Old Love ( အရွယ်လွန် အချစ် )

By Sms12790

137K 5.5K 279

အသက်လေးဆယ်ကျော် ခမည်းခမက် လူပျိုကြီး နဲ့ အပျိုကြီး ရဲ့ ဖူးစာ More

Old Love -1
Old Love -2
Old Love -3
Old love-4
Old Love-5
Old Love -6
Old Love -7
Old Love -8
Old Love -9
❣️Old Love❣️
Old Love -10
Old Love-11
Old Love-12
Old Love-13
Old Love-14
Old Love-15
Old Love-16
Old Love-17
Old Love -18
Old Love-19
Old Love-21
Old Love-22
Old Love -23
Old Love -24
Old Love-25
❣️Old Love-26❣️
Old Love-27
Old Love -28
Old Love -29
Old Love -30
Old Love -End
Extra

Old Love-20

3.6K 175 6
By Sms12790

အရွယ်လွန်အချစ် 💓
Old Love -20

“ဖုန်းကြည့် ပြီဘာတွေများ စိတ်တို နေလဲ .. ခင်ခင် ..”

သူအလုပ်ကိစ္စဖုန်းပြောပြီသည်နှင့် အခန်းအတွင်း ၀င်၀င်ချင်း

စိတ်တိုနေဟန်ရှိသော ခင်ခင်ကို သတိထားကြည့်မိပြီ မေးလိုက်ချင်ဖြစ်သည်..

ခင်ခင်က သူ့မျက်နှာကို မော့ကြည့်ရင် ကုတင်ခေါင်ရင်း မှီလျက်သားအနေထားကနေ ကိုယ်ကို ခပ်လျော့လျော့လေးလျှောလိုက်ပြီ

“‌စိတ်တိုတယ်လို့လည်း မဟုတ်ပါဘူး ကိုမျိုးရယ် ..

အမြင်မတော် စိတ်ပျက်စရာလေးတွေ တွေ့ရမြင်ရတော့စိတ်ထဲ ဘ၀င်မကျ ဖြစ်မိတာပါ ..”

“ဘာတွေများ မြင်ရလို့လဲ..”

မေးရင်သူက သူမ ဘေးနား ၀င်ထိုင် သူမကိုယ်ကလေးကိုသိမ်းဖက်လိုက်သည်..

သူမကလည်း အလိုက်သင့် သူ့ရင်ဘက်ပေါ် သူမခေါင်းကလေးမှီလိုက်ရင်

“ဪ .. ဒီလိုပါပဲ .. ခေတ်ကာလ ရေစီးကြောင်းပေါ် လိုက်ပြီ

လူတွေက အကျင့်စာရိတ္တကို မက်မက်မောမောမရှိ တော့တာမြင်ရလို့ပါ ..”

သူ့ဇနီး အမြင်ကို ကိုမျိုးကျော်သူက ပြုံးလျက် ခေါင်းညိတ် ပြီထောက်ခံသည်..

ထောက်ခံရင် ခင်ခင့်လက်ဖျားကလေးကို သူယုယစွာ ဆုပ်ကိုင်လိုက်၏..

ဆုပ်ကိုင်လျက်ပင် ခင်ခင့် မျက်နှာ‌ကလေးကို ညို့ငင်သော မျက်လုံး များနှင့်
မျက်တောင် မခတ်စတမ်း ငေးကြည့်ပြီ စကားဆိုသည်..

“ ခင်ခင်က ခင်ခင်မြင်တဲ့.. ခင်ခင်တိုင်းတဲ့ အကျင့်စာရိတ္တ ပေတံ နဲ့ တိုင်းတာကို ဗျ.. ဘယ်ဘ၀င်ကျမလဲ ..”

“ကိုမျိုးကလည်း  ကျွန်မက တစ်ဖက်သားကို ကိုယ်လိုမြင် ကိုယ်လိုတွေးရမယ်လို့ ဇွတ်ပြောနေတာ မဟုတ်ပါဘူး ..

