ချစ်ရပါသော သဲငယ်❤

By MaythuKyawzaw2

20.5K 832 81

နာတယ် ရင်ထဲထိနာတယ် ဘယ်ကစလို့ဘယ်လိုမှားလဲမသိပေမဲ့ ငါမင်းကိုလက်ခံဖို့မဖြစ်နိုင်ဘူး အဲ့တာကြောင့်ငါနဲ့ဝေးဝေးနေပါ... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
Hello Kha😊

အပိုင်း ၃၂

893 22 7
By MaythuKyawzaw2


ခုရက်ပိုင်းတွင် မဟာစေစားရာတစ်ယောက်
သဲနုငယ်အနားပင်မကပ်နိူင်လောက်အောင်
အလုပ်တွေရှုပ်နေပြန်သည်....
ကုမဏီကိုလည်းမနက်အစောကြီး သဲနုငယ်ပင်မနိုးသေး ထသွားရကာ ပြန်လာချိန်မှာလည်းကလေးတွေရောသဲနုငယ်ပါအိပ်နေသည့်ညသန်းခေါင်ကြီးဖြစ်နေသည်
ထိုအခြင်းအရာကို ၄ရက်မြောက်ပြီးချိန်တွင်
သဲနုငယ်သီးမခံနိုင်တော့....လွန်ခဲ့တဲ့၂ရက် သူသတိထားမိချိန်ကတည်းကနေ သူ့စိတ်ထဲအဆင်မပြေနေတာပင်...မဟာများသူ့ကိုစိတ်ကုန်သွားတာလား...သားနဲ့သမီးကိုပင်အချိန်မပေးနိုင်တဲ့ထိ ဘယ်အရာကများအရေးကြီးနေတာလဲ...
သူတို့နဲ့တူတူနေရတာကို သဘောမကျလို့များ
ခုလိုမျိုး ပြုမူနေတာလားဆိုတဲ့အတွေးတွေနဲ့
အိပ်မရစားမဖြောင့်ဖြစ်နေတာကိုသူမခံစားနိုင်တော့....
မြတ်မင်းကို တိုးတိုးလေးကပ်မေးသော်လည်း
ဘောစ့်က တကယ်အလုပ်ရှုပ်နေတာပါ
ဘောစ့်အိမ်ကနေထွက်ကတည်းကနေ ပြန်လာတဲ့အချိန်ထိသူကဘေးနားရှိနေတာပါ
ကိုငယ်ထင်နေသလိုမျိုးမဟုတ်ပါဘူး.. ဆိုတဲ့စကားတွေသာပြန်ကြားရသည်....
မြတ်မင်းကမလိမ်တတ်တာသိပေမဲ့ သူလည်းယုံရခက်သည်မဟုတ်လား..
ဒီညတော့ သူကော်ဖီ၂ခွက်သောက်ကာ တမင်ထိုင်စောင့်နေသည်...
သားနဲ့သမီးက အရိပ်အကဲသိသူတွေပီပီ
သူ့ဒယ်ဒီအလုပ်ရှုပ်နေတာကိုနားလည်ပေးကြပေမဲ့ သူကတော့ဘယ်လိုမှဆက်သီးခံမရ...
မဟုတ်တရုတ်အတွေးတွေ ခေါင်းထဲဝင်တာကိုခံစားနေမဲ့အစား ဒဲ့ပဲရှင်းလိုက်တော့မည်...
ဦးဦးဆီကပေးတဲ့ အိမ်ကြီးပေါ်လည်းသူမပျော်တော့...မဟာသာသူ့ကိုစိတ်ကုန်ရင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးကရင်ထဲပူလောင်လှ၏...

တစ်ဖက်တွင်လည်း မဟာတစ်ယောက်အတွေးများနေရသည်...မနက်ကမြတ်မင်းကိုသဲနုငယ်ခေါ်မေးတဲ့အကြောင်း သူ့ကိုလာပြောပြတော့
သူ့မှာအိမ်ပြန်ရင်ဖြေရှင်းစရာ ဆင်ခြေမရှိ....
ဒီရက်ပိုင်း သူအရမ်းအလုပ်ရှုပ်နေသည်...
စာရင်းတွေရော ပရိုမိုးရှင်းကိစ္စတွေရောအပြီးဖြတ်နေရသဖြင့် နေ့တိုင်းအစည်းအဝေးတက်နေရတဲ့အပြင် မနက်ရောညပါရုံးမှာတချက်မနားရ

