အိပ်ဆောင်ထဲသို့ ပွေ့ခေါ်လာခဲ့ရသော သူ့လက်မောင်းကြားထဲက ရိပ်ကို တေဇဓိရာဇ် ကုတင်ပေါ်သို့ ဖြည်းဖြည်းချင်း ချပေးလိုက်ရသည်။ သေချာကြည့်မှ ထိုကလေး၏ လက်က တော်တော်လေး ရောင်နေတာမို့ တေဇ သက်ပြင်းချလိုက်မိသည်။
"ကိုယ် ရေခဲသွားယူလိုက်ဦးမယ်၊ အရောင်ကျအောင် ရေခဲကပ်ပေးမယ်"
တေဇ သူ့အိပ်ဆောင်ထဲက ရေခဲသေတ္တာနားသို့ လျှောက်သွားပြီး ကုတင်ပေါ်က ကလေးကို အကဲခတ်နေမိသည်။ ရိပ်ကို ကြည့်ရတာ အတော်လေး ထိတ်လန့်နေပုံရှိသည်။ လူမိုက်တွေနား သွားရတာထိလည်း မဟုတ်ဘဲ အရောင်းအဝယ်လုပ်ရသည့် ကျောက်ကုန်သည်တွေနားသို့ သာမန်သက်တော်စောင့်လေး လုပ်ပေးဖို့အတွက် သွားရတဲ့ ကလေးက တစ်ခါပြန်လာတိုင်း ဒဏ်ရာဒဏ်ချက်တွေရှိနေ၏။ ဖြူဖျော့ဖျော့ဖြစ်လာတတ်၏။
တေဇ ရိပ်နားသို့ ပြန်လျှောက်လာပြီး သူ့လက်ထဲက ရေခဲအိတ်ဖြင့် ရိပ်၏လက်ကို ကပ်ပေးဖို့ ဆွဲယူကြည့်လိုက်ချိန် ရိပ်၏လက်ကောက်ဝတ်၌ အစင်းရာတချို့ရှိနေတာကိုပါ မြင်လိုက်ရသည်။
"လက်က ဘာဖြစ်ထားတာလဲ"
မသိရင် ကြိုးတုပ်ခံထားရသလိုမို့ တေဇ အလိုမကျစွာ မေးလိုက်မိခြင်းဖြစ်သည်။ ရိပ်ဆီက အဖြေအစား သူ့ရင်ခွင်ထဲ အတင်းတိုးဝင်ခြင်းကိုသာ ဆက်တိုက်ပြုမူနေတာမို့ သူ ထိုကလေး၏ ဆံနွယ်များကို ဖွလိုက်မိတော့၏။
"ဘာလုပ်နေတာတုန်း၊ ကိုယ့်ခန္ဓာကိုယ်ထဲလည်း ဖောက်ဝင်သွားဦးမယ်၊ လက်ပေး၊ ရေခဲကပ်ရအောင်"
တော်တော်ချော့ပြောမှ ရိပ်က သူ့လက်ကို အသာတကြည်ထုတ်ပေးသည်။ သို့သော်ငြား သူ ရေခဲကပ်ပေးနေစဉ်တလျှောက်လုံးလည်း ရိပ်က အငြိမ်မနေဘဲ သူ့ခန္ဓာကိုယ်ကို မွေ့ရာနဲ့ ပွတ်တိုက်နေပြန်တာမို့ ရေခဲအိတ်က လက်ပေါ်၌ တစ်စက္ကန့်တောင် ကောင်းကောင်းကပ်ပေးလို့မရ။
တေဇ စိတ်မရှည်ဖြစ်လာပြီမို့ ထိုကောင်လေး၏ ခါးကို သိုင်းဖက်လိုက်ကာ သူ့ပေါင်ပေါ်သို့ ရိပ်ကို ဆွဲ,မလိုက်ရင်း ထိုင်ခိုင်းထားလိုက်ပြီး ချုပ်ထားလိုက်ရ၏။
"ငြိမ်ငြိမ်နေလေ၊ ဘာလို့လှုပ်စိလှုပ်စိ လုပ်နေတာလဲ၊ ကိုယ် မင်းလက်ကို သက်သာအောင် လုပ်ပေးနေတာလေ"
ရိပ် သူ့ကို မှီထားရက်မှနေ လည်ပြန်မော့ကြည့်လာကာ မျက်လုံးများက စကားပြောနေသယောင်။ ထို့အပြင် ရိပ်ကို ပေါင်ပေါ် ထိုင်ခိုင်းလိုက်မှ ရိပ်၏ ခန္ဓာကိုယ်အောက်ပိုင်းက အထိအတွေ့ကို သူ စမ်းလိုက်မိသလို ဖြစ်သွားတာမို့ သူ့လက်ထဲက ရေခဲအိတ်ကို အမြန်ချလိုက်ပြီး ရိပ်၏ညီလေးကို ဘောင်းဘီပေါ်မှ အုပ်ကိုင်လိုက်သည်။
"အိုး၊ ကလေးက လူကြီးကိစ္စတွေ ဖြစ်နေတာပဲ၊ ဘာလို့ နေ့လယ်ပဲ ရှိသေးတာကို အဲ့လောက်တက်ကြွနေတာလဲ"
ရိပ်၏မျက်နှာလေးက ချက်ချင်းပန်းရောင်သန်းသွားကာ သူ့ရင်ခွင်ထဲ မျက်နှာဖွက်သွားသည်။ ရိပ်ကို တစ်ခါ အနိုင်ကျင့်ပြီးကတည်းက ဒီကလေးကို တေဇ ထပ်မထိဖြစ်တော့အောင် နေခဲ့သည်။ ထို့ကြောင့် အခုလည်း သူ့လက်ကို ပြန်ရုတ်လိုက်ချိန်၌ ရိပ်က အတင်းပြန်ဆွဲထားပြီး တိုးလျစွာ ဆိုလာ၏။
