5.Blind Date (Ongoing)
By karrot0801
6.7K 428 126
ရှက်ရှက်နဲ့ ခေါင်းမော့ကြည့်လိုက်တော့ သူက ကျွန်တော့်လက်တွေကို စိုက်ကြည်နေခဲ့တယ် ...... #PerthChimon ရွက္ရွက္န... More
Intro (U±Z)
Part 1(U±Z)
Part-2(U±Z)
Part-3(U±Z)
Part-4(U±Z)
Part-5(U±Z)
Part-6(U±Z)
Part-8.1(U±Z)
Part-8.2(U±Z)
Part-9(U±Z)
Part-7(U±Z)
934 42 19
By karrot0801
Blind Date 🖤💛
Part-7
Unicode
လက်ကို ဖိကိုင်ပြီး ဆွဲခေါ်သွားတဲ့နောက်လိုက်ရင်း ရုပ်ရှင်ရုံ ဝင်ပေါက်နားလောက်မှာ လူတစ်ယောက်နဲ့အမှတ်မထင် တိုက်မိသည်။ လွတ်အောင် ရှောင်လိုက်တာတောင် ဘယ်လိုဖြစ်ပြီး တိုက်မိသွားတာလဲ ။ ပုခုံးတစ်ဖက်ကတော့ တော်တော်လေး နာကျင်သွားရသည်။
နာသွားတဲ့နေရာကို ပွတ်မိနေတုန်း Perthရှိမှ တိုက်သွားတဲ့ သူကို လှမ်းခေါ်လိုက်တဲ့ အသံကြားရလေသည်။ Perth မျက်နှာကို ကြည့်လိုက် တစ်ဖက်သူ မျက်နှာကို ကြည့်လိုက်နဲ့ ကြည့်မိတော့လည်း တစ်ဖက်က သူက ရယ်ကြဲကြဲ ရွဲ့တဲ့တဲ့နဲ့ Perthကလည်း သိသာစွာ ပျက်ယွင်းသွားတဲ့ အမူအရာက အထင်းသား။
သူငယ်ချင်းတွေလား ၊ မဟုတ်ကြတာလား ။ ရွယ်တူလိုဆိုပေမဲ့ သူငယ်ချင်းပုံလည်း မပေါက်ပြန် ။ စောစောက ကြားလိုက်သည့်စကား
" မတွေ့တာတောင် ကြာပြီနော် ဘောဒါကြီးး
အရမ်းတွေ ကြိုးစားနေတာပဲ "
ဘာပြောချင်တာလဲ ။ စာကြည့်တိုက်မှာတွေ့တာလည်း မဟုတ် ရုပ်ရှင်ရုံမှာတွေ့တာကို ဘာကို ကြိုးစားတာလဲ ...
" သွားတော့မယ် နောက် ကျောင်းမှာ ဆုံတာပေါ့ "
Perth ကတော့ စကားစဖြတ် ထွက်ဖို့ လုပ်သည်။ သိုသော်လည်း တဖက်က
" မိတ်ဆက်ပေးခဲ့ပါဦး မင်းကောင်လေးနဲ့ "
သူက ဘယ်လိုလုပ် တစ်ထစ်ချ ချစ်သူရည်းစားလိုသုံးနှုန်းပြောဆိုရတာလဲ။ သူ့ကိုရော Perth အကုန်ပြောပြထားတာလား ။ ဒီအပြင် ကောင်မလေးတစ်ယောက် ထို တဖက်လူနားကို ခါးဖက်လိုက်ရင် ဝင်လာခဲ့လေသည် ။
" လာလေ ဘယ်သူတွေနဲ့ စကားပြောနေတာလဲ "
" Perth ..."
သူတို့အချင်းချင်းပြောပြီး ကိုယ်တွေဘက်လှည့်ကြည့်မိတော့မှ သူ(မ) ပါးစပ်က ခေါ်တဲ့သံ ထွက်လာပြန်သည်။ ဒီအပြင် အဲ့မိန်းကလေးမှာ စောစောက Tdဆိုတဲ့သူကို ဖက်ထားတဲ့လက်‌တွေ အမြန်ဖြုတ်ချလိုက်တာ‌တွေ့ရသည် ။
" Orange နဲ့က သိကြပြီးသားမလား ... Orange...ရုပ်ရှင်မကြည့်ဘဲ Perthတို့အတွဲလေးနဲ့ Double Date လုပ်ကြမလား "
" ဘာတွေပြောနေတာလဲ "
ဒီလူက ဘယ်လိုလူလဲ ။ ဘာအကြောင်းအရာမှ ရေရေလည်လည် မသိတဲ့ မိမိတောင် စိတ်အချဉ်ပေါက်လာမိသလို ဖြစ်ရသည်။
ကောင်မလေးမှာလည်း ပြာပြာသလဲ မျက်စိမျက်နှာတွေလည်း ပျက်ယွင်း ။ Perth ကိုကြည့်ရတာလည်း ဒေါသတွေထွက်နေတာ မျက်နှာရဲ့ ဘေးစောင်းတွေ ဂုတ်တွေ နီရဲတတ်လာလို့ ....
