သခင့်ခြေတော်ရင်း [Completed]

Par Ennia_Yawn

142K 5.4K 1.5K

Title - သခင့်ခြေတော်ရင်း (သခင့္ေျခေတာ္ရင္း) Type - Own Creation, Myanmar BL, Mpreg မင်းရဲ့ခန္ဓာကိုယ... Plus

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Final
Extra (1)
Extra (2)

Chapter 19

3.3K 147 47
Par Ennia_Yawn

သက်ခွန်းယံနှင့် စကားရပ်ပြောနေသည့် တေဇဓိရာဇ် သူ့နောက်ဖက်၌ ထိုးအန်နေသော ရိပ်ကို မြင်လိုက်ရချိန်၌ စိတ်ပူသွားသည်။ သူ ရိပ်နားသို့ ချက်ချင်း ပြေးလာခဲ့ပြီး ရိပ်ဘေး ဝင်ထိုင်လိုက်ကာ ရိပ်၏နောက်ကျောကို ဖိဖိပေးနေမိ၏။

သက်ခွန်းယံ ရိပ်ကို တစ်ချက်လှမ်းကြည့်လိုက်ကာ သူ့ကားထဲ၌ အရေးပေါ်ဆောင်ထားဖြစ်သည့် ဆေးသေတ္တာထဲက သွေးပေါင်ချိန်စက်ကို ထုတ်ယူလိုက်ပြီး ရိပ်ကို ခုံပေါ်ဝင်ထိုင်ခိုင်းလိုက်ရ၏။

ရိပ်တစ်ယောက် ထရပ်လိုက်ရချိန်၌ မြင်ကွင်းများက ချာချာလည်နေသည်။ ကိုကို သူ့ကို တွဲပေးထား၏။ ထိုင်ခုံ၌ ထိုင်လိုက်ရချိန်၌လည်း သူ့ခေါင်းသူ မတ်မတ်မထားနိုင်တော့တာမို့ ကိုကို့ပခုံးပေါ် မှီထားရသည်။

"သူ သွေးပေါင်တွေ တအားကျနေတာပဲ"

သက်ခွန်းယံ ရိပ်ကို စစ်ဆေးမှုတချို့ ပြုလုပ်နေရင်း-

"မင်း အစည်းအဝေးရှိတယ်ဆို သွားနှင့်လိုက်လေ၊ ငါ သူ့ကို ကြည့်ပေးထားလိုက်မယ်၊ သူ နားဖို့လိုနေတယ်"

ရိပ် ကိုကို့လက်မောင်းကို မူးဝေနေသည့်ကြားက အတင်းဆွဲထားလိုက်မိသည်။

"ကျွန်တော် လိုက်မယ်"

"မင်း နားလိုက်ဦးလေ၊ ကိုယ် အစည်းအဝေးပြီးတာနဲ့ ပြန်လာခဲ့မယ်"

ရိပ်က သူ့အား ရှိသမျှအားနှင့် ကုပ်ဆွဲထားတာမို့ တေဇ တိုင်ပတ်သွားရသည်။ ဒီအစည်းအဝေးကလည်း အရေးကြီးတာမို့ သူ သွားမှဖြစ်မည်။

"ယံ ငါ ခဏသွားလိုက်ဦးမယ်၊ ငါ ပြန်လာမှ မင်း ဆေးခန်းသွားလို့ ဖြစ်တယ်မလား၊ သူ့ကို ဆရာဝန်ခေါ်ပေးဖို့ လိုလား"

"မလိုသေးဘူး၊ သူ ပြန်အိပ်လိုက်ရင် သက်သာသွားမှာ"

သက်ခွန်းယံ ရိပ်အား သူ့ဖက်သို့ ဖျတ်ခနဲ ဆွဲလိုက်တာမို့ တေဇကို ဆွဲထားသည့် ရိပ်၏လက်တွေ ပြုတ်သွားသည်။ ထိုအချိန်၌ သူ ရိပ်အား ဆွဲ,မလိုက်ကာ တေဇကို သွားတော့ဖို့ အချက်ပြလိုက်ပြီး ရိပ်ကို တေဇ အိပ်ခန်းရှိရာသို့ တွဲခေါ်လာခဲ့သည်။

ရိပ် ကိုကို့အား မူးဝေနေသည့်ကြားမှ ဝမ်းနည်းစွာ လှည့်ကြည့်လိုက်မိရင်း သက်ခွန်းယံ ခေါ်ရာနောက်သို့ ပါသွားရတော့၏။

အိပ်ခန်းထဲသို့ ရောက်ချိန်၌ သက်ခွန်းယံက သူ့အား မူမမှန်သည့် အပြုအမူများ လုပ်မလာခဲ့ဘဲ အိပ်ရာထဲသာ ထည့်ပေးလာပြီး သူ့ခပ်ဝေးဝေး၌ သွားထိုင်နေသည်။

"အိပ်လိုက်ဦး၊ ငါ မင်းကို ဘာမှမလုပ်ပါဘူး"

ရိပ် မျက်လုံးကို မှိတ်ထားပြီး သူ့လက်နှစ်ဖက်သူ ဆုပ်ထားမိသည်။ သူ အခု အလွန်ကြောက်နေပြီး နေလို့မကောင်းတာပဲ သိသည်။

ထိုအချိန်၌ အခန်းတံခါးပွင့်လာတာမို့ သူ ထိတ်လန့်စွာ ခေါင်းထောင်ကြည့်လိုက်ချိန် ကိုကို ပြန်ဝင်လာတာကို တွေ့လိုက်ရသည်။

"ဘာကျန်ခဲ့လို့လဲ"

သက်ခွန်းယံ လှမ်းမေးလိုက်ပြီး တေဇ အခုလို ပြန်ဝင်လာမည်ဆိုတာကို သိနေတာမို့ ရိပ်ကို ဘာမှမလုပ်ဘဲ နေနေသေးတာဖြစ်၏။

"အစည်းအဝေးဖျက်လိုက်ပြီ၊ မင်း ‌ဆေးခန်းသွားရင်သွားတော့၊ ငါပဲ စောင့်လိုက်တော့မယ်"

သက်ခွန်းယံ သူ့ပါးစောင်ကို လျှာဖြင့်ထိုးလိုက်ရင်း မဲ့ပြုံးပြုံးလိုက်မိ၏။ သူ ထရပ်လိုက်ကာ တေဇနှင့် စကားပြိုင်မပြောချင်တာမို့ ခေါင်းညိတ်ပြသည်။ ထို့နောက် အခန်းပြင်ထွက်လာခဲ့ပြီး လာရင်းကိစ္စဖြစ်သည့် နေဆက်ပိုင်နှင့် တွေ့ဖို့အတွက် နေဆက်ပိုင်၏ အဆောင်ဖက်ကိုသာ လျှောက်သွားတော့သည်။

"ရိပ်ကို ကိုယ် ဘာလုပ်ပေးရမလဲ၊ ကိုယ် ဆရာဝန်လည်း ခေါ်ပေးထားတယ်နော်"

တေဇ ရိပ်၏ကုတင်ပေါ် ဝင်ထိုင်လိုက်ပြီး ရိပ်၏ပါးပြင်လေးတွေကို သူ့လက်ဖမိုးဖြင့် ခပ်ဖွဖွစမ်းကြည့်နေမိသည်။ အဖျားတော့ မရှိသော်ငြား ထိုကလေးက လိုတာထက် ဖြူဖျော့လွန်းနေတာမို့ သူ ဆရာဝန်ပါ ခေါ်လိုက်ရခြင်းဖြစ်သည်။ ယံက သွားဆရာဝန်တစ်ယောက်ပေမို့ ယံ့လောက်နဲ့ ရိပ်ကို သူ စိတ်မချနိုင်‌သောကြောင့်ပင်။

"ကျွန်တော့်နားမှာပဲ နေပေးပါ၊ ကျွန်တော် အိပ်နေရင်လည်း ဘေးမှာပဲ ရှိနေပေးပါ"

"အင်း၊ အိပ်လိုက်ဦး၊ ရိပ် ညကလည်း သေချာမအိပ်ဘူး၊ ကိုယ် ရှိနေမယ်နော်"

သူ ရိပ်၏လက်ချောင်းလေးများကို ဆုပ်ကိုင်လိုက်ကာ သူ့ကုတ်ကို ချွတ်လိုက်ပြီး ရိပ်၏ ရင်ဘတ်ပေါ်သို့ အုပ်တင်ပေးလိုက်သည်။ ခုန အန်ထားတာမို့ ရိပ်၏တီရှပ်က အနည်းငယ်စိုနေသော်လည်း ထိုကလေးကို အင်္ကျီလဲပေးလျှင် ထပ်မူးနေမှာ စိတ်ပူတာမို့ သူ့အင်္ကျီသာ ခဏခြုံပေးထားလိုက်ပြီး နွေးနွေးထွေးထွေး ရှိအောင် ဂရုတစိုက်ပြုစုယုယနေမိသည်။

