BUNCH {စည်း}Complete ✔️

By Poelaywarthway

33.7K 3.2K 171

"ခင်ဗျားတစ်ယောက်တည်း တစ်ဖက်သတ်ကြီးခြားထားတဲ့စည်းကိုကျုပ်ကဂရုစိုက်မယ်ထင်လို့လား" JEON JUNG KOOK💜 "အဓိပ္ပါယ်မရ... More

🌿_ 1
🌿_2
🌿_3
🌿_4
🌿_5
🌿_6
🌿_7
🌿_8
🌿_9
🌿_10
🌿_11
🌿_12
🌿_14
🌿_15
🌿_16
🌿_17
🌿_18
🌿_19
🌿_20
🌿_21
Ending

🌿_13

1.2K 130 8
By Poelaywarthway



ဆမ်မီ ဂျောင်ကုကိုPhခေါ်ပြီးပြီးချင်း ဦးလေးဖြစ်သူ "ကင်မ်ဆောင်ဝူ"ရဲ့ကားအနောက်ကို ခပ်လှမ်းလှမ်းကနေ နောက်ယောင်ခံလိုက်ခဲ့လိုက်သည်။
ဘူဆန်သွားတဲ့ဘက်ကို ကားကဦးတည်နေတဲ့အခါ...
ဒါဆို အဲ့ကိုလိုက်နေတာပဲ။

သူခပ်လှမ်းလှမ်းကနေ မျက်ခြေမပြတ်လိုက်လာရင်း တစ်နေရာအရောက် ဒီဘက်မှာတစ်စီးထဲရပ်ထားသည့် ကား၏ခပ်လှမ်းလှမ်းမှာ ဦးလေးကင်မ်ဆောင်ဝူ၏ကားကရပ်သွားသည်။ ဒါဆို? ရှေ့မှာရှိနေကြတာကိုကြီးတို့တွေပေါ့? သူလည်းအဲ့နားမှာတင်ကားကိုဖြစ်သလိုရပ်ခဲ့လိုက်ပြီး ကားပေါ်ကဆင်းပြေးလာလိုက်သည်။

(ဂျင်နဲ့ဂျောင်ကုက နောက်ကျောပေးထားတဲ့အပြင် အချင်းချင်းစိတ်ပူနေကြတာဖြစ်သည့်အတွက် သူတို့အနောက်ကလာနေသည့်ကားတွေကိုသတိမထားမိပါ.....
တစ်ဖက်လူတွေကကျ ကားလာတာမြင်ပေမယ့် မထူးဇာတ်ခင်းတော့မှာမို့ မတုန်လှုပ်ကြတော့
ဝင်ကူရင်ကူတဲ့သူတွေပါအပြတ်ရှင်းတော့မှာမို့ )

ထိုချိန်လာနေတဲ့ကားတစ်စီးမှရပ်သွားပြီး ဆင်းလာသူက သူတို့ဆရာဖြစ်နေသည်။

အရှေ့မှာ ကိုကြီးနဲ့အကိုဂျောင်ကုကို မြင်လိုက်တော့ အကိုဂျောင်ကုက ကိုကြီးကိုသူ့နောက်တွင်ကာထားလေသည် ။အနောက်ကလာနေတဲ့ ဦးလေးကင်မ်ဆောင်ဝူကိုလည်းသတိထားမိပုံမပေါ် ကြ......
ဦးလေး ကင်မ်ဆောင်ဝူက ဒေါသတကြီးဖြင့်ခါးကြားထဲက ဓားမြှောင်ကိုထုတ်လိုက်တာမြင်တော့ သူဘာမှမစဉ်းစားနိုင်တော့ဘဲ ခြေကုန်ပြေးကာ ကိုကြီးအနောက်ကိုဝင်ရပ်လိုက်သည်။

စွပ်!!

"အ့"

"ဟင်"

"မီမီ!!"

