မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (...
By Zphoowai
374K 19.4K 2.4K
Redflag- Beauty M-preg More
Intro
Profile
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
🌱
အပိုင်း (၁၀)
Emergency foods
Ice CREAM
🍃
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၆)
အပိုင်း(၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၁၅)
6.5K 419 102
By Zphoowai
{Unicode}
... ဒီသီချင်းက.
ပျိုး အတွက်ပါ...။
***
နံနက်ပိုင်း...
၈နာရီ...
"ကျောင်းသွားတော့မှာလား?"
"ဟုတ်တယ်... ပျိုးငယ် ဒီတစ်ပတ် အိမ်ကို ပြန်လာမယ်နော် အစ်ကို..."
"အင်း ကျောင်းက အပြန် တစ်ခါတည်း လိုက်ခဲ့လေ...။ ကျောင်းကို လာကြိုမယ်..."
"ဟုတ်ကဲ့ အစ်ကို... ဒါဆို ပျိုးငယ် ကျောင်းသွားတော့မယ်နော်.."
"အင်း... ဘာမှ မဖြစ်စေနဲ့.."
"ဟုတ်ကဲ့ပါ အစ်ကို..."
ထို့နောက် ပျိုးငယ်ဘက်က vc ကျသွားလေပြီ...။ လိုင်းပေါ်မှာ ရှိနေသေးလား တစ်ချက် ကြည့်လိုက်မိသည်...။ လိုင်းပေါ်က ဆင်းသွားတာ ကြာပြီဆိုမှ အိမ်အောက်သို့ ဆင်းလာခဲ့မိသည်...။ ပျိုးငယ် ဟိုမှာ ရှိနေကတည်းက အိပ်မပျော်တာ အတော်များပြီ ဖြစ်သည်...။ အိမ်ပေါ်မှ ပုဆိုးကို ပြင်ဝတ်ပြီး ဆင်းလာမိတော့ အိမ်အောက်မှာ လူတစ်စု တစ်ချက်မျှသာ ကြည့်ပြီး စိတ်မဝင်စားတာမို့..
ခေါင်းမှ ဆံပင်များကို လက်ကြားဖို့ ထိုးဖွလိုက်ရင်းမှ မျက်နှာသစ်ဖို့ ရေကန်အနားဆီသို့ သွားမိသည်...။ ဒီရက်ပိုင်း ပျိုးငယ် မရှိကတည်းက ဘယ်သူနဲ့မှ စကားမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် နေခဲ့တာမျိုးပင်...။ ပျိုးငယ် ငါက မင်းမရှိရင် တကယ် အဆင်မပြေတာ....။
မျက်နှာသစ်ပြီး မျက်နှာသုတ်ကာ မီးဖိုခန်းထဲမှာ ဝင်ဖို့ ကြိုးစားမိသည်... ။ ထိုအချိန်မှာပင် အိမ်အောက်မှ လူတစ်စုအကြားမှ အမေက ...
"ငဦး... သားရေ ဒီကို ခဏလာဦး..."
အိမ်အောက်မှ အမေ့အသံကို ကြားလိုက်သည့် အချိန်မှာတော့ မီးဖိုချောင်ထဲ ဝင်နေရင်းမှ အသံလားရာ အမေ့ဆီသို့ တစ်ချက်ကြည့်လိုက်မိသည်...။ 
"လာ... ဒီကို ခဏ လာဦးလို့..."
မီးဖိုခန်းထဲကနေ ရပ်ကြည့်နေသည့် ကျွန်တော့်ကို အမေက နောက်ထပ်တစ်ခါ ထပ်ပြီးခေါ်တဲ့ အချိန်မှာတော့ ကျွန်တော်လည်း ထိုနေရာသို့...။
"လာ..လာ.. ဒီမှာ ဆရာက ကာကွယ်ဆေးတွေ လာပေးတာ...။ မင်းလည်း ဒီရက်ပိုင်း နေမကောင်း ဖြစ်နေတာမလား? တစ်ခါတည်း အကြောဆေးတို့ ဘာတို့ သွင်းလိုက်နော်..."
အမေကတော့ မီးဖိုခန်းထဲမှ ထွက်လာပြီး သူတို့ အနားရောက်လာသည့် ကျွန်တော့်ကို ဆရာဝန် ရောက်နေကြောင်း ပြောပြီး ဆေးထိုးခိုင်းဖို့ လုပ်နေတော့...
"ရတယ် အမေ.. ကျွန်တော် ဘာမှမဖြစ်ဘူး...။ ကျွန်တော် နေကောင်းတယ်... ညပိုင်းတွေ အိပ်မရလို့.. စိတ်မကြည်ရုံလောက်ပဲ..."