"လုပ်ပေး၊ ကျွန်တော် ကိုကို့ကို လိုအပ်နေတယ်"
ရိပ် သူ့ညီလေးပေါ်က ကိုကို့လက်ကို ပေးမရွှေ့ဘဲ ဖိထားလိုက်ချိန်မှာကို သူ့ခန္ဓာကိုယ်က ပိုလို့ပင် ယားယံလာသည်။ သူ့ရဲ့အိပ်ရာပေါ်က ကိစ္စက တေဇနဲ့သာဖြစ်မည်ဆိုလျှင် အဆင်ပြေနိုင်တာမို့ ထိန်းချုပ်ထားခဲ့သည့်စိတ်တွေကို လုံးဝလျှော့ချလိုက်သည်။
သူ့ဘောင်းဘီဇစ်ကို သူကိုယ်တိုင်ဆွဲချလိုက်ပြီး ကိုကို့လက်ကို သူ့ဘောင်းဘီထဲသို့ ထိုးထည့်လိုက်မိ၏။ ထောင်မတ်နေသည့် သူ့ညီလေးက ကိုကို့လက်ထဲ၌ ပိုလို့ထောင်မတ်လာကာ ကိုကို့လက်နှင့် အခုလို ထိလိုက်မိရုံနဲ့တင် သူ့နောက်ပိုင်းက ငြိမ်ငြိမ်နေလို့မရတော့အောင် ယားယံလာသည်။
တေဇ သူ့လက်များကို ရှေ့နောက်လှုပ်ရှားပေးနေရင်း ရိပ် ထွန့်ထွန့်လူးနေတာကို သူ မြင်နေရတာမို့ ရိပ်ကို ခေါင်းအုံးပေါ်သို့ ချပေးလိုက်သည်။
"မင်း ကိုယ်နဲ့ အတူနေချင်နေတာလား"
သူ ရိပ်ကို ငုံ့မိုးကြည့်နေရင်းနဲ့ပင် သူ့လက်များကို ခပ်မြန်မြန်လှုပ်ရှားပေးနေလျက်ရှိသည်။ ရိပ်ဆီက မဆိုင်းမတွ ခေါင်းညိတ်ပြလာတာကို တွေ့လိုက်ရတာမို့ နောက်တစ်ခေါက် သူ့ကို မပြောမဆိုနှင့် ထွက်မသွားရန်အတွက် စကားခဏပြောဖို့ ခေါ်လာခဲ့သည့် ရိပ်ကို တေဇတစ်ယောက် စကားပြောဖို့ အာရုံမရတော့ဘဲ နှုတ်ခမ်းနှစ်ခု ထိကပ်လိုက်မိကြ၏။
သူ ရိပ်နဲ့ တစ်ကြိမ်အတူနေဖူးသော်လည်း ရိပ်၏ အိပ်ရာပေါ်က ကိစ္စအပေါ် စိတ်အားထက်သန်မှုကို မြင်နေရခြင်းက သူ့ကို ပိုလို့စိတ်လှုပ်ရှားစေသည်။
ရိပ် သူ့နှုတ်ခမ်းကို တရှိုက်မတ်မတ် ပြန်နမ်းလာပြီး ရိပ်၏ အသက်ရှူသံများက ပြင်းထန်နေသည်။ ပထမတစ်ကြိမ်တုန်းကလို ထိန်းချုပ်ထားခြင်းမရှိဘဲ စိတ်လွတ်စွာ ညည်းနေတာမို့ ရိပ်၏ ရမ္မက်ခိုးဝေနေသည့် မျက်နှာလေးက တေဇအား စိတ်ကြွလာစေသည်။ သူ ဒီကလေး၏ ညည်းသံကြားရုံနဲ့ပင် သူ့ညီလေးက ချက်ချင်းမာလာခဲ့၏။
"ကိုကို မလုပ်နဲ့တော့၊ ကျွန်တော် နေလို့မရတော့ဘူး၊ အာ့~"
သူ့ရင်ခွင်အောက်ရှိ ရိပ်၏ ခန္ဓာကိုယ်လေးက တဆတ်ဆတ်တုန်ယင်လာကာ ထိုကလေး သူ့လက်ကို အတင်းဆွဲဖယ်လာတာမို့ တေဇ ရိပ်၏ နဖူးကို ငုံ့နမ်းလိုက်ရင်း-
"စိတ်လျှော့လိုက်၊ အဲ့ဒါ ပြီးချင်နေတာ"
ခဏအကြာ၌ ထိုကလေး လွှတ်ထုတ်လာခဲ့တာမို့ တေဇ၏ အိပ်ရာခင်းပေါ်၌ ရိပ်၏ အရည်များဖြင့် ပေကျံသွားခဲ့သည်။ ထိုကလေးကလည်း ယူပစ်လိုက်သလို ပျော့ခွေသွားခဲ့ကာ အသက်ရှူမှန်ဖို့ပင် အတော်ကြိုးစားနေရပုံရှိသည်။ ပြီးမြောက်သွားချိန်၌ ပင်ပန်းသွားသည့် ရိပ်ကို တေဇ ရီဝေသော မျက်ဝန်းများဖြင့် ငုံ့ကြည့်နေကာ မျက်စိမှိတ်သွားသော ရိပ်၏ နားရွက်ဖျားနားသို့ ကပ်ပြောလိုက်မိသည်။
"ရိပ် ကိုယ့်ကို ခွင့်ပြုပေးနိုင်မလား"
