ရိပ် သတိပြန်ရလာမှာအား ထိုင်စောင့်နေသည့် တေဇတစ်ယောက် ထိုင်မရ ထမရ အကြိမ်ကြိမ်ဖြစ်နေ၏။ သူ့ကလေးလေးတွေများ ဖြစ်နေမလားဟု အတွေးရောက်ရောက်သွားတာမို့ သူ ရိပ်၏ဗိုက်ကလေးကို လက်ချောင်းတွေနှင့် ငြင်သာစွာ ထိတွေ့နေမိသည်။
တစ်ညကုန်လွန်သွားသည့်အထိ ရိပ် သတိရမလာချိန်၌မူ သူ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘဲ ရိပ်ကို ကြည့်ပေးသွားသည့် ဆရာ့ဆီ ထွက်လာပြီး ရိပ်၏အခြေအနေ အသေးစိတ်ကို မေးမြန်းကြည့်လျက်ရှိသည်။
တေဇ ဆရာ့အခန်းထဲမှ ခေါင်းငိုက်စိုက်ကျရင်း ထွက်လာခဲ့၏။ ဆရာက ရိပ်အား ကလေးမမွေးခိုင်းဖို့ သတိပေးနေခဲ့သည်။ ရိပ်၏ စိတ်ကျန်းမာရေး အခြေအနေသာမက ခန္ဓာကိုယ်ကျန်းမာရေးကပါ ကလေးလေးတွေကို မွေးထုတ်ဖို့ မသင့်တော်သည့် ခန္ဓာကိုယ်ဖြစ်နေသည်ဟု ဆိုသည်။ ကလေးယူဖို့ကို အချိန်ယူသင့်သည်ဟုသာ ရှင်းပြသည်။ မဟုတ်လျှင်တော့ ရိပ်ကို လက်လွှတ်ဖို့ စိတ်ပြင်ဆင်ထားဖို့သာ ပြောလာခဲ့လေ၏။
သူ ရိပ်နား ပြန်ရောက်လာချိန်၌ ရိပ် လှုပ်ရှားလာ၏။
"နိုးပြီလား"
ရိပ် သူ့ဗိုက်ကို လက်ဖြင့် အရင်ဆုံး ကိုင်လိုက်ပြီးမှ မျက်လုံးတွေ ဖွင့်လိုက်မိ၏။
"ကလေး ဘာမှမဖြစ်ဘူးမလား"
ရိပ် သူ့ဗိုက်ထဲက ကလေးလေး တစ်ခုခုဖြစ်မှာကို အလွန်စိုးရိမ်သွားမိသည်။
"အဲ့အမွှာလေးတွေက ကိုယ်နဲ့ရထားတဲ့ ကလေးတွေလား"
ရိပ် အံ့ဩသွားကာ အလွန်လည်း ပျော်ရွှင်သွားသည်။ သူ့ဗိုက်ထဲ၌ ဘာလေးရှိနေခဲ့လဲ သူ ထပ်မစစ်ဆေးရသေးတာမို့ အခုမှ အမွှာလေးတွေမှန်း သိလိုက်ရ၏။
ရိပ် ပြုံးရွှင်စွာဖြင့် သူ့ဗိုက်ကို ထိတွေ့နေပြီး-
"စိတ်မပူနဲ့၊ ခင်ဗျားနဲ့ရတဲ့ကလေးတွေ ဖြစ်နေရင်တောင် ခင်ဗျားကို တာဝန်ယူခိုင်းနေမှာမဟုတ်လို့ ကိုယ့်မိသားစုနဲ့ကိုယ် ပျော်ပျော်ရွှင်ရွှင်ဆက်နေ၊ အခုလည်း ပြန်တော့"
တေဇ လှိုက်ခနဲ ပျော်ရွှင်သွားသည်။ နေဆက်ပိုင်ထံ၌ ကလေးလေးရှိနေတာကို သိရချိန်ကနှင့် မတူစွာ သူ့ကိုယ်သူ ဂုဏ်ယူမဆုံးတပြုံးပြုံးဖြစ်သွားမိသည်။
"ဗိုက်ထဲက ကလေးလေးတွေကို မင်းတစ်ယောက်ထဲ ဘယ်လိုကြည့်နိုင်မှာလဲ၊ ကိုယ့်ရဲ့ဒုတိယကြင်ယာတော်နေရာကို မင်း မငြင်းသင့်ဘူး"
ရိပ် ထိုလူ့အား မျက်လုံးထောင့်ကပ်ကြည့်လိုက်ပြီး မျက်နှာကို တစ်ဖက်သို့ လွှဲထားလိုက်မိတော့၏။ သူ တေဇကို ချစ်ပါ၏။ ချစ်လို့လည်း တေဇ၏ ရင်သွေးလေးကို သူ အသေခံ မွေးဖို့ ဆုံးဖြတ်ထားတာပင်။ သို့ပေသိ အစ်ကိုရင်းအပေါ်ကိုတောင် ကိုကို၏ အချစ်တွေကို တစ်ယောက်တည်းသာ လိုချင်ခဲ့သူ ဖြစ်၏။ ချစ်ရသူနဲ့ဆိုလည်း နံပါတ်တစ်သာ ဖြစ်ချင်သည်။ သူ အငယ်အနှောင်းတော့ မလုပ်ချင်ပါပေ။
ရိပ် ငြိမ်သက်သွားတာမို့ ရိပ် မကြိုက်တာကို သူ ထပ်မပြောတော့ဘဲ ရိပ်၏လက်ချောင်းလေးများကို သူ့လက်ဖဝါးကြီးထဲ ဆုပ်ကိုင်လိုက်ကာ ဖျစ်ညှစ်လိုက်ရင်း-
"ကိုယ့်ကလေးလေး ဒီကြားထဲမှာ တစ်ယောက်ထဲ ပင်ပန်းသွားခဲ့ရပြီ။ ကိုယ် ကလေး အရမ်းချစ်တယ်။ အဲ့ဒါမို့ အခု ရိပ်ဆီမှာ ကိုယ့်ရင်သွေးလေးတွေ ရှိနေတာ သိရလို့ ကိုယ် တကယ် ပြောမပြတတ်အောင် ပျော်တယ်"
ရိပ် ကိုကို့ဖက်သို့ ခေါင်းပြန်စောင်းကြည့်လိုက်သည်။
"ဒါပေမဲ့ ရိပ် ဒီကလေးတွေကို မမွေးရဘူး၊ ကိုယ် ခွင့်မပြုဘူး၊ ကိုယ့်အတွက် မင်းရဲ့အသက်က ပိုအရေးကြီးတယ်"
"ခင်ဗျား! ဘယ်လိုတောင် ဒီစကားတွေကို! ကလေးတွေ ကြားသွားမယ်၊ တိတ်တိတ်နေ"
ရိပ် ချက်ချင်းကုန်းထလိုက်ကာ သူ တေဇအား အလွန်ဒေါသထွက်သွားသည်။
"ထွက်သွား၊ ခင်ဗျားနဲ့ မဆိုင်ဘူး၊ ခင်ဗျားလိုလူမျိုးက အဖေ မဖြစ်သင့်ဘူး"
ရိပ် သူ့အား စိတ်ဆိုးတကြီး ထုရိုက်နေတာမို့ သူ ကုတင်ပေါ်က ရိပ်အား တင်းကြပ်စွာ သိုင်းဖက်ထားလိုက်မိကာ မျက်ရည်တွေပင် ဝဲလာမိ၏။ ပင်ကိုက ကလေးချစ်သည့်သူမို့ နေဆက်ပိုင်အပေါ်ကိုတောင် သူ သစ္စာရှိပေးဖို့ ကြိုးစားနေသူဖြစ်သည်။ သို့သော်ငြား အခုချိန်၌ ကလေးတွေထက် ရိပ်ကသာ သူ့အတွက် အရေးကြီးဆုံးဖြစ်နေခဲ့တာကို သူ သေချာသိလိုက်ရ၏။
ရိပ်၏စိတ်ကို သူ နားလည်တာမို့ တေဇ ရိပ် သူ့ကျောကို ထုရိုက်နေသမျှအား မျက်နှာတစ်ချက်မပျက်ဘဲ ငြိမ်ခံနေရင်း သူ ထိုနေ့က ဆုံးဖြတ်ချက်တစ်ခုကို ချနိုင်သွားခဲ့ပြီဖြစ်သည်။
ရိပ်ကို အိမ်ပြန်ပို့ပေးခဲ့ပြီး သူ့မျက်နှာကို မကြည့်ချင်ဘူးပဲ ပြောနေသည့် ရိပ်အား တစ်ယောက်တည်း ချန်ထားခဲ့ရပြီး အိမ်သို့ ပြန်လာခဲ့သည်။
