The Challenge of Love
Part (21)
🎵အဖြူကတစ်မျိုး အနီကတစ်မျိုး🎵
🎵ရေစိုပျိုမေတွေအလှကတိုး ဒီမဏ္ဍပ်ကအလှဆုံး🎵
🎵ဘယ်လိုများရွေးရမှာတုန်း🎵
🎵 "အပြာရောင်လေး....အဝါရောင်လေး....
ဟိုဒီ အပြိုင်အဆိုင် ဒီလို အလှတော့ငေး
ဒီမဏ္ဍပ်ကအလှဆုံး.....ဘယ်သူလဲပြောကြပါဦး"🎵
အင်းယားကန်ဘက်က ဦးညီထွဋ်ရဲ့မဏ္ဍပ်ရှေ့မှာကားနေရာရအောင် နေ့လည်စာစတုဒီသာဝင်စားပြီးကတည်းကလာနေရာယူထားတာဖြစ်သည်။
အခုတော့မဏ္ဍပ်ပေါ်က ကိုရန်ကြီးတို့Idolကြီး ဦးညီထွဋ်ရဲ့ဖျော်ဖြေမှုနဲ့အတူ ဖြူနီပြာဝါ သင်္ကြန်သီချင်းကို ကားပေါ်ကနေ မူးမူးရူးရူးနဲ့ကိုကြီးတို့အော်ပြီးလိုက်ဆိုနေကြသည်။
သီချင်းကစီးချက်ညီညီနဲ့ကကောင်းတော့ တွယ်တာ၊ ပန်းနုနှင့်လဝန်းတို့ကဟိုဘက်ယိမ်းလိုက်ဒီဘက်ယိမ်းလိုက်နှင့်လိုက်ကကြသည်။
တွယ်တာကကိုရန်ကြီးရဲ့စကားကိုနားထောင်ပြီးသူ့ဂျာကင်ကြီးကိုမချွတ်ဘဲဝတ်ထားတဲ့အခါ ကိုရန်ကြီးကတော့ရေတွေထဲမှာစွပ်ကျယ်တစ်ထည်တည်းနှင့်ချမ်းနေမလားတော့မသိပါ။
ရန်ကြီးအောင်ကတွယ်တာ့နောက်မှာရှိနေပေမဲ့ လွတ်လွတ်လပ်လပ်ကလို့ရအောင်တွယ်တာ့ကိုလွှတ်ပေးထားပြီး သူကနောက်ကခိုင်မြဲတို့ထူးမြတ်လင်းတို့နဲ့ အတူသီချင်းတွေလိုက်ဆိုနေသည်။
သူတို့၃ယောက်လုံးကဒီမဏ္ဍပ်မှာအပြတ်ကဲမယ်လုပ်ထားကြတော့ တကယ်လည်းရှယ်ကဲနေကြသည်။
ဒါပေမဲ့ မမှောင်ခင်ခပ်စောစောကတည်းကတွယ်တာတို့ကားကအရင်ပြန်လှည့်ခဲ့ဖြစ်ကြ၏။ တွယ်တာတို့ဒီညမန္တလေးတက်မှာဖြစ်လို့ညနေပိုင်းကိုခဏပဲနေပြီးအိမ်သို့ပြန်လာကြဖို့သဘောတူထားကြသည်။
"ကိုရန်ကြီး ချမ်းနေလား"
အပြန်ရောက်တော့လမ်းကရေစိုလိုက်ခြောက်လိုက်ဖြစ်တော့ လေတိုက်တာနဲ့တွယ်တာ့လိုဂျာကင်ကြီးနဲ့လူတောင်အေးနေသဖြင့် စွပ်ကျယ်နဲ့ကိုရန်ကြီးအားချမ်းနေမလားစိတ်ပူစွာဖြင့်တွယ်တာကနောက်ကကိုရန်ကြီးအားလှည့်မေးလိုက်သည်။
ကိုရန်ကြီးကလေသံတွေနဲ့မကြားရလို့တွယ်တာ့အနားငုံ့လာပြီးဘာပြောတာလဲသေချာနားထောင်တော့တွယ်တာကထပ်မေးလိုက်သည်။
"ကိုရန်ကြီး ချမ်းနေလားလို့"
တွယ်တာကလည်းခြေဖျားထောက်ပြီး ရန်ကြီးနားနားသို့ကပ်ပြောလိုက်သည်။
"သြော်....မချမ်းဘူး ဘီယာသောက်ထားတော့ ချမ်းမှန်းမသိဘူး"
တွယ်တာကခေါင်းညိတ်ရင်း နောက်သို့လှမ်းကြည့်တဲ့အခါ အစ်ကိုလုပ်သူကကားနောက်ဆုံးမှာငုပ်တုပ်ကြီးမူးနေတာကိုမြင်ရသည်။
ရန်ကြီးကတွယ်တာကြည့်နေတဲ့ဆီကိုလှည့်ကြည့်ပြီး
"အဲ့ဒီကောင်ကနှစ်တိုင်းဒီလိုပဲ အပြန်ဆိုကားပေါ်မှာမှောက်ပြီ အိမ်ရောက်လို့တစ်ရေးအိပ်လိုက်ရင်ကောင်းသွားလိမ့်မယ်"
တွယ်တာ့ကိုစိတ်မပူအောင်ပြောပြသည်။
"မန္တလေးတက်မယ့်ဟာကို နေမကောင်းဖြစ်နေဦးမယ်"
"ဘာမှမဖြစ်ဘူး မန္တလေးသွားမှာမို့ဒီကောင်ဒီနှစ်လျော့သောက်ထားတာ"
"ဟင်...အဲ့တာတောင်လျော့သောက်ထားသေးတာလား"
"ဟုတ်တယ်လေ...ခါတိုင်းဆိုဒီလိုထိုင်တောင်မထိုင်နိုင်ဘူး"
"အရက်သမားကိုအစ်ကိုတော်ထားရတာပဲ"
တွယ်တာတော့ သူ့အစ်ကိုမူးနေပုံကြည့်ပြီးခေါင်းခါရမ်းလိုက်သည်။
ဟန်းစတားရေမွှန်းထားသလိုပဲ။
အသားလေးဖြူနေလို့ပေါ့ မဟုတ်ရင် ကြွက်စုပ်ရေမွှန်းထားတဲ့အတိုင်းပဲ။
ခိုင်မြဲပုံစံကိုကြည့်ပြီး စိတ်ထဲကနေဝေဖန်နေသည်။
ကားရအပြန်ရောက်တော့လည်း တွယ်တာတို့အိမ်ကိုအရင်ပြန်ပို့သည်။ ကားပေါ်ကဆင်းတော့ တွယ်တာကဂျာကင်အင်္ကျီကိုချွတ်ပြီး ရန်ကြီးကိုပြန်ပေးလိုက်သည်။
"တရုတ်ကြီး မင်းအသားကုန်မှောက်မနေနဲ့နော် ၆နာရီအရောက်ငါ့အိမ်လာရမှာ"
ထူးမြတ်လင်းကကားပေါ်ကနေခေါင်းငိုက်စိုက်နဲ့အိမ်ထဲဝင်သွားသောခိုင်မြဲအားလှမ်းအော်ပြီးမှာနေပေမဲ့ခိုင်မြဲကတော့ပြန်တောင်အဖြေနိုင်ဘဲအိမ်ထဲဝင်သွားတော့သည်။
"တွယ်တာ မင်းအစ်ကိုကိုနှိုးလိုက်ဦးနော် အဲ့ဒီကောင်ကမူးနေရင်အသေအိပ်တာ အချိန်မီမရောက်ရင်မင်းတို့မောင်နှမကျန်ရစ်မယ်"
"ဟုတ်ကဲ့ပါ တွယ်တာနှိုးလိုက်ပါ့မယ် တာ့တာ"
တွယ်တာက ကားပေါ်ကသူငယ်ချင်းများနှင့်ကိုရန်ကြီးကိုတာ့တာပြပြီးအိမ်ထဲသို့ဝင်လာခဲ့လိုက်သည်။
တွယ်တာအိမ်အပေါ်ထပ်သို့တန်းတက်လာပြီး အစ်ကိုလုပ်သူရဲ့အခန်းကိုတစ်ချက်ဖွင့်ကြည့်တော့ ခိုင်မြဲသည်သူ့အဝတ်အစိုတွေကိုပုဆိုးတစ်ထည်နှင့်စွပ်ကျယ်ဖြင့်လဲဝတ်ထားပြီး အိပ်ယာပေါ်မှာမှောက်လျှက်အိပ်နေပြီဖြစ်သည်။
တော်သေးတယ်အဝတ်အစားတော့လဲနိုင်သေးလို့။
တွယ်တာလည်းသူမအခန်းထဲသူမဝင်လာပြီး
ပေါ့ပါးမယ့်စပန့်ဂါဝန်တစ်ထည်နဲ့လဲဝတ်ကာ
ရေစိုဝတ်တွေကိုရေချိုးခန်းထဲမှာရေညှစ်၍နောက်ဖေးဝရန်တာမှာသွားလှမ်းလိုက်သည်။
ပြီးနောက်လိမ်းထားတဲ့မိတ်ကပ်တွေကိုမျက်နှာသစ်လိုက်၍ ရေစိုနေတဲ့ဆံပင်တွေကိုတံဘက်ဖြင့်သုတ်ပြီးDryerနှင့်မှုတ်လိုက်သည်။
ဆံပင်တွေခြောက်သွားတော့ မနေ့ကတည်းကအပြီးအစီးထည့်ထားသော မန္တလေးယူမယ့်အဝတ်အိတ်ထဲသို့ပစ္စည်းအချို့ပြန်စစ်ဆေးသည်။
အားလုံးအဆင်သင့်ဖြစ်တာသေချာပြီဆိုတော့မှအိပ်ယာပေါ်သို့လှဲချလိုက်ပြီး ၅နာရီခွဲကိုAlarm ပေးကာတစ်ရေးအိပ်လိုက်ပါသည်။
*
*
တွယ်တာ့ ဖုန်းက Alarm မြည်တော့ တွယ်တာချက်ချင်းထထိုင်လိုက်၏။ ခါတိုင်းဆို ဘာ Alarmမြည်မြည်ပြန်အိပ်တတ်တဲ့အကျင့်ရှိပေမဲ့ အခုတော့စိတ်မန္တလေးရောက်နေပြီမို့လို့ ချက်ချင်းထသည်။
နိုးနိုးချင်းအရင်ဆုံးအစ်ကိုလုပ်သူကိုသွားနှိုးဖို့အကြံရသည်။ တွယ်တာတို့အမျိုးကအအိပ်မက်တဲ့အမျိုးဖြစ်တာမို့ ကိုကြီးကလည်းအိပ်နေရင်ဆင်အော်လို့တောင်နိုးတာမဟုတ်။
အခုလည်းနာရီဝက်လောက်ကြိုနှိုးမှအဆင်ပြေမှာမို့ ခိုင်မြဲအခန်းတံခါးကိုသွားခေါက်သည်။
ဒေါက်....ဒေါက်...