ရိပ် သူ့အား မျက်လုံးပြန်ဖွင့်ကြည့်လာကာ လှုပ်သည်ဆိုရုံလေး ခေါင်းညိတ်ပြသည်။ ရိပ်ဆီက ခွင့်ပြုချက်ရလိုက်ချိန်၌ နေ့လယ်နေ့ခင်းကြီးမှာပင် သူ ထိုကလေးနဲ့ ချစ်ရည်လူးဖို့ ကြိုးစားတော့သည်။
သူ့ထံ၌ အကူပစ္စည်းများ အသင့်ရှိမနေသော်ငြား ဒီတစ်ကြိမ်ကိုတော့ ပထမတစ်ကြိမ်ကထက် သူ ရိပ်အပေါ် ငြင်သာဖို့ ကြိုးစားသည်။ မုဒိမ်းကျင့်ပြီး အနိုင်ယူထားခဲ့သည့် ကလေးကို ဒီတစ်ခေါက်တော့ သူ ငြင်သာစွာ သိမ်းပိုက်ဖို့ ပြင်ဆင်သည်။
ရိပ်က ဒီနေ့ ထူးခြားနေ၏။ သူ ဘာလုပ်လုပ် အလိုက်သင့်ပါလာတာမို့ သူတို့နှစ်ယောက်ကြား အပေးအယူမျှနေသလို ရှိသည်။
ပထမအကြိမ် ဆိုးရွားစွာ ကြုံတွေ့ခဲ့သည့် ရိပ်အတွက် သူ့စိတ်တွေ မည်မျှအရိုင်းဆန်နေပါစေ ကိုကို သူ့အဝတ်များ ချွတ်လိုက်ချိန်၌ ရိပ် ကြောက်နေမိသည်။ တော်တော်လေး နာကျင်ခဲ့ရဖူးသည့် အထိအတွေ့ကို သူ အခုထိ မှတ်မိနေဆဲပင် ရှိသေးတာမို့ ကိုကို သူ့အပေါ် အုပ်မိုးလိုက်ချိန်၌ မျက်လုံးစုံမှိတ်ထားလိုက်ပြီး မွေ့ရာခင်းကို ကောင်းသည့်လက်ဖြင့် ဆွဲကုပ်ထားမိသည်။
ကိုကို့အရာကို သူ လက်ခံနိုင်ဖို့ စိတ်လျှော့ထားစဉ် သူ့အတွင်းသားတွေထဲသို့ ကိုကို့လက်ချောင်းများသာ အရင်ဝင်လာခဲ့တာမို့ ရိပ် မျက်လုံးပြန်ဖွင့်ကြည့်လိုက်မိ၏။
"အရမ်းမနာအောင် လုပ်ပေးမယ်၊ မကြောက်နဲ့"
ရိပ် ရှက်ရွံ့စွာ ကိုကို့မျက်နှာကို မကြည့်တော့ဘဲ ခေါင်းစောင်းထားလိုက်မိပြီး ကိုကို သူ့ကို အခုလို လုပ်ပေးနေတာက သူ့အား ပိုသက်တောင့်သက်သာ ရှိလာစေခဲ့သည်။ ထိုအချိန်ခဏလေး၌ သူ အရာအားလုံးကို မေ့သွားခဲ့ပြီး ကိုကို့အပေါ်ကိုသာ အပြည့်အဝ အာရုံရှိနေခဲ့သည်။
ရိပ် သူ့လက်ချောင်းများကို ဆွဲဆွဲညှစ်နေပြီး သေချာလက်ခံလာနိုင်ချိန်၌ တေဇ ထိုကလေးကို ဖိထားလိုက်ကာ ရိပ်၏လက်ကို မတော်တဆ ဖိလိုက်မိမှာ စိုးရိမ်တာမို့ လက် ကောက်ဝတ်ကို ဘေးသို့ ဆွဲဖယ်ထားလိုက်ရင်း အသိပေးလိုက်သည်။
"ကိုယ် ဝင်ပြီ"
ကိုကို့အသိပေးစကားနဲ့အတူ ကိုကို့ညီလေးက သူ့ထဲ ဝင်ရောက်လာချိန်၌ ရိပ် နာကျင်စွာ ညည်းညူလိုက်မိသည်။ သို့သော်ငြား အခုမှပဲ သူ့ခန္ဓာကိုယ်အတွင်းပိုင်းရှိ ယားယံမှုက သက်သာသွားခဲ့သည်။
"အဲ့နား. .အဲ့နားကိုပဲ လုပ်ပေး"
ရိပ်၏ အဓိကနေရာကို တေဇ သိလိုက်ရပြီမို့ သူ ထိုကလေး၏ ဘေးတစ်ဖက်တစ်ချပ်စီသို့ လက်ထောက်လိုက်ကာ ရိပ်ကို မျက်တောင်မခတ်ကြည့်နေရင်း ထိုနေရာသို့ သူ့ညီလေးဖြင့် အဆက်မပြတ် ထိတွေ့ပေးနေမိ၏။ သူ ရိပ်ကို တော်တော်လေး သဘောကျနေမိပြီဆိုတာကိုပါ တေဇ အခုချိန်၌ အတွင်းကျကျ သိလိုက်မိပြီမို့ သူ ရိပ်၏ ခန္ဓာကိုယ်အနှံ့ကို ခါး၏လှုပ်ရှားမှုကို ရပ်တန့်မသွားဘဲ ထိတွေ့နမ်းရှုပ်နေမိသည်။