" ဟို ...ဒီဘက်က ညီလေး အထင်မှားနေပုံပဲ P'တို့က ဒီတိုင်း...."
" အစ်ကို လာ သွားကြမယ် "
ကိုယ်က မဟုတ်ဘူးလို ပြောပြီး ဖြေရှင်းပေးလိုက်တာက ကောင်းမယ်ထင်လို့ စကားစပေမဲ့ Perth က လက်‌ဖျားလေးတွေကနေ လက်တစ်ခုလုံးကို အုပ်မိုး ဆုပ်ကိုင်ပြီး သူတို့ကိုလည်း ခွန်းတုံ့မပြန်တော့ဘဲ ထွက်ချလာလေသည်။ တစ်‌ကယ့် သူ့ကောင်လေးတစ်ယောက်လိုမျိုး ထင်သာ မြင်သာအောင် ပြုမူလိုက်သလိုပဲ ။
ကားပေါ်ကို နှစ်ယောက်လုံး တက်ပြီးချိန်မှာတော့ Perthက ကားမထွက်သေးဘဲ သူ့အတွေးနဲ့သူ အာရုံပျံလွှင့်နေသည်။
" Perth "
" Perth ... "
" Perth "
" ဗျာ "
" အဆင်ပြေရဲ့လားး "
" ပြေပါတယ် ... "
သက်ပြင်းတစ်ချက်နဲ့အတူ ... ဖြေတဲ့အဖြေမှာ ... အဆင်မပြေတာတွေ ဒေါသတွေနဲ့ လျှို့ဝှက်တာတွေပါနေသည် ။
" အစ်ကို .... ဒီနေ့တော့ အိမ်ပဲ ပြန်လိုက်ကြတော့မယ် ... "
" အင်း အဲ့လိုပဲ လုပ်ကြမယ်လေ "
ကားမောင်းနေတဲ့အရှိန်အသံကလွဲ တိတ်ဆိတ်လို့ ၊ ကိုယ်တိုင်လည်းကားအပြင်ကိုသာ ငေးကြည့်ရင် လိုက်ပါလာခဲ့တော့သည် ။ တိုက်ခန်းအောက်ထိ မောင်းပို့ပေးပြီး ' သူနောက်နေ့မှ ပီဇာကျွေးမယ် အကြွေးမှတ်ထားလိုက် ' လို့ ပြောကာ အရှိန်ခပ်ပြင်းပြင်းမောင်း ထွက်သွားလေတော့သည်။
*****
*ဆိုင်ကယ် ခပ်ပြင်းပြင်း ပြိုင်မောင်းနေသံများ*
AJ : ဒီကောင် ဘာဖြစ်လာတာများလဲ "
JJ : မပြောတတ်ဖူးလေ မင်းရော ငါရော .. ဆိုင်ကယ်မောင်းဖို့ ခုချက်ချင်း လာခဲ့ပါ ခေါ်လို့ ထွက်လာကြတာမလား ... Win .. မင်းရော သိလား "
Win : ငါ့ကိုလည်း အဲ့တိုင်းပဲ ပြောပြီးခေါ်တာ "
AJ : သူ့ကိုကိုနဲ့ ပြတ်လာတာများလား "
JJ : သူက ဘယ်တုန်းက အသဲကွဲဖူးလို့လဲ ... တစ်ယောက်တော့ရှိခဲ့ဖူးပေမဲ့ အရက်ဝိုင်းတစ်ခုနဲ့ပြီးတာ ဒါက ဘာကို အလိုမကျနေတာများလဲ "
AJ : အဲ့တာ မရေးမကြီးဘူး ခုထိ မရပ်သေးတာ ... ငါ နာရီဝက်လောက်တောင် မရတော့လို့ နားနေတာ သူ တစ်နာရီလောက်ရှိနေပြီ "
Win : ငါ နည်းပြကို သွားပြောလိုက်ဦးမယ် "
Win ကတော့ နည်းပြကို သွားပြောပြီး နည်းပြက အချက်ပြ ရပ်ခိုင်းမှသာ အခေါက်ခေါက်အခါခါ ပတ်မောင်းနေတဲ့ Perthတစ်ယောက် ရပ်ပြီး သူ့သူငယ်ချင်းတွေနား ရောက်လာခဲ့သည်။
JJ : ရော့ ရေသောက်လိုက်ဦးး Relax "
JJ ကမ်းပေးတဲ့ ရေဗူးကို တစ်ဝက်လောက် မော့ချလိုက်သည်။ ခုလို ကိုယ်ဝါသနာပါရာကို စိတ်ထွက်ပေါက်အနေနဲ့ အသုံးချလိုက်မှပဲ အနည်းအကျဉ်း သက်သောင့်သက်သာရှိတော့သည်။
Win : ဘာဖြစ်လာတာလဲ မင်းကောင်လေးနဲ့ အဆင်မပြေလို့လား "
သူတို့ ပါးစပ်ထဲမှာလည်း ဒါပဲ ။ Chi နဲ့မှ သူ့ကို မစရရင်ကို မနေနိုင်ကြတာ ။
" ဟိုကောင်နဲ့ တွေ့လာတယ် "
" ဘယ်ကောင်လဲ "
" Td "
Win : အဲ့တာနဲ့ ဘာဖြစ်လာတာလဲ "
" ဒီကောင်က ကျက်သရေတော်တော်တုံးးတာ ... သူပြောတဲ့စကားတွေက Chi ရိပ်သွားနိုင်တယ်လောက်တဲ့ စကားတွေမျိုး ပြောတာ ငါ အဲ့ကောင် မျက်ခွက်ကို နှာခေါင်းကနေ တည်ပြီးထိုးချင်တာ "