"ဆမ်မီ"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆော့ဂျင် ဂျောင်ကုနဲ့စကားအခြေအတင်ပြောနေတုန်း
သူ့အနောက်ကိုတစ်စုံတစ်ယောက်ကဝင်ရပ်လာပြီး
သူအလျင်အမြန်လှည့်ကြည့်လိုက်တော့......
မြင်လိုက်ရတဲ့မြင်ကွင်းက .......
"မီမီ" "မီမီ"ကဘယ်လိုဖြစ်ပြီး?......

"ကင်မ်ဆမ်မီ!!!
နင်ဘာဝင်လုပ်တာလဲ!!နင်က...နင်က ဘယ်လိုလုပ်ပြီး
ဒီကိုရောက်လာတာလဲ!
အဲ့အကောင်ကဘာတွေကောင်းနေလို့
နင်ကအသက်ပေးပြီးကာကွယ်နေရတာလဲ!!!!!"

"ဦးလေး ...ကိုကြီးကိုဒုက္ခမပေးပါနဲ့..."

"ဘာ!!!
ငါကဒုက္ခပေးတယ် ဟုတ်လား!!!
နင်ရော နင့်အဖေရော နင်တို့တစ်မိသားစုလုံး
ဘာလို့အဲ့အကောင်ကိုပဲ အကောင်းမြင်အကောင်းထင်နေကြတာလဲ!!!"

"အဲဒီ့ကောင်ကြောင့် ငါလမ်းဘေးရောက်ရတယ်
အကိုအရင်းဖြစ်တဲ့နင့်အဖေကလည်း
ရှိတုန်းကလည်းငါ့ကိုလူရာမသွင်းခဲ့ဘူး!!"

"သေတမ်းစာကျတော့လည်း တစ်ဦးတည်းသောသမီးဖြစ်တဲ့သူတို့သမီးကို ဆွေမျိုးအရင်းအချာဦးလေးအရင်းလက်ထဲမအပ်ခဲ့ဘဲ ဘာမဟုတ်တဲ့မွေးစားသားလက်ထဲကို  အပ်ခဲ့တယ်"

"အဲ့အကောင်က အမွေတွေလိုချင်လို့ ဍဟန်ဆောင်ကောင်းပြနေတာ နင့်ကိုတွေ့ကရာလူလက်ထဲထည့်ပေးပြီး
အမွေတွေအားလုံးကိုသူလက်ဝါးကြီးအုပ်မလို့လုပ်နေတာ ငါမသိဘူးထင်နေလား!!"

"နင်တို့သာ သူ့ရဲ့အလိမ်အညာစကားတွေကိုယုံနေပြီး
အကုန်ပုံအပ်နေကြတာ.....
ပြောလေ !!လုပ်ငန်းတွေအကုန်လုံးသူပဲဦးစီးနေပြီး
နင့်ကိုဘာတစ်ခုတိုင်ပင်လဲ နင်လုပ်ငန်းတွေအကြောင်း ဘာတစ်ခုများသိခွင့်ရလို့လဲ ဟမ်!!"

"ခင်ဗျားပါးစပ်ကိုပိတ်လိုက်တော့!!!!
"အခုလိုချိန်မှာတောင် ခင်ဗျားပါးစပ်ကလောဘဇောတိုက်နေနိုင်သေးတယ်!!"

"ဟုတ်တယ် ခင်ဗျားပြောသလို သွေးသားနဲ့ကြည့်မယ်ဆိုရင် "မီမီ"က ခင်ဗျားရဲ့တူမအရင်းသွေးအရင်းပဲ....
ဒါပေမယ့် ခင်ဗျားဘယ်တုန်းကများသွေးရင်းပြီးသွေးနီးခဲ့ဖူးလဲ!!!
အခုခင်ဗျားရဲ့လောဘတွေကြောင့် ကိုယ့်သွေးသားအရင်းကိုကိုယ်ပြန်သတ်မိသလိုဖြစ်နေတာတောင်
ခင်ဗျားနောင်တရလို့လား!!"

ဆော့ဂျင် မီမီ့ကိုထိန်းပေးထားရာမှ........