"ကိုကြီး....ကိုကြီး..."
တွယ်တာက အော်ခေါ်ရင်းအခန်းထဲဝင်လာတော့ထင်တဲ့အတိုင်းအိပ်ယာပေါ်မှာမှောက်လျက်ကြီးကုလားသေကုလားမောအိပ်နေတာကိုတွေ့ရသည်။
"ကိုကြီး ထ...ထတော့...သမီးတို့နောက်ကျရင် ကိုငထူးကထားခဲ့မှာတဲ့ ထတော့!"
တွယ်တာက ဘေးကနေမတ်တပ်ရပ်ပြီးအော်နှိုးသည်။ ဒါပေမဲ့ခိုင်မြဲကအဲ့သလောက်နဲ့နိုးမှာမဟုတ်။ မူးနေတော့ပိုလို့တောင်နှိုးရခက်ဦးမည်။
တွယ်တာလည်း မွေ့ယာကြီးကိုလှုပ်ပြီး ထပ်နှိုးသည်။
"ကိုကြီးလို့...ထ..ထ..!"
"အင်း...အင်း..."
ခိုင်မြဲကအနည်းငယ်လွန့်လူးရုံသာရှိတာမို့ တွယ်တာလည်းစိတ်မရှည်တာနဲ့သက်ပြင်းတစ်ချက်ချပြီး သူအိပ်နေတဲ့ခေါင်းအုံးကြီးကိုဆွဲစောင့်ပစ်လိုက်သည်။
"ထတော့လို့ ကိုကြီး ပြောနေတာကြားလား"
တွယ်တာက ခေါင်းအုံးနဲ့ရိုက်ဖို့ရွယ်လိုက်တော့မှ ခေါင်းထောင်လာတော့သည်။
"ဘာလဲဟ....ဇွတ်လာနှိုးနေတာ!"
"နံစော်လို့အရက်စော်တွေကလည်း ၆နာရီအရောက်လာခိုင်းတာလေ ကိုငထူးက အခု၅နာရီခွဲနေပြီ လုပ်မြန်မြန် !"
"နင်သာအရင်သွားလုပ်စရာရှိတာလုပ် ငါက မြန်တယ်"
"သမီးက အဝတ်စားလဲရုံပဲ ကိုကြီးသာ မူးနေလို့မထမှာစိုးလို့အရင်လာနှိုးတာ ယူမယ့်ပစ္စည်းတွေထည့်!"
"အဲ့လောက်မလိုပါဘူး လိုအပ်ရင်ဟိုရောက်မှဝယ်လည်းရတယ် "
"အဲ့ဆိုထ ပြီး သွားလေးဘာလေးတိုက်ဦး သမီးအဝတ်စားလဲပြီးရင်အောက်ကနေစောင့်မယ် "
"သွားသွား ငါဆင်းခဲ့မယ် "
တွယ်တာထွက်သွားတော့ ခိုင်မြဲကအိပ်ယာပေါ်မှာ ငုပ်တုပ်ထိုင်နေရင်းခေါင်းနည်းနည်းကိုက်နေတော့နားထင်ကိုနှိပ်နေရသည်။
အိပ်ယာပေါ်မှာပစ်ချထားတဲ့ ဖုန်းထဲကနာရီကိုတစ်ချက်ဖွင့်ကြည့်တော့၅နာရီခွဲပြီး၁၀မိနစ်ဖြစ်တာနဲ့ခိုင်မြဲလည်းအိပ်ယာပေါ်ကဆင်းပြီး ရေချိုးခန်းထဲမှာသွားတိုက်လိုက်သည်။
ပြီးတော့မနေ့ညကထည့်ထားတဲ့အဝတ်ထုပ်ကိုပြန်မစစ်ဘဲဇစ်ပိတ်ပြီးအိပ်ယာပေါ်ပစ်တင်လိုက်၏။
နောက်တော့စွပ်ကျယ်ကိုချွတ်ပြီး ဗီရိုထဲကမျက်လုံးနဲ့တန်းတန်းမှာရှိနေတဲ့တီရှပ်တစ်ထည်ကို ယူဝတ်လိုက်၏။ ဝတ်ထားတဲ့ပုဆိုးကိုလည်းလက်နဲ့တည့်တဲ့ဘောင်းဘီတစ်ထည်နှင့်ယူပြီးလဲဝတ်လိုက်သည်။
တစ်ညလုံးကားပေါ်မှာပဲအချိန်ကုန်မှာဖြစ်ပြီးလိုက်မယ့်လူတွေကလည်းအိမ်ကညီမနဲ့အပေါင်းအပါ၂ယောက်ရယ်ဟို၂ကောင်ရယ်ဆိုတော့ ဘာဖက်ရှင်မှကျွေးစရာမလို။ အဆင်ပြေသလိုပဲဝတ်လာလိုက်သည်။
ခိုင်မြဲက သူငယ်ချင်းချင်း၃ယောက်တည်းမှာဆံပင်အရှည်ဆုံးတစ်ယောက်ဖြစ်သည်။ မျက်စိရှေ့သို့အုပ်ကျနေတဲ့ဆံပင်တွေကိုလက်ဖြင့်လှန်သပ်လိုက်ပြီး အထုပ်ကိုကိုင်ဆွဲ၍ အောက်သို့ဆင်းလာတော့ တွယ်တာ့ကိုမတွေ့။
"ထင်သားပဲ ငါ့ကိုသာလာဇွတ်လာနှိုးနေတာ သူကမပြီးသေးဘူး တွယ်တာ ...."
"လာပြီ...လာပြီ! "
တွယ်တာက တစ်ကိုင်းကြိုးအဖြူရောင်ခရော့တော့လေးအပေါ်ကနေအပြာနုရောင်ရှပ်အင်္ကျီအပါးလေးထပ်ဝတ်ထားပြီး ဘောင်းဘီစကပ်ခပ်ပွပွကိုဝတ်ထားလျှက် ဆံပင်ရှည်တွေကိုမြှောက်စည်းထားကာ သူမရဲ့အိတ်ကိုကိုင်ပြီးလှေကားကနေဆင်းလာသည်။
"ဘာတွေများအလှပြင်နေတာလဲ ညကြီးသွားမှာမှောင်မဲလို့နင့်ဘယ်သူမှမကြည့်ဘူး"
"ဟင်...ကိုကြီးဝတ်ထားတာလဲကြည့်ဦး အပေါ်တစ်ရောင်အောက်တစ်ရောင်နဲ့ ညကြီးဘဲနေနေဘာနေနေခရီးသွားမယ့်ကိစ္စနည်းနည်းပါးပါးကြည့်ကောင်းအောင်တော့ဝတ်ဦးမှပေါ့"
ခိုင်မြဲလည်း ညီမလုပ်သူကဆရာလုပ်တာကိုပြန်ခံနေရတာမို့ကိုယ်ဝတ်ထားတာကိုယ်ပြန်ငုံ့ကြည့်တော့လည်း မနှစ်သင်္ကြန်တုန်းက ဝတ်တဲ့မော်ဒယ်စိမ်းရောင်တောက်တောက်တီရှပ်နှင့် နေဗီပြာရောင်စတိုင်ပန်နှင့်ဖြစ်သည်။
အင်း...သူပြောလဲပြောချင်စရာဆိုပေမဲ့...အလျော့တော့မပေး။
"ဘာဖြစ်လဲ ငါ့ကဲ့ရဲ့မယ့်သူကနင်ပဲရှိတာ လာလာသွားမယ်"
ခိုင်မြဲက ခြံထဲထွက်သွားတော့တွယ်တာလည်းနောက်ကလိုက်လာသည်။
ခိုင်မြဲက ကားထုတ်ရင်းနဲ့တွယ်တာ့ကိုလှမ်းအော်ပြောသည်။
"တွယ်တာ...မိန်းချခဲ့နော် တံခါးသေချာပိတ်"
"အင်းမိန်းချလိုက်ပြီ အခု "
တွယ်တာ အိမ်တံခါးပေါက်နားမှာရှိတဲ့ တစ်အိမ်လုံးရဲ့မိန်းကိုချလိုက်ပြီး အပြင်ရောက်တော့တံခါးကိုလည်းသော့ဖြင့်သေချာခပ်လိုက်သည်။
ခိုင်မြဲကကားကိုခြံရှေ့အထိထုတ်လိုက်တော့တွယ်တာက ခြံရှေ့အထိခြေလျင်လိုက်လာရသည်။ ခြံရှေ့ရောက်တော့ခြံတံခါးကိုလည်းတွယ်တာပဲသော့ခက်ရသည်။ ဒါကိုခိုင်မြဲကစိတ်မချလို့ဆိုပြီးတွယ်တာကားပေါ်ရောက်မှတစ်ခါဆင်းကြည့်နေသေးသည်။
နာရီကြည့်တော့ 6 နာရီအတိရှိနေပြီမို့ တွယ်တာကမြန်မြန်သွားဖို့ခိုင်မြဲအားတိုက်တွန်း၏။ ခိုင်မြဲကမအိပ်ခင်ကတော့မူးနေပေမဲ့အခုတော့ ညီမလုပ်သူ၏မြည်တွန်တောက်တီးမှုဖြင့်အမူးလည်းပြေပြီးအိပ်လည်းမအိပ်ချင်တော့ပါ။
