Unicode [အပိုင်း-၇]
ဓါတ်ပုံလေးထဲမှာ ကလေးလေးတစ်ယောက်ရယ်၊ဦးလေးကြီးတစ်ယောက်နဲ့အဒေါ်တစ်ယောက်။
"ဒီပုံလေးကရှိသေးတာပဲ"
သူမပြောပုံအရ သူမရဲ့ငယ်ဘဝလေးလား။သူမကိုကြည့်တော့မျက်နှာမှာနဂိုထက်ပင်ညှိးငယ်နေသလို။
"ဒါကဖေဖေ သူက မေမေ အလည်ကငါပေါ့"
ဓါတ်ပုံထဲမှလူတစ်ယောက်ချင်းဆီကိုလက်ညှိုးထိုးပြ၍ပြောပြနေသောသူမ၊ဓါတ်ပုံအရ အေးတဲ့နိုင်ငံတစ်နိုင်ငံမှာရိုက်ထားပုံပဲ နှင်းတွေကအနောက်မှာအပြည့် ဒီမိသားစုလေးကပြုံးရွှင်နေလို့ ဒါတောင်အခြေအနေကြီးကပြောင်းလဲမြန်လွန်းတာလား။
"ဒါငါတို့မိသားစုရဲ့နောက်ဆုံးပျော်ရွှင်ခြင်း၊နောက်ဆုံးတူတူရိုက်တဲ့ဓါတ်ပုံ နောက်ထပ်ဒီလိုဆိုတာမရှိတော့ဘူး..နောက်ကြတော့အခြေအနေတွေက အောက်ဆုံးကိုထိုးကျသွားတာ အဲ့တုန်းက ၇နှစ်ပဲရှိသေးတာ ခရီးကပြန်လာတော့ အခြေအနေတွေကပြောင်းလည်းပြီး ကွာရှင်းလိုက်ကြတယ်သူတို့ နောက်၂လလောက်ပဲကြာတယ် ဖေဖေကအရင်မိန်းမယူပြီး မေမေကငါ၈နှစ်မှာယောက်ကျားထက်ယူလိုက်တာပဲ..ဒါမဲ့ငါအပြုံးမပျက်ခဲ့ဘူးတော့"
သူ့ဟာသူပြောပြီး ကျေနပ်နေတဲ့သူကိုကြည့်ပြီးဘေးနားက သက်နှင်းမှာတော့ သက်ပြင်းတိုးတိုးလေးသာချမိသည်။ဘယ်နေရာရောက်ရောက် မကောင်းတဲ့အရာတွေကြီးတွေဖြစ်နေရှာတယ်။
"ကဲပါ သော်တာရယ်..မတွေးနဲ့တော့နော်"
သက်နှင်းကသော်တာ့ကျောပြင်လေးအားပုတ်ကာ အပြင်ထွက်လာကြသည်။စာကြည့်ခန်းဘေးက အဖွားရဲ့အခန်း ပထမထပ်မှာ အခန်း၂ခန်းပဲရှိသည်၊တစ်ခန်းဆီတိုင်းမှာ Master Bedroom ဖြစ်သည်။
ဒုတိယထပ်ရောက်တော့ ဘုရားခန်းကိုတွေ့ရသည် ကျောင်း၌အခန်း၂ခန်းစာဆက်ထားသလောက်ကျယ်သည်။ပန်းအိုးမှာလည်း ၁၀အိုးဖြင့်ဘုရားစင်အရှေ့၌ကာချထားသည် အလွန်သက်ပယ်လှသည်။
"အကျယ်ကြီးနော်.."
"အင်းဟုတ်တယ် အထပ်တိုင်းမှာ အခန်း၂ခန်းပဲရှိတာ"
"ကောင်းလိုက်တာနော်.."