ဒီအတိုင်း သူ့အမေနဲ့ တစ်ကိုက်အကွာမှာပင် ရှိနေပြီး မျက်နှာတည်ဖြင့်ပင် ပြောကြားနေသည်...။ သူ့အကြည့်ကတော့ သူ့အမေက လွှဲပြီး ဘယ်သူ့ကိုမှ သူ့အကြည့်ထဲ ရှိမနေ...။ အနည်းငယ် မျက်နှာညှိုးနေပေမယ့် အရင်ကအတိုင်း ဆွဲဆောင်မှုကတော့ ရှိနေဆဲပင် ဖြစ်သည်...။
မျက်ခုံးက ဇင်ယော်တောင် ငှက်တွေရဲ့ အတောင်ပံလို ရှိနေပြီး မည်းနက်နေသော မျက်ခုံးမွှေးများက မိုးတွင်းမှာ အားယူပြီး သန်စွမ်းစွာ ပေါက်ရောက် ရှင်းသန်နေသည့် မြက်နုပေါက်တွေလိုပင် ဖြစ်သည်...။ ထို့နောက် မျက်လုံးများကလည်း သိမ်းငှက်တစ်ကောင်ရဲ့ မျက်ဝန်းကဲ့သို့ပင် ရှိနေသည်...။ စူးရှထက်မြတ်မှုနှင့်အတူ မျက်လုံးနား အနီးတဝိုက် ပံ့ပိုးကာ ရစ်သိုင်းထားသည့် မျက်တောင်မွှေး ရှည်များက ထူထဲစွာဖြင့် စူးရှနေသည့် သူ့မျက်ဝန်းတစ်စုံကို ပိုပြီး တောက်ပ စေသည်....။
ခန္ဓာကိုယ်က တောင့်တောင့်တင်းတင်းဖြင့် ရှိနေပြီး သူ့အပေါ်ထည် ရှပ်အကျီ်အောက် ကြယ်သီးနောက်က ရင်ဘတ်အစုံက ကျယ်ပြန့်နေသည်...။ လက်မောင်း၊ လက်တံ၊ လက်ဖဝါးများက သန်မာမှု အထိုက်အလျောက် အကြောပြိုင်းပြိုင်းများ...။
မေးရိုးထင်းထင်း၊ နူတ်ခမ်းပါးတစ်စုံနှင့်အတူ နှာတံစင်းစင်း သူ့ vibe အကုန်လုံးက western vibeများရဲ့ ဆွဲဆောင်မှု တစ်ခုလိုပင် ရှိနေသည်...။လုံးဝကို ခြုံကြည့်လိုက်ရင် ဒီလိုဆွဲဆောင်လွန်းသည့် လူတစ်ယောက်နဲ့ အမြဲအတူ ရှိနေရမယ့် ခံစားမှုမျိုးက ရူးသွပ်စရာပင် ဖြစ်သည်...။
သန်မာနေသည့် သူ့လက်များနှင့် ပွေ့ဖက်ထားမှု...
စူးရှနေသည့် သူ့မျက်လုံးများ၏ အာရုံစိုက်ခံမှု...
ဆွဲဆောင်မှု ရှိသည့် နူတ်ခမ်းပါးများနှင့် နမ်းရှိုက်ခံရမှု...
တကယ့်ကို ရန်လိုမှုတွေ အေးစက်မှုတွေ ပိုင်ဆိုင်လိုမှုတွေ ရှိနေသည့် ဒီလူရဲ့ ဦးတည်ချက်က တစ်ဦးတစ်ယောက်တည်းနဲ့တင် အဆင်ပြေနေတာမျိုး...။ 
မိမိ လိုအပ်တာ အဲ့လိုလူမျိုး...။ အဲ့လိုလူမျိုးရဲ့ ချစ်ခြင်းတရားက အနည်းငယ် ပိုင်ဆိုင်လိုမှု ကြီးတာကြောင့် အနည်းငယ် ကျဉ်းကြပ်ပြီး toxic ဆောင်ပေမယ့် မိမိက လွဲပြီး ဘယ်သူ့ကိုမှ သူ့အကြည့်ထဲ မထည့်တာမျိုး...။
ပိုင်ဆိုင်လိုစိတ်ရဲ့ အချစ်ကြီးမှု နောက်ကွယ်မှာ သူ့လိုလူမျိုးက အဲ့ဒီတစ်ယောက်ကို ဓားကြိမ်းတာမျိုး ၊ သတ်ဖို့ ခဏ ခဏ ပြောနေတာမျိုး၊ လည်ပင်းဖျစ်ညှစ်တာမျိုး၊ သူ့ခံစားချက်တွေ မထိန်းနိုင်လိုက်ဘဲ ကြမ်းတမ်းလိုက်မိတဲ့ နောက်မှာတော့...
ဘယ်လို ပြောရမလဲ အဲ့လိုလူမျိုးတွေက ရူးချင်စရာ အကောင်အထည်....။
"ကဲပါဟယ်... ငါ့သားကို စိတ်ပူလို့ပါ...။ ဘယ်နှယ့် သူ့မိန်းမ အနားမှာ တစ်ပတ်လောက် မရှိတာနဲ့... ဖြစ်ပျက်သွားတာမျိုး...။ ငဦး ... ငဦး ကြာရင် မင်းတော့ မင်းမိန်းမကြောင့် ရူးတော့မယ် ထင်တယ်..."
ထိုအချိန်မှာတော့ သူက ...
"ကျွန်တော် ထမင်းထုပ်ပြီး လယ်ထဲ သွားတော့မယ် အမေ... ။"
"ဟဲ့ နေဦးလေ... ငဦး... ဘယ်သွားဖို့လဲ? ဒီကလေးကတော့လေ... ဒီမှာ ဆရာ့ကို ဆေးခန်းကို ပြန်ပို့ပေးလိုက်ဦး..."