ထူးမြတ်လင်းတို့အိမ်ရောက်တော့ လူစုံနေပြီဖြစ်သည်။ ထူးမြတ်လင်းနဲ့ရန်ကြီးအောင်က ကားနောက်ဖုံးကိုဖွင့်ပြီးသူတို့အိတ်တွေနဲ့လဝန်းတို့၂ယောက်အိတ်တွေကိုထည့်နေကြသည်။
ခိုင်မြဲရဲ့လမိုဂနီကားကြီးအားရန်ကြီးရဲ့ကားနောက်မှာထိုးရပ်လိုက်ပြီးနောက်တွယ်တာကအရင်ဆင်းလာပြီးရန်ကြီးအနားပြေးသည်။
အာရာဖက်ကားကြီးကိုလည်းစက်နှိုးထားပြီးသားဖြစ်လို့အားလုံးကသူတို့မောင်နှမ၂ယောက် ကိုစောင့်နေကြတာဆိုတာသိသာသည်။
ပန်းနုနဲ့လဝန်းက လက်ချင်းချိတ်ပြီးထူးမြတ်လင်းအိမ်ထဲကထွက်လာ၏။ ကြည့်ရတာသူတို့၂ယောက် Tolietသွားပုံရသည်။
"ရောက်နေပြီလားတွယ်တာက ကိုတရုတ်ကြီးရော"
ပန်းနုက တွယ်တာ့ကိုမြင်မြင်ချင်းခိုင်မြဲကိုမေး၏။
ထိုစဥ်ခိုင်မြဲကသူ့အိတ်နဲ့တွယ်တာ့အိတ်၂ခုလုံးကိုသယ်ကာရန်ကြီးတို့အနားရောက်လာသည်။
ရန်ကြီးကခိုင်မြဲပုံစံကိုကြည့်ပြီးခပ်ဖွဖွရယ်ရင်းပြောသည်။
"တရုတ်ကြီးမင်းဖက်ရှင်ကဘယ်လိုဖြစ်တာလဲ ညကြီးသန်းခေါင်ပါသင်္ကြန်လည်ဖို့စိတ်ကူးနေတာလား "
"ဟ...အေး...မင်းအင်္ကျီက ရောင်ပြန်မလိုဘူး အခုကိုတစ်ယောက်တည်းကွက်လင်းနေပြီ မင်းကားခေါင်မိုးပေါ်ကလိုက်ပါ့လား အချက်ပြမီးမလိုတော့ဘူးမင်းပါရင်ရပြီ"
ထူးမြတ်လင်းကပါခိုင်မြဲလက်ထဲကအိတ်တွေကိုကားနောက်ဖုံးထဲသေချာစီထည့်၍အဖုံးပိတ်လိုက်ရင်းနောက်နေသည်။
"ဒီတိုင်းလက်နဲ့တည့်တာယူဝတ်လာတာ မေဘေးတွေရေ ငါ့ညီမတစ်ယောက်ပဲငါ့ကဲ့ရဲ့မယ့်ထင်နေတာမင်းတို့ကပိုဆိုးနေပြီ"
"ကိုကြီးကိုပြောသားပဲ အိမ်ကတည်းက"
တွယ်တာက လဝန်းတို့နဲ့အတူ ဘေးမှာသွားရပ်နေရင်းနဲ့နာမည်ကောင်းဝင်ယူသည်။
ရန်ကြီးတို့တွယ်တာ့ကိုလှမ်းကြည့်လိုက်တော့ တွယ်တာကသူ့အစ်ကိုနဲ့တခြားစီလှပကျော့ရှင်းပြီးခရီးသွားဖက်ရှင်ကလည်းမရိုးမဆန်းလေးနဲ့ကြည့်ကောင်းနေသည်။
"ညီမက ပဲများသလောက် အစ်ကိုလုပ်တဲ့ကောင်ကပြီးသလွယ်နော်"
ထူးမြတ်လင်းက ထပ်စတော့ခိုင်မြဲလည်းဘာမှမပြောတော့ပေ။
"ငါတို့ကြာနေလိမ့်မယ် လူစုံနေပြီသွားကြစို့လေစောစောရောက်တော့စောစောနားရတာပေါ့"
ရန်ကြီးအောင်က နာရီကြည့်ရင်းသွားကြဖို့တိုက်တွန်းလာသည်။
"အေးသွားတာပေါ့ ရန်ကုန်ကအထွက်တော့ငါမောင်းခဲ့မယ်လေ ပြီးမှမင်းနဲ့တရုတ်ကြီးတစ်လှည့်လဲလိုက် "
"အေးရတယ်လေ တရုတ်ကြီး မင်းနောက်မှာထိုင်လိုက်လေ အိပ်ရေးမဝသေးဘူးမလား"
"အေးရပါတယ် သိပ်မအိပ်ချင်သေးပါဘူး ဒါပေမဲ့အိပ်မှာ မိတ္ထီလာဟိုဘက်ကျမှငါမောင်းမယ် "
Driver ခေါ်မထားသောကြောင့် သူငယ်ချင်း၃ယောက်တစ်ယောက်တစ်လှည့်မောင်းကြဖို့ တာဝန်ခွဲယူနေကြသည်။
ခိုင်မြဲကပြောပြီး Driver seat နောက်ကခုံမှာဝင်ထိုင်လိုက်သည်။
"ဟိုကလေးမ၃ယောက်ထဲကတစ်ယောက်က ရှေ့မှာလာထိုင် ကျန်တဲ့၂ယောက်နောက်ဆုံးမှာထိုင် "
ထူးမြတ်လင်းက တစ်ခါတည်းနေရာပါစီစဥ်ပေးနေသည်။
"ငါထိုင်လည်းရပါတယ်"
ရန်ကြီးက ပြောလာတော့ထူးမြတ်လင်းကခေါင်းရမ်းသည်။
"မထိုင်နဲ့ မင်းကအေးဆေးခဏအိပ်လိုက် နောက်အလှည့်ကျရင်မင်းမောင်းရမှာအဲ့ကျမှငိုက်နေလို့မရဘူး"
"လဝန်းသွားထိုင်လိုက်လေအဲ့တာဆို "
တွယ်တာကလဝန်းအားသူ့အစ်ကိုဘေးမှာထိုင်ရန်ပြောတော့လဝန်းလည်းခေါင်းညိတ်လိုက်သည်။
"နင်ကလည်းငါ့ဘေးမှာထိုင်ပြီးငိုက်မနေနဲ့နော်စကားလေးဘာလေးပြောပြီးလမ်းကိုကြည့်ပေး"
"ဟုတ်ကဲ့ပါကိုထူးကလည်း"
အားလုံးကားပေါ်မှာနေရာယူပြီးကြတော့ ကားမောင်းတာကထူးမြတ်လင်းဖြစ်သည်။ သူ့ဘေးကလဝန်းဖြစ်ပြီး Driver seat ရဲ့အနောက်က၂ခုံမှာရန်ကြီးနဲ့ခိုင်မြဲတို့ထိုင်ကြသည်။ ရန်ကြီးရဲ့နောက်မှာတော့တွယ်တာထိုင်ပြီးခိုင်မြဲရဲ့နောက်မှာတော့ပန်းနုကထိုင်သည်။
ရန်ကုန်ကနေအထွက်တော့ ညနေဘက်၇နာရီပဲရှိသေးလို့ခိုင်မြဲကလွဲပြီးကျန်တဲ့သူတွေမအိပ်ကြပဲနေ့လည်ကသင်္ကြန်မဏ္ဍပ်ရှေ့မှာကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်များကို ပြန်ပြောပြီးရယ်နေကြသည်။
စကားပြောလာရင်းတစ်နာရီလောက်နေတော့ပန်းနုကအိပ်ပျော်သွားသည်။ ရန်ကြီးကလည်းမျက်လုံးမှိတ်ပြီးငြိမ်နေတာနဲ့လေပေါတဲ့တွယ်တာပါတိတ်တိတ်လေးနေလိုက်ရ၏။ လဝန်းကတော့သူ့အစ်ကိုမှာတဲ့အတိုင်းဘေးကနေစကားပြောပေးနေသည်။
သူတို့မိသားစုအကြောင်းတွေပြောနေကြတာမို့တွယ်တာလည်းသိပ်စိတ်မဝင်စားတာနဲ့ခဏလောက်အိပ်လိုက်တော့သည်။ ကိုရန်ကြီးမောင်းရင်သူကဘေးမှာထိုင်မှာဆိုတော့အဲ့ဒီအချိန်မှအိပ်ငိုက်နေလို့မဖြစ်။
နေ့လည်ကရေပက်ခံထွက်ပြီးလည်ထား၍ညကျကားစီးမနက်ကျမန္တလေးမှာထပ်လည်ဦးမှာဆိုတော့လူကတော့ပင်ပန်းသည်။ ထို့ကြောင့်လည်းခါတိုင်းခရီးသွားရင်ဘယ်လောက်ညနက်နက်မအိပ်ဘဲစကားပြောလေ့ရှိပြီးသီချင်းတွေဆိုကြဖွင့်ကြလေ့ရှိပေမဲ့အခုတော့ရရင်ရတဲ့အချိန်ကိုအကျိုးရှိရှိအိပ်ကြလေသည်။
