ရန်ယွီရှန့်လော့ (ဘာသာပြန်)

By Meng_L

78.5K 10.7K 526

Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title... More

မိတ်ဆက်
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄
၂၅
၂၆
၂၇
၂၈ ပ
၂၈ ဒု
၂၉
၃၀ ပ
၃၀ ဒု
၃၁
၃၂
၃၃
၃၄
၃၅
၃၆ ပ
၃၆ ဒု
၃၇ ပ
၃၇ ဒု
၃၈
၃၉
၄၀
၄၂
၄၃
၄၄
၄၅ ပ
၄၅ ဒု
၄၅ တ
၄၆
အတွဲ(၂) ကိုယ်ပျောက်နောက်ယောင်ခံလိုက်သူ ဇာတ်သိမ်း
၄၇
၄၈
၄၉
၅၀
၅၁ ပ
၅၁ ဒု
၅၂
၅၃ ပ
၅၃ ဒု
၅၄
၅၅
၅၆ ပ
၅၆ ဒု
၅၇
၅၈
၅၉ ပ
၅၉ ဒု
၆၀ ပ
၆၀ ဒု
၆၁
အတွဲ(၃) နာမကျန်းဆေးရုံ ဇာတ်သိမ်း
၆၂
၆၃

၄၁

477 75 0
By Meng_L

人鱼陷落
REN YU XIAN LUO



UNICODE



အိန်းခယ်က နာရီကိုတစ်ချက်ကြည့်လိုက်ပြီး သူ့နောက်က လူတွေကို တိုးတိုးလေး လှမ်းပြောလိုက်သည်။

"အချိန်မစောတော့ဘူး ငါတို့ထွက်ပေါက်ဆက်ရှာကြတာပေါ့။"

ပိုင်ချူနျန်သည် ထိုကြေးစားသမားများ ဝင်လာသည့်တံခါးကို လှမ်းကြည့်လိုက်ရာ ထင်သည့်အတိုင်းပင် ပျောက်ကွယ်သွားချေပြီ။ အမြဲလိုလိုလူတွေရဲ့အာရုံက တခြားနေရာမှာ အာရုံစိုက်ထားမိတဲ့အခါ ဒီအခန်းရှိတံခါးက ပေါ်လာရင်လာ ဒါမှမဟုတ် ပျောက်သွားတတ်ပါ၏။

ယခု ဤအိပ်ခန်းသည် ထွက်ပေါက်မရှိသော အလုံပိတ်အခန်းအဖြစ်သို့ ပြောင်းလဲသွားသော်လည်း အနှီကြေးစားသမားများသည် ဒီဖြစ်စဉ်ကို ကျင့်သားရလာသကဲ့သို့ အံ့ဩသွားကြပုံမပေါ်ချေ။

"အစ်ကိုကြီး ရှာတွေ့ပြီ!"

ကြေးစားသမားတစ်ဦးသည် ပိုင်ချူနျန်နောက်ဘက်ရှိ လှေကားထစ်ကို တွေ့ရှိပြီး အထက်သို့စူးစမ်းလေ့လာကြည့်သည့်အခါ၌ တံခါးကပွင့်နေသည်ကို တွေ့လိုက်ရသည်။

ပိုင်ချူနျန်က မယုံနိုင်စွာဖြင့် လှေကားပေါ်ကို လှမ်းကြည့်လိုက်မိသည် ၊ ဒါကသူတို့ ထမင်းစားခန်းကနေပြီး ဆင်းလာခဲ့တဲ့ တံခါးပေါက်ပင် ၊ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က သူစစ်ဆေးကြည့်တော့ တံခါးကနံရံတစ်ခုအဖြစ်ပြောင်းသွားပြီဖြစ်ခါ ယခုကြဘယ်လိုဖြစ်လို့ တံခါးကထပ်ပေါ်လာရတာတုန်း။

"တစ်ဆိတ်လောက်။" ပိုင်ချူနျန် အိန်းခယ်အား မေးလိုက်သည် ၊ "အခုဘယ်နှစ်နာရီရှိပြီလဲ?"

"ည(၈)နာရီ။"

အိန်းခယ်က သေနတ်ပြောင်းဝဖြင့် ပိုင်ချူနျန်အားတစ်ချက်တွန်းထည့်လိုက်ပြီး. .

"မင်းရှေ့ဆုံးကနေသွား။"

"ည(၈)နာရီ?"

ပိုင်ချူနျန် တစ်ခေါက်ထပ်မေးမိရ၏။ သူတို့တြိဂံပိရမစ်တဲတွင်း ဝင်လာချိန်တုန်းက နေရောင်စထွက်လာခါစပဲရှိသေးကာ သူတို့ဝင်လာသည်မှာဆို တစ်နာရီကျော်သာရှိသေး၍ ယခုအလွန်ဆုံးရှိလှ မနက်(၇)နာရီသာဖြစ်ရပေမည်။

အိန်းခယ်သည် တစ်ခဏကြောင်အသွားကာ နာရီကိုစိုက်ကြည့်လို့စဉ်းစားရင်းမှ စိတ်မရှည်စွာ ကျိန်ဆဲလိုက်ပြီး သူ့ဘေးနားရှိ ကြေးစားသမားအား ခပ်တိုးတိုးလှမ်းပြောလိုက်သည်။

"ငါ့နာရီပျက်သွားလို့ မင်းနာရီငါ့ပေးဦး။"

သူသည် ကမ်းပေးလာသည့်နာရီကို လက်ခံယူလိုက်ပြီး မိမိရဲ့ဟာကိုတော့ အိတ်ကပ်ထဲသာဖြစ်သလိုပြန်ထည့်ထားလိုက်တော့သည်။

ပိုင်ချူနျန် မျက်မှောင်ကြုတ်မိ၏ ၊ လန်ပေါက သလင်းကျောက်မီးဆိုင်းပေါ်မှ ဆင်းလာပြီး ပိုင်ချူနျန်၏ကျောထက်ရစ်ခွေကာ ပိုင်ချူနျန် မိမိအားကျောပိုးထားနိုင်အောင် Alpha၏လည်ပင်းအား လက်နှစ်ဖက်ဖြင့်ဖက်ထားလိုက်ပါသည်။

ပိုင်ချူနျန်မှာ လမ်းရှင်းဖို့ရန်အတွက် ရှေ့ဆုံးမှနေ အတင်းသွားခိုင်းခံရသည်။ လှေကားထစ်ပေါ်လှမ်းတက်အခိုက်မှာပဲ မထင်မှတ်ဘဲခြေဖဝါးက ပစ္စည်းသေးသေးတစ်ခုကိုနင်းမိသွား၏။

"လန်ပေါ ကောက်လိုက်။"

ပိုင်ချူနျန်သည် လန်ပေါအားတိုးတိုးလေးကပ်ပြောလိုက်ပြီး တစ်ဆက်တည်းထိုအရာအပေါ် နင်းထားသည့် သူ့ခြေထောက်ကို အနည်းငယ် ဖြေလျှော့လိုက်သည်။

လန်ပေါသည် ပိုင်ချူနျန်၏ခြေဖဝါးအောက်ရှိ သေးငယ်သောအရာအား အမြီးဖျားဖြင့်အသာလေး ရစ်ပတ်ယူလိုက်ရာ နားတွင်တပ်ဆင်ရသည့် သေးငယ်သည့်ဆက်သွယ်ရေးကိရိယာဖြစ်နေကြောင်း တွေ့လိုက်ရသည်။

ဤအရာ၏ ဆန်းပြားမှုကို သုံးသပ်ကြည့်လျှင် စစ်တပ်ဘက်ကပစ္စည်းဖြစ်လောက်၏။ လန်ပေါသည် အမြီးဖျားဖြင့် ဆက်သွယ်ရေးစက်အသေးလေးအား ပိုင်ချူနျန်၏နားအတွင်းတပ်ပေးလိုက်သည် ၊ ခလုတ်ကဖွင့်ထားပြီးဖြစ်ပေမယ့် ဆက်သွယ်ရေးစက်တွင်း ဘာအသံမှမရှိ။

"မြန်မြန်သွားစမ်း ၊ အချိန်ဆွဲမနေနဲ့။"

အိန်းခယ်က တဖန်ထပ်ပြီးသေနတ်ပြောင်းဝဖြင့် ပိုင်ချူနျန်၏နောက်စေ့ကို နှစ်ချက်ထိုးကာ လောလာ၏။

ပိုင်ချူနျန်မှာ ခြေတံရှည်၍ ခြေလှမ်းအနည်းငယ်လှမ်းလိုက်တာနှင့်ကို တံခါးပေါက်ဝသို့ရောက်လို့သွားသည်။ ဒီတံခါးပေါက်မှထွက်လိုက်တာနှင့် စောစောပိုင်းကဝင်ခဲ့ပြီးဖြစ်သည့် ထမင်းစားခန်းသို့ရောက်မည်ဖြစ်သည် ၊ အခန်းနှစ်ခန်းကြား အပြန်ပြန်အလှန်လှန် ကူးနေရတာ ဘာအဓိပ္ပာယ်ရှိမှာတုန်း။

သို့သော်ငြား သူတံခါးကနေ ထွက်လိုက်တာနှင့်ရှေ့ရှိမြင်လိုက်ရတဲ့ မြင်ကွင်းက သူ့နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။

