခြၽဲလာသလိုပဲေနာ္...။ ၾကည့္ပါဦး... ငဦးကလည္း အဲ့ဒီကေလး ေျခေထာက္ေပါင္ပိုင္းေတြကို သူ႕လက္ေတြနဲ႕ ေဘာင္ခတ္ထားတာေနာ္...။"
"အမေလးကို ေျပာကို မေျပာခ်င္ဘူး...။ ေရာက္ကတည္းက နည္းနည္းမွကို အလြတ္မခံတာပါ...။ အခုလဲ ေရခ်ိဳးမယ္ လုပ္တာေတာင္ သူ႕ဟာေလးကို တစ္စက္မွ အေပ်ာက္မခံနိုင္ဘူး...။"
"ဟုတ္ပါ့ေနာ္ အရီးေလးရယ္...။ ငဦးက ေရခ်ိဳးမယ္ လုပ္ေနတာ ထင္တယ္...။ အက်ီ္ခြၽတ္နဲ႕ ထိုင္ေနတာ...။ ပ်ိဳးငယ္ ရွိေနတဲ့ မီးဖိုဘက္ကို လွမ္းၾကည့္ၿပီး လက္ယပ္ေခၚတာ...။ ဟိုက ေရာက္လာၿပီဆိုတာ မတ္တပ္ရပ္ၿပီး ရွိေနတဲ့ ပ်ိဳးငယ္ကို ျမင္လား... ငဦးက လက္ႏွစ္ဖက္ကို အခ်င္းခ်င္းကိုင္ၿပီး ထိုင္ေနတဲ့ ပုံစံနဲ႕...။ တကယ္ အဲ့ဒီအတြဲကို တစ္ေယာက္ေယာက္ မကယ္တင္နိုင္ေတာ့ဘူးလား?"
"ဟုတ္ပါ့ေအ... ေျပာကို မေျပာခ်င္ဘူး..."
သူတို႔ ဘာေျပာေျပာ... ပ်ိဳးငယ္ႏွင့္အတူ ရွိေနသည့္ ငဦးကေတာ့...
"ေအာက္မွာ ရႈပ္မေနနဲ႕... အိမ္ေပၚမွာပဲ သြားေန...။ ဒီက မင္းရွိေနရင္ အာ႐ုံစိုက္မရဘူး..."
အစ္ကို႔ရဲ႕ ၾသရွရွအသံက ကြၽန္ေတာ့္နားထဲ တိုးေဝွ႕လာခ်ိန္မွာေတာ့... ဘယ္လိုေျပာရမလဲ... ႏွလုံးခုန္သံမ်ားက ထိန္းမရ...။
ႏူတ္ခမ္းေမႊး ေရးေရး၊ မုတ္ဆိတ္ေမႊးေရးေရးႏွင့္အတူ အစ္ကို႔အၾကည့္စူးစူးမ်ားက ကြၽန္ေတာ္ ရင္မဆိုင္နိုင္သည္မို႔ အစ္ကိုနဲ႕အၾကည့္ခ်င္းမဆုံမိေတာင္ ေခါင္းကို ငုံ႕ထားမိသည္...။
ထိုအခ်ိန္မွာေတာ့ အစ္ကိုကေတာ့ ကြၽန္ေတာ့္ကို စူးစူးစိုက္စိုက္ျဖင့္ ေငးၾကည့္ေနၿပီး ႏူတ္ခမ္းေမႊးေမႊး ေရးေရး၊ မုတ္ဆိတ္ေမႊးေရးေရးနဲ႕ အစ္ကို႔အၿပဳံးမ်ားက လူကို သတ္ေနတာပင္....
"အ... အစ္ကို... ပ်ိဳးငယ္... အေပၚမွာပဲ သြား ေနလိုက္ေတာ့မယ္ေနာ္...။"
အစ္ကို႔အၾကည့္မ်ားကို ထပ္ၿပီး ရင္မဆိုင္နိုင္ေတာ့သည္မို႔ အစ္ကို႔ကို ေျပာလိုက္မိေတာ့... အစ္ကိုက အသာတၾကည္ျဖင့္ပင္ လႊတ္ေပးလာသည္...။ ထို႔ေနာက္ ေျပာလာသည့္ စကားက...
"... ပ်ိဳးငယ္... တစ္ေန႕ေန႕ေတာ့ မင္း ငါ့လက္ခ်က္နဲ႕ပဲ ေသမယ္ထင္တယ္...။"
႐ြာလယ္ေဆးခန္း...