2 နာရီ လောက် ဆက်တိုက် ထူးမြတ်လင်းကဓာတ်ဆီဆိုင်မှာခဏနားလိုက်သည်။ Toliet သွားသူကသွား ရေသန့်ဘူးနှင့်မုန့်နှင့်ဝယ်သူကဝယ် လမ်းလျှောက်သူကလျှောက်နဲ့၁၅မိနစ်လောက်နေတော့ ကားပြန်ထွက်ကြဖို့စီစဥ်သည်။
ဒီတစ်ခါရန်ကြီးမောင်းအလှည့်ဆိုတော့သေချာပေါက်တွယ်တာဘေးကနေလိုက်မယ်ဆိုတာ ပန်းနုနှင့်လဝန်းမပြောနဲ့ထူးမြတ်လင်းတောင်သိသည်။
တွယ်တာကဓာတ်ဆီဆိုင်နဲ့တွဲဖွင့်ထားတဲ့Storeကနေ ရေသန့်၊ကိုလာ၊အပြင်ပေါင်မုန့်အချို့ကိုပါဝယ်လာသေးသည်။
ဗိုက်ဆာရင်စားရအောင်ထူးမြတ်လင်းနှင့်Tolietက ပြန်လာတဲ့ခိုင်မြဲကိုလည်းတစ်ယောက်တစ်ခုပေးသည်။ နောက်ကသူငယ်ချင်းမ၂ယောက်အတွက်လည်းအာလူးကြော်နှင့်ပေါင်မုန့်တစ်လုံးစီပေးလိုက်သည်။
ကိုရန်ကြီးကိုတော့ သူမကိုယ်တိုင်ကတစ်ခါတည်းအသင်အဖောက်ပြီးကျွေးတာမို့ ရန်ကြီးကမစားမဖြစ် ပဲပေါင်မုန့်တစ်လုံးကိုကားမမောင်းခင်ကုန်အောင်စားလိုက်ရ၏။
တွယ်တာကကျွေးရင်စားမှကြိုက်တာလေ။
ငြင်းရင်စိတ်ကောက်တတ်တာရန်ကြီးအသိဆုံးဖြစ်သည်။
ကားစထွက်တော့နောက်သူငယ်ချင်းမ၂ယောက်ကအာလူးကြော်ကို တကြွပ်ကြွပ်စားနေကြပေမဲ့ကျန်တဲ့အစ်ကိုကြီး၂ယောက်ကတော့အိပ်ပြီ။
သူမတို့၂ယောက်စကားပြောသံမုန့်စားသံတွေငြိမ်ကျသွားတော့အားလုံးအိပ်သွားပြီဆိုတာသိလိုက်ရသည်။
အချ်ိန်အားဖြင့်လည်း၁၀ နာရီထိုးတော့မှာဆိုတော့အိပ်ချင်ရောပေါ့။
တွယ်တာကတော့ရန်ကြီးဘေးခုံကနေထိုင်ပြီးရန်ကြီးကိုမေးထောက်ကြည့်နေသည်။
ရန်ကြီးကကားမောင်းရင်းနဲ့လမ်းမီးနှင့်ကားမီးအချို့ကြောင့်ကားထဲကမှောင်ပေမဲ့ဝိုးတဝါးမြင်ရတဲ့တွယ်တာ့ကိုတစ်ချက်ငဲ့ကြည့်ပြီးပြောလာသည်။
"တွယ်တာ အိပ်ချင်အိပ်လေ ငါက ရတယ်...မအိပ်ချင်ဘူးစိတ်ချလို့ရတယ် မောင်းနိုင်တယ်"
"ဟင့်အင်း အိပ်ချင်ပါဘူး ဘေးကနေ ကိုရန်ကြီးကားမောင်းနေတာကိုပဲထိုင်ကြည့်ချင်တာ"
တွယ်တာက သိပ်ရှင်းရှင်းလင်းလင်းမမြင်ရပေမဲ့ ကားမောင်းနေတဲ့ရန်ကြီးအောင်ကိုဘေးကကြည့်ရတဲ့အခါအမိုက်ဆုံးဆိုတာသိနေတာမို့ပြုံးပြုံးကလေးကြည့်နေသည်။
"ဗိုက်မဆာဘူးလား မင်းစောနကဘာမှမစားဘူးနော်"
"မဆာဘူး ကိုရန်ကြီးထပ်စားမလားပေါင်မုန့်တစ်ခုကျန်သေးတယ်"
တွယ်တာကသူ့ပေါင်ပေါ်မှာထင်ထားတဲ့ကြွပ်ကြွပ်အိတ်ထဲကနေပေါင်မုန့်တစ်လုံးထုတ်နေတော့ရန်ကြီးကခေါင်းရမ်းသည်။
"တော်ပြီ မင်းကိုစားဖို့ပြောတာ ငါကမစားချင်ဘူး"
"တွယ်တာလည်းမစားချင်ဘူး ဒါပေမဲ့ ကိုလာသောက်ချင်တယ် ကိုရန်ကြီးရောသောက်မလား"
"မသောက်ချင်ဘူး "
"တွယ်တာမကုန်လို့လေ တစ်ယောက်တစ်ဝက်သောက်ရအောင်ပါ "
"သောက်မယ် ဖောက်ပေးရမလား"
"နေပါ...တွယ်တာဖောက်တတ်ပါတယ် ဟိုတစ်ခါကသာလက်သည်းရှည်တွေနဲ့မို့ "
တွယ်တာက ကိုလာဘူးကို ရှူးခနဲဖောက်လိုက်ပြီး သူမအရင်တစ်ငုံသောက်လိုက်သည်။ ပြီးတော့ရန်ကြီးကိုပေးသည်။
ရန်ကြီးက ဘူးကိုယူပြီးတစ်ငုံမော့သောက်လိုက်၏။ ရှရှနဲ့အေးသောအရသာကလူကိုပိုပြီးလန်းဆန်းသွားစေသည်။
"မန္တလေးရောက်ရင်ဘယ်မှာတည်းမှာတဲ့လဲ"
"တရုတ်ကြီးသိတယ် ဟိုတယ်ကို Booking လုပ်ထားတယ်တဲ့ မန္တလေးကသူငယ်ချင်းတွေက "
"ဘယ်နှခန်းယူထားတာလဲ"
" မိသားစုခန်း ၂ခန်းလေ မင်းတို့၃ယောက်တစ်ခန်း ငါတို့၃ယောက်တစ်ခန်း အခန်းက ကပ်ရပ်ယူပေမဲ့မရတော့လို့ တစ်ခန်းခြားတယ်တဲ့"
"တစ်ခန်းခြားတာလောက်ကမဝေးပါဘူး ရပါတယ် "
"အင်း "
" ကိုရန်ကြီး မန္တလေးရောက်ဖူးလား"
"ရောက်ဖူးတယ် အခု လာလည်ဖို့ခေါ်တဲ့သူငယ်ချင်းတွေပဲ အလည်ခေါ်လို့ငါတို့၃ယောက်လိုက်လည်ကြသေးတယ် "
" တွယ်တာက မန္တလေးမရောက်ဖူးသေးဘူး မာမားတို့က ဘုရားဖူးထွက်တိုင်းအထက်ပိုင်းမတက်ဘူးအမြဲအောက်ပိုင်းပဲသွားကြတာ ဒီနှစ်ပထမဆုံးအထက်ပိုင်းသွားတာပဲ အင်းလေးကိုလေ"
"မင်းတို့ တစ်ခါ ပုဂံသွားကြပါသေးတယ် မင်း၄တန်းပြီးတဲ့နှစ်က သင်္ကြန်တုန်းကလေ "
" သြော်...အင်းဟုတ်သားပဲ ကိုရန်ကြီးကမှတ်မိတယ်နော် တွယ်တာ မေ့နေတာ "
"မှတ်မိတယ် အဲ့တုန်းကငါတို့၁၀တန်းလေငါတို့လည်းပထမဆုံးသင်္ကြန်လည်ကြတာ"
"ကိုရန်ကြီးလည်ဖူးသမျှထဲမှာဘယ်နှစ်ကအပျော်ဆုံးလဲ "
" ဒီနှစ် ဖြစ်မှာပေါ့ "
"ဘာလို့လဲ တွယ်တာပါလို့လား "
တွယ်တာက သွားတန်းဖွေးဖွေးလေးတွေပေါ်အောင်ပြုံးပြီးမေးသည်။ ထိုအခါရန်ကြီးက တွယ်တာ့ကိုလှည့်မကြည့်ဘဲဖြေသည်။
"အဲ့ဒီအချက်လည်းပါတာပေါ့ "
**********************************
အမှားပါရင်ခွင့်လွှတ်ပါ။
Part (21) ဆက်ရန်
Zawgyi Version
The Challenge of Love
Part (21)
အျဖဴကတစ္မ်ိဳး အနီကတစ္မ်ိဳး
ေရစိုပ်ိဳေမေတြအလွကတိုး ဒီမ႑ပ္ကအလွဆုံး
ဘယ္လိုမ်ားေ႐ြးရမွာတုန္း
"အျပာေရာင္ေလး....အဝါေရာင္ေလး....