AJ : Chi ရိပ်မိသွားလား "
" ငါပဲ ခေါ်မယ်လို့ အဲ့လို "
AJ : မင်းကလည်း ဒါတောင် ကြိုက်တာ မဟုတ်သေးဘူး "
" Chi ဘာတွေလဲဆိုပြီး တွေးကောင်းတွေးနိုင်ပေမဲ့ ငါ့ပုံစံကြည့်ပြီး ငြိမ်နေတယ် အလိုက်ထိုက်လေးနေပြီး သူလိုက်လာတာ "
" တော်သေးတာပေါ့ "
" ဘာတော်ရမှာလဲ ဒီကောင် ပြိုင်ပွဲအပေါ် လာညစ်ပက်တာပဲ ပြီးတော့ Orange က သူနဲ့အတူလာတာ "
" ဟမ် " " ဘယ်လို "
Win : အကြောင်းအရင်းက ဒါကြောင့်လား "
" မင်းလည်း ငါတွေးနေသလို တွေးမိတယ်မလား "
" အေးး "
JJ : ဘာလဲ "
Win : Orange က ဘယ်သူ့ကို ကြိုက်‌နေတာလဲ "
JJ : Perthကိုလေ တို့ တစ်မေဂျာလုံး သိတယ် "
" အေး အဲ့တာကို ခု သူက Tdရဲ့ရည်းစား ဖြစ်နေတာကွာ အဲ့တာကြည့်တာနဲ့ Td ဘာအကွက်တွေ ရွေ့လိုက်လဲ ဘာကြောင့် ငါ့ကို ခုလိုတွေလုပ်လဲက အသိသာကြီးမလား ခုလည်း Orange ရှေ့မှာ ငါနဲ chiနဲ့အတူ အတွဲနှစ်တွဲ double dateတွေဘာတွေ လုပ်တာ boy to boy တွဲနေတာပါ အရမ်းပြချင်နေတာမျိုး "
AJ: ဟ သူ P'Mon ကိုတောင် အားမနာဘူးလား တဖက်လူ အသိပေးချင်လား ဖုံးထားချင်လား မသိ "
JJ : စိတ်တော့ မဆိုးနဲ့နော် ငါမေးမယ် မင်းဒေါသဖြစ်တာက Orange ရှေ့မှာ ‌မင်းကောင်လေးတွဲနေတာကို ချပြလိုက်ရလို့ ရှက်သွားပြီး ဒေါသထွက်တာလား "
JJ မေးခွန်းကို သူ ခေတ္တခဏတော့ ပြန်လည် သုံးသပ်မိတယ် ။ မဟုတ်ဘူး အဲ့လိုမျိုး လုံးဝ မဟုတ်ဘူး ။ အဲ့လိုစိတ်သာ ဖြစ်မိရင် Chiကို သူတို့ရှေ့ လက်ဆွဲပြီး ခေါ်ထုတ်သွားမိမှာ မဟုတ်ဘူး ။
" မဟုတ်ဘူး အဲ့လို စိတ်
ငါဒေါသထွက်တာက ဒီကောင် ယုတ်မာလို့ ... ပြိုင်ပွဲဆို ဘယ်ပြိုင်ပွဲမှာ ဖြစ်ဖြစ် စည်းရှိတယ် ... ငါ လက်ခံထားပြီး သူနဲ့အလောင်းအစား လုပ်ထားတဲ့အပေါ်မှာ သူရဲ့ ဒီအပြုမူက ညစ်ပက်တာ ... တစ်ဖက်က အစ်ကို က ဘယ်လို ထင်သွားမလဲ သံသရ ဝင်မသွားနိုင်ဘူးလား ဒီကောင့် လုပ်ရပ်ကြောင့် "
" ဘာတွေ ပြောသွားသေးလို့လဲ "
" တော်တော် ကြိုးစားနေတာပဲတဲ့ ဒီကောင်ကို ပွဲပြီးရင် အမှုန့်ကြိတ်မယ် ၊ ဒီနေ့ကိုလည်း တမင် ငါရှိမှန်းသိလို့ လာတာ ၊ ငါ့ကို လိုက် stalk နေတာ ဒါမှမဟုတ် မင်းတို့သုံးယောက်ထဲမှာ သစ္စာဖောက်ရှိနေလား ... "
JJ,AJ,Win : sh**t mot** fu""ker ဆက်..**"
မိုးမွှန်အောင် ထ ဆဲလိုက်ကြသော သူငယ်ချင်းများး ။ ဒီ‌ကောင်တွေကတော့ ဘယ်တော့မှ အဲ့လိုလုပ်မဲ့သူမဟုတ်တာကို သူသေချာသိသည်။ ဒီတိုင်း သူ့နောက်ကနေ လူလွှတ်ထားသလား မပြောတတ် ။ ဒီလို ညစ်တဲ့ ကစားပွဲမျိုးတွေကို သူ ရွံတယ်။
ပြီးတော့ ဒီအမှန်တရားကိုလည်း အစ်ကိုကို မသိစေချင်တာတော့ အမှန်ပဲ ။ ဒါကတော့ ဒီပွဲရှူံးမှာစိုးလို့လား ဒါမှမဟုတ် တခြားအကြောင်း ရှိနေလို့လားဆိုတာတော့ ဝေခွဲ မရခဲ့ပါဘူး ။
........