ရိပ် အိပ်မောကျသွားချိန်၌ ဆရာဝန် ရောက်လာပြီး ဆေးချိတ်ပေးသွားခဲ့သည်။ ရိပ်၏ခန္ဓာကိုယ် အတွင်းပိုင်းတည်ဆောက်ပုံ၌ မူမမှန်တာ ရှိနေသည်ဟု ထိုဆရာပြောသွားခဲ့ကာ ဆေးသေချာစစ်ကြည့်ပေးဖို့ လိုအပ်ကြောင်း မှာသွားခဲ့သည်။

သူ ဆေးရုံတက်လိုက်ရကတည်းက ရိပ်က ဖျော့တော့လွန်းသွားသည်ဟု သူလည်း ထင်မိပါ၏။ သူ တစ်ခုခုဖြစ်တိုင်း ဒီကလေးကပါ လိုက်ပါခံစားနေရတာမျိုး မဖြစ်စေချင်။ သူက ငယ်ငယ်ကတည်းက မကြာခဏ ဆေးရုံ‌ဆေးခန်း ရောက်နေရသူဖြစ်သည်။

ဆေးမကုန်ခင် ရိပ် ပြန်နိုးလာသည်။ မျက်လုံးဖွင့်လိုက်ချိန်၌ မနက်ကလို မဟုတ်တော့ဘဲ တော်တော်လေး နေလို့ကောင်းသွားသည်။ သူ့တစ်ကိုယ်လုံး နွေးနွေးထွေးထွေးဖြစ်နေတာမို့ ရိပ် သူ့ဘေးကို ခေါင်းစောင်းကြည့်လိုက်ချိန် ကိုကို သူ့ကို ဖက်ထားပြီး သူ့ဘေးမှာ ဘေးစောင်းအိပ်နေတာကို တွေ့လိုက်ရသည်။

"နိုးပြီလား၊ ဘယ်လိုနေသေးလဲ၊ သက်သာလား"

ကိုကို ချက်ချင်းနိုးလာပြီး သူ့ကို အုပ်မိုးရင်း မေးလာတာမို့ ခေါင်းညိတ်ပြလိုက်ရသည်။

"ဒါဆို ဆေးကုန်ရင် အပြင်ခဏထွက်ရအောင်၊ ရိပ် အစားဝင်ဖို့လိုသေးတယ်၊ ကိုယ် ရိပ်ကို ဟင်းကောင်းကောင်းတွေရှိတဲ့ ထမင်းဆိုင်ခေါ်သွားမယ်"

တေဇ ရိပ်၏ပါးလေးတွေကို ငုံ့နမ်းလိုက်ကာ ထရပ်လိုက်ပြီး ဆေးကုန်သွားရင် ရိပ် ရေချိုးလို့ရအောင် ရေနွေးစပ်ပေးထားလိုက်သည်။ ညက ကောင်း‌ကောင်းမစားတာမို့ ရိပ်ကို အိမ်မှာထက် အပြင်မှာ ကျွေးဖို့ ဆုံးဖြတ်လိုက်သည်။

တိတ်တဆိတ်သာ လှုပ်ရှားနေသည့် ရိပ်ကို သူ စောင့်ကြည့်နေရင်း လိုတာ လိုက်လုပ်ပေးနေ၏။ ရိပ်ကို နွေးထွေးသည့်အဝတ်အစားများ ဝတ်ပေးပြီးသကာလ ကားပေါ်တင်ခေါ်လာခဲ့သည်။

"ကျွန်တော် မောင်းပေးမယ်လေ"

"ကိုယ် မင်းမောင်းတဲ့ကားတော့ လိုက်မစီးရဲဘူး"

တေဇကိုယ်တိုင်သာ ကားမောင်းလာခဲ့ပြီး စံအိမ်ထဲကနေ ထွက်လာကြသည်။ ဘေး၌ ငြိမ်ငြိမ်လေးထိုင်နေသည့်ရိပ်က တစ်နေရာအရောက်၌ ကားမှန်ကို ချလိုက်ကာ သူ့လက်မောင်းကို ဆွဲလှုပ်ခါလာခဲ့သည်။

"ကိုကို ဟိုမှာ ဘောလုံးတွေ"

တေဇ ရိပ်ပြရာ မိုးပေါ်သို့ လိုက်ကြည့်လိုက်၏။ ပုဂံ၌ ဒီရာသီဆို ဝေဟင်ထက်၌ ဘောလုံးတွေ စီးရင်း နေဝင်ချိန်နှင့် နေထွက်ချိန် အလှကို ရှူစားလို့ရသည်။ သူတို့ထွက်လာတာ ညနေစောင်းနေပြီမို့ ကောင်းကင်‌ပေါ်၌ ဘောလုံးရောင်စုံ ပျံဝဲနေတာကို တွေ့လိုက်ကြရသည်။

"ကိုကို ‌အဲ့ဒါ စီးဖူးလား"

"စီးဖူးတယ်၊ ခဏခဏပဲ၊ အခုနှစ်ပိုင်းတွေသာ မစီးဖြစ်တာ၊ ကိုယ်တို့ရဲ့ ဟိုတယ်တွေမှာလည်း အဲ့ဝန်ဆောင်မှုလုပ်ပေးတာ ရှိတယ်လေ"

ရိပ် အားကျသွားကာ ကားဘောင်‌ပေါ် လက်တင်ကာ မေးထောက်လိုက်ပြီး ဘောလုံးတွေ ပျံဝဲနေတာကို ငေးကြည့်ရင်း လိုက်ပါလာသည်။

"ကျွန်တော်တော့ တစ်ခါမှ မစီးဖူးသေးဘူး၊ ငယ်ငယ်က ကျွန်တော် ပုဂံလာလည်ရင် ဘောလုံးတွေ တွေ့တိုင်း တက်စီးချင်တာ။ အဲ့ဘောလုံးစီးရတာ ဈေးကြီးလို့ မစီးနိုင်ခဲ့ဘူး။ ကိုကိုက သူ ကြီးလာရင် ပိုက်ဆံစုပြီး ကျွန်တော်နဲ့ နှစ်ယောက်တူတူ သွားစီးမယ်လို့ ကတိပေးခဲ့တာ။ ဒါပေမဲ့ ကိုကိုက ကြီးလာတော့ အဲ့ဘောလုံးကို မမပန်းအိမ်နဲ့ပဲ အရင်သွားစီးတယ်။ ကျွန်တော်နဲ့ စီးမယ်ပြောထားပြီး ကိုကို မေ့သွားတာလား မသိဘူး။ ကိုကိုနဲ့ တစ်ခါမှ မစီးလိုက်ရဘူး"

တစ်လျှောက်လုံး ငြိမ်နေသည့် ရိပ်ဆီမှ စကားသံကို တေဇ ကြားလိုက်ရခြင်းဖြစ်သည်။

"အခု စီးချင်လို့လား၊ မင်း စီးချင်တယ်ဆိုရင် ကိုယ် ဟိုတယ်ဝန်ထမ်းတွေကို အကြောင်းကြားထားလိုက်မယ်၊ ဒါပေမဲ့ ဒီနေ့တော့ မရဘူး၊ မင်း အစားစားရဦးမယ်၊ နောက်နေ့မှ လိုက်ပို့ပေးမယ်နော်"

"အင်း၊ တကယ် စီးချင်တယ်၊ ဘောလုံးတွေက ဟိုးအမြင့်ကြီးထိ ရောက်သွားတော့ ကိုကို့ကို ဒီကနေ ကြည့်တာထက် နည်းနည်းနီးနီးက ပိုမြင်ရမှာ"

"ဟက်၊ မင်းအစ်ကို နတ်ပြည်ရောက်နေတယ်များ ထင်လို့လား၊ အဲ့ကောင်က အခုလောက်ဆို ငရဲပြည်မှာပဲ ရှိနေမှာ"

ရိပ် သူ့ကို ဘာမှပြန်မ‌ပြောဘဲ ဘောလုံးတွေကိုသာ လိုက်ငေးနေတာမို့ တေဇ သူ့ကားကို အရှိန်လျှော့မောင်းလိုက်ပြီး ရိပ်၏ ဆံနွယ်များကို လှမ်းဖွလိုက်မိသည်။

သူ နောင်ရိုးရိပ်နဲ့ ပေါင်းဖြစ်ခဲ့ဖူးတာမို့ နောင်ရိုးရိပ်ထံ၌ ညီလေးတစ်ယောက်ရှိသည်၊ ထိုညီလေးက သူ့လိုပဲ ဂေးနေသည်ဟုသာ သိခဲ့ရသည်။ ထိုကောင် သူ့ညီကို ချစ်တော့ချစ်ပုံရမှန်း သူ သိသော်ငြား အခုလို ရိပ်နဲ့ တူတူရှိနေရချိန်၌မူ နောင်ရိုးရိပ် သူ့ညီကို ချစ်တာထက် ရိပ်က သူ့အစ်ကိုကို ပိုချစ်မှန်း သူ သတိထားလိုက်မိသည်။

