တိတ်တခိုးလေးမှ တရားဝင်အကြင်လင်သို့
Part-1
"ကျွန်တော် အစ်ကို့ကို ချစ်တယ်ဗျ"
ကြယ်ပန်းလေးတွေကို လှလှပပ စည်းနှောင်ပုံဖော်လာတဲ့ ပန်းစည်းလေးက မျက်စိရှေ့တည့်တည့်။
ထိုပန်းစည်းနောက်ကနေ မဝံ့မရဲဟန်ဖြင့် မျက်မှန်ကိုင်းအနက်ကို မခို့တရို့အကာအကွယ်ယူပြီး ပြောလာသည့် စကားက ဧကနောင်ကို တွေခနဲ ဖြစ်စေသည်။
"ဟို ရှက် ရှက် လို့"
ဧကနောင် စိုက်ကြည့်နေတော့ ကောင်လေးက ပန်းစည်းကို လက်ထဲ ဇွတ်ထိုးထည့်လာကာ ထစ်အအ စကားဆိုရင်း ပြေးထွက်သွားတော့သည်။
ဆံပင်လုံးလုံးလေးပင် အပေါ်အောက် ခပ်လှုပ်လှုပ် ရွေ့လျားအောင်ပြေးသွားသည့်ကောင်လေးက ဘယ်လိုလေးမှန်းမသိပေ။
ခက်ဆစ်သွန်းတဲ့။ တွေ့လိုက်တိုင်း သူ့ကမ္ဘာနဲ့ သူလို့ထင်ရလောက်အောင် ထူးခြားနေတဲ့ ချာတိတ်။ စသိခဲ့တုန်းက ဆရာကန်တော့ပွဲမှာ။ ကောင်လေးအဒေါ်က ဧကနောင်တို့၏ ဆရာမ။ မှုန်ကုပ်ကုပ်မျက်နှာပေး စာကြမ်းပိုးရုပ်ထွက်နှင့်ကောင်လေးက ဆရာမကို လာကြိုသည်ကြောင့် ဧကနောင်သတိထားမိခဲ့သည်။ သတိမထားမိဘဲလည်း နေမရ။ ထိုကောင်လေးသည် ဧကနောင်ကို တွေ့တွေ့ချင်းပင် ဆိုင်ကယ်ဖြင့် ဝင်တိုက်ခဲ့သည် မဟုတ်လား။
ဂီယာဘီးနှင့် ဆိုင်ကယ်စီးသင်ခဲ့သည့်ကောင်လေးက ထိုနေ့မှ ကလစ်ဘီးကို တက်ခွလာကာ ဘရိတ်အုပ်တိုင်း လက်ဖြင့် မအုပ်ဘဲ ခြေကို ဆောင့်ဆောင့်ချသည်တဲ့လေ။ ဧကနောင်ဆီ တည့်တည့်ကို ဝင်တိုးတော့သည်က အရှောင်မြန်၍သာ အထိအခိုက်နည်းခဲ့တာဖြစ်သည်။
အလွဲများဖြင့် စတင်ခဲ့ပြီး ရင်းနှီးလာသမျှကာလပတ်လုံးလည်း ကောင်လေးက အမြဲ အရာရာနှင့်အကြောင်းကြောင်း။
အခုတလောတွင်တော့ ဧကနောင်ကို မထိတထိကော ထိထိမိမိပါ စိတ်ဝင်စားနေကြောင်း၊ ချစ်ခင်နှစ်သက်ကြောင်း ပြသနေတော့သည်။
ပေါက်ကရတွေကို ထထလုပ် လာပြီးလျှင်လည်း သူက တစ်ပြန် ရှက်ကာ ပတ်ပြေးပြန်သည်။
ပြေးလိုက် ရှက်လိုက် အရှက်ပြေလျှင် ပေါက်ကရတွေ ပြန်လာလုပ်လိုက်နှင့် ဧကနောင် မပျင်းရပေ။
ဪ ဒါတောင် ကောင်လေးက ဆေးကျောင်းသားတဲ့ဗျာ။
သဘောတကျပြုံးလိုက်မိရင်း ပန်းစည်းကို အာရုံပြန်ရောက်တော့ ပို့စ်ကတ်လေးပါလာသည်။
*အစ်ကို့ ဆံပင်တွေကြား ကြယ်ပန်းလေးတစ်ပွင့် ထိုးကြည့်ချင်တယ်*
ပေါက်ကရဆိုတာ ဒီလိုတွေဖြစ်သည်။ ရှစ်နှစ်ကွာသည့် အသက်အရွယ်နှင့် သူ့လို ရှေ့နေတစ်ယောက်၏ ဆံပင်ကြား ကြယ်ပန်းတစ်ပွင့်တောင် ထိုးကြည့်ချင်ရတယ်လို့ပဲ။
ထိုကောင်လေးက အေးအေးကုပ်ကုပ်လေးဖြင့် ရိုးဂုဏ်ဆောင်သည့် လူလိမ္မာလေးဖြစ်သည်။ သို့သော် ထိုအရေခွံလေးအောက်တွင် အမြဲလွဲတတ်သည့် ဗီဇလေး ရှိနေလေသည်။ ထိုဗီဇလေးကိုလည်း လူမသိအောင် ဖုံးထားတတ်သေးသည်။
ထိုကောင်လေး၏ ရုပ်တည်ဖြင့် လူမသိသူမသိ ပေါက်ကရအလွဲတွေက ကြားလိုက်ရသည့်အခါတိုင်း သူသဘောတကျ ပြုံးရယ်မိစမြဲ။
~*~
တူခနဲ ဝင်သွားသည့် ဖုန်းကို ဧကနောင် စောင့်နေပေမယ့် တစ်ဖက်က မကိုင်။
နာရီကို ကြည့်တော့ ညရှစ်နာရီ။
မနေ့က တစ်နေကုန်လည်း ဖုန်းခေါ်၍ မရခဲ့သည့် ကောင်လေးက ဘယ်ပြေးပြန်တယ်မသိ။
သူ့ဘာသာ ဖွင့်ပြောပြီးကာမှ ပတ်ပြေးပြန်သည့် ချာတိတ်က တကယ် ဘယ်လိုဟာလေးမှန်းမသိ။
အခုအချိန်ထိ အဆက်အသွယ်ပြတ်သွားသည်တွင်တော့ ဧကနောင် ကားသော့ကို ဆွဲ၍ ထွက်လာရတော့သည်။
သူတို့ကျောင်းနှင့်နီးအောင် ကိုယ်တိုင် ရှာငှားပေးထားသည့် တိုက်ခန်းဆီ ဖြစ်သည်။
အစက ကောင်လေးက သူ့သူငယ်ချင်းများဖြင့် ကျောင်းက အဆောင်တွင် နေတာဖြစ်သည်။ ဒုတိယနှစ်တွင် စိတ်မချစရာ ထလုပ်သည့် ကောင်ပေါက်စကြောင့် သူ့အဒေါ်ဆရာမကိုယ်တိုင် ဧကနောင်ဆီ အပ်ခဲ့ခြင်းဖြစ်သည်။
တိုက်ခန်းတွင် အိပ်ခန်းနှစ်ခန်းပါသည်။ တစ်ခန်းသည် ဧကနောင်၏ အခန်းဖြစ်ပြီးတိုက်ခန်းခကို တစ်ဝက်စိုက်ထားသည်ကြောင့်ဟုဆိုလည်း မမှား။
ဘယ်အချိန်မဆို သူ ဝင်ထွက်ခွင့်ရှိပေမယ့် အလုပ်နှင့်နီးသည့်နေရာတွင်သာ ဧကနောင်က အနေများသည်။
တိုက်ခန်းဆီ ရောက်တော့ လူမရှိ။ ပါလာသည့်သော့ဖြင့် ဖွင့်ဝင်လိုက်တော့ ရှုပ်ပွနေသည့် ဧည့်ခန်းက ဆီးကြိုသည်။
ညကိုးနာရီ ထိုးသည်အထိ ခက်ဆစ်သွန်းက တိုက်ခန်းပြန်မရောက်သေးပေ။
ဖုန်းတစ်ခေါက်ထပ်ဆက်တော့ အတော်ကြာမှ ကိုင်သည်။
"ဟယ်လို အစ်ကို"
"မင်း အခု ဘယ်မှာလဲ"
"ဗျာ ဘာဖြစ်လို့လဲ အစ်ကို ကျနော်က စာ စုလုပ်ကြရင်း အခုမှ ပြန်လာနေတာ လမ်းမှာ"
"မိုးချုပ်နေပြီကို"
"ဟုတ်"
"ဘာစားထားလဲ"
"ဗျာ လွယ်တာလေးတွေပဲ..."
"လွယ်တာလေးဆိုတာက Beerလား ချာတိတ်"
"အဲ! "
တစ်ဖက်က အသံတိတ်ကျသွားသည်။
"ဟို မုန့်လည်း စားပါတယ်..."
စားပွဲခုံဘေးက အမှိုက်တောင်းတွင် တွေ့ရသည့် ဘူးခွံတွေနှင့် ရေခဲသေတ္တာဆီ လှပ်ကြည့်တော့ တွေ့ရသည်တို့ကြောင့် သူ စကားအစ်တော့ ထင်သည့်အတိုင်းပင်။
"ဆယ့်ငါးမိနစ်အတွင်း တိုက်ခန်းကို ရောက်လာတာ လိုချင်တယ်!"