တံခါးတစ်ခုတည်းကို ဖြတ်လျှောက်သွားခဲ့ကြသော်လည်း ဤအခန်းသည် စားပွဲရှည်ကြီးနှင့် စန္ဒယားတစ်လုံးပါသည့် ထမင်းစားခန်းနှင့် လုံးဝကွဲပြားနေချေသည်။ ၎င်းမှာရေပူစမ်းရေကန်လေးကန်ပါသည့် ဇိမ်ခံရေချိုးခန်းအဖြစ်သို့ ပြောင်းလဲသွား၏။ နံရံများကို အပြာနှင့် အဖြူရောကျောက်ကြွေပြားများဖြင့် ဖုံးအုပ်ထားပြီး ရေပူစမ်းရေချိုးခန်းတစ်ခုလုံး၏ အရောင်အသွေးသည် အပြာရောင်ဖြစ်ပြီး ကြည့်ရသည်မှာအလွန်အေးမြလျက်ရှိသည်။

ကြေးစားသမားတစ်ယောက်က အိန်းခယ်ကိုလှမ်းပြောလာ၏။

"အစ်ကိုကြီး ဒီအခန်းကလည်းအပြာရောင်ပဲ။"

ထိုစကားကို ပိုင်ချူနျန်က လျင်စွာဖမ်းဆုပ်လိုက်နိုင်သည်။


မြေပြင်ပေါ်တွင် စိုစွတ်နေသော ရွံ့ခြေရာအချို့ရှိပြီး အနောက်နံရံရှိတံခါးဆီသို့ ဦးတည်နေခြင်း ၊ သို့သော်လည်း ထိုတံခါးသည် ယခု၌ပိတ်နေသည့်အနေအထားတွင်ရှိနေချေသည်။ ရေချိုးခန်းထဲရှိ ရေခိုးရေငွေ့တွေက အားကောင်းလွန်းသဖြင့် ခြေရာခြောက်သွေ့ဖို့ မလွယ်တာကြောင့် ခြေရာတွေရဲ့ပိုင်ရှင် ဒီအခန်းကိုဖြတ်သွားတုန်းကအချိန်ကို ဆုံးဖြတ်ရခက်လှသည်။

ပိုင်ချူနျန်သည် ရေကန်နှင့် တဘက်စင် ပတ်ပတ်လည်ကို တစ်ပတ်ပတ်ကြည့်မိရာ တဘက်စင်ပေါ်တွင် မှတ်စုတစ်ခုကို တွေ့လိုက်ရသည်။

စာရွက်မှာ သာမန်မှတ်စုစာအုပ်မှ စုတ်ဖြဲထားသော တစ်ကြောင်းမျဉ်းစာရွက်တစ်ခုဖြစ်သည်။ ၎င်းပေါ်တွင် လှပသောလက်ရေးစာတန်းတစ်ခုရှိ၏ ၊ ရေးထားသည်မှာ -

"ငါသိပ်ကိုပင်ပန်းနေပြီ ၊ ဒီတဲအိမ်ငယ်ထဲမှာ တစ်ခုတည်းသောစားစရာဆိုလို့ ရေချိုးကန်ထဲက ရေတွေပဲရှိတယ် ကံကောင်းထောက်မစွာပဲ ရေက အဆိပ်မရှိလို့ ၊ ငါနာရီအနည်းငယ်တော့ တောင့်ခံနိုင်သေးတယ် ၊ အင်း အခုကမနက်(၇)နာရီရှိသွားပြီ ငါဒီဆိုးရွာလွန်းတဲ့နေရာကိုရောက်နေတာ နာရီ(၃၀)ကျော်ပြီ ၊ တကယ်လို့ရဲတွေဘက်က ငါ့ရဲ့မှတ်စုကို တွေ့ခဲ့လို့ရှိရင် ကျေးဇူးပြုပြီးအနောက်ဘက်ကတံခါးစီသွားပြီး ငါ့ကိုလာကယ်ပေးပါ ၊ ရေထဲမှာတစ်ခုခုက ငါ့ကိုစိုက်ကြည့်နေလို့ ဒီနေရာကနေထွက်မှကို ဖြစ်မှာမို့ပါ။"

မှတ်စုပါအချက်အလက်ကို အခြေခံ၍ ပိုင်ချူနျန်သည် ရဲစခန်းအစည်းအဝေးတွင် ဖော်ပြထားသော ဂိမ်းပါဝင်ကစားသူများထဲမှ တစ်ဦးဖြစ်ကြောင်း အစောမှာပင်ခန့်မှန်းမိလိုက်သည်။ စာရွက်နှင့် ဘောပင်အား ကိုယ်နှင့်မကွာသယ်ဆောင်လာသူ အများအပြား မရှိပေ။ နာရီ(၃၀)ကြာ ပိတ်မိနေကြောင်းဆိုထားသည်အရ ရဲစခန်းမှရရှိသည့် ပျောက်ဆုံးမှု အစီရင်ခံစာနှင့်လည်း ကိုက်ညီနေ၏။

သူသည် တိတ်တဆိတ်ပင်ထိုစာရွက်အား အိတ်ကပ်ထဲသို့ထည့်လိုက်ပါသည်။

ထိုအချိန်တွင် လန်ပေါကလည်း ရေအနည်းငယ်ဆာနေ၍ ရေ၏အပူချိန်ကို စမ်းသပ်ရန်အတွက် အမြီးဖျားကိုဆန့်ထုတ်လိုက်သည်။ အမြီးဖျားကိုကွေးလျက် ရေအနည်းငယ်ခပ်ပြီး ပါးစပ်ထဲသို့ထည့်လိုက်ပါ၏။

ရေစိုခံအီလက်ထရွန်းနစ် နာရီတစ်လုံးအား နံရံတွင် ချိတ်ဆွဲထားပြီး လက်ရှိအချိန်မှာ နံနက် (၇)နာရီကိုပြသနေလျက်။ အိန်းခယ် သူ့ဘော်ဒါဆီကတောင်းထားတဲ့ နာရီကိုကြည့်ပြီး နံရံပေါ်ကအချိန်နှင့်တိုက်ကြည့်လိုက်သည် ၊ ဘော်ဒါ၏နာရီကတော့ အခြေအနေကောင်းပြီး အချိန်မှာပြဿနာမရှိ နံနက်(၇)နာရီကိုသာပြသလျက်ရှိသည်။

ကြေးစားသမားတချို့သည် ဤထူးဆန်းသော တဲအိမ်ငယ်ထဲရောက်နေသည်မှာ နာရီပေါင်းများစွာရှိပြီဖြစ်၍ သူတို့၌ပါသမျှ ရေကိုသောက်ပြီးသွားကြလေပြီ။ ကြေးစားသမားတစ်ဦးသည် ရေငတ်ပြေစေရန် ရေအနည်းငယ်သောက်လို၍ ရေပူစမ်းရေချိုးကန်ဘေးနားကပ်သွားလိုက်တော့သည်။

အိန်းခယ်မှာ အခြားထွက်ပေါက်များကို ရှာဖွေရင်း အလုပ်များနေသဖြင့် မတားမိလိုက်။ မထင်မှတ်စွာ ရေချိုးကန်ဘေးနားကကြေးစားသမားခမျာ သူ့လက်နှစ်ဖက်နှင့်ရေကို ထိလိုက်ရုံရှိသေး ရုတ်ခြည်းတစ်ကိုယ်လုံးတုန်ယင်ကာ ကျယ်လောင်စွာ အော်ဟစ်လာပါသည်။

အိန်းခယ်က လန့်ဖျပ်သွားပြီး ထိုသူ့ကိုပြန်ဆွဲခေါ်ဖို့ ဘေးနားရှိကြေးစားသမားတစ်ယောက်ကို အမိန့်ပေးလိုက်ပါသည်။ ပိုအံ့ဩစရာကောင်းတာကတော့ ဒုတိယကြေးစားသမားရဲ့လက်က အဲဒီလူနဲ့ ထိတွေ့လိုက်တဲ့တစ်ခဏမှာပဲ ထိုသူ့တစ်ကိုယ်လုံးလည်း တုန်ယင်ကာ အော်သံအကျယ်ကြီးထွက်လာ၏။

ခဏတာ ခွင့်ပြုချက်မရှိဘဲ မည်သူမျှ မလှုပ်ဝံ့ကြတော့။ ပိုင်ချူနျန်သည် လူနှစ်ဦး၏ ထူးဆန်းသောအပြုအမူကို အကျဉ်းချုံးကြည့်ရှုလေ့လာခဲ့သည်။ လက်နှစ်ဖက်စလုံး လက်ထိတ်ခတ်ခံထားရ၍ နံရံထောင့်ရှိသစ်သားကြမ်းတိုက်တံအား ကြေးစားအုပ်စုထံ ခြေဖြင့်သာကန်ထုတ်ပေးလိုက်သည်။

"ရေချိုးကန်က လျှပ်စစ်စီးနေတာ ၊ သူတို့တွေဓာတ်လိုက်ကုန်ကြတာ။"

သူသည်ပြောပြီးနောက် လန်ပေါအား တစ်ချက်လှည့်ကြည့်လိုက်မိ၏ ၊ လန်ပေါက ကြောင်တောင်တောင်ဖြစ်ကာ မျက်တောင်တဖျတ်ဖျတ်ခတ်မိလျက်. .