"ဂျောင်ကု နီးစပ်ရာဆေးရုံကိုအမြန်မောင်းပေး"

ဆော့ဂျင်က မီမီ့ကိုပွေ့ချီမယ်လုပ်တော့ ဂျောင်ကုကဝင်ချီသွားပြီး ကားဆီသို့အမြန်လျှောက်သွားလေသည်။

ဆော့ဂျင် လက်သီးကိုတင်းတင်းဆုပ်ကာ ကင်မ်ဆောင်ဝူရဲ့ မျက်နှာကိုစူးစိုက်ကြည့်လိုက်ပြီး.....

"မီမီ "သာတစ်ခုခုဖြစ်လို့ကတော့
ကျုပ်လက်နဲ့ ခင်ဗျားကိုသတ်မှာ..."

><><><><><><><><><><><><><><><><

အခုသူတို့ ဆေးရုံရဲ့အခန်းတစ်ခန်းထဲမှာရှိနေတာဖြစ်သည်။
ဆေးရုံရောက်တော့ ဆမ်မီ့ကိုခွဲစိတ်ခန်းထဲတန်းပို့လိုက်ကြသည်။
ဒဏ်ရာကအရမ်းမနက်တဲ့အပြင် ဒီကိုလာတဲ့လမ်းမှာလည်း ဆမ်မီ့ဗိုက်မှာဝင်နေတဲ့ဓားမြှောင်ကို ဆွဲမထုတ်လာတာဖြစ်တဲ့အတွက် သွေးထွက်အရမ်းမလွန်ချေ။

အခုတော့စိတ်ချရတဲ့အနေအထားကိုရောက်နေပါပြီ ။ဆမ်မီကတော့ဆေးအရှိန်ကြောင့်အိပ်ပျော်နေပေမယ့်
ဘေးကနေ ငုတ်တုတ်ကြီးထိုင်ပြီးကြည့်နေတဲ့ကင်မ်ဆော့ဂျင်ကြောင့်......

"စိတ်ချရပြီလို့ဆရာဝန်တွေပြောလိုက်တယ်လေ
စိတ်မပူပါတော့နဲ့....."

"ငါ"

"အဖေနဲ့အမေကိုပေးထားတဲ့ကတိမတည်နိုင်ခဲ့ဘူး......"

"ညီမလေးကိုကျွန်တော့်အသက်နဲ့လဲပြီး
ကာကွယ်စောင့်ရှောက်ပါ့မယ်လို့ကတိပေးခဲ့ပေမယ့် တကယ်တမ်းကြတော့........."

ဆော့ဂျင်ပြောရင်းနဲ့ဆို့နင့်လာတော့
ပြောလက်စစကားကိုရပ်ပစ်လိုက်သည်။

ဂျောင်ကု ဆော့ဂျင်ရဲ့ပခုံးအပေါ်လက်လှမ်းလိုက်ပြီးမှ ပြန်ချလိုက်သည်။
ဒီလူသားကနှစ်သိမ့်ပေးတာတွေလက်ခံမည်မဟုတ်။

^^^^^^^^^^^^^^

ဒီနေ့က ဆမ်မီဆေးရုံဆင်းရမယ့်ရက်
ဘူဆန်ဆေးရုံမှာတက်တာကြောင့် ကင်ဆော့ဂျင်ရဲ့ဟိုသူငယ်ချင်းဆိုတဲ့တစ်ယောက်ကလည်း ဆေးရုံစတက်ပြီးနောက်ရက်ကတည်းက လာလိုက်တာနေ့ရောညပါ ။
ဆေးရုံတက်ရတာကတစ်ယောက်ဆိုပေမယ့် နေ့နေ့ညည ချက်ပြုတ်လာတာကတော့ ကင်ဆော့ဂျင်အကြိုက်တွေချည်းသာ။ မကြည်ပေမယ့်လည်းသူဘာပြောနိုင်မှာလဲ......