ည၇နာရီ ၄၅မိနစ္...
~~
"ပ်ိဳးပင္ငယ္.. အိမ္ကို ေရာက္ေနတာ... မင္း သူ႕ကို မလိုက္ဘူးလား ရတု...။ မင္းပဲ သူ႕ကို ႀကိဳက္တယ္ဆို...။"
"......."
"ရတယ္... အခု သူ႕ဖုန္းနံပါတ္ေပးမယ္...။ သူ႕ကို ဖုန္းဆက္လိုက္...။ ၿပီးေတာ့ မင္းလည္း သူ႕ကို လြမ္းၿပီး သတိရေနတာမလား?"
"......"
"ရတယ္... ေခၚလိုက္...။ ၿပီးေတာ့... ကားတင္ၿပီးေတာ့ပဲ ျဖစ္ျဖစ္... ရေအာင္ယူ...။ ျဖစ္နိုင္ရင္ သူ႕ကို မင္း ျမန္ျမန္ရေအာင္ ႀကိဳးစား...။ သူ႕ဆံပင္ကို ပယ္နိုင္တဲ့သူက သူ႕ကို ပိုင္တာပဲ...။"
".........."
"ေအး... သူ႕ဖုန္းနံပါတ္က..."
"........"
"ေအး... ဆက္ျဖစ္ေအာင္ ဆက္ေနာ္...။"
"......."
"ေကာင္းၿပီ... ဒါဆို ဖုန္းခ်ေတာ့မယ္..."
ဖုန္းကို ခ်လိဳက္ၿပီးသည့္ေနာက္မွာေတာ့ တစ္အိမ္လုံးက သူ႕ကို ခ်စ္ၿပီး သည္းသည္းလႈပ္ေနသလို... မိမိခ်စ္ေနတဲ့သူကလည္း သူ႕တစ္ေယာက္တည္းပဲ ျမင္ေနသည္မို႔...။
စနက္တံကို ျဖဳတ္ေပးလိုက္မိေတာ့သည္...။
မိနစ္အနည္းငယ္ အၾကာ
ငဦးတို႔အိမ္...
မေႁခြခင္မွာပင္..ေႂကြခဲ့မိတဲ့
အခ်စ္ပန္းကေလးမ်ားကိုကြယ္...
ထာ၀စဥ္ခ်စ္မလား..မၾကာခင္ပစ္သြားမလား
အတူတူေနမယ္..တစ္သက္လုံးမခြဲဖို႔
ရည္မွန္းထားခဲ့ေပမယ့္
မေနခ်င္ရင္လည္း...မင္းရဲ႕သေဘာပဲကြယ္
ယူသြားဦးေပါ့ တို႔ရဲ႕အခ်စ္...
တို႔ဘ၀အားလုံးလိုရင္
ၾကည္ျဖဴစြာေပးလႉမယ္ တို႔သည္းဦး
အခ်စ္ဦးေလးမို႔ အ႐ူးအမူးပဲ
မင္းအလိုျပည့္ဖို႔ဆိုရင္..
လိုခ်င္ယူသြား မ်က္ရည္မ်ားလည္းယူ...
ယူ ငိုေစခ်င္သလား...မ်က္ရည္ကေလးမ်ားယူ...
သီခ်င္းေလး တေအးေအးေလးျဖင့္ ရွိေနသည့္ ပ်ိဳးငယ္...။
အရင္တုန္းကဆိုရင္ ေပါ့ေပါ့ပါးပါးျဖင့္ သူ႕ရွပ္ ပိတ္သားခ်ည္သား အက်ီ္မ်ားကိုသာ ဝတ္တဲ့ ကေလးေလးက အခုေတာ့ မိမိအေစာနက အိုက္လို႔ ခြၽတ္ထားခဲ့တဲ့ အက်ီ္ကို ေကာက္လွ်ိုကာ ဝတ္ထားတာပင္....။
အသံေလးက မ်က္ႏွာေလးျဖင့္ လိုက္ဖက္ကာ ရွိေနၿပီး ဒီေန႕ ျမင္ေနရသည့္ ပုံစံေလးက တစ္မ်ိဳးျဖင့္... ႏြားစားစင္းၿပီး ျပန္လာသည့္ အေပၚပိုင္း အဝတ္ဗလာျဖင့္ပင္ သူဟင္းခ်က္ေနသည့္ ေနရာသို႔...။
သူကေတာ့ ျပင္ဆင္ကာ ဗူးသီးတစ္လုံးကို ေသခ်ာေလး ခြဲထုတ္ေနသည့္ သူ႕လက္ေပၚမွ ထပ္အုပ္ကိုင္ကာ သူ႕ခါးသြယ္သြယ္ေလးကို က်န္တစ္ဖက္မွ ဖက္ထားမိသည္...။
သူကေတာ့ ႐ုတ္တရက္ လန့္သြားၿပီး ေပြ႕ဖက္ကာ ရွိေနသည့္ မိမိ့ဘက္သို႔ လွည့္ကာ ၾကည့္လာေတာ့...