အကြောင်းအရင်းမူကား...သူသည် သဲနုငယ်ကိုလက်ထပ်ခွင့်တောင်းပြီး မိသားစုတစ်လနီးပါး အပန်းဖြေခရီးတွေလျောက်သွားမည်ဖြစ်သောကြောင့် သူ့အလုပ်တွေအပြီးသတ်နေရတာပင်..
သားနဲ့သမီးရှိနေလို့ နားလည်မှုနဲ့တူတူနေကြပေမဲ့
သူ့အချစ်ဦးလေးအား တန်ဖိုးထားကာ တရားဝင်လက်ထပ်နိုင်ရန် သူကြိုးစားနေခြင်းပင်...
ဒီအမျိုးသားဟာ သူ့အပိုင်ဖြစ်ကြောင်းကို
နိုင်ငံခြားထိသွားပြီး အတည်ပြုမှာမို့
Overseaထိသွားပြီး လက်ထပ်မည့်အပြင်
ကလေးတွေနွေရာသီကျောင်းပိတ်ရက်မို့ သူတို့နိုင်ငံအစုံ ခရီးထွက်ကြမည်...
သားနဲ့သမီးအား သူတို့မရောက်ဖူးတဲ့နိုင်ငံတွေအကုန်အလည်ပို့မည်...သူနေခဲ့တဲ့နိုင်ငံပါသွားပြီး
လေးလေးငယ်နဲ့လည်းတွေ့ပေးရအူးမည်..
အဲ့ကိစ္စတွေလုံးပန်းနေရတာကြောင့်
သူ့ခမျာ ဒီရက်တွေအတွင်း သဲနုငယ်နားပင်မကပ်နိုင် သူ့ပြန်ရောက်လို့အိပ်ပျော်နေတတ်တဲ့သူကို သူဝင်အိပ်ခါမှ ခပ်ဖွဖွလေးဖက်ကာ အနမ်းပေးရသည်...နိုးသွားရင်မေးမြန်းမှာမို့
သူ့မှာဖြေရှင်းရမှာလည်းစိုးတာကြောင့် အရမ်းမလုပ်ရဲ...
ဘယ်လိုပဲဆိုဆို ဒီကိစ္စကိုမသိစေချင်သေးပေ..
ပြီးတော့ သူ့အားပညာပြခဲ့တဲ့ဖေကြီးအား ကုမဏီကိုအပ်ခဲ့ပြီး အေးဆေးခြေဆန့်ချင်လို့ ဒီလိုအလုပ်ရှုပ်ခံနေတာပင်...
သူမရှိမဖြစ်လိုအပ်တဲ့ကိစ္စဟူသမျှကို အပြီးသတ်ကာ ကျန်တဲ့ကိစ္စတွေကို ဖေကြီးအားတာဝန်ပေးမည်...ဒါသူရဲ့လက်စားချေမှုပင်...
ဦးထိပ်တန်းမဟာတစ်ယောက် သူ့မိန်းမနားမှာကပ်မရအောင်ထိ အလုပ်တွေပေးခဲ့မည့်အရေးတွေးကာ ဒီတစ်ခါတော့ဖေကြီးအလှည့်ဟု
သဘောတကျရီမိတော့၏...

ည ၁၁နာရီ၁၅မိနစ်အချိန်...
သဲနုငယ်မှာ အိပ်ခန်းထဲဝယ် တရားနားထောင်ရင်း လမ်းလျောက်ပြီးမဟာကိုစောင့်နေသည်..
သားနဲ့သမီးကတော့ သူတို့အခန်းတွင်အိပ်နေလောက်ပြီ...သိတတ်စကနေအခန်းခွဲအိပ်ကာ
သူတို့ဘာသာသူတို့အိပ်တတ်ကြ၏...
အဖေတစ်ယောက်ထဲပျိုးထောင်ခဲ့ရတဲ့အတွက်
သိတတ်လွန်းတဲ့ကလေးတွေက သဲနုငယ်အလုပ်ရှုပ်စေမှာကိုဘယ်တော့မှမလုပ်...
သား ညီမလေးကိုသိပ်လိုက်ပါ့မယ်ဆိုပြီး
လူကြီးလေးက သူ့ညီမအားသီချင်းဆိုပြပြီးသိပ်တတ်သည်....ညီမဖြစ်သူမှာလည်းအစ်ကိုရဲ့သီချင်းတပုဒ်မဆုံးခင်ပင် အိပ်ပျော်တတ်စမြဲ..
ခုလည်း ညနေစာစားပြီးကတည်းကနေ အိမ်စာတွေလုပ်ကာ သွားတိုက်ပြီးသူတို့အခန်းသို့ခပ်သွက်သွက်ဝင်သွားကြသည်...
ခုချိန်လောက်ဆိုအိပ်ပျော်နေလောက်ပြီ...
သူကသာ ရင်ထဲရောခေါင်းထဲပါပူလောင်နေတဲ့
အတွေးတွေနဲ့ လမ်းလျောက်နေတာပင်
အခန်းပြတင်းပေါက်ကနေ ကြယ်ကြည့်ပြီး
မတ်တပ်ရပ်နေတုန်းမှာ ကားစက်သံခပ်တိုးတိုးလေးကြားလိုက်ရသည်...သဲနုငယ်နဲ့ကလေးတွေနိုးမှာစိုးလို့ ကားကိုဘီးလိမ့်ရုံမျှမောင်းဝင်လာသည်ထင်၏...
ခန္ဓာကိုယ်အား ခပ်မတ်မတ်လေးပြင်လိုက်ကာ
အိပ်ရာပေါ် ထိုင်နေလိုက်သည်...
မအိပ်သေးကြောင်းပြကာ ခါတိုင်းလို
သွားကြိုစရာအကြောင်းမရှိ...ဒင်းအချိုးကိုကအဆင်မပြေနေလို့...

ချောက်.ဆိုတဲ့ တံခါးဖွင့်သံနဲ့အတူ ခြေသံဖွဖွလေးနင်းကာ ဝင်လာသံကြားပေမဲ့ သဲနုငယ်လှည့်မကြည့်ဖြစ်....တမင်လည်းမကြည့်တာပင်..
မဟာစကားစလာမှာကိုပဲ စောင့်နေသည်..

မဟာက ခါတိုင်းလိုဝင်လာသော်လည်း
အခန်းထဲလေထုအခြေနေထူးဆန်းနေသည်ကို
ခံစားလိုက်ရ၏...
အခန်းထဲရောက်သည်နဲ့ ဝေ့ကြည့်လိုက်တော့
အိပ်ရာပေါ်ဝယ် တံခါးဖက်ကိုသဲနုငယ်ကကျောပေးကာ ထိုင်နေသည်....မအိပ်ပဲသူ့ကိုတမင်စောင့်နေတာဖြစ်မည်...
ဒီနေ့တော့ အကြောင်းပြချက်ကလည်းစဥ်းစားပြီးသားမို့ သူအရမ်းမလန့်ပေမဲ့ ခုအခြေနေကသူ့ကိုလုံးဝမကျေနပ်ကြောင်းကို ဖော်ပြနေတဲ့အခြေနေပင်....သက်ပြင်းခိုးချကာ ပြေးမလွတ်သည့်အခြေနေမို့ စကားစပြောလိုက်ရသည်

"မအိပ်သေးတာလား သဲငယ်
တနေကုန်လည်းဆေးရုံမှာပင်ပန်းထားတာကို
အိပ်နှင့်နေလိုက်တာမဟုတ်ဘူး..."

