Unicode...
မျက်ရည်လေးစမ်းတမ်းတမ်းနဲ့ငိုတော့မည့်အလားအလာရှိတဲ့ဂျွန်ဂယူကြောင့် ဟာရုတိုမြူးလာသည်။
သူ့ဓာတ်က ကိုကို့ကိုငိုအောင် စရတာပဲ။အခုလဲ သူ့လက်ထဲက ကျန်းဂုcandyချောင်းကိုတဝက်နီးပါးကိုက်စားလိုက်လို့ မျက်ရည်တွေဝဲပြီးဟာရုတိုကိုအံကြိတ်ပြနေလေရဲ့။
"တလုတ်ပဲဆို!"
"တလုတ်ပဲလေ ကိုကို့ဟာကပိစိလေးဖြစ်နေတာကိုး"
"မင်းပါးစပ်ကလူလိုကိုက်ပါလား ဒီcandyကတချောင်းထဲပဲရှိတော့လို့ငါတောင်နည်းနည်းချင်းဖဲ့စားနေတဲ့ဟာ"
ပြောနေရင်း အသံတိမ်ဝင်သွားတဲ့ကိုကိုကမျက်ရည်ပါကျလာတာမို့ ဟာရုတိုဆက်မစနောက်သင့်တော့မှန်းနားလည်လိုက်သည်။
"ဆော်ရီး တကယ်တော့အသစ်ဝယ်လာတယ်"
ကျောနောက်မှာဖွက်ထားတဲ့ ကျန်းဂုcandyအသစ်ကို ကိုကို့အရှေ့ပို့ပေးလိုက်တော့ ချက်ချင်းဆိုသလိုအငိုတိတ်သွားသည်။
"မငိုနဲ့တော့ ကျနော်ကချစ်လို့စတာ"
သူ့ထက်ခေါင်းတလုံးစာလောက်ပုနေတဲ့ကိုကို့နဲ့မျက်နှာချင်းဆိုင်ဖြစ်အောင် ခါးကိုကုန်းလိုက်တော့ မျက်လုံးလေးတွေက ကဏာမငြိမ်ဖြစ်လာသည်။
"ချစ်စရာကြီး"
"မချစ်နဲ့ ငကြောင်ကောင်"
ပက်ခနဲပြောပြီး သူ့ပုခုံးကိုဝင်တိုက်သွားတဲ့ကိုကို့ကြောင့် ချစ်ရေးဆိုနေတဲ့သူ့မယ် ကြက်ကြီးလည်လိမ်နေသလိုမျိုးကျန်နေခဲ့တယ်။
တကယ်နှလုံးသားမရှိတဲ့လူပါလား။လက်ထဲကမုန့်ကျယူသွားပြီးပြန်ချစ်ရကောင်းမှန်းမသိဖူး။ကျေးဇူးမသိတတ်လိုက်တာနော်။
*************************************
ဒီနေ့ဟာ ဂျပန်စာလေ့လာချိန်ဖြစ်တာမို့ ဟာရုတိုအတွက်အခက်အခဲရှိမနေပါ။ဘာလို့ဆို ဟာရုတိုကဂျပန်မှာမွေးခဲ့ပြီး ကိုရီးယားကိုပြောင်းလာတာ၄နှစ်ခန့်ရှိပြီဖြစ်တာမို့ ဂျပန်စကားကိုထမင်းစားရေသောက်ပြောနိုင်ပါသည်။
ဒီကိုကိုသေးသေးလေးကိုဘယ်လိုစတွေ့သလဲပြောရင်ရီချင်စရာကောင်းပေအုံးမည်။
လမ်းသွားလမ်းလာလူတယောက်အနေနဲ့စတင်ဆုံခဲ့ပြီး ချစ်စရာကောင်းတဲ့အသွင်အပြင်ကြောင့် တောက်လျှောက်ငမ်းမိရာမှ ဟာရုတိုမယ်ပလပ်ဖောင်းပေါ်ကနေချော်ကျတဲ့အဖြစ်။
ကျောင်းပြောင်းတော့လဲ တခန်းထဲဖြစ်နေတဲ့အပြင် ဟာရုတို့မေမေရဲ့သူငယ်ချင်းသားဖြစ်နေသည်ကြောင့် ရင်းနှီးသွားရခြင်းဖြစ်သည်။သို့ပေမဲ့တည့်နေသလားဆိုလျှင်ငြင်းရမည်။ဟာရုတိုက ကိုကို့ကိုမြင်လျှင် အကြီးမှန်းနားမလည်ပဲ စနောက်ရတာကိုသဘောကျမိသည်။ကိုကိုဟာလဲ ထိုသို့အစခံရရင်မျက်ရည်တွေဝိုင်းကာ အော်ငေါက်ပြီး တခါတလေသူ့ကိုထုရိုက်တတ်သည်။
ထိုအရာကိုပဲ ဟာရုတိုကျေနပ်သည်။ကိုကိုနဲ့ရှိရတဲ့အချိန်တိုင်းမှာ ဟာရုတိုက လူဆိုးလေးလိုမျိုးဆိုးသွမ်းချင်သည်။ကိုကို့ဆီမှ ငကြောင်ကောင်လို့အခေါ်ခံလျှင် အသည်းယားသည်။သူ့ကိုဆိုဆူပုတ်တတ်တဲ့နှုတ်ခမ်းရဲရဲလေးအားနမ်းပစ်လိုက်ချင်သည်။ကိုကို့အတွက်ဟာရုတိုက စိတ်ရှုပ်စရာပေမဲ့ ဟာရုတိုဟာ ကိုကို့ရဲ့အရာရာတိုင်းမှာရှိနေချင်သည်။တနည်းအားဖြင့် ကိုကို့ရဲ့အာရုံစိုက်ခြင်းကိုခံလိုသည်။
ဒါကိုတော့ ငတုံးကိုကိုမသိနိုင်ပါ။ဘာကြောင့်ဆို သူ့စိတ်ထဲမှာဟာရုတိုဟာ သူ့ကိုစိတ်အနှောက်အယှက်ပေးတတ်တဲ့ငရှုပ်ကလေးလို့ခံယူထားတာကြောင့်ပင်။
ဘာပဲဖြစ်နေပါစေ။ငရှုပ်ကလေးဟာ ကိုကို့အနားမှာပဲတောက်တက်ကလေးလိုမျိုးကပ်တွယ်နေမှာအမှန်ဖြစ်ပေသည်။
***********************************
ဂျပန်စာအချိန်.....
