-HOW TO DATE WITH SINGLE FATH...

Od ChristianCherry5

28.8K 2.4K 1.1K

"Brother ffin ယူကို ဒယ်ဒီကို ပြန်ကြိုက်ဖို့ ငွေဘယ်လောက်ပေးရမလဲ?" Více

Intro ✓
Episode 1 ✓
Episode 2 ✓
Episode 3 ✓
Episode 4 ✓
Episode 5 ✓
Episode 6.5 ✓ [Adult Sense]
Episode 6 ✓
Episode 7 ✓
Episode 8 ✓
Episode 9 ✓
Episode 10 ✓
Episode 11 ✓
Episode 12 ✓
Episode 14 ✓
Episode 15 ✓

Episode 13 ✓

670 69 31
Od ChristianCherry5

Unicode ✅

-HOW TO DATE WITH SINGLE FATHER-

မနေ့က‌ညလုံးပေါက် သောက်ထားတဲ့အရှိန်ကြောင့် ဆိုးကျိုးကတော့ ဒီမနက် သူ့ခေါင်းတစ်ခုလုံး ထိုး‌ကိုက်နေတာပါပဲ။ အိပ်ယာပေါ်က ဖုန်းကိုယူကြည့်လိုက်တော့လည်း ခေါ်ထားတဲ့ ဖုန်း Call တွေမှာမနည်း။ ဘယ်သူတွေ ဆက်ထားသလဲ သူကြည့်မနေတော့ဘဲ ရေချိုးဖို့သာပြင်လိုက်တော့၏။

ခေါင်းပေါ်ကနေ ရေချိုးချလိုက်တော့မှ သူ့တစ်ကိုယ်လုံး လန်းဆန်းသွားသလို။ ရေချိုးပြီးအချိန်မှာတော့ ပေါ့ပေါ့ပါးပါးဖြစ်မဲ့ ဝတ်ဆုံကိုယူဝတ်လိုက်ပြီး အကိုက်ခဲပျောက်ဆေး တစ်လုံးယူသောက်လိုက်‌သည်။

နောက်တော့ မနက်စာစားဖို့ကြံကာမှ အိမ်ရှေ့က ဘဲလ်မြည်သံကြောင့် တံခါးအားဖွင့်ပေးလိုက်တော့ တခြားသူမဟုတ်။ Aryan ပင်။

“ဒေး ညကသောက်ထားတာလား”

သူ့ပုံစံကိုကြည့်ပြီး မေးလာတဲ့ အာရန် အမေးအား ခေါင်းသာညိတ်ပြကာ သူမနက်စာပြင်ဖို့လုပ်တော့ အာရန် တစ်ယောက် သူ့ဘေးကို ရောက်လာလေရဲ့။

“မင်းဘာသာ သွားထိုင်နေ ငါဒီမှာမင်းနဲ့အတူတူစားဖို့ မနက်စာ ဝယ်လာတယ် ငါထည့်လာခဲ့ပေးမယ်”

“မင်းပဲအားကိုးရတယ်”

“ခိုင်းကောင်းအောင် မပြောစမ်းပါနဲ့ကွာ”

နှစ်ကောင်သား ခပ်ဟဟရယ်ရင်း မနက်စာအတူတူစားဖို့ လုပ်တော့သည်။ ဘာပဲပြောပြော သူ့ဆီမှာ အာရန် တစ်ယောက်ရှိနေတာက ဘုရားသခင်ကပေးတဲ့ လက်ဆောင်ပါပင်။

စာပွဲဝိုင်းထက် ရောက်လာတဲ့ မုန့်တွေကိုကြည့်ပြီး သူ့ခပ်ယေးယေးသာ ပြုံးလိုက်မိတယ်။ ဒီကောင်အမြဲ သူ့အကြိုက်ကြီး ဝယ်လာတတ်တာ။

“ဒါနဲ့ မင်းညက ဘယ်ပါတီတက်ထားလို့လဲ မင်းကြည့်ရတာ အများကြီး သောက်ထားပုံပဲ”

“ဘယ်ပါတီမှ မတက်ဖြစ်ဘူး အိမ်မှာပဲသောက်တာ”

အဒေးအဖြေကြောင့် အာရန် တစ်ယောက် သူ့ဦးနှောက်အား အလုပ်ပေးကာ ။

“မင်းစိတ်ညစ်စရာရှိလို့လား”

“စိတ်ညစ်စရာလား ငါ့မှာ စိတ်ညစ်စရာက အမြဲရှိနေတာလေ ဘာထူးဆန်းလို့လဲ”

“ငါပြောချင်တာ-”

အာရန် ‌ပြန်ပြောဖို့လုပ်နေချိန်မှာပဲ အခန်းတံခါး ဘဲလ်တီးသံကြောင့် ထိုင်ရာကနေ ထသွားကာ တံခါးသွား‌ဖွင့်လေသည်။ နောက်တော့ မျက်နှာမအီမသာနှင့် ပြန်ရောက်လာတဲ့ အာရန်ကြောင့် သူ့အနောက်သို့ကြည့်လိုက်တော့ အာရန်နောက်၌ ပါလာသူမှာ ကိုကိုပင်။