မဟာကလည်း စကားစကာ ကိုင်လာတဲ့အိတ်ကို စားပွဲပေါ်တင်ပြီး သဲနုငယ်ရှိရာဖက်သို့လျောက်လာသည်...သဲနုငယ်ရှေ့တည့်တည့်တွင်ရပ်ကာ
ခေါင်းငုံထိုင်နေသူရဲ့ မေးဖျားလေးအားခပ်ဖွဖွကိုင်ပြီး မော့စေလိုက်တော့ မျက်ရည်စတွေဝေ့သီနေတဲ့ မျက်ဝန်းလှလှလေးတစ်စုံက သူ့ကိုဆီးကြိုနေ၏...ရုတ်တရက်မို့
ရင်ထဲဗလောင်ဆူသွားတော့သည်...

"သဲငယ် ဘာဖြစ်တာလဲ ဘယ်သူကဘာလုပ်လို့လဲ မောင့်ကိုပြော...ဘာလို့ငိုနေတာလဲကွာ"

မဟာ တရစပ်မေးနေပေမဲ့ စကားတစ်လုံးမှထွက်ကျမလားပဲ မျက်ရည်များသာအဆက်မပြတ်စီးဆင်းနေတော့၏...ထိန်းချုပ်ထားတဲ့ခံစားချက်နဲ့အတွေးတွေက မဟာ့မျက်နှာမြင်လိုက်သောကြောင့် ပွင့်အန်ကျလာသည်ထင်တယ်...
သဲနုငယ် ငိုဖို့လောက်ထိမတွေးထားပေမဲ့ မဟာနဲ့ဆိုသူက မှီခိုနေတတ်သူမို့ သူ့ကိုသာမချစ်တော့
ရင်ဆိုတဲ့အတွေးတွေနဲ့အတူ ဝမ်းနည်းစိတ်က
ရင်ထဲကနေလှိုက်တက်လာသည်...မျက်ရည်များကလည်း ဘယ်လိုမှရပ်တန့်၍မရ....
ငိုတာရပ်ပဲ ပိုပိုရှိုက်လာလေမို့ မဟာကလည်းပျာယာခတ်နေသည်.....

စကားပြန်ပြောဖော်မရပဲ သူ့ကိုမော့ကြည့်ကာ
ရှိုက်သံထွက်တဲ့ထိငိုနေတဲ့သူကြောင့် မဟာလည်းခြေမကိုင် လက်မကိုင်ဖြစ်နေရလေသည်..
ချော့မရ မေးမရနဲ့ငိုပဲငိုနေတာကြောင့် ကြုံရာမရတဲ့အဆုံး ပခုံးကနေဆွဲယူကာ နုတ်ခမ်းသားနုနုအားသိမ်းပိုက်လိုက်မိတော့သည်....
အင့်ခနဲ့ အသံနဲ့အတူ မျက်ရည်တွေကလည်းတိခနဲ့ရပ်ကုန်၏....ရုတ်တရက်မို့ လန့်သွားသည်ထင်တယ်.....နမ်းနေရင်းမျက်လုံးဖွင့်ကြည့်တော့
သဲနုငယ်က မျက်လုံးလေးမှိတ်ကာ သူ့အနမ်းကိုပြန်တုန့်ပြန်နေသည်...
ဒါမှန်းသိရင်စငိုကတည်းကနေ
ဒီနည်းကိုသုံးပါတယ်....

နှစ်ယောက်လုံး အနမ်းမှာမျောလွင့်နေကြတာ အချိန်အတော်တန်ကြာတော့ လိုအပ်လာတဲ့
အောက်ဆီဂျင်အတွက် မဟာကနုတ်ခမ်းသားနုနုလေးအား လွတ်ပေးလိုက်ရတော့သည်....
မထိတွေ့တာရက်အတော်တန်ကြာတာကြောင့်
သူ့မှာနမ်းမဝနိုင်....ရှိုက်ပြီးငိုနေသူကလည်း ခေါင်းငုံကာနားရွက်ဖျားတွေနီရဲနေသည်.
ရှက်နေတာနေမှာ....

"မောင့်ကိုပြောအူးလေ ဘာကြောင့်ခုလိုငိုရတာလဲသဲငယ်..."

သူထပ်မေးတော့ ခေါင်းငုံနေရာမှဖြည်းဖြည်းချင်းမော့ကြည့်လာ၏...အကြည့်ချင်းဆုံပြန်တော့ မျက်ရည်စတွေနဲ့မျက်တောင်ဖျားတွေကိုတဖျတ်ဖျတ်ပုတ်ခတ်ကာ ပြန်ဝဲလာတဲ့မျက်ရည်တွေကိုသိမ်းဆည်းနေပြီး နမ်းထားတဲ့အရှိန်နဲ့
နီရဲစိုလက်နေတဲ့နုတ်ခမ်းသာတစ်စုံကနေ
ထွက်လာတဲ့စကားက

"ငါတို့သားအဖတွေကိုစိတ်ကုန်နေပြီလားမောင်.."

ဘယ်နယ့်....မေးချလိုက်တာလည်းတစ်လုံးတစ်ခဲကြီး.....