ဟိုဒီ အၿပိဳင္အဆိုင္ ဒီလို အလွေတာ့ေငး
ဒီမ႑ပ္ကအလွဆုံး.....ဘယ္သူလဲေျပာၾကပါဦး"
အင္းယားကန္ဘက္က ဦးညီထြဋ္ရဲ႕မ႑ပ္ေရွ႕မွာကားေနရာရေအာင္ ေန႕လည္စာစတုဒီသာဝင္စားၿပီးကတည္းကလာေနရာယူထားတာျဖစ္သည္။
အခုေတာ့မ႑ပ္ေပၚက ကိုရန္ႀကီးတို႔Idolႀကီး ဦးညီထြဋ္ရဲ႕ေဖ်ာ္ေျဖမႈနဲ႕အတူ ျဖဴနီျပာဝါ သၾကၤန္သီခ်င္းကို ကားေပၚကေန မူးမူး႐ူး႐ူးနဲ႕ကိုႀကီးတို႔ေအာ္ၿပီးလိုက္ဆိုေနၾကသည္။
သီခ်င္းကစီးခ်က္ညီညီနဲ႕ကေကာင္းေတာ့ တြယ္တာ၊ ပန္းႏုႏွင့္လဝန္းတို႔ကဟိုဘက္ယိမ္းလိုက္ဒီဘက္ယိမ္းလိုက္ႏွင့္လိုက္ကၾကသည္။
တြယ္တာကကိုရန္ႀကီးရဲ႕စကားကိုနားေထာင္ၿပီးသူ႕ဂ်ာကင္ႀကီးကိုမခြၽတ္ဘဲဝတ္ထားတဲ့အခါ ကိုရန္ႀကီးကေတာ့ေရေတြထဲမွာစြပ္က်ယ္တစ္ထည္တည္းႏွင့္ခ်မ္းေနမလားေတာ့မသိပါ။
ရန္ႀကီးေအာင္ကတြယ္တာ့ေနာက္မွာရွိေနေပမဲ့ လြတ္လြတ္လပ္လပ္ကလို႔ရေအာင္တြယ္တာ့ကိုလႊတ္ေပးထားၿပီး သူကေနာက္ကခိုင္ၿမဲတို႔ထူးျမတ္လင္းတို႔နဲ႕ အတူသီခ်င္းေတြလိုက္ဆိုေနသည္။
သူတို႔၃ေယာက္လုံးကဒီမ႑ပ္မွာအျပတ္ကဲမယ္လုပ္ထားၾကေတာ့ တကယ္လည္းရွယ္ကဲေနၾကသည္။
ဒါေပမဲ့ မေမွာင္ခင္ခပ္ေစာေစာကတည္းကတြယ္တာတို႔ကားကအရင္ျပန္လွည့္ခဲ့ျဖစ္ၾက၏။ တြယ္တာတို႔ဒီညမႏၱေလးတက္မွာျဖစ္လို႔ညေနပိုင္းကိုခဏပဲေနၿပီးအိမ္သို႔ျပန္လာၾကဖို႔သေဘာတူထားၾကသည္။
"ကိုရန္ႀကီး ခ်မ္းေနလား"
အျပန္ေရာက္ေတာ့လမ္းကေရစိုလိုက္ေျခာက္လိုက္ျဖစ္ေတာ့ ေလတိုက္တာနဲ႕တြယ္တာ့လိုဂ်ာကင္ႀကီးနဲ႕လူေတာင္ေအးေနသျဖင့္ စြပ္က်ယ္နဲ႕ကိုရန္ႀကီးအားခ်မ္းေနမလားစိတ္ပူစြာျဖင့္တြယ္တာကေနာက္ကကိုရန္ႀကီးအားလွည့္ေမးလိုက္သည္။
ကိုရန္ႀကီးကေလသံေတြနဲ႕မၾကားရလို႔တြယ္တာ့အနားငုံ႕လာၿပီးဘာေျပာတာလဲေသခ်ာနားေထာင္ေတာ့တြယ္တာကထပ္ေမးလိုက္သည္။
"ကိုရန္ႀကီး ခ်မ္းေနလားလို႔"
တြယ္တာကလည္းေျခဖ်ားေထာက္ၿပီး ရန္ႀကီးနားနားသို႔ကပ္ေျပာလိုက္သည္။
"ေၾသာ္....မခ်မ္းဘူး ဘီယာေသာက္ထားေတာ့ ခ်မ္းမွန္းမသိဘူး"
တြယ္တာကေခါင္းညိတ္ရင္း ေနာက္သို႔လွမ္းၾကည့္တဲ့အခါ အစ္ကိုလုပ္သူကကားေနာက္ဆုံးမွာငုပ္တုပ္ႀကီးမူးေနတာကိုျမင္ရသည္။
ရန္ႀကီးကတြယ္တာၾကည့္ေနတဲ့ဆီကိုလွည့္ၾကည့္ၿပီး
"အဲ့ဒီေကာင္ကႏွစ္တိုင္းဒီလိုပဲ အျပန္ဆိုကားေပၚမွာေမွာက္ၿပီ အိမ္ေရာက္လို႔တစ္ေရးအိပ္လိုက္ရင္ေကာင္းသြားလိမ့္မယ္"
တြယ္တာ့ကိုစိတ္မပူေအာင္ေျပာျပသည္။
"မႏၱေလးတက္မယ့္ဟာကို ေနမေကာင္းျဖစ္ေနဦးမယ္"
"ဘာမွမျဖစ္ဘူး မႏၱေလးသြားမွာမို႔ဒီေကာင္ဒီႏွစ္ေလ်ာ့ေသာက္ထားတာ"
"ဟင္...အဲ့တာေတာင္ေလ်ာ့ေသာက္ထားေသးတာလား"
"ဟုတ္တယ္ေလ...ခါတိုင္းဆိုဒီလိုထိုင္ေတာင္မထိုင္နိုင္ဘူး"
"အရက္သမားကိုအစ္ကိုေတာ္ထားရတာပဲ"
တြယ္တာေတာ့ သူ႕အစ္ကိုမူးေနပုံၾကည့္ၿပီးေခါင္းခါရမ္းလိုက္သည္။
ဟန္းစတားေရမႊန္းထားသလိုပဲ။
အသားေလးျဖဴေနလို႔ေပါ့ မဟုတ္ရင္ ႂကြက္စုပ္ေရမႊန္းထားတဲ့အတိုင္းပဲ။
ခိုင္ၿမဲပုံစံကိုၾကည့္ၿပီး စိတ္ထဲကေနေဝဖန္ေနသည္။
ကားရအျပန္ေရာက္ေတာ့လည္း တြယ္တာတို႔အိမ္ကိုအရင္ျပန္ပို႔သည္။ ကားေပၚကဆင္းေတာ့ တြယ္တာကဂ်ာကင္အကၤ်ီကိုခြၽတ္ၿပီး ရန္ႀကီးကိုျပန္ေပးလိုက္သည္။
"တ႐ုတ္ႀကီး မင္းအသားကုန္ေမွာက္မေနနဲ႕ေနာ္ ၆နာရီအေရာက္ငါ့အိမ္လာရမွာ"
ထူးျမတ္လင္းကကားေပၚကေနေခါင္းငိုက္စိုက္နဲ႕အိမ္ထဲဝင္သြားေသာခိုင္ၿမဲအားလွမ္းေအာ္ၿပီးမွာေနေပမဲ့ခိုင္ၿမဲကေတာ့ျပန္ေတာင္အေျဖနိုင္ဘဲအိမ္ထဲဝင္သြားေတာ့သည္။
"တြယ္တာ မင္းအစ္ကိုကိုႏွိုးလိုက္ဦးေနာ္ အဲ့ဒီေကာင္ကမူးေနရင္အေသအိပ္တာ အခ်ိန္မီမေရာက္ရင္မင္းတို႔ေမာင္ႏွမက်န္ရစ္မယ္"
"ဟုတ္ကဲ့ပါ တြယ္တာႏွိုးလိုက္ပါ့မယ္ တာ့တာ"
တြယ္တာက ကားေပၚကသူငယ္ခ်င္းမ်ားႏွင့္ကိုရန္ႀကီးကိုတာ့တာျပၿပီးအိမ္ထဲသို႔ဝင္လာခဲ့လိုက္သည္။
တြယ္တာအိမ္အေပၚထပ္သို႔တန္းတက္လာၿပီး အစ္ကိုလုပ္သူရဲ႕အခန္းကိုတစ္ခ်က္ဖြင့္ၾကည့္ေတာ့ ခိုင္ၿမဲသည္သူ႕အဝတ္အစိုေတြကိုပုဆိုးတစ္ထည္ႏွင့္စြပ္က်ယ္ျဖင့္လဲဝတ္ထားၿပီး အိပ္ယာေပၚမွာေမွာက္လွ်က္အိပ္ေနၿပီျဖစ္သည္။
ေတာ္ေသးတယ္အဝတ္အစားေတာ့လဲနိုင္ေသးလို႔။
တြယ္တာလည္းသူမအခန္းထဲသူမဝင္လာၿပီး
ေပါ့ပါးမယ့္စပန့္ဂါဝန္တစ္ထည္နဲ႕လဲဝတ္ကာ
ေရစိုဝတ္ေတြကိုေရခ်ိဳးခန္းထဲမွာေရညွစ္၍ေနာက္ေဖးဝရန္တာမွာသြားလွမ္းလိုက္သည္။
ၿပီးေနာက္လိမ္းထားတဲ့မိတ္ကပ္ေတြကိုမ်က္ႏွာသစ္လိုက္၍ ေရစိုေနတဲ့ဆံပင္ေတြကိုတံဘက္ျဖင့္သုတ္ၿပီးDryerႏွင့္မႈတ္လိုက္သည္။
ဆံပင္ေတြေျခာက္သြားေတာ့ မေန႕ကတည္းကအၿပီးအစီးထည့္ထားေသာ မႏၱေလးယူမယ့္အဝတ္အိတ္ထဲသို႔ပစၥည္းအခ်ိဳ႕ျပန္စစ္ေဆးသည္။
အားလုံးအဆင္သင့္ျဖစ္တာေသခ်ာၿပီဆိုေတာ့မွအိပ္ယာေပၚသို႔လွဲခ်လိဳက္ၿပီး ၅နာရီခြဲကိုAlarm ေပးကာတစ္ေရးအိပ္လိုက္ပါသည္။
*
*
တြယ္တာ့ ဖုန္းက Alarm ျမည္ေတာ့ တြယ္တာခ်က္ခ်င္းထထိုင္လိုက္၏။ ခါတိုင္းဆို ဘာ Alarmျမည္ျမည္ျပန္အိပ္တတ္တဲ့အက်င့္ရွိေပမဲ့ အခုေတာ့စိတ္မႏၱေလးေရာက္ေနၿပီမို႔လို႔ ခ်က္ခ်င္းထသည္။
နိုးနိုးခ်င္းအရင္ဆုံးအစ္ကိုလုပ္သူကိုသြားႏွိုးဖို႔အႀကံရသည္။ တြယ္တာတို႔အမ်ိဳးကအအိပ္မက္တဲ့အမ်ိဳးျဖစ္တာမို႔ ကိုႀကီးကလည္းအိပ္ေနရင္ဆင္ေအာ္လို႔ေတာင္နိုးတာမဟုတ္။
အခုလည္းနာရီဝက္ေလာက္ႀကိဳႏွိုးမွအဆင္ေျပမွာမို႔ ခိုင္ၿမဲအခန္းတံခါးကိုသြားေခါက္သည္။
ေဒါက္....ေဒါက္...