“ကိုကို”

သူခေါ်လိုက်တော့ သူ့ကိုတစ်ချက်ကြည့်ပြီး သူ့ဘေး၌ ဝင်ထိုင်သည်။ နောက်တော့ လက်ထဲက ဘာထုတ်မှန်းမသိတဲ့အထုတ်အား သူ့စာပွဲပေါ်၌ ချပေးပြီး ခပ်တည်တည်ကြီး ထိုင်နေလေ၏။

“ဘာတွေလဲ”

“မနက်စာ”

“ဟင်”

“မစားချင်ရင်ပြစ်လိုက်”

မဟုတ်တာပဲ။ ဒီကောင်က ဘယ်လိုလုပ် ပြစ်ရက်မှာလဲ။ ဒါပေမဲ့ သူအခုမစားနိုင်သေးဘူး။ သူအခုစားလိုက်ရင် သူ့အကြိုက်တွေကြီး ဝယ်လာပေးတဲ့ အာရန်ရဲ့မနက်စာကို ဂရုမစိုက်သလိုဖြစ်သွားမှာပေါ့။

“မင်းကဘာလို့ရောက်နေတာလဲ”

အာရန်အားစိုက်ကြည့်ကာ မေးချလိုက်တဲ့ ဒန်တီရဲ့အမေးကြောင့် အာရန်တစ်ယောက် ချက်ချင်းပြန်မဖြေ။ နောက်မှ ဟက်ခနဲရယ်ချပြီး ပြန်ချေပလေ၏။

“ဘာထူးဆန်လို့လဲ တစ်ခန်းတည်းအတူနေ တစ်အိပ်ယာတည်း အတူတူအိပ်လာတဲ့ သူတွေပဲ ဘာလို့ ဘောင်မဝင်တာတွေ လာမေးနေတာလဲ”

“မင်းတို့နှစ်ယောက်စကားများမယ်ဆိုရင် နှစ်ယောက်လုံး ပြန်လိုက်တော့ ငါခေါင်းတွေကိုက်နေတာ မင်းတို့ အငြင်းခုံစကားတွေ နားမထောင်နိုင်ဘူး”

ကြားထဲကဖြတ်ပြောလိုက်တဲ့ အဒေး စကားကြောင့် နှစ်ယောက်လုံးတိတ်သွားပြီး ဘာစကားမှထပ်မဆိုကြတော့။ သို့သော် ရုတ်တရက်ဆိုသလို အဒေးလည်ပင်းထက် ပါးကပ်လာတဲ့ ဒန်တီလုပ်ရက်ကြောင့် အဒေးလန့်သွားသလို အာရန်မှာလည်း မျက်မှောင်ကြုတ်သွားလေရဲ့။

“ဘာလုပ်တာလဲ”

အဒေးအမေးအား ဒန်တီက ဆံပင်ကိုနဖူးကနေ လှမ်းတင်ကာ ။

“ခေါင်းကိုက်နေတယ်ဆိုလို့လေ ဖျားနေလား စစ်ကြည့်‌တာ”

“ခင်ဗျားလက်ကကျိုးနေလို့လား ဘယ်ကောင်က အဖျားကို အဲ့ဒီလိုစစ်ရတယ်လို့ပြောလဲ”

အာရန် စိတ်တိုတိုနဲ့ မေးလာတော့ ဒန်တီက ခပ်ထေးထေးပြုံးလိုက်ကာ အဒေး ပါးနှစ်ဖက်အား လက်ဖြင့်ဆုပ်ကိုင်လိုက်ကာ အာရန်အရှေ့မှာတင် အဒေးနှုတ်ခမ်းအား ခပ်ကြမ်းကြမ်းနမ်းပြ‌ပြစ်၏။

“Ommzz!”

အဒေးလန့်ကာ တွန်းထုတ်ပေမဲ့ ဒန်တီက ခပ်ကြာကြာ ဖိနမ်းပြီးမှ အဒေးအား လွှတ်ပေးလေသည်။

“မင်းနှုတ်ခမ်း‌အတွင်းသားတွေ ပူမနေပါဘူး ကြည့်ရတာ မင်းအဖျားမရှိတာ သေချာသွားပြီထင်တယ်”

*ဒုန်း!*

ဒန်တီ စကားဆုံးတော့ အဒေး တစ်ယောက် ခပ်ရဲရဲပါးပြင်တွေနှင့် စာပွဲဝိုင်းကနေ ထသွားလေ၏။ ကျန်ခဲ့သူ ဒန်တီမှာတော့ အောင်နိုင်သူလို ပြုံးနေပြီး တစ်ဖက်ခုံက အာရန်မှာတော့ အဒေးမျက်နှာအား ခပ်တင်းတင်း စိုက်ကြည့်နေလေရဲ့။