"ဘယ်လိုမေးလိုက်တာလဲအသဲရယ်...မောင်ကချစ်လို့တောင်မဝနိုင်တာကို ဘယ်လိုလုပ်စိတ်ကုန်ပါ့မလဲ မတွေးရဘူးအဲ့လို..."

"ငါတို့သားအဖကိုပစ်ထားတာ ဘယ်နရက်ရှိနေပြီလဲ အလုပ် အလုပ်ဆိုတာကြီးပဲ...ငါလည်းဆရာဝန်ပဲ အလုပ်များတယ်ဒါပေမဲ့မိသားစုအတွက်အချိန်ပေးတယ်လေ ခုကျမင်းက
ဘယ်မလဲငါတို့အတွက်အချိန်...."

"စွာလိုက်တာကွာ.....မောင်ကအချိန်တွေအများကြီးပေးချင်လို့ ခုကတည်းကနေအလုပ်ရှုပ်ခံနေတာပါ...စိတ်ချမောင်တို့မိသားစုအချိန်တွေအများကြီးတူတူဖြုန်းအူးမယ်...ခုတော့နောက်နှစ်ရက်လောက်သီးခံလိုက်အူးနော်...."

"ငါအတွေးတွေလျောက်တွေးမိနေတယ်မောင်.."

"မတွေးရဘူး...အဲ့လိုလျောက်တွေးတာကမကောင်းဘူးလေနော်...မောင့်ကိုယုံ...
မောင်လုပ်နေတာအကုန်လုံးက သဲငယ်နဲ့သားသမီးတွေအတွက်ပဲ..."

ချွေးစိုနေတဲ့နဖူးပေါ်ကဆံစတွေကို ဖွဖွလေးသပ်တင်ပေးတော့ ငြိမ်ပေးနေပြန်သည်..

"ကဲပါ....ညနက်နေပြီ....လဲနေလိုက်
မောင်ရေချိုးပြီးချော့သိပ််ပေးမယ်နော်..
ငြီးစိစိနဲ့မို့ ရေအရင်ချိုးလိုက်အူးမယ်...."

"ရေမချိုးလည်းငါကချစ်ပါတယ်..."

"သိတယ် သိတယ်
ဒါပေမဲ့ မင်းကျမွှေးမွှေးလေးဖြစ်နေတာလေ
မောင်အားကျလို့ ရေချိုးလိုက်မယ်နော် ခနပဲ..."

"မျက်ရည်တွေနဲ့ကြောင်ချီးရုပ်ဖြစ်နေမှာကို မွှေးတယ်ဆိုတော့ မင်းရွဲ့ပြောနေတာ.."

"စွပ်စွဲနေလိုက်တာကွာ...
တကယ်မွှေးလို့ မွှေးတယ်ပြောတာပါ...
မျက်နှာသစ်စရာလိုဘူး ခနပဲလဲနေလိုက်
မောင်ပြန်လာခဲ့မယ်နော်..."

ချော့ချော့မော့မော့လေးပြောတော့
စူချင်နေတဲ့နုတ်ခမ်းက နဲနဲတော့ပြန်ဝင်သွားသည်မို့ ပါးပြင်လေးတစ်ချက်နမ်းကာ အိပ်ရာပေါ်လဲနေစေလိုက်သည်...

ရေချိုးခန်းထဲ ရေသွက်သွက်ချိုးပြီး
သဲနုငယ်ထုတ်ပေးထာတဲ့ ချည်သားညအိပ်ဝတ်စုံကိုမြန်မြန်လဲကာ ကုတင်ပေါ်တစောင်းလဲကာ
စောင့်နေသူထံ ကရောကပါးလာရပြန်သည်..
အားပါးတရငိုလိုက်တာမို့ မို့အစ်နေတဲ့မျက်ဝန်းတစ်စုံက စင်းကျနေသည်...အိပ်ချင်နေတာကိုအတင်းဖြဲကာသူ့ကိုစောင့်နေဟန်ပင်...
လွတ်နေတဲ့ အိမ်ရာတစ်ဖက်တွင်အသာဝင်လဲတော့ သူ့လက်မောင်းပေါ်ခေါင်းလုံးလုံးလေးကလာမှီနေ၏...အိပ်ခါနီးမို့ဆံနွယ်ရှည်တွေကိုဖြန့်ချထားသောကြောင့် ကပိုကရိုလေးနဲ့အလှပိုနေလေသည်...ကိုယ်လုံးသေးသေးလေးအား
သူ့ဖက်ကိုသေချာလေးဆွဲယူကာ ရင်ခွင်ထဲထည့်လိုက်တော့ ရင်ဘတ်ပေါ်လက်ကလေးလာတင်ကာမျက်လုံးမှိတ်ချလိုက်ပုံက
သူသည်လုံခြုံတဲ့အရပ်မို့ စိတ်ချလက်ချအိပ်တော့မည်ဆိုတဲ့သဘော....
ပေါက်ကရတွေ အတွေးလွန်နေတဲ့ခေါင်းလေးအား ဖွဖွလေးတစ်ချက်နမ်းကာ ဖက်ထားတဲ့ပခုံးသေးသေးလေးကိုအသာလေးပုတ်ပေးမိ၏..
ဒါမဟာ ချော့သိပ်နေတဲ့ပုံစံလေးပင်....
မိနစ်အနည်းငယ်အကြာ အသက်ရှုသံမျှင်းမျှင်းလေးနဲ့အတူ မဟာ့အသဲအသက်လေးကအိပ်ပျော်သွားတော့ မဟာလည်းအိပ်စက်ဖို့ မျက်လုံးမှိတ်ရတော့သည်....
နောက်၂ရက်ပဲသဲငယ်...မင်းတစ်သက်လုံးမောင့်ဆီမှာပျော်ရွင်နေရဖို့က နောက်နှစ်ရက်ဆိုအချိန်ရောက်ပြီ....သားနဲ့သမီးရော မင်းနဲ့ကိုပါ
မောင့်ဆီကပြေးမထွက်နိုင်အောင် တစ်ခါထဲအပြီးချည်ထားလိုက်တော့မှာ....