သူကတော့ ဘာစကားမှ မပြောဘဲ မီးဖိုခန်းထဲသို့သာ...
ထိုအခါမှာတော့ သူ့အမေက ... ကျွန်တော့်ဘက်သို့ လှည့်ကြည့်လာပြီး....
"ဆရာ ဘာမှစိတ်မပူနဲ့... သူ လိုက်ပို့ပါလိမ့်မယ်..."
အရီးလေးရီကတော့ သူ့သားဘက်က ဖာထေးကာ ပြောလိုက်ပေမယ့် သူ့သားပုံစံ ကြည့်ရတာတော့ လိုက်ချင်လိုက် မလိုက်ချင်နေ... စိတ်မဝင်စားသည့် အနေအထားပင်....။
အင်းလေ...
ဘာပဲဖြစ်ဖြစ် အဲ့ဒီအတွေးကို နောက်ပိုင်း အပိုင်ယူနိုင်ဖို့က အဓိကပဲ မလား?
"ဒါဆို ဒါဆို မေရီ... ကျွန်တော် သွားပြီနော်..."
"ဟုတ်ကဲ့ပါ ဆရာလေးရေ... နောက်လည်း ပျင်းလို့ လာလည်ချင်တာမျိုးရှိရင် လည်လို့ ရပါတယ်...။"
"ဟုတ်ကဲ့ပါ မေရီ..."
ကျွန်တော်နဲ့ အရီးလေးရီတို့ကတော့ သိတာမကြာသေးပါ...။ အရင်တစ်ခါ အရီးလေးရီ ဒူးနာပြီး နေမကောင်းဖြစ်တာမို့ ဆေးခန်းလာပြရင်း ခင်သွားတာပင် ဖြစ်သည်....။
ကျွန်တော်ကတော့ အရီးလေးရီကို သယ့အမေမို့ အမေတစ်ယောက်လို့ပင် သဘောထားပြီး အမေရီလို့ပသ် ခေါ်ခဲ့ပါသည်...။
နောက်ပိုင်း မေရီကို အကြောင်းပြပြီး သူတို့အိမ်ကို ရောက်ဖြစ်ဖို့က များသည်...။ ဒီရက်ပိုင်း... အထူးသဖြင့် ဟိုတစ်ယောက် မရှိခင်ဘဲ သူ့ဆီကို သွားရတာ အဆင်ပြေပါသည်...။
နိုမို့ဆို အဲ့ဒီတစ်ယောက်ကို တစ်ယောက်တည်း တွေ့ရဖို့က အတော်လေးကို ရှားပါးတာပင် ဖြစ်သည်...။
အမြဲတမ်း ကျောင်းသွားတက်တဲ့ ကလေးအနားမှာပင် ရှိနေတတ်သည်...။ အမြဲတမ်း ရင်ခွင်ထဲ ထည့်ပြီး စိတ်မချတာမျိုး ဖြစ်သည်...။
ထိုလို အခြေအနေနဲ့က သူ့ဆီက အာရုံစိုက်ခံရဖို့က သိပ်ပြီး မလွယ်ပါ...။ ထိုကလေး မရှိခင်မှာပင် သူ့အနားကပ်ဖို့ သေချာအခွင့်အရေး ရတာမို့...။ ထိုကလေး ရှိနေချိန်ဆို သူ့အာရုံများက ထိုကလေးကလွဲ အခြားဆီမှာ မရှိတာမျိုး ဖြစ်သည်....။
ဒါကြောင့်မို့ပင် ထိုကလေး ပြန်မလာခင် ရင်းနှီးမှု တစ်ခုယူဖို့ အရေးကြီးတာမို့...
"သြော် မေရီ... ဒါနဲ့လေ... ကျွန်တော် ကန်စွန်းရွက်နဲ့... မန်ကျည်းရွက် ဟင်းရည်ကျိုတာလေး... စားချင်နေတာ...။ လတ်လတ်ဆတ်ဆတ်လေးလေ..."
"သြော်... အဲ့ဒါ စားချင်ရင် အမေရီကိုယ်တိုင် လုပ်ပြီး ပို့ခိုင်းလိုက်ပါ့မယ် ဆရာလေးရယ်..."
မေရီကတော့ ကျွန်တော့်ကို တံခါးဝနားအထိ လိုက်ပို့နေရင်းမှ ပြောနေသည်...။ ကျွန်တော်ကတော့ တောထဲသွားဖို့ ပြင်နေသည့် သူ့အခြေအနေကို တစ်ချက်ကြည့်ရင်းမှ...
"မဟုတ်တာ... မေရီရာ... အားနာစရာ... ။ ကျွန်တော့်ဘာသာ ချက်စားလည်း ဖြစ်ပါတယ်...။ ကျွန်တော့်အကြိုက်က ဒီအတိုင်း နည်းနည်း ထူးဆန်းနေလို့... ဒီအတိုင်း ကိုယ်တိုင် ချက်စားမှ ဖြစ်မယ် ထင်တယ်...။ အဲ့ဒီအရွက်တွေ... လတ်လတ်ဆတ်ဆတ် ရမယ့်နေရာ မရှိဘူးလားဟင်?"