တယောက်ချင်းစီမတ်တပ်ရပ်ပြီးကိုယ့်ရဲ့အနာဂတ်ရည်မှန်းချက်အကြောင်းအရာအား ဂျပန်လိုမျိုးရှင်းပြရမည်ဖြစ်သည်။ဟာရုတိုရဲ့အလှည့်ကိုရောက်တဲ့အခါမှာ အားလုံးရဲ့အာရုံတွေဟာသူ့စီရောက်ရှိလာသည်။
တခြားတော့မဟုတ်ပေ။ဂျွန်ဂယူ့အရှေ့တွင်သာ အစနောက်သန်သူဖြစ်ပေမဲ့ ဂျွန်ဂယူအနားမှာမရှိတဲ့အခါ အေးတိအေးစက်မျက်နှာထားကြီးဖြင့်လူတွေကိုမရှိသလိုမျိုး သဘောထားတတ်တဲ့သူ့ရဲ့ personalityကြောင့်ဖြစ်သည်။
"ကျနော့်ရဲ့အနာဂတ်ရည်မှန်းချက်ကတော့ ကင်မ်ဂျွန်ဂယူ့ရဲ့ယောကျာ်းဖြစ်ချင်ပါတယ်"
အတန်းကြီးတစ်ခုလုံးတိတ်ဆိတ်သွားပြီး အပ်ကျသံပင်မကြားရလောက်သည်အထိငြိမ်သက်သွားသည်။ Comicစာအုပ်တွေထဲမှာဆိုရင် ကျီးကန်းတကောင်ခေါင်းပေါ်ကဖြတ်ပြေးသွားတဲ့အခိုက်အတန့်တွေပေါ့။
"အတင့်ရဲလိုက်တဲ့ဂျပန်သား ထိုင်တော့!!"
ဆရာ့ရဲ့ ခပ်ဆူဆူအသံနောက်မှာ အတန်ငယ်အသက်ဝင်လာတဲ့အခန်းနဲ့အတူ ဘေးနားမှာခေါင်းမဖော်ပဲထိုင်နေတဲ့အတန်းဖော်လုံးလုံးလေးအား ချစ်စဖွယ်မေးထောက်ကြည့်နေလိုက်သည်။
"ဒီနေ့တော့ဒီလောက်ပဲ မနက်ဖြန်ထပ်ရမဲ့assignmentကိုဆရာ့စားပွဲပေါ်လာပို့ပေးထားကြ"
ဆရာထွက်သွားတော့မှ တတန်းလုံးကလူတွေအကုန်လုံး စုရုံး စုရုံးနဲ့ စောနကအဖြစ်အပျက်ကိုပြောနေကြတာမို့ ဟာရုတိုတယောက်ပြုံးပြုံးဖြင့် သူ့ဘေးနားမှာကျောက်ရုပ်အလားထိုင်ရာကမထပဲရှိနေသေးတဲ့ဂျွန်ဂယူ့လက်ကိုလှမ်းကိုင်လိုက်တော့ ချက်ချင်းရုတ်သွားသည်။
"ချီးပဲ စနောက်စရာအာ့လောက်ရှားနေလား"
ထထွက်သွားတဲ့ကိုကိုဟာ လွယ်အိတ်ကိုပါသယ်သွားပြီး ဟာရုတိုကိုတောင်လှည့်မကြည့်လာပေ။
ပြောတာကိုဆုံးအောင်နားမထောင်ပဲ တလွဲတွေထင်သွားတဲ့ ကိုကိုငပိန်းအားရှင်းပြဖို့ဟာရုတိုမယ်လွယ်အိတ်ကြီးကိုသယ်ရင်းအနောက်ကနေပြေးလိုက်လာရတော့တယ်။
မြန်လိုက်တဲ့ခြေလှမ်းလေးတွေ။ခပ်သုတ်သုတ်ပြေးလိုက်တာများ၊ကျောင်းခြံကိုကျော်လို့တောင်နေပြီ။ခြေလှမ်းတွေကိုသုံးဆလောက်မြန်စေရင်း ကိုကို့ကျောပြင်ပိစိလေးစီအမှီလိုက်ရတော့တယ်။
"ကိုကို!!"
သူခေါ်လိုက်တော့အနောက်ကိုလှည့်ကြည့်လာတဲ့ဂျွန်ဂယူ။မျက်နှာအတန်ငယ်နီဆွေးနေကာ ညိုးငယ်နေပုံရသည်။
ဟာရုတိုအလန့်တကြားဖြစ်သွားကာ ကိုကို့ဆီအသည်းအသဲပြေးသွားပြီး ကိုယ်လုံးလေးအားဆွဲဖက်လိုက်တော့တယ်။
"ဘာလို့လဲ?ကျနော့်ကို..."