"ငါမဟုတ်ဘူး။"

ကျန်သောကြေးစားများသည် ကြမ်းတိုက်တံကို အလျင်အမြန်မြှောက်ကာ တုန်ယင်နေသော ကြေးစားနှစ်ဦးကို အဝေးသို့တွန်းထုတ်လိုက်ကြသည်။ နှစ်ဦးစလုံး၏ကိုယ်မှ လောင်ကျွမ်းနံ့တို့ထွက်ကာ အချက်အနည်းငယ်အကြောဆွဲတုန်ယင်လျက် မျက်ဖြူလန်ကုန်ကြလျက်။

ပိုင်ချူနျန်သည် အနီးကပ်ကြည့်ကာ သူတို့နှစ်ဦး၏ အသက်ရှုခြင်းကို စမ်းကြည့်ပြီးနောက် စိတ်မကောင်းစွာဖြင့် သူ့အိတ်ကပ်ထဲမှ တစ်ရှူးကို ထုတ်ယူလိုက်သည်။ သူသည် ၎င်းကိုချွေတာကာ တစ်ခုထဲကိုနှစ်လွှာခွဲပြီး ကြေးစားသမားအလောင်းနှစ်လောင်း၏ မျက်နှာများထက် တစ်လှည့်စီ ဖုံးအုပ်ပေးလိုက်ပါသည်။

"မင်းမေ. . ဒီတစ်ခါတော့အရှုံးပေါ်ပြီ ၊ ပိုက်ဆံထပ်တိုးမပေးရင်တော့ မလုပ်နိုင်ဘူးပဲ။"

အိန်းခယ် လက်သီးကျစ်ကျစ်ဆုပ်ကာ နဖူးပြင်ထက်ချွေး​စေးတို့ထွက်လာ၏ ၊ ဇွတ်အတင်းစိတ်ဖြေလျော့လိုက်ရရင်း စီးကရက်ခဲကာ ပိုင်ချူနျန်အား မုန်းတီးစွာစိုက်ကြည့်ပြီး ခပ်တိုးတိုးကျိန်ဆဲပစ်လိုက်သည်။

"စက္ကူတစ်ရွက်ကို နှစ်လွှာဖြစ်အောင်ခွဲရတယ်လို့ သောက်ရမ်းလက်လံတယ်မင်းကို ၊ မင်းတို့ရဲတွေအဲ့လောက်တောင်ပဲ မွဲရသလား?"

ပိုင်ချူနျန်သည် တစ်ဝက်သာကျန်တော့သည့်တစ်ရှူးထုပ်ကို ဖြည်းဖြည်းပြန်သိမ်းလိုက်၏။

"ချွေတာသုံးရမယ်လေ ၊ နို့မို့ဆိုဘယ်လိုလုပ်လောက်မလဲ။"

ပြောရင်းဆိုရင်း အိန်းခယ်လုံးဝသတိမမူမိခင်မှာပဲ ခြေထောက်ကိုဆန့်ထုတ်လိုက်ပြီး ရေချိုးကန်ဘေးရပ်နေသည့် မိမိအနီးနားရှိကြေးစားသမားတစ်ယောက်ကို ရေချိုးကန်ထဲကျအောင် ကန်ထုတ်ပစ်လိုက်ပါသည်။

ကြေးစားသမားခမျာ အော်ဟစ်ကာ လျှပ်စီးတို့စီးဝင်နေသည့်ရေချိုးကန်ထဲ အပြင်အထန်ရုန်းကန်တုန်ယင်နေလျက်။ အိန်းခယ်၏ မျက်လုံးများ ပြူးကျယ်လာပြီး သေနတ်ပြောင်းဝကို မြှောက်ကာ ပိုင်ချူနျန်၏လည်ချောင်းကို ထောက်ချိန်ထားရင်း မျက်ဝန်းတို့ကသွေးကြောနီတို့ဖြင့် ရဲရဲနီလို့လာသည်။

"မင်းမေလူး ယုံချင်ယုံ မယုံချင်နေ လောင်ကျစ် မင်းကိုတစ်ခါတည်းပစ်သတ်ပစ်မယ်။"

ပိုင်ချူနျန်က အနည်းငယ်ပြုံးပြီး မေးငေါ့ပြလိုက်ရာ အိန်းခယ်လည်း ထိုသူ့နောက်ကို သတိထားပြီး ကြည့်လိုက်သည်။ နောက်ဆုံးကျန်သည့် ကြေးစားနှစ်ယောက်က မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ခြေလက်များတွင် အပြာရောင်လျှပ်စီးများ ဖြာထွက်လျက်ဖြင့် အကြောဆွဲတုန်ယင်လို့။

လန်ပေါက ရေချိုးကန်ဘေးရှိ တိရစ္ဆာန်ဦးခေါင်းရေပန်းပေါ်ထိုင်နေလျက် လက်တစ်ဖက်တည်းဖြင့်စက်သေနတ်ကိုကိုင်ကာ သေနတ်ပြောင်းဝအား အိန်းခယ်၏နောက်စေ့သို့ချိန်ရွယ်ထားချေသည်။ လက်ညိုးအား သေနတ်မောင်းပေါ်တင်ကာ အသာထိခေါက်ရင်း အေးစက်စက်ဆိုလိုက်၏။

"မလှုပ်နဲ့။"

အိန်းခယ်သည် အံကြိတ်ကာ နောက်ပြန်လှည့်ပြီး ပိုင်ချူနျန်ကို စူးစူးဝါးဝါးစိုက်ကြည့်ပစ်မိသည်။ သူသည် တိုက်ရိုက်ပဲပစ်သတ်ပြီး သူ့အသက်ကို အခြားတစ်ယောက်နဲ့ အသက်ချင်းလဲလှယ်ဖို့စိတ်ကူးခိုက်မှာပဲ ပိုင်ချူနျန်က လက်ကိုမြှောက်လိုက်၏ ၊ သူ့လက်ညိုးနဲ့ လက်ခလယ်က အိန်းခယ်၏သေနတ်ပြောင်းဝကိုဖိညှပ်လိုက်ရာ သေနတ်ပြောင်းဝမှာဆိုရွံ့စေးကဲ့သို့ပင် စုစည်းပိတ်ဆို့သွားလျက်။

ပိုင်ချူနျန် လက်ခုပ်တစ်ချက်တီးလိုက်ခိုက် လက်ကောက်ဝတ်နှစ်ဖက်စလုံးရှိ လက်ထိတ်က အစိတ်စိတ်အမြွှာမြွှာဖြစ်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျလို့သွားသည်။ အိတ်ကပ်ထဲမှ တစ်ရှူးထုပ်ကို ပေါ့ပေါ့ပါးပါးထုတ်ယူကာ တစ်ရှူးတစ်ရွက်ကိုဆွဲထုတ်လိုက်ပြီး နှစ်လွှာဖြစ်အောင်ခွဲကာ ကြေးစားသမားအလောင်း၏မျက်နှာထက် ခွဲအုပ်ပေးလိုက်၏ ၊ ပြီးနောက်တစ်ရွက်ထပ်ထုတ်ကာ ခါတိုင်းကဲ့သို့ပင်အလောင်းမျက်နှာထက် နှစ်ခုခွဲအုပ်ပေးလိုက်ပါသည် ၊ နောက်ဆုံးတွင်တော့ တစ်ရှူးထုပ်ထဲ၌ တစ်ရွက်သာလျှင်ကျန်တော့ပေသည်။

တစ်ခန်းလုံး လောင်ကျွမ်းနေသော လူအသားအနံ့အသက် ပြင်းပြင်းနှင့်ပြည့်နေကာ ပျို့အန်ချင်စရာ သည်းမခံနိုင်စရာပင်။

ပိုင်ချူနျန်ကတော့ ဒါကိုစိတ်ထဲထားမနေဘဲ တစ်ရှုးထုပ်ကိုကိုင်လိုက်ပြီး အိန်ခယ်၏မျက်နှာထက် ညင်သာစွာပုတ်လိုက်၏။

"နောက်ဆုံးတစ်ရွက်ကတော့ ငါ မင်းရဲ့ချွေးတွေကို သုတ်ပေးရမလား ဒါမှမဟုတ် မင်းမျက်နှာကို အုပ်ထားပေးမလား ၊ စိတ်မပူပါနဲ့ မင်းရဲ့ဒီတစ်ရွက်က သူတို့ထက်ပိုထူတော့အမြင်လှမှာပါ။"

အိန်းခယ် အံကိုကြိတ်လျက် ကံကြမ္မာကိုသာကြိတ်မှိတ်လက်ခံကာ မျက်လုံးစုံမှိတ်ထားလိုက်တော့သည်။

"မင်းရဲ့အဖော်တွေက နည်းနည်းအသုံးမကျဘူးတုံးတယ်လို့ပဲ ငါတော့တွေ့မိတယ် ၊ လျှို့ဝှက်ချက်တွေမသိရုံသာမက လေးလေးနက်နက်သဲလွန်စရှာဖွေနေတဲ့သူတွေကို ရှုပ်ကုန်အောင်ပြဿနာရှာပဲရှာတတ်ကြတာ ၊ အဲ့ဒါကြောင့်ပဲ သူတို့ကိုအရင်ရှင်းပစ်ဖို့ ဆုံးဖြတ်လိုက်တာ။"

ပိုင်ချူနျန်သည် သက်သောင့်သက်သာထိုင်ချလိုက်ပြီး ခေါင်းမော့ရယ်မောလိုက်သည်။

"မတုန်လှုပ်ပါနဲ့ ၊ မင်းစဉ်းစားကြည့် ငါတို့နှစ်ယောက်စလုံးရဲ့ ခွဲထွက်စွမ်းရည်တွေထုတ်မပြခဲ့သလို လျှို့ဝှက်ချက်ဆိုလည်း မင်းကိုဘယ်လောက်မှပြောမပြထားဘူးလေ ၊ အဲ့ဒါကြောင့်မင်းကိုနှုတ်ပိတ်စရာအကြောင်းတော့မရှိဘူး။"

အိန်းခယ် မျက်ဝန်းတို့ပြန်ဖွင့်လိုက်ရင်း. .

