သူကြီးသားကကျွန်တော့်အပိုင်[ပု...

By Shinn-0813

302K 14K 677

ပုံတိုင်းဆောင် +ရာချီဒွေး သူကြီးသားလေးနဲ့ အပေါင်ဆိုင်သားလေးတို့ကိုဖတ်ပေးကြပါအုန်းရှင့် တောရွာပုံစံလေးကိုမှ ကြ... More

intro
1(Unicode)
1(ZawGyi)
2(Unicode)
2(ZawGyi)
3(Unicode)
3(ZawGyi)
4(ZawGyi)
5(Unicode)
5(ZawGyi)
6(Unicode)
6(ZawGyi)
7(Unicode)
7(ZawGyi)
8(Unicode)
8(ZawGyi)
9(Unicode)
9(ZawGyi)
10(Unicode)
10(ZawGyi)
11(Unicode)
11(ZawGyi)
12(Unicode)
12(ZawGyi)
13(Unicode)
13(ZawGyi)
14(Unicode)
14(ZawGyi)
15(Unicode)
15(ZawGyi)
16(Unicode)
16(ZawGyi)
17(Unicode)
17(ZawGyi)
18(Unicode)
18(ZawGyi)
19(Unicode)
19(ZawGyi)
20(Unicode)
20(ZawGyi)
21(Unicode)
21(ZawGyi)
22(Unicode)
22(ZawGyi)
23(Unicode)
23(ZawGyi)
24(Unicode)
24(ZawGyi)
25(Unicode)
25(ZawGyi)
26(Unicode)
26(ZawGyi)
27(Unicode)
27(ZawGyi)
28(Unicode)
28(ZawGyi)
29(Unicode)
29(ZawGyi)
Final part(Unicode)
Final Part (ZawGyi)
အသိပေးခြင်း

4(Unicode)

8.3K 509 27
By Shinn-0813

ဒီနေ့တော့ အမေ့ကိုအပူမကပ်ချင်တော့ဘဲ
ပုံတိုင်းတစ်ယောက်ကိုယ်တိုင်ဘဲဈေးဝယ်ခဲ့ပြီး ကြက်ပေါင်လေး သုံးပိုင်းလောက်ရယ်ကိုလည်းသေချာမွှန်းပြီးကြော်ပေးနေသေးတာ
အမေကြော်တဲ့နည်းဟန်ဖြစ်သည့် ကြက်သားမုန့်လေးနဲ့ပါ နယ်ထားတာမို့ အနံ့လေးကလည်း တော်တော်ဆွဲဆောင်နေသေးတာ။

ကြက်သားကြိုက်တဲ့ ရာချီအတွက်တော့လုံးဝအဆင်ပြေပြီဖြစ်ပြီ ဒီနေ့လည်း သူနဲ့ဘဲ နေ့လည်စာအတူစားချင်တာမို့ ဆိုင်ပတ်ပတ်လည်မှာလဲ သူလေးရှိနေရင် သိပ်ကောင်းမည်။

အခုလည်း ခေါင်းထဲမှာ ရာချီတစ်ယောက်ကိုသာ ထည့်ထားပြီး စက်ဘီးစီးလာတာ အပေါင်ဆိုင်ရှေ့ရောက်သည်အထိ။

မြင်လိုက်ရတဲ့မြင်ကွင်းက နူတ်ခမ်းတစ်ဖက်ကိုပင့်တင်ပြီးပါပြုံးမိ၏ ထူးထူးခြားခြား ပုဆိုးကိုသေသေသပ်သပ်ဝတ်ထားပြီး
ဆိုင်ရှေ့မာ ဟိုလျှောက်ဒီလျှောက်လုပ်နေတဲ့ ရာချီဒွေးတစ်ယောက်။

"ရာချီဘယ်လာတာလဲ "

"ငါ့ဟာငါ အာ "

"...."

ဒီလိုပြတ်ပြတ်ကြီးသွားပြောလို့မရဘူးဘဲ
အခုချိန်မှာ ငါကအောက်က သူ့ကအပေါ်မှာရှိနေတဲ့သူ နည်းနည်းလေးတော့ ကောင်းကောင်းဆက်ဆံနေရမှ..