"မင်းတမင်လုပ်တာမလား?"
ရင်ခွင်ထဲကနေရုန်းကန်ရင်းအော်လိုက်တဲ့အဆုံးမှာ ဟာရုတိုမျက်လုံးအဝိုင်းသားဖြင့်ကိုကို့အားမယုံနိုင်သလိုလေးကြည့်နေမိသည်။
ကိုကိုဟာ ငိုတယ်။ရင်ဘတ်ကိုဖိထားရင်း သူ့နှုတ်ခမ်းကိုကိုက်ထားပြီးငိုတယ်။ဟာရုတိုရဲ့အချစ်တွေကိုလက်မခံနိုင်လို့များလား။ကိုကိုငိုတာမြင်ပြီးဟာရုတိုရင်ဘတ်ထဲမှာအောင့်သက်သက်ဖြစ်လာသည်။
"မင်း_ငါမင်းကိုချစ်နေမှန်းသိလို့ တမင်ငါ့ကိုခနဲ့လိုက်တာမလား?"
"ခင်ဗျာ"
"ဟင့်_ဟင့် ငါကလဲမင်းကိုချစ်ချင်နေတယ်များထင်နေလား?မင်းက_မင်းကငါ့ကိုအာရုံစိုက်ရအောင်အမြဲလုပ်တယ်၊ငိုအောင်စပြီးတိုင်းစိတ်ကျေနပ်အောင်လုပ်ပေးတယ်"
"မင်းတမင်သပ်သပ်ငါ့ကိုကြွေလာအောင်လုပ်ပြီးမှ လူကြားထဲအထိခနဲ့တယ် မကျေနပ်ဖူးမင်းကိုမင်းအမေနဲ့သွားတိုင်ပစ်မယ် ဟီး_"
စကားတွေဆုံးပြီး ငိုယိုနေတဲ့အထိဟာရုတိုအသိစိတ်မကပ်နိုင်သေး။ပြောရရင်စိတ်က ဟိုးဘက်တမိုင်ကိုရောက်နေလို့ မနည်းပြန်ခေါ်ရတဲ့အနေအထားဖြစ်နေပြီ။ကိုကိုကတော့ သူ့စကားကိုအလေးမထားဖူးဆိုပြီး ဟာရုတိုကို မြေခွေးလိုကောင်ဆိုပြီးဆဲဆိုနေတာပဲ။
"မင်းတော်တော်အကျင့်ယုတ်တာပဲ!မင်းကိုမင်းအမေနဲ့လဲတိုင်မယ်!ငါ့အမေနဲ့လဲတိုင်မယ်..."
"ဟိုလေ_ကျနော်ကိုကို့ကိုချစ်သလိုမျိုး ကိုကိုကလဲကျနော့်ကို...."
ဟာရုတိုသဘောတကျဖြင့်ရင်ဘတ်ကိုဖိကိုင်ထားလိုက်ရင်းကိုကို့ကိုအားရပါးရရီပြလိုက်တော့သည်။ညကမှအချစ်ကားတကားကြည့်ထားရင်းစဉ်းစားမိလိုက်သေးတာ။တနေ့ကျရင်ကိုကို့ကိုချုပ်ဖို့ဒီလိုအချစ်ကားတွေကြည့်ထားရမယ်ဆိုပြီး။
"ကျနော်လဲကိုကို့ကိုချစ်..."
"ဟာရုတို!!!"
"အတည်ပြောမလို့!ကျနော်ကိုကို့ကိုတကယ်ချစ်..."
"မပြောနဲ့ အောက်ကိုလဲငုံ့မကြည့်နဲ့!ငါ့ကိုကြည့်_ငါ့ကိုပဲကြည့်"
ဘာမှဆက်မပြောဖို့အသည်းအသန်တားနေတဲ့ကိုကိုဟာ ကြည့်ရတာဒီစကားတွေကြားရဖို့အဆက်သင့်မဖြစ်သေးဟန်ပင်။ဒါပေမဲ့ဘာလို့အောက်ကိုငုံ့မကြည့်ခိုင်းတာလဲ။
လူဆိုတဲ့အမျိုးကလဲ မလုပ်နဲ့ဆိုတာမှလုပ်ချင်ကြတာမျိုးမဟုတ်လား။
ဟာရုတိုအောက်ကိုငုံ့ကြည့်လိုက်တဲ့အခါ။
"မြွေ_မြွေ"
ဖိနပ်ပေါ်ကနေဖြတ်နေတဲ့မြွေကြောင့် ဟာရုတိုရင်ဘတ်တွေစောနကထက်အခုန်မြန်လာပြီး အားဖြင့်လွတ်ရာကျွတ်ရာသို့ကန်ထည့်ပစ်လိုက်တော့သည်။
မြွေကဘယ်ဆီနေမှန်းမသိပေမဲ့လန့်သွားတဲ့အရှိန်ကြောင့်ဟာရုတို ကိုကို့စီမှီလျက်သားဖြင့်လဲကျတော့သည်။
"ဟင်_ဟာရုတို!!"
ကိုကိုကသူ့ကိုယ်ကြီးကိုမနိုင်မနင်းထိန်းလိုက်ရင်း သူ့ရင်ဘတ်ကိုလက်ဖဝါးဖြင့်ဖိပေးထားကာ ဆက်တိုက်ဆိုသလိုနာမည်ခေါ်နေခဲ့သည်။
"ဟေ့ကောင်!!ထတော့ဟ!!"