" သား မနက်စာ စားသွားဦးး "
" အားး နောက်ကျနေလို့ မေမေ
နောက်နေ့မှပဲ "
" လာပါ ကော်ဖီလေးပဲ ဖြစ်ဖြစ် "
မေမေတို့နဲ့ မျက်နှာချင်းဆိုင်ဖို့တွေက ခဲရင်းနေ ၊ ကားမေးတိုင်း လိမ်နေရတာ ။ သုံးလလောက်ငှားထားတယ် လိုပြောထားပေမဲ့ ပြန်ယူဖို့တွေ နားပူနေတာတွေကြောင့်နဲ့ သူ အိမ်မကပ် အခန်းထဲကမခွာ နေနေရသည်။
" ရပြီလား မေမေ "
ချပေးထားတဲ့ ကော်ဖီခွက်ကို ရပ်နေရင်းနဲ့ သောက်ချပစ်လိုက်ပြီး ပြန်ထွက်ခွာဖို့ လုပ်သည်။
" သား မင်း လေးလေး နောက်အပတ်ထဲ ရောက်မယ်‌နော် "
" ဗျာ "
ထမင်းစားခန်အပြင်ရောက်ခါနီးခြေလှမ်းတွေ ရပ်တန့် သွားခဲ့သည်။
" ဘာကိစ္စ..."
" သားရယ် ကိုယ့်ဦးလေးလာတာ ဘာကိစ္စတဲ့လားး အရင်ကတော့ ခုန်ပေါက်နေပြီး ခု ဘယ်လိုဖြစ် "
" မှားး မှားထွက်သွားတာ အလုပ်ကိစ္စနဲ့လာတာလား အလည်ပဲလားး မေးချင်တာ "
" သူ တူကို သတိရလို့တဲ့ "
" ဟုတ် ..ဟုတ် "
လေးလေးက လာရင် သူပေးထားတဲ့ ကားက မရှိ ၊ သူများ ငှားထားတယ်ပြောရင်လည်း စိတ်ဆိုးမလား။
" ချီးးး ခေါင်းမီးတောက်စရာကိစ္စတွေ "
အသံမိုင်ကုန်ဖွင့်လိုက်တဲ့ Rock သီချင်းတွေနဲ့အတူ ကျောင်းထဲသို့ ... ။ စိတ်တွေက မကြည်ပါဘူးဆို မေဂျာဆောင်ရှေ့မှာ Orange နဲ့ ထပ်တိုးပြန်တယ် ။
" Perth "
" ဘာကိစ္စလဲ "
" ဟို ဟိုနေ့ကလေ ဟိုလေ... "
" ပြောစရာမရှိရင် ဖယ်တော့ "
သူကိုကျော်ပြီး ထွက်လာဖို့ အလုပ်မှာ အတင်း အရဲစွန့်ပြီး ထမေးတဲ့အသံနဲ့ ..