လူရယ်လို့ ဖြစ်လာပြီ  လူစိတ်ကလေး သွင်း သူများမျက်ရည်ကြီးငယ်ကျမှ စားရမယ့် ထမင်းလုတ် မျိုးကို ရှောင်စေချင်လို့ပါ ..”

ခင်ခင်က သက်ပြင်းအရှည်ကြီးချ  သူမ ဘာသာ စကားဆက်ပြောပြန်သည်..

“လူဆိုတဲ့အမျိုးကလည်း  ခက်တယ် ..ကိုမျိုးရယ်

အိမ်မှာဆန် မရှိရင်နေ ဟန်ရှိမှ ဖြစ်မယ် တွေးထားကြပုံပဲ ..

ရိုးရိုးသားသား သွေး နဲ့ချွေး နဲ့ရင်း လုပ်စား နေတဲ့သူများကိုတောင် အားမနာ..

ယောင်္ကျားလေး မိန်းကလေး မရွေး လူလိမ်လူညာ  လူညစ်တွေ ပေါလာလိုက်တာ..”

သူမစကား အဆုံးသတ်သည်နှင့် သူက ‌သူမမေးဖျားလေးကို ဆွဲယူသူ့ကို မော့ကြည်စေပြီ
“. ခင်ခင် ကို ဘယ်သူ လာညစ်နေသလဲ..”

သူက ရုတ်တရက်ကြီး ထမေးတော့ သူမက အံ့ဩ မျက်လုံးများနှင့်စိုက်ကြည့်ပြီ မှ မျက်တောင်ခတ် လိုက်သည်..

မျက်တောင်တစ်ချက်ခတ် သူမလက်မလေး နှစ်ခု ပွတ်လိုက်ပြီမှ

“ဘယ်သူမှ လာမညစ်ပါဘူး ..”
“ခင်ခင် ကိုယ့်ကို လိမ်နေတာ ..”

သူမက အံ့ဩစွာသူ့ကို ပြန်မော့ကြည့်တော့ သူကပါ သူမမျက်၀န်းတွေကိုပြန်စိုက်ကြည့်ပြီ
“ခင်ခင် မလိမ်တတ်ဘဲ မလိမ်နဲ့ကွာ ..”

“မလိမ်ပါဘူး ကိုမျိုးကလဲ .. စောစောကတင် ကျွန်မ ဘုရားရှိခိုးရင် ငါးပါးသီလ ခံယူထားတာ မလိမ်ပါဘူး ..”

“မလိမ်ရင်  စောစောက ကိုယ့်ကို ဘယ်လိုသိနေသလဲဆိုတဲ့ အကြည့်မျိုးနဲ့ကြည့်ပြီ လက်မနှစ်ခု ပွတ်နေသလဲ ပြောပါအုံး ..

ပြီတော့ ကိုယ့်ရဲ့ခင်ခင်က အကြောင်းမရှိဘဲ သာမန်ဖုန်းကြည့်ရုံနဲ့ မဝေဖန်တတ်တာ ကိုယ်သိတယ် ..”

ပြောရင် သူက သူဖက်ထားတဲ့ သူမ ခါးကလေးကို ပိုတင်း ဖက်လိုက်ပြီ

စိတ်အလိုမကျကြောင်း ဖော်ပြတော့
ခင်ခင်က သူ့ရင်ဘက်ကို သူမ လက်သီးဆုပ်ကလေးနဲ့ထုပြီ

“အံ့မယ်လေး ..အံ့မယ်လေး စုံထောက်ကြီး ဆားပုလင်းနှင်းမောင် လိုလို ကိုကို ဂျိမ်းစ်ဘွန်း ကြီးက မေးတော့ ဖြေပါ့မယ် ..

မျက်နှာထားကြီးကလည်း  ရုပ်ဆိုးအောင် တင်းနေလိုက်တာ ..”