မထချင်ပါ။မြွေကဒီလောက်ကြောက်ဖို့ကောင်းတာကို ကိုယ်ချင်းမစာပဲအတင်းထခိုင်းနေတာပဲ။
"မထနိုင်ဖူး ကြောက်တယ်"
တမင်ပေကပ်ပြီး ကိုကို့ရင်ခွင်ပိစိလေးထဲတိုးဝင်ပစ်လိုက်ပြီး မျက်နှာကိုရင်ဘတ်ထဲအပ်ထားပစ်လိုက်သည်။နို့နှစ်အနံ့မွှေးမွှေးလေးကိုတဝရှုရှိုက်ရင်းငြိမ်သက်နေမိသည်။
"အရူးကောင် မြွေကအဆိပ်မရှိဖူးဟ!!"
ကိုကိုကအော်ဟစ်ကာ သူ့ကိုအတင်းတွန်းကန်လိုက်၊ဟာရုတိုကလဲမရမက ကိုကို့လည်ပင်းကိုသိုင်းဖက်ထားပြီးမလွှတ်ပေးပဲအော်လိုက်ဖြင့် လမ်းထဲမှာရုန်းရင်းဆန်ခတ်ဖြစ်နေသည်။
တော်သေးတာကသူတို့နှစ်ယောက်သာလမ်းထဲမှာရှိနေတာဖြစ်ပြီး ဒီလမ်းကလဲလူပြတ်သည်မို့။အမှန်ဆိုဟာရုတိုကရှက်တာရော၊ဒီအခြေအနေကိုသဘောကျတာကြောင့်ပါပေါင်းပြီးဗရုတ်သုတ်ခဇာတ်လမ်းလုပ်နေရခြင်းဖြစ်သည်။
"ဖယ်တော့ကွာ!!"
"အင်း ချစ်တယ်"
တချက်ငြိမ်ကျသွားတဲ့ကိုကို။မျက်နှာရဲရဲလေးကိုအောက်ကနေကြည့်နေရသည်မို့ ပါးဖောင်းဖောင်းလေးတွေကထင်းထွက်နေသည်။
"ကျနော်ကိုကို့ကိုချစ်တယ် စတွေ့ကတည်းကနေအခုထိ"
ကိုကိုကသူ့ကိုငုံ့ကြည့်နေဆဲပေမဲ့ မျက်ဆံဝိုင်းဝိုင်းကယောက်ယက်ခတ်နေရှာပြီ။မျက်နှာဝိုင်းလေးအပေါ်ကလျှောကျနေတဲ့မျက်မှန်လေးအားပင့်တင်ပေးလိုက်ရင်း ဟာရုတိုစိတ်လိုလက်ရပြုံးလိုက်မိတယ်။
"ကျနော့်ကိုပြန်ချစ်ပေးလို့ကျေးဇူးပါ ကိုကို"
ဘာစကားမှမထွက်လာပေမဲ့တယောက်နဲ့တယောက်နားလည်စွာပင်။
မျက်ဝန်းတွေအချင်းချင်းနီးကပ်လာသလို ကိုကို့ခေါင်းလုံးလုံးလေးဟာလဲအောက်ကိုတဖြည်းဖြည်းငုံ့ကျလာသည်။
နှုတ်ခမ်းနုနုလေးက ဟာရုတို့နှုတ်ခမ်းတွေကိုထိကပ်လာတဲ့အထိအတွေ့မှာ တုန်ရီလာတဲ့လက်ဖဝါးတွေနဲ့အတူ အတန်ငယ်ဝဲတက်လာတဲ့မျက်ရည်စတချို့။မျက်လုံးမမှိတ်ရက်နိုင်၊ကိုကိုဟာသက်ရှိများစွာထဲမှာမှ ဟာရုတိုအတွက်အလှပဆုံးသောသက်ရှိလေးဖြစ်သည်မို့ မျက်လုံးမှိတ်ပစ်လိုက်ရမှာကိုနှမြောစွာ။တုန်ရီနေတဲ့ကိုကို့ရဲ့မျက်တောင်ဖျားလေးတွေကြောင့် ကျောဘက်ဆီသိုင်းဖက်လိုက်ရင်း ခပ်ဖွဖွပွတ်သပ်ပေးလိုက်တော့တယ်။
သူတို့နှစ်ယောက်ဟာလမ်းလည်ခေါင်တွင်ထိုင်လျက်သားဖြင့်အချစ်တစ်ခုကိုပုံဖော်နေခဲ့ကြခြင်းဖြစ်သည်။
************************************
Zawgyi...
မ်က္ရည္ေလးစမ္းတမ္းတမ္းနဲ႕ငိုေတာ့မည့္အလားအလာရွိတဲ့ဂြၽန္ဂယူေၾကာင့္ ဟာ႐ုတိုျမဴးလာသည္။
သူ႕ဓာတ္က ကိုကို႔ကိုငိုေအာင္ စရတာပဲ။အခုလဲ သူ႕လက္ထဲက က်န္းဂုcandyေခ်ာင္းကိုတဝက္နီးပါးကိုက္စားလိုက္လို႔ မ်က္ရည္ေတြဝဲၿပီးဟာ႐ုတိုကိုအံႀကိတ္ျပေနေလရဲ႕။
"တလုတ္ပဲဆို!"