ပြောပြီး ပြန်ဖြေသံကို မစောင့်ဘဲ သူ ဖုန်းကို ချပစ်လိုက်တော့သည်။
မကြာပါ။ တိုက်ရှေ့ကို အမောတကော ပြေးလာသည့်ပုံရိပ်ကို တွေ့ရသည်။
ဆယ့်ငါးမိနစ်ပြည့်ဖို့ စက္ကန့်သုံးဆယ်အလိုတွင် တံခါးသည် ချောက်ခနဲ ပွင့်လာတော့သည်။
"အစ်ကို."
ဖိနပ်ကို ပြီးစလွယ်ချွတ်နေသူလက်ထဲ စာအုပ်နှင့်တူတာတစ်ခုမှ မတွေ့ရ။
သူစိုက်ကြည့်နေတာသိတော့ တွန့်ဆုတ်ဆုတ်ဖြင့် အနားရောက်လာသည်။
ညှင်းသိုးသိုးပုံစံက မြင်ရတာ အဆင်မပြေ။
"ဟို အစ်ကို ခဏ ခဏနော် ခဏလေး စောင့်ပေးနော် ဘယ်လိုမှ မရတော့လို့ပါ"
ချွေးပေါက်တို့ ကပ်တင်နေသည့် နှုတ်ခမ်းတို့လှုပ်ခတ်ကာ မဝံ့မရဲ ပြောလာသည့်စကား။
ပေါင်ကို လိမ်ကျစ်ထားသည့် ပုံစံနှင့် တုန်ချင်ချင် ကိုယ်လုံးကြောင့် ဘာဖြစ်နေပြီလဲ သူ သိသည်။
ခေါင်းကို ညိတ်ပြလိုက်သည်နှင့် အိမ်သာဆီ တန်းနေအောင် ပြေးတော့သည်။
ခဏအကြာမှာ ပေါ့ပါးသွားသည့် သွင်ပြင်နှင့် ရှေ့ကို ပြန်ရောက်လာသည်။
"မင်း ကိစ္စတွေ ပြီးပြီလား"
"ဟုတ်"
"အေး ပြီးရင် ရှေ့လာထိုင်စမ်းပါဦး"
ခေါင်းကို ငုံကာ ဧက ရှေ့တည့်တည့်က sofaတွင် ဝင်ထိုင်သည်။ လက်နှစ်ဖက်ကို ပေါင်ပေါ် ခပ်ရို့ရို့တင်ထားကာ ခြေထောက်တို့ကိုလည်း ခပ်စေ့စေ့ ချထားသည်။
"မနေ့ညက ဘာစားထားလဲ"
"ဗျာ"
မျက်လုံးလေးက ဝင့်ခနဲ့ သူရှိရာ ကြည့်လာပြန်သည်။ နောက်တော့မှ...
"ပေါင်မုန့်ယိုသုတ်"
"မနက်စာကကော"
ပို၍ ငုံ့သွားသည့် ခေါင်းလေးက သနားချင်စဖွယ်။
"မစား ဖြစ် ပါဘူး အစ်ကို"
"ဒါဆို နေ့လည်စာကော ဘာစားခဲ့လဲ"
အစ်ကို ဘာဖြစ်နေလဲဆိုသည့် သဘော စူးစမ်းဟန် ကြည့်လာသည့် မျက်လုံးလေးတွေကို ဧကနောင် မသိဟန်ပြုထားလိုက်သည်။
"ထမင်းကြော်"
ခက်ဆစ်သွန်း အမှန် ခေါင်းရှုပ်လာရသည်။ အခု သူက သူ၏ crushကြီးရှေ့မှာ မူကြိုကလေး အစစ်ခံနေရသလိုဖြစ်နေသည် မဟုတ်လား။ သူ၏ image ဘယ်ရောက်သွားပြီလဲ။ ဗြုန်းစားကြီး ဒီလို ညအချိန်မှ ရောက်ချလာပြီး အနေအထားကလည်း သူက လန့်နေရသည့်အခြေအနေမို့ ခက်ဆစ်သွန်း လက်သည်းတို့ကိုသာ ပေါင်အသားဆီ ပိုဖိထားလိုက်မိသည်။
"ဆိုတော့! တစ်နေ့ တစ်နေ့ မင်း နေ့လည်စာ တစ်နပ်ပဲ သေချာစားတယ်ပေါ့"
"ဟုတ် ကဲ့"
တဆိတ်။ အစ်ကို့အသံက ဘာလို့ အခုလောက် တည်ငြိမ်လေးနက်ပြီး ကြောက်ဖို့ကောင်းနေရတာလဲ။
ပုံမှန်ဆို အစ်ကိုက ထိုသို့မှ မဟုတ်ဘဲ။ ရုပ်တည်နေဦးတော့ စကားပြောလျှင် နွေးထွေးတာကို သူ ခံစား၍ ရသည်။ အခုက နည်းနည်း လန့်စရာကောင်းနေသည်။
"စားပွဲအောက်ကနဲ့ အမှိုက်ပုံးထဲက ဘူးခွံတွေအကြောင်း မင်းကပဲ ပြောပြပါဦး"
Sh*t! အစ်ကို ဝေ့နေတာ ဒီကဏ္ဍကိုလား။ သောက်သည့်ကိစ္စနှင့် အုတ်အော်သောင်းနင်း ဖြစ်ထားဖူးသည်ကြောင့် အဆောင်လည်း မနေရတော့ဘဲ တိုက်ခန်းဆီ ရောက်လာရသည်။ သို့သော် သူကလည်း တစ်ယောက်တည်းနေရကာမှ ပို၍ စည်းလွတ်နေတာ ဖြစ်သည်။
"ကျွန်တော် သောက်ထားတာတွေပါ အစ်ကို နောက်ကို ဆင်ခြင်ပါ့မယ်"
ဟုတ်သည်။ သူတကယ် ဆင်ခြင်တော့မည်။ အစ်ကို မကြိုက်တာတွေ သူ ရှောင်မည်။
"ခက် ဆစ် သွန်း . လူငယ်သဘာဝကို ကိုယ်နားလည်လို့ လွတ်လွတ်လပ်လပ်နေပါစေလေဆိုပြီး မင်းကို တစ်ယောက်တည်း နေခိုင်းခဲ့ဝာာ မင်းအိမ်ကတွေ ငါ့ကို ဒီမှာ အတူလာနေပေးဖို့ ပြောခဲ့ကြတုန်းကတောင် ကိုယ်ရှိနေရင် မင်း အနေရခက်မှာ အနေရကြပ်မှာကို စိုးလို့ လွှတ်ထားပေးခဲ့တာ ဘာလို့လဲ သိလား။ မင်းကိုယ်မင်း ထိန်းကျောင်း နိုင်လိမ့်မယ်လို့ ကိုယ် ယုံကြည်ခဲ့လို့ပဲကွ! ငါအမုန်းဆုံးက ယုံကြည်မှုကို အလွဲသုံးစားလုပ်တာ၊ ငါ့ကို လိမ်တာ အခု မင်းက အဲဒါတွေအကုန်လုပ်ထားတာ!တောက်!"
"..."
ဆူပူလာသည့် အစ်ကို့လေသံမာမာအောက် ဝမ်းနည်းစိတ်တို့က အလုံးအရင်း။
ဘာစကားမှ ပြန်မပြောနိုင်ဘဲ လည်ချောင်းဝတင် တစ်ဆို့နေကာ ခေါင်းလည်း မော့မကြည့်ရဲပေ။ ပြီးတော့ ဒါသည် ပထမဆုံး ကြုံရသည့် အစ်ကို့ဆီက ဆူပူမှုလည်း ဖြစ်သည်။ မကြုံဖူး၍လည်း လူက ပို၍ ပူထူလာ၏။
"လူငယ်မို့ သောက်တာစားတာ ပျော်တာပါးတာက ရှိမှာပဲ ဒါကို ကိုယ် နားလည်တယ် ပျော်ပွဲရွှင်ပွဲမို့ နေ့ထူးနေ့မြတ်တွေမို့ အပေါင်းအသင်းနဲ့မို့ တခါတလေဆိုတာမျိုးတွေကိုလည်း လက်ခံလို့ရတယ် အေး! ကိုယ့်အကြောင်းကိုယ်သိရက်နဲ့ အကြိုက်သောက်နေတာမျိုးကိုတော့ မိုက်မဲတာလို့ ခေါ်တယ်ကွ! ဟိုတစ်ခါလို မင်းတစ်ယောက်တည်း ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိဘဲ လဲနေရင် ဘယ်လိုလုပ်မလဲ ဟမ်! မင်းဒီလောက်တောင် အဆင်ခြင်မဲ့ရသလား ခက်ဆစ်သွန်း!!"
"အင့်..."