သူမက ခနဲ့သလို ရွဲ့သလို စသလိုလိုပြောလိုက်မှ သူ့မျက်နှာကြောက လျော့ပြီ

“ပြောပါအုံး .. ဘယ်သူက လာညစ်နေသလဲ ..”

“အညစ်ခံရ‌တာ မဟုတ်ပါဘူးဆို .. ပြီ‌ တော့ အညစ်ခံရအောင် ကျွန်မက သူငယ်နှပ်စား ကလေးမလည်း မဟုတ်ပါဘူးနော် ..”

“ကဲပါ …အဲ့ဒါတွေက အသာထား .. ခင်ခင် တစ်ခုတော့ ဖြစ်နေတယ်..ဘာကိစ္စလဲ ကိုယ့်ကို မြန်မြန်ပြောကွာ..”

သူ့အလှည့်ကျတော့ ဇွတ်ချည်းပဲ သူမက စိတ်ထဲကနေပဲပြန်ပြောရင် အပြင်ဘက်ကနေကတော့

“ဖုန်းထဲကနေ လာ အကြောင် ခံရလို့ရှင်  ..”

“ဘာပြောတယ် ..
ဘယ်သူလဲ ..
ဘယ်ကကောင်လဲ ..
ဘယ်လို သိတာလဲ ..”

သူကဒေါသတကြီး ထမေးတော့ သူမက အမယ်လေး ဘုရား ဘုရား တ
ပြီ

“ဖြေးဖြး မေးပါ ကိုမျိုးရယ် .. ဒေါသချည်းပဲ ..အဲ့ဒါကြောင့် မပြောပြချင်တာသိလား ..”

‘'မပြောပြချင်လို့ ရမလား .. အခု ခင်ခင် ဖုန်း ဘယ်မှာလဲ .. ဖုန်းပေးဖုန်းပြ ..”

“ကိုမျိုးက ဘာလုပ်မလို့လဲ ..”
“ဖုန်းခေါ်ပြီ ဆဲမလို့ ..”

“အို .. ဘာလို့ ဆဲမှာလဲ မတူမတန် .. စိတ်အေးအေးထား ပြောစကားနားထောင် အုံး .. ရှူးရှူး ရှဲရှဲ လုပ်မနေနဲ့ ..အိပ်ရာပေါ် ပြန်လှဲအိပ် ..”

သူမက ဆူတော့လည်းသူကငြိမ်သွားပြီ အိပ်ရာပေါ် ကျောလှဲလိုက်သည်..

သူမကလည်း သူ့ရင်ဘက်ပေါ် ခေါင်း မှီအိပ်ပြီလက်တစ်ဖက်က သူမဖုန်းကို
ကိုင်လျက် သူနှင့်အတူတူ ဖုန်းကြည့်သည်..

ကြည့်ရင်သူက သူမနဲ့အတူတူ ကြည့်နေတဲ့ ဖုန်းကို ဖြတ်ခနဲ့ ဆွဲယူပြီ သူဘာသာ သေချာ ဆွဲကိုင်ကြည့်သည်..

ကြည့်ရင် .. ကြည့်ရင် ..

“တောက် .. ဒါ ညနေ့ခင်းက မထားဆိုတဲ့ အမျိုးသမီးနဲ့အတူ လိုက်လာတဲ့ ကောင်မို့လား ..

လူ ကြည့်တော့ လက်တောက်ကလေးနဲ့  ယောင်္ကျားရှိမှန်းသိရက်နဲ့ သူများမိန်းမ လာပြီ မမ တွေ ဘာတွေနဲ့ .. $ကလေးက ..
ဒီ စာသုံးကြောင်း ထဲပေါ့ ..”

“သုံးကြောင်းထဲ ပေါ့ .. ကိုမျိုးက ဘယ်နှစ်ကြောင်းပို့စေချင်လို့လဲ ..

မြင်တာနဲ့ ဘလော့ပစ်လိုက်တာပါဆို .. အဲ့မှာလေး မြင်တဲ့အတိုင်း
ရက်စွဲရော မိနစ်ရော ပါနေတာ ..”