မိုးမမြင်လေမမြင် ချစ်ရည်လူးနေသည့် ထိုအခန်းလေးထဲ၌ နှစ်ယောက်လုံး၏သာယာမှုအသံများ ဆက်တိုက်ထွက်ပေါ်နေသည်။ သူ့ထိုးသွင်းမှုများကြောင့် ရိပ်က သူ့အောက်မှာပဲ နောက်တစ်ကြိမ် ပြီးမြောက်သွားခဲ့ပြန်သည်။
"ကိုယ် မင်းထဲမှာပဲ လွှတ်လိုက်တော့မယ်၊ မင်း ကိုယ့်အတွက် ကလေးလေး မွေးပေးနိုင်အောင်"
နှစ်ခါပြီးထားတာမို့ ညည်းသံသဲ့သဲ့တောင် မထွက်နိုင်တော့ဘဲ အိပ်ပျော်တော့မည့်ပုံရှိသည့် ရိပ် မအိပ်သွားအောင် တေဇ ခပ်နက်နက် ဖိသွင်းရင်း လှုပ်နှိုးနေကာ နောက်ပြောင်လိုက်မိသည်။ ထို့နောက် သူ ပြီးတော့မှာမို့ ရိပ်၏အတွင်းထဲမှာသာ လွှတ်ထုတ်လိုက်တော့ကာ သူ့သုတ်ရည်တွေ ပြန်ထွက်မကျလာအောင် သူ့ညီလေးကို အတန်ကြာထိ မထုတ်ပဲ ငြိမ်ထားလိုက်သည်။
"တကယ်ဝင်သွားပြီ၊ မကြာခင် မင်းဆီမှာ ကိုယ့်ရဲ့ကလေးလေး ရှိလာတော့မယ်"
ပင်ပန်းလွန်းလို့ မျက်လုံးတောင် မဖွင့်နိုင်တော့သည့် ရိပ်တစ်ယောက် တေဇ၏ ပခုံးကို ထုရိုက်လိုက်မိတော့၏။
"လျှောက်ပြောမနေနဲ့၊ ထုတ်ပေးတော့၊ အိပ်ချင်နေပြီ"
"ဟက်၊ ခဏထဦး၊ ကိုယ် မင်းကို သန့်ရှင်းရေး ပြန်လုပ်ပေးမယ်"
ပထမတစ်ကြိမ်တုန်းကလို သူ့အား ပေပွနေသည့် အရည်တွေကြားထဲ ပစ်မထားတော့သည့် ကိုကို့ကို သူ ပြုံးယောင်သမ်းရင်း ကြည့်နေမိချိန် ကိုကို သူ့ကို ကောက်ပွေ့လာသည်။ ထို့နောက် ရေချိုးခန်းထဲ၌ ခပ်မြန်မြန် ရေကူချိုးပေးရင်း သဘက်ဖြင့် သေချာသုတ်ပေးသည်။
"အအေးပတ်မယ်၊ အပြင်ထွက်ရအောင်"
တေဇ သူ့ကိုယ်ကိုလည်း ခပ်မြန်မြန် ရေချိုးသန့်စင်လိုက်ကာ ရိပ်၏မျက်နှာလေးက အနည်းငယ် နီနေပြီမို့ သဘက်ဖြင့် အုပ်ပေးလိုက်ပြီး အခန်းပြင် ခေါ်ထုတ်လာခဲ့သည်။ အဝတ်ဘီဒိုထဲက ညအိပ်ဝတ်စုံ တစ်စုံကို အရင်ထုတ်ပေးလိုက်ကာ မြန်မြန်ဝတ်ခိုင်းထားလိုက်ရသည်။
ရိပ် ဝတ်စုံဝတ်နေတုန်း ပေပွနေသည့် အိပ်ရာခင်းကို အရင်သွားဖယ်လိုက်ပြီး အိပ်ရာခင်းအသစ် အမြန်လဲပေးလိုက်ရ၏။ သူ လဲပြီးသည့်အထိ ထိုကလေးက ဘီဒိုကို မှီနေပြီး မှိန်းနေကာ ဘောင်းဘီပဲ ဝတ်လို့ပြီးသေးပြီး အင်္ကျီကြယ်သီး တပ်နေရင်း မတ်တပ်အိပ်ပျော်နေသည့်အလား။
တေဇ ခေါင်းခါမိရင်း လျှောက်လာခဲ့ကာ ထိုကလေး၏ ကြယ်သီးများကို ကူတပ်ပေးလိုက်ရသည်။ ရိပ်က အရပ်မပုသော်လည်း သူ့ပခုံးလောက်သာ ရှိသည့် ကလေးလေးမို့ ဘီဒိုနဲ့ သူ့ကြား ညပ်နေသည့် သူနဲ့အတူနေပြီးစ ကောင်လေးက ဘာမှမပြင်ထားတာတောင် အတော်လေးကိုမှ လှပလွန်းလှသည်။ ရိပ်၏ မျက်နှာလှလှလေးကြောင့်လားမသိ၊ သူ ရိပ်ကို တွေ့တိုင်း လက်စားချေချင်စိတ်များက ပျောက်ဆုံးသွားတတ်သည်။
"ကိုယ် မင်းကို လက်ထပ်ချင်တယ်၊ မင်း ကိုယ့်ရဲ့ ဒုတိယကြင်ယာတော် ဖြစ်ပေးနိုင်မလား"
ရိပ်၏ မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်ဟလာကာ သူ့အား ကြယ်သီးတပ်ပေးနေသည့် ကိုကို့လက်ချောင်းများကိုသာ စိုက်ကြည့်နေမိသည်။