မေရီကတော့ တစ်ချက်စဥ်းစားဟန် ပြုရင်းမှ...
"သြော်... အသီးအရွက် ရောင်းတာ ရှိတာပေါ့...။ လတ်လတ်ဆတ်ဆတ် ခူးပြီး ပို့ခိုင်းလို့လည်း ရတယ်...။ ဒီတော့ ဆေးခန်းကပဲ စောင့် မေရီ... လာပို့ခိုင်းလိုက်မယ်နော်...။"
"အယ်... အဲ့လိုဆိုတာထက်... ကျွန်တော်က ဆေးခန်းမှာ တစ်နေ့တစ်နေ့ ထိုင်တာများလို့လေ... ဒီအတိုင်း စိတ်ပြေလက်ပျောက် တောထဲကို ခဏ သွားရင်း ဟင်းရွက်ခူးချင်တာမျိုးပါ။ လေကောင်းလေသန့် ရှုရင်းပေါ့...။"
"........"
"အစကတော့ ကျွန်တော် အမြဲတမ်း သွားချင်နေပေမယ့် ဒီရွာမှာက အသိမရှိသလို... သူတို့နဲ့ သွားဖို့လည်း ကျွန်တော့်ကို သိပ်မခင်ကြတာမို့ပါ...။ ပြီးတော့ ကျွန်တော်က ကြုံရာလူနဲ့ လိုက်ဖို့ ပြောပေမယ့် သူတို့က သိပ်မခေါ်ချင်သလိုမျိုး ဖြစ်နေလို့ပါ...။"
ထိုအချိန်မှာတော့ မိမိအကွက်ထဲ ရောက်လာသည့် အရီးလေးရီကတော့ ကျွန်တော့်ကို ဂရုဏာသက်ဖွယ် မျက်နှာဖြင့်ပင့ ကြည့်နေပြီး.... ခေါင်းကို တညိမ့်ညိမ့်...။
ထို့နောက်...
"ဒါဆို... ငဦးလည်း တောထဲ သွားမယ် ထင်တယ်...။ အကြုံလိုက်ရင်လည်း လိုက်သွားပေါ့...။ သူကတော့ အဲ့ဒီအတိုင်း ရှိပေမယ့် သဘောကတော့ ကောင်းပါတယ်...။ မေရီ ပြောပေးမယ်နော်..."
မေရီကတော့ မီးဖိုခန်းထဲမှ ပြင်ဆင်ကာ ထွက်လာနေသည့် သူ့သားကို ကြည့်ကာ ပြောမယ် ပြင်လေတော့ ကျွန်တော်က အရီးလေးရီကို တစ်ချက်တားလိုက်ပြီး....
"ဖြစ်ပါ့မလား... အမေရီရယ်...။ သူက အဆင်မပြေဘူးဆို... နေပါစေ...။ ကျွန်တော်က ဒီအတိုင်း နောက်မှ တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး လိုက်သွားပါ့မယ်...။"
"ရတယ်... မေရီပြောလိုက်မယ်...။ ဒီအတိုင်း နေရာပြရုံပဲကို...။ သူနဲ့သာ လိုက်သွား... ကန်စွန်းရွက်နဲ့ မန်ကျည်းရွက်... ရှိတဲ့နေရာကို ခေါ်သွားလိမ့်မယ်...။ သူကတော့ ခူးတာ ဝါသနာပါမှာ မဟုတ်ဘူး..."
"ဟုတ်ကဲ့ မေရီ... ကျေးဇူးအများကြီး တင်ပါတယ်နော်..."
"မဟုတ်တာ... ဆရာလေးရယ်..."
မေရီကတော့ ကျွန်တော့်ကို ကျေးဇူးတင်ဖို့ မလိုကြောင့် လက်ကာပြလိုက်ရင်းမှ ပြောလေတော့ ကျွန်တော်လည်း အားနာပြုံးလေးဖြင့်သာ ပြုံးပြလိုက်မိသည်....။
အရီးလေးရီကတော့ တောထဲသွားဖို့ ပြင်နေသည့် သူ့သားအနားသို့ အနည်းငယ် အခြေအနေကို ပြောသည် ထင်သည်....။ သူကတော့ မလှုပ်မယှက်နဲ့ တစ်ချက်မှ ကြည့်မလာဘဲ ခေါင်းလည်း မညိမ့်... ခေါင်းလည်း မခါကာ ကျွန်တော့်အနားမှ ဖြတ်ကာ တံခါးဝကို ကျော်လွန်ပြီး အပြင်သို့....။
ထိုအချိန်မှ မေရီကတော့ ကျွန်တော့်အနား ရောက်လာပြီး...
"ဆရာလေး... လိုက်သွား...။ သူ ခေါ်သွားလိမ့်မယ်...။ သူက စကားမပြောပေမယ့် ဟင်းရွက်ခူးမယ့် နေရာကို ခေါ်သွားလိမ့်မယ်နော်...။"
"အဟင်း... ဟုတ်လား? ကျေးဇူးအများကြီး တင်ပါတယ်နော်... မေရီ..."
"မဟုတ်တာ ဆရာလေးရယ်... လိုက်လိုက်... သွား လိုက်သွားတော့..."