“အေးပါ .. ကိုယ်မြင်ပါတယ် ..”

ပြောရင်သူက သိချင်စိတ်ဖြင့် လိုင်းပြန်ဖွင့် ပြီ ပြန်၀င်ကြည့်တော့

နောက်ထပ် မက်ဆေ့ တွေအများကြီး လိမ့် ၀င်ထားတာကို တွေ့ရသည်…

“မမ အိပ်နေပြီလား ရဲ့နောက်ကနေ
မမအိပ်ပျော်အောင် အိပ်ပါ ..

မမ စိတ်ဆင်းရဲမခံ နဲ့ ..
မမ မမလူကြီး အကြောင်းသိထားတယ်မို့လား ..

မမ လူကြီး မှာ ကောင်မလေးရှိတယ် ဆိုတာလေ ..

ကျွန်တော်လည်း သိထားတဲ့ သက်သေရှိတယ် ..

ကောင်မလေး နာမည်က ၀တ်မူန်တဲ့ ..

အဲ့ကောင်မလေးကို မမလူကြီးက အများကြီးအမ်းထားတာဗျ သိလား..”

မက်ဆေ့ကို ဖတ်ပြီသည်နှင့် သူက ဒေါသတကြီး

“တောက် .. ငါ့ မကောင်းကြောင်းဖော်ပြပြီ ငါ့မိန်းမကို ကပ်ဖို့ ခွင်ဆင်တဲ့ အောက်တန်းကျတဲ့အကွက်တွေ ..

ယောင်္ကျားဖြစ်ပြီ မိန်းမလို မိန်းမရ နဲ့

တောက် ..မလောက်လေးမလောက်စား ကောင်ကများ ..

အခု ဖုန်းခေါ်ပြီ
ငါ အော်ဆဲ သွားထိုး လိုက်ရ ..”

“အို .. ကိုမျိုးကလည်း ဘာလို့ လုပ်မှာလဲ.. စိတ်အေးအေးထားစမ်းပါ ..

စိတ်လျော့ .. ကျွန်မတို့ ခေါင်းအေးအေးထားပြီမှ ဘာလုပ်မလဲ ဆုံးဖြတ်ရအောင် နော် ..”

ပြောရင် သူက သူမ လက်ဖဝါးကလေးဖြင့် ပွတ်သတ်ပြီ ချော့သည် ..

ချော့ရင်

“ကိုမျိုး … စိတ်အေးအေးထား…ဒေါသ ပျောက်အောင် အသက်ရူတာလေးကို ခဏလောက် အာရုံစိုက်ပြီ လုပ်ကြည့် ..

ရင်ထဲက ဒေါသ လေး ပြေသွားပြီ ဆိုတော့မှ ..

အကျိုးသင့် အကြောင်းသင့်လေး .. စဉ်းစားကြရအောင်နော် ..”

.
.

မိနစ် အနည်းငယ် ကြာတော့ သူက ထပြီမေးသည်..

" ခင်ခင့် ဖုန်းနံပါတ် အဲ့ကောင်လေး ဘယ်လိုရသလဲ .."

"မထားဆီက နေမှာပေါ့ ကိုမျိုးရယ် .."

"ခင်ခင်က အဲ့ဖုန်းနံပါတ်နဲ့ လိုင်းသုံးတာလား .."

"အင်း .. ဟုတ်တယ်လေ .."

"ဟုတ်တယ်ဆိုရင် .. မနက်ဖြန်ကစ ခင်ခင် အဲ့ဖုန်းနံပါတ် မသုံးနဲ့ ..

ကုန်ကုန်ပြောမယ်ကွာ .. မထားဆိုတဲ့ အမျိုးသမီး ဆီကိုလည်း ခင်ခင် ဖုန်းလုံး၀မဆက်နဲ့ ..

ပိုက်ဆံတစ်ပြားမှ ပြန်မရရင်လည်း နေပါစေတော့ ..