ထိုညနေက ရိပ် ကြိုက်လောက်မည့် ဆိုင်ကောင်းကောင်း၌ ရိပ်ကို ညစာဝင်အောင် ကျွေးလို့ရခဲ့သည်။ ရိပ်၏ တောင်းဆိုချက်အရ သူ ရိပ်ကို သူ့အဖိုးရှိရာ ‌ဆေးရုံသို့လည်း လိုက်ပို့ပေးခဲ့သည်။

ထိုနေရာ၌ ဦးနေရိပ်၏ သက်တော်စောင့်များက ရိပ်အား အဝင်တောင် မခံတာမို့ တေဇ ကြားထဲကနေပင် ခပ်ဝေး‌ဝေးက လှမ်းကြည့်နေရင်း ဒေါသထွက်လာမိသည်။

ရိပ် သူ့နား ပြန်လျှောက်လာချိန်၌-

"ဘာလို့ သူတို့ကို ပြန်ကြောက်နေတာလဲ၊ ကိုယ့်အဖိုးကိုယ်ကြည့်တာ သူတို့ ခွင့်ပြုချက်လိုသေးတာလား"

ရိပ်က ဘာမှပြန်မဖြေလာဘဲ သူ့ရှေ့ကနေ ဆက်လျှောက်သွားပြီမို့ သူ ထိုအုပ်စုကို သွားဖြဲဖို့ လုပ်မိသည်။ ဦးနေရိပ်တို့နှင့် မပတ်သက်ချင်တာမို့ သူ ပြန်လှည့်လိုက်ပြီး ရိပ်နောက်ကိုသာ ပြေးလိုက်လာခဲ့သည်။

ဒီတစ်ညလုံးလည်း တေဇ သူ့အိပ်ဆောင်မှာသာ ရှိနေခဲ့သည်။ နေဆက်ပိုင်ကို သွားတွေ့သင့်မှန်း သိသော်လည်း သူ နေဆက်ပိုင်ဆီသွားဖို့ ဘယ်လိုမှကို အာရုံမရဖြစ်နေတာကြောင့် ဖုန်းကိုသာ ရည်ရွယ်ချက်မရှိ သုံးနေသည်။

ထိုအချိန်၌ သတင်းတစ်ခုကို တွေ့လိုက်ရတာမို့ တေဇ ထိုသတင်းအား အပြန်ပြန်အလှန်လှန်ကြည့်နေမိကာ ထိုသတင်း၌ပါသည့် ဗီဒီယိုအတိုလေးကို ကြည့်ရင်း ကြည့်ရင်း သူ့မျက်လုံးများ စူးရဲလာခဲ့၏။

သက်ခွန်းယံ၏ အဖေက ဒီနယ်မြေ၌ နာမည်ကြီး နှလုံးအထူးကု ဆရာဝန်ကြီးတစ်ဦးဖြစ်၏။ သတင်းတွေ၌ မကြာခဏ ဖော်ပြခံရသူတစ်ဦးလည်း ဖြစ်သည်။ အခုလည်း သူ့သားဖြစ်သူ သက်ခွန်းယံက ဂေးနေတာလားဟုသည့် သတင်းခေါင်းစဉ်ဖြင့် ဗီဒီယိုတစ်ခုတက်လာခြင်းဖြစ်၏။ ထို‌ဗီဒီယိုထဲ၌ ရိပ်နှင့် သက်ခွန်းယံကို အိပ်ရာပေါ်၌ တွေ့လိုက်ရကာ ရိပ် သက်ခွန်းယံကို ပြုံးပြနေသလို သက်ခွန်းယံကလည်း ရိပ်ကို အမုန်းမျက်လုံးမျိုးနှင့် မကြည့်ဘဲ ပွတ်သီးပွတ်သပ်လုပ်နေတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာမို့ သူ ထောင်းခနဲ ဖြစ်သွားသည်။

သက်ခွန်းယံ မနေ့က အချိုးပြောင်းနေတာကို သူ ချက်ချင်း သတိရသွားသည်။ တေဇ တစ်ဖက်ကုတင်ပေါ်၌ လှဲနေသည့် ရိပ်ကို ဆတ်ခနဲ ကုတင်ပေါ်က ဆွဲချလိုက်ပြီး ထိုဗီဒီယိုကို ပြလိုက်သည်။

"မင်းတို့ ငါ့နောက်ကွယ်မှာ ဒါ ဘာလုပ်နေတာလဲ"

ရိပ် ထိုဗီဒီယိုကို တအံ့တဩကြည့်နေရင်း သူ အခုလို ဗီဒီယို ရိုက်ခံထားလိုက်ရမည်ဟု မထင်ခဲ့ချေ။

"မဟုတ်ဘူး၊ ဒါ အမှန်မဟုတ်ဘူး၊ ကိုကို့သူငယ်ချင်းက လုံးဝမကောင်းဘူး"

"ဘာ! မင်းကရော ကောင်းနေတယ်များ ထင်နေတာလား၊ ငါ့သူငယ်ချင်းကို မမြှူဆွယ်နဲ့လို့ မင်းကို ပြောထားခဲ့တယ်မလား"

"ကိုကို ကျွန်တော့်ကို မယုံရင်လည်း ထပ်ပြောစရာ မရှိတော့ဘူး၊ ကိုကို ထင်ချင်သလိုသာ ထင်လိုက်တော့"

ရိပ် တောက်ခေါက်လိုက်မိ၏။ သူ ဘယ်ကဘယ်လို ဖြေရှင်းရမလဲပင် မသိ။ သူ့ထံ၌ သူ အနိုင်ကျင့်ခံရသည့် သက်သေက မရှိ။ သူ အလွန်ပေါက်ကွဲသွားတာမို့ သက်ခွန်းယံကို သွားတွေ့ဖို့ အခန်းပြင်ထွက်လိုက်ချိန် တေဇ သူ့အား စောင့်ဆွဲလာသည်။

"ဘယ်သွားမလို့လဲ"

"လွှတ်"

"မင်းကို ငါ့အငယ်အနှောင်းနေရာမှာ ထားမှာလို့ ပြောထားတာကို ငါ့သူငယ်ချင်းနဲ့ အခုလို နေရဲတယ်လား၊ မင်း ငါ့နားမှာ နေချင်ချင် မနေချင်ချင် မင်းကို ဒီညကစပြီး သိမ်းတယ်၊ ငါ့အိမ်ထဲကနေ ခြေတစ်လှမ်းတောင် ထွက်ဖို့ မစဉ်းစားနဲ့"

ရိပ် သူ့အား တင်းကြပ်စွာ ချုပ်နှောင်လာသည့် တေဇကို တွန်းဖယ်လိုက်ကာ သူ တေဇနားက ပြေးထွက်သွားခဲ့သည်။

"သူ့ကို ဖမ်းထားစမ်း"

တေဇ ခြံရှေ့က လုံခြုံရေးတွေကို အမိန့်ပေးလိုက်တာကြောင့် ထိုလူတွေ သူ့ကို ဖမ်းမမိခင် သူ ပြေးထွက်လိုက်ရသည်။

ထိုစဉ် သူ့မြေးလေးကို လာတွေ့သည့် ဦးမဟာတစ်ယောက် သူ့မြေး လှမ်းအော်တာကို ကြားလိုက်ရတာမို့ ရိပ်ကို သူ့လက်ထဲက တုတ်ကောက်ဖြင့် ဆီးရိုက်ဖမ်းလိုက်ပြီး သူကိုယ်တိုင် ချုပ်ဖမ်း‌ထားပေးလိုက်မိသည်။

ရိပ် အခုချိန်၌ အလွန်‌ဒေါသထွက်နေတာမို့ မျက်လုံးထဲ ဘာမှမမြင်တော့။ သူ့စိတ်တွေ ကြမ်းလာချိန်တိုင်း ရိုက်ခွဲ ပေါက်ခွဲတတ်သူဖြစ်သည့်အတိုင်း သူ ဦးမဟာကို အရှိန်ဖြင့် စောင့်တွန်းပစ်လိုက်သည်။

"အား"

သူ့အရှိန်က များသွားတာလည်း ပါသလို ထိုဘိုးတော်က အစကတည်းက တုံချိတုံချိမို့ တုတ်ကောက်နှင့်ထိန်းပြီးပင် လမ်းလျှောက်နေရသူဖြစ်တာကြောင့် လည်ထွက်သွားကာ နောက်က အုတ်နံရံနှင့် ခေါင်းပြေးစောင့်သည်။ ဦးမဟာ၏ခေါင်းနောက်က သွေးများစီးကျလာကာ ခွေလဲသွားခဲ့သည်။

ထိုမြင်ကွင်းက တေဇအား လျှော့ခ်ရသွားစေခဲ့၏။

"ဖိုး. .ဖိုး"

လုံခြုံရေးများနှင့် သက်တော်စောင့်များ အပြေးရောက်လာကြကာ စံအိမ်တစ်ခုလုံး ယောက်ယတ်ခတ်သွားကြချိန် ရိပ် ထိုနေရာ၌ပင် ကျောက်ရုပ်လို ငြိမ်ရပ်နေမိစဥ် ကိုကို သူ့အား အရင်ကလို၊ အရင်ကထက်ပင် ရန်သူတစ်ယောက်လို လှည့်ကြည့်လာခဲ့သည်။

