သူကြီးသားကကျွန်တော့်အပိုင်[ပု...

By Shinn-0813

302K 14K 677

ပုံတိုင်းဆောင် +ရာချီဒွေး သူကြီးသားလေးနဲ့ အပေါင်ဆိုင်သားလေးတို့ကိုဖတ်ပေးကြပါအုန်းရှင့် တောရွာပုံစံလေးကိုမှ ကြ... More

intro
1(Unicode)
1(ZawGyi)
2(Unicode)
2(ZawGyi)
3(Unicode)
3(ZawGyi)
4(Unicode)
4(ZawGyi)
5(ZawGyi)
6(Unicode)
6(ZawGyi)
7(Unicode)
7(ZawGyi)
8(Unicode)
8(ZawGyi)
9(Unicode)
9(ZawGyi)
10(Unicode)
10(ZawGyi)
11(Unicode)
11(ZawGyi)
12(Unicode)
12(ZawGyi)
13(Unicode)
13(ZawGyi)
14(Unicode)
14(ZawGyi)
15(Unicode)
15(ZawGyi)
16(Unicode)
16(ZawGyi)
17(Unicode)
17(ZawGyi)
18(Unicode)
18(ZawGyi)
19(Unicode)
19(ZawGyi)
20(Unicode)
20(ZawGyi)
21(Unicode)
21(ZawGyi)
22(Unicode)
22(ZawGyi)
23(Unicode)
23(ZawGyi)
24(Unicode)
24(ZawGyi)
25(Unicode)
25(ZawGyi)
26(Unicode)
26(ZawGyi)
27(Unicode)
27(ZawGyi)
28(Unicode)
28(ZawGyi)
29(Unicode)
29(ZawGyi)
Final part(Unicode)
Final Part (ZawGyi)
အသိပေးခြင်း

5(Unicode)

8.3K 496 10
By Shinn-0813

ရွာထဲမှာတော့ရောင်းရန်ရှိသည်ဆိုတဲ့ လယ်ကွက်တွေတော့အများကြီးရှိနေ၏
သို့ပေမယ့် ပုံတိုင်းရဲ့အပေါင်ဆိုင်နဲ့ဝေးနေတာမို့ ရာချီ မလိုချင်ဘူး။
ရာချီကို ပုံတိုင်းချစ်လာအောင်လုပ်ဖို့လည်းကြိုစားရမှာမို့ အဝေးမှာတော့မနေချင်။

အရမ်းလည်းမနီးအရမ်းလည်းမဝေးတဲ့ နေရာလေးမှာတော့ တစ်ကွက်တော့ရှိသေး၏

"ရာချီ ကိုယ်တို့ ဒီအကွက်ဘဲဝယ်ကြမလား"

"ဒါက နှစ်ဧကလောက်ရှိမယ် အကုန်လုံးဝယ်ပေးမလား "

"ကိုယ်ဝယ်ပေးပါ့မယ် "

"ဒါဆို ပိုင်ရှင်တွေနဲ့ ငွေချေဖို့အတွက် အဖေ့ရှေ့မှာ ချေမှ ရမှာမလား "

"အင်းလေ သူကြီးကဘဲ အာမခံပေးရမာ"

မြေကွက်ကလည်း စိတ်ကျေနပ်စရာသာဖြစ်နေလိမ့်မည်။ဒီထဲမှာ ထွက်နူန်းတိုးတဲ့ဟာတစ်ခုခုတော့ စိုက်ရမယ် အဲ့အတွက်လည်း စဉ်းစားပြီးပြီ အစက စပါးစိုက်ချင်ပေမယ့်
အဖေနဲ့တော့ အတူတူမလုပ်ချင်တာကြောင့်

"ရာချီ ဘယ်လိုဖြစ်လို့ ဂရမ်က မင်းနာမည်ကြီးလဲ "

"သား နမည်ဆို သားရဲ့အပိုင်မို့လို့ပေါ့အဖေရဲ့"

"ဘယ်လို မင်းကဘယ်ကပိုက်ဆံနဲ့ နှစ်ဧကတောင်ဝယ်တာလဲ "

အခုကျတော့လည်း ဟေးလားဝါးလားဖြစ်သွားပြီမလား အဖေအထင်သေးတဲ့ အဖေ့သားက ဦးနှောက်တော့ရှိတယ်ဆိုတာ အဖေဘယ်မသိလဲ အဖေက ပိုက်ဆံသူ့လက်ထဲရောက်ဖို့လောက်ဘဲသိပြီး ပိုက်ဆံဘဲမက်တာ။
အခုလည်းဟုတ်ဟုတ်မဟုတ်ဟုတ် သူအထင်ကြီးအောင်လို့တော့ပြောပြအုန်းမည်။

"အဖေသားကို အထင်သေးနေတာဘဲ သားကိုအိမ်မှာဘဲ အလုပ်မရှိအကိုင်လို့ဘဲထင်နေတာလား"

"ထင်နေတာမဟုတ်ဘဲ မြင်နေရတာလေ "

"အဖေ သားကို နည်းနည်းလေးမှမယုံ..."