"ဒါကတော့ ငါ့ အုံးပလေ့စ် (own place) လေးပေါ့"
အခန်းမှာ အဖြူရောင်လေးဖြစ်ပြီး ၂ယောက်အိပ်တစ်ကုတင်ရှိပြီး ဗီရိုတစ်လုံးသာရှိသည့်အခန်းကျယ် သို့သော် Tvနှင့်စာကြည့်စားပွဲလေးလည်းရှိသည်။
"ဒီအိမ်ကအဖွားလာမှနေတာလေ၊အဲ့တာကြောင့် အဝတ်ကမရှိတာ အခန်းကလည်းလူမနေတော့အမြဲရှင်းနေတာ၊ဟိုအိမ်မှာကငါအမြဲတမ်းနေတော့ ငါ့ပစ္စည်းမှန်သမျှအဲ့မှာပဲ"
"ဪ.."
"ငါအဲ့အိမ်ကိုမခေါ်သွားချင်ပါဘူး ဟိုဘိုးတော်ရှိလို့ ခွေးတောင်အမဆိုအလွတ်မပေးတဲ့သူ"
"ဟယ်..အဲ့တာကြောင့် နင်ကျားကျားယားယားဖြစ်နေတာလား"
"မကျားပါဘူးဟ ငါ့ပုံစံလေးကဖြစ်နေတာ ဟဲဟဲ"
"တော်သေးတာပေါ့ ဂေးများဂေးနေလားလို့ငါကထင်နေတာ"
"ဟ ရိုင်းတယ်နော် အမ"
"ဟုတ်"
သက်နှင်းလွယ်အိတ်လေးချပြီး တစ်ညပဲအိမ်မှာမို့လို့အကျ်ီတစ်စုံသာပါသည်။
"ရေချိုးမှာလား"
"ဟင့်အင်း မချိုးတော့ဘူး"
"ပြီးရော..အာ့ဆိုအပြင်သွားမလား"
"အိမ်မှာဘယ်သူမမှမရှိတာ"
"ရတယ် ငါ့မှာသော့ရှိတယ်"
သော့ရှိတော့လည်းသွားမယ်ဆိုပြီး နှစ်ယောက်သားအိမ်သော့ခတ်ကာထွက်လာခဲ့ကြသည်။သူ့ရဲ့ဆိုင်ကယ်ကိုစီးရတာလည်း လန့်နေရသည်..။
"ဖြေးဖြေးမောင်းနော်"
"ဟုတ်ပါပြီ"
ရောက်ရာအရပ်သို့ထွက်လာကြသောသူတို့နှစ်ယောက်။
"ဘယ်သွားနေတာတုန်း"
"ခုဘယ်နနာရီလည်း"
"၁နာရီ.."
"အာ့ဆိုကန်တော်ကြီးသွားရအောင်..."
ပြောပြီးအရှိန်မြင့်ကာသွားတဲ့သူမ။ကြောက်သောကြောင့်ပို၍တင်းနေအောင် ဖက်ထားမိသည်။ကန်တော်ကြီးရောက်တော့ နေကလည်းပူ ဝင်ကြေးကို မပေးချင်လို့ မလာတာကြာပြီဖြစ်သည်။
"နေကလည်းပူဟယ်..ဘာစိတ်ကူးတွေထပေါက်တာတုန်း"
"ပန်းတွေကြည့်ရအောင်လေနော်.."