"ငါ့အဖိုးတစ်ခုခု ဖြစ်သွားရင် မင်း သေပြီပဲ"

အရေးပေါ်ကားပေါ်သို့ နေဆက်ပိုင်နှင့်အတူ တေဇ လိုက်တက်သွားတော့သည်။

ကံကောင်းထောက်မစွာဖြင့် အဖိုးကို သူတို့မသေမပျောက် အချိန်မီ ကယ်ဆယ်နိုင်ခဲ့ကြ၏။ သို့သော် အသက်အရွယ်ကြီးနေသည့် အဖိုးခမျာ အရေးပေါ်ခန်းထဲ၌ ရောက်နေခဲ့ရှာသည်။ အဖိုးကို အခုလို မြင်ရတာ တေဇ အလွန်ဝမ်းနည်းမိတာမို့ အဖိုးနားမှာတောင် သူ ကြာကြာမနေနိုင်ပေ။

ထိုညက တေဇ ဆေးရုံနားက ဘားထဲ၌ မသောက်တာကြာနေပြီဖြစ်သည့် အရက်တွေကို မူးပြီး ဘာမှမမှတ်မိတော့အောင်အထိ သောက်နေခဲ့သည်။

အဖိုးသာ တစ်ခုခုဖြစ်သွားလျှင် သူ ရိပ်ကို ခွင့်လွှတ်မှာ မဟုတ်။ ဆေးရုံကုတင်ပေါ်မှာ အဖိုး ခုလိုလှဲနေရအောင် လုပ်ခဲ့သည့် ရိပ်ကို သူ ဒေါသထွက်နေဆဲပင်။

သူ ထိုညက အိမ်ပြန်လာ၏။

"မင်းကို ပြေးပြီထင်တာ၊ ဟက်၊ မင်းကို ငါ ဒီည အပိုင်ယူပစ်မယ်၊ မင်းက ဒီညကစပြီး ငါ့ရဲ့ဒုတိယကြင်ယာတော်ပဲ"

ရိပ် သူ့အိပ်ခန်းထဲမှာ ရှိနေတာကို မြင်လိုက်ရတာမို့ တေဇ ထိုကောင်လေးအား သူ့ကုတင်ပေါ်သို့ တွန်းချလိုက်ကာ ရိပ်ကို သူ့အောက်၌ ချုပ်ထားလိုက်သည်။ ရိပ်၏အင်္ကျီတွေကို ဆွဲဖြဲပစ်လိုက်ရင်း ပထမတစ်ကြိမ်တုန်းကလိုပဲ သူ ထိုကောင်လေး၏ ခန္ဓာကိုယ်ကို အတင်းအဓမ္မ သိမ်းယူပစ်လိုက်တော့သည်။

သူ သေချာမမှတ်မိသော်လည်း ရိပ်နဲ့ အတူနေဖြစ်သည့် ဒီသုံးကြိမ်မြောက်က သူ ရိပ်အပေါ် အကြမ်းတမ်းဆုံး အပြုအမူများဖြင့် ရိပ်ကို သိမ်းယူခဲ့လိုက်တာပင်။

မနက်ရောက်ချိန်တွင် တေဇ၏ ခေါင်းတွေ တဆစ်ဆစ် ကိုက်နေသည်။ သူ့နဖူးကို လက်ဖြင့်ဖိလိုက်ပြီး ဘေးကို ငဲ့ကြည့်လိုက်ချိန် သူ့မျက်လုံးများ ဝိုင်းစက်သွားရသည်။

နှစ်ယောက်လုံး၏ ခန္ဓာကိုယ်က ဝတ်လစ်စလစ်များဖြင့်သာ ရှိနေတာဖြစ်တာမို့ တေဇ သူ့ဘေး၌ အဝတ်အစားကင်းမဲ့နေသည့် နေဆက်ပိုင်ကို မြင်လိုက်ရတာက သူ့အား လန့်ဖြန့်သွားစေခဲ့သည်။ သူ ညက ရိပ်ကို အနိုင်ကျင့်လိုက်မိတာဟုသာ တထစ်ချယုံကြည်ခဲ့တာဖြစ်သော်ငြား ညတုန်းက သူ တအားမူးနေတာမို့ အခြေအနေတွေကို သေချာမမှတ်မိတော့။

"ဟင်း...ကိုကို မောနင်း"

နေဆက်ပိုင် ကိုကို့ရင်ဘတ်ပေါ် ခေါင်းရွှေ့အိပ်လိုက်ကာ ညည်းညူလိုက်မိသည်။

"ကိုကို ညက အရမ်းဆိုးတာပဲ၊ ကျွန်တော့်ပထမဆုံးအကြိမ်ကို နည်းနည်းတောင် မညှာပေးဘူး"

"ရိပ်ရော"

နေဆက်ပိုင် ကိုကို့အား မျက်စောင်းထိုးလိုက်မိသွားသည်။

"ရိပ်ကို မြေတိုက်ထဲမှာ ညကထဲက အကျဉ်းချထားတယ်လေ၊ အန်ကယ်က ဖိုးကို အခုလို လုပ်ထားတဲ့ရိပ်ကို ဒီအတိုင်းကျော်သွားပေးမှာ မဟုတ်တော့ဘူးတဲ့။ ကိုကို မနေ့က အရမ်းမူးနေတာ မြင်လိုက်လို့ ကျွန်တော် စိတ်ပူပြီး ကိုကို့နောက် လိုက်လာခဲ့တာ"

တေဇ သူ့မျက်လုံးများကို မှိတ်လိုက်ပြီး ခေါင်းထဲ၌ ဗလာဖြစ်သွားရသည်။ သူ့‌အောက်၌ရှိနေခဲ့တာ ရိပ်ဟုပဲ တစ်ညလုံး မြင်ယောင်ခဲ့တာဖြစ်ပြီး သူ့သောင်းကျန်းမှုကြောင့် နာကျင်လွန်းလို့ ငိုယိုပြီး ရပ်ပေးဖို့ တောင်းပန်နေသည့် မျက်နှာလေးကိုပင် မငဲ့ပေးဘဲ သူ ရိပ်ကို ချေမွဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

"ကျွန်တော့်ကို အခုအရွယ်ထိ စောင့်နေပေးခဲ့တဲ့ ကိုကို့အတွက် ကျွန်တော် ကလေးလေး မွေးပေးမယ်နော်၊ ကိုကို့ကို ကျွန်တော် အရမ်းချစ်တာပဲ"

တေဇ ထထိုင်လိုက်ကာ နေဆက်ပိုင်၏ ခန္ဓာကိုယ်ပေါ်က အကွက်များစွာကို စိတ်မသက်သာစွာ ကြည့်လိုက်မိသည်။ သူ ညက လူမှားပြီး အမှားလုပ်မိသွားခဲ့လေသည်။

________________________

4.1.2024

[Zawgyi]

သက္ခြန္းယံႏွင့္ စကားရပ္ေျပာေနသည့္ ေတဇဓိရာဇ္ သူ႕ေနာက္ဖက္၌ ထိုးအန္ေနေသာ ရိပ္ကို ျမင္လိုက္ရခ်ိန္၌ စိတ္ပူသြားသည္။ သူ ရိပ္နားသို႔ ခ်က္ခ်င္း ေျပးလာခဲ့ၿပီး ရိပ္ေဘး ဝင္ထိုင္လိုက္ကာ ရိပ္၏ေနာက္ေက်ာကို ဖိဖိေပးေနမိ၏။

သက္ခြန္းယံ ရိပ္ကို တစ္ခ်က္လွမ္းၾကည့္လိုက္ကာ သူ႕ကားထဲ၌ အေရးေပၚေဆာင္ထားျဖစ္သည့္ ေဆးေသတၱာထဲက ေသြးေပါင္ခ်ိန္စက္ကို ထုတ္ယူလိုက္ၿပီး ရိပ္ကို ခုံေပၚဝင္ထိုင္ခိုင္းလိုက္ရ၏။

ရိပ္တစ္ေယာက္ ထရပ္လိုက္ရခ်ိန္၌ ျမင္ကြင္းမ်ားက ခ်ာခ်ာလည္ေနသည္။ ကိုကို သူ႕ကို တြဲေပးထား၏။ ထိုင္ခုံ၌ ထိုင္လိုက္ရခ်ိန္၌လည္း သူ႕ေခါင္းသူ မတ္မတ္မထားနိုင္ေတာ့တာမို႔ ကိုကို႔ပခုံးေပၚ မွီထားရသည္။

"သူ ေသြးေပါင္ေတြ တအားက်ေနတာပဲ"

သက္ခြန္းယံ ရိပ္ကို စစ္ေဆးမႈတခ်ိဳ႕ ျပဳလုပ္ေနရင္း-

"မင္း အစည္းအေဝးရွိတယ္ဆို သြားႏွင့္လိုက္ေလ၊ ငါ သူ႕ကို ၾကည့္ေပးထားလိုက္မယ္၊ သူ နားဖို႔လိုေနတယ္"