မဆူငေါက်စဖူး ဆူငေါက်လာသည့်အပြင် ဒေါသသံတွေ ပါနေသည့် အစ်ကိုကြောင့် ခက်ဆစ်သွန်း ငိုချင်စိတ်တို့က ထိန်းမရတော့ပေ။ ပေါင်ပေါ်က လက်နှစ်ဖက်ကိုလည်း ပိုမို ဖိကုပ်ထားမိတော့သည်။
"ဘာလို့ ငိုလဲ ခက်ဆစ်သွန်း ကိုယ် မင်းကို အခု အသားနာအောင် လုပ်နေသလား"
"ဟင့်အင်း အစ်ကို မလုပ်ပါဘူး "
"ထိုးနှက် ရိုက်ပုတ်နေသလား"
"ဟင့်အင်း မဟုတ်ပါဘူး"
"ဒါဖြင့် ဘာလို့ ငိုသလဲ ဟမ် "
"အစ်. စိတ် စိတ် မဆိုးပါနဲ့ နောက်ကို ဆင်ခြင်ပါ့မယ် အင့်"
ထိုစကားကိုသာ သူ ပြောလိုက်နိုင်ပြီး အသံက တိမ်ဝင်လာရသည်။ ချစ်ရသူဆီက အငြိုအငြင်ခံရလျှင် လူတိုင်းက ပို၍ အထိနာတတ်ကြသည် မဟုတ်ပါလား။ ခက်ဆစ်သွန်းအဖို့ ချစ်ရသူက လေသံမာရုံနဲ့တင် တုန်လှုပ်နေတာကို ဒေါသဖြင့် အော်ငေါက်လာသည်တွင်တော့ မျက်ရည်တို့က ဘယ်လိုမှ ထိန်းမရတော့ပေ။
"သုတ်စမ်း မျက်ရည်တွေ! ကျစ်! မင်း လုပ်ရပ်တွေကို မင်း ပြန်စဉ်းစားစမ်း ခက်ဆစ်သွန်း! မင်း စာသေချာ လုပ်လား မလုပ်လားလည်း မင်းကိုယ်မင်း အသိဆုံးဖြစ်မှာပေါ့ အေး! နေချင်သလိုနေမယ် စားချင်မှ စားမယ် လုပ်ချင်ရာကို လုပ်မယ်ဆိုရင် ကျောင်းလည်း တက်မနေနဲ့တော့ လမ်းဘေးမှာ ကလေကချေပဲ သွားလုပ်နေချည်တော့!"
"အစ် ဟင့်"
အစ်ကို့စကားကြမ်းတို့က ခက်ဆစ်သွန်းဆီ ထိရောက်ပါသည်။ ဝမ်းနည်းစိတ်ကို မနည်းထိန်းချုပ်နေရသည့် ကြားမှ မျက်ရည်တို့က ပေါက်ခနဲ။ သူက တကယ်လည်း နေချင်သလို နေနေခဲ့တာ ဖြစ်သည်။ အစ်ကို ပြောတာတွေက အမှားတစ်ခုမှ မပါပေ။ သူ တအင့်အင့်ရှိုက်တော့ အစ်ကိုက ခဏငြိမ်နေပြီးမှ သက်ပြင်းတစ်ချက် ခပ်လေးလေးချသည်။
"မင်း အချိုးတွေ မင်း ပြင်မလား ကိုယ်မင်းအိမ်ကို ပြန်ခေါ်ခိုင်းရမလား ဟမ်"
"ဟင်!"
အစ်ကို့စကားကြောင့် ခေါင်းငုံ့ထားရာမှ အလန့်တကြား မော့ကြည့်ရသည်။ ခက်ဆစ်တို့အိမ်တွင် အစ်ကို့စကားဆို ပေါက်ရောက်တာများသည်။ လာခေါ်ဆို တကယ်လာခေါ်ကြလိမ့်မည်။ အိမ်ပြန်ရောက်လျှင်က ခက်ဆစ်သွန်း လွတ်လပ်တော့မည် မဟုတ်ပေ။ ဒါကို အစ်ကို ကောင်းကောင်းသိနေသည်မို့ ထိုအချက်နှင့် အကျပ်ရိုက်စေခြင်း။
"ပြင်ပါ့မယ် အစ်ကို မကြိုက်တာတွေ အကုန်ပြင်မှာမို့ အိမ်ကို ပြန်မပို့ပါနဲ့ ဒီကနေပဲ ကျောင်းတက်ပါရစေ နော် အစ်ကို အင့်"
ခက်ဆစ်သွန်း ပြန်ဖြေမည့် အဖြေကို ကြိုတင် သိထားပြီးသားလိုမျိုး အစ်ကိုက ခေါင်းညိတ်လာသည်။
"အင်း မင်း စကားနဲ့ မင်းမို့ ကိုယ်စောင့်ကြည့်မယ် ဒီတစ်ခါက ပထမဆုံးနဲ့ နောက်ဆုံးဖြစ်ပါစေ ကိုယ်သတိပေးထားပြီးပြီမို့ နောက်ထပ်နောက်တစ်ခါ ထပ်ဖြစ်ရင် ကိုယ့်အဆိုးမဆိုနဲ့ အခု မျက်ရည်တွေသုတ် ဒါတွေ အကုန်ရှင်းမယ် တစ်ခုမကျန်!"
"ဟုတ် ကဲ့"
ဧည့်ခန်းအတွင်း ရှုပ်ထားသမျှ အမှိုက်တို့ကို အချိန်မဆွဲရဲဘဲ ရှင်းလင်းရသည်။ ရာဇသံ ပြင်းလွန်းသည်ကြောင့် ကြိတ်ရှိုက်ရင်းပင် ခက်ဆစ်သွန်း ထလုပ်နေရတော့သည်။
Sofaတွေပေါ် တို့လို့တွဲလောင်း ရောက်နေသည့် အပေါ်ဝတ်အင်္ကျီတွေ၊ ဂျာကင်တွေကို အရင် စုဖယ်တော့ အစ်ကိုက မီးဖိုချောင်ဆီ ဝင်သွားသည်။
ဘာလဲ! အစ်ကို ဒီည မပြန်တော့ဘူးလားဟ!။
ခေါင်းကို တစ်ချက် ကြမ်းကြမ်းကုတ်ကာ ဘီယာဘူးခွံတို့ကို လိုက်ကောက်ရသည်။
ဘယ်သူက ကိုယ့် Crushကြီးနဲ့ အတူမနေချင်ဘူးရယ်လို့ ရှိပါ့မလဲ။ ခက်ဆစ်သွန်းသည်လည်း လူထဲက လူမို့ နေချင်ပါသည်။ သို့သော် အခုအခြေအနေတွင်တော့ မနေချင်ပါ။ မနေဝံ့ပါ။ အစ်ကို့ ဒေါသက သိပ်ကြောက်ဖို့ကောင်းသည့်အကြောင်း မျက်ဝါးထင်ထင် တွေ့လိုက်ရသည်က အခုထိ ခြေမကိုင်မိ လက်မကိုင်မိ။
အစ်ကိုစိတ်ဆိုးလျှင် မျက်ရည်ကျအောင် ဆူပူနိုင်သည်ကိုလည်း သိလိုက်ရသည်။ အစ်ကိုက ရှိန်စရာအငွေ့အသက်တို့ ပြည့်သိပ်နေပေမယ့် ထိုပုံစံကပင် မိမိုက်နေသေးသည်။
အစက ဖွင့်ပြောပြီး ရှက်သည်ကြောင့် ပတ်ပြေးရင်း အဖြေ မတောင်းရဲခဲ့တာဖြစ်သည်။ အခုအနေအထားကို ကြုံပြီးနောက်တွင်တော့ အဖြေတောင်းရဲဖို့ ဝေးစွ၊ အရင်လို ရွှတ်နောက်နောက် ချစ်ကြောင်းကြိုက်ကြောင်းပင် ပြောရဲတော့မည် မဟုတ်ပေ။
အကုန်ရှင်းလင်းပြီးချိန်သည် ညဆယ့်တစ်နာရီ ဆယ်မိနစ်။
အမှိုက်တွေ ပစ်ရန်စုတော့ ရေခဲသေတ္တာထဲမှ ဘူးအသစ်တွေပါ အစ်ကိုက ယူထုတ်လာစေသည်။ နှမြောစိတ်ဖြင့် ကြည့်နေမိပေမယ့် သူ အတွန့်ပင် မတက်ရဲ။
"သွား အခု သွား လွှတ်ပစ်ခဲ့! အမှိုက်ပုံမှာ နှမြောတယ်ဆိုပြီး ဖောက်သောက်မနေနဲ့ ဆယ်မိနစ် အချိန်ရမယ်!"