........................

သဲနုငယ်တို့ မဟာ့အိမ်ပြောင်းသွားကတည်းကနေ သက်မင်းတစ်ယောက်ထဲရှိသောအိမ်တွင်
အကြောင်းပြချက်အကြီးကြီးပေးကာ တက်နေလာသူက သူ့ပြည့်ထွန်း...
ချာတိတ်တစ်ယောက်ထဲနေတာ အန္တရာယ်များတယ် ကိုယ်လာနေပေးမယ်ဆိုတာကတစ်မျိုး
ချာတိတ်လက်ရာမှမဟုတ်ရင် ကိုယ်ထမင်းစားရတာအဆင်မပြေတာကတစ်ဖုံ
ညဖက်ဆိုအိမ်မက်ဆိုးမက်တတ်လို့ ချာတိတ်ကိုယ်နဲ့တူတူလာအိပ်နော် ဘာမှမလုပ်ဘူးစိတ်ချဆိုတာတွေနဲ့ မျိုးစုံကြိုးခုန်ကာ အလုပ်ရှုပ်နေတော့သည်......
အိမ်မှာချက်ပေးတဲ့ အမေ့လက်ရာကိုပုန်ကန်
တစ်သက်လုံး တစ်ယောက်ထဲအိပ်လာသူက
ခုမှ အိမ်မက်ဆိုးကိုကြောက်ပြနေတော့
သဲနုငယ်နဲ့ တပွဲတလမ်းနွဲရသေး၏...

"သက်မင်းနဲ့တူတူနေချင်ရင် ငါ့ဆီလာတင်တောင်း ငါကသူ့အုပ်ထိန်းသူ"ဆိုပြီး
ပြောတဲ့နေ့က
တကယ်လည်း သူ့မိဘတွေနဲ့ အုန်းပွဲငှက်ပျောပွဲ
ရွက်ကာလာတောင်းသောကြောင့်
မဟာနဲ့သဲနုငယ်မှာ ဖင်တကြွကြွနဲ့လူကြီးနေရာ
နေလိုက်ရသေးသည်....
သက်မင်းကရည်ရည်မွန်မွန်လေးဖြစ်တဲ့အပြင်
သူ့ပြည့်ကလည်းတော်တော်လေးဖြစ်နေသည်မို့
မိဘတွေကမကြည်ဖြူ၍မရတော့....
မတတ်သာသည့်အဆုံး စေ့စပ်ပေးပြီး သဲနုငယ်အိမ်ပေါ်ထိတက်နေတာကိုပါလက်ခံပေးလိုက်ရသည်....
ဒါကိုသဲနုငယ်ကသိပ်အစာမကြေသဖြင့် အိမ်လခတောင်းတဲ့နေ့ကဆို မဟာဝင်ဆွဲရတဲ့အထိငြင်းကြခုန်ကြသေး၏...
သဲနုငယ်ကလည်း သက်မင်းနဲ့သူ့ပြည့်ကိုစိတ်ချသည်ဆိုပေမဲ့ အူတိုနေတာအသိသာကြီး
သူပျိုးထောင်ခဲ့ရတဲ့ဘဝလေးမို့ အေးချမ်းစေချင်ပေမဲ့ သူများပေးလိုက်ရမည်ဆိုတဲ့ခါမှာတော့
နည်းနည်းတော့စိတ်ပုတ်ချင်သေးတယ်..
သူငယ်ချင်းနှစ်ယောက်က ခါတိုင်းဆိုတည့်ကြပေမဲ့ ဒီလိုချိန်ဆိုအမြဲတကျက်ကျက်...
အဲ့တာကိုပွဲတစ်ခုလိုထိုင်ကြည့်နေသူတွေက မဟာနဲ့သက်မင်းနှစ်ယောက်...
မဟာကသူငယ်ချင်းမို့ တဟားဟားအော်ရီနေသော်လည်း သက်မင်းကတော့မရီရဲပေ...
မျက်လုံးလေးကလယ်ကလယ်နဲ့ ဝင်ဆွဲချင်သော်လည်း ဘယ်ဖက်ကဝင်ဆွဲရမှန်းမသိ
ဗျာများနေတတ်သည်...
တစ်ဖက်ကလည်းချစ်ရသူ နောက်တစ်ဖက်ကလည်း ကျေးဇူးရှင်မို့ ကြုံရာမရဖြစ်နေတုန်း
နောက်ဆုံးမဟာကပဲ ကြားထဲဝင်ညှိကာ အိမ်ပေါ်တက်နေဖို့ခွင့်ပြုပေးလိုက်ရသည်..
သို့သော် အိမ်လခအနေနဲ့ တလကို၅သိန်းပေးရမည်ဆိုတဲ့တောင်းဆိုချက်ကြောင့် သူ့ပြည့်မှာမေတ္တာအထပ်လိုက်ပို့ကာ မကျေနပ်လည်း
ပေးပြီးအိမ်ပေါ်ရအောင်တက်နေ၏..

"ငါက မဟာ့လုပ်စာထိုင်စားလို့ရပေမဲ့
မင်းဆီကအိမ်လခကသက်သက်ကိုလိုချင်လို့တောင်းတာ မကျေနပ်ရင်မနေနဲ့
ကျေနပ်မှနေ..."