"ကိုႀကီး....ကိုႀကီး..."
တြယ္တာက ေအာ္ေခၚရင္းအခန္းထဲဝင္လာေတာ့ထင္တဲ့အတိုင္းအိပ္ယာေပၚမွာေမွာက္လ်က္ႀကီးကုလားေသကုလားေမာအိပ္ေနတာကိုေတြ႕ရသည္။
"ကိုႀကီး ထ...ထေတာ့...သမီးတို႔ေနာက္က်ရင္ ကိုငထူးကထားခဲ့မွာတဲ့ ထေတာ့!"
တြယ္တာက ေဘးကေနမတ္တပ္ရပ္ၿပီးေအာ္ႏွိုးသည္။ ဒါေပမဲ့ခိုင္ၿမဲကအဲ့သေလာက္နဲ႕နိုးမွာမဟုတ္။ မူးေနေတာ့ပိုလို႔ေတာင္ႏွိုးရခက္ဦးမည္။
တြယ္တာလည္း ေမြ႕ယာႀကီးကိုလႈပ္ၿပီး ထပ္ႏွိုးသည္။
"ကိုႀကီးလို႔...ထ..ထ..!"
"အင္း...အင္း..."
ခိုင္ၿမဲကအနည္းငယ္လြန႔္လူး႐ုံသာရွိတာမို႔ တြယ္တာလည္းစိတ္မရွည္တာနဲ႕သက္ျပင္းတစ္ခ်က္ခ်ၿပီး သူအိပ္ေနတဲ့ေခါင္းအုံးႀကီးကိုဆြဲေစာင့္ပစ္လိုက္သည္။
"ထေတာ့လို႔ ကိုႀကီး ေျပာေနတာၾကားလား"
တြယ္တာက ေခါင္းအုံးနဲ႕ရိုက္ဖို႔႐ြယ္လိုက္ေတာ့မွ ေခါင္းေထာင္လာေတာ့သည္။
"ဘာလဲဟ....ဇြတ္လာႏွိုးေနတာ!"
"နံေစာ္လို႔အရက္ေစာ္ေတြကလည္း ၆နာရီအေရာက္လာခိုင္းတာေလ ကိုငထူးက အခု၅နာရီခြဲေနၿပီ လုပ္ျမန္ျမန္ !"
"နင္သာအရင္သြားလုပ္စရာရွိတာလုပ္ ငါက ျမန္တယ္"
"သမီးက အဝတ္စားလဲ႐ုံပဲ ကိုႀကီးသာ မူးေနလို႔မထမွာစိုးလို႔အရင္လာႏွိုးတာ ယူမယ့္ပစၥည္းေတြထည့္!"
"အဲ့ေလာက္မလိုပါဘူး လိုအပ္ရင္ဟိုေရာက္မွဝယ္လည္းရတယ္ "
"အဲ့ဆိုထ ၿပီး သြားေလးဘာေလးတိုက္ဦး သမီးအဝတ္စားလဲၿပီးရင္ေအာက္ကေနေစာင့္မယ္ "
"သြားသြား ငါဆင္းခဲ့မယ္ "
တြယ္တာထြက္သြားေတာ့ ခိုင္ၿမဲကအိပ္ယာေပၚမွာ ငုပ္တုပ္ထိုင္ေနရင္းေခါင္းနည္းနည္းကိုက္ေနေတာ့နားထင္ကိုႏွိပ္ေနရသည္။
အိပ္ယာေပၚမွာပစ္ခ်ထားတဲ့ ဖုန္းထဲကနာရီကိုတစ္ခ်က္ဖြင့္ၾကည့္ေတာ့၅နာရီခြဲၿပီး၁၀မိနစ္ျဖစ္တာနဲ႕ခိုင္ၿမဲလည္းအိပ္ယာေပၚကဆင္းၿပီး ေရခ်ိဳးခန္းထဲမွာသြားတိုက္လိုက္သည္။
ၿပီးေတာ့မေန႕ညကထည့္ထားတဲ့အဝတ္ထုပ္ကိုျပန္မစစ္ဘဲဇစ္ပိတ္ၿပီးအိပ္ယာေပၚပစ္တင္လိုက္၏။
ေနာက္ေတာ့စြပ္က်ယ္ကိုခြၽတ္ၿပီး ဗီရိုထဲကမ်က္လုံးနဲ႕တန္းတန္းမွာရွိေနတဲ့တီရွပ္တစ္ထည္ကို ယူဝတ္လိုက္၏။ ဝတ္ထားတဲ့ပုဆိုးကိုလည္းလက္နဲ႕တည့္တဲ့ေဘာင္းဘီတစ္ထည္ႏွင့္ယူၿပီးလဲဝတ္လိုက္သည္။
တစ္ညလုံးကားေပၚမွာပဲအခ်ိန္ကုန္မွာျဖစ္ၿပီးလိုက္မယ့္လူေတြကလည္းအိမ္ကညီမနဲ႕အေပါင္းအပါ၂ေယာက္ရယ္ဟို၂ေကာင္ရယ္ဆိုေတာ့ ဘာဖက္ရွင္မွေကြၽးစရာမလို။ အဆင္ေျပသလိုပဲဝတ္လာလိုက္သည္။
ခိုင္ၿမဲက သူငယ္ခ်င္းခ်င္း၃ေယာက္တည္းမွာဆံပင္အရွည္ဆုံးတစ္ေယာက္ျဖစ္သည္။ မ်က္စိေရွ႕သို႔အုပ္က်ေနတဲ့ဆံပင္ေတြကိုလက္ျဖင့္လွန္သပ္လိုက္ၿပီး အထုပ္ကိုကိုင္ဆြဲ၍ ေအာက္သို႔ဆင္းလာေတာ့ တြယ္တာ့ကိုမေတြ႕။
"ထင္သားပဲ ငါ့ကိုသာလာဇြတ္လာႏွိုးေနတာ သူကမၿပီးေသးဘူး တြယ္တာ ...."
"လာၿပီ...လာၿပီ! "
တြယ္တာက တစ္ကိုင္းႀကိဳးအျဖဴေရာင္ခေရာ့ေတာ့ေလးအေပၚကေနအျပာႏုေရာင္ရွပ္အကၤ်ီအပါးေလးထပ္ဝတ္ထားၿပီး ေဘာင္းဘီစကပ္ခပ္ပြပြကိုဝတ္ထားလွ်က္ ဆံပင္ရွည္ေတြကိုျမႇောက္စည္းထားကာ သူမရဲ႕အိတ္ကိုကိုင္ၿပီးေလွကားကေနဆင္းလာသည္။
"ဘာေတြမ်ားအလွျပင္ေနတာလဲ ညႀကီးသြားမွာေမွာင္မဲလို႔နင့္ဘယ္သူမွမၾကည့္ဘူး"
"ဟင္...ကိုႀကီးဝတ္ထားတာလဲၾကည့္ဦး အေပၚတစ္ေရာင္ေအာက္တစ္ေရာင္နဲ႕ ညႀကီးဘဲေနေနဘာေနေနခရီးသြားမယ့္ကိစၥနည္းနည္းပါးပါးၾကည့္ေကာင္းေအာင္ေတာ့ဝတ္ဦးမွေပါ့"
ခိုင္ၿမဲလည္း ညီမလုပ္သူကဆရာလုပ္တာကိုျပန္ခံေနရတာမို႔ကိုယ္ဝတ္ထားတာကိုယ္ျပန္ငုံ႕ၾကည့္ေတာ့လည္း မႏွစ္သၾကၤန္တုန္းက ဝတ္တဲ့ေမာ္ဒယ္စိမ္းေရာင္ေတာက္ေတာက္တီရွပ္ႏွင့္ ေနဗီျပာေရာင္စတိုင္ပန္ႏွင့္ျဖစ္သည္။
အင္း...သူေျပာလဲေျပာခ်င္စရာဆိုေပမဲ့...အေလ်ာ့ေတာ့မေပး။
"ဘာျဖစ္လဲ ငါ့ကဲ့ရဲ႕မယ့္သူကနင္ပဲရွိတာ လာလာသြားမယ္"
ခိုင္ၿမဲက ၿခံထဲထြက္သြားေတာ့တြယ္တာလည္းေနာက္ကလိုက္လာသည္။
ခိုင္ၿမဲက ကားထုတ္ရင္းနဲ႕တြယ္တာ့ကိုလွမ္းေအာ္ေျပာသည္။
"တြယ္တာ...မိန္းခ်ခဲ့ေနာ္ တံခါးေသခ်ာပိတ္"
"အင္းမိန္းခ်လိဳက္ၿပီ အခု "
တြယ္တာ အိမ္တံခါးေပါက္နားမွာရွိတဲ့ တစ္အိမ္လုံးရဲ႕မိန္းကိုခ်လိဳက္ၿပီး အျပင္ေရာက္ေတာ့တံခါးကိုလည္းေသာ့ျဖင့္ေသခ်ာခပ္လိုက္သည္။
ခိုင္ၿမဲကကားကိုၿခံေရွ႕အထိထုတ္လိုက္ေတာ့တြယ္တာက ၿခံေရွ႕အထိေျခလ်င္လိုက္လာရသည္။ ၿခံေရွ႕ေရာက္ေတာ့ၿခံတံခါးကိုလည္းတြယ္တာပဲေသာ့ခက္ရသည္။ ဒါကိုခိုင္ၿမဲကစိတ္မခ်လိဳ႕ဆိုၿပီးတြယ္တာကားေပၚေရာက္မွတစ္ခါဆင္းၾကည့္ေနေသးသည္။
နာရီၾကည့္ေတာ့ 6 နာရီအတိရွိေနၿပီမို႔ တြယ္တာကျမန္ျမန္သြားဖို႔ခိုင္ၿမဲအားတိုက္တြန္း၏။ ခိုင္ၿမဲကမအိပ္ခင္ကေတာ့မူးေနေပမဲ့အခုေတာ့ ညီမလုပ္သူ၏ျမည္တြန္ေတာက္တီးမႈျဖင့္အမူးလည္းေျပၿပီးအိပ္လည္းမအိပ္ခ်င္ေတာ့ပါ။