" Td ပြောတာ အမှန် မဟုတ်ဘူးမလား "
" အဲ့တာ သူ့ကိစ္စနဲ့ နင့်ရဲ့လက်ခံမှု့ပဲ "
" မဟုတ်ဘူးလို့ ရှင်းပြလေ ... "
သူ(မ)ရဲ့ အံကြိတ်သံတွေကို စိတ်မဝင်စားမိခင် ထွက်လာသည့် ဒေါသများကိုသာ မျိုချနေရသည်။
" နင်နဲ့ ငါနဲ့က ဘာမို့လို့ နင့်ကို ရှင်းပြရမှာလဲ "
" Perth ....Perth... "
ခေါ်ပြီး အနောက်က ပါလာပေမဲ့ ဂရုမစိုက် စာသင်ခန်းထဲကို ကြည့်လိုက်တော့ ဟိုကောင်တွေ မရောက်သေး။ အဲ့တာနဲ့ သူတိူ့ရှိတတ်တဲ့ ကန်တင်းဘက်ကိုသွားကြည့်ဖို့ လျှောက်လာခဲ့သည်။ အဲ့ထိလည်း အနောက်က Orange က လိုက်လာလေသည်။ အဲ့ဒီအပြင် ကန်တင်းရှေ့ရောက်ခါနီးမှာတော့ လက်မောင်ကနေ အတင်ဆွဲပြီး ယောကျာ်လေးခြေလှမ်းကို အမှီကျော်ရပ်ကာ
" Perth ... "
" ကျွတ်... Orange နင်ဘာလို့ အဲ့လောက်တောင်... အရင်ကလည်းး နင်..sh*t "
" အေး ဟုတ်တယ် .. ငါ ခုလိုတွေ လုပ်တယ် ဒါပေမဲ့ နင် ငါ့ဘက်ကြည့်လားး .... ပထမက မိန်းကလေးတစ်ယောက် ခု အဲ့တာထက်ပိုဆိုးနေတယ် ငါမျှော်လင့်ချက်တွေပါ ပျက်စီးအောင် နင်... ယောက်..ယောက် "
" ယောကျာ်းလေးနဲ့တွဲနေတယ် ပြောလေ ...ပြောမထွက်နေရင်လည်း ထားလိုက် အဲ့တာ ငါ့ကိစ္စ နင်က Tdနဲ့ပဲ အေးဆေးသွားတွဲနေလိုက် "
" ဟာ ...
ဘာလဲ သူနဲ့ သဝန်တိုနေတာလားး
သူနဲ့က တကယ် ဘာမှမဟုတ်ဘူး "
" ကျစ် "
ဘာလို့ အဲ့လောက်တောင် တစ်ဖက်သတ်လိုက်ဆန်နေရတာလဲ ။ မူကြိုအရွယ်လောက်က ယူမယ် ပြောမိတဲ့စကားက အဲ့လောက်တောင်ပြဿနာကြီးခဲ့လား ။
အဲ့မူကြိုပြီး Orange လည်း နိုင်ငံခြားပြောင်းသွားခဲ့တာ သူ တက္ကသိုလ်ရောက်မှ ပြန်လာပြီး ခု‌လိုတွေ လိုက်တွယ်ကပ်နေတာ စိတ်ဆင်းရဲ့ရခြင်း တမျိုးပဲ ။ ခုလည်း သူ Tdနဲ့ဘတွဲနေတာ မဟုတ်ဘူးလား ။
" Perth ... "
ဒီခါခေါ်တဲ့အသံကတော့ AJအသံ ... အသံလာရာဝိုင်းကို ကြည့်လိုက်တော့ JJ က မျက်စမျက်န‌တွေ ပစ်ပြနေသည်။ သူ မျက်လုံးက ညွှန်းပြနေတဲ့ အနောက်ကို ကြည့်မိတော့ OMG Chi....
သူ့ လက်မောင်းကို ကိုင်ထားတဲ့ Orange ရဲ့လက်ကို ဖယ်ချလိုက်ပြီး
" နင်တွေးချင်ရာတွေးပြီးနေခဲ့ ငါ သွားပြီ "
အမြန် သူငယ်ချင်တွေ ဝိုင်းကို သွားပြီး Chi အနားကို ...
" အစ်ကို ဘယ်တုန်းက ဘယ်လိုဖြစ်ပြီး "
Win : ထိုင်ပါဦးး အရင် "
" ကျောင်းရှေ့မှာ JJတို့နဲ့ တွေ့ပြီး ပါလာတာ "
" အလုပ်က "
Chi က သူ့ Laptopထည့်ထားသည် အလုပ်အိတ်ကိုသာ ပုတ်ပြသည်။
JJ : ဒီဘက်လေး လှည့်ထိုင်လိုက်ပါလား "
ထူးထူးဆန်းဆန်း ကျောင်းထဲမှာ တွေ့ရတာမို့ မေးခွန်ထုတ်ချင်ဇော်တွေနဲ့ ခုံကို ဘေးတိုက်ထိုင် Chi ဘက်ခြမ်းကို မျက်နှာမူမိထားမိသည်။ သူငယ်ချင်းတွေကတော့ လှော်နေလိုက်ကြတာ နောက်မှ ဂုဏ်ပြုပေးရမယ်။