"ကျွန်တော် မေးစရာရှိလို့ "

ကျွန်တော်ဆိုတဲ့ အသုံးအနူန်းကြောင့် နည်းနည်းတော့ကျေနပ်မိသည် သို့ပေမယ့် ဒါက သွေးရိုးသားရိုးတော့မဟုတ်။
ဒီရာချီဆိုတဲ့ကောင်လေး က အယူရှိမှ အပေးလဲရှိတာ အခုလည်း တစ်ခုခုကို လိုချင်နေပုံရ၏

"အင်းခနလေး ကိုယ်ဆိုင်ဖွင့်လိုက်အုန်းမယ် "

ဆိုင်တံခါးအဝတွေကိုဖွင့်လိုက်တော့
တစ်ခုချင်းလိုက်ကြည့်ပြီးမှ
ဖွင့်ပြီးတော့ အထဲကိုလည်း ခွင့်ပြုချက်မရဘဲဝင်သွား‌တာများ တဇွတ်ထိုးသမား ရာချီဒွေးပီသပါသည်လေ။

"ရပြီမေးတော့ ကိုယ်အားပြီ "

"ဟို ဟိုလာလေးသိချင်တာ "

"ပြောပါကွာဘယ်တုန်းက ဒီလိုပုံစံနဲ့ဖြစ်နေဖူးလို့လဲ "

"ဒါဆို ကျွန်တော်မေးမယ်နော် "

*ဟူး ယဉ်ကျေးရတာခက်လိုက်တာ လီး*

"ဟုတ်ပြီမေး"

"ကျွန်တော်က တခါမှ မပေါင်ဖူးတော့လေ ဟိုလိုလာပေါင်တဲ့သူတွေ အပေါင် မရွေးနိူင်ရင် တစ်ခုခု သိမ်းလား "

"အဲ့တာက အပေါင်ဆိုင်ကမှမဟုတ်တာ အကြွေးရှင်တွေထင်တယ် ကိုယ်တို့ကျတော့လာပေါင်တဲ့ ပစ္စည်းတစ်ခုခုကိုဘဲသိမ်းယူလိုက်တာမျိုးလေ "

သူပြောပုံအရဆို လာပေါင်တဲ့ဟာကိုသိမ်းတယ်ဆိုတော့ ဒီဆိုင်မှာငါ့ကိုငါပေါင်လိုက်ရမလား မဟုတ်ဘူးမဟုတ်ဘူး ငါကလူလေ ကုန်ပစ္စည်းမှ မဟုတ်ဘဲ ။
ဘာဘဲဖြစ်ဖြစ် ငါ့အခု သူ့ကိုရမှဖြစ်မှာ။

"ကျွန်တော် ပေါင်စရာတော့မရှိဘူး
ဒါပေမယ့် ပိုက်ဆံလိုနေတာမို့လို့ ကျွန်တော့်ကို ကျွန်တော် ပေါင်လို့ရလား ဥပမာ အသဲတို့ကျောက်ကပ်တို့ တစ်ခုချင်းစီပေါ့ "

"...."

"အာဒီလိုမျိုးလေ အခု ကျောက်ကပ်ပေါင်မယ် နောက်မရွေးနိူင်ရင် အသဲပေါင်မယ် အဲ့လိုမျိုးပေါ့ အစိတ်အပိုင်းတစ်ခုလုံးမရွေး
နိူင်လို့ အပေါင်လည်းဆုံးသွားပြီဆိုရင် ကျွန်တော်ကိုပါသိမ်းလိုက်တော့
အဲ့ကျ လုပ်ချင်တာလုပ်ကွာ ကျွန်တော်က မင်းအပိုင်ဖြစ်သွားပြီလေ "

သူပြောနေတာကို နားလည်သလို မလည်သလို ရီချလိုက်တာသူကြောင့်
ကိုယ့်ကိုကိုယ်လည်း ရူးနေတာလားလိုပါတွေးမိတော့သည်။

"ဟားဟား ရာချီ မင်းရူးနေတာလား "

