ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼...

By AvocadojuiceO_2

64.3K 6.9K 479

Start date _ 15/3/2023 End date - I don't own this novel and cover art. Just a fan translation. All credit t... More

Synopsis
1
1 Zawgyi
2
2 Zawgyi
3
3 Zawgyi
4
4 Zawgyi
5
5 Zawgyi
6
6 Zawgyi
7
7 Zawgyi
8
8 Zawgyi
9
9 Zawgyi
10
10 Zawgyi
11
11 Zawgyi
12
12 Zawgyi
13
13 Zawgyi
14
16
17
18
Story Glory
19
20
21
22

15

1.3K 209 9
By AvocadojuiceO_2


Chapter 15_ မင်းကခြွင်းချက်တစ်ခုပါလို့ ကိုယ့်ကိုယ်ကိုဘာလို့ယုံကြည်မှုရှိနေတာလဲ?

●●●●●●●

ဆောင်းဦးရာသီမှာ တိုတောင်းလှပြီး မကြာခင်မှာပင် ဟေမန်ဥတုသို့ဝင်ရောက်ခဲ့လေတော့သည်။

လုရွှမ်းရဲ့ဒဏ်ရာမှာ အရမ်းမပြင်းထန်ခဲ့၍ အချိန်အနည်းငယ်ကြာပြီးနောက် ပြန်ကောင်းလုနီးပါးပင်ဖြစ်နေချေပြီ။

ပြီးခဲ့တဲ့အဖြစ်အပျက်ပြီးနောက် တချို့အကြောင်းပြချက်တွေကြောင့် အလွန်စိုးရိမ်ပူပန်နေသောလုရွှမ်းမှာ “ဂေးဖြစ်ကြောင်း ဘယ်လိုဖော်ထုတ်အကဲဖြတ်မလဲ” ဟူသည့်သင်ခန်းစာကို လေ့လာရန်ယဲ့ယောင်အား ဆွဲခေါ်သွားတော့သည်။

"သေချာကြည့်နော်" လုရွှမ်းသည် လက်နှစ်ဖက်ကိုပိုက်ကာ ယဲ့ယောင်အနားထိုင်လိုက်ပြီး လေးနက်စွာပြောသည်။ "ဒါကbeginnerတွေရဲ့ဗားရှင်းပဲ၊ အတော်လေးရိုးရှင်းတာမို့ အနည်းဆုံးတော့ လေးလေးနက်နက်ဖုံးကွယ်ထားတာမဟုတ်တဲ့ဟာတွေကို မင်းခွဲခြားနိုင်လောက်မယ်။ ပြီးရင်သူတို့နဲ့မင်းခပ်ဝေးဝေးမှာနေ"

လူသိမခံနိုင်စွာ လေးလေးနက်နက်ဖုံးကွယ်ထားသည့်ယဲ့ယောင်မှာ အနည်းငယ်အပြစ်ရှိသလိုပင်ခံစားလိုက်ရ၏။ သို့သော်လည်း သူသည် တည်ငြိမ်စွာနှင့်ခွန်းတုံ့ပြန်နေဆဲ "ဒီလိုအရာတွေကို သင်ယူဖို့မလိုဘူး"

"ဘာလို့မလိုအပ်ရမှာလဲ?" လုရွှမ်း ယဲ့ယောင်ကိုစိုက်ကြည့်လိုက်သည်။ " မင်းဒါကို အာရုံတောင်မစိုက်ပဲနဲ့။ ဂရုစိုက် မဟုတ်ရင် တစ်နေ့ကြမင်းဘေးနားဂေးကောင်တွေဝိုင်းနေတာတောင်သိမှာမဟုတ်ဘူး"

လုရွှမ်းသည်ပြောရင်း ‘ဂေးဖြစ်ကြောင်း ဘယ်လိုဖော်ထုတ်အကဲဖြတ်မလဲ’ဟူသည့် ဗီဒီယိုကိုနှိပ်လိုက်သည်။

အားကောင်းသောယောက်ျားတစ်ယောက်၏ အသံထွက်ပေါ်လာသည်။ 【မင်းရဲ့ယောက်ျားလေးသူငယ်ချင်းတစ်ယောက်က အပြာရောင်×××အက်ပ်ကို ဒေါင်းလုပ်ဆွဲပြီး သူ့ဖုန်းထဲမှာ×××အက်ပ်ရှိနေရင် မင်းဘာသံသယမှဝင်စရာမလိုတော့ဘူး၊ သေချာတယ် သူကဂေးပဲ】

အဲ့အပြာအက်ပ်ကဘာတုန်း?

ယဲ့ယောင် နည်းနည်းစပ်စုမိသည်။ သူသည်အက်ပ်စတိုးထဲဝင်၍ရှာလိုက်သည့်အခါ ထိုဟာမှာ ရည်းစားရှာသည့်အက်ပ်တစ်ခုဖြစ်လေသည်။

လုရွှမ်းက အလေးအနက်ထောက်ပြသည်။ "သူတို့က ယောက်ျားလေးသူငယ်ချင်းကို ဒီမှာရှာရတာကြိုက်ကြတယ်။ အကုန်လုံးနီးပါးမှာ ဒီအက်ပ်တစ်ခုစီတော့ရှိကြတယ်ကွာ။ မင်းနဲ့ရင်းနှီးချင်နေတဲ့အကောင်တစ်ကောင်နဲ့တွေ့ရင် ဖုန်းအားကုန်သွားသလို ဟန်ဆောင်လိုက်၊ ဖုန်းခေါ်ဖို့သူတို့ဖုန်းကိုခဏငှား ပြီးရင် သူတို့ဖုန်းထဲ ဒီအက်ပ်ရှိမရှိစစ်ကြည့်လိုက်"

တွေးကြည့်တော့မှ ယဲ့ယောင်ကအရမ်းပေါ်ပြူလာဖြစ်တာကို သူသိသည်။ လူအုပ်စုထဲရှိ လိင်တူကြိုက်တဲ့သူတွေရဲ့အချိုးအစားအရ ဒီကျောင်းမှာ လူဘယ်လောက်တောင် ယဲ့ယောင်ကို စိုက်ကြည့်နေမလဲ မသိ! သေစမ်း အဲ့ကောင်တွေဘယ်လိုတောင်အတင့်ရဲလို့!