"ကိုကို တစ်ညလုံး ဘယ်သွားနေတာလဲ၊ ကိုကို ကျွန်တော့်ဆီ လာမအိပ်တာထိ ကျွန်တော် သည်းခံပေးနိုင်သေးတယ်၊ ညအိပ်တောင် ပြန်မအိပ်တာထိ ကျွန်တော် လက်ပိုက်ကြည့်နေရမှာလား၊ ပြော၊ ဘယ်ကောင်နဲ့ သွားအိပ်နေတာလဲ"
ကလေးလေးတွေကို လွယ်ထားရသည့် သူတွေမို့ ထင်၏။ နေဆက်ပိုင်ရော ရိပ်ရောက တအား စိတ်ကြီးနေကြသည်။
တေဇ နေဆက်ပိုင်အား စိတ်မောစွာ ငေးကြည့်နေမိသည်။ သူ ငယ်ငယ်က အလွန်ချစ်မြတ်နိုးခဲ့မိသည်ဟု တထစ်ချယုံကြည်ခဲ့သည့် ဒီကလေးလေးကို သူ အခု ဘယ်လိုမှကို ခံစားလို့မရနိုင်ဖြစ်နေခဲ့တာမို့ သူ့ကိုယ်သူလည်း စိတ်ပျက်မိ၏။ သူ အလွန်သဘောကျခဲ့မိလို့တောင် ဆယ်နှစ်ကျော် စောင့်ခဲ့မိတာပင်။
တေဇ နေဆက်ပိုင်၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ထိုင်ခုံ၌ ထိုင်စေလိုက်ကာ ငုံ့မိုးကြည့်နေရင်း-
"ကိုယ်တို့ကြားက ကတိတွေကို မရှိခဲ့သလို သဘောထားပေးလို့ရမလား၊ ကိုယ် ထပ်ပြီး မင်းကို မညာချင်တော့ဘူး၊ ကိုယ့်တွေဝေမှုကြောင့် ကိုယ်တို့နှစ်ယောက်လုံး စိတ်ပင်ပန်းနေရတာ၊ ကိုယ် အစကထဲက ပြတ်သားခဲ့ရမှာ၊ ကိုယ် အခုလိုအချိန်မှာ မင်းအပေါ် ဒီလိုစကားတွေ မပြောသင့်တာ သိတယ်၊ ဒါပေမဲ့ ကိုယ် ထပ်ပြီးအချိန်ဆွဲနေမယ်ဆိုရင် ကိုယ်တို့နှစ်ယောက်လုံး စိတ်ဆင်းရဲနေရမယ်၊ ကိုယ်တို့ကို ကြည့်ပြီး ကလေးလည်း စိတ်ဒဏ်ရာရသွားလိမ့်မယ်"
နေဆက်ပိုင် စက္ကန့်အနည်းငယ်လောက် ပါးစပ်ဟောင်းလောင်းဖြစ်သွားရ၏။ ဒီလူ ဘယ်လိုစိတ်နဲ့များ ကိုယ့်ရင်သွေးကို လွယ်ပေးထားသည့်လူတစ်ယောက်အပေါ် ဒီလိုရက်စက်သည့် စကားတွေ ပြောထွက်နိုင်ရက်တာပါလိမ့်။
"ကိုယ် မင်္ဂလာပွဲ မလုပ်ဘဲ အချိန်ဆွဲနေကထဲက မင်း နားလည်မယ်လို့ ထင်ပါတယ်။ ကိုယ့်အမှားကြောင့် ရခဲ့တဲ့ ဒီကလေးအပေါ်ကိုတော့ ကိုယ် အဖေတာဝန် အပြည့်အဝယူမှာပါ"
"လူယုတ်မာ"
နေဆက်ပိုင် ဝုန်းခနဲ ထရပ်လိုက်ကာ တေဇ၏ပါးကို ဖြန်းခနဲ ရိုက်ချလိုက်မိတော့၏။
"ကိုကို ဘယ်လိုစိတ်နဲ့များ ဒီလိုပြောထွက်တာလဲ"
နေဆက်ပိုင် ဝမ်းနည်းတကြီး တေဇ၏အခန်းပြင်သို့ ပြေးထွက်သွားသည်။ အဖိုးအဆောင်သို့ သူ ပြေးလာမိကာ ရှိုက်ကြီးတငင် ငိုရှိုက်မိသည်။ ဦးမဟာ တကယ် ခေါင်းကိုက်သွားရသည်။ သူ့မြေးက ရိပ်၏အရိပ်အောက်က မလွတ်မြောက်သေးမှန်း ခရီးစဉ်တလျှောက်လုံး၌ သူ သတိထားခဲ့မိလို့ ဒီမင်္ဂလာပွဲကို သူ့မြေးတစ်ခုခု လုပ်တော့မည်ဟု ထိုအချိန်ကတည်းက သူ ထင်မိပါသေး၏။
နေဆက်ပိုင် ယံ့အား ဖုန်းဆက်ချိန်းသည်။
"အစ်ကိုသူ့ငယ်ချင်းက အဲ့ကောင်ကို အဲ့လောက်မွှန်နေတာလား၊ ကလေးလွယ်ထားပေးတာတောင် သူ ဘာလို့ ကျွန်တော့်အပေါ် နည်းနည်းလေးတောင် စိတ်မယိုင်လာရတာလဲ၊ အစ်ကို တစ်ခုခုလုပ်ပေး၊ ကျွန်တော် အလကားသက်သက် ဒီကလေး အဖက်တင်မခံနိုင်ဘူးနော်။ အစ်ကို ဒီကိစ္စကို တာဝန်ယူရမှာ"
နေဆက်ပိုင် တက်တော့မလို ဒေါသကြီးနေတာအား ယံ သူ့နားထင်ကို လက်ထောက်ရင်း ထိုင်ကြည့်နေသည်။ လက်တစ်ဖက်ကိုမူ လက်သီးဆုပ်လိုက်မိ၏။ သူ သိသည့် တေဇ တကယ် သေဆုံးသွားခဲ့ပြီ။ တေဇက သူ ရှာနေခဲ့သော ကလေးလေးဖြစ်သည့် နေဆက်ပိုင်ပေါ်လာတာတောင် ဘယ်လိုမှ မခံစားရတော့ပုံပင်။
"မင်းတို့ဘာသာ အဆင်မပြေဖြစ်ပြီး ကွဲပြဲကြတာလေ၊ ငါ မင်းကို တေဇ ကြွေလာမယ့်နည်းကို ပေးခဲ့ရုံပဲ၊ တာဝန်ယူရအောင် အဲ့ကလေးက ငါနဲ့ရတာမို့လို့လား"
"အစ်ကိုကပါ ဘယ်လိုလုပ်ပြီး!!!"
နေဆက်ပိုင် ဒီလူတွေကြောင့် လျှော့ခ်ရတော့မလို ဖြစ်လာသည်။
"ကလေးရှိတာတောင် တေဇ မင်းအပေါ် ကျမလာဘူးဆိုတာကတော့ မင်း ညံ့သွားပြီ"
နေဆက်ပိုင် ဝုန်းခနဲ ပစ်လဲသွားကာ သူ မတရားအနိုင်ကျင့်ခံရသလို ခံစားလိုက်ရသည်။ သူ ဒီအစ်ကိုပေးတဲ့နည်းအတိုင်း တခြားအမျိုးသားနှင့် ကလေးရအောင် နေခဲ့မိသည်။
သက်ခွန်းယံ နေဆက်ပိုင်ကို ဆတ်ခနဲ ဆွဲထူလိုက်ပြီး-
"ငါ လုပ်ခိုင်းတယ်လို့ အဖိုးနဲ့ တေဇကို သတ္တိရှိရင် ပြောကြည့်လိုက်လေ၊ မင်းနဲ့အဲ့ကောင် တူတူနေတဲ့ ဗီဒီယိုတွေအကုန် ငါ တေဇနဲ့ သူ့အဖိုးဆီ ပို့ပေးလိုက်မှာ။ ငါ ရိပ်ကို ရှင်းပေးမယ်၊ မင်းရဲ့မျက်နှာလေးနဲ့ဖြစ်ဖြစ် တေဇ သနားလာအောင် ထပ်ကြိုးစား"
သက်ခွန်းယံ တောက်ခေါက်လိုက်ပြီး နေဆက်ပိုင်ကို ပစ်ထားခဲ့လိုက်သည်။
ဒီညီအစ်ကိုတွေ. .အစ်ကိုက သူ့ဇနီးလောင်းကို လုသွားခဲ့ပြီး ပန်းအိမ် သူ့ဘေးက ထွက်သွားအောင် လုပ်ခဲ့သည်။ အခု အဲ့ကောင်ရဲ့ညီဖြစ်သည့် ရိပ်ကလည်း သူ့အချစ်ဆုံး သူငယ်ချင်းကို သူ့ဆီက လုယူသွားခဲ့သည်။ တေဇ သူ့ကို အဆက်အသွယ် လုံးဝမလုပ်တာ သုံးလနီးပါး ရှိနေခဲ့ပြီ။ သူတို့နှစ်ယောက်က သုံးနာရီတောင် အဆက်အသွယ် ပြတ်ဖူးကြသူတွေ မဟုတ်ပေ။