ထူးျမတ္လင္းတို႔အိမ္ေရာက္ေတာ့ လူစုံေနၿပီျဖစ္သည္။ ထူးျမတ္လင္းနဲ႕ရန္ႀကီးေအာင္က ကားေနာက္ဖုံးကိုဖြင့္ၿပီးသူတို႔အိတ္ေတြနဲ႕လဝန္းတို႔၂ေယာက္အိတ္ေတြကိုထည့္ေနၾကသည္။
ခိုင္ၿမဲရဲ႕လမိုဂနီကားႀကီးအားရန္ႀကီးရဲ႕ကားေနာက္မွာထိုးရပ္လိုက္ၿပီးေနာက္တြယ္တာကအရင္ဆင္းလာၿပီးရန္ႀကီးအနားေျပးသည္။
အာရာဖက္ကားႀကီးကိုလည္းစက္ႏွိုးထားၿပီးသားျဖစ္လို႔အားလုံးကသူတို႔ေမာင္ႏွမ၂ေယာက္ ကိုေစာင့္ေနၾကတာဆိုတာသိသာသည္။
ပန္းႏုနဲ႕လဝန္းက လက္ခ်င္းခ်ိတ္ၿပီးထူးျမတ္လင္းအိမ္ထဲကထြက္လာ၏။ ၾကည့္ရတာသူတို႔၂ေယာက္ Tolietသြားပုံရသည္။
"ေရာက္ေနၿပီလားတြယ္တာက ကိုတ႐ုတ္ႀကီးေရာ"
ပန္းႏုက တြယ္တာ့ကိုျမင္ျမင္ခ်င္းခိုင္ၿမဲကိုေမး၏။
ထိုစဥ္ခိုင္ၿမဲကသူ႕အိတ္နဲ႕တြယ္တာ့အိတ္၂ခုလုံးကိုသယ္ကာရန္ႀကီးတို႔အနားေရာက္လာသည္။
ရန္ႀကီးကခိုင္ၿမဲပုံစံကိုၾကည့္ၿပီးခပ္ဖြဖြရယ္ရင္းေျပာသည္။
"တ႐ုတ္ႀကီးမင္းဖက္ရွင္ကဘယ္လိုျဖစ္တာလဲ ညႀကီးသန္းေခါင္ပါသၾကၤန္လည္ဖို႔စိတ္ကူးေနတာလား "
"ဟ...ေအး...မင္းအကၤ်ီက ေရာင္ျပန္မလိုဘူး အခုကိုတစ္ေယာက္တည္းကြက္လင္းေနၿပီ မင္းကားေခါင္မိုးေပၚကလိုက္ပါ့လား အခ်က္ျပမီးမလိုေတာ့ဘူးမင္းပါရင္ရၿပီ"
ထူးျမတ္လင္းကပါခိုင္ၿမဲလက္ထဲကအိတ္ေတြကိုကားေနာက္ဖုံးထဲေသခ်ာစီထည့္၍အဖုံးပိတ္လိုက္ရင္းေနာက္ေနသည္။
"ဒီတိုင္းလက္နဲ႕တည့္တာယူဝတ္လာတာ ေမေဘးေတြေရ ငါ့ညီမတစ္ေယာက္ပဲငါ့ကဲ့ရဲ႕မယ့္ထင္ေနတာမင္းတို႔ကပိုဆိုးေနၿပီ"
"ကိုႀကီးကိုေျပာသားပဲ အိမ္ကတည္းက"
တြယ္တာက လဝန္းတို႔နဲ႕အတူ ေဘးမွာသြားရပ္ေနရင္းနဲ႕နာမည္ေကာင္းဝင္ယူသည္။
ရန္ႀကီးတို႔တြယ္တာ့ကိုလွမ္းၾကည့္လိုက္ေတာ့ တြယ္တာကသူ႕အစ္ကိုနဲ႕တျခားစီလွပေက်ာ့ရွင္းၿပီးခရီးသြားဖက္ရွင္ကလည္းမရိုးမဆန္းေလးနဲ႕ၾကည့္ေကာင္းေနသည္။
"ညီမက ပဲမ်ားသေလာက္ အစ္ကိုလုပ္တဲ့ေကာင္ကၿပီးသလြယ္ေနာ္"
ထူးျမတ္လင္းက ထပ္စေတာ့ခိုင္ၿမဲလည္းဘာမွမေျပာေတာ့ေပ။
"ငါတို႔ၾကာေနလိမ့္မယ္ လူစုံေနၿပီသြားၾကစို႔ေလေစာေစာေရာက္ေတာ့ေစာေစာနားရတာေပါ့"
ရန္ႀကီးေအာင္က နာရီၾကည့္ရင္းသြားၾကဖို႔တိုက္တြန္းလာသည္။
"ေအးသြားတာေပါ့ ရန္ကုန္ကအထြက္ေတာ့ငါေမာင္းခဲ့မယ္ေလ ၿပီးမွမင္းနဲ႕တ႐ုတ္ႀကီးတစ္လွည့္လဲလိုက္ "
"ေအးရတယ္ေလ တ႐ုတ္ႀကီး မင္းေနာက္မွာထိုင္လိုက္ေလ အိပ္ေရးမဝေသးဘူးမလား"
"ေအးရပါတယ္ သိပ္မအိပ္ခ်င္ေသးပါဘူး ဒါေပမဲ့အိပ္မွာ မိတၳီလာဟိုဘက္က်မွငါေမာင္းမယ္ "
Driver ေခၚမထားေသာေၾကာင့္ သူငယ္ခ်င္း၃ေယာက္တစ္ေယာက္တစ္လွည့္ေမာင္းၾကဖို႔ တာဝန္ခြဲယူေနၾကသည္။
ခိုင္ၿမဲကေျပာၿပီး Driver seat ေနာက္ကခုံမွာဝင္ထိုင္လိုက္သည္။
"ဟိုကေလးမ၃ေယာက္ထဲကတစ္ေယာက္က ေရွ႕မွာလာထိုင္ က်န္တဲ့၂ေယာက္ေနာက္ဆုံးမွာထိုင္ "
ထူးျမတ္လင္းက တစ္ခါတည္းေနရာပါစီစဥ္ေပးေနသည္။
"ငါထိုင္လည္းရပါတယ္"
ရန္ႀကီးက ေျပာလာေတာ့ထူးျမတ္လင္းကေခါင္းရမ္းသည္။
"မထိုင္နဲ႕ မင္းကေအးေဆးခဏအိပ္လိုက္ ေနာက္အလွည့္က်ရင္မင္းေမာင္းရမွာအဲ့က်မွငိုက္ေနလို႔မရဘူး"
"လဝန္းသြားထိုင္လိုက္ေလအဲ့တာဆို "
တြယ္တာကလဝန္းအားသူ႕အစ္ကိုေဘးမွာထိုင္ရန္ေျပာေတာ့လဝန္းလည္းေခါင္းညိတ္လိုက္သည္။
"နင္ကလည္းငါ့ေဘးမွာထိုင္ၿပီးငိုက္မေနနဲ႕ေနာ္စကားေလးဘာေလးေျပာၿပီးလမ္းကိုၾကည့္ေပး"
"ဟုတ္ကဲ့ပါကိုထူးကလည္း"
အားလုံးကားေပၚမွာေနရာယူၿပီးၾကေတာ့ ကားေမာင္းတာကထူးျမတ္လင္းျဖစ္သည္။ သူ႕ေဘးကလဝန္းျဖစ္ၿပီး Driver seat ရဲ႕အေနာက္က၂ခုံမွာရန္ႀကီးနဲ႕ခိုင္ၿမဲတို႔ထိုင္ၾကသည္။ ရန္ႀကီးရဲ႕ေနာက္မွာေတာ့တြယ္တာထိုင္ၿပီးခိုင္ၿမဲရဲ႕ေနာက္မွာေတာ့ပန္းႏုကထိုင္သည္။
ရန္ကုန္ကေနအထြက္ေတာ့ ညေနဘက္၇နာရီပဲရွိေသးလို႔ခိုင္ၿမဲကလြဲၿပီးက်န္တဲ့သူေတြမအိပ္ၾကပဲေန႕လည္ကသၾကၤန္မ႑ပ္ေရွ႕မွာႀကဳံေတြ႕ခဲ့ရတဲ့အျဖစ္အပ်က္မ်ားကို ျပန္ေျပာၿပီးရယ္ေနၾကသည္။
စကားေျပာလာရင္းတစ္နာရီေလာက္ေနေတာ့ပန္းႏုကအိပ္ေပ်ာ္သြားသည္။ ရန္ႀကီးကလည္းမ်က္လုံးမွိတ္ၿပီးၿငိမ္ေနတာနဲ႕ေလေပါတဲ့တြယ္တာပါတိတ္တိတ္ေလးေနလိုက္ရ၏။ လဝန္းကေတာ့သူ႕အစ္ကိုမွာတဲ့အတိုင္းေဘးကေနစကားေျပာေပးေနသည္။
သူတို႔မိသားစုအေၾကာင္းေတြေျပာေနၾကတာမို႔တြယ္တာလည္းသိပ္စိတ္မဝင္စားတာနဲ႕ခဏေလာက္အိပ္လိုက္ေတာ့သည္။ ကိုရန္ႀကီးေမာင္းရင္သူကေဘးမွာထိုင္မွာဆိုေတာ့အဲ့ဒီအခ်ိန္မွအိပ္ငိုက္ေနလို႔မျဖစ္။
ေန႕လည္ကေရပက္ခံထြက္ၿပီးလည္ထား၍ညက်ကားစီးမနက္က်မႏၱေလးမွာထပ္လည္ဦးမွာဆိုေတာ့လူကေတာ့ပင္ပန္းသည္။ ထို႔ေၾကာင့္လည္းခါတိုင္းခရီးသြားရင္ဘယ္ေလာက္ညနက္နက္မအိပ္ဘဲစကားေျပာေလ့ရွိၿပီးသီခ်င္းေတြဆိုၾကဖြင့္ၾကေလ့ရွိေပမဲ့အခုေတာ့ရရင္ရတဲ့အခ်ိန္ကိုအက်ိဳးရွိရွိအိပ္ၾကေလသည္။