ရိပ္ ကိုကို႔လက္ေမာင္းကို မူးေဝေနသည့္ၾကားက အတင္းဆြဲထားလိုက္မိသည္။

"ကြၽန္ေတာ္ လိုက္မယ္"

"မင္း နားလိုက္ဦးေလ၊ ကိုယ္ အစည္းအေဝးၿပီးတာနဲ႕ ျပန္လာခဲ့မယ္"

ရိပ္က သူ႕အား ရွိသမွ်အားႏွင့္ ကုပ္ဆြဲထားတာမို႔ ေတဇ တိုင္ပတ္သြားရသည္။ ဒီအစည္းအေဝးကလည္း အေရးႀကီးတာမို႔ သူ သြားမွျဖစ္မည္။

"ယံ ငါ ခဏသြားလိုက္ဦးမယ္၊ ငါ ျပန္လာမွ မင္း ေဆးခန္းသြားလို႔ ျဖစ္တယ္မလား၊ သူ႕ကို ဆရာဝန္ေခၚေပးဖို႔ လိုလား"

"မလိုေသးဘူး၊ သူ ျပန္အိပ္လိုက္ရင္ သက္သာသြားမွာ"

သက္ခြန္းယံ ရိပ္အား သူ႕ဖက္သို႔ ဖ်တ္ခနဲ ဆြဲလိုက္တာမို႔ ေတဇကို ဆြဲထားသည့္ ရိပ္၏လက္ေတြ ျပဳတ္သြားသည္။ ထိုအခ်ိန္၌ သူ ရိပ္အား ဆြဲ,မလိုက္ကာ ေတဇကို သြားေတာ့ဖို႔ အခ်က္ျပလိုက္ၿပီး ရိပ္ကို ေတဇ အိပ္ခန္းရွိရာသို႔ တြဲေခၚလာခဲ့သည္။

ရိပ္ ကိုကို႔အား မူးေဝေနသည့္ၾကားမွ ဝမ္းနည္းစြာ လွည့္ၾကည့္လိုက္မိရင္း သက္ခြန္းယံ ေခၚရာေနာက္သို႔ ပါသြားရေတာ့၏။

အိပ္ခန္းထဲသို႔ ေရာက္ခ်ိန္၌ သက္ခြန္းယံက သူ႕အား မူမမွန္သည့္ အျပဳအမူမ်ား လုပ္မလာခဲ့ဘဲ အိပ္ရာထဲသာ ထည့္ေပးလာၿပီး သူ႕ခပ္ေဝးေဝး၌ သြားထိုင္ေနသည္။

"အိပ္လိုက္ဦး၊ ငါ မင္းကို ဘာမွမလုပ္ပါဘူး"

ရိပ္ မ်က္လုံးကို မွိတ္ထားၿပီး သူ႕လက္ႏွစ္ဖက္သူ ဆုပ္ထားမိသည္။ သူ အခု အလြန္ေၾကာက္ေနၿပီး ေနလို႔မေကာင္းတာပဲ သိသည္။

ထိုအခ်ိန္၌ အခန္းတံခါးပြင့္လာတာမို႔ သူ ထိတ္လန႔္စြာ ေခါင္းေထာင္ၾကည့္လိုက္ခ်ိန္ ကိုကို ျပန္ဝင္လာတာကို ေတြ႕လိုက္ရသည္။

"ဘာက်န္ခဲ့လို႔လဲ"

သက္ခြန္းယံ လွမ္းေမးလိုက္ၿပီး ေတဇ အခုလို ျပန္ဝင္လာမည္ဆိုတာကို သိေနတာမို႔ ရိပ္ကို ဘာမွမလုပ္ဘဲ ေနေနေသးတာျဖစ္၏။

"အစည္းအေဝးဖ်က္လိုက္ၿပီ၊ မင္း ‌ေဆးခန္းသြားရင္သြားေတာ့၊ ငါပဲ ေစာင့္လိုက္ေတာ့မယ္"

သက္ခြန္းယံ သူ႕ပါးေစာင္ကို လွ်ာျဖင့္ထိုးလိုက္ရင္း မဲ့ၿပဳံးၿပဳံးလိုက္မိ၏။ သူ ထရပ္လိုက္ကာ ေတဇႏွင့္ စကားၿပိဳင္မေျပာခ်င္တာမို႔ ေခါင္းညိတ္ျပသည္။ ထို႔ေနာက္ အခန္းျပင္ထြက္လာခဲ့ၿပီး လာရင္းကိစၥျဖစ္သည့္ ေနဆက္ပိုင္ႏွင့္ ေတြ႕ဖို႔အတြက္ ေနဆက္ပိုင္၏ အေဆာင္ဖက္ကိုသာ ေလွ်ာက္သြားေတာ့သည္။

"ရိပ္ကို ကိုယ္ ဘာလုပ္ေပးရမလဲ၊ ကိုယ္ ဆရာဝန္လည္း ေခၚေပးထားတယ္ေနာ္"

ေတဇ ရိပ္၏ကုတင္ေပၚ ဝင္ထိုင္လိုက္ၿပီး ရိပ္၏ပါးျပင္ေလးေတြကို သူ႕လက္ဖမိုးျဖင့္ ခပ္ဖြဖြစမ္းၾကည့္ေနမိသည္။ အဖ်ားေတာ့ မရွိေသာ္ျငား ထိုကေလးက လိုတာထက္ ျဖဴေဖ်ာ့လြန္းေနတာမို႔ သူ ဆရာဝန္ပါ ေခၚလိုက္ရျခင္းျဖစ္သည္။ ယံက သြားဆရာဝန္တစ္ေယာက္ေပမို႔ ယံ့ေလာက္နဲ႕ ရိပ္ကို သူ စိတ္မခ်နိဳင္‌ေသာေၾကာင့္ပင္။

"ကြၽန္ေတာ့္နားမွာပဲ ေနေပးပါ၊ ကြၽန္ေတာ္ အိပ္ေနရင္လည္း ေဘးမွာပဲ ရွိေနေပးပါ"

"အင္း၊ အိပ္လိုက္ဦး၊ ရိပ္ ညကလည္း ေသခ်ာမအိပ္ဘူး၊ ကိုယ္ ရွိေနမယ္ေနာ္"

သူ ရိပ္၏လက္ေခ်ာင္းေလးမ်ားကို ဆုပ္ကိုင္လိုက္ကာ သူ႕ကုတ္ကို ခြၽတ္လိုက္ၿပီး ရိပ္၏ ရင္ဘတ္ေပၚသို႔ အုပ္တင္ေပးလိုက္သည္။ ခုန အန္ထားတာမို႔ ရိပ္၏တီရွပ္က အနည္းငယ္စိုေနေသာ္လည္း ထိုကေလးကို အကၤ်ီလဲေပးလွ်င္ ထပ္မူးေနမွာ စိတ္ပူတာမို႔ သူ႕အကၤ်ီသာ ခဏၿခဳံေပးထားလိုက္ၿပီး ေႏြးေႏြးေထြးေထြး ရွိေအာင္ ဂ႐ုတစိုက္ျပဳစုယုယေနမိသည္။

ရိပ္ အိပ္ေမာက်သြားခ်ိန္၌ ဆရာဝန္ ေရာက္လာၿပီး ေဆးခ်ိတ္ေပးသြားခဲ့သည္။ ရိပ္၏ခႏၶာကိုယ္ အတြင္းပိုင္းတည္ေဆာက္ပုံ၌ မူမမွန္တာ ရွိေနသည္ဟု ထိုဆရာေျပာသြားခဲ့ကာ ေဆးေသခ်ာစစ္ၾကည့္ေပးဖို႔ လိုအပ္ေၾကာင္း မွာသြားခဲ့သည္။

သူ ေဆး႐ုံတက္လိုက္ရကတည္းက ရိပ္က ေဖ်ာ့ေတာ့လြန္းသြားသည္ဟု သူလည္း ထင္မိပါ၏။ သူ တစ္ခုခုျဖစ္တိုင္း ဒီကေလးကပါ လိုက္ပါခံစားေနရတာမ်ိဳး မျဖစ္ေစခ်င္။ သူက ငယ္ငယ္ကတည္းက မၾကာခဏ ေဆး႐ုံ‌ေဆးခန္း ေရာက္ေနရသူျဖစ္သည္။

ေဆးမကုန္ခင္ ရိပ္ ျပန္နိုးလာသည္။ မ်က္လုံးဖြင့္လိုက္ခ်ိန္၌ မနက္ကလို မဟုတ္ေတာ့ဘဲ ေတာ္ေတာ္ေလး ေနလို႔ေကာင္းသြားသည္။ သူ႕တစ္ကိုယ္လုံး ေႏြးေႏြးေထြးေထြးျဖစ္ေနတာမို႔ ရိပ္ သူ႕ေဘးကို ေခါင္းေစာင္းၾကည့္လိုက္ခ်ိန္ ကိုကို သူ႕ကို ဖက္ထားၿပီး သူ႕ေဘးမွာ ေဘးေစာင္းအိပ္ေနတာကို ေတြ႕လိုက္ရသည္။