-----------------
"ဘာလာလုပ်ပြန်ပြီလဲ"
ရိပ် သူ့အိမ်ရှေ့ရောက်လာပြန်သည့် တေဇအား မျက်လုံးထောင့်ကပ်ပြီး ကြည့်လိုက်သည်။
"ကိုယ် မင်းကို တစ်နေရာ ခေါ်သွားချင်လို့၊ တက်"
ရိပ် ချက်ချင်း အိမ်ထဲဝင်ပြေးဖို့ပြင်သည်။ ဒီလူ သူ့ကလေးတွေကို ထိခိုက်အောင် လုပ်ဖို့ထင်၏။
သို့သော်ငြား တေဇ သူ့အား ခါးမှ ဖမ်းဆွဲလိုက်ကာ ကားပေါ်ဆွဲတင်လာတာမို့ သူ အလန့်တကြား ရုန်းကန်မိ၏။
"ဟော၊ ကိုယ် မင်းကို ဘာမှမလုပ်ပါဘူး၊ ကလေးအတွက် ပစ္စည်းတွေ တူတူသွားဝယ်ဖို့ပါ"
ရိပ် သူ့ကို မယုံမရဲပုံစံလေးဖြင့် မော့ကြည့်လာတာကြောင့် တေဇ ထိုကလေး၏ ပါးပြင်လေးကို မွှေးကြူပစ်လိုက်သည်။
"ကားပေါ်တက်၊ ကိုယ် မင်းနဲ့ ဒိတ်လုပ်ချင်လို့၊ ကလေးတွေအတွက်လည်း အရုပ်တွေသွားဝယ်မယ်"
ရိပ် ကားပေါ်လိုက်လာပြီး တေဇအား တစ်လမ်းလုံး မျက်စိဒေါက်ထောက်ကြည့်နေလျက်ရှိသည်။
တေဇ ရိပ်၏ဆံနွယ်များကို လှမ်းဖွလိုက်ပြီး ပြုံးလိုက်မိ၏။ ရိပ်က သူတို့ရင်သွေးလေးတွေကို အဆုံးထိ ကာကွယ်သွားမည့်ပုံရှိတာမို့ သူ ရိပ်ကို တကယ်လေးစားသွားမိကာ အရင်ထက်လည်း ပိုမြတ်နိုးမိသွားသည်။
ကိုကို သူ့ကို ကလေးပစ္စည်းရောင်းသည့် ဆိုင်ထဲခေါ်လာတာမို့ ရိပ် တီရှပ်အပွကြီးအောက်က သူ့ဗိုက်ကို အသာအယာ ထိကိုင်လိုက်မိကာ စိတ်ထဲက ကြိတ်ဆိုလိုက်မိသည်။
"မင်းတို့ဖေဖေက အရုပ်တွေ ဝယ်ပေးမယ်တဲ့၊ ကြိုက်တာရွေးနော်"
အရုပ်ဆိုင်ထဲသို့ ကိုကို သူ့လက်ကို တယုတယဆုပ်ကိုင်ပြီး တွဲခေါ်လာသည်။ ထို့နောက် သူ ဝယ်ဖို့ စိတ်ပဲကူးထားရသေးသည့် ကလေးပစ္စည်းမျိုးစုံကို ကိုကိုက အကုန်လိုက်ဝယ်နေပြီဖြစ်သည်။
ထိုအပြုအမူက ရိပ်အား နွေးထွေးမှုဖြစ်သွားစေကာ ကလေးတို့၏အဖေအပေါ် ပိုမိုအားကိုးလိုစိတ်များ ဖြစ်သွားသော်လည်း သူ သက်ပြင်းချလိုက်သည်။ ဒီလူ နေဆက်ပိုင်နဲ့လည်း ဒီလိုပဲ ကလေးပစ္စည်းတွေ လိုက်ဝယ်မှာပဲဖြစ်တာမို့ သူ အခုချိန်၌ သူများယောက်ျားနဲ့ ဖောက်ပြန်နေသည့်သူအဖြစ်ပင် ခံစားသွားရတာကြောင့် မပျော်မရွှင်ဖြစ်သွား၏။
"ဒီဝက်ဝံရုပ်ယူမလား"
တေဇ အညိုရောင်အမွေးပွ ဝက်ဝံရုပ်ကြီးအား မြှောက်ကိုင်လိုက်ကာ ရိပ်လက်ထဲသို့ ထည့်ပေးလိုက်သည်။
"ဟင့်အင်း၊ အရုပ်တွေများနေပြီ၊ တော်ပြီ"
ရိပ် တစ်ဆိုင်လုံးကို မျက်စိဝေ့ကြည့်လိုက်ရင်း ထိုဝက်ဝံရုပ်ကိုလည်း သူတို့ယူမည့် ပစ္စည်းခြင်းထဲ ဖတ်ခနဲ ကောက်ထည့်လိုက်ကာ ကိုကို ဟိုဖက် ခေါင်းလှည့်လိုက်တုန်းတင် ရိပ် ကိုကို့နောက်က ခြင်းထဲသို့ ကားရုပ်နှစ်စီးနှင့် ဘိုမရုပ်လေး သုံးရုပ်ကိုပါ ဆတ်ခနဲ ကောက်ထည့်လိုက်သည်။ ထို့နောက် ဝက်ဝံရုပ်ကို ပြန်ပိုက်ထားလိုက်ပြီး မသိချင်ယောင် ဆောင်နေလိုက်၏။
"ကျွန်တော် ဒီဝက်ဝံရုပ်ပဲ ယူပါတော့မယ်"
တေဇ ဝက်ဝံရုပ်ဖက်ထားသည့် ရိပ်ကို ပခုံးမှ သိုင်းဖက်လိုက်ပြီး တွန်းလှည်းခြင်းကို ဆွဲယူလာခဲ့၏။
ရိပ် သူ မသိအောင် ခိုးထည့်ထားသည့် အရုပ်တွေကို ခိုးကြည့်လိုက်ပြီး ရိပ်က ဘာလိုချင်လဲ မပြောတာမို့ ရိပ် အရုပ်တစ်ခုအပေါ် နည်းနည်းကြာကြာ စိုက်ကြည့်နေပြီဆိုလျှင် တေဇ ထိုအရုပ်ကိုပါ ခြင်းထဲကောက်ထည့်လိုက်သည်။
"တော်ပါပြီဆို"
တော်ပါပြီဟုဆိုနေသည့် ရိပ်တစ်ယောက် တစ်ဆိုင်လုံးက အရုပ်တွေကို လိုချင်နေမိတာကြောင့် အကြည့်မလွှဲနိုင်။
လက်ထဲက ဝက်ဝံရုပ်ကို ဖျစ်ညှစ်လိုက်ရင်း ငယ်ငယ်က သူ အခုလို အရုပ်ဆိုင်ထဲ သိပ်မဝင်ခဲ့ရသည့်အချိန်တွေကိုပင် သတိရသွားခဲ့သည်။ သူ့ကလေးလေးတွေအလှည့်ကျရင် ထိုကဲ့သို့ မဖြစ်ရအောင် သူ အလုပ်တွေကြိုးစားပြီး ဝယ်ပေးချင်သော်ငြား သူ ထိုအချိန်ထိ မရှိနိုင်လောက်မှာ တွေးပြီး ဝမ်းနည်းနေမိသည်။
"ရိပ်လက်ထဲက ဝက်ဝံရုပ်ပေးဦး၊ ကိုယ် ရှင်းလိုက်ဦးမယ်"
တေဇ ရိပ်လက်ထဲက ဝက်ဝံရုပ်ကို ယူလိုက်ကာ ရိပ်နှင့် ကလေးအတွက် သူ စိတ်ကြိုက်ဝယ်ထားသမျှကို ရှင်းနေလေ၏။
သူတို့ဆိုင်ထဲက ပြန်ထွက်လာချိန်၌ ညနေရောက်ခါနီးပြီဖြစ်သည်။ တေဇ ပစ္စည်းများအား ကားနောက်ခန်းထဲ ထည့်လိုက်ပြီး-
"နေဝင်ချိန် တူတူသွားကြည့်ရအောင်၊ မင်းဘောလုံးစီးချင်တယ်ဆို၊ ကိုယ် ဒီညနေအတွက် ဘိုကင်ပေးထားခဲ့တယ်"
သူ့အပေါ် စိတ်ကောင်းဝင်နေသော ကိုကို့အား ရိပ် ခေါင်းညိတ်ပြလိုက်မိသော်လည်း သူ ကိုကိုနဲ့ ခုလိုမျိုး နေဆက်ပိုင်နောက်ကွယ်၌ မနေချင်ပါပေ။