"ဟုတ် ကဲ့"
ငိုထား၍ အမ်းတမ်းတမ်းဖြစ်နေသည့် မျက်နှာဖြင့် အမှိုက်ထုတ်တွေကို ဆွဲကာ ထွက်သွားသည့်ကောင်လေးက ဒီည သူ့ကို လန့်သွားဟန်တူသည်။
လန့်သွားလည်း မတတ်နိုင်ပေ။ ဒီကောင်လေး အရမ်းဆိုးချင်လာတာမို့ အဟန့်ရှိရန် သူ ဆူငေါက်လိုက်ရတာ ဖြစ်သည်။
ကလေးတစ်ယောက်လို ငိုချသည့်ကောင်လေးကြောင့် ဧကနောင်လည်း စိတ်မကောင်းပါ။ ငိုနေတာတောင် ချစ်ဖို့ကောင်းနေသေးသည့် ကောင်လေးက အပြုံးတွေနဲ့ ပိုလိုက်ဖက်ပါသည်။ အမြဲပျော်ရွှင်စေချင်သည်ကြောင့် လွှတ်ထားပေးခဲ့တာတွေသည် ဒီကောင်လေး အခုလို ဆိုးပေတေ လာဖို့မှ မဟုတ်ခဲ့ဘဲ။
~*~
Part-2
ခက်ဆစ်သွန်း ခေါင်းက ဆံပင်တွေကို ခပ်ကြမ်းကြမ်းထိုးဖွနေမိသည်။
*ဘေးအခန်းကို ရှင်းထား! ကိုယ် ဒီမှာ လာနေတော့မယ်*
မနက်က ပြောသွားသည့် အစ်ကို့စကားက ပျော်ရမည်လား ငိုရမည်လား မသိ။
သူ့အိမ်ကလူတွေက နယ်ဝေးထွက်နေရတာများသည်မို့ အစ်ကို့ဆီ အပ်ထားခဲ့ကြတာ ကျောင်းစတက်ရကတည်းကပင်။
သို့သော် အစ်ကိုသည် သူ့အပေါ် ဆူပူဖို့ဝေးစွ၊ အပြုံးနုနုတို့ဖြင့်သာ ပြောဆိုတတ်သည်။ လိုအပ်ချိန်တိုင်း အနားရှိနေပေးဖို့ကိုပဲ အစ်ကို အားသန်ကာ ကျန်သည့်အချိန်များတွင် ခက်ဆစ်ကို လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ်နေစေချင်သည့်သူ။
အိမ်က ခက်ဆစ်အကြောင်း လှမ်းမေးတိုင်းလည်း အစ်ကိုကပင် ကြည့်ကောင်းအောင်၊ စိတ်မပူအောင် ပြောဆိုပေးတတ်သည်။
သူ့အတွက် Green flagလေးလို အမြဲစိမ်းတောလေး ဖြစ်ခဲ့သည့် ရှေ့နေအစ်ကိုကြီးကို သူ တိတ်တခိုးသဘောကျခဲ့ရပါသည်။
သို့သော် အစ်ကိုက အလံ မစိမ်းကြောင်း သူ သတိထားမိချိန်တွင် ဘုရား ခဏခဏ တရသလို သရဏဂုံလည်း သူ တည်ရသည်။
အခု သူက အစ်ကိုနှင့် အတူနေရလျှင် သူ့အချိုးနှင့် ခဏခဏ အဆူခံရနိုင်သည်။
အစ်ကိုနှင့် နေရမှာမို့ ပျော်ပါသည်။ တဖန် အစ်ကို ဆူတာ ခံရနိုင်သည်မို့ သူ အပြည့်အဝ မပျော်နိုင်ပြန်။
ခက်ဆစ်သွန်းတို့ ဒီCrushတစ်ယောက်နဲ့ ရူးမှာပဲဟေ့ လို့ အတွေးထဲ အော်ပစ်ရင်း နှစ်ခြိုက်စွာ သူ ပြုံးမိပြန်သည်။
အစ်ကိုနှင့် အတူနေရလာရသည့် တစ်ပတ်အတွင်း ခက်ဆစ်သွန်း လူလိုသူလို ဖြစ်လာရသည်။
ခါတိုင်းလို ကျောင်းချိန်နီးမှ ကတိုက်ကရိုက် သွက်သွက်လုပ်ကာ ဝရုန်းသုန်းကား ထပြေးခဲ့တာတွေ လုပ်မရတော့ပေ။ မနက်အစောထရပေမယ့် အစ်ကိုနှင့် ဈေးတန်းအတူသွားရတာကို သူ သဘောကျသည်။
ဟင်းချက်စရာကို သူ့အကြိုက်မေးကာ ဝယ်ရင်း မနက်စာကိုလည်း သူစားချင်တာ ဝယ်ကျွေးသလို ဈေးမသွားဖြစ်လျှင် အိမ်မှာပင် တစ်မျိုးမဟုတ် တစ်မျိုး စီမံပေးသည်။
ဒီလိုကျတော့လည်း အစ်ကိုက အိမ်ရှင်ထီးကြီးပဲဗျ။ အစ်ကို့လက်ရာကလည်း တကယ်ကောင်းသည်။ ဘာဖြစ်ဖြစ် လုပ်တတ်နေတာကလည်း ဒီဘဲကြီး၏ အားသာချက်။
နေ့လယ်စာကိုတော့ ကိုယ်စီ အဆင်ပြေသလို ဖြေရှင်းကြပေမယ့် မစားခင် လှမ်းရိုက်ပို့ရသည့်အလုပ်တစ်ခု ခက်ဆစ်သွန်းတွင် ပိုလာသည်။ အစ်ကိုက တကယ်ကို စေ့စပ်လွန်းသည်။
အိမ်ပြန်ချိန်တွေလည်း နောက်မကျရဲတော့ဘဲ ခြောက်နာရီဒေါင်ဆို ခက်ဆစ်သွန်းတို့ ပြန်ရောက်နေပြီ။ အလိမ္မာအိမ်ပါလေး လုပ်နေသည်ကြောင့် သူငယ်ချင်းတစ်သိုက်ပင် သူ့ကို စနောက်နေကြပြီ။ ဘာတဲ့ ခက်ဆစ်သွန်း=ဘဲပြောတစ်ညကောင် ဆိုပြီး။ သူ မနာနိုင်ပါ။ တကယ်လည်း မှန်နေသည်ကိုး။
ညစာကိုတော့ အစ်ကို ပြန်လာမှ ထပ်ချက်ပေးကာ ပူပူနွေးနွေး စားရသည်မို့ ပို၍ ခံတွင်းမြိန်နေသည်။
Crushရှိခြင်း၏ အကျိုးကျေးဇူးကတော့ တစ်ပတ်အတွင်း ခက်ဆစ်သွန်း ငါးပေါင် တက်လာခြင်းပင်။
စာ ကို ပြန်အာရုံစိုက်ရင်း စာကြမ်းပိုးသရုပ်ဘက် ပြန်လှည့်သွားရသည်မို့ အသောက်အစားလည်း ဝေးနေလေပြီ။
"ကောင်လေး"
"ဗျာ! "
အစ်ကို ခေါ်သည်ကြောင့် လုပ်လတ်စ စာအုပ်ကို ချကာ ဧည့်ခန်းဆီ ပြေးရသည်။
"အကင်ဝယ်လာတယ် ကောင်လေး ကြိုက်တဲ့ဆိုင်က"
လက်ထဲ ထည့်ပေးလာသည့် အကင်ဖော့ဘူးကို ယူရင်း ခက်ဆစ်သွန်း မျက်လုံးလေးတွေက လက်ခနဲ။
အစ်ကိုက သူ့အကြိုက်ကို မှတ်ထားသည်။
"ဟီး ကျေးဇူးပါဗျ"
အစ်ကိုက ပြုံးကာ ခက်ဆစ်ခေါင်းလေးကို တစ်ချက်ဖွရင်း အခန်းဆီ ဝင်သွားလေသည်။
အကင်ဘူးလေးကိုင်ရင်း ကျောက်ရုပ်လေးဖြစ်ပြီး ကျန်ခဲ့သူမှာ ခက်ဆစ်သွန်းပင်။
ဘာလို့ အစ်ကိုက သူ့ကို အရမ်းဂရုစိုက်နေသလို ခံစားနေရတာလဲ။
အစ်ကိုလည်း သူ့ကို...?