"ဟုတ်ကဲ့..."
ထို့နောက် တံခါးမှ အပြင်ကို ကျော်ကာ ခြေလှမ်းကျဲကျဲများဖြင့် လျှောက်လှမ်းသွားသူ နောက်မှ အပြေးကလေးဖြင့်ပင် လိုက်သွားဖို့ ပြင်မိတော့သည်....။
နာရီဝတ်ခန့်အကြာ....
သူကတော့ ကျွန်တော့်ကို ဘာမှမပြောဘဲ တောထဲက နေရာတစ်ခုကို အရင်ဆုံး လိုက်ပို့ပါသည်...။ အဲ့ဒီနေရာက ကန်စွန်းရွက်များ သန်စွမ်းနေသည့် နေရာတစ်ခု...။
သူကတော့ ဘာစကားမှ မပြောသလို ထိုကန်စွန်းရွက် ပေါက်နေသည့် အိုင်ငယ်တစ်ဖက်က သစ်ပင်အောက်မှာပင် မတ်တပ်ရပ်ကာ ရှိနေသည်... ။ သူက လက်နှစ်ဖက်ကို ယှက်ပိုက်ပြီး တစ်ယောက်ယောက်ကို စောင့်နေဟန်လည်း ဖြစ်သည်....။
"ဟုတ်တယ်... ဒီကန်စွန်းရွက်ကို  အရမ်းစားချင်နေတာ...။ ဒီမှာ တစ်နေကုန် ဆေးခန်းမှာ ရှိနေရင်း ပျင်းနေတာ... အခုလို စိတ်ပြေလက်ပျောက် အရွက် ခူးဖို့လိုက်ပို့ပေးတဲ့အတွက်... ကျေးဇူးအများကြီး တင်ပါတယ်.... အများခေါ်သလို ငဦးလို့ပဲ ခေါ်မယ်နော်..."
"........"
ကိုယ်ကတော့ သူနဲ့ စကားတစ်ခွန်းကို အပြန်အလှန်ပြောနိုင်ဖို့ ရည်စူးပေမယ့် သူကတော့ မိမိဘယ်လိုပြောပြော စိတ်ဝင်စားဟန် မပြပါ....။
"ဒါနဲ့လေ... ကျွန်တော့်ရဲ့ အသိတစ်ယောက်က ကျောင်းမှာ ပျိုးငယ်ကို တွေ့တယ်တဲ့...။ အဆင်ပြေနေတယ် ထင်တယ်... ဒီတစ်ခါ တစ်ခုခု ပေးစရာရှိရင် သူနဲ့ ထည့်ပေးလိုက်မယ်လေ...။ အဲ့ဒီတစ်ယောက်က ပျိုးငယ်တို့နဲ့ မနီးမဝေးကပဲ... Civilကလေ..."
"........"
ထိုအခါမှာတော့ သူ့အကြည့်များက ကျွန်တော့်ထံသို့ တစ်ခဏ ရောက်လာခဲ့သည်...။ သူ့အကြည့်နဲ့ အာရုံများကို အနည်းငယ် ယူလိုက်နိုင်တယ် ဆိုပေမယ့် ဒီအကြည့်က သူ့လူကို စိတ်မချဟန် ဖြစ်နေသည်ဆိုတာကိုတော့ ရင်နာစွာပင် သိရတာပင် ဖြစ်သည်....။
သြော်... သူ့ရဲ့ အာရုံစိုက်မှုက ထိုကလေးကို စိတ်မချဟန်နဲ့လား?
ကျစ်...
တဆစ်ဆစ်နဲ့ နာကျင်နေသည့် စိတ်အစဥ်ကို အတတ်နိုင်ဆုံး ထိန်းထားမိသည်...။
ဘာဖြစ်လို့လဲ?
ငါက ဘာဝဋ်ကြွေးတွေ ပေးဆပ်နေရလို့ ဒီလို ငါသဘောကျတဲ့ လူဆီက အာရုံစိုက်ခံမှုတွေ မရတာလဲ?
ဘဝမှာ အချစ်ဆိုတဲ့ တရားကို ...
ဘယ်လိုပြောရမလဲ... အချစ်ခံရမှုနဲ့သာ ကုန်ဆုံးခဲ့ရသည်...။
မိမိကစ အသည်းကွဲခဲ့သည်...။ Playခဲ့သည်...။ ဘယ်သူ့ကိုမှ မိမိစိတ်ထဲ မရှိခဲ့...။ မိမိအတွက် တစ်ဖက်သတ်ဆိုတဲ့ အနေအထားက စဥ်းစားကြည့်ရင် ဘယ်လိုမှကို မဖြစ်နိုင်စရာ...။
အရင်တုန်းကဆိုလျှင် တစ်ဖက်သတ်ဆိုသည့် တရားကို မိမိအဘိဓာန်မှာ လုံးဝအရှိခံဖို့ စိတ်မကူးခဲ့သလို မည်သူတစ်ဦးတစ်ယောက်ကိုမှ တစ်ဖက်သတ် သဘောမကျမိပါ...။
တစ်ဖတ်သတ်ဆိုတဲ့ အရာကိုလည်း သိပ်မုန်းပြီး... ရည်းစားရှိတဲ့ သူကို လုယူရတဲ့ feelingကိုလည်း အရမ်းမုန်းတဲ့ ငါက သူများအပိုင်ကိုမှ ပစ်မှားနေမိတာမျိုးလား?