ဘောလုံးလွှတ်တင်ဖို့ ဘောလုံးကို ပြင်ထားသည့် နေရာသို့ သူတို့ကားလေးရောက်ရှိလာသည်။
သူတို့ရောက်ရှိလာချိန်၌ သူတို့ဘောလုံးကို လိုက်မောင်းနှင်ပေးမည့် နိုင်ငံခြားသားဦးလေးကြီးက သူတို့အား ဘောလုံးပေါ်၌ ဆောင်ရန် ရှောင်ရန်များကို ရှင်းပြလာသည်။
ရိပ် ဂရုတစိုက်နားထောင်နေပြီး သူ့ခပ်လှမ်းလှမ်း၌ ဝန်ထမ်းတွေနဲ့ စကားလက်ဆုံကျနေသည့် ရှပ်အဖြူရောင်နှင့်စတိုင်ပန်အမည်းရောင်ကို ဝတ်ဆင်ထားသည့် အရပ်ရှည်ကာ အလွန်ချောမောခန့်ငြားလွန်းလှသော ကိုကို့ကို ရိပ်တစ်ယောက် ရှင်းပြတာကို နားထောင်ရင်း ငေးကြည့်နေမိသည်။
သူတို့ဘောလုံးပေါ်ရောက်ချိန်၌ ဘောလုံးကို စလွှတ်တင်လိုက်ပြီမို့ သူ ပုဂံဘုရားတွေပေါ်က မကြာခဏထိုင်ကြည့်ဖူးသည့် နေဝင်ချိန်ကို ဘောလုံးပေါ်ကနေ ရင်သပ်ရှုမောဖွယ်ရာ ငေးခွင့်ရလေသည်။
ဘုရားတွေပေါ်ကနေတော့ ပျံဝဲသွားခြင်းမရှိတတ်သည့် သူတို့၏ ဘောလုံးလေးက ပုဂံဘုရားပေါင်းများစွာကို အမြင်တစ်မျိုးဖြင့် မြင်နေရသည်။ ဘုရားတွေကြား ကြီးပြင်းလာခဲ့သော်ငြား ဘုရားတရားမဲ့နေသည့် ရိပ်တစ်ယောက် အခုချိန်၌မူ ဘုရားတစ်ဆူကို ဖူးလိုက်ရတိုင်း လက်အုပ်ချီပြီး မျက်လုံးစုံမှိတ်ကာ ဆုတောင်းနေမိသည်။
သူ့ထံ၌ ဆုတောင်းတစ်ခုသာ ရှိပါသည်။ သူရော ကလေးတွေပါ ကျန်းကျန်းမာမာနဲ့ ဒီလူ့နားမှာ သက်တမ်းစေ့နေခွင့်ရချင်ရုံလေးပါပင်။
"ကိုကို"
"အင်း"
"တကယ်လို့များ ကျွန်တော် မရှိတော့ရင်လေ ကလေးတွေကို စောင့်ရှောက်ပေးပါ၊ ကျွန်တော် စိတ်ချလက်ချ မျက်လုံးမှိတ်သွားနိုင်အောင် ကျွန်တော့်ကို ဒီကတိတစ်ခုတော့ ပေးလို့ရမလား"
"ကိုယ့်ဖက်က ရိပ်ဆန္ဒကို ဖြည့်ဆည်းပေးစေချင်တယ်ဆိုရင် ရိပ်ဖက်ကလည်း ကိုယ့်ဆန္ဒကို ဖြည့်ဆည်းပေးရမယ်"
ရိပ် ဘာလဲဆိုတာကို မေးဆတ်ပြပြီး မေးလိုက်သည်။
ထိုအချိန်၌ ကိုကို သူ့နောက်ကို လက်ညှိုးထိုးပြတာမို့ သူ လှည့်ကြည့်လိုက်ချိန် ထိုနေရာ၌ ဘောလုံးများစွာ လှပစွာ ရစ်ဝဲနေတာကို ရိပ် မြင်လိုက်ရသည်။
/ ကိုကို ရိပ်ရဲ့ ခင်ပွန်းဖြစ်ချင်တယ် /
ဘောလုံးတစ်လုံးဆီက စာတွေကို စုလိုက်လျှင် ပေါ်လာသည့် စကားလုံးလေးများ။
"ကိုကို ရိပ်ကို ချစ်တယ်"
ကိုကို့နှုတ်က ကြားလိုက်ရသည့် စကားတစ်ခွန်း။
". . ."
"ကိုကို ရိပ်ရဲ့ ခင်ပွန်းဖြစ်ချင်တယ်၊ ကလေးတွေရဲ့ အဖေဖြစ်ချင်တယ်၊ ရိပ်ကို ဒုတိယနေရာမှာမဟုတ်ဘဲ ကိုကို့ရဲ့ တစ်ဦးတည်းသောနဲ့ ပထမနေရာမှာပဲ ထားမှာပါ။ ကိုကိုတို့ အခုလို နေဝင်ချိန်တူတူ စောင့်ကြည့်ကြသလိုမျိုး ရိပ် ဗိုက်ထဲက ဒီကလေးတွေ ထွက်လာမယ့်အချိန်ကိုလည်း တူတူစောင့်ကြရအောင်"
". . ."
"ကိုကို ရိပ်နဲ့သာဆိုရင် နတ်ပြည်လည်း တူတူတက်ချင်တယ်၊ ငရဲလည်း တူတူသွားနိုင်တယ်၊ ကိုကို ရိပ်ကို အဲ့လောက်ထိ ချစ်မိသွားခဲ့တယ်"
ရိပ် ဘောလုံးနောက်ကျောကို ကျောမှီလိုက်ပြီး စိတ်လျှော့လိုက်ချိန် သူ့ပါးပေါ်ကိုလည်း မျက်ရည်တွေ တစ်ပေါက်ပြီးတစ်ပေါက် လှိမ့်ဆင်းကျလာသည်။
တေဇ ရိပ်၏မျက်ရည်များကို မသုတ်ပေးမိတော့၊ သူ ရိပ်ကို ငိုခွင့်ပေးထားခဲ့သည်။
ကလေးတွေကို ချစ်တတ်သည့် သူ့အတွက် ဘုရားက သူ မျှော်နေခဲ့ဖူးသည့် နေဆက်ပိုင်ဆီကရော သူ ထပ်ချစ်မိသွားသည့် ရိပ်ဆီကပါ လူသားလေးတွေ သူ့ထံသို့ ပို့ပေးခဲ့သည်။ သို့သော်လည်း အခုချိန်၌ ဖခင် မပီသစွာပင် သူ ဒီကလေးတွေအား အာရုံမရှိနိုင်တော့ပေ။
သူ အခုချိန်၌ ဒီလူသားလေးအပေါ်မှာသာ စိတ်ရော လူပါ အပြည့်အဝ နစ်ဝင်နေခဲ့သည်။
တားလို့ရမှာမဟုတ်သည့် ရိပ်ကို ကလေးမမွေးရဘူးဟု အတင်းအကြပ် မပြောချင်တော့၊ ကလေးတွေကို အားနာလွန်းလို့လည်း မပြောရက်တော့။ သူ ဆုံးဖြတ်ချက်ချခဲ့ပြီးပြီ ဖြစ်၏။
ရိပ်၏သက်တမ်းက ခြောက်လလောက်သာ ကျန်တော့မည်ဆိုလျှင် သူ ဒီခြောက်လအတွင်း ရိပ်အတွက် ပျော်ရွှင်စရာတွေ ဖန်တီးပေးချင်သည်။ ရိပ် မရှိတော့လျှင်တော့ အစကတည်းက နောင်ရိုးရိပ်၏ နှလုံးသာ မရခဲ့လျှင် သေလူဖြစ်ပြီးသား သူ့အတွက် ရိပ်နောက်ကို လိုက်သွားဖို့ပဲ ဆုံးဖြတ်ခဲ့ပြီးပြီဖြစ်၏။
"ကလေးရယ် ကိုယ်တို့ ဒီလိုပုံစံမျိုးနဲ့ မဆုံခဲ့ကြရင် တကယ် ကောင်းမှာပဲကွာ"
နောက်ဘဝတွေကျရင်တော့ သူတို့နှစ်ယောက် ဒီဘဝမှာကဲ့သို့ ကံကြွေးအဖြစ် မဆုံရတော့ဘဲ လှပသည့် ရေစက်တွေနှင့်သာ ဆုံတွေ့ခွင့်ရဖို့ တေဇဓိရာဇ် ရိပ်၏နဖူးပြင်လေးကို သူ့နဖူးဖြင့် တေ့ထားလိုက်ပြီး ဘုရားအစူစူအား တိုင်တည်ဆုတောင်းလိုက်မိသည်။
________________________
9.1.2024