“ခင်ဗျားဘာလို့ ဒီလိုတွေလုပ်နေတာလဲ ကျွန်တော်မသိပေမဲ့ ဘာရည်ရွယ်ချက်နဲ့ပဲလုပ်လုပ် ခင်ဗျား ထပ်ပြီးတော့ အဒေးကို နာကျင်အောင်လုပ်ရင် ကျွန်တော် ခင်ဗျားကို ဒီအတိုင်းလွှတ်ထားပေးမှာမဟုတ်ဘူး”

“Huh! မင်းကဘာကောင်မို့လို့ ငါကဂရုစိုက်ရမှာလဲ”

ဂရုမစိုက်ဟန် ပြန်တုံ့ပြန်လာတဲ့ ဒန်တီပုံစံက အာရန် စိတ်နဲ့သာဆိုရင် ဒီနေရာမှာတင် သတ်ပွဲဖြစ်တယ်။ ဒါပေမဲ့ အာရန်က အဒေးအပေါ် အမြဲ သူငယ်ချင်းကောင်းပီသတဲ့သူ ဖြစ်တာကြောင့် အဒေးစိတ်ဆင်းရဲမဲ့အလုပ် သူဘယ်တော့မှမလုပ်ဘူး။ ဒါကြောင့် ဒန်တီအား ဘာမှမလုပ်မိအောင် သူ့စိတ်သူထိန်းထားနိုင်တာပေါ့။

“အဒေး မနေ့ညကသောက်တာ ခင်ဗျားကြောင့်ပဲ မဟုတ်လား”

ဒီတစ်ခါ စိတ်လှုပ်ရှားသွားဟန် မျက်မှောင်ကြုတ်သွားတဲ့ ဒန်တီကိုကြည့်ပြီး အာရန်ကပဲ စကားဆက်လေရဲ့။

“ခင်ဗျား အဒေးကို ဘယ်လိုမြင်လဲ”

“မင်းဘာလို့ ငါတို့အကြောင်းကို သိပ်သိချင်နေတာလဲ”

ဒန်တီ စိတ်မကြည်တော့သလို မေးလာတော့ အာရန်ဟာ ချက်ချင်းပြန်မဖြေ။ သူပြောမဲ့စကားအား ပြောသင့် မပြောသင့် အရင်တွေးပြီးမှ ပြောဖို့ပြင်လေသည်။

“ကျွန်တော်ဒဲ့ပဲပြောမယ် ကျွန်တော် သူငယ်ချင်း အဒေးက ခင်ဗျားကို ကြိုက်နေတာ ခင်ဗျား သိတယ်မဟုတ်လား အဲ့ဒီတော့ ခင်ဗျား ရှေ့ဆက်ပြီး ဘာလုပ်ဖို့ စဉ်းစားထားလဲ”

အာရန် အမေးကို ဒန်တီက ခနဲ့တဲ့တဲ့ တစ်ချက်ပြုံးကာ ။

“အဲ့ဒါ မင်းသူငယ်ချင်းအပိုင်းလေ ငါ့ဘက်ကတော့ သူ့ကို စပွန်ဆာပေးထားတဲ့ လူတစ်ယောက်အနေထက် ဘာမှမပိုဘူး ဒီတော့ မင်းနားလည်အောင်ပြောရရင် ငါသူ့ကို ဘယ်တော့မှ ပြန်ကြိုက်လာဖို့ စိတ်ကူးမရှိဘူး”

အာရန်သည် ဒန်တီစကားကြောင့် မေးကျောတွေ ထောင်လာသည့် မျက်နှာမှာ ဘယ်လောက်တောင်မှ ဒေါသ‌ထွက်နေသလဲ မေးစရာမလိုအောင်ပင်။ ထို့အတူ သူ့သဘောမကျသည့် အာရန် ဖြစ်နေသည့်ပုံစံအား ကြည့်ရင်း ဒန်တီတစ်ယောက် သဘောတကျဖြစ်နေလေ၏။

နောက်တော့ အာရန်ဟာ ထိုင်ရာကနေ ထလိုက်ပြီး ပြန်ဖို့လုပ်တော့သည်။ မပြန်ခင် ဒန်တီ မျက်လုံးတွေအား စိုက်ကြည့်ကာ စကားတချို့ဆိုသွားသေး၏။

“အဒေးက ခင်ဗျားကို မကြိုက်တော့တဲ့နေ ခင်ဗျားအပေါ် သူ့စိတ်ခံစားချက်တွေ ကုန်ဆုံးသွားတဲ့နေ့ အဲ့ဒီနေ့က ကျွန်တော် အဒေးကို အပြီးအပိုင် နိုင်ငံခြား ခေါ်သွားတဲ့နေ့ပဲဆိုတာ ခင်ဗျားခေါင်းထဲမှာ မှတ်ထား”

အာရန် ပြောသွားတဲ့ စကားကြောင့် ဒန်တီဟာ အဒေးတိုက်ခန်းထက် ခပ်ဟဟ အော်ရဲတော့သည်။ ဒန်တီ စိတ်ထဲ တွေးနေသည်မှာလည်း သူသာဆွဲထားရင် သူ့အား အသေရရ အရှင်ရရ လိုချင်နေတဲ့ အဒေးဟာ သူ့အနားကနေ ထွက်သွားရဲမည်သူ မဟုတ်မှန်း သူလုံးဝ ယုံကြည်ထားတာကြောင့်ပင်။