Crushက ကိုယ့်ကို ချစ်တယ်လို့ ထင်မိရင် အဲ့က စမှားတာပဲ ခက်ခက်ရ ဆိုသည့် သူငယ်ချင်းသက်ပိုင်စကားက ခေါင်းထဲ တိုးဝင်လာလေသည်။
ဟင့်အင်း မဟုတ်နိုင်ပါ။ ဆက်မတွေးသင့်တော့ဘူး။
"ကောင်လေး အစ်ကို မနက်ဖြန်ကစပြီး သုံးရက် ဟိုမှာပဲ ပြန်အိပ်ဖြစ်မယ် အမှုတစ်ခုက အရေးကြီးနေလို့ ရုံးနဲ့နီးတဲ့နေရာက သွားရလာရ ပိုအဆင်ပြေမှာမလို့"
ညှိုးငယ်သွားတဲ့မျက်နှာလေးကို မြင်လိုက်ရ၍ ဧကနောင် စိတ်မကောင်း။ သူနဲ့ အတူရှိရသည်တွင် ဒီကောင်လေး စိတ်ချမ်းသာနေမှန်း မျက်ဝန်းလက်လက်လေးတွေက သက်သေပင်။
သူလည်း အလုပ်က အရေးကြီး၍သာ ။
"ဟုတ် အစ်ကို အလုပ်တွေ အရမ်းဖိမလုပ်ဘဲ ဂရုစိုက်ဦးနော်"
"ကောင်းပါပြီဗျာ လိမ်လိမ်မာမာနေဦးနော် ကောင်လေး အစ်ကို စိတ်ချမယ် အစားလည်း ပုံမှန်စားဦး ကြားလား အရင်လို ပေတေမနေနဲ့တော့နော် "
သတိပေးသလို သူ မှာတော့ ခက်ဆစ်သွန်းလေးက ခေါင်းသွက်သွက်ညိတ်လာသည်။
အသည်းယားစွာ ထိုခေါင်းလေးကို နှစ်ချက်လောက် ပုတ်တော့ ဇက်ကလေးအသာပုသည်။
ကောင်လေး၏ သူ့အပေါ် မဝံ့မရဲဟန်ပန်တွေကို သူရိပ်မိပါသည်။ အရင်က အာသွက်လျှာသွက်ကလေးက သူ ဆူပူမိလိုက်သည့်ညကတည်းက ငြိမ်ကုပ်သွားသည်။ အချိန်မှန်ပြောတတ်သည့် ပရောပရည် ပေါက်ကရလေးဆယ် စကားလေးတွေပင် မကြားရတာ ကြာခဲ့ပြီ။
ဒီကောင်လေး ဧကနောင်ကို ဖွင့်သာ ပြောခဲ့တာ အဖြေတောင်းဖို့ကိုတော့ မေ့နေခဲ့သည်လား၊ မပြောရဲသလားတော့ သူကိုယ်တိုင်ပဲ သိလိမ့်မည်။
~*~
"သက်ပိုင်ရာ ငိုမနေစမ်းပါနဲ့ကွာ "
ခက်ဆစ်သွန်း မနေနိုင်စွာ ဝင်ပြောတော့ တရှုံ့ရှုံ့ငိုနေတဲ့ကောင်က စွေကြည့်လာသည်။
"မင်း ဘာသိလို့တုန်းကွာ ငါ ဘယ်လောက်ချစ်ပေးခဲ့လဲ ငါ့အပေါ်ကို သူက ဘာလို့ လုပ်ရက်တာလဲကွာ မင်းဘာသိလို့တုန်း နာကျင်နေတာကွ! နာကျင်နေတာ ဟင့် ရွှတ်! ဘယ်ငိုချင်မလဲ ဒီသောက်ရည်တွေက သူ့အလိုလို ကျနေတာလို့ အီး"
သက်ပိုင်၏ ပက်ခနဲ ပြန်အော်သံကြောင့် ခက်ဆစ်သွန်း ဆတ်ခနဲ ဖြစ်သွားရသည်။
နှစ်သိမ့်ပေးနေတာကို သင်းက ပြန်အော်ချင်တယ်။
"ဟေ့ကောင်! မင်းက နာကျင်မှ နေလို့ထိုင်လို့ကောင်းတဲ့ ကောင်မျိုးကွ! မင်းကို ငါတို့ နွားဖြစ်နေပြီလို့ သတိမပေးခဲ့ဘူးလား မင်းဟာမက မင်းအပေါ် အချိုသတ်နေတာဟ လို့လည်း ငါတို့ သတိမပေးခဲ့ဘူးလား hotelမှာ တွေ့ခဲ့တယ်ဆိုတာထိ မင်းကို ငါတို့ သတိမပေးခဲ့လို့လား ဟမ်! ဘယ့်နဲ့ကွာ အချစ်ရူးတာလည်း ကြည့်ကြပ်ရူးပေါ့ အခု မင်းဆီက ပိုက်ဆံတောင်းပြီး သူ့ကောင်နဲ့ သွားအိပ်တာမလား မင်းက ဘာကို ခံစားနေတာတုန်း! ထ လာခဲ့! သွားတောင်းမယ် မင်းပိုက်ဆံကို!"
ဒေါသဖြစ်ဖြစ်နှင့် စကားကြမ်းတွေပါ ပြောချမိတော့ သုံးကောင်သား ခက်ဆစ်သွန်းကို မျက်လုံးကလည်ကလည်နှင့် လာကြည့်သည်။
တကယ်ဒေါသက ထွက်လာရသည်။ သက်ပိုင်၏ ကောင်မလေးသည် မှုန်နေအောင်ချောသည်။ အနေအထိုင်ရဲသည်။ သက်ပိုင်က အသားညိုညိုနှင့် အချောကြီးထဲက မဟုတ်။ အိမ်ကလည်း အချမ်းသာကြီး မဟုတ်။ ဒါကို သူ့ကောင်မလေးနှင့် စကြိုက်တည်းက ဒီကောင် အမ်းလိုက်ရသည့် အအမ်းက တစ်လစာ အသုံးစရိတ်ပင် မကျန်လို့ သူတို့သူငယ်ချင်းတစ်စု အမြဲကျွေးမွေးရတာ။ ပြီးတော့ ကိုယ့်ကောင်ကို silentတွဲတာ။ သက်ပိုင်ငနွားက နွားဖြစ်နေလည်း မနာနိုင်။ သူငယ်ချင်းတွေ သတိပေးလည်း သူက လက်မခံ။ သည်းက ငါ့ကို ချစ်ပါတယ်ကွာ ဆိုတာနှင့်တင် သူတို့တွေ ဆက်ပြောချင်စိတ်ကုန်ခဲ့ရတာဖြစ်သည်။
အခုတစ်ခါကတော့ ဒီကောင် ထိချက်ပြင်းသည်။လွန်ခဲ့တဲ့ နှစ်ရက်က ပိုက်ဆံနှစ်သိန်း လှမ်းပို့ခိုင်းလို့ ပို့ပေးလိုက်တာ ဟိုကောင်နှင့်သွားတွေ့သည့်လမ်းစရိတ်ဖြစ်နေသည်။ အဆိုးဆုံးကတော့ သက်ပိုင် ဖုန်းကိုင်တဲ့အချိန် သည်းညှာ အိပ်နေတယ်ဆိုပြီး သူ့ဖုန်းကို လာကိုင်တာက အဲ့ကောင်။
ထိုအခါမှ နာနိုင်သည့် သက်ပိုင်အစား သူတို့မှာ ခံပြင်းလွန်း၍ ဒေါသတို့က တလိတ်လိတ်။ ဒါကို ဒီကောင်က ထငိုလာတော့ ပိုဆိုးသည်။
ခက်ဆစ်သွန်း အင်္ကျီလက်ကို ပင့်တင်ရင်း ထရပ်တော့ ကြောင်ကြည့်နေသည့် သုံးကောင်သား လာဆွဲတော့သည်။
"ခက်! သားကြီး စိတ်ကိုလျှော့မှပေါ့ကွာ ငါ့မေမေပြောဖူးတယ်ကွ ဒေါသရှေ့ထား မှားမယ် ငါ့သားတဲ့ ဒေါသနဲ့ ယှဉ်ပြီး ပြုမူတဲ့အလုပ်တိုင်း အပျက်ဖြစ်ရတာပဲ နော် သူငယ်ချင်း"
အဖွဲ့၏ မေမေ့ကောင်လေး ဖြိုးသူရသည် ခက်ဆစ်ရင်ဘတ်ကို သပ်ကာ သပ်ကာ ဖြင့် လေပြေသွေးသည်။
ခပ်အေးအေးနေတတ်သည့် ခက်ဆစ်သွန်းက ဒေါသဖြစ်ခဲသည်မို့ ငိုနေသည့် သက်ပိုင်ပင် လက်ကို လာဆွဲထားသည်။
"သွားပြဿနာရှာဖို့ မတန်ဘူးလေ ခက်ခက်ရာ! ဖက်ဖြစ်လို့ မတန်မှတော့ ဘာလို့ အချိန်ကုန်လူပမ်းခံနေမလဲ သက်ပိုင်! မင်းလည်း ငိုမနေနဲ့ တိတ်တော့! "
အနိုင်၏ ဖြောင်းဖြသံပါ ထွက်လာသည်တွင်တော့ ခက်ဆစ်သွန်း ငြိမ်လိုက်တော့သည်။ သူငယ်ချင်းအစား ဒေါသထွက်လွန်း၍ ခံရခက်တာဖြစ်သည်။ သို့သော် တကယ် ပတ်သက်ဖို့ မတန်ပါ။
"သက်ပိုင်ရာ ဒါကြောင့် ငါ့မေမေက ပြောတာ အချစ်ဆိုတာ ပူလောင်တယ်တဲ့ မင်းအတွက် အပူတွေချည့်ပဲ များနေတဲ့ ဒီအချစ်ကို မင်း ဘာကြောင့် လက်မလျှော့နိုင်ရတာလဲ အဖြေဟာ မပြတ်သားနိုင်လို့ဘဲ ပြတ်သားပစ်နိုင်မှ ငါတို့က ဒီအချစ်ဆိုတဲ့ အပူစက်ကွင်းကနေ လွတ်မြောက်နိုင်မယ် သားကြီး"
"သာဓုပါတော်! သာဓုပါ "
သူရ၏ စကားအဆုံး သက်ပိုင်၏ ငိုသံပါဖြင့် သာဓု ရွဲ့ခေါ်သံကြောင့် ခက်ဆစ်သွန်းတို့ ထရယ်မိတော့သည်။
"ကဲ လာပါကွာ စိတ်ပြေလက်ပျောက် တစ်ခုခုကို အာရုံပြောင်းစို့"
"ဘာလုပ်မို့လဲ "
"အစီအစဉ်က ဘာလဲ"
"ပြောကြည့်စမ်း!"
"သွားသောက်ကြမလား"
"No! သားကြီးတို့ ခက်ဆစ်သွန်း ယမကာ ရှောင်ထားတယ်"
"ဘယ်လို! "
"ဘာ! ပြန်ပြောစမ်း!"