"နိုးၿပီလား၊ ဘယ္လိုေနေသးလဲ၊ သက္သာလား"

ကိုကို ခ်က္ခ်င္းနိုးလာၿပီး သူ႕ကို အုပ္မိုးရင္း ေမးလာတာမို႔ ေခါင္းညိတ္ျပလိုက္ရသည္။

"ဒါဆို ေဆးကုန္ရင္ အျပင္ခဏထြက္ရေအာင္၊ ရိပ္ အစားဝင္ဖို႔လိုေသးတယ္၊ ကိုယ္ ရိပ္ကို ဟင္းေကာင္းေကာင္းေတြရွိတဲ့ ထမင္းဆိုင္ေခၚသြားမယ္"

ေတဇ ရိပ္၏ပါးေလးေတြကို ငုံ႕နမ္းလိုက္ကာ ထရပ္လိုက္ၿပီး ေဆးကုန္သြားရင္ ရိပ္ ေရခ်ိဳးလို႔ရေအာင္ ေရေႏြးစပ္ေပးထားလိုက္သည္။ ညက ေကာင္း‌ေကာင္းမစားတာမို႔ ရိပ္ကို အိမ္မွာထက္ အျပင္မွာ ေကြၽးဖို႔ ဆုံးျဖတ္လိုက္သည္။

တိတ္တဆိတ္သာ လႈပ္ရွားေနသည့္ ရိပ္ကို သူ ေစာင့္ၾကည့္ေနရင္း လိုတာ လိုက္လုပ္ေပးေန၏။ ရိပ္ကို ေႏြးေထြးသည့္အဝတ္အစားမ်ား ဝတ္ေပးၿပီးသကာလ ကားေပၚတင္ေခၚလာခဲ့သည္။

"ကြၽန္ေတာ္ ေမာင္းေပးမယ္ေလ"

"ကိုယ္ မင္းေမာင္းတဲ့ကားေတာ့ လိုက္မစီးရဲဘူး"

ေတဇကိုယ္တိုင္သာ ကားေမာင္းလာခဲ့ၿပီး စံအိမ္ထဲကေန ထြက္လာၾကသည္။ ေဘး၌ ၿငိမ္ၿငိမ္ေလးထိုင္ေနသည့္ရိပ္က တစ္ေနရာအေရာက္၌ ကားမွန္ကို ခ်လိဳက္ကာ သူ႕လက္ေမာင္းကို ဆြဲလႈပ္ခါလာခဲ့သည္။

"ကိုကို ဟိုမွာ ေဘာလုံးေတြ"

ေတဇ ရိပ္ျပရာ မိုးေပၚသို႔ လိုက္ၾကည့္လိုက္၏။ ပုဂံ၌ ဒီရာသီဆို ေဝဟင္ထက္၌ ေဘာလုံးေတြ စီးရင္း ေနဝင္ခ်ိန္ႏွင့္ ေနထြက္ခ်ိန္ အလွကို ရႉစားလို႔ရသည္။ သူတို႔ထြက္လာတာ ညေနေစာင္းေနၿပီမို႔ ေကာင္းကင္‌ေပၚ၌ ေဘာလုံးေရာင္စုံ ပ်ံဝဲေနတာကို ေတြ႕လိုက္ၾကရသည္။

"ကိုကို ‌အဲ့ဒါ စီးဖူးလား"

"စီးဖူးတယ္၊ ခဏခဏပဲ၊ အခုႏွစ္ပိုင္းေတြသာ မစီးျဖစ္တာ၊ ကိုယ္တို႔ရဲ႕ ဟိုတယ္ေတြမွာလည္း အဲ့ဝန္ေဆာင္မႈလုပ္ေပးတာ ရွိတယ္ေလ"

ရိပ္ အားက်သြားကာ ကားေဘာင္‌ေပၚ လက္တင္ကာ ေမးေထာက္လိုက္ၿပီး ေဘာလုံးေတြ ပ်ံဝဲေနတာကို ေငးၾကည့္ရင္း လိုက္ပါလာသည္။

"ကြၽန္ေတာ္ေတာ့ တစ္ခါမွ မစီးဖူးေသးဘူး၊ ငယ္ငယ္က ကြၽန္ေတာ္ ပုဂံလာလည္ရင္ ေဘာလုံးေတြ ေတြ႕တိုင္း တက္စီးခ်င္တာ။ အဲ့ေဘာလုံးစီးရတာ ေဈးႀကီးလို႔ မစီးနိုင္ခဲ့ဘူး။ ကိုကိုက သူ ႀကီးလာရင္ ပိုက္ဆံစုၿပီး ကြၽန္ေတာ္နဲ႕ ႏွစ္ေယာက္တူတူ သြားစီးမယ္လို႔ ကတိေပးခဲ့တာ။ ဒါေပမဲ့ ကိုကိုက ႀကီးလာေတာ့ အဲ့ေဘာလုံးကို မမပန္းအိမ္နဲ႕ပဲ အရင္သြားစီးတယ္။ ကြၽန္ေတာ္နဲ႕ စီးမယ္ေျပာထားၿပီး ကိုကို ေမ့သြားတာလား မသိဘူး။ ကိုကိုနဲ႕ တစ္ခါမွ မစီးလိုက္ရဘူး"

တစ္ေလွ်ာက္လုံး ၿငိမ္ေနသည့္ ရိပ္ဆီမွ စကားသံကို ေတဇ ၾကားလိုက္ရျခင္းျဖစ္သည္။

"အခု စီးခ်င္လို႔လား၊ မင္း စီးခ်င္တယ္ဆိုရင္ ကိုယ္ ဟိုတယ္ဝန္ထမ္းေတြကို အေၾကာင္းၾကားထားလိုက္မယ္၊ ဒါေပမဲ့ ဒီေန႕ေတာ့ မရဘူး၊ မင္း အစားစားရဦးမယ္၊ ေနာက္ေန႕မွ လိုက္ပို႔ေပးမယ္ေနာ္"

"အင္း၊ တကယ္ စီးခ်င္တယ္၊ ေဘာလုံးေတြက ဟိုးအျမင့္ႀကီးထိ ေရာက္သြားေတာ့ ကိုကို႔ကို ဒီကေန ၾကည့္တာထက္ နည္းနည္းနီးနီးက ပိုျမင္ရမွာ"

"ဟက္၊ မင္းအစ္ကိုက နတ္ျပည္ေရာက္ေနတယ္မ်ား ထင္လို႔လား၊ အဲ့ေကာင္က အခုေလာက္ဆို ငရဲျပည္မွာပဲ ရွိေနမွာ"

ရိပ္ သူ႕ကို ဘာမွျပန္မ‌ေျပာဘဲ ေဘာလုံးေတြကိုသာ လိုက္ေငးေနတာမို႔ ေတဇ သူ႕ကားကို အရွိန္ေလွ်ာ့ေမာင္းလိုက္ၿပီး ရိပ္၏ ဆံႏြယ္မ်ားကို လွမ္းဖြလိုက္မိသည္။

သူ ေနာင္ရိုးရိပ္နဲ႕ ေပါင္းျဖစ္ခဲ့ဖူးတာမို႔ ေနာင္ရိုးရိပ္ထံ၌ ညီေလးတစ္ေယာက္ရွိသည္၊ ထိုညီေလးက သူ႕လိုပဲ ေဂးေနသည္ဟုသာ သိခဲ့ရသည္။ ထိုေကာင္ သူ႕ညီကို ခ်စ္ေတာ့ခ်စ္ပုံရမွန္း သူ သိေသာ္ျငား အခုလို ရိပ္နဲ႕ တူတူရွိေနရခ်ိန္၌မူ ေနာင္ရိုးရိပ္ သူ႕ညီကို ခ်စ္တာထက္ ရိပ္က သူ႕အစ္ကိုကို ပိုခ်စ္မွန္း သူ သတိထားလိုက္မိသည္။

ထိုညေနက ရိပ္ ႀကိဳက္ေလာက္မည့္ ဆိုင္ေကာင္းေကာင္း၌ ရိပ္ကို ညစာဝင္ေအာင္ ေကြၽးလို႔ရခဲ့သည္။ ရိပ္၏ ေတာင္းဆိုခ်က္အရ သူ ရိပ္ကို သူ႕အဖိုးရွိရာ ‌ေဆး႐ုံသို႔လည္း လိုက္ပို႔ေပးခဲ့သည္။

ထိုေနရာ၌ ဦးေနရိပ္၏ သက္ေတာ္ေစာင့္မ်ားက ရိပ္အား အဝင္ေတာင္ မခံတာမို႔ ေတဇ ၾကားထဲကေနပင္ ခပ္ေဝး‌ေဝးက လွမ္းၾကည့္ေနရင္း ေဒါသထြက္လာမိသည္။