"မင်းက ဘယ်လိုဖြစ်ချင်တာလဲ။"

ပိုင်ချူနျန်ဆိုလိုက်သည်။

"မင်းရဲ့အခုမျက်နှာဘေးက ငါမင်းကိုမုဒိန်းကျင့်တော့မှာကို စိတ်မပါဆန္ဒမပါစွာနဲ့စောင့်နေရတဲ့ပုံစံမျိုးကြီး ငါမကြိုက်ဘူး။"

အိန်းခယ်တစ်ယောက် သွေးတွေဆောင့်တက်လာတာ ကောင်းကင်ဘုံကိုတောင်ထိုးဖောက်မိတော့မတတ်ရှိ၍ အတင်းစိတ်ကိုလျှော့ချလိုက်ရ၏။

"ပထမမေးခွန်း။"

ပိုင်ချူနျန်က သစ်သားချောင်းဖြင့် ကြေးစားသမားအလောင်းကိုဘေးသို့တွန်းဖယ်ရင်း မေးလိုက်သည်။

"မင်းတို့တွေ စားပွဲရှည်နဲ့ စန္ဒယားတစ်လုံးရှိတဲ့ထမင်းစားခန်းကနေ ဝင်လာခဲ့ကြတာလား?"

"ဟုတ်တယ်။"

"ဘယ်တံခါးပေါက်ကိုသွားခဲ့ပြီး အခန်းကဘယ်လိုပုံစံမျိုးလဲ။"

အိန်းခယ်သည် အစပိုင်းတွင် ထပ်အများကြီးမပြောချင်ခဲ့ ၊ လန်ပေါက သေနတ်ဖြင့်နောက်စေ့ကိုထောက်လာမှသာ နှုတ်ဟမိသည်။

"အနောက်ဘက်နံရံကတံခါး ၊ ဆိုဖာတစ်လုံးနဲ့ ဒစ်ဂျစ်တယ်နာရီရှိတဲ့ ဧည့်ခန်း ၊ ငါတို့လည်းဝင်ပြီးရော တံခါးပေါက်ကပျောက်သွားတာ ၊ နောက်တံခါးပေါက်ထပ်ပေါ်လာတော့ မင်းတို့ရှိနေတဲ့အခန်းကို ငါတို့ရောက်လာတာပဲ။"

ပိုင်ချူနျန် : "နာရီက ဘယ်အချိန်ကိုပြနေလဲ?"

အိန်းခယ် : "မနက်(၆)နာရီ။"

ပိုင်ချူနျန် : "နံရံအရောင်က?"

အိန်းခယ် ကြိုးစားပြီးပြန်စဉ်းစားလိုက်ရ၏။

"အပြာရောင်ပန်းကနုတ်။"

ပိုင်ချူနျန်သည် ယခင်က နံရံကပ်စက္ကူအရောင်ကွဲပြားမှုကို သတိမထားမိခဲ့။ သူတို့ဝင်လာခဲ့သည့် ပထမခန်းရှိထမင်းစားခန်းမှ ဒုတိယခန်းရှိ အိပ်ခန်းအထိ နောက်ခံအရောင်များသည် အနီရောင်ပန်းကနုတ်များဖြစ်နေသောကြောင့် ၊ ထို့ကြောင့်ပင် သူ၏အကျင့်အရအတွေးထဲ အခန်းတစ်ခုလုံး၏နောက်ခံသည် အနီရောင်နောက်ခံပုံပဲဟုသာ သူ့ကိုထင်မှတ်သွားစေခဲ့သည်။

"ဒုတိယမေးခွန်း။"

ပိုင်ချူနျန်သည် ကိုယ်ကိုမတ်လိုက်ပြီး ကြေးစားသမားအလောင်း၏ ကျောပိုးအိတ်ထဲမှတွေ့ရသည့် စာရွက်စာတမ်းမိတ္တူကိုထုတ်ကာ အိန်းခယ်၏ရင်ဘက်ထက်ပုတ်လိုက်သည်။

"မင်း ATWLစာမေးပွဲကို ဝင်ကူဖြေတုန်းက စာကြည့်တိုက်ကနေပြီး ဖိုင်တွဲဘယ်နှစ်ခုရခဲ့လဲ?"

အိန်းခယ်၏ မျက်လုံးများ အံ့သြစွာပြူးကျယ်သွားသည်။

"အခု မင်းနဲ့ငါတို့ အပေးအယူလုပ်ရမယ့်အလှည့်ရောက်ပြီ ဘရို။"

ပိုင်ချူနျန် လက်ထဲကမိတ္တူကို လှန်ကြည့်လိုက်ရင်း. .

"စာကြည့်တိုက်မှာရလာတဲ့ စာတမ်းတွေရဲ့ အကြောင်းအရာတွေကို တစ်စိတ်တစ်ပိုင်းတော့ မှတ်မိဦးမယ်မလား။"

"မမှတ်မိတော့ဘူးလား?"

ပိုင်ချူနျန်သည် ကြေးစားလူသေအလောင်း မျောနေသည့် ရေချိုးကန်ကို တစ်ချက်လှမ်းကြည့်လိုက်ပါသည်။

"ကြည့်ရတာ ဒီကန်က မင်းမှတ်ဥာဏ်တွေပြန်ပေါ်အောင် ကူညီပေးနိုင်မလားပဲ။"

အိန်းခယ်က နှစ်ချက်မျှရုန်းကန်ကာ နောက်ဆုံးခေါင်းကိုငုံ့ချမိရင်း. .

"ငါတို့က ဖိုင်Eနဲ့ ဖိုင်Fကိုရလိုက်တယ် ၊ ဖိုင်Eက သုတေသီရဲ့ လေ့လာစမ်းစစ်တဲ့ဒိုင်ယာရီ ငါ မင်းကိုအမှန်အတိုင်းပြောပြထားပြီးသားဟာပဲ။"

"ဖိုင်Fမှာ မှတ်တမ်းတင်ထားတာကတော့ အမှတ်စဉ်324စမ်းသပ်ခံခန္ဓာရဲ့ ခွဲထွက်စွမ်းရည်ဖြစ်တဲ့. . . . . ."

ပိုင်ချူနျန်သည် မိတ္တူတို့ကိုစုကာ စက္ကူလိပ်အဖြစ်လိပ်ပြီး လက်ဖဝါးပေါ်ပုတ်လျက်. .

"သူများရဲ့စွမ်းရည်ကို အတုလိုက်လုပ်နိုင်တဲ့စွမ်းရည်ပဲ ဟုတ်တယ်မလား။"






ZAWGYI


၄၁


အိန္းခယ္က နာရီကိုတစ္ခ်က္ၾကည့္လိုက္ၿပီး သူ႔ေနာက္က လူေတြကို တိုးတိုးေလး လွမ္းေျပာလိုက္သည္။

"အခ်ိန္မေစာေတာ့ဘူး ငါတို႔ထြက္ေပါက္ဆက္ရွာၾကတာေပါ့။"

ပိုင္ခ်ဴန်န္သည္ ထိုေၾကးစားသမားမ်ား ဝင္လာသည့္တံခါးကို လွမ္းၾကည့္လိုက္ရာ ထင္သည့္အတိုင္းပင္ ေပ်ာက္ကြယ္သြားေခ်ၿပီ။ အျမဲလိုလိုလူေတြရဲ့အာ႐ုံက တျခားေနရာမွာ အာ႐ုံစိုက္ထားမိတဲ့အခါ ဒီအခန္းရွိတံခါးက ေပၚလာရင္လာ ဒါမွမဟုတ္ ေပ်ာက္သြားတတ္ပါ၏။

ယခု ဤအိပ္ခန္းသည္ ထြက္ေပါက္မရွိေသာ အလုံပိတ္အခန္းအျဖစ္သို႔ ေျပာင္းလဲသြားေသာ္လည္း အႏွီေၾကးစားသမားမ်ားသည္ ဒီျဖစ္စဥ္ကို က်င့္သားရလာသကဲ့သို႔ အံ့ဩသြားၾကပုံမေပၚေခ်။

"အစ္ကိုႀကီး ရွာေတြ႕ၿပီ!"