"ကျွန်တော် ကိုကို့ရဲ့ဒုတိယလူတော့ မဖြစ်ချင်ဘူး၊ ကျွန်တော့်ကိုပဲ ဒုတိယနေရာမှာ ထားနေကြတဲ့ ဒီဘဝမှာလည်း မနေချင်တော့ဘူး"
ရိပ် တေဇလက်ကို ပုတ်ထုတ်လိုက်ပြီး ကုတင်ပေါ် ပြေးတက်သွားသည်။ sex လုပ်ပြီးကာစမှာ ဒီလူ သူ့အား အခုလို ပြောရက်တာကို သူ ဝမ်းနည်းသည်။ သူ့ကို လူတိုင်းက မိသားစုကအစ ဒုတိယနေရာလောက်မှာပဲ ထားချင်ကြတာကို သူ နာကျင်သည်။
စောင်ခေါင်းမြီးခြုံပြီး ဘေးစောင်းအိပ်သွားသည့် ရိပ်ကို တေဇ ဘီဒိုနားကနေသာ ရပ်ကြည့်နေမိသည်။ ဖြစ်နိုင်ရင် သူ ရိပ် တစ်ယောက်တည်းကိုသာ ကြင်ယာဖက်အဖြစ်ထားချင်တာ ဖြစ်သော်ငြား သူ စခဲ့သည့် ငယ်ငယ်က ကတိကဝတ်ကစလို့ သူ ကိုယ်တိုင် စီစဉ်ခဲ့သည့် မင်္ဂလာပွဲကြောင့် အခုချိန်၌ နေဆက်ပိုင်ကို သူ ဖယ်ပစ်လို့ မရနိုင်ဖြစ်နေသည်။
"ဆေးသောက်ပြီးမှ အိပ်၊ ခဏထဦး"
". . ."
"ကိုယ် ကောင်းကောင်းပြောနေတုန်း ထသောက်လိုက်နော်၊ ဆေးပုံမှန်မသောက်လို့ သွက်သွက်ခါ ရူးသွားရင် ကိုယ် မင်းကို စိတ်ကျန်းမာရေးဆေးရုံတန်းပို့ထားမှာ၊ မင်းကို ပြုစုမယ့် မိသားစုဝင်လည်း မရှိတာ သဘောပေါက်၊ ခေါင်းမမာနဲ့"
တေဇ ကုတင်ပေါ် တက်ထိုင်လိုက်ပြီး ရိပ်ကို အတင်းဆွဲထူလိုက်ရကာ လက်ထဲသို့ ရေနဲ့ ဆေးလုံးတွေ ထည့်ပေးလိုက်သည်။ မလှုပ်မယှက် ငုတ်တုတ်ငြိမ်နေသည့် ရိပ်က သူ့အား မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် တစ်ချက်မော့ကြည့်ပြီး လက်ထဲက ဆေးတွေကို ဖြည်းဖြည်းချင်း သောက်လာခဲ့၏။
"ခဏအိပ်လိုက်ဦး၊ ရိပ် ပင်ပန်းနေမှာ၊ ကိုယ် ရိပ်အတွက် ညစာပြင်ခိုင်းပေးထားမယ်"
ရိပ် ပြန်လှဲချသွားကာ သူ့တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို ပင်ပန်းနေပြီမို့ ခေါင်းချလိုက်ချိန်၌ ဆေးအရှိန်တွေကြောင့်ပါ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခဲ့သည်။
သူ လန့်ပြီး ပြန်နိုးလာချိန်၌ မှောင်နေပြီဖြစ်၏။ နေ့ခင်းက အိပ်နေသည့် နေရာမှာသာ ပြန်နိုးလာတာမို့ သူ စိတ်အေးသွားသော်လည်း အခန်းထဲ၌ တေဇကို မတွေ့ရတော့တာမို့ ကုတင်ပေါ်က ချက်ချင်းဆင်းလိုက်ပြီး တံခါးနားသို့ အမြန်လျှောက်လာချိန် တံခါးက တိုက်ဆိုင်စွာ ပွင့်လာသည်။
"ဪ၊ နိုးလာပြီလား"
တေဇ သူ့လက်ထဲ၌ အစားအသောက်ဗန်းရှိနေတာမို့ အခန်းထဲ အရင်ဝင်သွားခဲ့ပြီး သူ့နောက်က ယံ့ကို လှည့်ပြောလိုက်သည်။
"ယံ မင်းရော ညစာ စားသွားဦးမလား"
ရိပ် သက်ခွန်းယံကို မြင်လိုက်ချိန်၌ တေဇနားသို့ ကပ်လိုက်မိပြီး တေဇခါးမှ ရှပ်အင်္ကျီစကို လက်ချောင်းလေးများဖြင့် ကုပ်ဆွဲထားမိသည်။
"နိုးလာပြီဆို ညစာစားလိုက်ဦး၊ ကိုယ် မင်းအတွက် သီးသန့်ချက်ခိုင်းထားတာ"