" မေးစရာတွေ များလို့ပါ "
" ဟို ငါလည်း ဒီမှာ ထိုင်လို့ရလား "
ပြီးပြတ်ပြီ ထင်တာ မပြီးပြတ်သေးဘဲ Orange လိုက်လာပြန်သည်။ JJ,AJ,Win တို့က သူရှက်ရမည့်သူ မဟုတ်ခဲ့တာ ကြာခဲ့ပါပြီ ။
" Perth ... နင် ငါ့ကို သဝန်တိုနေတာလားး မေးတာ ဖြေဦး "
AJ : Orange .... "
သူငယ်ချင်းတွေအားလုံး Chi နဲ့ ကိုယ်နဲ့ကို ကြည့်ပြီး ပြာပြာသလဲတွေ ဖြစ်ကုန်သည်။ မိမိကိုယ်တိုင်လည်း Chi ကိုကြည့်မိတော့ ' ဘာတွေလဲ ' ဆိုတဲ့ နားမလည်တဲ့ မျက်ဝန်းတွေ ။ မိန်းကလေးတစ်ယောက်ကို အားလုံးရှေ့ အရှက်မခွဲနိုင်ဘူးဆိုတဲ့ မိမိစိတ်ကို ခုတုံးလုပ်ချနေတာက စိတ်ပင်ပန်းစေတယ် ။
" JJ ငါ့ကို မင်း ကားသော့ပေးး "
" အေး အေး ရော့ "
" Perth "
" နင့်မေးခွန်းကိုက ညမှ ဖုန်းဆက်မေးတော့ ခုတော့ Chi ကို ပီဇာ လိုက်ကျွေးလိုက်ဦးမယ် "
" Chi သွားမယ် ထ ... ဟိုပိတ်ရက်နေ့က မစားလိုက်ရတာလေး သွားစားရအောင် "
ဘာတွေ တွေးနေလည်း မသိတဲ့ Chi က အူကြောင်ကြောင်
" ထလေ "
ဖောင်းနေတဲ့ ပါးကို မထိတထိလေး ညှစ်လိုက်ပြီး ထပ်ခေါ်လိုက်သည်။ အဲ့ကျမှ အနီဖျော့ရောင် ဖျက်ပြေးသွားတဲ့ ပါးတွေ နားးတွေနဲ့အတူ ... ထ လိုက်လာလေသည်။
အနီးနားက ပီဇာဆိုင် တစ်ခုသို့ ...တကယ်ကြီး သွားခဲ့သည်။
" Perth "
" ဟုတ် ... ရော့ အစ်ကို ဒီမှာ ဖဲ့ထားတာစား "
" အင်း "
" ဟိုတစ်ယောက်က မင်းကောင်မလေးလားး "
သူနေရာမှာ ကိုယ်ဆိုရင်လည်း သိချင်မှာပဲ ။ မဟုတ်ဘူး ကိုယ်နဲ့ တွဲနေပြီး ဒီလိုမရှင်းရလားဆိုပြီး ပွဲတောင် ထ ကြမ်းမိမလား ။
" မဟုတ်ပါဘူး တကယ်ပါ ... ကြွားပြောတာမျိုး ၊ မိန်းကလေးထိခိုက်အောင် ပြောတာ မဟုတ်ပေမဲ့ သူကတော့ ကျွန်တော့်ကို သဘောကျနေပါတယ် အဲ့တာကလည်း စိတ် အစွဲလမ်းတစ်ခုကြောင့်ပဲ နေမယ် "
" စိတ်အစွဲလမ်း "
" ဒီလို အစ်ကို သူနဲ့ ငယ်ငယ်က မူကြိုကျောင်းတူတူပဲ အဲ့မှာ ကျွန်တော်က ကလေးပိစိလေးစိတ်နဲ့ သူ့ကို ကြီးလာရင် လက်ထပ်မယ်ပြောခဲ့တာ အဲ့တာကို အတိအကျ တွေးနေပြီး စွဲလမ်း "
" အဲ့တာဆို လက်ထပ်ရမှာပေါ့ "
" ဟာ အစ်ကိုကလည်းး "
ကျွန်တော့်ရဲ့ ရှုံမဲ့သွားတာကို ကြည့်ပြီးပဲ ရယ်စရာကောင်းသွားလား မသိ Chi က စိတ်လိုလက်ရ ရယ်သည်။ သူ့ရဲ့ ညီနေတဲ့သွားလေးတွေ ပေါ်အောင်ရယ်သည်။တကယ် ချစ်ဖို့ကောင်းပါတယ် ။ ပထအဆုံးနေ့က Chi လက်တွေကို ငေးကြည့်မိသလို ဒုတိယအကြိမ် ငေးကြည့်မိပြန်တယ် ။
" အဟမ်းး ဘာလို့လဲ
စားထားတာ ပေနေလို့လား "
" ဟမ်.. အော် နည်းနည်း ဒီမှာ ... "