"ဟုတ်ပါတယ်သူကြီး ရာချီက အလကားနေနေတာမဟုတ်ဘဲ ကျွန်တော့်ဆီမှာ ပိုက်ဆံလာလာစုနေတာ တကယ့်ကိုကြာနေပါပြီ
သူကြက်ဝိုင်းမှာ နိုင်လာတာတွေရော အကုန်လာလာစုတာပါ အခုသူစုထားတာက လယ်ဧကတွေဝယ်လို့ရတဲ့အထိပါ ပြီးတော့သူကြက်တိုက်တာကအလကားအားယားနေလို့လုပ်တာမဟုတ်ဘဲ ပိုက်ဆံတော်တော်ရပါတယ်"

ကိုယ်ပြောတာတောင်မဆုံးသေးဘူး
ပုံတိုင်းကဘဲပြောနေတာကြောင့် ကိုယ့်မှာကြောင်ကြည့်နေမိ၏ သူလည်းရွီးတက်တာကို ။ဘာဘဲဖြစ်ဖြစ်ကျေးဇူးတော့တင်ပါသည်။

"တွေ့လား သားကြက်တိုက်တာအလကားတိုက်တာမဟုတ်ဘူး ပြီးတော့သားကဘာမှသုံးစားမရတဲသူမဟုတ်ဘူး "

ဖအေရှေ့မှာ လက်မတစ်ထောင်ထောင်နဲ့ပြောနေတာများတကယ့်ကိုချစ်စရာ။
ကိုယ်ပြောလိုက်တဲ့စကားတစ်ခုကြောင့် ဒီကောင်လေးပြုံးပျော်သွားရင်ကျေနပ်ပါသည်။

"အဟွတ် အဟွတ် "

"ကိုယ့်ကိုပြောစရာရှိလို့လား"

ဂရမ်တွေအကုန်ချေပြီး စာချုပ်ချုပ်ပြီးတဲ့အခါမှာတော့ ပုံတိုင်းရဲ့အပေါင်ဆိုင်က်ိုဘဲခြေဦးတည့်လာကြ၏

"အခုနက ဘာလို့လိမ်ပြောတာလဲ "

"ကိုယ်မပြောရင် မင်းပြောတော့မှာလေ"

"အဲ့တာမင်းနဲ့ဆိုင်လို့လား "

"အခုတော့မဆိုင်သေးပါဘူး ဒါပေမယ့် မင်းလိမ်တော့မှာမလား မင်းကကိုယ့်အဖေကိုလိမ်တော့မင်းကငရဲရမယ်လေ ကိုယ်ကကျ ကိုယ့်အဖေမဟုတ်တော့ လိမ်လို့ရပါတယ်"

"ဘာဘဲဖြစ်ဖြစ်ပါ ကျေးဇူးဘဲ "

"အင်း ကိုယ်လဲမင်းကိုအလကားလူလို့ပြောလာရင်ကိုယ်မကြိုက်ဘူး..တကယ်တော့မင်းကအလကားမှမဟုတ်ဘဲ အချိန်မတန်သေးလို့မကြိုးစားသေးတာမလား မင်းကရည်မှန်းချက်ကြီးမားတဲ့သူတစ်ယောက်ဘဲ ကိုယ်မင်းကိုယုံတာပေါ့ "

"မင်းကတော့ကွာ လူကိုရင်ခုန်အောင်လို့ "

"ကိုယ်ကိုရင်ခုန်တာပေါ့ "

"မခုန်ပါဘူး "

"ခုနက ခုန်တယ်ဆို "

"အဟွတ်ဟွတ်တော်တော့နော် "

"ဟုတ်ပါပြီကွာ "

ရှက်သလိုဟန်နဲ့ ဟိုဘက်လှည့်လှည့်သွားတဲ့ကောင်လေးရဲ့အကြည့်တွေရဲ့ရှေ့မှာလိုက်ပိတ်နေပြီးမှ

"တကယ်လို့ ကိုယ့်ကိုရင်ခုန်ချင်တယ်လို့ စိတ်ချလက်ချရင်ခုန်လို့ရတယ်နော်
ကိုယ်က...."