ရိပ်အတွက် ထိုင်ခုံဆွဲပေးလိုက်ပြီး သူ့နောက်မှာ ကပ်နေသည့် ကလေးကို ဝင်ထိုင်ခိုင်းလိုက်ရသည်။ ထို့နောက် ဇွန်းနှင့်ခက်ရင်းကို တစ်ရှူးဖြင့် သုတ်ပေးလိုက်ကာ နည်းနည်းဝင်အောင်စားဖို့ ပြောခဲ့ပြီး ယံ့နား ပြန်လျှောက်လာ၏။
"မင်း ငါ့ကို လာကြည့်တာလား၊ ငါ သက်သာနေပါပြီဆို၊ ငါ သေခါနီးအချိန်တွေကိုတောင် ကျော်ဖြတ်လာတဲ့ကောင်ပါကွာ၊ စိတ်မပူနဲ့၊ အိမ်ပြန်နားတော့"
ယံ တေဇကို မျက်လုံးလှန်ပြလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အာဂကောင် ထင်နေသည့် တေဇကို လျစ်လျူရှူလိုက်သည်။ ထို့နောက် သူ့ကို တစ်ချက်တစ်ချက် လှမ်းလှမ်းခိုးကြည့်ရင်း ငုံ့စားနေသည့် ရိပ်နားကို လျှောက်လာခဲ့ပြီး ရိပ်၏ ပခုံးကို သိုင်းဖက်လိုက်ကာ ရိပ်နားသို့ ငုံ့ကပ်လိုက်ရင်း နှစ်ကိုယ်ကြားရုံသာ ဆိုလိုက်သည်။
"ဒီကို ပြေးလာတာနဲ့ လွတ်ပြီ ထင်တယ်ပေါ့"
ယံ တေဇကို တစ်ချက်လှမ်းကြည့်လိုက်ကာ ရိပ်ကို ပုံမှန်အသံဖြင့် ထပ်ပြောလိုက်၏။
"ကိုယ် မင်းအတွက် မုန့်ဝယ်လာတယ်၊ နေကောင်းသွားရင် ကိုယ့်ဆေးခန်းလာဦးနော်"
တေဇ ထိုနှစ်ယောက်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေရင်း ရိပ် ပခုံးပေါ်က ယံ့လက်ကို စိတ်အလိုမကျ ဖြစ်လာတာမို့ လာဖယ်လိုက်မိသည်။
"နောက်ကျနေပြီ၊ ပြန်တော့၊ ငါ မနက်ကျရင် အစည်းအဝေးရှိလို့ စောစောအိပ်တော့မလို့"
ယံ တေဇကို မျက်လုံးထောင့်ကပ်ကြည့်လိုက်ကာ အိမ်ရှင်က မောင်းထုတ်နေပြီမို့ အခန်းပြင်သို့ တူတူထွက်လာခဲ့ကြသည်။
အိမ်ပြင်ရောက်မှပဲ သက်ခွန်းယံ တေဇအား-
"ငါ သူ့အစ်ကိုကို အသွေးထဲအသားထဲကကို မုန်းလွန်းလို့ ရိပ်ကိုပါ ကြည့်မရဖြစ်ခဲ့တာ။ မနေ့က သူ့အခြေအနေကို ကြားလိုက်တော့ အဲ့လိုကျတော့လည်း စိတ်မကောင်းဘူး၊ သေချာတွေးကြည့်ရင် ဒီကိစ္စတွေက ရိပ်နဲ့မဆိုင်ဘူး၊ မင်းလည်း သူ့အပေါ် အရမ်းအပြစ်မြင်မနေပါနဲ့တော့"
တေဇ ယံ့အား အတင်းနှင်လွှတ်နေတော့သည်။ ယံ စိတ်ပြောင်းသွားတာ သူ အသက်ရှူချောင်ရသော်လည်း ရိပ်က နဂိုကတည်းကမှ သူတို့နှစ်ယောက်ထဲ၌ ယံ့ကိုပဲ ဓာတ်ကျနေသူဖြစ်သည်။ အစ်ကိုရူး ရူးနေတဲ့ ရိပ်၊ နောင်ရိုးရိပ်နဲ့ ခပ်ဆင်ဆင်ရှိသည့် ယံ့ဖက်ကို စိတ်ယိုင်သွားမှာမျိုး သူ မလိုချင်။
သက်ခွန်းယံ ကားပေါ်တက်သွားမှ တေဇ အိပ်ခန်းထဲ ပြန်ဝင်လာကာ ရိပ်နား လျှောက်လာသည်။
"ဘာမှလည်း မစားဘူး၊ ဟင်းမကြိုက်လို့လား"
"ကိုကို ဒီည ကျွန်တော့်နားမှာပဲ နေနော်"
ရိပ်၏ နှလုံးခုန်နှန်းများ ယံ့ကို မြင်လိုက်ချိန်၌ တအားမြန်လာခဲ့သည်။ သူ အခု အရမ်းကို ကြောက်နေမိသည်။ သူ သေးသေးလေးဖြစ်ပြီး တစ်နေရာရာမှာ ပုန်းနေလို့ရလျှင် တကယ် ကောင်းမည်။
ထိုအချိန်၌ သက်တော်စောင့်ချုပ်ကြီး သခင်လေးတေဇအခန်းရှေ့က ရပ်ပြောလာခဲ့သည်။