"တလုတ္ပဲေလ ကိုကို႔ဟာကပိစိေလးျဖစ္ေနတာကိုး"
"မင္းပါးစပ္ကလူလိုကိုက္ပါလား ဒီcandyကတေခ်ာင္းထဲပဲရွိေတာ့လို႔ငါေတာင္နည္းနည္းခ်င္းဖဲ့စားေနတဲ့ဟာ"
ေျပာေနရင္း အသံတိမ္ဝင္သြားတဲ့ကိုကိုကမ်က္ရည္ပါက်လာတာမို႔ ဟာ႐ုတိုဆက္မစေနာက္သင့္ေတာ့မွန္းနားလည္လိုက္သည္။
"ေဆာ္ရီး တကယ္ေတာ့အသစ္ဝယ္လာတယ္"
ေက်ာေနာက္မွာဖြက္ထားတဲ့ က်န္းဂုcandyအသစ္ကို ကိုကို႔အေရွ႕ပို႔ေပးလိုက္ေတာ့ ခ်က္ခ်င္းဆိုသလိုအငိုတိတ္သြားသည္။
"မငိုနဲ႕ေတာ့ က်ေနာ္ကခ်စ္လို႔စတာ"
သူ႕ထက္ေခါင္းတလုံးစာေလာက္ပုေနတဲ့ကိုကို႔နဲ႕မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္ ခါးကိုကုန္းလိုက္ေတာ့ မ်က္လုံးေလးေတြက ကဏာမၿငိမ္ျဖစ္လာသည္။
"ခ်စ္စရာႀကီး"
"မခ်စ္နဲ႕ ငေၾကာင္ေကာင္"
ပက္ခနဲေျပာၿပီး သူ႕ပုခုံးကိုဝင္တိုက္သြားတဲ့ကိုကို႔ေၾကာင့္ ခ်စ္ေရးဆိုေနတဲ့သူ႕မယ္ ၾကက္ႀကီးလည္လိမ္ေနသလိုမ်ိဳးက်န္ေနခဲ့တယ္။
တကယ္ႏွလုံးသားမရွိတဲ့လူပါလား။လက္ထဲကမုန့္က်ယဴသြားၿပီးျပန္ခ်စ္ရေကာင္းမွန္းမသိဖူး။ေက်းဇူးမသိတတ္လိုက္တာေနာ္။
*************************************
ဒီေန႕ဟာ ဂ်ပန္စာေလ့လာခ်ိန္ျဖစ္တာမို႔ ဟာ႐ုတိုအတြက္အခက္အခဲရွိမေနပါ။ဘာလို႔ဆို ဟာ႐ုတိုကဂ်ပန္မွာေမြးခဲ့ၿပီး ကိုရီးယားကိုေျပာင္းလာတာ၄ႏွစ္ခန့္ရွိၿပီျဖစ္တာမို႔ ဂ်ပန္စကားကိုထမင္းစားေရေသာက္ေျပာနိုင္ပါသည္။
ဒီကိုကိုေသးေသးေလးကိုဘယ္လိုစေတြ႕သလဲေျပာရင္ရီခ်င္စရာေကာင္းေပအုံးမည္။
လမ္းသြားလမ္းလာလူတေယာက္အေနနဲ႕စတင္ဆုံခဲ့ၿပီး ခ်စ္စရာေကာင္းတဲ့အသြင္အျပင္ေၾကာင့္ ေတာက္ေလွ်ာက္ငမ္းမိရာမွ ဟာ႐ုတိုမယ္ပလပ္ေဖာင္းေပၚကေနေခ်ာ္က်တဲ့အျဖစ္။
ေက်ာင္းေျပာင္းေတာ့လဲ တခန္းထဲျဖစ္ေနတဲ့အျပင္ ဟာ႐ုတို႔ေမေမရဲ႕သူငယ္ခ်င္းသားျဖစ္ေနသည္ေၾကာင့္ ရင္းႏွီးသြားရျခင္းျဖစ္သည္။သို႔ေပမဲ့တည့္ေနသလားဆိုလွ်င္ျငင္းရမည္။ဟာ႐ုတိုက ကိုကို႔ကိုျမင္လွ်င္ အႀကီးမွန္းနားမလည္ပဲ စေနာက္ရတာကိုသေဘာက်မိသည္။ကိုကိုဟာလဲ ထိုသို႔အစခံရရင္မ်က္ရည္ေတြဝိုင္းကာ ေအာ္ေငါက္ၿပီး တခါတေလသူ႕ကိုထုရိုက္တတ္သည္။
ထိုအရာကိုပဲ ဟာ႐ုတိုေက်နပ္သည္။ကိုကိုနဲ႕ရွိရတဲ့အခ်ိန္တိုင္းမွာ ဟာ႐ုတိုက လူဆိုးေလးလိုမ်ိဳးဆိုးသြမ္းခ်င္သည္။ကိုကို႔ဆီမွ ငေၾကာင္ေကာင္လို႔အေခၚခံလွ်င္ အသည္းယားသည္။သူ႕ကိုဆူပုတ္ၾတတ္တဲ့ႏႈတ္ခမ္းရဲရဲေလးအားနမ္းပစ္လိုက္ခ်င္သည္။ကိုကို႔အတြက္ဟာ႐ုတိုက စိတ္ရႈပ္စရာေပမဲ့ ဟာ႐ုတိုဟာ ကိုကို႔ရဲ႕အရာရာတိုင္းမွာရွိေနခ်င္သည္။တနည္းအားျဖင့္ ကိုကို႔ရဲ႕အာ႐ုံစိုက္ျခင္းကိုခံလိုသည္။
ဒါကိုေတာ့ ငတုံးကိုကိုမသိနိုင္ပါ။ဘာေၾကာင့္ဆို သူ႕စိတ္ထဲမွာဟာ႐ုတိုဟာ သူ႕ကိုစိတ္အေႏွာက္အယွက္ေပးတတ္တဲ့ငရႈပ္ကေလးလို႔ခံယူထားတာေၾကာင့္ပင္။
ဘာပဲျဖစ္ေနပါေစ။ငရႈပ္ကေလးဟာ ကိုကို႔အနားမွာပဲေတာက္တက္ကေလးလိုမ်ိဳးကပ္တြယ္ေနမွာအမွန္ျဖစ္ေပသည္။
***********************************
ဂ်ပန္စာအခ်ိန္.....