သို့သော် ဒန်တီ မသိသည်မှာ လူတစ်‌ယောက်၏ စိတ်ခံစားချက်ဆိုတာ လှောင်ပြောစရာ မဟုတ်သလို။ လူတစ်‌ယောက်၏ ချစ်ခြင်းမေတ္တာဆိုတာကလည်း ကိုယ်စိတ်ပျော်ဖို့သက်သက် အသုံးမချသင့်ပေ။ ဘာကြောင့်လဲဆိုတော့ ဘယ်အကြောင်းအရာမဆို ဝဋ်ဆိုတာ လည်တတ်သည်မဟုတ်လား။

.
.
.

“နောက်တစ်ခါ အရက်မသောက်တော့ဘူး! Haa ငါဘာတွေ လုပ်ခဲ့မိတာလဲ”

မနေ့ညက မူးမူးနဲ့ ပေါက်ကရ လုပ်ခဲ့တာတွေက ဒီမနက် ‌မျက်လုံးထဲ အသေအချာ ပြန်မြင်လာပါရော။ သူတကယ်ပဲ ရူးသွားတာလား။ ဘာလို့ ကိုးလ်အပေါ် အဲ့ဒီလို အလုပ်တွေ လုပ်ခဲ့မိတာလဲ။ မဟုတ်သေးဘူး။ သူဘာလို့များ ကိုးလ်ရဲ့နှုတ်ခမ်းတွေကို ဒုတိယအကြိမ် နမ်းခဲ့မိတာလဲ။

ကိုးလ်အပေါ်မှာ သူ့စိတ်တွေက မှန်ရော မှန်သေးရဲ့လား။ သူမသိတော့ဘူး။ မတွေးတတ်တော့ဘူး။ မဟုတ်ဘူး။ သူမတွေးရဲတော့တာ။

“ငါတကယ်ကို ဘာတွေ တွေးနေမိတာလဲ....”

“ဘာတွေတွေးနေမိလို့လဲ Daddy ffin”

“ဟင် ဘေဘီလေး”

ဖင်လ် အတွေးလွန်နေတုန်း အခန်းထဲရောက်လာတဲ့ ယူကိုလေးမှာ အဝတ်စား သေချာ ပြင်ဆင်ထားသည်မှာ ရှိုးစမိုးအပြည့်ပင်။ နောက်တော့ လုံးလုံးကလေးနှင့် ဖင်လ်ပေါင်ပေါ် တက်လာလေရဲ့။

“Daddy ffin ဘာတွေ တွေးနေတာလဲလို့”

“ဒီအတိုင်း အလုပ်ကိစ္စပါကွာ ဒါနဲ့ ဘေဘီလေးက ပြင်ဆင်ထားလိုက်တာ မင်းသားတွေတောင် ထိုင်ငိုလောက်တယ်”

ဖင်လ်က ယူကိုလေးပါးကို အသာလေး ဆွဲညှစ်ပြီး ဆိုလေဝောာ့ ယူကိုလေးက သူ့ဆံပင်သူသပ်တင်ကာ ရှိုးထုတ်တော့၏။

“ယူကိုချောတာ သိပါတယ် Daddy ffin ရဲ့”

“ဟားဟား ဟုတ်ပါပြီကွာ”

“ဒါနဲ့ Daddy ffin အမြန် ပြင်ဆင်တော့ Grandma တို့က ယူကိုတို့ကို ဒီနေ့ အပြင်လိုက်ပို့မလို့တဲ့”

ယူကိုလေးအပြောကြောင့် ဖင်လ်အနည်းငယ် ကြောင်သွားလေသည်။ ဒီကိစ္စကို သူလည်း ကြိုမသိရသ‌လို ကိုးလ်မာမီနှင့်အတူတူ အပြင်သွားရမှာ နည်းနည်းတစ်မျိုးတော့နိုင်သည်။ ထို့အပြင် အခုချိန်မှာ ကိုးလ်နှင့်ပါ မျက်နှာချင်းဆိုင်ဖို့ သူကြောက်လို့နေ၏။

“Daddy ffin မြန်မြန်! ဒယ်ဒီတို့ စောင့်နေတယ်”

“ဘေဘီလေး ကိုယ်မလိုက်လို့ မရဘူးလား”

“မရဘူး!”