"အပိုတွေမပြောနဲ့အခုနက ကျွန်တော်ပြောတာရမလား "

"အင်းရတယ် "

ချက်ချင်းကြီးလက်ခံလိုက်တဲ့သူကြောင့်စွံအမိ၏

"ဟင်ချက်ချင်းကြီး "

"ကဲပါ အခုဘာအရင်ပေါင်ချင်တာလဲ ဘယ်လောက်ပေးရမလဲ "

"တစ်ခုချင်းပေါင်ရင် ကြာပါတယ်ကွာ
တစ်ကိုယ်လုံးပေါင်းမယ် တန်ကြေးက ကျွန်တော်ကို လယ်ကွက်တစ်ကွက်ပေး "

"ဘယ်လို "

"ဟုတ်တယ်လေ ကျွန်တော့်ခန္ဓာကိုယ်က လယ်ကွက်တစ်ကွက်စာတော့ တန်ပါတယ်ဗျာ"

"ဟုတ်ပြီ မင်းလိုတဲ့အကွက်ရှိရင်ပြောလေ ကိုယ်စုထားတဲ့ပိုက်ဆံတော့ရှိတယ် ဝယ်ပေးမယ် "

"ဝယ်ခိုင်းတာမဟုတ်ဘူးလေ အလကား‌
တောင်းတာလဲမဟုတ်ဘူး ကျွန်တော်ခန္ဓာကိုယ်ကိုလာပေါင်နေတာလေ "

"ဟုတ်ပြီဟုတ်ပြီ ကိုယ်လက်ခံတယ် မင်းကိုလဲ အပေါင်ခံတယ် ဒါကြောင့် အချိန်အတိုင်းအတာကိုပြော "

"နှစ်လလောက်ပေါ့ နှစ်လအတွင်းမရွေးနိုင်ရင် မင်းကျွန်တော့်ကို သိမ်းတော့ "

"အင်းမင်းပြောတာနော် အဲ့အချိန်ရောက်ရင်တော့ ကိုယ်မင်းကိုတကယ်သိမ်းပြီ"

ဘာရည်ရွယ်ချက်နဲ့ ပြောနေလဲမသိပေမယ့်
ဒါက ပုံတိုင်းအတွက်အခွင့်အရေးဖြစ်သည်မို့
အမြန်ဘဲလက်ခံလိုက်ရ၏။
ဘာဘဲဖြစ်ဖြစ် ဒီကောင်လေးကို ပိုင်ဆိုင်ရရင်
သူကိုယ့်ဆီက အပေါင်ဆုံးပြီးရတဲ့လယ်ကလဲ
ကိုယ်ဘဲ ပိုင်ရမှာလေ။

"အဲ့တာ တွေနောက်မှပြောတော့ ကိုယ်နဲ့နေ့လည်စာအတူတူ စားရအောင် ကိုယ်ကြက်သားကြော်လာပေးမယ် "

"ဒီနေ့လည်း ကြော်လာတာလား "

"အင်း ကိုယ်ကိုတိုင်ကြော်လာပေးတာ"

ငါရွေးချယ်တာတကယ်ကိုမှန်တာ
အခု ပုံတိုင်းဆောင်ကိုရွေးချယ်ခဲ့တော့ ကြက်ကြော်အလကားစားရတယ်။

<><><>

ဒူးက‌တော့ အချိန်တိုင်းကိုလူပ်နေတာများမညောင်းတဲ့အတိုင်းဖြစ်နေတဲ့ ရာချီကိုကြည့်ရင်း သာလှတစ်ယာက်မေးခွန်းတွေမေးစရာတွေများလာ၏

"အကိုလေးရာချီ ကျွန်‌တော်ကြည့်နေတာကြာပြီနော် "

"ဘာလဲကွာ ဘာတွေကြည့်နေပြန်ပြီလဲ "

"အကိုလေးလည်းအခုတလော ထန်းတောတောင်မသွားတော့ဘဲ အဲ့အပေါင်ဆိုင်ကိုဘဲဝင်ဝင်သွားတာတာတွေ့တယ်နော်"

"တွေ့ရင်လည်းတွေ့သလိုနေကွာ "