"တခြားလူတွေရဲ့ ဖုန်းကို လျှောက်ကြည့်တာ မယဥ်ကျေးရာရောက်တယ်လေ" ယဲ့ယောင် ပြန်လည်တုံ့ပြန်လိုက်တယ်။

"သူတို့ရဲ့ကိုယ်ရေးကိုယ်တာတွေကို ကြည့်ခိုင်းတာမဟုတ်ဘူး၊ အဲ့အက်ပ်ရှိလားပဲကြည့်ခိုင်းတာ၊ အဲ့ဒါအဓိကပဲ"  လုရွှမ်းကအိတ်ကပ်ထဲမှသူ့ဖုန်းကိုထုတ်ပြီး ယဲ့ယောင်အား ပေးလိုက်ကာ "မင်းအရင်စမ်းကြည့်၊ မိနစ်ဝက်အတွင်း အက်ပ်အကုန်လုံးကို လေ့လာ"

ယဲ့ယောင်သည် လုရွှမ်းရဲ့ဖုန်းကိုလော့ခ်ဖွင့်ရန် သူ၏လက်ဗွေပုံစံကိုသုံးကာ သာမန်ကာလျှံကာရွှေ့ကြည့်လိုက်သည်။ လုရွှမ်း၏မိုဘိုင်းဖုန်းထဲရှိသည့်အရာများမှာ အလွန်ပင်ရိုးရှင်းသည်။ လက်တွေ့ဘဝတွင် ပြီးပြည့်စုံလွန်းသည့် လူတစ်ယောက်အနေဖြင့် သူ၏မိုဘိုင်းဖုန်းထဲ၌ ပုံမှန်သုံးနေကျအက်ပ်တချို့သာရှိပြီး ထူးထူးဆန်းဆန်းအက်ပ်ဟူ၍ မရှိချေ။

လုရွှမ်းကသူ့ဖုန်းကို ပြန်မတောင်းခဲ့ဘူး။ ကွန်ပျူတာပေါ်က ဗိဒီယိုတွေကိုကြည့်ရန် ယဲ့ယောင်ကိုဆက်ဦးဆောင်နေသည်။ တစ်ခုကြည့်ပြီးနောက် သူသည် တခြားမှတ်တမ်းတစ်ခုကိုဆွဲထုတ်လိုက်သည်။

ထိုအရာကို သူဖွင့်လျှင်ဖွင့်ချင်းပင် မှတ်တမ်းရဲ့ထိပ်အစ၌ အနီတောက်တောက်စာလုံးများကို ယဲ့ယောင်မြင်လိုက်ပြီး အံ့ဩသွားရသည်။

【မင်းရဲ့အနီးအနားကလူက မင်းကိုသဘောကျနေရင် ဘယ်လိုပြောမလဲ?】

ယဲ့ယောင်အနီးကပ်မကြည့်ခင် လုရွှမ်းကမှတ်တမ်းကိုပိတ်လိုက်သည်။

"ငါဒီမှတ်တမ်းကို ဇစ်ပ်လုပ်ပြီး မင်းဆီပို့လိုက်မယ်။ အချိန်ရရင် ဖတ်ဖို့မမေ့နဲ့နော်" လုရွှမ်းက ယဲ့ယောင်ကိုဆွဲကိုင်ကာ တိုက်တွန်းသည်။ "ဖတ်ဖို့မမေ့တာသေချာစေနော်၊ ငါမင်းကိုစစ်မှာ!"

"ဒီလိုအရာမျိုးက ...... တကယ်အသုံးဝင်လို့လား?" ယဲ့ယောင်က ဗလုံးဗထွေးအသံနှင့်မေးလိုက်သည်။

"အသုံးဝင်တာပေါ့၊ ငါအရင်က အခုလောက်ထိကို အာရုံမစူးရှဖူ့ဘူး" လုရွှမ်းကမျက်မှောင်ကြုတ်ကာ "တချို့တဝက်လောက်ရှာဖတ်ပြီးတော့ ငါ့အနီးအနားက ငါ့ကိုကြိုက်နေတဲ့တစ်စုံတစ်ယောက်ကို ငါရှာတွေ့သွားတယ်လေ"

လုရွှမ်းမှာ ဒီလိုအတိတ်မျိုးရှိလိမ့်မယ်လို့ ယဲ့ယောင်မထင်ထားခဲ့ဘူး။ ထို‘လုရွှမ်းရဲ့ လျှို့ဝှက်ချစ်သူ’နဲ့ပတ်သတ်ပြီး ယဲ့ယောင်သဝန်မတိုပေ၊ သို့ပေမဲ့ တုန်လှုပ်သွားခဲ့သည်။ "...... ပြီးတော့ရော?"

"သေချာပေါက်ပေါ့၊ ငါသူနဲ့ သူငယ်ချင်းဆက်ဆံရေးကိုဖြတ်ပစ်လိုက်တယ်" ယဲ့ယောင်က ဘာကြောင့်မေးမှန်း လုရွှမ်းနားမလည်သဖြင့် မျက်မှောင်ကြုတ်လိုက်တယ်။ "ငါကဘာလို့သူနဲ့သူငယ်ချင်းအဖြစ်ဆက်ရှိနေရဦးမှာလဲ?"