ေၾကးစားသမားတစ္ဦးသည္ ပိုင္ခ်ဴန်န္ေနာက္ဘက္ရွိ ေလွကားထစ္ကို ေတြ႕ရွိၿပီး အထက္သို႔စူးစမ္းေလ့လာၾကည့္သည့္အခါ၌ တံခါးကပြင့္ေနသည္ကို ေတြ႕လိုက္ရသည္။

ပိုင္ခ်ဴန်န္က မယုံနိုင္စြာျဖင့္ ေလွကားေပၚကို လွမ္းၾကည့္လိုက္မိသည္ ၊ ဒါကသူတို႔ ထမင္းစားခန္းကေနၿပီး ဆင္းလာခဲ့တဲ့ တံခါးေပါက္ပင္ ၊ လြန္ခဲ့တဲ့ မိနစ္ပိုင္းေလာက္က သူစစ္ေဆးၾကည့္ေတာ့ တံခါးကနံရံတစ္ခုအျဖစ္ေျပာင္းသြားၿပီျဖစ္ခါ ယခုၾကဘယ္လိုျဖစ္လို႔ တံခါးကထပ္ေပၚလာရတာတုန္း။

"တစ္ဆိတ္ေလာက္။" ပိုင္ခ်ဴန်န္ အိန္းခယ္အား ေမးလိုက္သည္ ၊ "အခုဘယ္ႏွစ္နာရီရွိၿပီလဲ?"

"ည(၈)နာရီ။"

အိန္းခယ္က ေသနတ္ေျပာင္းဝျဖင့္ ပိုင္ခ်ဴန်န္အားတစ္ခ်က္တြန္းထည့္လိုက္ၿပီး. .

"မင္းေရွ႕ဆုံးကေနသြား။"

"ည(၈)နာရီ?"

ပိုင္ခ်ဴန်န္ တစ္ေခါက္ထပ္ေမးမိရ၏။ သူတို႔ႀတိဂံပိရမစ္တဲတြင္း ဝင္လာခ်ိန္တုန္းက ေနေရာင္စထြက္လာခါစပဲရွိေသးကာ သူတို႔ဝင္လာသည္မွာဆို တစ္နာရီေက်ာ္သာရွိေသး၍ ယခုအလြန္ဆုံးရွိလွ မနက္(၇)နာရီသာျဖစ္ရေပမည္။

အိန္းခယ္သည္ တစ္ခဏေၾကာင္အသြားကာ နာရီကိုစိုက္ၾကည့္လို႔စဥ္းစားရင္းမွ စိတ္မရွည္စြာ က်ိန္ဆဲလိုက္ၿပီး သူ႔ေဘးနားရွိ ေၾကးစားသမားအား ခပ္တိုးတိုးလွမ္းေျပာလိုက္သည္။

"ငါ့နာရီပ်က္သြားလို႔ မင္းနာရီငါ့ေပးဦး။"

သူသည္ ကမ္းေပးလာသည့္နာရီကို လက္ခံယူလိုက္ၿပီး မိမိရဲ့ဟာကိုေတာ့ အိတ္ကပ္ထဲသာျဖစ္သလိုျပန္ထည့္ထားလိုက္ေတာ့သည္။

ပိုင္ခ်ဴန်န္ မ်က္ေမွာင္ၾကဳတ္မိ၏ ၊ လန္ေပါက သလင္းေက်ာက္မီးဆိုင္းေပၚမွ ဆင္းလာၿပီး ပိုင္ခ်ဴန်န္၏ေက်ာထက္ရစ္ေခြကာ ပိုင္ခ်ဴန်န္ မိမိအားေက်ာပိုးထားနိုင္ေအာင္ Alpha၏လည္ပင္းအား လက္ႏွစ္ဖက္ျဖင့္ဖက္ထားလိုက္ပါသည္။

ပိုင္ခ်ဴန်န္မွာ လမ္းရွင္းဖို႔ရန္အတြက္ ေရွ႕ဆုံးမွေန အတင္းသြားခိုင္းခံရသည္။ ေလွကားထစ္ေပၚလွမ္းတက္အခိုက္မွာပဲ မထင္မွတ္ဘဲေျခဖဝါးက ပစၥည္းေသးေသးတစ္ခုကိုနင္းမိသြား၏။

"လန္ေပါ ေကာက္လိုက္။"

ပိုင္ခ်ဴန်န္သည္ လန္ေပါအားတိုးတိုးေလးကပ္ေျပာလိုက္ၿပီး တစ္ဆက္တည္းထိုအရာအေပၚ နင္းထားသည့္ သူ႔ေျခေထာက္ကို အနည္းငယ္ ေျဖေလၽွာ့လိုက္သည္။

လန္ေပါသည္ ပိုင္ခ်ဴန်န္၏ေျခဖဝါးေအာက္ရွိ ေသးငယ္ေသာအရာအား အၿမီးဖ်ားျဖင့္အသာေလး ရစ္ပတ္ယူလိုက္ရာ နားတြင္တပ္ဆင္ရသည့္ ေသးငယ္သည့္ဆက္သြယ္ေရးကိရိယာျဖစ္ေနေၾကာင္း ေတြ႕လိုက္ရသည္။

ဤအရာ၏ ဆန္းျပားမွုကို သုံးသပ္ၾကည့္လၽွင္ စစ္တပ္ဘက္ကပစၥည္းျဖစ္ေလာက္၏။ လန္ေပါသည္ အၿမီးဖ်ားျဖင့္ ဆက္သြယ္ေရးစက္အေသးေလးအား ပိုင္ခ်ဴန်န္၏နားအတြင္းတပ္ေပးလိုက္သည္ ၊ ခလုတ္ကဖြင့္ထားၿပီးျဖစ္ေပမယ့္ ဆက္သြယ္ေရးစက္တြင္း ဘာအသံမွမရွိ။

"ျမန္ျမန္သြားစမ္း ၊ အခ်ိန္ဆြဲမေနနဲ႔။"

အိန္းခယ္က တဖန္ထပ္ၿပီးေသနတ္ေျပာင္းဝျဖင့္ ပိုင္ခ်ဴန်န္၏ေနာက္ေစ့ကို ႏွစ္ခ်က္ထိုးကာ ေလာလာ၏။

ပိုင္ခ်ဴန်န္မွာ ေျခတံရွည္၍ ေျခလွမ္းအနည္းငယ္လွမ္းလိုက္တာႏွင့္ကို တံခါးေပါက္ဝသို႔ေရာက္လို႔သြားသည္။ ဒီတံခါးေပါက္မွထြက္လိုက္တာႏွင့္ ေစာေစာပိုင္းကဝင္ခဲ့ၿပီးျဖစ္သည့္ ထမင္းစားခန္းသို႔ေရာက္မည္ျဖစ္သည္ ၊ အခန္းႏွစ္ခန္းၾကား အျပန္ျပန္အလွန္လွန္ ကူးေနရတာ ဘာအဓိပၸာယ္ရွိမွာတုန္း။

သို႔ေသာ္ျငား သူတံခါးကေန ထြက္လိုက္တာႏွင့္ေရွ႕ရွိျမင္လိုက္ရတဲ့ ျမင္ကြင္းက သူ႔ႏွလုံးသားကို တုန္လွုပ္သြားေစခဲ့သည္။

တံခါးတစ္ခုတည္းကို ျဖတ္ေလၽွာက္သြားခဲ့ၾကေသာ္လည္း ဤအခန္းသည္ စားပြဲရွည္ႀကီးႏွင့္ စႏၵယားတစ္လုံးပါသည့္ ထမင္းစားခန္းႏွင့္ လုံးဝကြဲျပားေနေခ်သည္။ ၎မွာေရပူစမ္းေရကန္ေလးကန္ပါသည့္ ဇိမ္ခံေရခ်ိဳးခန္းအျဖစ္သို႔ ေျပာင္းလဲသြား၏။ နံရံမ်ားကို အျပာႏွင့္ အျဖဴေရာေက်ာက္ေႂကြျပားမ်ားျဖင့္ ဖုံးအုပ္ထားၿပီး ေရပူစမ္းေရခ်ိဳးခန္းတစ္ခုလုံး၏ အေရာင္အေသြးသည္ အျပာေရာင္ျဖစ္ၿပီး ၾကည့္ရသည္မွာအလြန္ေအးျမလ်က္ရွိသည္။

ေၾကးစားသမားတစ္ေယာက္က အိန္းခယ္ကိုလွမ္းေျပာလာ၏။

"အစ္ကိုႀကီး ဒီအခန္းကလည္းအျပာေရာင္ပဲ။"

ထိုစကားကို ပိုင္ခ်ဴန်န္က လ်င္စြာဖမ္းဆုပ္လိုက္နိုင္သည္။


ေျမျပင္ေပၚတြင္ စိုစြတ္ေနေသာ ရြံ႕ေျခရာအခ်ိဳ႕ရွိၿပီး အေနာက္နံရံရွိတံခါးဆီသို႔ ဦးတည္ေနျခင္း ၊ သို႔ေသာ္လည္း ထိုတံခါးသည္ ယခု၌ပိတ္ေနသည့္အေနအထားတြင္ရွိေနေခ်သည္။ ေရခ်ိဳးခန္းထဲရွိ ေရခိုးေရေငြ႕ေတြက အားေကာင္းလြန္းသျဖင့္ ေျခရာေျခာက္ေသြ႕ဖို႔ မလြယ္တာေၾကာင့္ ေျခရာေတြရဲ့ပိုင္ရွင္ ဒီအခန္းကိုျဖတ္သြားတုန္းကအခ်ိန္ကို ဆုံးျဖတ္ရခက္လွသည္။