"ပေါင်စရာလဲမရှိဘဲနဲ့ "

လူကို အထင်သေးတဲ့စကားလုံးကြောင့်မျက်စောင်းထိုးပြီးအံသာကြိတ်လိုက်၏
သာလှပြောတာလည်းမှန်ပါတယ် ငါ့အနေအထားနဲ့ဘာပေါင်စရာရှိမှာလဲ
ပေါင်ရင်အဖေလုပ်မှာ။
ကိုယ်ကိုကိုယ်ကတော့ကိုယ်ပိုင်တာမိူ့ပေါင်လို့တော့ရခဲ့သည်။

"ငါ အနာဂတ်စီမံကိန်းတွေချနေတာကွ "

"ဟုတ်မှလဲလုပ်ပါဗျာ "

လူတစ်ဖက်သားကိုအထင်သေးချက်က ရာချီ့ညီပီသပါတယ်လေ။

"ငါ ပုံတိုင်းဆောင်ကို ရအောင်ယူမယ် "

"ဗျာ !!!"

"လီးဘဲ လန့်တာတိုးတိုးအော်ပါကွ "

"အဲ့တာကိုထားအုန်းအခုကဟာဆက်ပြော"

"ငါ ပုံတိုင်းဆောင် ဆီမှာ တခုခုပေါင်ထားတယ် အဲ့ပေါင်ထားတဲ့ဟာနဲ့ ငါအရင်းအနှီးလုပ်မယ် ဘာပေါင်ထားလဲတော့လာမမေးနဲ့ "

"ဘာပေါင်ထားတာလဲ "

"ငါ့လီးကိုလေ "

မမေးနဲ့ဆိုကာမှ မေးလာတာကြောင့်စိတ်မရှည်ဘဲဖြေလိုက်ရ၏

"အဲ့တာထားပါအုန်း ဘာအရင်းအနှီးလဲ "

"ငါအိမ်မှာ အဖေဆူတာအမြဲခံနေရတာလေ အခုအဖေ့ပိုက်ဆံ တစ်ပြားမှ မပါဘဲနဲ့ ငါလယ်ဧက ဝယ်မယ် အဲ့က ပိုက်ဆံတွေသာစုလိုက် ငါသူငှေးဖြစ်ပြီကွ "

အခုမှသာတွေးမိ၏ ငါက တစ်ချက်ခုတ်နှစ်ချက်ပြတ်အောင်လုပ်လိုက်တာဘဲ
ပုံတိုင်းဆီမှာ ဒီလိုပေါင်လိုက်တော့
ငါ့ညီမလဲမပေးရတော့ ကျန်စစ်ကိုလည်းသူ့ဆီပေးစရာမလိုတော့ဘူး
ငါလဲပိုက်ဆံရပြီ အဖေလည်းမဆူတော့ဘူး
ဘယ်လောက်ထိတော်တဲ့ ရာချီလဲ။

"အော် အခုတောင်သူကြီးနေရာပေးထားလို့ ကျောချစရာနေရာရှိနေတာကိုနော် ပြောလိုက်ရင်ကြီးကြီးကျယ်ကျယ်နဲ့ "

"လီးတွေတိုးတိုးလေးပြောမနေနဲ့ ငါကြားတယ်နော် ဒါပေမယ့်မပြောတော့ပါဘူး မနက်ကစပြီးအကုန်လုပ်တော့မှာကွ ပြီးရင် ငါကိုယ်တိုင်ပွဲရုံကြီးထောင်ပစ်မယ် "

သူ့အကို ရာချီပြောတဲ့စကားတွေကို
အော် ဆိုပြီး ခေါင်းတညိတ်ညိတ်နဲ့သာ နားထောင်နေ၏ စောင့်ကြည့်ရသေးတာပေါ့အကိုလေးရာ ။

"ဂျီးတော်ရေ နှင်းရည်လာတယ် "

"လာလာ ညည်းဘာတွေလာပြအုန်းမှာလဲ "

ဂျီးတော်မြကြည်တို့အိမ်ရောက်တာနဲ့
မျက်လုံးက အခန်းထဲကိုဘဲ ဦးတည်နေတာ
ပုံတိုင်းရှိမည်အထင်နဲ့။