နဂိုကနေအသံကခပ်စွာစွာဖြစ်ရတဲ့အထဲ
ရန်ရှာသံပါထပ်ပေါင်းလိုက်တော့ ဘေးနားရှိတဲ့သူတွေရဲ့နားထဲ စီခနဲ့ဝင်လာသည်...
သို့သော် အမျိုးသားဖြစ်သူကထိုအခြင်းရာကိုမတား သူ့လုပ်စာထိုင်စားမယ်ဆိုတဲ့စကားကြားသည်နဲ့ ဂုဏ်ဆာပြုံးနဲ့ပြုံးနေတာမို့
နှစ်ယောက်လုံးကိုသူ့ပြည့်လက်ဖျားခါမိသည်.
သက်မင်းကလည်း စိတ်လေနေသည်ဆိုတဲ့အကြည့်နဲ့လာကြည့်တာကြောင့် ပခုံးကိုခပ်ဖွဖွလေးပုတ်ကာ အားပေးလိုက်ရသည်...
အဆင်မပြေတုန်းက အပူသည်ရုပ်တွေက
ခုကျဘယ်လိုမှမေတ္တာထားစရာကိုမကောင်းတော့.....ဒင်းတို့ကိုက ပိုလွန်းနေတာ..

..........

"ချာတိတ်....ချာတိတ်ရေ..."

အိမ်တံခါးဝရောက်တာနဲ့ သူ့ပြည့်ကတကျီကျီအော်ခေါ်ကာဝင်လာသည်...
သက်မင်းက သူ့ပြည့်အိမ်လာနေသည့်အတောအတွင်း သားသည်မိခင်လိုပဲ နောက်ကတွဲလျက်ပါနေသည့် သူ့ပြည့်ကြောင့် သူ့မှာအလုပ်မတွင်....ခုလည်းသံပုရာရည်ဖျော်နေတာကြောင့် ထွက်မကြိုဖြစ်တာကို ရုပ်မမြင်ရသရွေ့အော်ခေါ်နေမှာအသေအချာ...
အိမ်ထဲဝင်လာပြီးရှာကြည့်လားဆိုလည်းမရှာ
အိမ်ဝင်ဝကနေပဲ အော်ခေါ်တတ်ပြီး
သက်မင်းက သူ့ရှေ့ရောက်မှအိမ်ထဲဝင်တတ်၏
သံပုရည်ကိုကပျာကယာဖန်ခွက်ထဲပြောင်းထည့်ကာ အိမ်ရှေ့သို့အပြေးထွက်ခဲ့ရသည်..

"အကို...."

"ချာတိတ် ဘာတွေလုပ်နေတာလဲ
ကိုယ်ရောက်နေတာကြာပြီ..."

ခုမှရောက်တာကို ဒရမ်မာမင်းသားက အချိန်အကြာကြီးလုပ်ပလိုက်တာကြောင့် မျက်စောင်းပါးပါးလေးတော့ ဆုချီးမြင့်လိုက်သည်...

"အကို့အတွက် သံပုရာရည်ဖျော်နေတာပါ
အိတ်ကိုကျနော်ကိုင်မယ်လေ
အလုပ်အဆင်ပြေခဲ့တယ်မလားအကို
ခနနားပြီးမှရေချိုးနော်..."

ပုံမှန်စကားနည်းတတ်သူက သူ့ပြည့်အနားကျစကားပြောတတ်လွန်းသည်...
ခုသူ့ပြည့်တို့အခြေနေက အိမ်ထောင်စုံတွဲလိုပဲ..
တစ်ဦးတည်းသောသားမို့ မိဘတွေကမျိုးဆက်မရှိမှာစိုးတာကြောင့် အစပိုင်းမှာသဘောမတူပေမဲ့
မျိုးဆက်ဆိုတာ ခုခေတ်မှာကြိုက်သလိုပုံဖော်နိုင်ကြောင်း...ချာတိတ်မှမဟုတ်ရင် သူဟာဘယ်သူ့မှလက်မခံနိုင်ကြောင်းကို မိဘတွေကိုတွေ့တဲ့ချိန်တကျီကျီပြောတတ်တာကြောင့် နားမခံနိုင်တဲ့အဆုံး တော်တော်ဖြစ်နေတဲ့သူတို့သားဆန္ဒအားခွင့်ပြုပေးလိုက်ရသည်...
ယောက်ျားလေးဖြစ်နေတာကလွဲ သက်မင်းဟာယဥ်ကျေးလိမ်မာသူမို့ ပြစ်ချက်မရှိတာလည်းပါမည်ပင်....သဲနုငယ်အိမ်ရောက်ကတည်းကနေ
မြင်ဖူးရင်းနီးနေတာကြောင့် သံယောဇဥ်လည်းရှိကြ၏...ခုကာလအတွင်း သာယာအေးချမ်းနေတဲ့သူတို့ဘဝကိုလည်း မြင်ကြတာကြောင့် တခြားပရောဂတွေနဲ့ အခက်ခဲတွေမရှိတာမို့
သူတို့ဆက်ဆံရေးကအဖုအထစ်ဆိုတာမရှိပါ...

ရေချိုးပြီး အိမ်နေရင်းဘောင်းဘီတိုနဲ့စွပ်ကျယ်ကိုဝတ်ကာ ထမင်းစားခန်းထဲဝင်လာတော့
သူ့ချာတိတ်က ဟင်းပြန်နွေးနေသည်....
ပိန်ပါးနေတဲ့ခန္ဓာကိုယ်လေးမို့ အမြဲသွက်လက်နေကာ ကျောင်းကိစ္စရော သူ့ဝေယျာကိစ္စပါတာဝန်ကျေလွန်းသည်...သူ့ပြည့်ကလည်း
အိမ်ထမင်းကြိုက်တဲ့သူမို့ အရင်ကတည်းကနေသက်မင်းလက်ရာက သူ့အတွက်အကောင်းဆုံးပဲ

"အကို စားတော့မှာမလား
တစ်ခါထဲပြင်လိုက်တော့မယ်နော်..."