"အကိုလေးရာချီ ‌ရွာလယ်မှာ ကြက်ဝိုင်းစနေပြီတဲ့ "

"အေအေ ငါလာပြီ...သွားတော့မယ်နော်ပုံတိုင်း မင်းလိုက်ချင်ရင်လိုက်ခဲ့ "

သာလှလာခေါ်တာကိုဘဲ လောတကြီးပြေးသွားတာများကိုယ်ကိုရှိတယ်လို့တောင်ထင်ရဲ့လားမသိ။
ကိုယ်စကားကိုတောင်ဆုံးအောင်နားမထောင်သွားဘူး "ကိုယ်က မင်းအတွက်ဘဲရှိနေပေးမှာ"လို့ပြောမလို့ကို....။

"ရာချီ ဒီတခါလဲ မင်းဘဲလား "

"ဘာလဲ ကြောက်တာလား"

"ကြောက်သွေးပါရင်ဆက်သိမ်းထားလိုက်မယ်ဟျောင့်မင်းကိုတော့လုံးဝဘဲ "

"ဖောက်ထုတ်ရမှာကြောက်နေတာမလားဟားဟား "

"မင်းကျမကြောက်လို့လား "

"မင်းနဲ့ဆိုင်လား "

ကြက်ဝိုင်းကို သိပ်မကြည့်ဖူးပေမယ့်
ကြက်တွေကအချင်းချင်းကိုက်တာလား
လူတွေကဘဲကိုက်တာလားဆိုတာကို ပုံတိုင်းမစဉ်းးစားတက်တော့ပါ

"ဟျောင့်တွေတော်တော့ အချိန်နှောင်းတော့မယ်ကွ "

ကြည်နူးဝင်တားမှဘဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးဟက်ခနဲလုပ်လိုက်ပြီး
ကြက်တွေကိုလည်း ဝိုင်းထဲမှာနေရာယူစေလိုက်၏

"ငါ့သား ငါ့သားချစမ်းး"

"လုပ်ကွ မင်းရာချီ့ကြက်ကိုမှ မနိုင်ရင်လူလုပ်မနေနဲ့တော့ "

ကျန်စစ်ပြောတဲ့စကားကြောင့် ပုံတိုင်းကြောင်ကြည့်နေမိ၏ အခုသူက ကြက်ကိုလူမလုပ်နဲ့လို့ပြောနေတာလား။

"အဖေ အားကိုးတယ်နော် တိုက်စမ်းပါ "

"အဲ့ မိမနိုင်ဖမနိုင်ကိုနိုင်အောင်ချကြ "

ခွတ်!!!!!ဖုတ်!!!

အသံတွေကလည်းမျိုးစုံကိုထွက်လို့လာ၏

"အကိုပုံတိုင်း"

"အင်းပြောလေ ကြည်နူး "

"ရာချီ့ဘက်ကိုအားပေးလား ကျန်စစ်ဘက်ကိုလား "

ရာချီတိုက်နေတာကိုသာ ကြည့်နေတာ ဘယ်သူကဘယ်သူ့ကြက်လဲမသိတာကို ဘာတွေမဲပေးခိုင်းနေတာလဲဘဲ။

ကြည်နူးကဘဲ ကြားထဲကမေးပေးတာကြောင့် နှစ်ယောက်သား ကြက်တွေကိုပြန်ယူပြီး
ပုံတိုင်းရဲ့အဖြေကိုသာစောင့်နေကြ၏

"ရာချီ့ဘက်က "

"ဘာ!!!"

"ရာချီနိုင်ရင်မင်းဘက်ကထပ်ပါပေးပါ့မယ့်ကွာ "

"နိမိတ်ဖက်နေတာဘဲ ထားပါ ဆက်တိုက်ကြမယ် "

ပုံတိုင်းရဲ့အဖြေက ရာချီ့ကို စိတ်ကျေနပ်စေတာကြောင့် ကျန်စစ်ကိုလည်းအောင်နိုင်သူအကြည့်နဲ့ ကြည့်လိုက်သေး၏

"ချစမ်း "

"မင်းဒီပွဲမှမနိုင်ရင် ငါချက်စားတော့မှာနော်"

ဖုတ်!!!ဖက်!!!!!