"နားရှိလို့တာ ကြားရတယ် မေမေရယ်"
မယုံသင်္ကာဖြင့် အကဲခတ်နေသည့် ကောင်တွေကို ခက်ဆစ်သွန်း မချိပြုံးလေးသာ ပြုံးပြနိုင်သည်။
ငါ့ဒုက္ခကို မင်းတို့မှ မသိဘဲ ကွာ။
"ဆော့ကြမလား လပြည့်ပါ ခေါ်ခဲ့ကြမယ်"
ဆော့ကြမလားဆိုသည်နှင့် လေးယောက်လုံး နားရွက်ဖျားတို့ဆတ်ခနဲ။
"အတန်းရှိသေးတယ် ဘယ်အခန်းအားလို့လဲ မိရင် မလွယ်ဘူးနော်"
"ခက်ခက်တိုက်ခန်း သွားကြမယ်လေ!"
"ဟေ! ငါ့ ငါ့တိုက်ခန်းလား"
အလန့်တကြားထမေးမိသံတွင် သုံးယောက်လုံးက ခက်ဆစ်သွန်းဆီ ခေါင်းတို့ သွက်သွက်ညိတ်ပြလာကြတော့သည်။
အေးလေ အစ်ကိုက သဘက်ခါမှ ပြန်လာမှာပဲဟာ။
"ဒို!! ဟမ်းဟမ်း ခက်ဆစ်သွန်းက အွန်သယ် အဲလိဖန့်ပဲ သားကြီးတို့"
"ချီးပဲ! မင်းတို့ကောင်တွေ ငါ့ကို ဖဲလိမ်နေတာမလား ဝိုင်းပြီး "
"သား ဘူနေပြီ မေမေရေ့!! "
တစ်ယောက်တစ်ပေါက်အသံတွေနှင့် တိုက်ခန်းလေးက ဆူညံလျက်ရှိသည်။
ဧည့်ခန်းက နေရာလွတ်တွင် ဖော့ဖျာတစ်ချက်ခင်း၊ စောင်ကြမ်းတစ်ထည် နှစ်ခေါက်ခင်းကာ လူငါးယောက်ဝိုင်းထိုင်နေကြတာဖြစ်သည်။
ခက်ဆစ်သွန်း၏ No alcohol ဆိုသည့်စကားကြောင့် Cola ဘူးတွေသာ အစီအရီ။
လပြည့်ကိုပါ ဆွဲခေါ်လာကြပြီး အပီအပြင် တကယ့်ကဒ်များဖြင့်ဆော့နေကြတာဖြစ်သည်။ ကျောင်းအဆောင်တုန်းက UNOကဒ်ဖြင့်လည်း ဆော့ဖူးသည်။ သို့သော် အခုကတော့လွတ်လွတ်လပ်လပ်မို့ သူတို့တွေ အေးဆေးဖြစ်နေသည်။
နေ့လယ်နှစ်နာရီလောက်တည်းက ဝိုင်းလိုက်တာ ညနေခြောက်နာရီခွဲကို ရောက်မှန်းမသိ ရောက်လာကြပေမယ့် သူတို့မထဖြစ်သေး။
အစပိုင်းတို့တွင် ခက်ဆစ်သွန်းက ကံအတော်လိုက်နေပေမယ့် နောက်ပိုင်းတွေတွင် သက်ပိုင်က ဦးဆောင်သည်။
"အချစ်ရေးမှာ ကံမကောင်းသူက cardကစားရာမှာ ကံကောင်းကြတယ်တဲ့ သားကြီးတို့ရ! အဟက် ဟက်"
သက်ပိုင်၏ အသံက နားကြားမြင်းကပ်စွာ အာကျယ်အာကျယ်ထွက်လာနေသည်။
"ဟေ့ကောင်တွေ ခဏ! ငါ့အမေ ဖုန်းဆက်လာလို့! ချီးဟေ့ ခုနှစ်နာရီထိုးနေပြီဟ!"
မားမားဘွိုင်းသည် ဖုန်းကို ကပြာကယာကောက်ကာ သူတို့နှင့်ဝေးရာ တံခါးပေါက်နား ပြေးလေသည်။
တို့စိတို့စိ အသံတို့ကြောင့် ခက်ဆစ်သွန်းတို့ ပြုံးမိပေမယ့် ဖဲဝေကာ ထားလိုက်သည်။
"အမလေးဗျ! မေမေရေ!"
အလန့်တကြား ထအော်သည့် ဖြိုးသူရကြောင့် ခက်ဆစ်သွန်းတို့အကြည့်တွေအကုန် တံခါးဝဆီ။ သို့သော် နံရံဖြင့် ကွယ်နေသည်ကြောင့် မမြင်ရ။
"သူရ!ဘာဖြစ်တာတုန်းဟ"
သူရက ထအော်ပြီး အသံတိတ်သွားသည်ကြောင့် သက်ပိုင်က လှမ်းမေးလိုက်သည်။
ထိုအချိန် နံရံကနေ ဧည့်ခန်းဘက်လှည့်ဝင်လာသူသည် သူရ မဟုတ်ခဲ့။
"ဘုရား ငုတ်တုပ်ကြွ! "
နံရံအကွယ်က ပေါ်လာသူကြောင့် ခက်ဆစ်သွန်းသည် အသိစိတ်ကို ပြန်ဆွဲကပ်နေရသည်။
သောက်ကျိုးနဲကို အဲဒါ ငါ့Crushကြီးဟ!
~*~
ငါးယောက်လုံး ဧည့်ခန်းတွင် မတ်တပ်ရပ်ကာ ခပ်ဆိတ်ဆိတ်နေနေကြရသည်။
ရှေ့က ခါးထောက်က ရပ်ကြည့်နေသူကြောင့် ခေါင်းလည်း မဖော်ရဲကြ။
လစ်ပြေးမလို့ကြံကြသည့် သကောင့်သားလေးယောက်သည်လည်း ရပ်နေ ဆိုသည့် အစ်ကို့စကားအောက် သူတို့လည်း နာခံကြရသည်။
"မင်းတို့မှာ အချိန်တွေ သိပ်ပိုနေကြတာလား "
တိုးထွက်လာသည့် အစ်ကို့ အသံမာအောက် သူတို့တွေ ခေါင်းတွေ ယမ်းကြရသည်။
"ဆေးကျောင်းသားတွေတဲ့ စာနဲ့ မျက်နှာနဲ့ ကပ်နေရမယ့်အထိ ကိုယ် မပြောပေမယ့် အခုလို လောင်းကစားအတွက် အချိန်ဖြုန်းနေတဲ့အထိ! မင်းတို့ကိုယ် မင်းတို့ ဖြစ်သင့်တယ် ထင်လား မင်းတို့လုပ်ရပ် မှန်ကန်တယ်များ ထင်နေသလား "
တစ်ယောက်ချင်း ဝေ့ဝဲကာ လက်ညိုးထိုးရင်း အစ်ကိုက မာန်တော့ ခက်ဆစ်သွန်း ခေါင်းကို ငုံ့ထားမိသည်။
ဟိုကောင်တွေသည်လည်း ငြိမ်ကာနေသည်။ အစ်ကိုနှင့် သူတို့ ရင်းနှီးကြပေမယ့် အစ်ကို့အပြုံးတို့ကိုသာ သူတို့လည်း ရင်းနှီးခဲ့ကြတာဖြစ်သည်။ အခုတွင်တော့ သူတို့သည်လည်း ငြိမ်ကုပ်ကာ အဆူခံရတော့မည်။
"ဖြိုးသူရ မင်းအမေသာ မင်းအခုလို အချိုးဖြစ်နေတာ သိရင် ဘယ်လိုဖြစ်မလဲ!"
"ဟင့်အင်း ကိုဧက မေမေ့ကို အသိမပေးပါနဲ့ သား နောက်ကို မလုပ်တော့ပါဘူး "
ပြာပြာသလဲဖြင့် သူရ က ကတုန်ကယင်ပြောလာသည်။
"ဘုန်းသက်ပိုင် မင်းအိမ်က မင်းအတွက် ဘယ်လောက် ပံ့ပိုးထားသလဲ မင်းကိုယ်မင်း အသိဆုံးဖြစ်လိမ့်မယ် ကိုယ် ဒီလိုပုံစံ ထပ်မတွေ့ချင်ဘူး ?"
"နောက် မတွေ့စေရပါဘူး ကိုဧက ထပ်မဖြစ်စေရပါဘူး"
အတည်ပြုသလို ပြောလာသည်ကြောင့် သက်ပိုင်တို့ ခေါင်းကို တဆတ်ဆတ်ညိတ်ကာ ကတိတွေပေးနေတော့သည်။
"မင်း!"