"ကိုယ်ပါ ကူပေးမယ်လေ..."

"အာ...ရတယ်
ပန်းကန်ထဲခပ်ထည့်ရင်ရပြီ အကိုကအေးဆေးထိုင်နေနော် အလုပ်မှာလည်းပင်ပန်းလာတာကို"

"ချာတိတ်ကပိုပင်ပန်းတာမလား...
ကျောင်းရော အိမ်အလုပ်ပါဆိုတော့..."

ဘေစင်နားပန်းကန်တွေစီနေတဲ့သူဆီသွားကာ
နောက်ကနေသိုင်းဖက်မိတော့ သူ့လက်မောင်းပေါ် ခေါင်းလေးလာမှီသည်..
မချွဲတတ်သူမို့ တစ်ခါတစ်လေဒီလိုလေးပွတ်သပ်နေရင် သူ့ပြည့်တကယ်အသဲယားရသည်..
နဖူးလေးအား ဖွဖွလေးနမ်းတော့ သူ့ကိုပြုံးကြည့်နေသေး၏...

"အိမ်စာတွေပါလာသေးလား
ကိုယ်ကူလုပ်ပေးမယ်..."

"မပါလာဘူးအကို
မနက်ဖန်ပိတ်ရက်မို့လေ.."

ကျောင်းကနေ projectတွေပေးတဲ့နေ့တွေဆို သူ့ပြည့်ကကူလုပ်ပေးတတ်သည်...
ဘယ်ကိစ္စမှမပျင်းတတ်ပေမဲ့ တနေကုန်သွက်လက်စွာလှုပ်ရှားနေသူက ညဖက်စာလုပ်ချိန်ဆို အိပ်ငိုက်တတ်တာကြောင့်
သူ့ပြည့်အနားရှိမှစာသေချာလုပ်တတ်၏

"ဟို....ဒါနဲ့လေအကို..."

"ပြောလေချာတိတ်"

"အိမ်မှာ အသီးအရွက်နဲ့သားငါးတွေကုန်နေလို့
စျေးဝယ်ထွက်ချင်တယ်အကို.."

"မနက်ဖန် ကိုယ်လည်းအားတယ်
လိုက်ပို့မယ်လေ ပြီးတော့ကိုယ်တို့ခရီးထွက်စရာရှိတယ်ချာတိတ် အဲ့အတွက်လိုအပ်တာတွေပါတစ်ခါထဲဝယ်ကြမယ်..."

မဟာ့အသိပေးချက်ကြောင့် ခရီးစဥ်တစ်စိတ်တစ်ပိုင်းမှာ သူတို့ပါဝင်ကြရမှာပင်...
ဒါကိုတော့ဖွင့်ပြောလို့မဖြစ်သေး...
သဲနုငယ်ကိုချစ်ကြောက်ရိုသေသူက ဘာကိစ္စဖြစ်ဖြစ်သွားပြောတတ်တော့ ခုဖုံးထားရအူးမယ်
သဲနုငယ်ဆိုသည်မှာလည်း အရင်ကဒီလောက်စကားမများပါပဲ ခုမှတနေ့တခါဖုန်းဆက်ပြီး
အိမ်ထောင်ဖက်အား ဘယ်လိုမျိုးဆက်ဆံရမယ်ပြောဆိုရမယ် ချေရမယ်ဆိုတာပညာလက်ဆင့်ကမ်းပေးတတ်သည်...
ပြောသမျှတော့သက်မင်းလိုက်မလုပ်ပေမဲ့
တစ်ခါတစ်လေမြှောက်ပေးသူရှိတာကြောင့်
သူ့ပြည့်အား ဂျစ်တတ်လာသေး၏
အဲ့လိုဂျစ်တတ်တာကိုပင် သူ့ပြည့်မှာကျေးဇူးတင်မဆုံး...နို့မို့ဆို ချာတိတ်ကသူ့ကို
ချစ်သူလိုမဆက်ဆံပဲ လေးလေးစားစားဆက်ဆံတာကြောင့် သူနေရခက်နေသည်မလား..
မြှောက်ပေးသူဆရာကြီးက သူ့ကိုယ်သူအဟုတ်မှတ်နေပေမဲ့ ဒီကိစ္စမှာတော့သူ့ပြည့်ကခိုးပြီးကျေးဇူးတင်ရပြန်သည်...
သက်မင်းက ဘယ်ခရီးလဲပြန်မမေးတာမို့
သူ့စကားတွေကလည်း အဲ့နားတင်ပြတ်သွားသည်.....

ထမင်းစားဝိုင်းဝယ် ဟင်းခွက်တွေကမများပေမဲ့
အကုန်လုံးကသူ့ပြည့်ကြိုက်တဲ့ဟင်းတွေပင်
ကြက်ကချင်ချက်နဲ့ အသီးရွက်ကြော်တင်ပြည့်စုံနေသော်လည်း ငပိတောင်းရဲ့ပံ့ပိုးမှုကြောင့်
ထမင်း၃ပန်းကန်စားလိုက်မိသည်...
အလိုက်သိတဲ့သူက အစာကြေဆေးလေးစားပွဲပေါ်တင်ပေးတာကြောင့် ခပ်ရှက်ရှက်နဲ့ယူစားလိုက်ရသေးသည်...နှစ်ယောက်လုံး
တီဗီတွေဇာတ်လမ်းတွေမကြည့်တတ်တာကြောင့် အိပ်ခန်းထဲပဲဝင်လာကာ
သက်မင်းကမီးပူတိုက်နေတုန်း လက်ကျန်အလုပ်လေးတွေကို Laptopဖွင့်ကာ လက်စသတ်နေသည်..
အချိန်ခနအကြာမှာတော့ မျက်မှန်ကိုချွတ်ကာ ဇက်ကိုဟိုဖက်ဒီဖက်လိမ်ချိုးမိသည်ကို မြင်တော့
လက်ဖဝါးနုနုလေးက ဂုတ်ကြောကိုလာနိုပ်ပေး၏....