နောက်ထပ်လည်း မဆက်ဆံနဲ့ မဆက်သွယ်နဲ့ .."

လောလောဆယ်ဆယ် သူစိတ်တိုနေမှန်းသိလို့ သူပြောသမျှ အင်းပေါ့ ..

သူစိတ်အေးပြီ ဆိုမှ ကိုယ့်ဘာသာ ကြည့်စီစဉ်မယ်ဆိုတာ ကျွန်မအတွေး..

သူပြောသမျှ ခေါင်းညိတ်ပြီ အင်းလိုက်ရင်
အချိန်အတော်ကြာတော့ သူ့စိတ်တော်တော်ငြိမ်ပြီ မက်ဆေ့ကို နောက်တစ်ခေါက်ပြန်ဖတ်သည်..

ပြန်ဖတ်ရင် နဲ့မှ

“ကိုယ် နဲ့ ၀တ်မူန် အကြောင်း အဲ့ဒီကောင် ဘယ်လိုသိတယ်လို့ ခင်ခင်ထင်လဲ ..”

“၀တ်မူန်က ပြောပြထားလို့နေမှာပေါ့ ကိုမျိုးရဲ့ .. မနေ့က ကျွန်မ ပြောဖူးတယ်လေ

၀တ်မူန်ကို မထားတူမ နဲ့ အတူ တွဲ တွေ့လိုက်တယ်ဆိုတဲ့ အကြောင်း..”

“တောက် .. ဒီကောင်မလေးကလည်းကွာ .. မျှော့လိုကို လိုက်တွယ်ကပ်နေတာ ..  $ဇယားရူပ်တယ် ..”

“အို..ရူပ်ပါစေ ကိုမျိုးရယ်  သူတို့ရူပ်တဲ့ ဇာတ်ထဲ ကိုယ်မပါသွားဖို့ပဲ အရေးကြီးတယ် ..

သူတို့က  သူတို့ ဉာဏ်ရှိသလောက်ကလေး ဝိုင်းပြီ ကျွန်မတို့ အာရုံစိုက်တာကို လိုချင်လို့ လုပ်နေကြတာ ..

လုပ်စမ်းပါစေ .. သူတို့ကြိုက်သလောက် ဝိုင်းပြီ သွေးခွဲပါစေ ကျွန်မတို့ လင်မယား နှစ်ယောက်က သွေး မကွဲဘဲ  ပြန်ခုခံကြမယ် ..

အခုဆို သူတို့ ဖြစ်စေချင်တာကို ကျွန်မတို့
မြင်နေပြီ သိနေပြီ ..

ဒါပင်မယ့် ရန်သူကိုတော့ လျှော့တွက်လို့မရဘူးနော် ကိုမျိုး ..

အဆိပ်ရှိတဲ့ သတ္တဝါမှန်သမျှ သူတို့အနာ ရထားရင် ပိုကိုက်တတ်ကြတယ် ..

ကျွန်မအမြင်ကတော့ ၀တ်မူန်ကလည်း ခေသူကလေးမတော့ မဟုတ်ဘူးပဲ ..

ကျွန်မနဲ့ ပက်သက်ဆက်ဆံနေတဲ့ လူတွေနဲ့ အရင် ရင်းနှီးအောင် လုပ်ပြီမှ ထိုးချဖို့ စဉ်းစားနေတာ ..

အမှန် ပြောရင် ကျွန်မက သိက္ခာနဲ့ ကိုမျိုး ဘယ်သူ့ကို ရွေးမလဲ သွေးတိုးစမ်းချင်တဲ့ သဘော ပေါ့လေ ..."

ခင်ခင်စကား ကြားတော့ သူကအတော်ကြီး
ငြိမ်သက်သွားသည်..

ငြိမ်သက်ပြီးတဲ့နောက်မှ အသံ လေးလေးနက်နက် သူ့နူတ်ဖျားကနေ ထွက်လာသည်..