"ဂျီးတော် ဒီတခေါက်အဆင်လေးတွေကတကယ်လှတာ အမေတောင်ကြိုက်လို့ နှစ်ထည်ယူထားသေးတယ် "

"ကျုပ်နဲ့ လိုက်မယ့်ဟာလေးတွေပြစမ်းပါအုန်း"

"ဒီ ဒီအဝါလေးဆို ဂျီးတော်နဲ့တကယ်လိုက်မှာ"

"ညည်းပြနေတာ အနီကြီးပါ "

မျက်လုံးကအခုထိ အင်္ကျီတွေအပေါ်ကို အာရုံမရတာကြောင့် ပြမိပြရာတွေသာပြပြီးလွဲနေ၍ အမှန်ဆို ဒီအိမ်လာတိုင်းကိုကိုပုံကိုတွေ့ရမည်အထင်နဲ့လာရတာ ကိုကိုပုံကတော့ထွက်တောင်မတွေ့။

"အာ ဟုတ်သားဘဲဟီးဟီး ဒါနဲ့ဂျီးတော် ကိုကို‌ပုံရော "

"ညည်းအကို မီးဖိုချောင်မှာ ဟင်းချက်နေတယ် သွားကြည့်ရင်သွား ဟဲ့ ဟဲ့အော် "

စကားတောင်မဆုံးသေး နောက်ကိုရောက်သွားတဲ့ နှင်းရည်မ‌ေကြာင့် ဂျီးတော်တစ်ယောက်လိုက်ဖမ်းနေရ၏

"ကိုကို...ပုံ"

"အာ နှင်းရည်ဘယ်ကလာတာလဲ "

"မနေ့ကမှ မြို့ကပြန်ရောက်တယ်လေ အခုလည်း အသစ်လေးတွေ လှလို့လာပြတာလေ ကိုကိုပုံ့အတွက်လည်းပါတယ်"

"အကိုက မလိုသေးဘူး ပြီးတော့ ဝယ်စရာလဲပိုက်ဆံမရှိဘူး "

"အော်ကိုကိုပုံရယ် ဒီလူနဲ့ဒီလူပြောစရာလိုလို့လား တခြားသူဆိုလကုန်ပေးဆိုပေမယ့်
ကိုကိုပုံ့ကိုဆိုရင် အလကားပေးပါ့မယ် "

"ရပါတယ် ရပါတယ် မယူတော့ပါဘူး "

ရွာကလူတွေကယောင်္ကျားတွေတင်မဟုတ်ဘူး မိန်းကလေးတွေကပါ တကယ်မလွယ်ပါလား။ ဒီလောက်ထိစိမ်းကားနေတာတောင်မငြီးငွေ့ကြဘူး ။
နှင်းရည် ကြိုက်နေတာကို သူသိပါသည်
သို့ပေမယ့် နှင်းရည်ကိုတော့ ညီမလေးတစ်ယောက်လိုဘဲ နွေးနွေးထွေးထွေးချစ်ပေးချင်သည်။ မဖြစ်နိုင်တဲ့ကိစ္စမှာလည်း ကိုယ်ကိုတိုင်ကကြိုးအရှည်ကြီးနဲ့ မဆွဲထားချင်ပါ။
နစ်နာရမယ့်သူက နှင်းရည်းကိုယ်တိုင်ဘဲမို့လို့။

"ကိုကိုပုံ ဘာဟင်းချက်နေတာလဲဟင် "

"ကြက်သားကြော်နေတာကိုတွေ့ရဲ့သားနဲ့ကွာ"

"ကိုကိုပုံကလည်း ဟွန့် ...မွှေးနေတာဘဲနော် နည်းနည်းကျွေးပါလား "

"မကျွေးပါဘူး "

"ဟင် "

"အကိုပြောတာက ဒါကစိန်စိန်တို့အိမ်ကခွေးလေးကိုကျွေးမလို့လေ "