ပိုင္ခ်ဴန်န္သည္ ေရကန္ႏွင့္ တဘက္စင္ ပတ္ပတ္လည္ကို တစ္ပတ္ပတ္ၾကည့္မိရာ တဘက္စင္ေပၚတြင္ မွတ္စုတစ္ခုကို ေတြ႕လိုက္ရသည္။

စာရြက္မွာ သာမန္မွတ္စုစာအုပ္မွ စုတ္ျဖဲထားေသာ တစ္ေၾကာင္းမ်ဥ္းစာရြက္တစ္ခုျဖစ္သည္။ ၎ေပၚတြင္ လွပေသာလက္ေရးစာတန္းတစ္ခုရွိ၏ ၊ ေရးထားသည္မွာ -

"ငါသိပ္ကိုပင္ပန္းေနၿပီ ၊ ဒီတဲအိမ္ငယ္ထဲမွာ တစ္ခုတည္းေသာစားစရာဆိုလို႔ ေရခ်ိဳးကန္ထဲက ေရေတြပဲရွိတယ္ ကံေကာင္းေထာက္မစြာပဲ ေရက အဆိပ္မရွိလို႔ ၊ ငါနာရီအနည္းငယ္ေတာ့ ေတာင့္ခံနိုင္ေသးတယ္ ၊ အင္း အခုကမနက္(၇)နာရီရွိသြားၿပီ ငါဒီဆိုးရြာလြန္းတဲ့ေနရာကိုေရာက္ေနတာ နာရီ(၃၀)ေက်ာ္ၿပီ ၊ တကယ္လို႔ရဲေတြဘက္က ငါ့ရဲ့မွတ္စုကို ေတြ႕ခဲ့လို႔ရွိရင္ ေက်းဇူးျပဳၿပီးအေနာက္ဘက္ကတံခါးစီသြားၿပီး ငါ့ကိုလာကယ္ေပးပါ ၊ ေရထဲမွာတစ္ခုခုက ငါ့ကိုစိုက္ၾကည့္ေနလို႔ ဒီေနရာကေနထြက္မွကို ျဖစ္မွာမို႔ပါ။"

မွတ္စုပါအခ်က္အလက္ကို အေျခခံ၍ ပိုင္ခ်ဴန်န္သည္ ရဲစခန္းအစည္းအေဝးတြင္ ေဖာ္ျပထားေသာ ဂိမ္းပါဝင္ကစားသူမ်ားထဲမွ တစ္ဦးျဖစ္ေၾကာင္း အေစာမွာပင္ခန့္မွန္းမိလိုက္သည္။ စာရြက္ႏွင့္ ေဘာပင္အား ကိုယ္ႏွင့္မကြာသယ္ေဆာင္လာသူ အမ်ားအျပား မရွိေပ။ နာရီ(၃၀)ၾကာ ပိတ္မိေနေၾကာင္းဆိုထားသည္အရ ရဲစခန္းမွရရွိသည့္ ေပ်ာက္ဆုံးမွု အစီရင္ခံစာႏွင့္လည္း ကိုက္ညီေန၏။

သူသည္ တိတ္တဆိတ္ပင္ထိုစာရြက္အား အိတ္ကပ္ထဲသို႔ထည့္လိုက္ပါသည္။

ထိုအခ်ိန္တြင္ လန္ေပါကလည္း ေရအနည္းငယ္ဆာေန၍ ေရ၏အပူခ်ိန္ကို စမ္းသပ္ရန္အတြက္ အၿမီးဖ်ားကိုဆန႔္ထုတ္လိုက္သည္။ အၿမီးဖ်ားကိုေကြးလ်က္ ေရအနည္းငယ္ခပ္ၿပီး ပါးစပ္ထဲသို႔ထည့္လိုက္ပါ၏။

ေရစိုခံအီလက္ထရြန္းနစ္ နာရီတစ္လုံးအား နံရံတြင္ ခ်ိတ္ဆြဲထားၿပီး လက္ရွိအခ်ိန္မွာ နံနက္ (၇)နာရီကိုျပသေနလ်က္။ အိန္းခယ္ သူ႔ေဘာ္ဒါဆီကေတာင္းထားတဲ့ နာရီကိုၾကည့္ၿပီး နံရံေပၚကအခ်ိန္ႏွင့္တိုက္ၾကည့္လိုက္သည္ ၊ ေဘာ္ဒါ၏နာရီကေတာ့ အေျခအေနေကာင္းၿပီး အခ်ိန္မွာျပႆနာမရွိ နံနက္(၇)နာရီကိုသာျပသလ်က္ရွိသည္။

ေၾကးစားသမားတခ်ိဳ႕သည္ ဤထူးဆန္းေသာ တဲအိမ္ငယ္ထဲေရာက္ေနသည္မွာ နာရီေပါင္းမ်ားစြာရွိၿပီျဖစ္၍ သူတို႔၌ပါသမၽွ ေရကိုေသာက္ၿပီးသြားၾကေလၿပီ။ ေၾကးစားသမားတစ္ဦးသည္ ေရငတ္ေျပေစရန္ ေရအနည္းငယ္ေသာက္လို၍ ေရပူစမ္းေရခ်ိဳးကန္ေဘးနားကပ္သြားလိုက္ေတာ့သည္။

အိန္းခယ္မွာ အျခားထြက္ေပါက္မ်ားကို ရွာေဖြရင္း အလုပ္မ်ားေနသျဖင့္ မတားမိလိုက္။ မထင္မွတ္စြာ ေရခ်ိဳးကန္ေဘးနားကေၾကးစားသမားခမ်ာ သူ႔လက္ႏွစ္ဖက္ႏွင့္ေရကို ထိလိုက္႐ုံရွိေသး ႐ုတ္ျခည္းတစ္ကိုယ္လုံးတုန္ယင္ကာ က်ယ္ေလာင္စြာ ေအာ္ဟစ္လာပါသည္။

အိန္းခယ္က လန႔္ဖ်ပ္သြားၿပီး ထိုသူ႔ကိုျပန္ဆြဲေခၚဖို႔ ေဘးနားရွိေၾကးစားသမားတစ္ေယာက္ကို အမိန႔္ေပးလိုက္ပါသည္။ ပိုအံ့ဩစရာေကာင္းတာကေတာ့ ဒုတိယေၾကးစားသမားရဲ့လက္က အဲဒီလူနဲ႔ ထိေတြ႕လိုက္တဲ့တစ္ခဏမွာပဲ ထိုသူ႔တစ္ကိုယ္လုံးလည္း တုန္ယင္ကာ ေအာ္သံအက်ယ္ႀကီးထြက္လာ၏။

ခဏတာ ခြင့္ျပဳခ်က္မရွိဘဲ မည္သူမၽွ မလွုပ္ဝံ့ၾကေတာ့။ ပိုင္ခ်ဴန်န္သည္ လူႏွစ္ဦး၏ ထူးဆန္းေသာအျပဳအမူကို အက်ဥ္းခ်ဳံးၾကည့္ရွုေလ့လာခဲ့သည္။ လက္ႏွစ္ဖက္စလုံး လက္ထိတ္ခတ္ခံထားရ၍ နံရံေထာင့္ရွိသစ္သားၾကမ္းတိုက္တံအား ေၾကးစားအုပ္စုထံ ေျချဖင့္သာကန္ထုတ္ေပးလိုက္သည္။

"ေရခ်ိဳးကန္က လၽွပ္စစ္စီးေနတာ ၊ သူတို႔ေတြဓာတ္လိုက္ကုန္ၾကတာ။"

သူသည္ေျပာၿပီးေနာက္ လန္ေပါအား တစ္ခ်က္လွည့္ၾကည့္လိုက္မိ၏ ၊ လန္ေပါက ေၾကာင္ေတာင္ေတာင္ျဖစ္ကာ မ်က္ေတာင္တဖ်တ္ဖ်တ္ခတ္မိလ်က္. .

"ငါမဟုတ္ဘူး။"

က်န္ေသာေၾကးစားမ်ားသည္ ၾကမ္းတိုက္တံကို အလ်င္အျမန္ေျမႇာက္ကာ တုန္ယင္ေနေသာ ေၾကးစားႏွစ္ဦးကို အေဝးသို႔တြန္းထုတ္လိုက္ၾကသည္။ ႏွစ္ဦးစလုံး၏ကိုယ္မွ ေလာင္ကၽြမ္းနံ႔တို႔ထြက္ကာ အခ်က္အနည္းငယ္အေၾကာဆြဲတုန္ယင္လ်က္ မ်က္ျဖဴလန္ကုန္ၾကလ်က္။

ပိုင္ခ်ဴန်န္သည္ အနီးကပ္ၾကည့္ကာ သူတို႔ႏွစ္ဦး၏ အသက္ရွုျခင္းကို စမ္းၾကည့္ၿပီးေနာက္ စိတ္မေကာင္းစြာျဖင့္ သူ႔အိတ္ကပ္ထဲမွ တစ္ရွူးကို ထုတ္ယူလိုက္သည္။ သူသည္ ၎ကိုေခၽြတာကာ တစ္ခုထဲကိုႏွစ္လႊာခြဲၿပီး ေၾကးစားသမားအေလာင္းႏွစ္ေလာင္း၏ မ်က္ႏွာမ်ားထက္ တစ္လွည့္စီ ဖုံးအုပ္ေပးလိုက္ပါသည္။

"မင္းေမ. . ဒီတစ္ခါေတာ့အရွုံးေပၚၿပီ ၊ ပိုက္ဆံထပ္တိုးမေပးရင္ေတာ့ မလုပ္နိုင္ဘူးပဲ။"

အိန္းခယ္ လက္သီးက်စ္က်စ္ဆုပ္ကာ နဖူးျပင္ထက္ေခၽြး​ေစးတို႔ထြက္လာ၏ ၊ ဇြတ္အတင္းစိတ္ေျဖေလ်ာ့လိုက္ရရင္း စီးကရက္ခဲကာ ပိုင္ခ်ဴန်န္အား မုန္းတီးစြာစိုက္ၾကည့္ၿပီး ခပ္တိုးတိုးက်ိန္ဆဲပစ္လိုက္သည္။

"စကၠဴတစ္ရြက္ကို ႏွစ္လႊာျဖစ္ေအာင္ခြဲရတယ္လို႔ ေသာက္ရမ္းလက္လံတယ္မင္းကို ၊ မင္းတို႔ရဲေတြအဲ့ေလာက္ေတာင္ပဲ မြဲရသလား?"