“ဒါပေမဲ့-”

“ဖင်လ်ကဘာလို့ မလိုက်ချင်တာလဲ”

ရုတ်တရက် အခန်းထဲဝင်လာသည့် ကိုးလ်ကြောင့် ဖင်လ် လန့်သွားသလို ကိုးလ်ဆီ အကြည့်ရောက်မိဝောာ့ ကိုးလ်မှာ ဘာမှမဖြစ်သလို ပုံမှန်အတိုင်း သူ့ဆီ လျှောက်လာတာ မြင်ရလေ၏။

ထို့အတူ။ ဖင်လ် အခုမှ သတိထားမိသည်မှာ ကိုးလ်ဝတ်ထားသည့် ဝတ်ဆုံဟာ ယူကိုလေးနှင့် ဆင်တူကလေး ဖြစ်နေပြီး ယူကိုလေးလို ဘောင်းဘီ ပေါင်တိုလေးပင်။ ပေါင်တစ်ဝက်လောက်ထိသာရှိသည့် ဘောင်းဘီတိုးကလေးကြောင့် ကိုးလ် ပေါင်တံလေးတွေမှာ ဖွေးဖွေးကလေးနှင့် မိန်းကလေးရှုံးအောင် လှလေ၏။

သူ ဘာတွေတွေးနေမိပြန်ပြီလဲ။

“ယူကို မာမီခေါ်နေတယ် သွားလိုက်ဦး”

“ဟိုက်! Daddy ffin မြန်မြန်နော်!”

ပေါင်ပေါ်က မဆင်းခင် နှုတ်ခမ်းဆူဆူကလေးနှင့် သူ့အား အမြန်လုပ်ဖို့ ပြောသွားသည့် ယူကိုလေးကြောင့် ဖင်လ် သဘောတကျ ပြုံးနေတော့သည်။ သို့သော် မျက်နှာလေး ရှုံ့မဲ့နေတဲ့ ကိုးလ်ကြောင့် ဖင်လ်လည်း လန့်သွားရှာ၏။

“ကိုးလ် ဘာဖြစ်လို့လဲ”

“အဲ့ဒီကလေးလေ ဖင်လ်က သူ့အဖေမဟုတ်ဘဲ Daddy ffin  လို့ ခေါ်တာကို မရပ်တော့ဘူး တကယ်ပဲဗျာ ပြောလို့လည်းမရဘူး”

“ဘာလို့လဲ က်ိုးလ်က သဘောမကျလို့လား”

ဖင်လ် မရဲတရဲလေး ကိုးလ်မျက်နှာအားကြည့်ကာ ခပ်တိုးတိုးမေးလေတော့ ကိုးလ်က ဖင်လ်ဘေး၌ ဝင်ထိုင်လေရဲ့။

“သဘောမကျလို့ မဟုတ်ပါဘူး ဖင်လ်အတွက် မကောင်းလို့ပါ ဖင်လ်က သူ့အဖေမှမဟုတ်ဘဲလေ သူစိမ်းတွေအမြင်မှာ ဖင်လ်ကို အိမ်ထောင်သည်လို့ ထင်သွားရင် ဘယ်လိုလုပ်မလဲ အဲ့ဒါက မသင့်တော်ပါဘူး”

သူပြောနေတာတွေ နားထောင်နေပုံမပေါ်။ သူ့အား စိုက်ကြည့်နေသည့် ဖင်လ်ကြောင့် ကိုးလ် စကားရပ်သွားပြီး ဖင်လ်အား ကြောင်တောင်တောင်လေး ကြည့်လာရှာသည်။

“ဖင်လ် ဘာဖြစ်လို့ ကျွန်တော်ကို ကြည့်နေတာလဲ”

“ကိုးလ် မင်းဘောင်းဘီက အရမ်းမတိုလွန်းဘူးလား”

အလိုမကျသလို ဆူပုတ်နေသည့် မျက်နှာကြီးဖြင့် ဖင်လ် မေးလာတော့ ကိုးလ် တစ်ယောက် ခပ်ဟဟရယ်လေရဲ့။

ဖင်လ်ပြောလည်း ပြောချင်စရာ။ ကိုးလ်ဘောင်းဘီက နဂိုကတည်းကမှ တိုပါဆိုမှ ထိုင်လိုက်တော့မှ အပေါ်ထိ အတော်လေး တိုတက်သွားတာကြောင့် ဖင်လ်တစ်ယောက် အလိုမကျဖြစ်နေလေ၏။

“ကျွန်တော် ယူကိုနဲ့ ဆင်တူ ဝတ်ထားတာလေ မလှဘူးလား”

“ကိုးလ် ပြန်လဲလိုက်ပါလား”

“ဟေး ကျွန်တော် မာမီတောင် ပေးဝတ်ထားတာ ဖင်လ်က ဘာဖြစ်ချင်နေတာလဲ”

ကိုးလ်ဂျစ်ကျကာ ပြန်ပြောတော့ ဖင်လ်သည် သူပြောလည်း မရမှာကို သိလိုက်တာကြောင့် ဘာမှဆက်ပြောမနေတော့ဘဲ ရေချိုးခန်းထဲ ဝင်သွားလေရဲ့။

ကိုးလ်ကတော့ ဖင်လ်ထွက်အလာကိုသာ မွေ့ယာထက် ထိုင်စောင့်နေလေရဲ့။ ထိုအချိန်မှာပဲ ဝင်လာတဲ့ဖုန်းကြောင့် ကြည့်လိုက်တော့ တခြားသူမဟုတ်။ သူ့ သူငယ်ချင်းကြီး နစ်ခ်ပင်။