"မလိုပါဘူးချာတိတ်ရယ်...
ပင်ပန်းတာချင်းအတူတူ ကိုယ့်ကိုဂရုစိုက်နေဖို့မလိုပါဘူး..."

"အကိုက အပြင်မှာအလုပ်လုပ်နေရတာလေ
ဖိအားတွေရှိမှာပေါ့
ကျနော်က အိမ်အလုပ်ဆိုတော့ကိုယ့်လက်ကိုယ့်ခြေပဲ...ခနနိုပ်ပေးမယ်နော်..."

ပြောမရဆိုမရ အတင်းနိုပ်ပေးနေသူကို
လက်ဆွဲချကာ ရင်ခွင်ထဲဖက်ထားတော့
ငြိမ်ငြိမ်လေးနေပေးပြန်သည်..

"ချစ်တယ် ချာတိတ်
ကိုယ်အရိပ်မှာပဲ အေးအေးချမ်းချမ်းနေပါ"

"ကျနော်လည်း အကို့ကိုချစ်ပါတယ်...
အကိုက ကျနော့ပန်းတိုင်ပါပဲ
ကျေးဇူးလည်းတင်ပါတယ်အကို ကျနော့်ကို
အကို့ရဲ့ အေးချမ်းတဲ့ရင်ခွင်ထဲ
ခိုလှုံခွင့်ပေးလို့.."

စကားတွေပြန်မပြောဖြစ်ပေမဲ့
စောင်ပါးလေးကိုနှစ်ယောက်လုံးပေါ်လွှားတင်ကာ ချာတိတ်အားရင်ခွင်ထဲထည့်ပြီးမှေးစက်ဖို့ အားယူလိုက်တော့သည်...
သူတို့ကြားထဲပြန်ပြောနေစရာမလို
နှလုံးသားချင်းနီးစပ်သူမို့ အလိုလိုနားလည်ကြမှာ
ညတိုင်း နေ့ရက်တိုင်းဒီလိုအေးချမ်းစွာနေကြရဖို့
ချာတိတ်အတွက် သူကြိုးစားရမည်..
သူ့ကချာတိတ်ရဲ့ပန်းတိုင်ဆို သူ့အတွက်ချာတိတ်က ဘဝကြီးပဲ....ချာ်တိတ်မရှိရင်သေမဲ့သူ့အတွက် ရေသောက်မြစ်လေးအားခပ်တင်းတင်းလေးဖက်ကာ နောက်နေ့အစကိုစိတ်ချမ်းသာစွာနိုးထဖို့ အိပ်ရေးဝဝအိပ်လိုက်အူးမယ်ဗျာ...

Note..ကြာသွားပါတယ်ရှင့်
ဆောင်းတွင်းမို့ကျန်းမာရေးချုချာတဲ့အပြင်
အမြှောက်သံတွေကြား စာဆက်ရေးလို့မရတာမို့ပါ....ဖတ်ပေးတဲ့သူတစ်ယောက်ချင်းဆီကို ဂီကချစ်ပါတယ်

သဲနုငယ်အနားပင်မကပ်နိုင်လောက်အောင်


ကလေးတွေနွရောသီကျောင်းပိတ်ရက်မို့ သူတို့နိုင်ငံအစုံ ခရီးထွက်ကြမည်...
သဘောတကျရီမိတော့၏...



ခံစားလိုက်ရ၏...

"မအိပ်သေးတာလား သဲငယ်




ဒီနည်းကိုသုံးပါတယ်....

ရှက်နေတာနေမှာ....


ထွက်လာတဲ့စကားက









မောင်ရေချိုးပြီးချော့သိပ်ပေးမယ်နော်..


"သိတယ် သိတယ်


"စွပ်စွဲနေလိုက်တာကွာ...



........................


ပြောတဲ့နေ့က
နေလိုက်ရသေးသည်....
ဗျာများနေတတ်သည်...

ကျေနပ်မှနေ..."


..........

"ချာတိတ်....ချာတိတ်ရေ..."


"အကို...."






"အကို စားတော့မှာမလား

"ကိုယ်ပါ ကူပေးမယ်လေ..."

"အာ...ရတယ်



"အိမ်စာတွေပါလာသေးလား
ကိုယ်ကူလုပ်ပေးမယ်..."

"မပါလာဘူးအကို


"ဟို....ဒါနဲ့လေအကို..."

"ပြောလေချာတိတ်"

ဈေးဝယ်ထွက်ချင်တယ်အကို.."




"မလိုပါဘူးချာတိတ်ရယ်...

ဖိအားတွေရှိမှာပေါ့


"ချစ်တယ် ချာတိတ်

ခိုလှုံခွင့်ပေးလို့.."

သူ့ကချာတိတ်ရဲ့ပန်းတိုင်ဆို သူ့အတွက်ချာတိတ်က ဘဝကြီးပဲ....ချာတိတ်မရှိရင်သေမဲ့သူ့အတွက် ရေသောက်မြစ်လေးအားခပ်တင်းတင်းလေးဖက်ကာ နောက်နေ့အစကိုစိတ်ချမ်းသာစွာနိုးထဖို့ အိပ်ရေးဝဝအိပ်လိုက်အူးမယ်ဗျာ...


Continue Reading

You'll Also Like

1.3M 119K 43
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
4.2M 264K 101
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.3M 100K 41
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
2.5K 113 22
Mistery, crime, thriller, comedy, a college student yn. professor fell in love with her and make his girlfriend and yn finds out the mystery of...