ထိုအချိန်၌ လုရွှမ်းရဲ့မျက်နှာတွင် ယဲ့ယောင်ရင်းနှီးနေသော ခံစားချက်များဖြင့်အပြည့်ပင်။ လုရွှမ်းရဲ့နေရာတွင် ဒီကိစ္စအတွက် ခြွင်းချက်ဆိုတာ မရှိသည့်ပုံပင်။

လုရွှမ်းက ထပ်၍ဆက်ပြောလာသည်။ "ကံကောင်းထောက်မစွာပဲ ငါကသူ့ကိုသိပ်ပြီး သဘောမကျခဲ့ဘူး၊ အာရုံလည်းစိုက်မနေခဲ့ဘူးလေ။ မဟုတ်ရင်  အဲ့အပြန်အလှန်တုံ့ပြန်ပြောဆိုတာတွေကို အခုတွေးကြည့်ရင် ရွံလွန်းလို့အိပ်ပျော်မှာတောင်မဟုတ်ဘူး"

ရွံလွန်းလို့ အိပ်မပျော်ဘူးတဲ့လား?

ယဲ့ယောင် မျက်လွှာချလိုက်သည်၊ သူ၏မျက်တောင်မွေးရှည်ရှည်လေးများမှာ တုန်ယင်နေကာ လက်ထဲရှိလုရွှမ်းရဲ့ဖုန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။ " ကောင်းပြီ ငါသေချာလေ့လာလိုက်ပါ့မယ်"

* * * * *

အိပ်ရာပေါ်လှဲလျောင်းရင်းဖြင့် လုရွှမ်းပို့ထားတဲ့မှတ်တမ်းကို ယဲ့ယောင်နှိပ်ကြည့်လိုက်သည်။

မှတ်တမ်းထဲရှိ စကားလုံးအသုံးအနှုန်းတွေက တိကျသေချာမှုမရှိချေ။ တစ်စုံတစ်ယောက်က စာစီစာကုံးတစ်ပုဒ်ကိုကြုံရာကျပန်းကောက်ရေးထားသလိုပင်။

ယဲ့ယောင်က ဆောင်းပါးကို ပထမဆုံးနှိပ်လိုက်သည်။ 【မင်းရဲ့အနီးအနားကလူတွေ မင်းကိုကြိုက်နေလား မကြိုက်ဘူးလားဆိုတာ ဘယ်လိုအကဲဖြတ်မလဲ】

【သူက အမြဲတမ်းတစ်ချိန်လုံး မင်းအနားမှာကော်လိုကပ်ချင်နေတာလား? မင်းမှာ ဆက်ဆံရေးကောင်းရှိတာကြောင့် သူကမင်းကိုသူငယ်ချင်းအသစ်တွေနဲ့ ကစားခွင့်မပြုတာ ဒါမှမဟုတ် မိတ်ဆွေသစ်တောင်မဖွဲ့ခိုင်းတာ။ သူငယ်ချင်းတွေအုပ်စုလိုက်ကြီးအတူတူရှိချိန်ဆို သူက မင်းတို့နှစ်ယောက်ကြားက အထူးစပါယ်ရှယ်ဆက်ဆံရေးကို ပြသဖို့နည်းလမ်းတွေကို အမြဲတမ်းရှာတွေ့လိမ့်မယ်။ မင်းအတွက်ပဲ စားစရာထည့်ပေး ပြင်ပေးတာမျိုး၊ မင်းဘာကြိုက်တတ်လည်း သတိရတာမျိုး ပြီးတော့ လူသိရှင်ကြားပြောတတ်တာမျိုးပေါ့။ တစ်ယောက်ယောက်က မင်းနဲ့သူရဲ့ဆက်ဆံရေးကို ဟာသလုပ်ရင်လည်း မငြင်းဘူး၊ ရယ်ပဲရယ်နေပြီး ဘာမှမပြောပဲ ရှက်ဟန်ဆောင်နေလိမ့်မယ်】

【သေချာဂရုတစိုက် တွေးကြည့်ပါ။ ဒီအပြုအမူတွေက တကယ်အဆင်ပြေရဲ့လား? သူ့မှာဒီအပြုအမူတွေထဲကတစ်ခုရှိနေရင် တိုက်ဆိုင်မှုဆိုပေမဲ့ အများအပြားရှိနေရင်တော့ တိုက်ဆိုင်မှုလား?】

မှတ်တမ်းထဲ၌ ရှင်းပြထားသောတိုလီမုတ်စလေးတွေအများကြီးရှိပြီး ယဲ့ယောင်က သူ့ကိုယ်သူကောင်းကောင်းကာကွယ်ထားနိုင်သည်။ သူ့ရဲ့အကာအကွယ်က ထိုးဖောက်လို့မရကြောင်းသိရှိသွားတာကြောင့် ယဲ့ယောင်မှာမတတ်နိုင်ပဲ သက်ပြင်းချလိုက်ရတော့သည်။

သူ့ကိုသဘောကျနေတဲ့ လုရွှမ်းရဲ့ငယ်သူငယ်ချင်းက အရင်ကဒီလိုပုံစံဖြစ်လောက်မယ်၊ အဲ့ဒါကြောင့်လုရွှမ်းက သူ့ကိုသေချာပေါက်သတိထားမိသွားတာပဲ။

မိတ်ဆွေသစ်များဖွဲ့ရန် လုရွှမ်းကို သူတစ်ခါမှ မကန့်ကွက်ထားသော်လည်း လုရွှမ်းကိုယ်တိုင်ကိုက သူငယ်ချင်းအသစ်ထားဖို့ စိတ်မဝင်စားပဲ သူနဲ့ပဲအမြဲအတူရှိနေခဲ့သည်။

တခြားသူတွေ သူနဲ့လုရွှမ်းကြားကဆက်ဆံရေးကို ဟာသလုပ်သည့်အခါတွင် အချိန်အများစု၌ လုရွှမ်းသည် တကယ်ကိုပြန်မချေပခဲ့ပေ။ သို့ပေမဲ့ အဲ့ဒါက လုရွှမ်းသည် ဟာသလုပ်တာတွေကို အမြဲတမ်းလက်ခံနေတာကြောင့် ငြင်းခုံနေဖို့စိတ်ရှုပ်မခံတာကြောင့်ပေ။