သူများအပိုင်...
ဟင့်အင်း မဟုတ်ဘူး... သူများအပိုင်ဆိုရင်တောင် အဲ့ဒီတစ်ယောက်က ကိုယ်ချစ်တဲ့သူကို တန်ဖိုးမထားသလို... အရေးလည်း မထားဘူး...။
အလကား အချစ်ခံနေရင်း တဆိတ်ရှိ ကိုယ်ချစ်တဲ့သူကို လောင်မြိုက်အောင်လို့ အပူတွေ ပေးနေတာ...။ ကိုယ်ချစ်တဲ့သူအပေါ် အေးစက်မှုတွေနဲ့ တုံ့ပြန်နေတာ....။
ဟင့်အင်း...
ဒီအတိုင်းလေးတိုင်း ရှိနေပြီး သူ့ကို ဘာမှ... သူ့လောက်တောင် ချစ်ခြင်းမေတ္တာတရားကို မပြတဲ့ သူ့ကို... ကိုယ်ချစ်တဲ့သူက သည်းသည်းလှုပ် ရူးမတတ် ချစ်နေတာတဲ့လား?
ဟင့်အင်း...
မုန်းစရာ ကောင်းလိုက်တာ...။
ပျိုးပင်ငယ်... မင်းကို ငါမုန်းလိုက်တာ...။
မင်းကကျ ဘာမှကြိုးစားဖို့ မလိုဘဲနဲ့ သူ့ကို ရထားတာ...။
သူ့စိတ်ဝိဉာဥ်တွေ အကုန်လုံးကို မင်းက ပြုစားပြီး အပိုင်သိမ်းကျုံးပြီး ယူထားတာလား?
မင်းက ဘာတစ်ခုမှ သူ့အတွက် မဖြည့်ဆည်းပဲနဲ့လေ...။
မင်းက ငါ့လောက်တောင် သူ့ကို မချစ်တာကိုလေ...။
မင်းက... မင်းက သူ့ကို အပိုင်ရနေတာတဲ့လား? လူကိုသာ မကဘဲ သူ့ရဲ့ အာရုံစိုက်မှု၊ နစ်မျောမှုတွေ အကုန်လုံးက မင်းအပိုင်ရနေတာလား?
အလကား မင်းက ဘာမှမကြိုးစားရဘဲ အချောင်ရနေတာ...။ မတရားလိုက်တာ... ငါ့ကျတော့... ငါ့ကျတော့... ဘာကြောင့်...။
"ဆရာ... ခူးလို့ ပြီးပြီလားဗျ? "
"ဟင်?"
အတွေးစတို့ အဆုံးသတ်ပြီး သူရှိနေသည့် နေရာ အသံလားရာကို ကြည့်မိတော့....
ဝေကြီးသာ ရှိပြီး သူက မရှိတော့....။
မိမိက ကြောင်အ ပြီး ငေးနေစဥ်မှာပင်... ဝေကြီးက မိမိနှင့်အတူ ဟင်းရွက်ကို ကူခူးပေးနေရင်းမှ...
"ငဦးကတော့ ကျွန်တော့်ကို ခေါ်ပြီး ဒီမှာ ထားသွားတယ် ဆရာရေ...။ သူကတော့ အလုပ်ကိစ္စရှိလို့ ထွက်သွားတယ်...။ ဒီလောက်ဆို တော်ပြီလား ဆရာ...။ ကျွန်တော်တို့ မန်ကျည်းရွက် သွားခူးမယ်လေ..."
"ဟုတ်ကဲ့...."
ဒီအတိုင်း ဘာစကားမှ မပြောဘဲ တစ်ခြားလူနဲ့ ထားခဲ့တာမျိုးတဲ့လား? နာကျင်မှုက အသည်းလှိုက်မတတ် ဖြစ်နေပြီး ကန်စွန်းရွက် ထည့်ထားသည့် လွယ်အိတ်ကြိုးကိုသာ ကျစ်ကျစ်ပါအောင် ဆုတ်ထားမိလိုက်သည်...။
ဘာဖြစ်လို့လဲ?
ငါ့အချစ်တွေက ဘာဖြစ်လို့များ...
ငါ ချစ်တဲ့သူဆီကို မရောက်တာလဲ?
(.......) University
ညနေပိုင်း..
၃နာရီ..
"ပျိုး... ပျိုးငယ်..."
ဒီနေ့ ကျောင်းက စောစောဆင်းသည်မို့ ကျောင်းcampusအတိုင်း လျှောက်နေရင်းမှ နောက်ကနေ အမောတကော ခေါ်သံကြောင့် ခြေလှမ်းတို့ကို တုံ့နှေးကာ ကြည့်လိုက်မိသည်...။
ထိုသူက မိမိအနားသို့ အပြေးအလွှား ရောက်လာရင်းမှ... အပြုံးတစ်ခုဖြင့်ပင်..