"ချကွ ချ"

"ရာချီမင်းဘာလို့ ကြက်ကိုပြန်သိမ်းတာလဲ "

ပွဲပြီးတော့မှအကျင့်ထယုတ်တဲ့ရာချီ့ကြောင့်ပိုလို့တောင်ဒေါသထွက်ရပြီးမှ

"ငါ့ကြက်သေတော့မှာပေါ့ "

"အသေခံပေါ့ မင်းကြက်ဘယ်လောက်တန်လို့လဲ "

"မင်းလူစိတ်မရှိတာတွေလာမပြောနဲ့ ကျန်စစ်
ကြက်တစ်ကောင်ကိုဘယ်လုပ်သတ်နိုင်မှာလဲငါက "

"စောက်ပိုမပြောနဲ့ ဟိုနေ့ကြက်ကိုကျအတူတူချက်စားပြီးတော့ "

"လီးဖြစ်လာကွာ မဆော့တော့ဘူးသွား "

"လီးဘဲကွာ "

"မဆဲနဲ့ငါ့ကို "

"ဆဲတော့လီးဖြစ်လား "

"အေဖြစ်တယ် "

ခွပ်!!

နှစ်ယောက်လုံးမထိန်းနိုင်ဘဲ ရာချီကအရင်ထိုးလိုက်တာကြောင့် ကျန်စစ်ယိုင်နဲ့သွားပြီး ကျန်စစ်ထပ်ထိုးမယ့်အချိန်ကြမှ
ပုံတိုင်းက ဝင်ခံလိုက်တာကြောင့် ပုံတိူင်းဆီကိုဘဲကျန်စစ်ရဲ့ လက်သီးချက်ပြင်းပြင်းကျရောက်သွားခဲ့၏။

"အကိုပုံတိုင်း !!"

"ပုံ ပုံတိုင်းမင်းအဆင်ပြေလား "

ကျန်စစ်ရဲ့လက်သီးတကယ့်ကိုပျင်း၏
ကိုယ်သာမကာလိုက်ရင် ဒီလက်သီးချက်က ရာချီ့ဆီကိုသက်ရောက်လာပြီး ရာချီနာကျင်ရလိမ့်မည်။

"အလိုတော် ဘယ်လိုတောင်ထိုးတာခံခဲ့ရတာလဲပုံတိုင်းရယ် "

"ကျွန်တော်အဆင်ပြေ အာ..."

အထိုးခံရတဲ့အရှိန်ကြောင့် နူတ်ခမ်းတော့ကွဲသွားခဲ့၏ မိခင်ဖြစ်သူကလည်း သားဖြစ်သူကိုလုပ်ရင် မခံချင်ပေမယ့် သားဖြစ်သူက တမင်ကို ပြန်မလုပ်ဘဲခံခဲ့တာကြောင့် ကိုယ့်သားကိုဘဲ ဆူချင်တော့သည်။

"ပုံတိုင်း နောက်ခါအဲ့နှယောက်နဲ့မပေါင်းစမ်းနဲ့"

"အ‌ဘရာ သူတို့တမင်လုပ်တာမှမဟုတ်ဘဲ"

"မင်းအဲ့လိုခံနေလို့ သူတို့ကပိုပြီးရောင့်တက်လာတာကွ "

"မဟုတ်ပါဘူအဘရာ အခုမှ တစ်ချက်ဘဲထိုးခံဖူးတာပါ "

"နောက်တချက်အထိုးခံချင်လို့လား"

"တော်ပါတော့ရှင်ရယ် ရှင့်သားကိုက သူတို့နှစ်ယောက်ကိုသံယောစဉ်တွယ်နေတာကို"

ပြောလည်းခံရမှာဘဲ သူ့ညီနှစ်ယောက်လုံးကိုပြောတာတော့သူလုံးဝမကြိုက်။

"ချီးဘဲအဲ့တာမင်းကြောင့် "

"ဘောကိုလား မင်းငါ့ကိုအရင်လာထိုးတာလေ "

"ပါးစပ်ကိုပိတ်ထား !!!"

"အဖေကလည်း "

"သူကြီးကလည်း "

ထုံးစံအတိုင်းထိပ်တုံးစာမိတာကြောင့်အကြောမပြတ်နိုင်ကျ။

စိတ်မကောင်းတော့ဖြစ်မိပါသည် ကိုယ်ခံရမယ့်နေရာမှာ ပုံတိုင်းခံသွားပေးတာကို
သို့ပေမယ့် ဒီလောက်ကတော့ငါလည်းခံနိုင်ပါတယ် သူကဘာလို့ဝင်ဝင်ခံရတာလဲ။

"အကိုတို့ "

"အော် နှင်းရည်ဘာလာပို့တာလဲ "

"ငါ့ညီမကငါ့ကိုလာပို့တာကွ"

ချိုင်းတစ်လုံးနဲ့ ရောက်လာတဲ့ နှင်းရည်ကြောင့် တစ်ခုခုပါလာမယ်ဆိုတဲ့အသိနဲ့ မျှော်လင့်ချက်မျက်လုံးတွေနဲ့သာကြည့်နေ၏

"အစကတော့ အမေပို့ခိုင်းလို့လာပို့တာဘဲ အခုတော့ကျွေးချင်စိတ်မရှိတော့ဘူး "

"ဘာလို့လဲ အမေပေးတာဆိုပေးလေ "

"မပေးဘူး ကိုယ့်ဟာကိုထိုင်စားအုန်းမာ "

"နှင်းရည်!!"