ရိပ္ သူ႕နား ျပန္ေလွ်ာက္လာခ်ိန္၌-

"ဘာလို႔ သူတို႔ကို ျပန္ေၾကာက္ေနတာလဲ၊ ကိုယ့္အဖိုးကိုယ္ၾကည့္တာ သူတို႔ ခြင့္ျပဳခ်က္လိုေသးတာလား"

ရိပ္က ဘာမွျပန္မေျဖလာဘဲ သူ႕ေရွ႕ကေန ဆက္ေလွ်ာက္သြားၿပီမို႔ သူ ထိုအုပ္စုကို သြားၿဖဲဖို႔ လုပ္မိသည္။ ဦးေနရိပ္တို႔ႏွင့္ မပတ္သက္ခ်င္တာမို႔ သူ ျပန္လွည့္လိုက္ၿပီး ရိပ္ေနာက္ကိုသာ ေျပးလိုက္လာခဲ့သည္။

ဒီတစ္ညလုံးလည္း ေတဇ သူ႕အိပ္ေဆာင္မွာသာ ရွိေနခဲ့သည္။ ေနဆက္ပိုင္ကို သြားေတြ႕သင့္မွန္း သိေသာ္လည္း သူ ေနဆက္ပိုင္ဆီသြားဖို႔ ဘယ္လိုမွကို အာ႐ုံမရျဖစ္ေနတာေၾကာင့္ ဖုန္းကိုသာ ရည္႐ြယ္ခ်က္မရွိ သုံးေနသည္။

ထိုအခ်ိန္၌ သတင္းတစ္ခုကို ေတြ႕လိုက္ရတာမို႔ ေတဇ ထိုသတင္းအား အျပန္ျပန္အလွန္လွန္ၾကည့္ေနမိကာ ထိုသတင္း၌ပါသည့္ ဗီဒီယိုအတိုေလးကို ၾကည့္ရင္း ၾကည့္ရင္း သူ႕မ်က္လုံးမ်ား စူးရဲလာခဲ့၏။

သက္ခြန္းယံ၏ အေဖက ဒီနယ္ေျမ၌ နာမည္ႀကီး ႏွလုံးအထူးကု ဆရာဝန္ႀကီးတစ္ဦးျဖစ္၏။ သတင္းေတြ၌ မၾကာခဏ ေဖာ္ျပခံရသူတစ္ဦးလည္း ျဖစ္သည္။ အခုလည္း သူ႕သားျဖစ္သူ သက္ခြန္းယံက ေဂးေနတာလားဟုသည့္ သတင္းေခါင္းစဥ္ျဖင့္ ဗီဒီယိုတစ္ခုတက္လာျခင္းျဖစ္၏။ ထို‌ဗီဒီယိုထဲ၌ ရိပ္ႏွင့္ သက္ခြန္းယံကို အိပ္ရာေပၚ၌ ေတြ႕လိုက္ရကာ ရိပ္ သက္ခြန္းယံကို ၿပဳံးျပေနသလို သက္ခြန္းယံကလည္း ရိပ္ကို အမုန္းမ်က္လုံးမ်ိဳးႏွင့္ မၾကည့္ဘဲ ပြတ္သီးပြတ္သပ္လုပ္ေနတာကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရတာမို႔ သူ ေထာင္းခနဲ ျဖစ္သြားသည္။

သက္ခြန္းယံ မေန႕က အခ်ိဳးေျပာင္းေနတာကို သူ ခ်က္ခ်င္း သတိရသြားသည္။ ေတဇ တစ္ဖက္ကုတင္ေပၚ၌ လွဲေနသည့္ ရိပ္ကို ဆတ္ခနဲ ကုတင္ေပၚက ဆြဲခ်လိဳက္ၿပီး ထိုဗီဒီယိုကို ျပလိုက္သည္။

"မင္းတို႔ ငါ့ေနာက္ကြယ္မွာ ဒါ ဘာလုပ္ေနတာလဲ"

ရိပ္ ထိုဗီဒီယိုကို တအံ့တဩၾကည့္ေနရင္း သူ အခုလို ဗီဒီယို ရိုက္ခံထားလိုက္ရမည္ဟု မထင္ခဲ့ေခ်။

"မဟုတ္ဘူး၊ ဒါ အမွန္မဟုတ္ဘူး၊ ကိုကို႔သူငယ္ခ်င္းက လုံးဝမေကာင္းဘူး"

"ဘာ! မင္းကေရာ ေကာင္းေနတယ္မ်ား ထင္ေနတာလား၊ ငါ့သူငယ္ခ်င္းကို မျမႇူဆြယ္နဲ႕လို႔ မင္းကို ေျပာထားခဲ့တယ္မလား"

"ကိုကို ကြၽန္ေတာ့္ကို မယုံရင္လည္း ထပ္ေျပာစရာ မရွိေတာ့ဘူး၊ ကိုကို ထင္ခ်င္သလိုသာ ထင္လိုက္ေတာ့"

ရိပ္ ေတာက္ေခါက္လိုက္မိ၏။ သူ ဘယ္ကဘယ္လို ေျဖရွင္းရမလဲပင္ မသိ။ သူ႕ထံ၌ သူ အနိုင္က်င့္ခံရသည့္ သက္ေသက မရွိ။ သူ အလြန္ေပါက္ကြဲသြားတာမို႔ သက္ခြန္းယံကို သြားေတြ႕ဖို႔ အခန္းျပင္ထြက္လိုက္ခ်ိန္ ေတဇ သူ႕အား ေစာင့္ဆြဲလာသည္။

"ဘယ္သြားမလို႔လဲ"

"လႊတ္"

"မင္းကို ငါ့အငယ္အေႏွာင္းေနရာမွာ ထားမွာလို႔ ေျပာထားတာကို ငါ့သူငယ္ခ်င္းနဲ႕ အခုလို ေနရဲတယ္လား၊ မင္း ငါ့နားမွာ ေနခ်င္ခ်င္ မေနခ်င္ခ်င္ မင္းကို ဒီညကစၿပီး သိမ္းတယ္၊ ငါ့အိမ္ထဲကေန ေျခတစ္လွမ္းေတာင္ ထြက္ဖို႔ မစဥ္းစားနဲ႕"

ရိပ္ သူ႕အား တင္းၾကပ္စြာ ခ်ဳပ္ေႏွာင္လာသည့္ ေတဇကို တြန္းဖယ္လိုက္ကာ သူ ေတဇနားက ေျပးထြက္သြားခဲ့သည္။

"သူ႕ကို ဖမ္းထားစမ္း"

ေတဇ ၿခံေရွ႕က လုံၿခဳံေရးေတြကို အမိန႔္ေပးလိုက္တာေၾကာင့္ ထိုလူေတြ သူ႕ကို ဖမ္းမမိခင္ သူ ေျပးထြက္လိုက္ရသည္။

ထိုစဥ္ သူ႕ေျမးေလးကို လာေတြ႕သည့္ ဦးမဟာတစ္ေယာက္ သူ႕ေျမး လွမ္းေအာ္တာကို ၾကားလိုက္ရတာမို႔ ရိပ္ကို သူ႕လက္ထဲက တုတ္ေကာက္ျဖင့္ ဆီးရိုက္ဖမ္းလိုက္ၿပီး သူကိုယ္တိုင္ ခ်ဳပ္ဖမ္း‌ထားေပးလိုက္မိသည္။

ရိပ္ အခုခ်ိန္၌ အလြန္‌ေဒါသထြက္ေနတာမို႔ မ်က္လုံးထဲ ဘာမွမျမင္ေတာ့။ သူ႕စိတ္ေတြ ၾကမ္းလာခ်ိန္တိုင္း ရိုက္ခြဲ ေပါက္ခြဲတတ္သူျဖစ္သည့္အတိုင္း သူ ဦးမဟာကို အရွိန္ျဖင့္ ေစာင့္တြန္းပစ္လိုက္သည္။

"အား"

သူ႕အရွိန္က မ်ားသြားတာလည္း ပါသလို ထိုဘိုးေတာ္က အစကတည္းက တုံခ်ိတုံခ်ိမို႔ တုတ္ေကာက္ႏွင့္ထိန္းၿပီးပင္ လမ္းေလွ်ာက္ေနရသူျဖစ္တာေၾကာင့္ လည္ထြက္သြားကာ ေနာက္က အုတ္နံရံႏွင့္ ေခါင္းေျပးေစာင့္သည္။ ဦးမဟာ၏ေခါင္းေနာက္က ေသြးမ်ားစီးက်လာကာ ေခြလဲသြားခဲ့သည္။

ထိုျမင္ကြင္းက ေတဇအား ေလွ်ာ့ခ္ရသြားေစခဲ့၏။

"ဖိုး. .ဖိုး"

လုံၿခဳံေရးမ်ားႏွင့္ သက္ေတာ္ေစာင့္မ်ား အေျပးေရာက္လာၾကကာ စံအိမ္တစ္ခုလုံး ေယာက္ယတ္ခတ္သြားၾကခ်ိန္ ရိပ္ ထိုေနရာ၌ပင္ ေက်ာက္႐ုပ္လို ၿငိမ္ရပ္ေနမိစဥ္ ကိုကို သူ႕အား အရင္ကလို၊ အရင္ကထက္ပင္ ရန္သူတစ္ေယာက္လို လွည့္ၾကည့္လာခဲ့သည္။