"... ပျိုး... ကျွန်တော့်ကို မှတ်မိလား မသိဘူး...။ ကျွန်တော်က ပျိုးတို့အိမ်မှာ ဆေးအရောင်းနဲ့ လိုက်ဖူးတဲ့ တစ်ယောက်လေ..."
"......."
"ပျိုးတောင်... ကျွန်တော့်ကို toiletကို လိုက်ပြခဲ့ဖူးသေးတယ်လေ...။ ကျွန်တော်က မင်းခိုက်ရတုမိုရ်ပါ... Civilကလေ...။ အခုတော့ ဒီဘက်ကျောင်းကို တစ်နေ့တစ်ခေါက် မှန်မှန် ရောက်နေတာမျိုးလေ..."
သြော် သူပြောသည့် အခါမှပင် ရွာကို ဆေးအရောင်းပါလာသည့် တစ်ယောက်ကို သတိထားမိသည်...။
ဒါပေမယ့် သူ့ကို ဒီအတိုင်း ဝန်ထမ်းတစ်ယောက်လို့သာ ထင်ခဲ့သည်...။ ဟိုနေ့က ကျောင်းခန်းထဲမှာ ပြောတာကတော့ သူက ဒီမြို့ရဲ့ လူကြီးသားဖြစ်တဲ့အပြင်... ပညာရေးမှာလည်း တော်ပြီး... ပိုက်ဆံကို ရေလိုဖြုန်းနိုက်သည့်သူ....။
ဒီမြို့ ကျောင်းအကုန်လုံးရဲ့ the whole king ဖြစ်ပြီး နာမည်ကြီးတဲ့သူပင်...။ အကုန်လုံးနဲ့ သူနဲ့ ခင်မင်ရင်းနှီးတာမျိုးကို သဘောကျမည် ထင်သည်...။
"အဲ့ဒီတုန်းက အိမ်က Daddy မသိအောင် ဆေးအရောင်းကို သူငယ်ချင်းနဲ့အတူ ပါလာတာ...။ အိမ်ကို ရောက်တော့ ဆူခံလိုက်ရတယ်...။ ကျွန်တော့်ကို နောက်ပိုင်း အပြင် သိပ်ပြီး မထွက်ခိုင်းတော့ဘူး...။"
သူကတော့ နံဘေးမှ လျှောက်ကာ စကားတွေ ဖောင်ဖွဲ့နေအောင် ပြောပေမယ့် ကျွန်တော်ကတော့ မလှုပ်မယှက်ဖြင့်ပင်....။
ဘာလို့ Civil majorက ကျောင်းသားတစ်ယောက်က ကျောင်းကို မတက်ဘဲ ဒီဘက်ကို နေ့တိုင်း ရောက်နေသည်လဲ?
"ဒါနဲ့... ပျိုးက အခုမှ ကျောင်းပြန်တက်တာလား? အရင်တုန်းက အဲ့ဒီက ပြန်လာပြီး နောက်ပိုင်း ဒီကို လာရှာသေးတယ်... မတွေ့လို့...။ ပျိုး.. အခုရော ကိုမြတ်မင်းတို့ အဆောင်မှာပဲ မလား?"
နေပါဦး...
မိမိအဆောင်နာမည်ကိုတောင် သိနေတာမျိုးလား? စိတ်ရှုပ်စရာ...
"ပျိုးငယ်ကို ခွင့်ပြုပါဦး... စောစောနားချင်လို့ပါ..."
"သြော်... ဟုတ်လား? ပျိုး နေမကောင်း ဖြစ်နေလို့လား? ပျိုး ဘာဖြစ်တာလဲ? အဆင်ပြေရဲ့လားဟင်? ဒီလိုလုပ်ဗျာ... ကျွန်တော့်မှာ ကားပါတယ်... ကျွန်တော် အဆောင်အထိ လိုက်ပို့ပါ့မယ်...။"
သူကတော့ Campus တစ်လျှောက် မိမိနံဘေးမှ ကပ်လျှောက်ကာ ပြောလေတော့ နာမည်ကြီးသည့် သူ့ကို စိတ်ဝင်စားနေသည့် လူများကတော့ ကျွန်တော်နှင့်သူ့ကို ကွက်ကြည့်ကွက်ကြည့်...။
သူကတော့ ကျွန်တော် နေမကောင်းနေလား အတွေးဖြင့် အတော်လေးကို စိတ်ပူသွားဟန်ဖြင့်...
"ရတယ်... ပျိုးငယ် ဒီအတိုင်း ပြန်လို့ ရပါတယ်...။ ပြန်နေကျပါ...။"
"မဟုတ်တာ... ကျွန်တော် လိုက်ပို့မယ်...။ ပျိုး နေမကောင်းဘူး လမ်းမှာမူးလဲသွားရင် ဘယ်လိုလုပ်မလဲ? ကျွန်တော် လိုက်ပို့ပါရစေနော်..."