"ညီမလေးရာ ငါ့နင့်အကိုလေ "

"‌မကျွေးဘူး "

မကျွေးဘူးစကားအဖြစ်ပြောတယ်ဘဲထင်ပြီး
နှင်းရည်းချိုင့်ဖွင့်နေတာကို နှစ်ယောက်သားကြည့်နေပေမယ့် နှင်းရည်ကတော့အဲ့လိုမဟုတ် ပါလာတဲ့ ကြက်ပေါင်တစ်ခုကို တစ်ဖက်ကိုတစ်ခုကိုင်ပြီးအရသာခံတောင်ကိုက်ပြလိုက်သေး၏

"နှင်းရည် တကယ်မကျွေးတာလားဟ"

"နှင်းရည်ငါ့နင့်ကို အမေနဲ့တိုင်မှာနော်"

"အမလေးစားလို့ကောင်းလိုက်တာ "

ပြောလည်းမရ ‌အရှေ့တည့်တည့်ကထိုင်ပြီးလူတွေကို သရေကျအောင်လာလုပ်နေတာများ။

"တစ်ကိုက်လောက်ဘဲကျွေးပါနှင်းရည်ရာ "

"အကို့ကိုမသနားဘူးလား "

"ဘာလို့ ကိုကိုပုံ့ကိုထိုးတာလဲ"

"ငါထိုးတာမဟုတ်ဘူးအဲ့တာကျန်စစ်ကိုထိုးတာ "

"ဘယ်သူထိုးထိုးမထိုးထိုး အခုဆို ကိုကိုပုံနူတ်ခမ်းပေါက်သွားတာရှင့် ဒါကြောင့်မကျွေးဘူး "

လက်စသတ်တော့ ပုံတိုင်း‌ကိုထိုးလိုက်တာကြောင့်မကျွေးးတာကို ရတယ်မစားဘူး

"သူပေါက်တာနဲ့နင်မကျွေးတာနဲ့ဘာဆိုင်လို့လဲဟာ "

ရာချီကတော့ လက်လျှော့ပြီးထပ်မတောင်းစားတော့ပေမယ့် ကျန်စစ်ကတော့ဇွဲမလျှော့သေး

"ဘာမဆိုင်ရမှာလဲ သူများကိုကိုပုံကနုနုလေးရယ် ဘယ်လောက်တောင်နာနေမလဲ သူတို့လို့လူကြမ်းကြီးများမှတ်နေလားမသိ "

"အကိုပုံတိုင်းကငါ့တို့ထက်ကြီးပြီး ခံနိုင်‌ရည် ရှိပါတယ်ဟာ "

"ရှိရှိမရှိရှိ ကိုယ့်အသားကိုထိုးတာ ဘယ်သူကမနာလဲနေမလဲ "

ကျန်စစ်လဲရိပ်မိသွား၏ လက်စသတ်တော့နှင်းရည်ကပုံတိုင်းကိုကြိုက်ပြီး ငါနဲ့လုဖော်လုဖက်ဖြစ်တော့မယ့်သူဘဲကို

"နှင်းရည်မကျွေးရင်လည်းလစ်လိုက်တော့"

"ဟုတ်တယ်လစ်တော့ "

"ဟွန့်လစ်မှာပါ"

ဘယ်လိုတောင် ငါ့ညီမလင်တရူးနေရတာလဲ
တော်သေးတာပေါ့ ငါဒီလမ်းကိုရွေးချယ်လိုက်တာ မဟုတ်လို့ ပုံတိုင်းနဲ့ငါ့ညီမသာညားသွားရင်ငါထမင်းငတ်တော့မှာ...။

Continue Reading

You'll Also Like

89.3K 2.3K 33
A little AU where Lucifer and Alastor secretly loves eachother and doesn't tell anyone about it, and also Alastor has a secret identity no one else k...
5.1K 155 7
------ ----- Why did I make this you ask? Oh it's because I have nothing to do in my life rn
247K 38.2K 98
ပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး
3.9K 192 11
ထွက်ပြေးလို့လွတ်ကြေးလားကိုကို