အရှက်ပြေ တစ်သျှူးယူပြီး သုတ်ပေးလိုက်သည်။ သူလည်း ရှက်ပြီး ဟိုဘက်အနည်းငယ် လှည့်လိုက်သလို ကိုယ်လည်း ဒီဘက်နည်းနည်းလှည့်ဖြစ်လိုက်သည်။ ဒါနဲ့
' ငါကရော ဘာလို ရှက်မိရတာလဲ '
*****
ဒီနေ့မှ တိုက်ဆိုင်စွာ Perth သူငယ်ချင်းတွေနဲ့ တွေ့သည် ။ သူတို့အတင်းခေါ်လို့ သူတို့ ကျောင်းထဲပါသွားခဲ့သည် ။ အဲ့မှာ Perth သူငယ်ချင်းအုပ်စုတွေနဲ့ ထိုင်နေရင်း ဒီဘက်ကို လာနေတဲ့ Perthကို ခပ်ဝေးဝေးထဲက တွေ့သည်။ ဒါပေမဲ့ တစ်ယောက်ထဲ မဟုတ် ဟိုနေ့ကတွေ့တဲ့ ကောင်မလေးနှင့် ။ အခြေနေက ပြောရမယ်ဆို သမီးရည်းစားရန်ဖြစ်နေတာမျိုးလိုလို ... အဲ့ချိန်မှာ Mrac ပြောတဲ့ စကား
' မင်းကို ပလေးနေတာ ' ဆိုတဲ့ စကားကို ကြားယောင်မိတယ်။
အခြေနေက သေချာဂဃဏနမသိတာမို့ ကြည့်နေပေမဲ့ ဖြစ်ပေါ်လာတဲ့ အတွေးတိုင်းက Perth နဲ့ ကြိုက်နေကြတာလား ၊အတွဲတွေလား ၊ အဲ့တာဆို ငါကရော မေးခွန်းတွေ အစုံကျလာပြီး စိတ်အိုက်လာမိသည် ။ ရင်ထဲ ပူမိတယ်ဆိုရင်လည်း မမှားဘူး ။ ကောင်မလေးရှိရဲ့နဲ့ သူနဲ့ ဒီလိုအခြေနေဖြစ်နေတာကို ဒီသူငယ်ချင်းတွေကရော ဟားနေမလား ... ၊ ဒီကောင်မလေးကရော သိရင် ဘယ်လိုထင်မလဲ ၊ အချိန်ခဏလေးနဲ့ အတွေးများစွာ...
အဲ့ အတွေးတွေကို အမြန်ဆုံး ချေဖျက်ပေးလိုက်တာကတော့ Perthပါ ... တစ်ဖက်မေးတာကို အပြုမူမျဖြင့် သူပုံဖော်ပြခဲ့သည် ။ အနည်းဆုံးတော့ ခုဏက မိမိ ရှက်မိနေတဲ့ ဂုဏ်သိက္ခာတွေ ၊အမည်မဖော်လိုတဲ့ခံစားချက်တွေကနေ ဆယ်ယူခံလိုက်ရတယ် ။ အဲ့အချက်နဲ့တင် Perthကို စိတ်တို ဒေါသဖြစ်မိသွားတာကနေ အဆင်ပြေ ပြေလျော့သွားခဲ့သည် ။
ပီဇာဆိုင်မှာတော့ မေးသင့်တာမေးခဲ့လိုက်တဲ့အခါ သူက သေချာရှင်းပြခဲ့သည်။ ကောင်းမလေးကတော့ ဖြစ်ချင်တာဆို ဘာမှ သိပ်မစဉ်စားတဲ့ အကျင့်လေးထင်ပါတယ် ။
" အစ်ကို ကျွန်တော်ကို ပြန်တောင် စ နောက်တတ်နေပြီနော် .. "
" ကတိပေးထားတာက တည်ရမှာဆိုတော့လေ "
" အစ်ကို... "
" စတာ စတာပါ စားး ပီဇာကို ဆိုဒ်ကြီး ဝယ်ထားပြီးတော့ "
ဒီလိုကျ ကလေးလေးလို ဂျစ်တိုက်နေတာနှင့် တူသည်။
" အဲ့တာဘာခံစားချက်မှ မသိတဲ့အရွယ်က ပြောခဲ့တာလေ "
" ဟုတ်ပါတယ် မှန်တယ် စား "
" ဒါနဲ့ အစ်ကို သဝန်တိုလား "
' သဝန်တိုလား??? သူ သဝန်တိုမိလား '
အမှန်တိုင်းပြောရရင် Perth လက်မောင်းကို ဆွဲပြီး ကိုင်ထားတုန်းက သူစိတ်မှာ ဘဝင်မကျပါ... ။ ဒီလိုမျိုး မမြင်ချင်သလို ခံစားချက်ဖြစ်တာကို သတိထားမိခဲ့သည် ။အဲ့တော့ အဲ့တာက သဝန်တိုတာလားး ဒီအဖြေကို ဘယ်လိုဖြေရမလဲ ၊ ပြဿနာက ဒီနှာခေါင်း. ၊ လိမ်ဖြေရင် ထချေဦးမှာ ၊ တစ်ဖက်က မသိသော်လည်း သူ့ကိုယ်သူ မလုံ ...