“နစ်ခ်! မင်းငါ့ဆီ ဖုန်းဆက်ဖော်ရသေးတယ်ပေါ့”

“ငါအလုပ်ကိစ္စတွေ ရှုပ်နေလို့ပါကွာ မင်းသိတဲ့အတိုင်း ဒီရက်ပိုင်း ငါ့အဖေကုမ္ပဏီကို ငါပဲကြည့်ပေးနေရတာလေ”

“ကောင်းတာပေါ့ မင်းခြေချုပ်မိသွားတာပေါ့ ဟားဟား မင်းကတော့ ကုမ္ပဏီးခန်းထဲ အလုပ်တွေလုပ်နေတဲ့အချိန် ငါတို့ကတော့ ဒီမှာ လျှောက်လည်နေတာ ဟားဟား စိတ်မကောင်းဘူး ငါ့ကောင်ရေ”

“မင်းကွာ ရက်စက်လိုက်တာ”

“ဟားဟား”

“အေးကွာ ရယ်နေ ငါအလုပ်တွေထားခဲ့ပြီး ဂျပန်လိုက်လာမှာနော် ကိုးလ်”

“ဟေး နစ်ခ်! မလုပ်နဲ့! မင်းဘိုတော်ကြီး ငါ့ကိုပါ လာပွားနေလိမ့်မယ် မင်းဘာသာ နေစမ်းပါကွာ ငါပြန်လာမှာ နှစ်ကောင်တည်း ဂိုးလ်မယ်လေ ငါက နစ်ခ်ကို ပြစ်မထားပါဘူး အတူတူဒိတ်ပေးမှာ- ဟင် ဖင်လ်”

ရုတ်ရက်ကြီး ဖုန်းပြောနေသည့် သူ့ဘေး၌ ကပ်ထိုင်ကာ ပုခုံးပေါ် ခေါင်းတင်လာတဲ့ ဖင်လ်ကြောင့် ကိုးလ်တစ်‌ယောက်လန့်သွားပြီး ဖုန်းအား ချပြစ်လိုက်လေရဲ့။

“ဖင်လ်‌ ရေချိုးပြီးပြီလား”

“အွန်း ဘယ်သူနဲ့ပြောနေတာလဲ”

“နစ်ခ်နဲ့ ပြောနေတာ- အင့်!”

ရုတ်တရက်ဆိုသလို သူ့အား မွေ့ယာထက် တွန်းချလိုက်ပြီး ကုတင်ခြေရင်းကနေ မတ်တပ်ရပ်ကာ သူ့အား အပေါ်ကနေ ငုံ့ကြည့်လာသည့် ဖင်လ်ကြောင့် ကိုးလ် ခင်မျာ ပါးကလေးတွေရဲတက်လာပြီး ဖင်လ်အား ကြောင်တောင်တောင်လေး ကြည့်နေရှာ၏။

“Daddy ffin!”

“Ugh!!”

ရုတ်တရက် ယူကိုလေး အသံကြောင့် ကိုးလ် တစ်ယောက်ရှက်ရှက်နှင့် ဖင်လ်အား ‌တွန်းထုတ်လိုက်တာကြောင့် ဖင်လ်မှာ ကြမ်းပြင်ထက် ပုံခနဲ။

“Daddy ffin ဘာဖြစ်တာလဲ”

အခန်းထဲ လုံးလုံးကလေး ပြေးဝင်လာပြီး ကြမ်းပြင်ထက်က ဖင်လ်ဆီ ပြေးသွားတဲ့ ယူကိုလေးကြောင့် ကိုးလ်မှာ ရှက်ရှက်နှင့် အခန်းထဲကနေ ပြေးထွက်သွားလေရဲ့။

အောက်ထပ်‌ ရောက်တော့မှ အခုန်မြန်နေတဲ့ ရင်ဘတ်ထက် လက်တင်ကာ ကိုးလ် တစ်ယောက် အတွေး‌လွန်နေရှာသည်။ အခုဆိုရင် သူနှင့် ဖင်လ်၏ ဆက်ဆံရေးဟာ ခေါင်းစဉ်တပ်မရအောင် ရှုပ်ထွေးနေပြီး ဒီပုံစံအတိုင်းသာ ရှေ့ဆက်သွားမယ် ဆိုရင် ကိုးလ် သူ၏စိတ်ခံစားအား ဆက်ပြီး ထိန်းထားနိုင်မယ် မထင်ပေ။

ဒါကြောင့် ခေါင်းထဲပတ်ပြေးနေသည့် မေးခွန်းတွေနှင့်အတူ သူဘာလုပ်သင့်လဲ ဆိုသည့် မေးခွန်းတွေ၏ အဖြေအား သူတစ်ယောက်တည်း အဖြေထုတ်နေမိ၏။