[Zawgyi]
ရိပ္ သတိျပန္ရလာမွာအား ထိုင္ေစာင့္ေနသည့္ ေတဇတစ္ေယာက္ ထိုင္မရ ထမရ အႀကိမ္ႀကိမ္ျဖစ္ေန၏။ သူ႕ကေလးေလးေတြမ်ား ျဖစ္ေနမလားဟု အေတြးေရာက္ေရာက္သြားတာမို႔ သူ ရိပ္၏ဗိုက္ကေလးကို လက္ေခ်ာင္းေတြႏွင့္ ျငင္သာစြာ ထိေတြ႕ေနမိသည္။
တစ္ညကုန္လြန္သြားသည့္အထိ ရိပ္ သတိရမလာခ်ိန္၌မူ သူ ၿငိမ္ၿငိမ္ထိုင္မေနနိုင္ေတာ့ဘဲ ရိပ္ကို ၾကည့္ေပးသြားသည့္ ဆရာ့ဆီ ထြက္လာၿပီး ရိပ္၏အေျခအေန အေသးစိတ္ကို ေမးျမန္းၾကည့္လ်က္ရွိသည္။
ေတဇ ဆရာ့အခန္းထဲမွ ေခါင္းငိုက္စိုက္က်ရင္း ထြက္လာခဲ့၏။ ဆရာက ရိပ္အား ကေလးမေမြးခိုင္းဖို႔ သတိေပးေနခဲ့သည္။ ရိပ္၏ စိတ္က်န္းမာေရး အေျခအေနသာမက ခႏၶာကိုယ္က်န္းမာေရးကပါ ကေလးေလးေတြကို ေမြးထုတ္ဖို႔ မသင့္ေတာ္သည့္ ခႏၶာကိုယ္ျဖစ္ေနသည္ဟု ဆိုသည္။ ကေလးယူဖို႔ကို အခ်ိန္ယူသင့္သည္ဟုသာ ရွင္းျပသည္။ မဟုတ္လွ်င္ေတာ့ ရိပ္ကို လက္လႊတ္ဖို႔ စိတ္ျပင္ဆင္ထားဖို႔သာ ေျပာလာခဲ့ေလ၏။
သူ ရိပ္နား ျပန္ေရာက္လာခ်ိန္၌ ရိပ္ လႈပ္ရွားလာ၏။
"နိုးၿပီလား"
ရိပ္ သူ႕ဗိုက္ကို လက္ျဖင့္ အရင္ဆုံး ကိုင္လိုက္ၿပီးမွ မ်က္လုံးေတြ ဖြင့္လိုက္မိ၏။
"ကေလး ဘာမွမျဖစ္ဘူးမလား"
ရိပ္ သူ႕ဗိုက္ထဲက ကေလးေလး တစ္ခုခုျဖစ္မွာကို အလြန္စိုးရိမ္သြားမိသည္။
"အဲ့အမႊာေလးေတြက ကိုယ္နဲ႕ရထားတဲ့ ကေလးေတြလား"
ရိပ္ အံ့ဩသြားကာ အလြန္လည္း ေပ်ာ္႐ႊင္သြားသည္။ သူ႕ဗိုက္ထဲ၌ ဘာေလးရွိေနခဲ့လဲ သူ ထပ္မစစ္ေဆးရေသးတာမို႔ အခုမွ အမႊာေလးေတြမွန္း သိလိုက္ရ၏။
ရိပ္ ၿပဳံး႐ႊင္စြာျဖင့္ သူ႕ဗိုက္ကို ထိေတြ႕ေနၿပီး-
"စိတ္မပူနဲ႕၊ ခင္ဗ်ားနဲ႕ရတဲ့ကေလးေတြ ျဖစ္ေနရင္ေတာင္ ခင္ဗ်ားကို တာဝန္ယူခိုင္းေနမွာမဟုတ္လို႔ ကိုယ့္မိသားစုနဲ႕ကိုယ္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ဆက္ေန၊ အခုလည္း ျပန္ေတာ့"
ေတဇ လွိုက္ခနဲ ေပ်ာ္႐ႊင္သြားသည္။ ေနဆက္ပိုင္ထံ၌ ကေလးေလးရွိေနတာကို သိရခ်ိန္ကႏွင့္ မတူစြာ သူ႕ကိုယ္သူ ဂုဏ္ယူမဆုံးတၿပဳံးၿပဳံးျဖစ္သြားမိသည္။
"ဗိုက္ထဲက ကေလးေလးေတြကို မင္းတစ္ေယာက္ထဲ ဘယ္လိုၾကည့္နိုင္မွာလဲ၊ ကိုယ့္ရဲ႕ဒုတိယၾကင္ယာေတာ္ေနရာကို မင္း မျငင္းသင့္ဘူး"
ရိပ္ ထိုလူ႕အား မ်က္လုံးေထာင့္ကပ္ၾကည့္လိုက္ၿပီး မ်က္ႏွာကို တစ္ဖက္သို႔ လႊဲထားလိုက္မိေတာ့၏။ သူ ေတဇကို ခ်စ္ပါ၏။ ခ်စ္လို႔လည္း ေတဇ၏ ရင္ေသြးေလးကို သူ အေသခံ ေမြးဖို႔ ဆုံးျဖတ္ထားတာပင္။ သို႔ေပသိ အစ္ကိုရင္းအေပၚကိုေတာင္ ကိုကို၏ အခ်စ္ေတြကို တစ္ေယာက္တည္းသာ လိုခ်င္ခဲ့သူ ျဖစ္၏။ ခ်စ္ရသူနဲ႕ဆိုလည္း နံပါတ္တစ္သာ ျဖစ္ခ်င္သည္။ သူ အငယ္အေႏွာင္းေတာ့ မလုပ္ခ်င္ပါေပ။
ရိပ္ ၿငိမ္သက္သြားတာမို႔ ရိပ္ မႀကိဳက္တာကို သူ ထပ္မေျပာေတာ့ဘဲ ရိပ္၏လက္ေခ်ာင္းေလးမ်ားကို သူ႕လက္ဖဝါးႀကီးထဲ ဆုပ္ကိုင္လိုက္ကာ ဖ်စ္ညွစ္လိုက္ရင္း-
"ကိုယ့္ကေလးေလး ဒီၾကားထဲမွာ တစ္ေယာက္ထဲ ပင္ပန္းသြားခဲ့ရၿပီ။ ကိုယ္ ကေလး အရမ္းခ်စ္တယ္။ အဲ့ဒါမို႔ အခု ရိပ္ဆီမွာ ကိုယ့္ရင္ေသြးေလးေတြ ရွိေနတာ သိရလို႔ ကိုယ္ တကယ္ ေျပာမျပတတ္ေအာင္ ေပ်ာ္တယ္"
ရိပ္ ကိုကို႔ဖက္သို႔ ေခါင္းျပန္ေစာင္းၾကည့္လိုက္သည္။
"ဒါေပမဲ့ ရိပ္ ဒီကေလးေတြကို မေမြးရဘူး၊ ကိုယ္ ခြင့္မျပဳဘူး၊ ကိုယ့္အတြက္ မင္းရဲ႕အသက္က ပိုအေရးႀကီးတယ္"
"ခင္ဗ်ား! ဘယ္လိုေတာင္ ဒီစကားေတြကို! ကေလးေတြ ၾကားသြားမယ္၊ တိတ္တိတ္ေန"
ရိပ္ ခ်က္ခ်င္းကုန္းထလိုက္ကာ သူ ေတဇအား အလြန္ေဒါသထြက္သြားသည္။
"ထြက္သြား၊ ခင္ဗ်ားနဲ႕ မဆိုင္ဘူး၊ ခင္ဗ်ားလိုလူမ်ိဳးက အေဖ မျဖစ္သင့္ဘူး"
ရိပ္ သူ႕အား စိတ္ဆိုးတႀကီး ထုရိုက္ေနတာမို႔ သူ ကုတင္ေပၚက ရိပ္အား တင္းၾကပ္စြာ သိုင္းဖက္ထားလိုက္မိကာ မ်က္ရည္ေတြပင္ ဝဲလာမိ၏။ ပင္ကိုက ကေလးခ်စ္သည့္သူမို႔ ေနဆက္ပိုင္အေပၚကိုေတာင္ သူ သစၥာရွိေပးဖို႔ ႀကိဳးစားေနသူျဖစ္သည္။ သို႔ေသာ္ျငား အခုခ်ိန္၌ ကေလးေတြထက္ ရိပ္ကသာ သူ႕အတြက္ အေရးႀကီးဆုံးျဖစ္ေနခဲ့တာကို သူ ေသခ်ာသိလိုက္ရ၏။
ရိပ္၏စိတ္ကို သူ နားလည္တာမို႔ ေတဇ ရိပ္ သူ႕ေက်ာကို ထုရိုက္ေနသမွ်အား မ်က္ႏွာတစ္ခ်က္မပ်က္ဘဲ ၿငိမ္ခံေနရင္း သူ ထိုေန႕က ဆုံးျဖတ္ခ်က္တစ္ခုကို ခ်နိဳင္သြားခဲ့ၿပီျဖစ္သည္။
ရိပ္ကို အိမ္ျပန္ပို႔ေပးခဲ့ၿပီး သူ႕မ်က္ႏွာကို မၾကည့္ခ်င္ဘူးပဲ ေျပာေနသည့္ ရိပ္အား တစ္ေယာက္တည္း ခ်န္ထားခဲ့ရၿပီး အိမ္သို႔ ျပန္လာခဲ့သည္။