ကျွန်တော်ကတော့ ကျောင်းဝန်းထဲက အကြည့်များကို ရှောင်လွှဲဖို့ ခပ်သုတ်သုတ်လျှောက်ပြီး အပြင်ဘက် ရောက်လာတော့ သူက သူပါလာသည့် ကားဖြင့်ပင် ကျွန်တော့်အနားသို့ လာပြီး အတင်းလိုက်ပို့ဖို့ လုပ်နေသည်....။
"ကျွန်တော် လိုက်ပို့ပါ့မယ်ဗျာ... လိုက်ခဲ့ပေးပါနော်...။ ကျွန်တော် လိုက်ပို့ပေးပါရစေဗျာ...။"
သူ့ကို ဥပေက္ခာပြုပြီး လမ်းလျှောက်သွားသည့် ကျွန်တော့်အနားသို့ လမ်းတစ်လျှောက်လုံး လိုက်လာသည်။
ကျွန်တော်ကတော့ ဘာမှမပြောဘဲ ဥပေက္ခာပြုထားလေတော့ သူက သူကားကို ကားလမ်းမပေါ်၌ပင် ရပ်ထားခဲ့ပြီး ကျွန်တော်နှင့်အတူ ကျွန်တော့်ဘေးနားမှ ကပ်လျှက် လျှောက်သည်....။
"ကျွန်တော့်ကို စိတ်ပူအောင် မနှိပ်စက်ပါနဲ့ဗျာ..."
ထို့နောက် သူက ဘာကို စိတ်တိုနေလဲ မသိ... သူ့လက်ထဲမှ ဖုန်းကို နံဘေးသို့ ပစ်ပေါက်ကာ ခွဲလိုက်လေတော့ ထိုဖုန်းscreenပေါ်မှာ ရုတ်တရက် လင်းလက်သွားသည့် ပုံရိပ်က ကျွန်တော့် ပုံရိပ်...။
"မင်းခိုက်ရတုမိုရ်... ဒီလောက်ဆို တော်လိုက်တော့... ဒီဘက်က အဆောင်တွေနဲ့... ကြားရင် မင်း ပုံစံက ငါ့ကို လူကြည့်စရာ ဖြစ်နေတယ်...။ ငါ ဒီ့ထက်ပိုပြီး အရှက်မကွဲချင်ဘူး...။ ဒါကြောင့် ငါ့နောက်ကို ဆက်မလိုက်ပါနဲ့...။"
မျက်နှာထားမာမာဖြင့်ပင် ပြောခဲ့လေတော့ ထိုသူက မိမိကို ကြည့်ကာ ဝမ်းနည်းစိတ်တိုပြီး ယူကျုံးမရ အနေအထားဖြင့်ပင်.... ။
"ကျွန်တော့်ကို ဘယ်သူမှ ဒီလိုမပြောခဲ့ဖူးဘူး... ပျိုး... ခင်ဗျားဗျာ ခင်ဗျား..."
ညပိုင်း...
ည ၉နာရီ...
📱>>
"ဟုတ်တယ်... ပျိုးငယ် မနက်ဖြန် ညနေ ပြန်လာမှာ အစ်ကို လာကြိုနော်..."
"......."
"အစ်ကို လာမကြိုရင်လည်း အလုပ်ရှုပ်နေရင်လည်း ပျိုးငယ် ကိုယ့်ဘာသာ ပြန်လာမယ်နော်..."
"......"
တစ်ဖက်မှ အစ်ကိုနဲ့ ဖုန်းပြောနေရင်းပင် အဆောင်ရှေ့မှ ဆူဆူညံညံများကြောင့်... ကိုမြတ်မင်းတို့ပဲလား ဟူပြီး အခန်းပြတင်းမှ အပြင်ဘက်သို့ ကြည့်လိုက်မိသည်...။ အတော်လေးကို ဆူညံနေသည့် အနေအထားမို့...။
ထိုစဥ်မှာပင် အပြင်က လွှင့်ပျံလာသည့် အသံတစ်ခု...
"ဒီသီချင်းက... ပျိုး... အတွက်ပါ..."
Tuesday:January:09:00:12AM:2024
{Zawgyi}
... ဒီသီချင်းက.
ပျိုး အတွက်ပါ...။
***
နံနက်ပိုင်း...
၈နာရီ...
"အင်း... ဘာမှ မဖြစ်စေနဲ့.."
"ဟုတ်ကဲ့ပါ အစ်ကို..."
"ငဦး... သားရေ ဒီကို ခဏလာဦး..."
"လာ... ဒီကို ခဏ လာဦးလို့..."
ထိုအချိန်မှာတော့ သူက ...
အင်းလေ...
"ဟုတ်ကဲ့ပါ မေရီ..."
"........"
ထို့နောက်...
"မဟုတ်တာ... ဆရာလေးရယ်..."
"ဟုတ်ကဲ့..."
နာရီဝတ်ခန့်အကြာ....
"........"
"........"
ကျစ်...
ဘာဖြစ်လို့လဲ?
သူများအပိုင်...
ဟင့်အင်း...
ဟင့်အင်း...
"ဟင်?"
"ဟုတ်ကဲ့...."
ဘာဖြစ်လို့လဲ?
(.......) University
ညနေပိုင်း..
၃နာရီ..
"ပျိုး... ပျိုးငယ်..."
"......."
နေပါဦး...
ညပိုင်း...
ည ၉နာရီ...
>>
"......."
"......"
Continue Reading
You'll Also Like
405K 78.4K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...
647K 32.9K 82
ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022
61.4K 3.1K 23
in beloving memories of Koko and Myat
247K 14.8K 40
My priority /property/privacy