အစားအသောက်စားသည့်အချိန်တွင်လည်း သေချာပေါက်အခြေအနေတွေရှိလာပေမဲ့ သေချာဂရုတစိုက်ရေတွက်ကြည့်လျှင် သူလုရွှမ်းကိုဟင်းတွေထည့်ပေးတာထက် လုရွှမ်းသူ့ကိုထည့်ပေးတာကပိုများသည်။

ဒီအတွေ့အကြုံတွေက သူ့အတွက်မှန်ကန်နေသည်တော့မဟုတ်။

စိတ်အေးလက်အေး ဖြစ်နေပြီဖြစ်သောယဲ့ယောင်သည် တခြားအရာတွေကိုဆက်ကြည့်နေလိုက်ပြီး ဒီရှာဖွေတွေ့ရှိမှုတွေက သူနဲ့အခြေခံအရ မသက်ဆိုင်ကြာင်း ဝမ်းသာအားရတွေးလိုက်မိသည်။

ကောင်းလိုက်တာ၊ မတော်တဆအဖြစ်တွေမရှိသရွေ့ ငါ့ခံစားချက်တွေကို ဆက်ပြီးဖုံးကွယ်ထားလို့ရတယ်။

* * * * *

အခြားတစ်ဖက်၌ ကမ္မဌာန်းထိုင်သည့်အတန်း၌ ရှိနေသည့်လုရွှမ်းသည် ဖုန်းမှမက်ဆေ့ခ်ျတစ်စောင်လက်ခံရရှိ၍ သာမန်ကာလျှံကာပဲ ဖုန်းမျက်နှာပြင်ကိုပွတ်ဆွဲလိုက်သည်။

မက်ဆေ့ခ်ျပို့လိုက်သည့်သူမှာ သူ၏ဝမ်းကွဲပင်။ နှစ်ယောက်ကအသက်အတူတူပင်ဖြစ်ကာ နှစ်ယောက်သားရဲ့ဆက်ဆံရေးမှာလည်း အမြဲတမ်းကောင်းမွန်သည်။

လုမင်: 【ကော၊ ကျွန်တော်တရုတ်ကို ပြန်လာပြီ။ အဲ့မှာအပန်းဖြေပန်းခြံအသစ်ဖွင့်ထားတယ်ဆို၊ ကျွန်တော့်ကိုဆော့ဖို့လိုက်ပို့】

လုရွှမ်းသည် ခပ်ရိုင်းရိုင်းစာပြန်လိုက်သည်။: 【မင်းကအတော်လေးအိုနေပြီလေ၊ လမ်းမပျောက်နိုင်တော့ဘူး။ မင်းဘာသာမင်းမကစားနိုင်ဘူးလား?】

လုမင် : 【? ကောရဲ့ညီလေးကို ကြင်နာမှုလေးနည်းနည်းတောင်မပြနိုင်ဘူးလား?】

လုမင် :【ဟား၊ မြစ်ကိုဖြတ်ပြီး တံတားကိုဖြိုချတာလား?တကယ်လို့ဂေးတွေကို နားလည်ကျွမ်းကျင်တဲ့သူဖြစ်တဲ့ကျွန်တော်ကသာ မှတ်တမ်းအများကြီးကို ကောအတွက်ကြိုးစားပြီးမရေးပေးခဲ့ရင် ကောကိုကြိုက်နေတဲ့သူကိုရှာတွေ့ပြီး အခြေအနေလျင်လျင်မြန်မြန်တိုးတက်လာပါ့မလား?】

လုရွှမ်းရဲ့ဝမ်းကွဲက ဂီတကိုလေ့လာနေတာဖြစ်တယ်။ အနုပညာကိုလေ့လာနေတဲ့ လိင်တူစိတ်ဝင်စားသူတွေအများကြီးရှိတာကြောင့်ဖြစ်နိုင်တယ်၊ သူ့ရဲ့အဖြောင့်ကောင်ညီဝမ်းကွဲလေးမှာ ပရော်ဖက်ရှင်နယ်အတန်းကို သွားတက်တိုင်း ဂေးပင်လယ်ကြီးဝန်းရံနေသလိုပင် ခံစားနေရလေသည်။

ဒီလိုထူးခြားလှသောပတ်ဝန်းကျင်ကြောင့် လုမင်ရဲ့ဂေးဖော်ထုတ်ရေးရေဒါမှာ အလွန်ပင်နိုးကြားထက်မြတ်နေသည်။ သူအသစ်တစ်ခုကိုတွေ့ရှိချိန်တိုင်း ဂေးမုန်းတီးရေးအဖြောင့်ကောင်ဖြစ်သည့် လုရွှမ်းကိုလာမျှဝေတတ်သည်။ အဲ့ဒါကြောင့် လုရွှမ်းလည်းပဲ ကောင်းမွန်သည့်ဂေးဖော်ထုတ်ရေးရေဒါတစ်ယောက်အဖြစ်တိုးတက်လာသည်။

လုမင် : 【လမ်းလျှောက်ဖို့ခေါ်သွားလေ၊ ကောကိုကြိုက်နေတဲ့သူငယ်ချင်းနည်းနည်းလောက်ဖြစ်ဖြစ် ကျွန်တော်အမိဖမ်းနိုင်လောက်တာပဲဟာ】

လုရွှမ်းနှာရှုပ်လိုက်သည်။ သူ့ရဲ့ဘယ်လိုသူငယ်ချင်းကများ သူ့ကိုအခုကြိုက်နေမှာတဲ့လဲ? လက်ရှိသူငယ်ချင်းအများစုမှာလည်း သူနဲ့စကားပြောခဲ့တာလအနည်းငယ်လောက်ရှိပြီ၊ အဆက်အသွယ်မရှိသလောက်ပင်...

ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်မတွေ့တာကြာပြီဆိုတော့လည်း တွေ့ကြဆုံကြတာကောင်းပါတယ်လေ။

ပြီးတော့ပိုအရေးကြီးတာက ယဲ့ယောင်ကိုသူ့ရဲ့ဆွေမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ပိုပြီးတွေ့ဆုံစေချင်တယ်၊ ဖြစ်နိုင်ရင်သူ့ဘေးနားကလူတိုင်းကို ယဲ့ယောင်အားသိစေချင်တယ်။

လုရွှမ်းထိုအကြောင်းကိုတွေးပြီးနောက် သဘောတူလိုက်တယ်။

* * * * *

လုရွှမ်းရဲ့ဖိတ်ကြားချက်ကိုရသည့်အခါတွင် ယဲ့ယောင်အနည်းငယ်တော့အံ့ဩသွားခဲ့သည်။

"မင်းရဲ့ဝမ်းကွဲနဲ့သွားကစားမှာလေ၊ ငါသာလိုက်ရင် မင်းရဲ့ဝမ်းကွဲက သက်တောင့်သက်သာမဖြစ်ဘူးလား?" ယဲ့ယောင်မေးလိုက်သည်။

လုရွှမ်းက သဘာဝကျစွာပဲပြန်ဖြေသည်။ "သူသာသက်တောင့်သက်သာမဖြစ်ရင် သူ့ဘာသာပဲတစ်ယောက်တည်းကစားခိုင်းလိုက်"

ယဲ့ယောင် : "......"

"နောက်တာပါ" လုရွှမ်းသူ့ရဲ့အမှန်တရားကို ဖုံးကွယ်ဖို့အကြောင်းပြချက်ရသွားသည်။ "ငါသူ့ကိုပြောပြီးပြီ၊ မင်းကိုခေါ်လာမယ်လို့၊ သူကကိစ္စမရှိဘူး၊ သူငယ်ချင်းဖွဲ့ရတာတောင်ကြိုက်သေးတယ်"

ဤသို့ဖြင့် ယဲ့ယောင်သဘောတူလိုက်ပြီး နိုင်ငံခြားမှပြန်လာမည့် ထိုဝမ်းကွဲနှင့်အားလပ်ရက်အတွင်းတွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။

ပန်းခြံဝင်ပေါက်၌ တွေ့ရန်သူတို့သဘောတူထားသည်။ လုရွှမ်းနဲ့ယဲ့ယောင်က အရင်ရောက်လို့နေပြီး မိနစ်အနည်းငယ်စောင့်ပြီးနောက်မှာတော့ လုရွှမ်းကတစ်နေရာသို့ ညွှန်ပြလာကာ "သူဟိုမှာ၊ ရာသီဥတုအေးနေတာကို သားရေကုတ်ဝတ်ထားတဲ့တစ်ယောက်"

လုရွှမ်းရဲ့ဂီတလေ့လာနေတဲ့ဝမ်းကွဲက နူးညံ့သိမ်မွေ့မယ်လို့သူထင်ထားခဲ့တာ၊ ဒါပေမဲ့ ထိုသူ့ကိုမြင်လိုက်သည့်အခါမှာတော့ သူမှားသွားကြောင်းသိလိုက်ရသည်။

လုမင်က အနက်ရောင်သားရေဂျာကင်၊ ဘောင်းဘီရှည်နှင့်အနက်ရောင်မာတင်ဘွတ်ဖိနပ်တို့ကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များကို ခပ်မိုက်မိုက်စတိုင်ကျကျ ကျစ်ဆံမြီးကျစ်ထားလေသည်။

သူမပြောရင်တောင် ရော့ခ်အန်ရိုးလ်အရောင်အဝါတွေ သူ့ထံ၌ထိုးထွက်နေသည်။

သူတို့ရောက်နေတာကို လုမင်တွေ့သွားတော့အပြေးလေးရောက်လို့လာကာ "နှစ်ယောက်လုံးကရောက်နေပြီလား? ကျွန်တော်နောက်ကျသွားတယ်ဗျာ။ ကောတို့ကို ကျွန်တော်ဒကာခံပါ့မယ်"

"မင်းဘာသာ ဒကာခံခံ မခံခံကိစ္စမရှိဘူး" လုရွှမ်းကယဲ့ယောင်ပုခုံးပေါ်လက်တင်လိုက်ကာ သူ့ကိုယဲ့ယောင်နဲ့မိတ်ဆက်ပေးလေသည်။ "ဒါငါ့ရဲ့ဝမ်းကွဲလုမင်တဲ့"

"သူကငါ့ရဲ့သူငယ်ချင်းကောင်းလေး ယဲ့ယောင်၊ မင်းရှင်းရှင်းလင်းလင်းမှတ်ထားနော်။ နောက်ကျမမေ့စေနဲ့" လုရွှမ်းကထပ်ပြောလိုက်သည်။

ဒီမိတ်ဆက်ပေးမှုက နည်းနည်းမပြတ်မသားနဲ့ပင်။ လုမင်မျက်ခုံးပင့်လိုက်ကာ နှုတ်ဆက်နေရင်းဖြင့် သူ့မျက်လုံးတွေက ယဲ့ယောင်နဲ့ယဲ့ယောင်ပုခုံးပေါ်က လုရွှမ်းရဲ့လက်မောင်းအပေါ်စိတ်ဝင်စားမှုအပြည့်ဖြင့် ဝေ့ဝိုက်သွားသည်။

တကယ်က လုရွှမ်းနဲ့ယဲ့ယောင်ကို သူအဝေးကနေလှမ်းမြင်ပေမဲ့ သူတို့လို့မထင်ရဲခဲ့ဘူး။

အနီရောင်ငှက်မွေးဂျာကင်ဆင်တူကို နှစ်ယောက်သားဝတ်ဆင်ထားကာ ပထမတစ်ချက်ကြည့်လိုက်ရုံနဲ့ စုံတွဲဝတ်စုံနဲ့တူသွားစေသည်။ အဲ့ဒါကြောင့်လည်းပဲ စုံတွဲကို သူ့ရဲ့ဝမ်းကွဲနဲ့သူငယ်ချင်းလို့ သူမတွေးထင်ရဲခဲ့တာပင်။

သူ့ရဲ့တမူထူးခြားနေတဲ့ရွှမ်းကောက တခြားတစ်ယောက်နဲ့ပုံစံဆင်တူအင်္ကျီဝတ်ပြီး ဘယ်လိုလုပ်အပြင်ထွက်မှာလဲ?