ဆိုင်ကယ်ပေါ်တာကဆင်းတာနဲ့အတင်းဆွဲခေါ်သွားသောသူမ၊သာမာန်နေရာလေးပဲသွားမယ်ထင်လို့ ဝတ်လာသောအကျီမှာ ဂေါင်ဝန်အဖြူနှင့် ဖေဖေဝယ်ပေးထားသည့် Fila walking shoe သာဖြစ်သည်။သူကတော့ စတိုင်ပန်အနက်ရောင်နှင့်တီရှပ်အဖြူရောင်အပွတစ်ထည်ဝတ်လာသည် ဆံပင်ကိုတော့သူစီးနေကြ ponytail ကိုစီးထားသည် ဆံပင်တိုသည့်အတွက် ဆံမျှင်များသည်ဘေး၌ကျနေသည်။
သက်နှင်းဝဒီအားသော်တာမဏိဝေဆွဲခေါ်သွားသည်။ဝင်းအတွင်းရောက်တော့ ပန်းအသစ်တွေကိုစိုက်ထားပုံရသည်၊အရောင်စုံလင်သောပန်းများကြားလှပနေသူမှာ သက်နှင်းဝဒီပင်ဖြစ်သည်။
ကိုယ်ကပန်းတွေကိုတွေ့ချင်လို့ခေါ်လာတာ,ပန်းတွေရဲ့အလှက သက်နှင်းရဲ့အလှကိုမမှီပါလား။သက်နှင်းရဲ့ရှည်လျားလှသောဆံပင်..အမြဲဖဲပြားလေးကို ဆံပင်အနောက်မှာတွယ်ထားတက်ပြီး
ဂေါင်ဝန်လေးတွေကိုပဲဝတ်တက်တယ့်သူ။ရှေးဆန်သလိုလိုလေးနှင့်ယဥ်ယဥ်လေးနှင့်လှနေသူလေးကို လက်မလွှတ်နိုင်တော့ဘူးထင်ပါရဲ့..။
[22:48][6.1.2024]
စာဖတ်သူတစ်ဦးချင်းစီကိုကျေးဇူးတင်ပါသည်။
-ကတ္တရီနှင်း။
Zawgyi [အပိုင္း-၇]
ဓါတ္ပုံေလးထဲမွာ ကေလးေလးတစ္ေယာက္ရယ္၊ဦးေလးႀကီးတစ္ေယာက္နဲ႔အေဒၚတစ္ေယာက္။
"ဒီပုံေလးကရွိေသးတာပဲ"
သူမေျပာပုံအရ သူမရဲ႕ငယ္ဘဝေလးလား။သူမကိုၾကည့္ေတာ့မ်က္ႏွာမွာနဂိုထက္ပင္ညႇိးငယ္ေနသလို။
"ဒါကေဖေဖ သူက ေမေမ အလည္ကငါေပါ့"
ဓါတ္ပုံထဲမွလူတစ္ေယာက္ခ်င္းဆီကိုလက္ညႇိဳးထိုးျပ၍ေျပာျပေနေသာသူမ၊ဓါတ္ပုံအရ ေအးတဲ့ႏိုင္ငံတစ္ႏိုင္ငံမွာ႐ိုက္ထားပုံပဲ ႏွင္းေတြကအေနာက္မွာအျပည့္ ဒီမိသားစုေလးကၿပဳံး႐ႊင္ေနလို႔ ဒါေတာင္အေျခအေနႀကီးကေျပာင္းလဲျမန္လြန္းတာလား။
"ဒါငါတို႔မိသားစုရဲ႕ေနာက္ဆုံးေပ်ာ္႐ႊင္ျခင္း၊ေနာက္ဆုံးတူတူ႐ိုက္တဲ့ဓါတ္ပုံ ေနာက္ထပ္ဒီလိုဆိုတာမရွိေတာ့ဘူး..ေနာက္ၾကေတာ့အေျခအေနေတြက ေအာက္ဆုံးကိုထိုးက်သြားတာ အဲ့တုန္းက ၇ႏွစ္ပဲရွိေသးတာ ခရီးကျပန္လာေတာ့ အေျခအေနေတြကေျပာင္းလည္းၿပီး ကြာရွင္းလိုက္ၾကတယ္သူတို႔ ေနာက္၂လေလာက္ပဲၾကာတယ္ ေဖေဖကအရင္မိန္းမယူၿပီး ေမေမကငါ၈ႏွစ္မွာေယာက္က်ားထက္ယူလိုက္တာပဲ..ဒါမဲ့ငါအၿပဳံးမပ်က္ခဲ့ဘူးေတာ့"