" မသိဘူး ‌မပြောတတ်ဘူး "
" ဟုတ်လားး အဲ့တစ်ယောက်နဲ့ စကားပြောနေ ၊ အပြင်မှာ သပ်သပ်တွေ့နေရင်ရော အဆင်ပြေတာပေါ့ "
" ဟင် "
" ကိုယ်တွဲနေတဲ့ ကောင်လေးကမှ ဘာမှမဖြစ်တာတွေ့လို့ရတာပဲလေ ဟုတ်တယ်မလား "
" တွေ့လို့က ရပါတယ် သာမာန်လိုဆိုရင်ပေါ့ မဟုတ်ရင်တော့ အတွဲရှိနေတဲ့ သူတစ်ယောက်အနေနဲ့ မသင့်တော်ဘူးမလား "
" ကျွန်တော့်က သာမာန် ၊ သူကတော့ သာမာန်မဟုတ်ဘူး ဆိုတော့ တစ်ဝက်စီဖြစ်နေတယ် "
" အရမ်းတွေ့ချင်နေတာလား "
ပါးစပ်က လွှတ်ခနဲထွက်မိတဲ့ စကားသာ ။ ဆွဲယူလို့တောင် မမှီလိုက်သော ...
" ပေါ်လာပြီ ပေါ်လာပြီ စကားနာထိုးတာမလား အဲ့တာ ..."
လက်ညိုးတစ်ထိုးထိုးနဲ့ ရယ်မောပြောနေတဲ့ Perthကို မချေပတော့ ၊ ချေပနေလည်း မွေးရာပါ လိမ်မရတဲ့ အရာကရှိနေတော့ ဒီလောက်နဲ့ပဲ ရပ်ပြီး ဟိုဆိုင်မှာ ဘာမှမစားခဲ့သမျှ ဒီမှာ ပီဇာတွေ တစ်ခုပြီးတစ်ခု ...
Continue...
Note : ရှင်ဘုရင်ပြောင်းတာမှ မြန်ဦးမယ် , upဖို့ဆို အရမ်းကြာနေတဲ့ စာရေးသူလေး upလာပါပြီ ဟီးးး
ဇာတ်က ရိုးပြီးး အီနေလား မသိ ၊ စိတ်ဝင်စားမှု့မရှိခဲ့သော် ဝေဖန်ပေးနိုင်ပါ၏ ။ tempoတက်တဲ့ အချိန်တော့ လာမှာပါ အသဲကွဲချိန် (spoil 😌) ။
ဖတ်ပေးကြတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါသည် 🙆🏻‍♀️🖤💛
10:03pm
11.01.2024(Thu)
××××
Zawgyi
" Perth ..."
" ဘာတွေပြောနေတာလဲ "
" အစ်ကို လာ သွားကြမယ် "
" Perth "
" Perth ... "
" Perth "
" ဗျာ "
" အဆင်ပြေရဲ့လားး "
" ပြေပါတယ် ... "
*****
" ဘယ်ကောင်လဲ "
" Td "
AJ : Chi ရိပ်မိသွားလား "
" တော်သေးတာပေါ့ "
" ဟမ် " " ဘယ်လို "
" အေးး "
JJ : ဘာလဲ "
" မဟုတ်ဘူး အဲ့လို စိတ်
........
" သား မနက်စာ စားသွားဦးး "
နောက်နေ့မှပဲ "
" ရပြီလား မေမေ "
" ဗျာ "
" ဘာကိစ္စ..."
" သူ တူကို သတိရလို့တဲ့ "
" ဟုတ် ..ဟုတ် "
" Perth "
" ဘာကိစ္စလဲ "
" ဟို ဟိုနေ့ကလေ ဟိုလေ... "
" Perth ....Perth... "
" Perth ... "
" ဟာ ...
" ကျစ် "
" Perth ... "
Win : ထိုင်ပါဦးး အရင် "
" အလုပ်က "
" မေးစရာတွေ များလို့ပါ "
AJ : Orange .... "
" အေး အေး ရော့ "
" Perth "
" ထလေ "
" Perth "
" အင်း "
" စိတ်အစွဲလမ်း "
" ဟာ အစ်ကိုကလည်းး "
" အဟမ်းး ဘာလို့လဲ
စားထားတာ ပေနေလို့လား "
*****
" အစ်ကို... "
" ဟုတ်ပါတယ် မှန်တယ် စား "
" မသိဘူး မပြောတတ်ဘူး "
" ဟင် "
Continue...
10:03pm
11.01.2024(Thu)
Continue Reading
You'll Also Like
1.6K 181 8
harukyu hoonsuk dohwan yosahi 🪄
5.5K 51 1
Unicode Ae:ချစ်ရမှာ‌ေကြာက်တဲ့မင်း‌ေကြာင့် ချစ်တတ်ခဲ့ပြီ လူ‌ေကြာက်တတ်တဲ့Pete‌ေလး‌ေရချစ်ရမှာကြောက်တဲ့မင်းကိုချစ်တတ်အောင်သင်ပေးရမှာပေါ့ Pete:ကျနော့်ဘဝကA...
613K 13.8K 41
In wich a one night stand turns out to be a lot more than that.
889K 41.1K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...