"အစ္ကို.."
ခဏတစ္ျဖဳတ္ ၾကည့္ၿပီး သူ႕အၾကည့္တို႔က ျပန္လႊဲသြားတာမို႔...။
"ဘာျဖစ္လို႔လဲ? "
အစ္ကို႔ခႏၶာကိုယ္က ေခြၽးစအနည္းငယ္ ကပ္ညွိေနၿပီး အစ္ကို႔ပုံစံက ဆြဲေဆာင္မႈ ရွိေနတာထက္ ပိုသည္မို႔...
အထူးသျဖင့္ ဒီလိုပုံစံက တစ္ခ်ိဳ႕ေနရာမွာ အမ်ားဆုံး ေတြ႕ရသည္မို႔ အေတြးထဲ ဝင္ေရာက္လာၿပီး မ်က္ႏွာပူထူသြားတာမို႔ အၾကည့္တို႔ လႊဲမိေတာ့ အစ္ကိုက ခ်က္ခ်င္းဆိုသလို သူ႕ရဲ႕ Deep voice(ၾသရွရွ) အသံျဖင့္ ေျပာလာၿပီးသည့္ေနာက္မွာေတာ့ ကြၽန္ေတာ့္ေျခဖ်ားတို႔ ကုပ္သြားရသည့္အထိ...။
"အက်ီ္က...ဝတ္ထားမွာလား?..."
အစ္ကို႔အသံ... အစ္ကို႔အၾကည့္ႏွင့္ အစ္ကို႔အမူအရာမ်ားက ပ်ိဳးငယ္ ႏွလုံးရပ္စရာမို႔...
"ဟို... အစ္ကို ထမင္းစားေတာ့မလား? ေရခ်ိဳးေတာ့မလား? ဘာလိုခ်င္လို႔လဲဟင္?"
ထိုအခ်ိန္မွာေတာ့ အစ္ကိုက ခါးကို ဖ်စ္ညွစ္ကာ ကြၽန္ေတာ့္ နားအနား ကပ္ကာ ေျပာလာသည္က...
"A child"
ထိုအသံႏွင့္အတူ သူ႕ႏူတ္ခမ္းေမႊး၊ မုတ္ဆိပ္ေမႊးမ်ားက အနည္းငယ္ ကြၽန္ေတာ့္နား႐ြက္ဖ်ားျဖင့္ ပြတ္ရွသြားခ်ိန္မွာေတာ့ ကြၽန္ေတာ္ မတ္တပ္ရပ္ဖို႔ေတာင္ အနိုင္နိုင္ပင္...။
ထိုအခ်ိန္မွာပင္ စားပြဲေပၚမွ ခ်ထားသည့္ ကြၽန္ေတာ့္ဖုန္းက ျမည္လာခ်ိန္မွာေတာ့...
"...ပ်ိဳးငယ္... "
ဖုန္းလာသည္ကို အစ္ကိုက ေမးထိုးကာ ျပေလေတာ့ ကြၽန္ေတာ့္အနားမွ အစ္ကို႔သြားဖို႔ နည္းလမ္းက...
"ဟုတ္ကဲ့... အစ္ကို ကိုင္လိုက္ေနာ္... ပ်ိဳးငယ္ မအားလို႔...။"
ထိုအခ်ိန္မွာေတာ့ အစ္ကိုက စားပြဲေပၚမွ ကြၽန္ေတာ့္ဖုန္းကို ယူကာ ဖုန္းကိုင္လိုက္သည္...။
"ဟယ္လို... ပ်ိဳး...။ ပ်ိဳးလား... ကြၽန္ေတာ္ ရတုပါ...။"
Monday:January:2024:1:23:13PM
ေပါ့ေနရင္လည္း ျဖည့္ဖတ္ေပးပါဗ်... ။ ေနာက္ပိုင္း ဒီ့ထက္ပိုေလးပါ့မယ္... စိတ္ခ်ပါ...။