သူ႔ဟာသူေျပာၿပီး ေက်နပ္ေနတဲ့သူကိုၾကည့္ၿပီးေဘးနားက သက္ႏွင္းမွာေတာ့ သက္ျပင္းတိုးတိုးေလးသာခ်မိသည္။ဘယ္ေနရာေရာက္ေရာက္ မေကာင္းတဲ့အရာေတြႀကီးေတြျဖစ္ေနရွာတယ္။
"ကဲပါ ေသာ္တာရယ္..မေတြးနဲ႔ေတာ့ေနာ္"
သက္ႏွင္းကေသာ္တာ့ေက်ာျပင္ေလးအားပုတ္ကာ အျပင္ထြက္လာၾကသည္။စာၾကည့္ခန္းေဘးက အဖြားရဲ႕အခန္း ပထမထပ္မွာ အခန္း၂ခန္းပဲရွိသည္၊တစ္ခန္းဆီတိုင္းမွာ Master Bedroom ျဖစ္သည္။
ဒုတိယထပ္ေရာက္ေတာ့ ဘုရားခန္းကိုေတြ႕ရသည္ ေက်ာင္း၌အခန္း၂ခန္းစာဆက္ထားသေလာက္က်ယ္သည္။ပန္းအိုးမွာလည္း ၁၀အိုးျဖင့္ဘုရားစင္အေရွ႕၌ကာခ်ထားသည္ အလြန္သက္ပယ္လွသည္။
"အက်ယ္ႀကီးေနာ္.."
"အင္းဟုတ္တယ္ အထပ္တိုင္းမွာ အခန္း၂ခန္းပဲရွိတာ"
"ေကာင္းလိုက္တာေနာ္.."
"ဒါကေတာ့ ငါ့ အုံးပေလ့စ္ (own place) ေလးေပါ့"
အခန္းမွာ အျဖဴေရာင္ေလးျဖစ္ၿပီး ၂ေယာက္အိပ္တစ္ကုတင္ရွိၿပီး ဗီ႐ိုတစ္လုံးသာရွိသည့္အခန္းက်ယ္ သို႔ေသာ္ Tvႏွင့္စာၾကည့္စားပြဲေလးလည္းရွိသည္။
"ဒီအိမ္ကအဖြားလာမွေနတာေလ၊အဲ့တာေၾကာင့္ အဝတ္ကမရွိတာ အခန္းကလည္းလူမေနေတာ့အၿမဲရွင္းေနတာ၊ဟိုအိမ္မွာကငါအၿမဲတမ္းေနေတာ့ ငါ့ပစၥည္းမွန္သမွ်အဲ့မွာပဲ"
"ဪ.."
"ငါအဲ့အိမ္ကိုမေခၚသြားခ်င္ပါဘူး ဟိုဘိုးေတာ္ရွိလို႔ ေခြးေတာင္အမဆိုအလြတ္မေပးတဲ့သူ"
"ဟယ္..အဲ့တာေၾကာင့္ နင္က်ားက်ားယားယားျဖစ္ေနတာလား"
"မက်ားပါဘူးဟ ငါ့ပုံစံေလးကျဖစ္ေနတာ ဟဲဟဲ"
"ေတာ္ေသးတာေပါ့ ေဂးမ်ားေဂးေနလားလို႔ငါကထင္ေနတာ"
"ဟ ႐ိုင္းတယ္ေနာ္ အမ"
"ဟုတ္"
သက္ႏွင္းလြယ္အိတ္ေလးခ်ၿပီး တစ္ညပဲအိမ္မွာမို႔လို႔အက်္ီတစ္စုံသာပါသည္။
"ေရခ်ိဳးမွာလား"
"ဟင့္အင္း မခ်ိဳးေတာ့ဘူး"
"ၿပီးေရာ..အာ့ဆိုအျပင္သြားမလား"
"အိမ္မွာဘယ္သူမမွမရွိတာ"
"ရတယ္ ငါ့မွာေသာ့ရွိတယ္"
ေသာ့ရွိေတာ့လည္းသြားမယ္ဆိုၿပီး ႏွစ္ေယာက္သားအိမ္ေသာ့ခတ္ကာထြက္လာခဲ့ၾကသည္။သူ႔ရဲ႕ဆိုင္ကယ္ကိုစီးရတာလည္း လန္႔ေနရသည္..။
"ေျဖးေျဖးေမာင္းေနာ္"
"ဟုတ္ပါၿပီ"
ေရာက္ရာအရပ္သို႔ထြက္လာၾကေသာသူတို႔ႏွစ္ေယာက္။
"ဘယ္သြားေနတာတုန္း"
"ခုဘယ္နနာရီလည္း"
"၁နာရီ.."