"ဟုတ် ကိုဧက ကျနော် နောက်ကို ထပ်မဖြစ်စေရပါဘူးဗျ တကယ်ပါ တကယ်ပါ"
လက်ညိုးထိုး၍ နာမ်စားသုံးရုံရှိသေး သူ့ဘာသာ ကတိတွေ ထပေးနေသူက ထွန်းလင်းနိုင်။
လပြည့်သည်တော့ ရှေ့က ကောင်တွေ၏ ပုံစံကြောင့် သူပင် သိပ်မသိရပါဘဲ လန့်နေရကာ ကိုဧက ဆိုသူ သူ့ဆီ အကြည့်ရောက်သည်နှင့် ခေါင်းကို ယမ်းပြနေမိတော့သည်။
"အေး! ကတိဆိုတာ ပေးပြီးရင် ဖြစ်အောင်လုပ်ရတယ် စကားဆိုတာလည်း ပြောပြီးရင် တည်ရတယ် ဒီတစ်ခေါက်ကို လွှတ်ပေးလိုက်မယ် နောက်တစ်ခါဆိုတာမျိုး ရှိလာရင် မင်းတို့အိမ်တွေကို အစ်ကို အသိပေးမယ်ဆိုတာကို ခေါင်းထဲ သေချာ မှတ်ထားကြ! ကဲ မင်းတို့ ပြန်လို့ရပြီ "
"ဟုတ်"
ဆိုသည့် တစ်သံကို ပြိုင်တူထွက်ရင်း ခက်ဆစ်သွန်းကိုပင် နှုတ်မဆက်နိုင်ဘဲ ပြေးထွက်သွားကြသည်။
ခက်ဆစ်သွန်းလည်း ယောင်နနဖြင့် လိုက်ရန် ပြင်လိုက်ပေမယ့်...
"တစ်လှမ်းမှ ရွေ့ဖို့စိတ်မကူးနဲ့ ခက် ဆစ် သွန်း"
ဂုတ်ကို ပုမိကာ သွားကို စိမိရင်း ခြေချောင်းလေးတွေကို ကုပ်ထားမိသည်။
စိတ်ပျက်ဟန်ကြည့်နေသည့် အစ်ကို့အကြည့်တွေက အနေကျုံ့စေသည်။
"ဒီလိုနည်းနဲ့ ကိုယ့်စကားကို မင်း နားထောင်ပြလိုက်တာပေါ့ ခက်ဆစ်သွန်း ဟမ်"
"..."
"မေးနေရင် ဖြေစမ်း!!!"
ဟိန်းထွက်လာသည့် အသံက ကိုယ်လုံးလေးကို တုန်ခနဲ။
"မဟုတ် မဟုတ်ပါဘူး အစ်ကို "
ခါးထောက်နေရာမှ နာရီကို ချွတ်နေသူကြောင့် ခက်ဆစ်သွန်း တံတွေးကို အသာမျိုချမိသည်။
အစ်ကို များစွာ စိတ်ဆိုးနေသည်။ ဝတ်ထားသည့် ခဲရောင်ရှပ်အင်္ကျီ၏ လက်ကို ပင့်တင်လိုက်သည့် အစ်ကိုက ဒေါသထွက်နေ၍ စိတ်အိုက်နေသည်ထင့်။
အေးစက်လာသည့် အငွေ့အသက်ကြောင့် ခက်ဆစ်သွန်း လက်ဖျားခြေဖျားပင် အေးလာရသည်။
"ကိုယ်က မင်းကို လူငယ်ချင်းပဲ စကားနဲ့ပြောပြရုံနဲ့ နားဝင်မယ် အဆင်ပြေမယ်ထင်ခဲ့တာ ကိုယ်သိပ်မှားသွားတယ် စကားနားမထောင်တဲ့ ကလေးတွေက ဘယ်လိုဆက်ဖြစ်လဲ ကောင်လေး သိလား"
နာရီကိုချွတ်ကာ စားပွဲတင်ရင်း မျက်ခုံးတစ်ဖက်ပင့်ကာ ပြောလာသည့် စကားကြောင့် ခက်ဆစ်သွန်း ကျောပြင်ထဲအထိ စိမ့်ခနဲ။
"ဘယ် ဘယ်လို ဖြစ်မှာလဲ ဟင်"
"ခပ်ဆတ်ဆတ်လေး အရိုက်ခံကြရတယ်"
"ဗျာ!"
ခေါင်းထဲ ဒိန်းခနဲဖြစ်သွားစေသည့် အစ်ကို့စကားကြောင့် ခက်ဆစ်သွန်း ကျောက်ရုပ်ကလေးလို အတောင့်လိုက်လေး ဖြစ်သွားရသည်။
သို့သော် ကြာကြာ ငြိမ်မနေလိုက်ရ။ လက်မောင်းတစ်ဖက်ကနေ ဆွဲခံလိုက်ရကာ sofaဆီ အခေါ်ခံလိုက်ရသည်က ကတိုက်ကရိုက်။
ထို့နောက် ဘယ်လိုဘယ်ပုံဖြင့် အစ်ကို့ပေါင်ပေါ် မှောက်လျက်ကျသွားမှန်း သူ မသိလိုက်။
တစ်ကိုယ်လုံးရှိ အခိုးအငွေ့တို့က ပျံကာ ထွက်နေသလိုမျိုး ခံစားလာရသည်။ အခု သူက သူ၏ ချစ်လှစွာသော Crushကြီးရဲ့ ပေါင်ပေါ်မှာ မှောက်လျက်အနေအထား။
"ဖြန်း!"
"အ!!"
တင်ပါးပေါ်ရောက်လာသည့် ရိုက်ချက်ကြောင့် ခက်ဆစ်သွန်း အလန့်တကြား။ မမျှော်လင့်ထား၍လည်း ပို၍ လန့်သွားရသည်။ သူ အခု Crushပေါင်ပေါ် ပစ်စလက်ခတ်ရောက်နေရုံမက တင်ပါးကိုပါ ကလေးလို အရိုက်ခံနေရသည်?။
"ဖြန်း! "
"အ!"
အတွေးမဆုံးခက် ထပ်ရောက်လာသည့်ရိုက်ချက်က ပူခနဲ။
မဟုတ်သေးပါ။ တစ်ခုခုတော့ လွဲချော်နေခဲ့ပြီလား။
"ဖြန်း! ဖြန်း! ဖြန်း!"
"အီး!"
မလွဲပါ။ သူတကယ် အရိုက်ခံနေရတာ။ ခံစားချက်တို့ပေါင်းစုံလာကာ ထူပူလာသည်။
တင်ပါးက အစပိုင်းတွင် သိပ်မသိသာပေမယ့် ရိုက်ချက်များလာသည်နှင့်အမျှ နာ၍ လာသည်။ အစ်ကို့လက်ဆက တစ်ချက်ဆို တစ်ချက်။
"စကားနားမထောင်တဲ့ ကလေးတွေက အခုလို အရိုက်ခံရတယ် ခက်ဆစ်သွန်း အခု အရသာကို သေချာမှတ်ထား!"
"ဖြန်း!"
"အင့်!"
ပြောရင်း အားပိုထည့်လိုက်ဟန်တူသည့် အစ်ကိုကြောင့် ဘယ်ဘက်တင်ပါလေးက အောင့်မျက်မျက်။
ရုန်းကြည့်ပေမယ့် အစ်ကိုက ကျောပြင်ပေါ်ပါ လက်တစ်ဖက်ဖိထားသည်မို့ ရုန်းမရပါ။ ခြေထောက်တို့ ကန်ကျောက်ပစ်တော့ ခြေသလုံးဆီ တစ်ချက် အရိုက်ခံရသည်။
"ဖြန်း!"
"ငြိမ်ငြိမ်နေမယ်! ခက်ဆစ်သွန်း ကိုယ်မင်းကို သတိမပေးခဲ့ဘူးလား! ဟမ်! မင်းက သိပ်ဆိုးနေတာ! ကလေးတွေလို မသိနိုးနား မှင်သေသေနဲ့ မင်း လုပ်ချင်ရာလုပ်နေတာ! မသိတာ မဟုတ်ဘူး နားမလည်တာ မဟုတ်ဘူး တမင်ကို မင်းအချိန်တွေကို အရေးမပါတဲ့အလုပ်တွေနဲ့ ဖြုန်းနေတာ! အဲ့လောက် အားနေလား ဟမ်!"
"ဖြန်း!"
"အ! နောက်ကို နောက်ကို ဆင်ခြင်ပါ့မယ် အီး! အစ်ကို့! ဟင့်"
"ဖြန်း!! ဖြန်း! ဖြန်း!!"
"ဟမ်! အခုထိ မင်းက နောက်ကို ဆင်ခြင်ပါ့မယ်ပဲလား! နောက်ကို မလုပ်တော့ဘူးဆိုတာမျိုး မလာဘူး ခက်ဆစ်သွန်းတို့ ကမ်းကုန်ကို အကြောတင်းပြနေတာပဲကွ! ဟေ!"