"ကိုကို တစ္ညလုံး ဘယ္သြားေနတာလဲ၊ ကိုကို ကြၽန္ေတာ့္ဆီ လာမအိပ္တာထိ ကြၽန္ေတာ္ သည္းခံေပးနိုင္ေသးတယ္၊ ညအိပ္ေတာင္ ျပန္မအိပ္တာထိ ကြၽန္ေတာ္ လက္ပိုက္ၾကည့္ေနရမွာလား၊ ေျပာ၊ ဘယ္ေကာင္နဲ႕ သြားအိပ္ေနတာလဲ"
ကေလးေလးေတြကို လြယ္ထားရသည့္ သူေတြမို႔ ထင္၏။ ေနဆက္ပိုင္ေရာ ရိပ္ေရာက တအား စိတ္ႀကီးေနၾကသည္။
ေတဇ ေနဆက္ပိုင္အား စိတ္ေမာစြာ ေငးၾကည့္ေနမိသည္။ သူ ငယ္ငယ္က အလြန္ခ်စ္ျမတ္နိုးခဲ့မိသည္ဟု တထစ္ခ်ယဳံၾကည္ခဲ့သည့္ ဒီကေလးေလးကို သူ အခု ဘယ္လိုမွကို ခံစားလို႔မရနိုင္ျဖစ္ေနခဲ့တာမို႔ သူ႕ကိုယ္သူလည္း စိတ္ပ်က္မိ၏။ သူ အလြန္သေဘာက်ခဲ့မိလို႔ေတာင္ ဆယ္ႏွစ္ေက်ာ္ ေစာင့္ခဲ့မိတာပင္။
ေတဇ ေနဆက္ပိုင္၏ ပခုံးႏွစ္ဖက္ကို ဆုပ္ကိုင္လိုက္ၿပီး ထိုင္ခုံ၌ ထိုင္ေစလိုက္ကာ ငုံ႕မိုးၾကည့္ေနရင္း-
"ကိုယ္တို႔ၾကားက ကတိေတြကို မရွိခဲ့သလို သေဘာထားေပးလို႔ရမလား၊ ကိုယ္ ထပ္ၿပီး မင္းကို မညာခ်င္ေတာ့ဘူး၊ ကိုယ့္ေတြေဝမႈေၾကာင့္ ကိုယ္တို႔ႏွစ္ေယာက္လုံး စိတ္ပင္ပန္းေနရတာ၊ ကိုယ္ အစကထဲက ျပတ္သားခဲ့ရမွာ၊ ကိုယ္ အခုလိုအခ်ိန္မွာ မင္းအေပၚ ဒီလိုစကားေတြ မေျပာသင့္တာ သိတယ္၊ ဒါေပမဲ့ ကိုယ္ ထပ္ၿပီးအခ်ိန္ဆြဲေနမယ္ဆိုရင္ ကိုယ္တို႔ႏွစ္ေယာက္လုံး စိတ္ဆင္းရဲေနရမယ္၊ ကိုယ္တို႔ကို ၾကည့္ၿပီး ကေလးလည္း စိတ္ဒဏ္ရာရသြားလိမ့္မယ္"
ေနဆက္ပိုင္ စကၠန႔္အနည္းငယ္ေလာက္ ပါးစပ္ေဟာင္းေလာင္းျဖစ္သြားရ၏။ ဒီလူ ဘယ္လိုစိတ္နဲ႕မ်ား ကိုယ့္ရင္ေသြးကို လြယ္ေပးထားသည့္လူတစ္ေယာက္အေပၚ ဒီလိုရက္စက္သည့္ စကားေတြ ေျပာထြက္နိုင္ရက္တာပါလိမ့္။
"ကိုယ္ မဂၤလာပြဲ မလုပ္ဘဲ အခ်ိန္ဆြဲေနကထဲက မင္း နားလည္မယ္လို႔ ထင္ပါတယ္။ ကိုယ့္အမွားေၾကာင့္ ရခဲ့တဲ့ ဒီကေလးအေပၚကိုေတာ့ ကိုယ္ အေဖတာဝန္ အျပည့္အဝယူမွာပါ"
"လူယုတ္မာ"
ေနဆက္ပိုင္ ဝုန္းခနဲ ထရပ္လိုက္ကာ ေတဇ၏ပါးကို ျဖန္းခနဲ ရိုက္ခ်လိဳက္မိေတာ့၏။
"ကိုကို ဘယ္လိုစိတ္နဲ႕မ်ား ဒီလိုေျပာထြက္တာလဲ"
ေနဆက္ပိုင္ ဝမ္းနည္းတႀကီး ေတဇ၏အခန္းျပင္သို႔ ေျပးထြက္သြားသည္။ အဖိုးအေဆာင္သို႔ သူ ေျပးလာမိကာ ရွိုက္ႀကီးတငင္ ငိုရွိုက္မိသည္။ ဦးမဟာ တကယ္ ေခါင္းကိုက္သြားရသည္။ သူ႕ေျမးက ရိပ္၏အရိပ္ေအာက္က မလြတ္ေျမာက္ေသးမွန္း ခရီးစဥ္တေလွ်ာက္လုံး၌ သူ သတိထားခဲ့မိလို႔ ဒီမဂၤလာပြဲကို သူ႕ေျမးတစ္ခုခု လုပ္ေတာ့မည္ဟု ထိုအခ်ိန္ကတည္းက သူ ထင္မိပါေသး၏။
ေနဆက္ပိုင္ ယံ့အား ဖုန္းဆက္ခ်ိန္းသည္။
"အစ္ကိုသူ႕ငယ္ခ်င္းက အဲ့ေကာင္ကို အဲ့ေလာက္မႊန္ေနတာလား၊ ကေလးလြယ္ထားေပးတာေတာင္ သူ ဘာလို႔ ကြၽန္ေတာ့္အေပၚ နည္းနည္းေလးေတာင္ စိတ္မယိုင္လာရတာလဲ၊ အစ္ကို တစ္ခုခုလုပ္ေပး၊ ကြၽန္ေတာ္ အလကားသက္သက္ ဒီကေလး အဖက္တင္မခံနိုင္ဘူးေနာ္။ အစ္ကို ဒီကိစၥကို တာဝန္ယူရမွာ"
ေနဆက္ပိုင္ တက္ေတာ့မလို ေဒါသႀကီးေနတာအား ယံ သူ႕နားထင္ကို လက္ေထာက္ရင္း ထိုင္ၾကည့္ေနသည္။ လက္တစ္ဖက္ကိုမူ လက္သီးဆုပ္လိုက္မိ၏။ သူ သိသည့္ ေတဇ တကယ္ ေသဆုံးသြားခဲ့ၿပီ။ ေတဇက သူ ရွာေနခဲ့ေသာ ကေလးေလးျဖစ္သည့္ ေနဆက္ပိုင္ေပၚလာတာေတာင္ ဘယ္လိုမွ မခံစားရေတာ့ပုံပင္။
"မင္းတို႔ဘာသာ အဆင္မေျပျဖစ္ၿပီး ကြဲၿပဲၾကတာေလ၊ ငါ မင္းကို ေတဇ ေႂကြလာမယ့္နည္းကို ေပးခဲ့႐ုံပဲ၊ တာဝန္ယူရေအာင္ အဲ့ကေလးက ငါနဲ႕ရတာမို႔လို႔လား"
"အစ္ကိုကပါ ဘယ္လိုလုပ္ၿပီး!!!"
ေနဆက္ပိုင္ ဒီလူေတြေၾကာင့္ ေလွ်ာ့ခ္ရေတာ့မလို ျဖစ္လာသည္။
"ကေလးရွိတာေတာင္ ေတဇ မင္းအေပၚ က်မလာဘူးဆိုတာကေတာ့ မင္း ညံ့သြားၿပီ"
ေနဆက္ပိုင္ ဝုန္းခနဲ ပစ္လဲသြားကာ သူ မတရားအနိုင္က်င့္ခံရသလို ခံစားလိုက္ရသည္။ သူ ဒီအစ္ကိုေပးတဲ့နည္းအတိုင္း တျခားအမ်ိဳးသားႏွင့္ ကေလးရေအာင္ ေနခဲ့မိသည္။
သက္ခြန္းယံ ေနဆက္ပိုင္ကို ဆတ္ခနဲ ဆြဲထူလိုက္ၿပီး-
"ငါ လုပ္ခိုင္းတယ္လို႔ အဖိုးနဲ႕ ေတဇကို သတၱိရွိရင္ ေျပာၾကည့္လိုက္ေလ၊ မင္းနဲ႕အဲ့ေကာင္ တူတူေနတဲ့ ဗီဒီယိုေတြအကုန္ ငါ ေတဇနဲ႕ သူ႕အဖိုးဆီ ပို႔ေပးလိုက္မွာ။ ငါ ရိပ္ကို ရွင္းေပးမယ္၊ မင္းရဲ႕မ်က္ႏွာေလးနဲ႕ျဖစ္ျဖစ္ ေတဇ သနားလာေအာင္ ထပ္ႀကိဳးစား"
သက္ခြန္းယံ ေတာက္ေခါက္လိုက္ၿပီး ေနဆက္ပိုင္ကို ပစ္ထားခဲ့လိုက္သည္။
ဒီညီအစ္ကိုေတြ. .အစ္ကိုက သူ႕ဇနီးေလာင္းကို လုသြားခဲ့ၿပီး ပန္းအိမ္ သူ႕ေဘးက ထြက္သြားေအာင္ လုပ္ခဲ့သည္။ အခု အဲ့ေကာင္ရဲ႕ညီျဖစ္သည့္ ရိပ္ကလည္း သူ႕အခ်စ္ဆုံး သူငယ္ခ်င္းကို သူ႕ဆီက လုယူသြားခဲ့သည္။ ေတဇ သူ႕ကို အဆက္အသြယ္ လုံးဝမလုပ္တာ သုံးလနီးပါး ရွိေနခဲ့ၿပီ။ သူတို႔ႏွစ္ေယာက္က သုံးနာရီေတာင္ အဆက္အသြယ္ ျပတ္ဖူးၾကသူေတြ မဟုတ္ေပ။