2 နာရီ ေလာက္ ဆက္တိုက္ ထူးျမတ္လင္းကဓာတ္ဆီဆိုင္မွာခဏနားလိုက္သည္။ Toliet သြားသူကသြား ေရသန့္ဘူးႏွင့္မုန့္ႏွင့္ဝယ္သူကဝယ္ လမ္းေလွ်ာက္သူကေလွ်ာက္နဲ႕၁၅မိနစ္ေလာက္ေနေတာ့ ကားျပန္ထြက္ၾကဖို႔စီစဥ္သည္။
ဒီတစ္ခါရန္ႀကီးေမာင္းအလွည့္ဆိုေတာ့ေသခ်ာေပါက္တြယ္တာေဘးကေနလိုက္မယ္ဆိုတာ ပန္းႏုႏွင့္လဝန္းမေျပာနဲ႕ထူးျမတ္လင္းေတာင္သိသည္။
တြယ္တာကဓာတ္ဆီဆိုင္နဲ႕တြဲဖြင့္ထားတဲ့Storeကေန ေရသန့္၊ကိုလာ၊အျပင္ေပါင္မုန့္အခ်ိဳ႕ကိုပါဝယ္လာေသးသည္။
ဗိုက္ဆာရင္စားရေအာင္ထူးျမတ္လင္းႏွင့္Tolietက ျပန္လာတဲ့ခိုင္ၿမဲကိုလည္းတစ္ေယာက္တစ္ခုေပးသည္။ ေနာက္ကသူငယ္ခ်င္းမ၂ေယာက္အတြက္လည္းအာလူးေၾကာ္ႏွင့္ေပါင္မုန့္တစ္လုံးစီေပးလိုက္သည္။
ကိုရန္ႀကီးကိုေတာ့ သူမကိုယ္တိုင္ကတစ္ခါတည္းအသင္အေဖာက္ၿပီးေကြၽးတာမို႔ ရန္ႀကီးကမစားမျဖစ္ ပဲေပါင္မုန့္တစ္လုံးကိုကားမေမာင္းခင္ကုန္ေအာင္စားလိုက္ရ၏။
တြယ္တာကေကြၽးရင္စားမွႀကိဳက္တာေလ။
ျငင္းရင္စိတ္ေကာက္တတ္တာရန္ႀကီးအသိဆုံးျဖစ္သည္။
ကားစထြက္ေတာ့ေနာက္သူငယ္ခ်င္းမ၂ေယာက္ကအာလူးေၾကာ္ကို တႂကြပ္ႂကြပ္စားေနၾကေပမဲ့က်န္တဲ့အစ္ကိုႀကီး၂ေယာက္ကေတာ့အိပ္ၿပီ။
သူမတို႔၂ေယာက္စကားေျပာသံမုန့္စားသံေတြၿငိမ္က်သြားေတာ့အားလုံးအိပ္သြားၿပီဆိုတာသိလိုက္ရသည္။
အချ်ိန်အားဖြင့်လည်း၁၀ နာရီထိုးေတာ့မွာဆိုေတာ့အိပ္ခ်င္ေရာေပါ့။
တြယ္တာကေတာ့ရန္ႀကီးေဘးခုံကေနထိုင္ၿပီးရန္ႀကီးကိုေမးေထာက္ၾကည့္ေနသည္။
ရန္ႀကီးကကားေမာင္းရင္းနဲ႕လမ္းမီးႏွင့္ကားမီးအခ်ိဳ႕ေၾကာင့္ကားထဲကေမွာင္ေပမဲ့ဝိုးတဝါးျမင္ရတဲ့တြယ္တာ့ကိုတစ္ခ်က္ငဲ့ၾကည့္ၿပီးေျပာလာသည္။
"တြယ္တာ အိပ္ခ်င္အိပ္ေလ ငါက ရတယ္...မအိပ္ခ်င္ဘူးစိတ္ခ်လိဳ႕ရတယ္ ေမာင္းနိုင္တယ္"
"ဟင့္အင္း အိပ္ခ်င္ပါဘူး ေဘးကေန ကိုရန္ႀကီးကားေမာင္းေနတာကိုပဲထိုင္ၾကည့္ခ်င္တာ"
တြယ္တာက သိပ္ရွင္းရွင္းလင္းလင္းမျမင္ရေပမဲ့ ကားေမာင္းေနတဲ့ရန္ႀကီးေအာင္ကိုေဘးကၾကည့္ရတဲ့အခါအမိုက္ဆုံးဆိုတာသိေနတာမို႔ၿပဳံးၿပဳံးကေလးၾကည့္ေနသည္။
"ဗိုက္မဆာဘူးလား မင္းေစာနကဘာမွမစားဘူးေနာ္"
"မဆာဘူး ကိုရန္ႀကီးထပ္စားမလားေပါင္မုန့္တစ္ခုက်န္ေသးတယ္"
တြယ္တာကသူ႕ေပါင္ေပၚမွာထင္ထားတဲ့ႂကြပ္ႂကြပ္အိတ္ထဲကေနေပါင္မုန့္တစ္လုံးထုတ္ေနေတာ့ရန္ႀကီးကေခါင္းရမ္းသည္။
"ေတာ္ၿပီ မင္းကိုစားဖို႔ေျပာတာ ငါကမစားခ်င္ဘူး"
"တြယ္တာလည္းမစားခ်င္ဘူး ဒါေပမဲ့ ကိုလာေသာက္ခ်င္တယ္ ကိုရန္ႀကီးေရာေသာက္မလား"
"မေသာက္ခ်င္ဘူး "
"တြယ္တာမကုန္လို႔ေလ တစ္ေယာက္တစ္ဝက္ေသာက္ရေအာင္ပါ "
"ေသာက္မယ္ ေဖာက္ေပးရမလား"
"ေနပါ...တြယ္တာေဖာက္တတ္ပါတယ္ ဟိုတစ္ခါကသာလက္သည္းရွည္ေတြနဲ႕မို႔ "
တြယ္တာက ကိုလာဘူးကို ရႉးခနဲေဖာက္လိုက္ၿပီး သူမအရင္တစ္ငုံေသာက္လိုက္သည္။ ၿပီးေတာ့ရန္ႀကီးကိုေပးသည္။
ရန္ႀကီးက ဘူးကိုယူၿပီးတစ္ငုံေမာ့ေသာက္လိုက္၏။ ရွရွနဲ႕ေအးေသာအရသာကလူကိုပိုၿပီးလန္းဆန္းသြားေစသည္။
"မႏၱေလးေရာက္ရင္ဘယ္မွာတည္းမွာတဲ့လဲ"
"တ႐ုတ္ႀကီးသိတယ္ ဟိုတယ္ကို Booking လုပ္ထားတယ္တဲ့ မႏၱေလးကသူငယ္ခ်င္းေတြက "
"ဘယ္ႏွခန္းယူထားတာလဲ"
" မိသားစုခန္း ၂ခန္းေလ မင္းတို႔၃ေယာက္တစ္ခန္း ငါတို႔၃ေယာက္တစ္ခန္း အခန္းက ကပ္ရပ္ယူေပမဲ့မရေတာ့လို႔ တစ္ခန္းျခားတယ္တဲ့"
"တစ္ခန္းျခားတာေလာက္ကမေဝးပါဘူး ရပါတယ္ "
"အင္း "
" ကိုရန္ႀကီး မႏၱေလးေရာက္ဖူးလား"
"ေရာက္ဖူးတယ္ အခု လာလည္ဖို႔ေခၚတဲ့သူငယ္ခ်င္းေတြပဲ အလည္ေခၚလို႔ငါတို႔၃ေယာက္လိုက္လည္ၾကေသးတယ္ "
" တြယ္တာက မႏၱေလးမေရာက္ဖူးေသးဘူး မာမားတို႔က ဘုရားဖူးထြက္တိုင္းအထက္ပိုင္းမတက္ဘူးအၿမဲေအာက္ပိုင္းပဲသြားၾကတာ ဒီႏွစ္ပထမဆုံးအထက္ပိုင္းသြားတာပဲ အင္းေလးကိုေလ"
"မင္းတို႔ တစ္ခါ ပုဂံသြားၾကပါေသးတယ္ မင္း၄တန္းၿပီးတဲ့ႏွစ္က သၾကၤန္တုန္းကေလ "
" ေၾသာ္...အင္းဟုတ္သားပဲ ကိုရန္ႀကီးကမွတ္မိတယ္ေနာ္ တြယ္တာ ေမ့ေနတာ "
"မွတ္မိတယ္ အဲ့တုန္းကငါတို႔၁၀တန္းေလငါတို႔လည္းပထမဆုံးသၾကၤန္လည္ၾကတာ"
"ကိုရန္ႀကီးလည္ဖူးသမွ်ထဲမွာဘယ္ႏွစ္ကအေပ်ာ္ဆုံးလဲ "
" ဒီႏွစ္ ျဖစ္မွာေပါ့ "
"ဘာလို႔လဲ တြယ္တာပါလို႔လား "
တြယ္တာက သြားတန္းေဖြးေဖြးေလးေတြေပၚေအာင္ၿပဳံးၿပီးေမးသည္။ ထိုအခါရန္ႀကီးက တြယ္တာ့ကိုလွည့္မၾကည့္ဘဲေျဖသည္။
"အဲ့ဒီအခ်က္လည္းပါတာေပါ့ "
**********************************
အမွားပါရင္ခြင့္လႊတ္ပါ။
Part (21) ဆက္ရန္