"တကယ်လို့ ခင်ခင် ရွေးရတော့မယ်ဆိုရင် သိက္ခာ နဲ့ ကိုယ် ဘာကိုရွေးမလဲ .."

"သိက္ခာရော ကိုမျိုးရောပေါ့.. ကျွန်မ ယောင်္ကျားက ကျွန်မ သိက္ခာပဲ ..

ကိုမျိုးက ဖောက်ပြားခဲ့တာ မဟုတ်တဲ့အတွက် ကျွန်မရဲရဲကြီး ရင်ဆိုင်ရဲဖို့ သတ္တိရှိပြီသား .."

ပြောရင် သူမက သူ့ရင်ခွင်ပေါ် နွဲ့နွဲ့ကလေး ပိုတိုးမှီလိုက်သည်..

သူကလည်း သူမကိုယ်ကလေးပိုတိုးဖက် သူမပါးလေးနှစ်ဖက်ဆီက ရှက်သွေးဖြာ
ပတ္တမြားရောင်သမ်းအောင်ထိ သူနမ်းသည်..

လွမ်းခဲ့ရသော အနမ်းများ လွမ်းခဲ့ရသော
အထိအတွေ့များအတွက် ချစ်ပွဲ၀င် ချစ်ရည်လူးဖို့ လမ်း‌ ဖောက် နေစဉ် ဖုန်းသံ ကအကျယ်ကြီးမြည်လာသည်..

ရှေ့ဆက်ဖို့ သူက ပြင်နေသလောက် ဖုန်းသံက လည်း ရှေ့ဆက်မြည်လာသည်..

ဒါ့ကြောင့် သူ့လက်မောင်းအတွင်းက သူမက မနေသာ ဖုန်းကိုင်ဖို့ အကြံပေးလာတော့

သူလည်း မတတ်နိုင်သည့်အဆုံး ဖုန်းဆက်လာသူကို ဒေါသထွက်ရင် ပုဆိုးပြင်၀တ်

နံပါတ် တောင်မကြည့် ကိုင်လိုက်၏..

"ဟဲ လို .. ဘိုးဘိုးလေး လား .."

ကောင်းကောင်း အသံကြားတော့မှ ဒေါသက အလိုလို တစ်၀က်လျော့

ဖုန်းစပီကာ ဖွင့် ခင်ခင်နှင့်အတူ ဖုန်းအတူပြောရန် ထိုင်လိုက်သည်..

"အေး .. ကောင်းကောင်း ပြော .. "

"ကောင်းကောင်းက မအိပ်သေးဘူးလား .."

သူက ပြန်ဖြေရင် ခင်ခင်ကပါ ၀င်မေးတော့
ကောင်းကောင်းက

"မအိပ်သေးဘူး စောသေးတယ်လေ ..ကြီးကြီး လား .."

"အေး ဟုတ်တယ်လေကွာ .."

"ကြီးကြီး နဲ့ ဘိုးဘိုးလေးက အတူတူ ရှိနေတာလား .."

မေးပြီမှ ကောင်းကောင်းက တစ်ခုခုကို သတိရသွားသောလေသံ ဖြင့်

"ဪ .. သား မေ့သွားလို့ နော် .. မေမေက ပြောထားပါတယ်.. ဘိုးဘိုးလေး နဲ့ ကြီးကြီးက မေမေနဲ့ ဖေဖေလို ဖြစ်သွားပြီတဲ့ .."

ကောင်းကောင်းစကားကြားတော့  ဖုန်းပြောရင် ခင်ခင်နှင့်ကိုမျိုးက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြုံးနေကြသည်..

တစ်ဖက်က ကောင်းကောင်းကလည်း သူသိလိုရာကို ဆက်မေးသည်..

"ဘိုးဘိုးလေး က သားသားကို ထမင်းစားဖိတ်ထားတယ်ဆို ဟုတ်လား ဗျ.."

"ဟုတ်တယ် ဗျ .. လူကြီးမင်းက လိုက်မစားချင်ဘူးလားဗျ.."