"သခင်လေးကို ကြင်ယာတော်က သူ့အိပ်ဆောင်ထဲ လာခဲ့ဖို့ အခေါ်လွှတ်လိုက်လို့ပါ၊ သခင်လေး အဆင်မပြေရင်လည်း ကြင်ယာတော်က သခင်လေး အိပ်ဆောင်ထဲ လာခဲ့ပေးပါ့မယ်တဲ့၊ သခင်လေး ဒီမှာပဲ ကြင်ယာတော်နဲ့ အိပ်ရာဝင်ဖို့ ဆန္ဒရှိတယ်ဆိုရင် ကျွန်တော် ရိပ်ကို ဒီည ဝန်ထမ်းနားနေခန်းမှာ သွားအိပ်ခိုင်းလိုက်ပါ့မယ်"
သက်တော်စောင့်ချုပ်ကြီး သခင်လေး၏ အဖြေကို အပြင်ဖက်၌ ရပ်စောင့်နေရသည်။ သခင်လေး အခန်းပြင် ထွက်လာချိန်၌ သူ အရိုအသေပြုလိုက်သည်။
"နေဆက်ပိုင်ကို ပြောပေး၊ ကျွန်တော် မနက်အစည်းအဝေးအတွက် ဒီည အလုပ်တွေပြင်ဖို့ ရှိနေသေးလို့ နောက်မှ လာနှုတ်ဆက်ပါ့မယ်လို့၊ ပြီးတော့ တစ်ခါထဲ ပြောထားမယ်၊ သက်တော်စောင့်တွေကို ဘယ်လိုစီမံစီမံ ကျွန်တော် ဝင်စွက်ဖက်မှာ မဟုတ်ပေမယ့် ရိပ်ကတော့ ကျွန်တော့်ဘေးမှာပဲ ရှိနေရမယ့် သက်တော်စောင့်ပါ။ ကျွန်တော် မသိဘဲ ရိပ်ကို တခြားနေရာပို့တာမျိုး ထပ်ဖြစ်ရင် ကျွန်တော် ဒီအတိုင်း ကျော်သွားပေးမှာ မဟုတ်တော့ဘူး။ ကျွန်တော် အနားယူတော့မယ်၊ ကျွန်တော့်အဆောင်ထဲ ဘယ်သူမှ ထပ်ဝင်မလာပါနဲ့တော့"
တေဇ အိပ်ခန်းထဲ ဝင်လာခဲ့ပြီး ထမင်းသေချာမစားသည့် ရိပ်ကို ဆက်မပြောတော့ဘဲ လွှတ်ထားလိုက်ကာ မနက်အစည်းအဝေးကို သူ တက်ရမှာမို့ အလုပ်ဖိုင်တွေကိုသာ ထိုင်စီမံနေတော့သည်။
အရင်ကတည်းက ရိပ် သူ့ဘေးရှိနေသော်လည်း မရှိသလိုပဲ အမြဲတိတ်ဆိတ်နေတတ်သည့် အခန်းလေးက အခုလည်း သူ့ကီးဘုတ်ရိုက်သံကလွဲရင် မကြားရအောင် တိတ်နေတာမို့ သူ ရိပ်ကုတင်ငယ်လေးဖက်သို့ တစ်ချက်လှည့်ကြည့်လိုက်မိချိန် ငြိမ်နေတာကြောင့် အိပ်နေပြီထင်လိုက်သည့် ရိပ်က ကုတင်ပေါ်၌ ခေါင်းရင်းကို မှီထားပြီး ငုတ်တုတ်ထိုင်နေတာကို မြင်လိုက်ရသည်။
"ထူးထူးဆန်းဆန်း မအိပ်လို့ပါလား၊ အိပ်ရေးတွေ အရမ်းဝသွားပြီလား"
ရိပ်က သူ ပြောတာကို မကြားသလိုပင်၊ အခန်းတံခါးကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတာမို့ သူပင် လိုက်ကြည့်လိုက်မိသည်။ လော့ချထားသည့် တံခါးကိုသာ တွေ့ရသည်။
"အိပ်ရင်အိပ်တော့လေ၊ ကိုယ် မီးပိတ်ပေးရမလား"
ရိပ် အသက်တောင်ရှိသေးရဲ့လား သူ စိတ်ပူသွားတာမို့ တေဇ ခုံမှ အမြန်ထလာပြီး ရိပ်ဘေး လာရပ်ရသည်။
"ရိပ်. .အဆင်ပြေရဲ့လား၊ အိပ်မပျော်တော့လို့လား"
ရိပ် သူ့ဘေးက တေဇလက်မောင်းကို ကုပ်ဆွဲထားမိပြီး-
"မအိပ်ရဲဘူး၊ အိပ်လိုက်ရင် မနက်ကျရင် တစ်နေရာ ထပ်ရောက်သွားမှာ ကြောက်တယ်"
ရိပ် စိတ်ကစဉ်ကလျား ဖြစ်လာပုံရသည်ဟု တေဇ ခန့်မှန်းလိုက်မိတာမို့ မီးအရောင်လျှော့လိုက်ကာ ရိပ်ကုတင်ပေါ် တက်လိုက်ပြီး ရိပ်ဘေး ဝင်ထိုင်လိုက်သည်။ ရိပ်ကို သူ့လက်မောင်းကြားထဲ သွင်းလိုက်ကာ သူ့ရင်ခွင်ထဲ၌ ခေါင်းမှီထားခိုင်းလိုက်ရသည်။