တေယာက္ခ်င္းစီမတ္တပ္ရပ္ၿပီးကိုယ့္ရဲ႕အနာဂတ္ရည္မွန္းခ်က္အေၾကာင္းအရာအား ဂ်ပန္လိုမ်ိဳးရွင္းျပရမည္ျဖစ္သည္။ဟာ႐ုတိုရဲ႕အလွည့္ကိုေရာက္တဲ့အခါမွာ အားလုံးရဲ႕အာ႐ုံေတြဟာသူ႕စီေရာက္ရွိလာသည္။
တျခားေတာ့မဟုတ္ေပ။ဂြၽန္ဂယူ႕အေရွ႕တြင္သာ အစေနာက္သန္သူျဖစ္ေပမဲ့ ဂြၽန္ဂယူအနားမွာမရွိတဲ့အခါ ေအးတိေအးစက္မ်က္ႏွာထားႀကီးျဖင့္လူေတြကိုမရွိသလိုမ်ိဳး သေဘာထားတတ္တဲ့သူ႕ရဲ႕ personalityေၾကာင့္ျဖစ္သည္။
"က်ေနာ့္ရဲ႕အနာဂတ္ရည္မွန္းခ်က္ကေတာ့ ကင္မ္ဂြၽန္ဂယူ႕ရဲ႕ေယာက်ာ္းျဖစ္ခ်င္ပါတယ္"
အတန္းႀကီးတစ္ခုလုံးတိတ္ဆိတ္သြားၿပီး အပ္က်သံပင္မၾကားရေလာက္သည္အထိၿငိမ္သက္သြားသည္။ Comicစာအုပ္ေတြထဲမွာဆိုရင္ က်ီးကန္းတေကာင္ေခါင္းေပၚကျဖတ္ေျပးသြားတဲ့အခိုက္အတန့္ေတြေပါ့။
"အတင့္ရဲလိုက္တဲ့ဂ်ပန္သား ထိုင္ေတာ့!!"
ဆရာ့ရဲ႕ ခပ္ဆူဆူအသံေနာက္မွာ အတန္ငယ္အသက္ဝင္လာတဲ့အခန္းနဲ႕အတူ ေဘးနားမွာေခါင္းမေဖာ္ပဲထိုင္ေနတဲ့အတန္းေဖာ္လုံးလုံးေလးအား ခ်စ္စဖြယ္ေမးေထာက္ၾကည့္ေနလိုက္သည္။
"ဒီေန႕ေတာ့ဒီေလာက္ပဲ မနက္ျဖန္ထပ္ရမဲ့assignmentကိုဆရာ့စားပြဲေပၚလာပို႔ေပးထားၾက"
ဆရာထြက္သြားေတာ့မွ တတန္းလုံးကလူေတြအကုန္လုံး စု႐ုံး စု႐ုံးနဲ႕ ေစာနကအျဖစ္အပ်က္ကိုေျပာေနၾကတာမို႔ ဟာ႐ုတိုတေယာက္ၿပဳံးၿပဳံးျဖင့္ သူ႕ေဘးနားမွာေက်ာက္႐ုပ္အလားထိုင္ရာကမထပဲရွိေနေသးတဲ့ဂြၽန္ဂယူ႕လက္ကိုလွမ္းကိုင္လိုက္ေတာ့ ခ်က္ခ်င္း႐ုတ္သြားသည္။
"ခ်ီးပဲ စေနာက္စရာအာ့ေလာက္ရွားေနလား"
ထထြက္သြားတဲ့ကိုကိုဟာ လြယ္အိတ္ကိုပါသယ္သြားၿပီး ဟာ႐ုတိုကိုေတာင္လွည့္မၾကည့္လာေပ။
ေျပာတာကိုဆုံးေအာင္နားမေထာင္ပဲ တလြဲေတြထင္သြားတဲ့ ကိုကိုငပိန္းအားရွင္းျပဖို႔ဟာ႐ုတိုမယ္လြယ္အိတ္ႀကီးကိုသယ္ရင္းအေနာက္ကေနေျပးလိုက္လာရေတာ့တယ္။
ျမန္လိုက္တဲ့ေျခလွမ္းေလးေတြ။ခပ္သုတ္သုတ္ေျပးလိုက္တာမ်ား၊ေက်ာင္းၿခံကိုေက်ာ္လို႔ေတာင္ေနၿပီ။ေျခလွမ္းေတြကိုသုံးဆေလာက္ျမန္ေစရင္း ကိုကို႔ေက်ာျပင္ပိစိေလးစီအမွီလိုက္ရေတာ့တယ္။
"ကိုကို!!"
သူေခၚလိုက္ေတာ့အေနာက္ကိုလွည့္ၾကည့္လာတဲ့ဂြၽန္ဂယူ။မ်က္ႏွာအတန္ငယ္နီေဆြးေနကာ ညိုးငယ္ေနပုံရသည္။
ဟာ႐ုတိုအလန့္တၾကားျဖစ္သြားကာ ကိုကို႔ဆီအသည္းအသဲေျပးသြားၿပီး ကိုယ္လုံးေလးအားဆြဲဖက္လိုက္ေတာ့တယ္။
"ဘာလို႔လဲ?က်ေနာ့္ကို..."