ပိုင္ခ်ဴန်န္သည္ တစ္ဝက္သာက်န္ေတာ့သည့္တစ္ရွူးထုပ္ကို ျဖည္းျဖည္းျပန္သိမ္းလိုက္၏။

"ေခၽြတာသုံးရမယ္ေလ ၊ နို႔မို႔ဆိုဘယ္လိုလုပ္ေလာက္မလဲ။"

ေျပာရင္းဆိုရင္း အိန္းခယ္လုံးဝသတိမမူမိခင္မွာပဲ ေျခေထာက္ကိုဆန႔္ထုတ္လိုက္ၿပီး ေရခ်ိဳးကန္ေဘးရပ္ေနသည့္ မိမိအနီးနားရွိေၾကးစားသမားတစ္ေယာက္ကို ေရခ်ိဳးကန္ထဲက်ေအာင္ ကန္ထုတ္ပစ္လိုက္ပါသည္။

ေၾကးစားသမားခမ်ာ ေအာ္ဟစ္ကာ လၽွပ္စီးတို႔စီးဝင္ေနသည့္ေရခ်ိဳးကန္ထဲ အျပင္အထန္႐ုန္းကန္တုန္ယင္ေနလ်က္။ အိန္းခယ္၏ မ်က္လုံးမ်ား ျပဴးက်ယ္လာၿပီး ေသနတ္ေျပာင္းဝကို ေျမႇာက္ကာ ပိုင္ခ်ဴန်န္၏လည္ေခ်ာင္းကို ေထာက္ခ်ိန္ထားရင္း မ်က္ဝန္းတို႔ကေသြးေၾကာနီတို႔ျဖင့္ ရဲရဲနီလို႔လာသည္။

"မင္းေမလူး ယုံခ်င္ယုံ မယုံခ်င္ေန ေလာင္က်စ္ မင္းကိုတစ္ခါတည္းပစ္သတ္ပစ္မယ္။"

ပိုင္ခ်ဴန်န္က အနည္းငယ္ျပဳံးၿပီး ေမးေငါ့ျပလိုက္ရာ အိန္းခယ္လည္း ထိုသူ႔ေနာက္ကို သတိထားၿပီး ၾကည့္လိုက္သည္။ ေနာက္ဆုံးက်န္သည့္ ေၾကးစားႏွစ္ေယာက္က ေျမျပင္ေပၚတြင္ လဲေလ်ာင္းေနၿပီး ေျခလက္မ်ားတြင္ အျပာေရာင္လၽွပ္စီးမ်ား ျဖာထြက္လ်က္ျဖင့္ အေၾကာဆြဲတုန္ယင္လို႔။

လန္ေပါက ေရခ်ိဳးကန္ေဘးရွိ တိရစၧာန္ဦးေခါင္းေရပန္းေပၚထိုင္ေနလ်က္ လက္တစ္ဖက္တည္းျဖင့္စက္ေသနတ္ကိုကိုင္ကာ ေသနတ္ေျပာင္းဝအား အိန္းခယ္၏ေနာက္ေစ့သို႔ခ်ိန္ရြယ္ထားေခ်သည္။ လက္ညိဳးအား ေသနတ္ေမာင္းေပၚတင္ကာ အသာထိေခါက္ရင္း ေအးစက္စက္ဆိုလိုက္၏။

"မလွုပ္နဲ႔။"

အိန္းခယ္သည္ အံႀကိတ္ကာ ေနာက္ျပန္လွည့္ၿပီး ပိုင္ခ်ဴန်န္ကို စူးစူးဝါးဝါးစိုက္ၾကည့္ပစ္မိသည္။ သူသည္ တိုက္ရိုက္ပဲပစ္သတ္ၿပီး သူ႔အသက္ကို အျခားတစ္ေယာက္နဲ႔ အသက္ခ်င္းလဲလွယ္ဖို႔စိတ္ကူးခိုက္မွာပဲ ပိုင္ခ်ဴန်န္က လက္ကိုေျမႇာက္လိုက္၏ ၊ သူ႔လက္ညိဳးနဲ႔ လက္ခလယ္က အိန္းခယ္၏ေသနတ္ေျပာင္းဝကိုဖိညႇပ္လိုက္ရာ ေသနတ္ေျပာင္းဝမွာဆိုရြံ႕ေစးကဲ့သို႔ပင္ စုစည္းပိတ္ဆို႔သြားလ်က္။

ပိုင္ခ်ဴန်န္ လက္ခုပ္တစ္ခ်က္တီးလိုက္ခိုက္ လက္ေကာက္ဝတ္ႏွစ္ဖက္စလုံးရွိ လက္ထိတ္က အစိတ္စိတ္အႁမႊာႁမႊာျဖစ္ကာ ေျမျပင္ေပၚသို႔ ျပဳတ္က်လို႔သြားသည္။ အိတ္ကပ္ထဲမွ တစ္ရွူးထုပ္ကို ေပါ့ေပါ့ပါးပါးထုတ္ယူကာ တစ္ရွူးတစ္ရြက္ကိုဆြဲထုတ္လိုက္ၿပီး ႏွစ္လႊာျဖစ္ေအာင္ခြဲကာ ေၾကးစားသမားအေလာင္း၏မ်က္ႏွာထက္ ခြဲအုပ္ေပးလိုက္၏ ၊ ၿပီးေနာက္တစ္ရြက္ထပ္ထုတ္ကာ ခါတိုင္းကဲ့သို႔ပင္အေလာင္းမ်က္ႏွာထက္ ႏွစ္ခုခြဲအုပ္ေပးလိုက္ပါသည္ ၊ ေနာက္ဆုံးတြင္ေတာ့ တစ္ရွူးထုပ္ထဲ၌ တစ္ရြက္သာလၽွင္က်န္ေတာ့ေပသည္။

တစ္ခန္းလုံး ေလာင္ကၽြမ္းေနေသာ လူအသားအနံ႔အသက္ ျပင္းျပင္းႏွင့္ျပည့္ေနကာ ပ်ိဳ႕အန္ခ်င္စရာ သည္းမခံနိုင္စရာပင္။

ပိုင္ခ်ဴန်န္ကေတာ့ ဒါကိုစိတ္ထဲထားမေနဘဲ တစ္ရွုးထုပ္ကိုကိုင္လိုက္ၿပီး အိန္ခယ္၏မ်က္ႏွာထက္ ညင္သာစြာပုတ္လိုက္၏။

"ေနာက္ဆုံးတစ္ရြက္ကေတာ့ ငါ မင္းရဲ့ေခၽြးေတြကို သုတ္ေပးရမလား ဒါမွမဟုတ္ မင္းမ်က္ႏွာကို အုပ္ထားေပးမလား ၊ စိတ္မပူပါနဲ႔ မင္းရဲ့ဒီတစ္ရြက္က သူတို႔ထက္ပိုထူေတာ့အျမင္လွမွာပါ။"

အိန္းခယ္ အံကိုႀကိတ္လ်က္ ကံၾကမၼာကိုသာႀကိတ္မွိတ္လက္ခံကာ မ်က္လုံးစုံမွိတ္ထားလိုက္ေတာ့သည္။

"မင္းရဲ့အေဖာ္ေတြက နည္းနည္းအသုံးမက်ဘူးတုံးတယ္လို႔ပဲ ငါေတာ့ေတြ႕မိတယ္ ၊ လၽွို႔ဝွက္ခ်က္ေတြမသိ႐ုံသာမက ေလးေလးနက္နက္သဲလြန္စရွာေဖြေနတဲ့သူေတြကို ရွုပ္ကုန္ေအာင္ျပႆနာရွာပဲရွာတတ္ၾကတာ ၊ အဲ့ဒါေၾကာင့္ပဲ သူတို႔ကိုအရင္ရွင္းပစ္ဖို႔ ဆုံးျဖတ္လိုက္တာ။"

ပိုင္ခ်ဴန်န္သည္ သက္ေသာင့္သက္သာထိုင္ခ်လိုက္ၿပီး ေခါင္းေမာ့ရယ္ေမာလိုက္သည္။

"မတုန္လွုပ္ပါနဲ႔ ၊ မင္းစဥ္းစားၾကည့္ ငါတို႔ႏွစ္ေယာက္စလုံးရဲ့ ခြဲထြက္စြမ္းရည္ေတြထုတ္မျပခဲ့သလို လၽွို႔ဝွက္ခ်က္ဆိုလည္း မင္းကိုဘယ္ေလာက္မွေျပာမျပထားဘူးေလ ၊ အဲ့ဒါေၾကာင့္မင္းကိုႏွုတ္ပိတ္စရာအေၾကာင္းေတာ့မရွိဘူး။"

အိန္းခယ္ မ်က္ဝန္းတို႔ျပန္ဖြင့္လိုက္ရင္း. .