"မနက်ကျရင် ကိုကို့ရင်ခွင်ထဲမှာပဲ ပြန်နိုးလာစေရမယ်နော်၊ ဒီအတိုင်း အိပ်လိုက်၊ ကိုကို မင်းကို စောင့်ပေးမယ်"
"ကျွန်တော် ဒီလောကမှာ မရှိတော့ရင်ကောင်းမယ်"
ကိုကို သူ့နှုတ်ခမ်းကို ဖိကပ်လာတာမို့ ရိပ်၏ မျက်လုံးများ မှိတ်ကျသွားကာ မျက်ရည်စက်အချို့ပါ ကိုကို့ရင်ဘတ်ပေါ် တောက်ခနဲ ကျသွားသည်။
ခပ်တိုတိုအနမ်းတစ်ခုနဲ့ နှုတ်ပိတ်လိုက်ပြီးနောက် ရိပ်ကို တေဇ ထွေးပွေ့ထားလိုက်မိတော့သည်။
ကြည့်ရတာ ဒီကလေး၏စိတ်တွေ တော်တော်ပင်ပန်းနေရှာပုံပင်။ သူ့အစ်ကိုလို လိုက်လုပ်ချင်နေလားမသိသည့် ရိပ်ကို သူ တကယ်စိတ်ပူလာသည်။ ရိပ်ကို သူ့မျက်စိအောက်မှာပဲ ထားမှ ဖြစ်တော့မည်ဆိုတာကိုလည်း သူ သတိထားလိုက်မိသည်။
သူ တစ်ညလုံး ရိပ်ကို ထိုအတိုင်းသာ သိပ်ရသည်။ ရိပ်က နာရီဝက်တစ်ခါလောက်ကို လန့်လန့်နိုးလာ၏။ သူ့ကိုမြင်မှ ပြန်ပြန်အိပ်သွားတာမို့ တေဇ သူ့အလုပ်ပင် ဆက်မလုပ်နိုင်တော့ဘဲ ရိပ် မနိုးအောင် လက်တောင်မလှုပ်ရဲ။
မနက်အလင်းရောင်ကြောင့် ရိပ် လန့်နိုးလာပြန်သည်။ သူ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်ဖြစ်နေခဲ့တာကြောင့် နိုးလာချိန် ဆတ်ခနဲ ထထိုင်လိုက်ချိန်၌ ခေါင်းပင် ရိပ်ခနဲ ဖြစ်သွား၏။ သူ မနေ့ညက အိပ်နေသည့် နေရာမှာပဲ ပြန်နိုးလာမှ သူ သက်ပြင်းချနိုင်သွားသည်။
"မောနင်း"
မှန်ရှေ့၌ အလုပ်သွားရန် ရယ်ဒီဖြစ်နေသည့် အနောက်တိုင်းဝတ်စုံအပြည့်နှင့် ကိုကို နက်ခ်တိုင်စည်းနေရင်း သူ့ကို လှမ်းနှုတ်ဆက်လာတာမို့ သူ ကုတင်အောက်ဆင်းပြီး အမြန်ပြောရ၏။
"ကျွန်တော်လည်း လိုက်မယ်နော်၊ တစ်ယောက်ထဲ မထားခဲ့နဲ့"
ရေချိုးခန်းထဲ ပြေးဝင်သွားသည့်ရိပ်ကို တေဇ မှန်ထဲမှ ကြည့်လိုက်ရင်း သူ ရိပ်ကို ခွင့်ပေးနားချင်တာမို့ အိမ်မှာပဲ ထားခဲ့ချင်သော်လည်း သူ့နောက်လိုက်ဖို့ ရေစက်လက်နှင့် ပြန်ထွက်လာသည့် ရိပ်ကြောင့် သူ ထိုကလေးကို ထပ်မပြောတော့။
ရိပ် ကိုကို့နောက်သို့ မလိုက်ရမှာစိုးတာမို့ တွေ့ရာ တီရှပ်တစ်ထည်နှင့် ဂျင်းကိုသာ အမြန်ကောက်ဝတ်ရင်း ကိုကို့နောက်က လိုက်ထွက်လာချိန် အိမ်ရှေ့၌ သူတို့ကို စောင့်နေသော သက်ခွန်းယံနှင့် ဆုံလိုက်ရပြန်သည်။
မနေ့ကတည်းက အစားလည်းကောင်းကောင်းမဝင်၊ တစ်ညလုံးလည်း ကောင်းကောင်းမအိပ်ရသည့် အရှိန်ကြောင့်နှင့် ဒီလူ့ကို မြင်လိုက်ရပြန်သည့် ထိတ်လန့်သွားမှုကြောင့် နိုးကတည်းက ရိပ်ခနဲဖြစ်ဖြစ်နေသည့် ရိပ်တစ်ယောက် ဗိုက်ထဲက လေတွေပါ ထိုးအန်မိကုန်သည့်အထိ ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။
________________________
2.1.2024
[Zawgyi]
"လက်က ဘာဖြစ်ထားတာလဲ"
"ကိုယ် ဝင်ပြီ"
". . ."
"ဪ၊ နိုးလာပြီလား"
"မောနင်း"
________________________
2.1.2024