"မင္းတမင္လုပ္တာမလား?"
ရင္ခြင္ထဲကေန႐ုန္းကန္ရင္းေအာ္လိုက္တဲ့အဆုံးမွာ ဟာ႐ုတိုမ်က္လုံးအဝိုင္းသားျဖင့္ကိုကို႔အားမယုံနိုင္သလိုေလးၾကည့္ေနမိသည္။
ကိုကိုဟာ ငိုတယ္။ရင္ဘတ္ကိုဖိထားရင္း သူ႕ႏႈတ္ခမ္းကိုကိုက္ထားၿပီးငိုတယ္။ဟာ႐ုတိုရဲ႕အခ်စ္ေတြကိုလက္မခံနိုင္လို႔မ်ားလား။ကိုကိုငိုတာျမင္ၿပီးဟာ႐ုတိုရင္ဘတ္ထဲမွာေအာင့္သက္သက္ျဖစ္လာသည္။
"မင္း_ငါမင္းကိုခ်စ္ေနမွန္းသိလို႔ တမင္ငါ့ကိုခနဲ႕လိုက္တာမလား?"
"ခင္ဗ်ာ"
"ဟင့္_ဟင့္ ငါကလဲမင္းကိုခ်စ္ခ်င္ေနတယ္မ်ားထင္ေနလား?မင္းက_မင္းကငါ့ကိုအာ႐ုံစိုက္ရေအာင္အၿမဲလုပ္တယ္၊ငိုေအာင္စၿပီးတိုင္းစိတ္ေက်နပ္ေအာင္လုပ္ေပးတယ္"
"မင္းတမင္သပ္သပ္ငါ့ကိုေႂကြလာေအာင္လုပ္ၿပီးမွ လူၾကားထဲအထိခနဲ႕တယ္ မေက်နပ္ဖူးမင္းကိုမင္းအေမနဲ႕သြားတိုင္ပစ္မယ္ ဟီး_"
စကားေတြဆုံးၿပီး ငိုယိုေနတဲ့အထိဟာ႐ုတိုအသိစိတ္မကပ္နိုင္ေသး။ေျပာရရင္စိတ္က ဟိုးဘက္တမိုင္ကိုေရာက္ေနလို႔ မနည္းျပန္ေခၚရတဲ့အေနအထားျဖစ္ေနၿပီ။ကိုကိုကေတာ့ သူ႕စကားကိုအေလးမထားဖူးဆိုၿပီး ဟာ႐ုတိုကို ေျမေခြးလိုေကာင္ဆိုၿပီးဆဲဆိုေနတာပဲ။
"မင္းေတာ္ေတာ္အက်င့္ယုတ္တာပဲ!မင္းကိုမင္းအေမနဲ႕လဲတိုင္မယ္!ငါ့အေမနဲ႕လဲတိုင္မယ္..."
"ဟိုေလ_က်ေနာ္ကိုကို႔ကိုခ်စ္သလိုမ်ိဳး ကိုကိုကလဲက်ေနာ့္ကို...."
ဟာ႐ုတိုသေဘာတက်ျဖင့္ရင္ဘတ္ကိုဖိကိုင္ထားလိုက္ရင္းကိုကို႔ကိုအားရပါးရရီျပလိုက္ေတာ့သည္။ညကမွအခ်စ္ကားတကားၾကည့္ထားရင္းစဥ္းစားမိလိုက္ေသးတာ။တေန႕က်ရင္ကိုကို႔ကိုခ်ဳပ္ဖို႔ဒီလိုအခ်စ္ကားေတြၾကည့္ထားရမယ္ဆိုၿပီး။
"က်ေနာ္လဲကိုကို႔ကိုခ်စ္..."
"ဟာ႐ုတို!!!"
"အတည္ေျပာမလို႔!က်ေနာ္ကိုကို႔ကိုတကယ္ခ်စ္..."
"မေျပာနဲ႕ ေအာက္ကိုလဲငုံ႕မၾကည့္နဲ႕!ငါ့ကိုၾကည့္_ငါ့ကိုပဲၾကည့္"
ဘာမွဆက္မေျပာဖို႔အသည္းအသန္တားေနတဲ့ကိုကိုဟာ ၾကည့္ရတာဒီစကားေတြၾကားရဖို႔အဆက္သင့္မျဖစ္ေသးဟန္ပင္။ဒါေပမဲ့ဘာလို႔ေအာက္ကိုငုံ႕မၾကည့္ခိုင္းတာလဲ။
လူဆိုတဲ့အမ်ိဳးကလဲ မလုပ္နဲ႕ဆိုတာမွလုပ္ခ်င္ၾကတာမ်ိဳးမဟုတ္လား။
ဟာ႐ုတိုေအာက္ကိုငုံ႕ၾကည့္လိုက္တဲ့အခါ။
"ေႁမြ_ေႁမြ"
ဖိနပ္ေပၚကေနျဖတ္ေနတဲ့ေႁမြေၾကာင့္ ဟာ႐ုတိုရင္ဘတ္ေတြေစာနကထက္အခုန္ျမန္လာၿပီး အားျဖင့္လြတ္ရာကြၽတ္ရာသို႔ကန္ထည့္ပစ္လိုက္ေတာ့သည္။
ေႁမြကဘယ္ဆီေနမွန္းမသိေပမဲ့လန့္သြားတဲ့အရွိန္ေၾကာင့္ဟာ႐ုတို ကိုကို႔စီမွီလ်က္သားျဖင့္လဲက်ေတာ့သည္။
"ဟင္_ဟာ႐ုတို!!"