"အာ့ဆိုကန္ေတာ္ႀကီးသြားရေအာင္..."
ေျပာၿပီးအရွိန္ျမင့္ကာသြားတဲ့သူမ။ေၾကာက္ေသာေၾကာင့္ပို၍တင္းေနေအာင္ ဖက္ထားမိသည္။ကန္ေတာ္ႀကီးေရာက္ေတာ့ ေနကလည္းပူ ဝင္ေၾကးကို မေပးခ်င္လို႔ မလာတာၾကာၿပီျဖစ္သည္။
"ေနကလည္းပူဟယ္..ဘာစိတ္ကူးေတြထေပါက္တာတုန္း"
"ပန္းေတြၾကည့္ရေအာင္ေလေနာ္.."
ဆိုင္ကယ္ေပၚတာကဆင္းတာနဲ႔အတင္းဆြဲေခၚသြားေသာသူမ၊သာမာန္ေနရာေလးပဲသြားမယ္ထင္လို႔ ဝတ္လာေသာအက်ီမွာ ေဂါင္ဝန္အျဖဴႏွင့္ ေဖေဖဝယ္ေပးထားသည့္ Fila walking shoe သာျဖစ္သည္။သူကေတာ့ စတိုင္ပန္အနက္ေရာင္ႏွင့္တီရွပ္အျဖဴေရာင္အပြတစ္ထည္ဝတ္လာသည္ ဆံပင္ကိုေတာ့သူစီးေနၾက ponytail ကိုစီးထားသည္ ဆံပင္တိုသည့္အတြက္ ဆံမွ်င္မ်ားသည္ေဘး၌က်ေနသည္။
သက္ႏွင္းဝဒီအားေသာ္တာမဏိေဝဆြဲေခၚသြားသည္။ဝင္းအတြင္းေရာက္ေတာ့ ပန္းအသစ္ေတြကိုစိုက္ထားပုံရသည္၊အေရာင္စုံလင္ေသာပန္းမ်ားၾကားလွပေနသူမွာ သက္ႏွင္းဝဒီပင္ျဖစ္သည္။
ကိုယ္ကပန္းေတြကိုေတြ႕ခ်င္လို႔ေခၚလာတာ,ပန္းေတြရဲ႕အလွက သက္ႏွင္းရဲ႕အလွကိုမမွီပါလား။သက္ႏွင္းရဲ႕ရွည္လ်ားလွေသာဆံပင္..အၿမဲဖဲျပားေလးကို ဆံပင္အေနာက္မွာတြယ္ထားတက္ၿပီး
ေဂါင္ဝန္ေလးေတြကိုပဲဝတ္တက္တယ့္သူ။ေရွးဆန္သလိုလိုေလးႏွင့္ယဥ္ယဥ္ေလးႏွင့္လွေနသူေလးကို လက္မလႊတ္ႏိုင္ေတာ့ဘူးထင္ပါရဲ႕..။
[22:48][6.1.2024]
စာဖတ္သူတစ္ဦးခ်င္းစီကိုေက်းဇူးတင္ပါသည္။
-ကတၱရီႏွင္း။