အတော်လေးကောင်းတဲ့ ဆက်ဆံရေးရှိမယ်ထင်တယ်။

လုမင်ကတွေးတောပြီး လက်ထုတ်ကာ ယဲ့ယောင်နဲ့ယဥ်ကျေးစွာလက်ဆွဲနှုတ်ဆက်လိုက်တယ်။ အဲ့ဒီနောက် ပန်းခြံထဲသို့သူတို့အတူတူဝင်သွားကြသည်။

လုမင်က အပြုံးတစ်ခုနဲ့စကားစလိုက်သည်။ "ကျွန်တော်ကောတို့ကိုသေချာမမြင်ရခင်တုန်းက အတွဲတွေလို့ထင်လိုက်တာ၊  ဒီနေ့စုံတွဲတွေ တော်တော်များတာပဲလို့ပါတွေးနေတာ။ ကျွန်တော်တော့ တတိယဘီးစင်ဂယ်လ်ခွေးဖြစ်ပြီ၊ သနားစရာပဲလို့တွေးနေတာ ဒါပေမဲ့ကျွန်တော်မှားသွားတာပဲ"

"မဟုတ်လို့လား?" လုရွှမ်းကနှာခေါင်းရှုံ့လိုက်ကာ "မင်းကအခုလည်း တတိယဘီးစင်ဂယ်လ်ခွေးကောင်ပဲလေ မဟုတ်ဘူးလား?"

လုမင် : "......"

"ငါတို့သုံးယောက်လုံး စင်ဂယ်လ်ခွေးတွေ" ယဲ့ယောင်ကအမှန်ကိုပြောလိုက်သည်။

လုရွှမ်း မျက်မှောင်ကြုတ်လိုက်ပြီး "ဘာလို့ ကိုယ့်ကိုယ်ကို ဒီလိုနှိမ့်ချနေရတာလဲ?"

လုမင် : "......?"

ဘာလဲဟ၊ ဘာလို့ဒီစကားဝိုင်းက အရမ်းထူးဆန်းနေတယ်လို့ ခံစားနေရတာလဲ?

ဒီအသစ်ဖွင့်ထားတဲ့ အပန်းဖြေပန်းခြံက အလွန်ပင်ပေါ်ပြူလာဖြစ်နေပြီး ကျဥ်းမြောင်းသည့်လမ်းဝင်ပေါက်တွင် လူများကျပ်သိပ်လွန်းနေကာ မတော်တဆလူကွဲသွားဖို့လွယ်ကူစေသည်။

လုမင်ခေါင်းလှည့်လိုက်ပြီး တခြားနှစ်ယောက်ကို လူအုပ်ထဲလူမကွဲသွားစေရန် အနောက်မှကပ်လိုက်ဖို့ပြောမည့်အချိန်တွင် နှစ်ယောက်သားလက်တွဲထားတာကို မြင်လိုက်ရသည်။

သူတို့က တစ်ယောက်လက်တစ်ယောက်တွဲထားကာ လူအုပ်ကြောင့်လူကွဲသွားမှာကို စိုးရိမ်မနေ။ လမ်းကိုဖြည်းညင်းစွာလျှောက်ကြရင်း ကွဲပြားခြားနားသည့် အနွေးဓာတ်တစ်ခုမှာ ပေါ်လွင်နေခဲ့သည်။

ဒါကတပ်အပ်တော့ပြောလို့မရ၊ ဘာကြောင့်ဆို လုရွှမ်းကသာဘွင်းဘွင်းရှင်းရှင်းလက်ကိုင်ထားတာဖြစ်ပြီး ယဲ့ယောင်မှာတော့အနည်းငယ်တောင့်တင်းနေကာ သဘာဝမကျ။ ယဲ့ယောင်နဲ့သူမျက်လုံးချင်းဆုံတော့ ယဲ့ယောင်ကသူ့ကိုယောင်ယောင်လေးပြုံးပြလာကာ လုရွှမ်းကိုင်ထားရာမှသူ့ကိုယ်သူလွတ်မြောက်အောင် ကြိုးစားပေမဲ့ မအောင်မြင်ပြန်ပေ။

အနုပညာဖန်တီးသူတစ်ယောက်အနေနဲ့ လုမင်မှာလိင်တူနှစ်သက်သည့်လူတွေအများကြီးနှင့် ထိတွေ့ဆက်ဆံရပြီး ဂေးခြင်းဆိုင်ရာမှာကျွမ်းကျင်သူပင်ဖြစ်လာသည်။ သို့ပေမဲ့ အခုအခိုက်အတန့်၌ သူမြင်တွေ့နေရသည်ကို နားလည်သဘောမပေါက်နိုင်ဘူးလို့ သူခံစားနေရဆဲ။

ဘယ်လို ထူးဆန်းတဲ့ခံစားချက်ကြီးလဲ?

သူကလုရွှမ်းနဲ့အတူကြီးပြင်းလာခဲ့တာဖြစ်ပြီး လုရွှမ်းကိုကောင်းကောင်းသိတယ်။ လုရွှမ်းက၁၀၀ရာခိုင်နှုန်း ရေမရောအဖြောင့်စစ်စစ်ဆိုတာသိလျက်နှင့် ဘာကြောင့်သူ့ကိုခေါင်းကိုက်စေသည့် ဒီလိုပုံရိပ်မျိုးရှိနေရတာလဲ?