ကိုမျိုးက  နောက်မေးတော့

"ဟုတ်ဖူးလေ သားသားက လူကြီးမင်း ဟုတ်ဘူး ..

ခဏလေး...မေမေ ဘိုးဘိုးလေးက ဖုန်းပြောရင် သားသားကို လူကြီးမင်းခေါ်နေပြီ 

မေမေ ဖုန်း ဘေလ် ကုန်သွားပြီလား သိဘူးနော် .. ဘိုးဘိုး‌ လေးထည့်ခိုင်းလိုက်ရမလား"

သူမသား စကားကြားသည်နှင့် သဲသဲကလည်းရယ်သလို တစ်ဖက်က လင်မယား
နှစ်ယောက်ကလည်းရယ်သည်..

ရယ်ရင် သဲသဲက ဖုန်းထဲကနေ

"မျိုးမျိုး ကြားလား .. သဲသဲ  ဖုန်းဘေလ် ကုန်သွားပြီ ... လူကြီးမင်း အော်နေပြီ ဘေလ် ထည့်ပေးတဲ့ သားသားက  .."

"အေးပါ ... သားသားကလား မေမေကလား

ဘယ်အချိန်ကတည်းက ဦးလေးဆီက မုန့်ဖိုး
ရဖို့ ခွင်ဖန် နေကျမှန်းမသိ .."

"ဖန်ပါဘူး .. ကံ ကိုအရံသင့်တာ ...ဟီးဟီး.."

"အေးပါ .. တစ်ထောင်ဆို လောက်တယ်မို့လား.."

"ဟင့် ..မျိုးမျိုး သဲသဲက ယောက်မတစ်ယောက်လုံး ပေးထားရတာနော် .."

"ငါက ယောက်ဖ တစ် ယောက်လုံးပေးထားရတာပါ .."

"ဟင့် မျိုးမျိုး .."

ဟု တစ်ဖက်က သဲသဲက ပြောလိုက်သည်နှင့်
ကိုမျိုးက အေးအေး ဖြစ်သွားသည်..

အဲ့သလိုပါပဲ ကိုမျိုးက သူ့တူတွေ သူတူမတွေက မျိုးကြီး ..မျိုးမျိုး လို့ ဝိုင်းပြီ ချွဲလိုက်ရင် အမြဲ အေးအေး ရော့ကွာ ဆိုပြီ ရက်ရောပစ်
တာ..

အခုတလောဆို ကလေး‌ လေးတွေမြင်ရင် ကိုမျိုးက မုန့်၀ယ်ကျွေး တယ် ..

ချီတယ် ..

သူ့ကလေးသာဆိုရင် ဘယ်လောက်ထိများအလိုလိုက်မယ်မသိ..

သူ့ကလေးဆိုမှ တွေးရင် ကျွန်မမျက်နှာတွေနီရဲလာပြီ နှလုံးသားတွေ နွေးထွေးလာရသည်..

ကိုမျိုး နဲ့ ကျွန်မ မှာ ကလေးလေးရှိရင် ကိုမျိုးရော ကျွန်မပါ သိပ်ချစ်ကြမှာ အသေချာပါပဲ..

ကိုမျိုးက ကလေးဆို သိပ်ချစ်တတ်တယ်..

ကလေးတွေကို ပျော်အောင်လည်း ထားတတ်တယ် ..

ဒါ့ကြောင့် ကောင်းကောင်းဆို ရောက်တာနဲ့ သူ့အနားကပ်တော့တာပဲ .."

တွေးရင် ပြုံးနေတဲ့ သူမကို သူက ပုတ်လိုက်ပြီ

"ဘာတွေများ တွေးမိလို့ .. အဲ့သလောက် ပြုံးနေတာလဲ .."

"မဟုတ်ပါဘူး ... ဒီလိုပါပဲ .."