"အ! အစ်ကို မလုပ်"
ပြောရင်း ခက်ဆစ်သွန်းဝတ်ထားသည့် နောက်မျှော့ပါသည့် စတိုင်ပင်လ်လေးကို ဆွဲချွတ်ခံလိုက်ရသည်။ အမြန်အဆန် လက်ကို နောက်ပစ်ကာ လိုက်ဆွဲပေမယ့် မမီလိုက်။ အစ်ကိုက လျင်လွန်းသည်။ ကျောပေါ်က လက်က ခက်ဆစ်သွန်း၏ နောက်ရောက်လာသည့် လက်ကလေးကို ဖမ်းထိန်းကာ ကျန်လက်တစ်ဖက်ဖြင့် ပေါင်လယ်လောက်အထိ ဆွဲချသွားသည်။
မျက်နှာသည် ရေနွေးငွေ့ အခိုးရိုက်သလိုကို ပူထူလာတော့သည်။
သူ၏ အနေအထားကြီးနှင့် Crushပေါင်ပေါ်မှာ တင် ပြောင်ဖြင့်။
ရိုက်နေသူကလည်း Crush။
တင်ပါးတို့က ပူထူနေပေမယ့် အစ်ကိုက မညှာ။ ထို့ပြင် ခက်ဆစ်သွန်းတွင် ပိုပြီး အရှက်ရစရာ အနေအထားက ရှိနေသေးသည်။ သူ့ဘာသာနေနေတုန်းက မသိသာပေမယ့် ဘောင်းဘီနှင့် boxerပါ အချွတ်ခံရချိန်တွင် ရှေ့က ဆန္ဒပြနေသည့် သားပေါက်စက ပို၍ ပေါ်လွင်လာနေသည်။ အစ်ကို မြင်သွားလျှင်၊ သတိထားမိသွားလျှင်ဆိုသည့် အတွေးကပါ နေရာယူလာတော့သည်။
Crushရှေ့ အရှက်ကွဲကျဖူးသည့်သူများရှိနေဦးတော့ ခက်ဆစ်သွန်းလောက် အဖြစ်ဆိုးနိုင်မည် မထင်။
"နောက်ထပ် ဆယ်ချက်ပဲ ခက်ဆစ်သွန်း ဒီဆယ်ချက်ကို ကိုယ့်အပြစ်တွေ ကိုယ်ပြန်တွေးရင်း အချက်ရေ လိုက်ရေပေးတာကို ကိုယ်လိုချင်တယ် မရေရင် အဲ့အချက်အတွက် ထည့်မတွက်ဘူး ပြောတာ ရှင်းမလား! ပါးစပ်ကဖြေ!!"
"ဖြန်း!'
အစ်ကို့နှုတ်က ထပ်ထွက်လာသည့် စကားကြောင့် မျက်ဝန်းတို့တွင် မျက်ရည်တို့က ဝိုင်းခနဲ။
"ဟုတ် ဟုတ်ကဲ့ အစ်ကို အင့်"
အစ်ကို သူ့ကို တကယ် မညှာတော့ဘူးပဲ။ စကားနှင့်ပဲ ဆုံးမဩဝါဒ ချွေတုန်းက နားထောင်ခဲ့ရမှာ။ အခုတွင်တော့ တကယ် နောင်တ ရချင်လာသည်။
"ဖြန်း!"
"အ! တစ် တစ်ပါ"
တင်ပါးအသားပေါ် တိုက်ရိုက်ကျသည့် ရိုက်ချက်က အသံလည်း ပိုကျယ်ကာ ပိုပြီးလည်း နာသည်။
အသားစိုင်တို့ တုန်ခါသွားမည်ကို သူ၏Crushကြီးက မြင်နေရလောက်သည်။
အား! နောက်တစ်ခါ အစ်ကို မကြိုက်တာကို တကယ်မလုပ်တော့ပါဘူး။ ခက်ဆစ်သွန်း တကယ်မှတ်ပါပြီ။
"ဖြန်း!!"
"အင့် အ! နှစ်"
"ဖြန်း!!"
"အား! သုံးပါ "
ထိုအချက်တွေတွင် တစ်ချက်ချင်း လာကာ အစ်ကိုက အားကို ပိုပိုသာသာထည့်နေလေသည်။
တဖြည်းဖြည်းအချက်ရေစိတ်လာတာနှင့်အမျှ ခက်ဆစ်သွန်း ပါးပြင်တွင် မျက်ရည်တို့စိုရွှဲလာသည်။ တင်ပါးတစ်ခုလုံးလည်း ပူထူကာ နာသည်။ ဒါတောင် အစ်ကို့လက်နဲ့တင်မို့လို့။ တခြား ပစ္စည်းတစ်ခုခုကိုသုံးပြီး အစ်ကိုလက်ဆနှင့်ဆို ခက်ဆစ်သွန်း ဆက်မတွေးရဲပေ။
"ဖြန်း!! "
"အ! အစ်ကို့ အီး! ကိုး ပါ"
"နောက်ဆုံးတစ်ချက်ပဲ ကောင်လေး လိုက်မရေနဲ့တော့"
သတိပေးလာသည့် အစ်ကို့ကြောင့် အသံသိပ်မထွက်နိုင်ဘဲ ခေါင်းကို သွက်သွက် ညိတ်ရသည်။
"ဖြန်း!!!"
"အား! နောက်မလုပ်တော့ပါဘူး အစ်ကို ဟင့်! တကယ်ပါ နောက်မလုပ်တော့ပါဘူး အီး! အစ်! ဟင့်"
တင်ပါးပေါ် ခပ်ဖွဖွ ပွတ်သပ်ပေးနေသည့် အစ်ကို့လက်တွေက အစောက ရိုက်နေသည့် အကြမ်းပတမ်းပုံစံမျိုးမဟုတ်တော့ပေ။
"အင်း! ဒီအရသာကို သေချာမှတ်ထား ကောင်လေး နောက်ထပ်ဆိုတာမျိုး ထပ်ဖြစ်ရင် ဒီထက်ပိုဆိုးမယ်ဆိုတာပါ တစ်ခါတည်း မှတ်ထားမယ်! ကြားလား"
"ဟုတ် ဟင့်"
ဘောင်းဘီကို ပြန်ဆွဲတင်ပေးတော့ အစ်ကို့လက်နှင့် ထိမိချိန်တွင် လူက တုန့်ခနဲ။
အစ်ကိုလည်း ရိပ်မိလောက်သည်ဆိုသည့်အတွေးက တစ်ဖန် ဝင်ရောက်လာပြန်သည်မို့ ပိုတိုး၍သာ ရှိုက်ငိုမိတော့သည်။
"ရှူး နောက်မလုပ်တော့ရင် ရပြီ တိတ် တိတ်! ချာတိတ် ဟိတ်! "
ဆွဲထူခံလိုက်ရမှ ပို၍ ဆိုးတော့သည်။ အစ်ကိုနှင့် မျက်နှာချင်းမဆိုင်ရဲ၍ ရင်ခွင်ထဲ ခေါင်းဝင်တိုးမိတော့သည့်အဖြစ်။
အစ်ကိုက ခေါင်းကို ခပ်ဖွဖွပွတ်သပ်ပေးရင်း အလိုက်သင့်နေပေးသည်။
"အစ်ကို ဟင့် ဟင့် ကျနော့်ကို စိတ်ပျက်သွားပြီလား"
ရင်ခွင်ထဲ ပါးပြင်အသာအပ်ထားရင်း အပေါ်မော့ကာ ခက်ဆစ်သွန်းမေးတော့ အစ်ကိုက ငုံ့မိုးကာ ကြည့်လာသည်။
"ကိုယ် စိတ်မပျက်ပါဘူး။ ကောင်လေး ဆိုးရင်လည်း ကိုယ်က လမ်းမှန်တည့်ပေးဖို့ နည်းလမ်းတစ်ခုမဟုတ် တစ်ခု ရှာဖွေဦးမှာပဲ ဘာလို့လဲ သိလား"
"ဟင့်အင်း"
မျက်ဝန်းတို့က မျက်ရည်တွေနှင့်မို့ ပို၍ အရောင်တောက်နေသည့် ချာတိတ်က ခေါင်းလေးမော့ကာ ပြောတော့ နဖူးပြင်လေးထက် အသာငုံ့နမ်းမိသည်။
"ကိုယ် မင်းကို ချစ်လို့ ပေါ့"
"အင် ချစ်လို့ပဲပေါ့"
ယောင်နနဖြင့် သံယောင်လိုက်နေသည့်ကောင်လေးကို ဧကနောင် ပြုံး၍ ကြည့်နေမိသည်။
"ဘာ! အစ်ကို က ကျနော့်ကို ချစ်လို့??!!"
ထ အော်လာသည်ကြောင့် ဧကနောင် ခေါင်းကို မော့ကာ သဘောတကျကို ရယ်မောမိတော့သည်။
"ငတုံးလေး! ကိုယ် မင်းကို မချစ်ရင် ဘာလို့ အခုလိုတွေထိ ပြုပြင်ပေးဖို့ တွေးနေပါ့မလဲကွာ"
ပါးပြင်နွေးနွေးထက် အနမ်းတစ်ပွင့်ထပ်ခြွေတော့ ကောင်လေးက ရှက်ပြုံးလေးတစ်ပွင့် ပြန်ကမ်းသည်။
"သေချာ နားထောင် ကိုယ် မင်းကို စတွေ့တည်းက သဘောကျခဲ့တာ နောက်ပိုင်း ဘာမှန်းမသိတဲ့ခံစားချက်တွေကို ကိုယ်အဖြေရှာကြည့်တော့ ကောင်လေးကို ကိုယ် သိပ်ချစ်နေမိပြီတဲ့ဗျာ မွ!"
နှုတ်ခမ်ဖူးဖူးလေးထက် အသာငုံ့နမ်းတော့ လည်ပင်းထက် လက်ကလေးနှစ်ဖက်ရောက်လာကာ သိုင်းဖက်လာသည်။
ချစ်တယ် ကိုယ့်ကောင်လေး။
~*~
(A.n: ဒါလေးက ညီမလေးတစ်ယောက် လာရေးခိုင်းတဲ့ commercial လေးကို ခွင့်ပြုချက်ယူပြီး ဘာဘီတို့အတွက် New Year present လာပေးတာပါ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ ကျန်းမာရေးလည်း ဂရုစိုက်ကြဦးနော် 🖤)