ဒီလိုနှင့် ခဏကြာတော့ ဖင်လ်တစ်ယောက် ယူကိုလေးအား ချီထားရင်းနှင့် အပေါ်ထပ်ကနေ ဆင်းလာလေသည်။ နောက်တော့ မာမီနှင့်အတူတူ အပြင်သွားဖို့ ခရီးစဉ်စတော့၏။

မကြာခင် သူတို့လည်း ပြန်တော့မှာဖြစ်တာ‌ကြောင့် မပြန်ခင် သူတို့အား အပြင်လိုက်ပို့ပေးတဲ့ မာမီကြောင့် ဖင်လ်သည်လည်း ဂျပန်နိုင်ငံ၏ နေရာအစုံသို့ ရောက်ဖူးသွားသလို သူတို့မိသားစုမှာလည်း အခုလို ခရီး အတူတူမထွက်ဖြစ်သည်မှာ အတော်ကြာပြီမို့ ဒီခရီးစဉ်ဟာ မထင်မှတ်ထားဘဲ သိပ်ပျော်ဖို့ ကောင်းလေ၏။

“Brother ffin ယူကို ရေခဲချောင်းစားချင်တယ်”

သူတို့ထိုင်နေသည့် နေရာနှင့် မလှမ်းမကန်း‌၌ ရောင်းနေသည့် ရေခဲချောင်းဆိုင် အသေးလေးအား လက်ညှိုးထိုးကာ ပူဆာနေသည့် သားတော်မောင်ဟာ တစ်လမ်းလုံး သူ့သည်က အဖေအရင်း ဟုတ်ပါရဲ့လား တွေမိသည်အထိ သူ့အားအဖတ်မလုပ်။ မွေးစားအဖေ ဖင်လ်ကိုသာ တစ်ခုပြီးတစ်ခု ပူဆာလေရဲ့။

ဒါပေမဲ့ ရယ်ဖို့တော့ကောင်းသား။ မာမီရှေ့မို့ Daddy ffin လို့မခေါ်ရဲရှာဘူးလေ။

“လာ ကိုယ်နဲ့ အတူတူ သွားဝယ်ကြမယ်”

“ဟိုက်!”

“ကျွန်တော်လည်း လိုက်မယ် ဖင်လ်”

သူလည်း ဖင်လ်တို့နဲ့အတူတူ ရေခဲချောင်းဆိုင်သို့ ‌လိုက်သွားလိုက်သည်။ မာမီကတော့ ထုံးစံအတိုင်း သူ့တပည့်တွေနှင့် ကျန်ခဲ့ရှာ၏။

“ကိုးလ် ဘာအရသာစားချင်လဲ”

“ဖင်လ်ကြိုက်တာပေး”

ကိုးလ် စကားကြောင့် ဖင်လ်က ခပ်ယေးယေးပြုံးကာ ကိုးလ် လက်ထဲ ရေခဲ‌ချောင်း ထည့်ပေး‌လာသည်။ ယူကိုလေးကတော့ သူစားချင်တာရသွားတော့ သူ့အား အောက်သို့ချခိုင်းကာ ရေခဲချောင်းအား အားရပါးရစားတော့၏။

“Daddy ffin တို့ ဟိုဘက်ကို သွားသင့်တယ် အရမ်းလှတယ်”

“ဟင် ယူကိုလေးရော မလိုက်ဘူးလား”

“ဟင့်အင်း ယူကိုက Grandma ကို အဖော်လုပ်ပေးလိုက်ဦးမယ်”

ပြောပြီးတာနဲ့ လုံးလုံးကလေး သူ့အဖွားဆီ ပြေးသွားတဲ့ ယူကိုလေးကြောင့် ကိုးလ်လည်း ဖင်လ်အား တံတားလေးဆီ ခေါ်သွားတော့၏။

တံတားလေးဆီရောက်တော့ ယူကိုတို့အား လှမ်းကြည့်တော့ သူ့အဖွားနှင့် စကားတွေပြောနေသည့် ကိုးလ်လည်း ခပ်ဖွဖွပြုံးကာ သူစားစရာရှိသည့် ရေခဲချောင်းအား ဆက်စားလေရဲ့။ ဖင်လ်ကတော့ ကိုးလ်ဘေး၌ ခပ်ငြိမ်ငြိမ်ရပ်နေလေသည်။

“ကိုးလ်”

“ဗျာ”

“ကိုးလ်တို့ ဂျပန်ကလှတယ်နော် ကိုယ်တော့ ပြန်သွားရင် လွမ်းနေရတော့မှာပဲ”

“ဟားဟား ဒါဆိုလည်း မကြာမကြာ ဂျပန်လာလည်ပေါ့ မကောင်းဘူးလား”

“ကိုယ်တစ်ယောက်တည်းသာဆို ဂျပန်နိုင်ငံလည်း လှတယ်လို့ မြင်မိမှာမဟုတ်ဘူး အဓိက မင်းရှိနေဖို့ပဲ ကိုးလ် မင်းနဲ့သာ အတူတူဆိုရင် အရာရာတိုင်းက လှနေမှာ ကိုယ်လေ-”