ဒီလိုမြင်ကွင်းမျိုးက ငယ်ရွယ်တဲ့စုံတွဲတွေကြား ပေါ်လာသင့်တာမဟုတ်ဘူးလား?

သူ့ရဲ့ဝမ်းတွင်းအသိ၌ နှစ်ယောက်လုံးကအဖြောင့်တွေမဟုတ်ဘူးလို့ ခံစားနေရပေမဲ့ အဲ့ဒါလုရွှမ်းပဲဖြစ်မယ်လို့ အသိဉာဏ်ကသူ့ကိုပြောသည်။ ဒါဆိုရင်တော့ ဒီလိုအခြေအနေဖြစ်ပေါ်ဖို့အတွက် အလွန်ထူးဆန်းပေလိမ့်မည်။

အသက်ရှူကျပ်လှတဲ့ လူအုပ်ထဲ ဘီစကစ်တစ်ချပ်အဖြစ်ပြားသွားတော့မလို အညှစ်ခံထားရတဲ့လုမင်မှာ အပူတပြင်းတွေးတောနေရင်း ရုတ်တရတ်သဘောပေါက်သွားလေသည်။

ဟုတ်သား၊ အသုံးအနှုန်းတစ်ခု အခုအရမ်းခေတ်ထနေတာလေ။

အပူအပင်ကင်းတဲ့ အဖြောင့်ကောင်နဲ့ သူ၏ငါးမျှားနေသောချစ်သူ! (ရေလာမြောင်းပေးလုပ်တာမျိုးကိုပြောတာ)

ဒီလိုနဲ့ ဘာကိုမှမတုံ့ပြန်တဲ့အဖြောင့်ကောင်ကြီးဟာ ငါးစာကိုလာဟပ်တော့တယ်။

သူလုရွှမ်းအနားက ပုန်းလျှိုးကွယ်လျှိုး လျှို့ဝှက်ချစ်သူကို တကယ်ကြီးထပ်ဖမ်းမိသွားတာလား?

နောက်ဆုံးတစ်ခေါက်က လုရွှမ်းရဲ့ငယ်သူငယ်ချင်း လုရွှမ်းကိုကြိုက်နေပုံရပြီး နည်းအမျိုးမျိုးနဲ့လုရွှမ်းကိုတိုက်ရိုက်တိုက်ခိုက်တာကို သူတွေ့ခဲ့ရတယ်။ ဒါပေမဲ့ အခုတော့သူအတော်လေးမပါးနပ်ဘူးဖြစ်နေတယ်။

ပထမအကြည့်နဲ့တင် လုရွှမ်းနဲ့ယဲ့ယောင်ရဲ့ဆက်ဆံရေးက သူနဲ့လုရွှမ်းရဲ့ဆက်ဆံရေးထက် ပိုကောင်းကြောင်းတွေ့ရသည်။ သူခန့်မှန်းတာမှားသွားရင် ဒါကရန်စမှုတစ်ခုဖြစ်သွားလိမ့်မယ်။ သူ့ကိုအိပ်ရာထဲကနေ သုံးရက်လောက်မထနိုင်အောင် လုရွှမ်းကဆော်ပလော်တီးလောက်တယ်။

ဒီကိစ္စမှာ ကိုယ့်ရဲ့အတွေးအထင်ကို ကိုယ့်ဘာသာကိုအရင်အတည်ပြုတာ အကောင်းဆုံးပဲဖြစ်လိမ့်မယ်။ ပြီးရင်တော့ သူအတည်ပြုပြီးတာနဲ့ လုရွှမ်းကိုဒီအကြောင်းပြောရမယ်။

* * * * *

အချိန်တစ်ခုလောက် ကစားပြီးနောက် ဗိုက်ဆာလာ၍ ပန်းခြံထဲရှိစားသောက်ဆိုင်သို့ သူတို့ဝင်ရောက်လာတော့သည်။

အစားအသောက်တွေမှာပြီးနောက် လုရွှမ်းကသန့်စင်ခန်းသို့သွားကာ မသွားခင်လုမင်ကို သတိပေးခဲ့သေးသည်။ "ငါမရှိတုန်း သူ့ကိုအနိုင်မကျင့်နဲ့နော်"

"ဘာပြောတာလဲ၊ ကျွန်တော်တို့ရော့ခ်ဂီတပညာရှင်တွေက တခြားသူကိုလုံးဝအနိုင်မကျင့်ဘူးဗျ!" လုမင်က လေးလေးနက်နက်ဆိုသည်။

လုရွှမ်းထွက်သွားသည့်အခါ အလွန်မိမိုက်နေတဲ့ဝတ်စုံကိုဝတ်ထားသည့်လုမင်မှာ ယဲ့ယောင်ကို ကိုယ်တိုင်လက်ဖက်ရည်ငှဲ့ပေးရင်း တစ်ချိန်တည်းမှာပဲ အပြုံးလေးနဲ့အမေးဆိုလေတယ် "ယဲ့ကော လုရွှမ်းအနားမှာ သူ့ကိုဝန်ခံရဲတဲ့ကောင်လေးတွေမရှိဘူးလား? အရင်တုန်းကဆို သူ့ကိုဝန်ခံတဲ့လူတွေကို တကယ်မုန်းတာလေ ပြီးတော့အချိန်တိုင်းဒေါသပဲထွက်နေတာ"

ယဲ့ယောင်ရယ်လိုက်ကာ "ကောတော့ မမြင်ဖူးသေးဘူး။ သူယောက်ျားတွေကိုစိတ်မဝင်စားမှန်း လူတိုင်းသိတယ်လေ"