ပြန်ဖြေရင်သူမက ပြုံးလျက် သူမကိုယ်ပေါ် စောင်ကလေးလွှမ်း ခေါင်းအုံးပေါ် ပြန်လှဲ အိပ်လိုက်သည်..

သူမလှဲအိပ်သည်နှင့် သူကပါ လိုက်လှဲအိပ်ပြီ
သူမစောင်စကိုကိုင်လျက်

"ဘာကို  ဒီလိုပါပဲ လဲ .. ခင်ခင် ပြောပြကွာ.."

"အို .. ကိုမျိုး ကလည်း နေရာတကာ အကုန်သိချင်နေတော့တာပဲ ခက်တယ် .."

"ဘာခက်လို့လဲ ... စကားလေး တစ်ခွန်း နှစ်ခွန်းပြောပြရတာပါကွာ ..ကိုယ့်နေရာမှာ ခင်ခင်ဆိုလဲ သိချင်နေမှာပဲ"

"ဪ .. ထုတ်ပြောလို့ မကောင်းလို့ပေါ့ .."

"ဘာမို့လို့လဲကွာ .."

တကယ်ကိုသူက သိချင်စိတ်နဲ့ လှဲအိပ်နေတဲ့ သူမကိုယ်ကလေးကို ဖက်ပြီ

ကလေး တစ်ယောက်လို နားပူနားဆာ လုပ် အတင်းမေးသည်..

သူက အတင်းမေးတော့ သူမက စိတ်မရှည်သံဖြင့် တစ်ဖက်မျက်မှာလှည့်ပြီ

"ကိုမျိုး နဲ့ ကျွန်မ ရမယ့် ကလေး အကြောင်းတွေးကြည့်နေတာ ရှင်းပြီလား .."

သူမစကားကြားသည်နှင့် သူက ပြုံးလျက် သူမစောင်ထဲ အတင်း၀င် သည်..

သူကစောင်ထဲ အတင်း၀င်တော့သူမက

"ကိုမျိုး ဘယ်လိုဖြစ်နေလဲ .. ကိုယ့်စောင်ကို
ခြုံ အိပ်လေ .."

"ဟာကွာ .. မိန်းမကလည်း စောင်တစ်ထည်တည်း ခြုံမှ ကလေး ရမှာလေ .. ဟုတ်တယ်
မဟုတ်ဖူးလား ..

.. ကိုယ်တို့လည်း အချိန်ရှိခိုက် လုံ့လစိုက် ကြိုးစားမှရမယ် ..

(ကဲ .. ထွေပြားနေသော စိတ်များနှင့် စာရေးခဲ့သည်..

စာဖတ်မကောင်း ရင်လည်း နားလည်သည်းခံ
ဖြည့်စွက်ဖတ်ပေးပါလို့ ✌️

ကောင်းကောင်း မကောင်းကောင်း မျှော်ပေးကြလို့ ကျေးဇူးတင်ပါတယ် 💙 တစ်ကယ်ပါ

လိုအပ်ချက်များ နဲ့ ကျွန်တော့်အရေးသားကို
ဖတ်ပေးကြလို့ ကျေးဇူးပါ ..

လိုင်းက အတော်လေး စုတ်ပြတ်သတ်အနေထားမှာမို့ စာမပြန်နိုင်တာကို နားလည်ပေးပါလို့ တောင်းဆိုရင် .. ဘိုင့် ..)

ဘေးရန် ကင်း ပြီ လုံခြုံ အေးချမ်းကြပါစေ💙

>>>>ဆက်ရန်

ကြိုးစားရေးသားပါအုံးမည် 💪💙

#Skykyiphyu



































Continue Reading

You'll Also Like

379K 23.9K 65
In the vibrant city of Jaipur, a secret deal was struck between two worlds. Abhimaan Deep Shekhawat, the enigmatic King of Rajasthan, controlled the...
1.8M 45.7K 67
When Ana confronts her new neighbour after being kept up all night by his sex noises, she's mortified to discover he's none other than Freddie-the po...
2.9M 71.2K 22
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
1.4M 33.8K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...