-----------------
"ဘာလာလုပ္ျပန္ၿပီလဲ"
ရိပ္ သူ႕အိမ္ေရွ႕ေရာက္လာျပန္သည့္ ေတဇအား မ်က္လုံးေထာင့္ကပ္ၿပီး ၾကည့္လိုက္သည္။
"ကိုယ္ မင္းကို တစ္ေနရာ ေခၚသြားခ်င္လို႔၊ တက္"
ရိပ္ ခ်က္ခ်င္း အိမ္ထဲဝင္ေျပးဖို႔ျပင္သည္။ ဒီလူ သူ႕ကေလးေတြကို ထိခိုက္ေအာင္ လုပ္ဖို႔ထင္၏။
သို႔ေသာ္ျငား ေတဇ သူ႕အား ခါးမွ ဖမ္းဆြဲလိုက္ကာ ကားေပၚဆြဲတင္လာတာမို႔ သူ အလန႔္တၾကား ႐ုန္းကန္မိ၏။
"ေဟာ၊ ကိုယ္ မင္းကို ဘာမွမလုပ္ပါဘူး၊ ကေလးအတြက္ ပစၥည္းေတြ တူတူသြားဝယ္ဖို႔ပါ"
ရိပ္ သူ႕ကို မယုံမရဲပုံစံေလးျဖင့္ ေမာ့ၾကည့္လာတာေၾကာင့္ ေတဇ ထိုကေလး၏ ပါးျပင္ေလးကို ေမႊးၾကဴပစ္လိုက္သည္။
"ကားေပၚတက္၊ ကိုယ္ မင္းနဲ႕ ဒိတ္လုပ္ခ်င္လို႔၊ ကေလးေတြအတြက္လည္း အ႐ုပ္ေတြသြားဝယ္မယ္"
ရိပ္ ကားေပၚလိုက္လာၿပီး ေတဇအား တစ္လမ္းလုံး မ်က္စိေဒါက္ေထာက္ၾကည့္ေနလ်က္ရွိသည္။
ေတဇ ရိပ္၏ဆံႏြယ္မ်ားကို လွမ္းဖြလိုက္ၿပီး ၿပဳံးလိုက္မိ၏။ ရိပ္က သူတို႔ရင္ေသြးေလးေတြကို အဆုံးထိ ကာကြယ္သြားမည့္ပုံရွိတာမို႔ သူ ရိပ္ကို တကယ္ေလးစားသြားမိကာ အရင္ထက္လည္း ပိုျမတ္နိုးမိသြားသည္။
ကိုကို သူ႕ကို ကေလးပစၥည္းေရာင္းသည့္ ဆိုင္ထဲေခၚလာတာမို႔ ရိပ္ တီရွပ္အပြႀကီးေအာက္က သူ႕ဗိုက္ကို အသာအယာ ထိကိုင္လိုက္မိကာ စိတ္ထဲက ႀကိတ္ဆိုလိုက္မိသည္။
"မင္းတို႔ေဖေဖက အ႐ုပ္ေတြ ဝယ္ေပးမယ္တဲ့၊ ႀကိဳက္တာေ႐ြးေနာ္"
အ႐ုပ္ဆိုင္ထဲသို႔ ကိုကို သူ႕လက္ကို တယုတယဆုပ္ကိုင္ၿပီး တြဲေခၚလာသည္။ ထို႔ေနာက္ သူ ဝယ္ဖို႔ စိတ္ပဲကူးထားရေသးသည့္ ကေလးပစၥည္းမ်ိဳးစုံကို ကိုကိုက အကုန္လိုက္ဝယ္ေနၿပီျဖစ္သည္။
ထိုအျပဳအမူက ရိပ္အား ေႏြးေထြးမႈျဖစ္သြားေစကာ ကေလးတို႔၏အေဖအေပၚ ပိုမိုအားကိုးလိုစိတ္မ်ား ျဖစ္သြားေသာ္လည္း သူ သက္ျပင္းခ်လိဳက္သည္။ ဒီလူ ေနဆက္ပိုင္နဲ႕လည္း ဒီလိုပဲ ကေလးပစၥည္းေတြ လိုက္ဝယ္မွာပဲျဖစ္တာမို႔ သူ အခုခ်ိန္၌ သူမ်ားေယာက္်ားနဲ႕ ေဖာက္ျပန္ေနသည့္သူအျဖစ္ပင္ ခံစားသြားရတာေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္သြား၏။
"ဒီဝက္ဝံ႐ုပ္ယူမလား"
ေတဇ အညိုေရာင္အေမြးပြ ဝက္ဝံ႐ုပ္ႀကီးအား ျမႇောက္ကိုင္လိုက္ကာ ရိပ္လက္ထဲသို႔ ထည့္ေပးလိုက္သည္။
"ဟင့္အင္း၊ အ႐ုပ္ေတြမ်ားေနၿပီ၊ ေတာ္ၿပီ"
ရိပ္ တစ္ဆိုင္လုံးကို မ်က္စိေဝ့ၾကည့္လိုက္ရင္း ထိုဝက္ဝံ႐ုပ္ကိုလည္း သူတို႔ယူမည့္ ပစၥည္းျခင္းထဲ ဖတ္ခနဲ ေကာက္ထည့္လိုက္ကာ ကိုကို ဟိုဖက္ ေခါင္းလွည့္လိုက္တုန္းတင္ ရိပ္ ကိုကို႔ေနာက္က ျခင္းထဲသို႔ ကား႐ုပ္ႏွစ္စီးႏွင့္ ဘိုမ႐ုပ္ေလး သုံး႐ုပ္ကိုပါ ဆတ္ခနဲ ေကာက္ထည့္လိုက္သည္။ ထို႔ေနာက္ ဝက္ဝံ႐ုပ္ကို ျပန္ပိုက္ထားလိုက္ၿပီး မသိခ်င္ေယာင္ ေဆာင္ေနလိုက္၏။
"ကြၽန္ေတာ္ ဒီဝက္ဝံ႐ုပ္ပဲ ယူပါေတာ့မယ္"
ေတဇ ဝက္ဝံ႐ုပ္ဖက္ထားသည့္ ရိပ္ကို ပခုံးမွ သိုင္းဖက္လိုက္ၿပီး တြန္းလွည္းျခင္းကို ဆြဲယူလာခဲ့၏။
ရိပ္ သူ မသိေအာင္ ခိုးထည့္ထားသည့္ အ႐ုပ္ေတြကို ခိုးၾကည့္လိုက္ၿပီး ရိပ္က ဘာလိုခ်င္လဲ မေျပာတာမို႔ ရိပ္ အ႐ုပ္တစ္ခုအေပၚ နည္းနည္းၾကာၾကာ စိုက္ၾကည့္ေနၿပီဆိုလွ်င္ ေတဇ ထိုအ႐ုပ္ကိုပါ ျခင္းထဲေကာက္ထည့္လိုက္သည္။
"ေတာ္ပါၿပီဆို"
ေတာ္ပါၿပီဟုဆိုေနသည့္ ရိပ္တစ္ေယာက္ တစ္ဆိုင္လုံးက အ႐ုပ္ေတြကို လိုခ်င္ေနမိတာေၾကာင့္ အၾကည့္မလႊဲနိုင္။
လက္ထဲက ဝက္ဝံ႐ုပ္ကို ဖ်စ္ညွစ္လိုက္ရင္း ငယ္ငယ္က သူ အခုလို အ႐ုပ္ဆိုင္ထဲ သိပ္မဝင္ခဲ့ရသည့္အခ်ိန္ေတြကိုပင္ သတိရသြားခဲ့သည္။ သူ႕ကေလးေလးေတြအလွည့္က်ရင္ ထိုကဲ့သို႔ မျဖစ္ရေအာင္ သူ အလုပ္ေတြႀကိဳးစားၿပီး ဝယ္ေပးခ်င္ေသာ္ျငား သူ ထိုအခ်ိန္ထိ မရွိနိုင္ေလာက္မွာ ေတြးၿပီး ဝမ္းနည္းေနမိသည္။
"ရိပ္လက္ထဲက ဝက္ဝံ႐ုပ္ေပးဦး၊ ကိုယ္ ရွင္းလိုက္ဦးမယ္"
ေတဇ ရိပ္လက္ထဲက ဝက္ဝံ႐ုပ္ကို ယူလိုက္ကာ ရိပ္ႏွင့္ ကေလးအတြက္ သူ စိတ္ႀကိဳက္ဝယ္ထားသမွ်ကို ရွင္းေနေလ၏။
သူတို႔ဆိုင္ထဲက ျပန္ထြက္လာခ်ိန္၌ ညေနေရာက္ခါနီးၿပီျဖစ္သည္။ ေတဇ ပစၥည္းမ်ားအား ကားေနာက္ခန္းထဲ ထည့္လိုက္ၿပီး-
"ေနဝင္ခ်ိန္ တူတူသြားၾကည့္ရေအာင္၊ မင္းေဘာလုံးစီးခ်င္တယ္ဆို၊ ကိုယ္ ဒီညေနအတြက္ ဘိုကင္ေပးထားခဲ့တယ္"
သူ႕အေပၚ စိတ္ေကာင္းဝင္ေနေသာ ကိုကို႔အား ရိပ္ ေခါင္းညိတ္ျပလိုက္မိေသာ္လည္း သူ ကိုကိုနဲ႕ ခုလိုမ်ိဳး ေနဆက္ပိုင္ေနာက္ကြယ္၌ မေနခ်င္ပါေပ။