"ကိုကိုပုံတို့အိမ်ကလက်ရာကခွေးကျွေးဖို့အတွက်တောင်မွှေးနေတာ အိမ်မှာအမေကြော်ရင်လေ ခွေးစာလောက်တောင်သားသားနားနားမရှိဘူးရယ် ဒါကြောင့်လည်းကိုကိုကြီးကအိမ်မာထမင်းမစားတာမဆန်းပါဘူးလေ "

"နှင်းရည်ကိုယ်တိုင်ကြော်လေ "

"နှင်းရည်ကမလုပ်တက်ဘူးကိုကိုပုံရဲ့ "

"မွေးကတည်းကတော့ဘယ်သူမှလုပ်တက်မှာမဟုတ်ဘူးလေ အခု အကိုကြော်တာကိုကြည့်
ပြီးရင်အိမ်မှာကြော်ကြည့်ပေါ့ မိန်းကလေးဆိုတာ အိမ်မှုကိစ္စလည်းလုပ်ရမှာပေါ့ "

"ဟုတ်ကဲ့ကိုကိုပုံက ဒါဆိုလည်း နှင်းရည်က နားထောင်မှာပေါ့ "

"အကို မကြော်ရသေးတာကို အစကနေပြန်လုပ်ပြမယ် "

စိတ်မပါပေမယ့်လည်းကိုကိုပုံနဲ့ ဒီလိုအတူတူလုပ်ရတော့ နှင်းရည်အတွက်တော့အခွင့်အရေးတစ်ခုဘဲ။

"အကိုတို့အိမ်က ဒီကြက်သားမူန့်နဲ့ဘဲချက်တာများတယ်အခု ဆားနနွင်းကြက်သားမူန့်လေးနဲ့ နယ်ပြီးကြော်လိုက်ရင်ရပြီလေ "

ရွမ်း!!!!!(ဆီကြောသံ)

"မွှေးနေတာဘဲကိုကိုပုံရယ်"

"ဟုတ်ပြီ ကြော်တက်သွားတဲ့အခါ နှင်းရည်ရဲ့အကိုကိုလည်းကြော်ကျွေးပေးလိုက်အုန်း"

ကြားတော့လည်း ရာချီကသူ့အိမ်ကလက်ရာမကြိုက်လို့လာလာစားနေတာဘဲ။
အခုနှင်းရည်ကိုသင်ပေးလိုက်တော့ ကိုယ်နဲ့လက်ရာတူရင်တော့ ရာချီကြိုက်လောက်မည်။

"အာ့!"

"နှင်းရည်ဘာဖြစ်တာလဲ "

"ဆီပေါက်တာကိုကိုပုံရဲ့ "

မျက်စိကိုအတင်းအုပ်ထားတဲ့နှင်းရည်ကြောင့်
ပုံတိုင်းစိတ်ပူမိ၏ ကိုယ်သင်ပေးလိုက်လို့တစ်ခုခုဖြစ်သွားမှာကို။

"နှင်းရည် လက်ဖယ် "

"စပ်တယ် ကိုကိုပုံရဲ့ အဟင့် "

"အကို ကြည့်ပေးမယ် ဖွင့်လိုက် "

မျက်လုံးဖွင့်ပေးလိုက်တော့ နှင်းရည်မြင်လိုက်ရတဲ့ ပုံတိုင်းရဲ့မျက်နှာကတကယ်ကိုချောမောပြီး ရယူလိုစိတ်တွေကအပြည့်အဝဝင်လာခဲ့၏ မျက်လုံးရဲ့အကြည့်တွေကလည်းသိပ်ကိုလှပတာ ဒီမျက်ဝန်းနဲ့လူကို တခြားမိန်းမဆီလုံးဝလုံးဝမထည့်ပေးနိုင်တော့ဘူး

"ချောလိုက်တာ ကိုကိုပုံရယ် "

"....."

Continue Reading

You'll Also Like

248K 38.3K 98
ပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး
5.1K 155 7
------ ----- Why did I make this you ask? Oh it's because I have nothing to do in my life rn
17.1K 348 26
"I wish we were forever." "We can be." *** It all began when he poured orange juice on me. *** #1 in parx #1 in Waterparks #2 in Awsten