"ဒီကိစ္စကဒီလိုကိုး၊ လူတိုင်းသူမကြိုက်တာကို သိနေတာပဲ" လုမင်က ယဲ့ယောင်ပြောပြီးသားကိုပင် ထပ်ရေရွတ်လိုက်သည်။  သူကရေနွေးအိုးကို ချလိုက်ပြီးသူ့မျက်လုံးကိုပင့်လိုက်ကာ "တကယ်တော့ ကျွန်တော်အတော်လေး အံ့ဩသွားတာ သူကကောနဲ့အတော်လေးရင်းနှီးနေလို့လေ။ အဲ့အဖြစ်အပျက်ပြီးကတည်းက သူဘယ်သူနဲ့မှ အရင်းနှီးဆုံးသူငယ်ချင်းမလုပ်တော့ဘူးလို့ ကျွန်တော်ထင်ခဲ့တာ"

"ဘာဖြစ်ခဲ့လို့လဲ?" ယဲ့ယောင်မေးလိုက်သည်။

"သူ့မှာ မင်းလောက်တော့ကြည့်မကောင်းပေမဲ့ အရမ်းချောတဲ့ငယ်သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးတယ်။ အဲ့လူငယ်လေးက သူ့ကိုသဘောကျခဲ့တယ်လေ၊ သူနဲ့သိလာတာကြာလာလေ သူ့ကိုယ်သူမထိန်းချုပ်နိုင်လေဖြစ်လာရော၊ လုရွှမ်းကသူ့အနားမှာရှိနေတာကြောင့် တခြားပုံစံတူသူငယ်ချင်းတွေမရှိတာ သူ့အတွက်ထူးထူခြားခြားလို့ခံစားလာရတယ်"

"ရလာဒ်အနေနဲ့ နောက်ပိုင်းသူလုရွှမ်းကိုကြိုက်နေတာကို လုရွှမ်းကသိသွားခဲ့တော့ သူ့ကိုဘာအခွင့်အရေးမှမပေးပဲ ငတုံးအကြံအစည်တွေနဲ့ထွက်သွားလို့ လုရွှမ်းကတိုက်ရိုက်ပဲပြောလိုက်တယ်လေ။ သူတို့နှစ်ယောက်ကြား အချစ်ဆက်ဆံရေးဖြစ်နိုင်ချေမရှိလောက်ဘူး"

လုမင်မှာဖြည်းညင်းစွာပြောနေရင်းဖြင့် သူနှင့်မျက်နှာချင်းဆိုင်ထိုင်နေသည့် သူ့ရှေ့ရှိပုဂ္ဂိုလ်ရဲ့အမူအရာကို သေချာစွာစောင့်ကြည့်နေသည်။

လျှို့ဝှက်ချစ်သူတစ်ယောက်က သူ့ပြိုင်ဘက်ရဲ့ကြေကွယ်ဖွယ်သတင်းကို ကြားသည့်အခါ သူလည်းအနည်းငယ်တော့ဝမ်းနည်းပူဆွေးမှုကို ခံစားရမယ်မဟုတ်လား?

ယဲ့ယောင်ရဲ့နှုတ်ခမ်းထောင့်စွန်းလေးတွေ မြင့်တက်သွားတာကိုလုမင်မြင်လိုက်ရသည်။ သူ့အမူအရာက ရယ်စရာကောင်းသောပုံပြင်တစ်ပုဒ်ကိုကြားလိုက်ရသကဲ့သို့ အလွန်ပင်ပေါ့ပေါ့ပါးပါးဖြစ်နေသည်။

အနီယောင်ငှက်မွေးဂျာကင်မှာ သူ့ရဲ့အသားအရည်ကို ဖြူဖွေးပြီးနွေးထွေးစေကာ သူ့မျက်နှာပေါ်၌ ပူဆွေးဝမ်းနည်းသည့်အရိပ်အယောင် တစ်စွန်းတစ်စပင်မရှိ။

"သူကအရမ်လောဘကြီးတာပဲ။ သူ့ခံစားချက်တွေကို မထိန်းချုပ်နိုင်တော့ဘူးလို့ သဘောပေါက်သွားခဲ့ရင် အဝေးမှာပဲနေလိုက်သင့်တော့တယ်။ ယဲ့ယောင် ရေနွေးခွက်လေးကို လှည့်နေခဲ့ကာ "အဖြောင့်တစ်ယောက်အတွက် သူကခြွင်းချက်တစ်ခုဖြစ်လာလိမ့်မယ်လို့ ဘယ်လိုတောင်ယုံကြည်ချက်ရှိနေရတာလဲ?"

• • • • •

စာရေးသူမှာပြောစရာရှိပါတယ်:

လုရွှမ်း : ငါအိမ်သာတက်နေတုန်း တစ်ယောက်ယောက်က မကောင်းတာတွေ တိတ်တိတ်လေးပြောနေတယ်!

• • • • •

E/T :

ရွှမ်းရွှမ်း : ဒီစာအုပ်တွေက ဂေးတွေကိုခွဲခြားရာမှာ တကယ်ကိုထိရောက်တယ်!

ယောင်ယောင် : ကောင်းပြီ သူတို့က သေချာပေါက် လှည့်ကွက်တစ်ခုပဲ!

ရွှမ်းရွှမ်း : ဘာ?

ယောင်ယောင် : အဲ့ဒါအမှန်ပဲ!

×××××××
Thanks for Reading
22/1/2024

Continue Reading

You'll Also Like

1.3M 96.4K 40
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
4M 167K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
18.3K 1.6K 38
Book 1 ကို wall ထဲမှာကြည့်ပါရန်။ 201 ကနေစပြီးတင်ပါ့မယ်ရှင့်။
40.7K 763 14
Just Some yoongi x littles Oneshots !!!no smut!!! Only fluff!!! ^updates every week^ and I TAKE REQUESTS Highest rankings : #1 little reader #1 pron...