ေဘာလုံးလႊတ္တင္ဖို႔ ေဘာလုံးကို ျပင္ထားသည့္ ေနရာသို႔ သူတို႔ကားေလးေရာက္ရွိလာသည္။
သူတို႔ေရာက္ရွိလာခ်ိန္၌ သူတို႔ေဘာလုံးကို လိုက္ေမာင္းႏွင္ေပးမည့္ နိုင္ငံျခားသားဦးေလးႀကီးက သူတို႔အား ေဘာလုံးေပၚ၌ ေဆာင္ရန္ ေရွာင္ရန္မ်ားကို ရွင္းျပလာသည္။
ရိပ္ ဂ႐ုတစိုက္နားေထာင္ေနၿပီး သူ႕ခပ္လွမ္းလွမ္း၌ ဝန္ထမ္းေတြနဲ႕ စကားလက္ဆုံက်ေနသည့္ ရွပ္အျဖဴေရာင္ႏွင့္စတိုင္ပန္အမည္းေရာင္ကို ဝတ္ဆင္ထားသည့္ အရပ္ရွည္ကာ အလြန္ေခ်ာေမာခန႔္ျငားလြန္းလွေသာ ကိုကို႔ကို ရိပ္တစ္ေယာက္ ရွင္းျပတာကို နားေထာင္ရင္း ေငးၾကည့္ေနမိသည္။
သူတို႔ေဘာလုံးေပၚေရာက္ခ်ိန္၌ ေဘာလုံးကို စလႊတ္တင္လိုက္ၿပီမို႔ သူ ပုဂံဘုရားေတြေပၚက မၾကာခဏထိုင္ၾကည့္ဖူးသည့္ ေနဝင္ခ်ိန္ကို ေဘာလုံးေပၚကေန ရင္သပ္ရႈေမာဖြယ္ရာ ေငးခြင့္ရေလသည္။
ဘုရားေတြေပၚကေနေတာ့ ပ်ံဝဲသြားျခင္းမရွိတတ္သည့္ သူတို႔၏ ေဘာလုံးေလးက ပုဂံဘုရားေပါင္းမ်ားစြာကို အျမင္တစ္မ်ိဳးျဖင့္ ျမင္ေနရသည္။ ဘုရားေတြၾကား ႀကီးျပင္းလာခဲ့ေသာ္ျငား ဘုရားတရားမဲ့ေနသည့္ ရိပ္တစ္ေယာက္ အခုခ်ိန္၌မူ ဘုရားတစ္ဆူကို ဖူးလိုက္ရတိုင္း လက္အုပ္ခ်ီၿပီး မ်က္လုံးစုံမွိတ္ကာ ဆုေတာင္းေနမိသည္။
သူ႕ထံ၌ ဆုေတာင္းတစ္ခုသာ ရွိပါသည္။ သူေရာ ကေလးေတြပါ က်န္းက်န္းမာမာနဲ႕ ဒီလူ႕နားမွာ သက္တမ္းေစ့ေနခြင့္ရခ်င္႐ုံေလးပါပင္။
"ကိုကို"
"အင္း"
"တကယ္လို႔မ်ား ကြၽန္ေတာ္ မရွိေတာ့ရင္ေလ ကေလးေတြကို ေစာင့္ေရွာက္ေပးပါ၊ ကြၽန္ေတာ္ စိတ္ခ်လက္ခ် မ်က္လုံးမွိတ္သြားနိုင္ေအာင္ ကြၽန္ေတာ့္ကို ဒီကတိတစ္ခုေတာ့ ေပးလို႔ရမလား"
"ကိုယ့္ဖက္က ရိပ္ဆႏၵကို ျဖည့္ဆည္းေပးေစခ်င္တယ္ဆိုရင္ ရိပ္ဖက္ကလည္း ကိုယ့္ဆႏၵကို ျဖည့္ဆည္းေပးရမယ္"
ရိပ္ ဘာလဲဆိုတာကို ေမးဆတ္ျပၿပီး ေမးလိုက္သည္။
ထိုအခ်ိန္၌ ကိုကို သူ႕ေနာက္ကို လက္ညွိုးထိုးျပတာမို႔ သူ လွည့္ၾကည့္လိုက္ခ်ိန္ ထိုေနရာ၌ ေဘာလုံးမ်ားစြာ လွပစြာ ရစ္ဝဲေနတာကို ရိပ္ ျမင္လိုက္ရသည္။
/ ကိုကို ရိပ္ရဲ႕ ခင္ပြန္းျဖစ္ခ်င္တယ္ /
ေဘာလုံးတစ္လုံးဆီက စာေတြကို စုလိုက္လွ်င္ ေပၚလာသည့္ စကားလုံးေလးမ်ား။
"ကိုကို ရိပ္ကို ခ်စ္တယ္"
ကိုကို႔ႏႈတ္က ၾကားလိုက္ရသည့္ စကားတစ္ခြန္း။
". . ."
"ကိုကို ရိပ္ရဲ႕ ခင္ပြန္းျဖစ္ခ်င္တယ္၊ ကေလးေတြရဲ႕ အေဖျဖစ္ခ်င္တယ္၊ ရိပ္ကို ဒုတိယေနရာမွာမဟုတ္ဘဲ ကိုကို႔ရဲ႕ တစ္ဦးတည္းေသာနဲ႕ ပထမေနရာမွာပဲ ထားမွာပါ။ ကိုကိုတို႔ အခုလို ေနဝင္ခ်ိန္တူတူ ေစာင့္ၾကည့္ၾကသလိုမ်ိဳး ရိပ္ ဗိုက္ထဲက ဒီကေလးေတြ ထြက္လာမယ့္အခ်ိန္ကိုလည္း တူတူေစာင့္ၾကရေအာင္"
". . ."
"ကိုကို ရိပ္နဲ႕သာဆိုရင္ နတ္ျပည္လည္း တူတူတက္ခ်င္တယ္၊ ငရဲလည္း တူတူသြားနိုင္တယ္၊ ကိုကို ရိပ္ကို အဲ့ေလာက္ထိ ခ်စ္မိသြားခဲ့တယ္"
ရိပ္ ေဘာလုံးေနာက္ေက်ာကို ေက်ာမွီလိုက္ၿပီး စိတ္ေလွ်ာ့လိုက္ခ်ိန္ သူ႕ပါးေပၚကိုလည္း မ်က္ရည္ေတြ တစ္ေပါက္ၿပီးတစ္ေပါက္ လွိမ့္ဆင္းက်လာသည္။
ေတဇ ရိပ္၏မ်က္ရည္မ်ားကို မသုတ္ေပးမိေတာ့၊ သူ ရိပ္ကို ငိုခြင့္ေပးထားခဲ့သည္။
ကေလးေတြကို ခ်စ္တတ္သည့္ သူ႕အတြက္ ဘုရားက သူ ေမွ်ာ္ေနခဲ့ဖူးသည့္ ေနဆက္ပိုင္ဆီကေရာ သူ ထပ္ခ်စ္မိသြားသည့္ ရိပ္ဆီကပါ လူသားေလးေတြ သူ႕ထံသို႔ ပို႔ေပးခဲ့သည္။ သို႔ေသာ္လည္း အခုခ်ိန္၌ ဖခင္ မပီသစြာပင္ သူ ဒီကေလးေတြအား အာ႐ုံမရွိနိုင္ေတာ့ေပ။
သူ အခုခ်ိန္၌ ဒီလူသားေလးအေပၚမွာသာ စိတ္ေရာ လူပါ အျပည့္အဝ နစ္ဝင္ေနခဲ့သည္။
တားလို႔ရမွာမဟုတ္သည့္ ရိပ္ကို ကေလးမေမြးရဘူးဟု အတင္းအၾကပ္ မေျပာခ်င္ေတာ့၊ ကေလးေတြကို အားနာလြန္းလို႔လည္း မေျပာရက္ေတာ့။ သူ ဆုံးျဖတ္ခ်က္ခ်ခဲ့ၿပီးၿပီ ျဖစ္၏။
ရိပ္၏သက္တမ္းက ေျခာက္လေလာက္သာ က်န္ေတာ့မည္ဆိုလွ်င္ သူ ဒီေျခာက္လအတြင္း ရိပ္အတြက္ ေပ်ာ္႐ႊင္စရာေတြ ဖန္တီးေပးခ်င္သည္။ ရိပ္ မရွိေတာ့လွ်င္ေတာ့ အစကတည္းက ေနာင္ရိုးရိပ္၏ ႏွလုံးသာ မရခဲ့လွ်င္ ေသလူျဖစ္ၿပီးသား သူ႕အတြက္ ရိပ္ေနာက္ကို လိုက္သြားဖို႔ပဲ ဆုံးျဖတ္ခဲ့ၿပီးၿပီျဖစ္၏။
"ကေလးရယ္ ကိုယ္တို႔ ဒီလိုပုံစံမ်ိဳးနဲ႕ မဆုံခဲ့ၾကရင္ တကယ္ ေကာင္းမွာပဲကြာ"
ေနာက္ဘဝေတြက်ရင္ေတာ့ သူတို႔ႏွစ္ေယာက္ ဒီဘဝမွာကဲ့သို႔ ကံေႂကြးအျဖစ္ မဆုံရေတာ့ဘဲ လွပသည့္ ေရစက္ေတြႏွင့္သာ ဆုံေတြ႕ခြင့္ရဖို႔ ေတဇဓိရာဇ္ ရိပ္၏နဖူးျပင္ေလးကို သူ႕နဖူးျဖင့္ ေတ့ထားလိုက္ၿပီး ဘုရားအစူစူအား တိုင္တည္ဆုေတာင္းလိုက္မိသည္။
________________________
9.1.2024