ပြန်ခါနီး ဆရာဝန်ကလှုပ်လှုပ်ရှားရှားမလုပ်ဖို့နဲ့အိမ်မှာပဲနားနားနေနေ,နေဖို့မှာသည်။
ကင်ဆော့ဂျင်ကတော့ သူ့ညီမနိုးနိုးချင်းမှာပဲသက်သာလားအရင်မမေးဘဲ ဆူခဲ့လေသည် ။
ဂျောင်ကု သူတို့နှစ်ယောက်ကိုကြည့်ပြီးပြုံးမိသည်။
တော်ရုံမေတ္တာတွေမဟုတ်ကြဘူးဘဲ။

~~~~~~~~

ဂျောင်ကု ဆော့ဂျင်တို့ကိုအိမ်ပြန်ပို့ပေးခဲ့ပြီး သူ့တိုက်ခန်းဆီပြန်လာခဲ့လိုက်သည်။ တိုက်ခန်းရောက်တော့ ရေအရင်ချိုးလိုက်ပြီး အိပ်ယာထဲခြေပစ်လက်ပစ်လှဲချလိုက်သည်။
သူအခုမှပဲအေး"ဆေး"အနားယူနိုင်တော့သည်။
ကင်မ်ဆောင်ဝူကလည်း သူ့လောဘတွေကြောင့် သူ့ရဲ့တစ်ဦးတည်းကျန်ရှိနေတဲ့ဆွေမျိုးသွေးသားအရင်းကို
သူ့လက်နဲ့သတ်မိမလိုဖြစ်သွားတာကြောင့် နောင်တလည်းရ အရှက်လည်းရနေပြီး သူကိုယ်တိုင်ပဲစခန်းမှာသွားအဖမ်းခံခဲ့တော့သည်။

မုန်တိုင်းကတော့ပြီးသွားပြီဆိုပေမယ့် လေပြေတွေလာဖို့ကျတော့..........
ကင်ဆော့ဂျင်က  သူတစ်ယောက်တည်းတစ်ဖက်သတ်ကြီးစည်းခြားထားသည်။

အကြောင်းကတော့ သူ့ကိုယ်သူမွေးစားသားဆိုတဲ့အသိကြောင့်ရယ် အစကတည်းက ဂျောင်ကုဟာ ဆမ်မီရဲ့လက်တွဲဖော်အဖြစ်မှတ်ယူထားလို့ရယ်
ဆမ်မီက ဂျောင်ကုအပေါ်မေတ္တာရှိနေတယ်ထင်နေတာကြောင့်ရယ်....
စည်းတွေကို သူ့ဖက်ကအထပ်ထပ်ကာရံထားလေသည်။

ဘယ်လိုပဲဆိုဆို ဂျွန်ဂျောင်ကုရဲ့အဖိုးက ကင်မ်အိမ်တော်ရဲ့ သွေးရင်းကိုပဲဆွေမျိုးတော်ချင်မှာမဟုတ်လား........

~~~~~~~~~~~~~~~~~~~~~~~~~~~{စည်း}

Continue Reading

You'll Also Like

145K 12.4K 29
❝ မုန်းတယ်ဆိုတဲ့ စကားအခွန်းတစ်ရာထက် ဘာမှမပြောဘဲ ဥပေက္ခာပြုနေလည်း မင်းမရှိရင် ကိုယ့်ကမ္ဘာ့ပြိုမယ်ဆိုတာသိတယ်မလား ❞ ꧁𝐽𝑒𝑜𝑛 𝐽𝑢𝑛𝑔 𝐾𝑜𝑜𝑘 ☘︎ 𝐾𝑖�...
4.1M 199K 101
✅ "We always long for the forbidden things." 𝐝𝐲𝐬𝐭𝐨𝐩𝐢𝐚𝐧 𝐧𝐨𝐯𝐞𝐥 ↯ ⚔︎ ʙᴏᴏᴋ ᴏɴᴇ ᴀɴᴅ ᴛᴡᴏ ᴄᴏᴍʙɪɴᴇᴅ ⚔︎ ...
214K 15.2K 21
❇ JinkooK ❇ Fan Fic (Myanmar) By~Yeong_May Start_13.6.2020 End __25.11.2020
8.4M 110K 63
"Bad guys can be good too... when they're in bed." #1 in FANFICTION✓ © sujinniie 2018-2019 ✓ © sujinniie revised 2022