"မင္းက ဘယ္လိုျဖစ္ခ်င္တာလဲ။"

ပိုင္ခ်ဴန်န္ဆိုလိုက္သည္။

"မင္းရဲ့အခုမ်က္ႏွာေဘးက ငါမင္းကိုမုဒိန္းက်င့္ေတာ့မွာကို စိတ္မပါဆႏၵမပါစြာနဲ႔ေစာင့္ေနရတဲ့ပုံစံမ်ိဳးႀကီး ငါမႀကိဳက္ဘူး။"

အိန္းခယ္တစ္ေယာက္ ေသြးေတြေဆာင့္တက္လာတာ ေကာင္းကင္ဘုံကိုေတာင္ထိုးေဖာက္မိေတာ့မတတ္ရွိ၍ အတင္းစိတ္ကိုေလၽွာ့ခ်လိုက္ရ၏။

"ပထမေမးခြန္း။"

ပိုင္ခ်ဴန်န္က သစ္သားေခ်ာင္းျဖင့္ ေၾကးစားသမားအေလာင္းကိုေဘးသို႔တြန္းဖယ္ရင္း ေမးလိုက္သည္။

"မင္းတို႔ေတြ စားပြဲရွည္နဲ႔ စႏၵယားတစ္လုံးရွိတဲ့ထမင္းစားခန္းကေန ဝင္လာခဲ့ၾကတာလား?"

"ဟုတ္တယ္။"

"ဘယ္တံခါးေပါက္ကိုသြားခဲ့ၿပီး အခန္းကဘယ္လိုပုံစံမ်ိဳးလဲ။"

အိန္းခယ္သည္ အစပိုင္းတြင္ ထပ္အမ်ားႀကီးမေျပာခ်င္ခဲ့ ၊ လန္ေပါက ေသနတ္ျဖင့္ေနာက္ေစ့ကိုေထာက္လာမွသာ ႏွုတ္ဟမိသည္။

"အေနာက္ဘက္နံရံကတံခါး ၊ ဆိုဖာတစ္လုံးနဲ႔ ဒစ္ဂ်စ္တယ္နာရီရွိတဲ့ ဧည့္ခန္း ၊ ငါတို႔လည္းဝင္ၿပီးေရာ တံခါးေပါက္ကေပ်ာက္သြားတာ ၊ ေနာက္တံခါးေပါက္ထပ္ေပၚလာေတာ့ မင္းတို႔ရွိေနတဲ့အခန္းကို ငါတို႔ေရာက္လာတာပဲ။"

ပိုင္ခ်ဴန်န္ : "နာရီက ဘယ္အခ်ိန္ကိုျပေနလဲ?"

အိန္းခယ္ : "မနက္(၆)နာရီ။"

ပိုင္ခ်ဴန်န္ : "နံရံအေရာင္က?"

အိန္းခယ္ ႀကိဳးစားၿပီးျပန္စဥ္းစားလိုက္ရ၏။

"အျပာေရာင္ပန္းကႏုတ္။"

ပိုင္ခ်ဴန်န္သည္ ယခင္က နံရံကပ္စကၠဴအေရာင္ကြဲျပားမွုကို သတိမထားမိခဲ့။ သူတို႔ဝင္လာခဲ့သည့္ ပထမခန္းရွိထမင္းစားခန္းမွ ဒုတိယခန္းရွိ အိပ္ခန္းအထိ ေနာက္ခံအေရာင္မ်ားသည္ အနီေရာင္ပန္းကႏုတ္မ်ားျဖစ္ေနေသာေၾကာင့္ ၊ ထို႔ေၾကာင့္ပင္ သူ၏အက်င့္အရအေတြးထဲ အခန္းတစ္ခုလုံး၏ေနာက္ခံသည္ အနီေရာင္ေနာက္ခံပုံပဲဟုသာ သူ႔ကိုထင္မွတ္သြားေစခဲ့သည္။

"ဒုတိယေမးခြန္း။"

ပိုင္ခ်ဴန်န္သည္ ကိုယ္ကိုမတ္လိုက္ၿပီး ေၾကးစားသမားအေလာင္း၏ ေက်ာပိုးအိတ္ထဲမွေတြ႕ရသည့္ စာရြက္စာတမ္းမိတၱဴကိုထုတ္ကာ အိန္းခယ္၏ရင္ဘက္ထက္ပုတ္လိုက္သည္။

"မင္း ATWLစာေမးပြဲကို ဝင္ကူေျဖတုန္းက စာၾကည့္တိုက္ကေနၿပီး ဖိုင္တြဲဘယ္ႏွစ္ခုရခဲ့လဲ?"

အိန္းခယ္၏ မ်က္လုံးမ်ား အံ့ၾသစြာျပဴးက်ယ္သြားသည္။

"အခု မင္းနဲ႔ငါတို႔ အေပးအယူလုပ္ရမယ့္အလွည့္ေရာက္ၿပီ ဘရို။"

ပိုင္ခ်ဴန်န္ လက္ထဲကမိတၱဴကို လွန္ၾကည့္လိုက္ရင္း. .

"စာၾကည့္တိုက္မွာရလာတဲ့ စာတမ္းေတြရဲ့ အေၾကာင္းအရာေတြကို တစ္စိတ္တစ္ပိုင္းေတာ့ မွတ္မိဦးမယ္မလား။"

"မမွတ္မိေတာ့ဘူးလား?"

ပိုင္ခ်ဴန်န္သည္ ေၾကးစားလူေသအေလာင္း ေမ်ာေနသည့္ ေရခ်ိဳးကန္ကို တစ္ခ်က္လွမ္းၾကည့္လိုက္ပါသည္။

"ၾကည့္ရတာ ဒီကန္က မင္းမွတ္ဥာဏ္ေတြျပန္ေပၚေအာင္ ကူညီေပးနိုင္မလားပဲ။"

အိန္းခယ္က ႏွစ္ခ်က္မၽွ႐ုန္းကန္ကာ ေနာက္ဆုံးေခါင္းကိုငုံ႔ခ်မိရင္း. .

"ငါတို႔က ဖိုင္Eနဲ႔ ဖိုင္Fကိုရလိုက္တယ္ ၊ ဖိုင္Eက သုေတသီရဲ့ ေလ့လာစမ္းစစ္တဲ့ဒိုင္ယာရီ ငါ မင္းကိုအမွန္အတိုင္းေျပာျပထားၿပီးသားဟာပဲ။"

"ဖိုင္Fမွာ မွတ္တမ္းတင္ထားတာကေတာ့ အမွတ္စဥ္324စမ္းသပ္ခံခႏၶာရဲ့ ခြဲထြက္စြမ္းရည္ျဖစ္တဲ့. . . . . ."

ပိုင္ခ်ဴန်န္သည္ မိတၱဴတို႔ကိုစုကာ စကၠဴလိပ္အျဖစ္လိပ္ၿပီး လက္ဖဝါးေပၚပုတ္လ်က္. .

"သူမ်ားရဲ့စြမ္းရည္ကို အတုလိုက္လုပ္နိုင္တဲ့စြမ္းရည္ပဲ ဟုတ္တယ္မလား။"

Continue Reading

You'll Also Like

174K 5K 44
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြးဆိုတ႔ဲဂိုဏ္းစတားန႔ဲ ယုန္ျဖဴေလးလိုမိန္းခ...
442K 54.2K 54
Xiao Jiu (小九) by Xu Ban Xian (许半仙) ရှောင်ကျိုသည် မင်းသားကိုးပါးထဲတွင်အငယ်ဆုံးဖြစ်သော်ငြား ပါရမီအရှိဆုံးဖြစ်ပေသည်။ သို့ပေမယ့် သူ၏ဦးနှောက်အလုံးစုံကို ယ...
43.1K 5K 73
Author _ Shuiqiancheng That's not my work.I am Just Translator
59.5K 8.3K 12
𝕋𝕚𝕥𝕝𝕖 - 𝕋𝕙𝕖 ℂ𝕦𝕥𝕖𝕤𝕥 ℍ𝕚𝕘𝕙𝕥 𝔻𝕚𝕗𝕗𝕖𝕣𝕖𝕟𝕔𝕖, 最萌身高差 𝔸𝕦𝕥𝕙𝕠𝕣 - 碳酸, ℂ𝕒𝕣𝕓𝕠𝕟𝕚𝕔 𝔸𝕔𝕚𝕕, 𝕋𝕒𝕟 𝕊𝕦𝕒𝕟 𝔼𝕟𝕘 𝕋𝕣𝕒𝕟𝕤�...