"ငါ့အဖိုးတစ္ခုခု ျဖစ္သြားရင္ မင္း ေသၿပီပဲ"

အေရးေပၚကားေပၚသို႔ ေနဆက္ပိုင္ႏွင့္အတူ ေတဇ လိုက္တက္သြားေတာ့သည္။

ကံေကာင္းေထာက္မစြာျဖင့္ အဖိုးကို သူတို႔မေသမေပ်ာက္ အခ်ိန္မီ ကယ္ဆယ္နိုင္ခဲ့ၾက၏။ သို႔ေသာ္ အသက္အ႐ြယ္ႀကီးေနသည့္ အဖိုးခမ်ာ အေရးေပၚခန္းထဲ၌ ေရာက္ေနခဲ့ရွာသည္။ အဖိုးကို အခုလို ျမင္ရတာ ေတဇ အလြန္ဝမ္းနည္းမိတာမို႔ အဖိုးနားမွာေတာင္ သူ ၾကာၾကာမေနနိုင္ေပ။

ထိုညက ေတဇ ေဆး႐ုံနားက ဘားထဲ၌ မေသာက္တာၾကာေနၿပီျဖစ္သည့္ အရက္ေတြကို မူးၿပီး ဘာမွမမွတ္မိေတာ့ေအာင္အထိ ေသာက္ေနခဲ့သည္။

အဖိုးသာ တစ္ခုခုျဖစ္သြားလွ်င္ သူ ရိပ္ကို ခြင့္လႊတ္မွာ မဟုတ္။ ေဆး႐ုံကုတင္ေပၚမွာ အဖိုး ခုလိုလွဲေနရေအာင္ လုပ္ခဲ့သည့္ ရိပ္ကို သူ ေဒါသထြက္ေနဆဲပင္။

သူ ထိုညက အိမ္ျပန္လာ၏။

"မင္းကို ေျပးၿပီထင္တာ၊ ဟက္၊ မင္းကို ငါ ဒီည အပိုင္ယူပစ္မယ္၊ မင္းက ဒီညကစၿပီး ငါ့ရဲ႕ဒုတိယၾကင္ယာေတာ္ပဲ"

ရိပ္ သူ႕အိပ္ခန္းထဲမွာ ရွိေနတာကို ျမင္လိုက္ရတာမို႔ ေတဇ ထိုေကာင္ေလးအား သူ႕ကုတင္ေပၚသို႔ တြန္းခ်လိဳက္ကာ ရိပ္ကို သူ႕ေအာက္၌ ခ်ဳပ္ထားလိုက္သည္။ ရိပ္၏အကၤ်ီေတြကို ဆြဲၿဖဲပစ္လိုက္ရင္း ပထမတစ္ႀကိမ္တုန္းကလိုပဲ သူ ထိုေကာင္ေလး၏ ခႏၶာကိုယ္ကို အတင္းအဓမၼ သိမ္းယူပစ္လိုက္ေတာ့သည္။

သူ ေသခ်ာမမွတ္မိေသာ္လည္း ရိပ္နဲ႕ အတူေနျဖစ္သည့္ ဒီသုံးႀကိမ္ေျမာက္က သူ ရိပ္အေပၚ အၾကမ္းတမ္းဆုံး အျပဳအမူမ်ားျဖင့္ ရိပ္ကို သိမ္းယူခဲ့လိုက္တာပင္။

မနက္ေရာက္ခ်ိန္တြင္ ေတဇ၏ ေခါင္းေတြ တဆစ္ဆစ္ ကိုက္ေနသည္။ သူ႕နဖူးကို လက္ျဖင့္ဖိလိုက္ၿပီး ေဘးကို ငဲ့ၾကည့္လိုက္ခ်ိန္ သူ႕မ်က္လုံးမ်ား ဝိုင္းစက္သြားရသည္။

ႏွစ္ေယာက္လုံး၏ ခႏၶာကိုယ္က ဝတ္လစ္စလစ္မ်ားျဖင့္သာ ရွိေနတာျဖစ္တာမို႔ ေတဇ သူ႕ေဘး၌ အဝတ္အစားကင္းမဲ့ေနသည့္ ေနဆက္ပိုင္ကို ျမင္လိုက္ရတာက သူ႕အား လန႔္ျဖန႔္သြားေစခဲ့သည္။ သူ ညက ရိပ္ကို အနိုင္က်င့္လိုက္မိတာဟုသာ တထစ္ခ်ယဳံၾကည္ခဲ့တာျဖစ္ေသာ္ျငား ညတုန္းက သူ တအားမူးေနတာမို႔ အေျခအေနေတြကို ေသခ်ာမမွတ္မိေတာ့။

"ဟင္း...ကိုကို ေမာနင္း"

ေနဆက္ပိုင္ ကိုကို႔ရင္ဘတ္ေပၚ ေခါင္းေ႐ႊ႕အိပ္လိုက္ကာ ညည္းၫူလိုက္မိသည္။

"ကိုကို ညက အရမ္းဆိုးတာပဲ၊ ကြၽန္ေတာ့္ပထမဆုံးအႀကိမ္ကို နည္းနည္းေတာင္ မညွာေပးဘူး"

"ရိပ္ေရာ"

ေနဆက္ပိုင္ ကိုကို႔အား မ်က္ေစာင္းထိုးလိုက္မိသြားသည္။

"ရိပ္ကို ေျမတိုက္ထဲမွာ ညကထဲက အက်ဥ္းခ်ထားတယ္ေလ၊ အန္ကယ္က ဖိုးကို အခုလို လုပ္ထားတဲ့ရိပ္ကို ဒီအတိုင္းေက်ာ္သြားေပးမွာ မဟုတ္ေတာ့ဘူးတဲ့။ ကိုကို မေန႕က အရမ္းမူးေနတာ ျမင္လိုက္လို႔ ကြၽန္ေတာ္ စိတ္ပူၿပီး ကိုကို႔ေနာက္ လိုက္လာခဲ့တာ"

ေတဇ သူ႕မ်က္လုံးမ်ားကို မွိတ္လိုက္ၿပီး ေခါင္းထဲ၌ ဗလာျဖစ္သြားရသည္။ သူ႕‌ေအာက္၌ရွိေနခဲ့တာ ရိပ္ဟုပဲ တစ္ညလုံး ျမင္ေယာင္ခဲ့တာျဖစ္ၿပီး သူ႕ေသာင္းက်န္းမႈေၾကာင့္ နာက်င္လြန္းလို႔ ငိုယိုၿပီး ရပ္ေပးဖို႔ ေတာင္းပန္ေနသည့္ မ်က္ႏွာေလးကိုပင္ မငဲ့ေပးဘဲ သူ ရိပ္ကို ေခ်မြဖ်က္ဆီးခဲ့ျခင္းျဖစ္သည္။

"ကြၽန္ေတာ့္ကို အခုအ႐ြယ္ထိ ေစာင့္ေနေပးခဲ့တဲ့ ကိုကို႔အတြက္ ကြၽန္ေတာ္ ကေလးေလး ေမြးေပးမယ္ေနာ္၊ ကိုကို႔ကို ကြၽန္ေတာ္ အရမ္းခ်စ္တာပဲ"

ေတဇ ထထိုင္လိုက္ကာ ေနဆက္ပိုင္၏ ခႏၶာကိုယ္ေပၚက အကြက္မ်ားစြာကို စိတ္မသက္သာစြာ ၾကည့္လိုက္မိသည္။ သူ ညက လူမွားၿပီး အမွားလုပ္မိသြားခဲ့ေလသည္။

________________________

4.1.2024

Continuer la Lecture

Vous Aimerez Aussi

3K 94 25
𝘪𝘯 𝘸𝘩𝘪𝘤𝘩 𝘢 𝘨𝘪𝘳𝘭 𝘴𝘵𝘶𝘮𝘣𝘭𝘦𝘴 𝘢𝘤𝘳𝘰𝘴𝘴 𝘵𝘩𝘦 𝘱𝘪𝘤𝘵𝘶𝘳𝘦 𝘱𝘦𝘳𝘧𝘦𝘤𝘵 𝘱𝘰𝘱𝘶𝘭𝘢𝘳 𝘣𝘰𝘺 𝘢𝘯𝘥 𝘩𝘪𝘴 𝘥𝘳𝘶𝘨𝘴. - ❝ 𝐲...
46.9K 2K 37
သူ၏ ခြေကျင်းဝတ်ထက်က မှဲ့နက်လေးကိုမှ ချစ်မိပါသည်။
845 75 5
The Unearthly Community, a place we hope you call a safe haven. As the title says out community is hiring so feel free to pop in and take a look/ Hi...
161K 10.1K 46
Elizabeth has been ruling her kingdom for 3 years now. She's gone through countless advisors in those 3 years. When she's finally ready to give up on...