ကိုကိုကသူ႕ကိုယ္ႀကီးကိုမနိုင္မနင္းထိန္းလိုက္ရင္း သူ႕ရင္ဘတ္ကိုလက္ဖဝါးျဖင့္ဖိေပးထားကာ ဆက္တိုက္ဆိုသလိုနာမည္ေခၚေနခဲ့သည္။
"ေဟ့ေကာင္!!ထေတာ့ဟ!!"
မထခ်င္ပါ။ေႁမြကဒီေလာက္ေၾကာက္ဖို႔ေကာင္းတာကို ကိုယ္ခ်င္းမစာပဲအတင္းထခိုင္းေနတာပဲ။
"မထနိုင္ဖူး ေၾကာက္တယ္"
တမင္ေပကပ္ၿပီး ကိုကို႔ရင္ခြင္ပိစိေလးထဲတိုးဝင္ပစ္လိုက္ၿပီး မ်က္ႏွာကိုရင္ဘတ္ထဲအပ္ထားပစ္လိုက္သည္။နို႔ႏွစ္အနံ႕ေမႊးေမႊးေလးကိုတဝရႈရွိုက္ရင္းၿငိမ္သက္ေနမိသည္။
"အ႐ူးေကာင္ ေႁမြကအဆိပ္မရွိဖူးဟ!!"
ကိုကိုကေအာ္ဟစ္ကာ သူ႕ကိုအတင္းတြန္းကန္လိုက္၊ဟာ႐ုတိုကလဲမရမက ကိုကို႔လည္ပင္းကိုသိုင္းဖက္ထားၿပီးမလႊတ္ေပးပဲေအာ္လိုက္ျဖင့္ လမ္းထဲမွာ႐ုန္းရင္းဆန္ခတ္ျဖစ္ေနသည္။
ေတာ္ေသးတာကသူတို႔ႏွစ္ေယာက္သာလမ္းထဲမွာရွိေနတာျဖစ္ၿပီး ဒီလမ္းကလဲလူျပတ္သည္မို႔။အမွန္ဆိုဟာ႐ုတိုကရွက္တာေရာ၊ဒီအေျခအေနကိုသေဘာက်တာေၾကာင့္ပါေပါင္းၿပီးဗ႐ုတ္သုတ္ခဇာတ္လမ္းလုပ္ေနရျခင္းျဖစ္သည္။
"ဖယ္ေတာ့ကြာ!!"
"အင္း ခ်စ္တယ္"
တခ်က္ၿငိမ္က်သြားတဲ့ကိုကို။မ်က္ႏွာရဲရဲလေးကိုအောက္ကေနကည့္ေနရသည္မို႔ ပါးေဖာင္းေဖာင္းေလးေတြကထင္းထြက္ေနသည္။
"က်ေနာ္ကိုကို႔ကိုခ်စ္တယ္ စေတြ႕ကတည္းကေနအခုထိ"
ကိုကိုကသူ႕ကိုငုံ႕ၾကည့္ေနဆဲေပမဲ့ မ်က္ဆံဝိုင္းဝိုင္းကေယာက္ယက္ခတ္ေနရွာၿပီ။မ်က္ႏွာဝိုင္းေလးအေပၚကေလွ်ာက်ေနတဲ့မ်က္မွန္ေလးအားပင့္တင္ေပးလိုက္ရင္း ဟာ႐ုတိုစိတ္လိုလက္ရၿပဳံးလိုက္မိတယ္။
"က်ေနာ့္ကိုျပန္ခ်စ္ေပးလို႔ေက်းဇူးပါ ကိုကို"
ဘာစကားမွမထြက္လာေပမဲ့တေယာက္နဲ႕တေယာက္နားလည္စြာပင္။
မ်က္ဝန္းေတြအခ်င္းခ်င္းနီးကပ္လာသလို ကိုကို႔ေခါင္းလုံးလုံးေလးဟာလဲေအာက္ကိုတျဖည္းျဖည္းငုံ႕က်လာသည္။
ႏႈတ္ခမ္းႏုႏုေလးက ဟာ႐ုတို႔ႏႈတ္ခမ္းေတြကိုထိကပ္လာတဲ့အထိအေတြ႕မွာ တုန္ရီလာတဲ့လက္ဖဝါးေတြနဲ႕အတူ အတန္ငယ္ဝဲတက္လာတဲ့မ်က္ရည္စတခ်ိဳ႕။မ်က္လုံးမမွိတ္ရက္နိုင္၊ကိုကိုဟာသက္ရွိမ်ားစြာထဲမွာမွ ဟာ႐ုတိုအတြက္အလွပဆုံးေသာသက္ရွိေလးျဖစ္သည္မို႔ မ်က္လုံးမွိတ္ပစ္လိုက္ရမွာကိုႏွေျမာစြာ။တုန္ရီေနတဲ့ကိုကို႔ရဲ႕မ်က္ေတာင္ဖ်ားေလးေတြေၾကာင့္ ေက်ာဘက္ဆီသိုင္းဖက္လိုက္ရင္း ခပ္ဖြဖြပြတ္သပ္ေပးလိုက္ေတာ့တယ္။
သူတို႔ႏွစ္ေယာက္ဟာလမ္းလည္ေခါင္တြင္ထိုင္လ်က္သားျဖင့္အခ်စ္တစ္ခုကိုပုံေဖာ္ေနခဲ့ၾကျခင္းျဖစ္သည္။
************************************