ဖင်လ်မှာ စကားပင်ဆက်မပြောနိုင်။ သူ့အား စိုက်ကြည့်နေသည့် ကိုးလ်ကြောင့် ဖင်လ်သည် ဘာဆက်ပြောရမလဲမသိတော့။ သူသည်လည်း သတိလက်လွတ် ကိုးလ် မျက်ဝန်းတွေအား ပြန်ပြီး ငေးကြည့်နေမိလေ၏။

ထိုအချိန်မှာပဲ ကိုးလ်ဟာ ဖင်လ်လက်အားယူလိုက်ပြီး သူ့ရင်ဘတ်ထက် တင်လိုက်လေသည်။  ဖင်လ်မှာ ကိုးလ် လုပ်ရက်ကြောင့် ကြောင်နေတုန်းရှိသေး။ သူ့လက်တွေအောက်က ကိုးလ် ရင်ဘတ်၏ လှုပ်ခတ်နေသည့် ရင်ခုန်သံတွေအား စမ်းမိလေတော့ ဖင်လ်သည်လည်း ရင်ခုန်သံတွေမြန်လာလေ၏။

“ကိုးလ်”

“ကျွန်တော် ကြိုးစားခဲ့တယ် အတက်နိုင်ဆုံး ကြိုးစားခဲ့တယ် ဒါပေမဲ့ ဖင်လ် ကျွန်တော်လေ ကျွန်တော် ဆက်ပြီးတော့ မထိန်းနိုင်တော့ဘူး ကျွန်တော် နှလုံးသားက ကျွန်တော် လက်ထဲက ရေခဲချောင်းလိုပဲ တဖြေးဖြေး အရည်ပျော်နေပြီ အဲ့ဒါကအရမ်းဆိုးတယ်”

ကိုးလ် စကားတွေကို ဖင်လ်ဟာ ဘာမှမတုံ့ပြန်နိုင်ဘဲ ခပ်ငြိမ်ငြိမ်သာ နားထောင်နေလေသည်။ ကိုးလ်ကတော့ စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်တွေလည်း ဝဲတက်နေပြီ ဖြစ်သလို သူ့ရင်ဘတ်ထက်က ဖင်လ်လက်တွေအား ဆုပ်ကိုင်ထားသည့် ကိုးလ်လက်တွေမှာလည်း အေးစက်ပြီး တုန်ရီနေရှာသည်။

“ဖင်လ် ကျွန်တော်လေ ကျွန်တော် ဖင်လ်ကို ချစ်တယ်”

“ကိုးလ်-”

“ချစ်တယ် ကျွန်တော် ထိန်းထားလေ ဖင်လ်က ကျွန်တော် နှလုံးသားထဲ နေရာယူလာလေပဲ အရမ်းဆိုးတယ် ဖင်လ်ကို ဖွင့်မပြောဘဲ မျိုသိပ်ထားရတာ အရမ်းနာကျင်တယ် ကျွန်တော် ချစ်တယ် ဖင်လ်ကို ချစ်တယ်”

ပြောလည်းပြော ငိုလည်းငိုနေသည့် ကိုးလ်အား ဖင်လ်မှာ ဘာမှပြန်မတုံ့ပြန်နိုင်။ သူ့အတွက် ဒါက သိပ်ကိုမှ ရှော့ခ်အကြီးကြီး ရစေသည့် ကိစ္စရပ်မျိုး မဟုတ်လား။

“ချစ်တယ် ဖင်လ် ကျွန်တော် ဘာလုပ်ရမလဲ မသိတော့ဘူး ကျွန်တော်-”

ရုတ်တရက်ဆိုသလို ရွာချလာတဲ့ မိုးကြောင့် ဖင်လ်ဟာ ကိုးလ် လက်အား ဆွဲသွားပြီး ယူကိုတို့ရှိရာဆီ ခေါ်သွားတော့၏။

သို့သော် ဖင်လ်မသိသည်မှာ သူ့လက်ဆွဲကာ ခေါ်သွားသည့် ကိုးလ်ဟာ မိုးစက်တွေကြားထဲ ငိုနေခဲ့တယ် ဆိုတာကိုပင်။

ဖင်လ်ကသူ့ကိုမချစ်ဘူး။

End....

Happy New Year Guys 🎇

ကိုးလ်ကတော့ ဖွင့်ပြောလိုက်ပြီ။ ခွေးသွေးနဲ့ ခွေးစာ တစ်ခုခု‌တော့ တစ်ခုခုပဲ။

----------------------------------------------------

Zawgyi ✅

-HOW TO DATE WITH SINGLE FATHER-

မေန႔က‌ညလုံးေပါက္ ေသာက္ထားတဲ့အရွိန္ေၾကာင့္ ဆိုးက်ိဳးကေတာ့ ဒီမနက္ သူ႔ေခါင္းတစ္ခုလုံး ထိုး‌ကိုက္ေနတာပါပဲ။ အိပ္ယာေပၚက ဖုန္းကိုယူၾကည့္လိုက္ေတာ့လည္း ေခၚထားတဲ့ ဖုန္း Call ေတြမွာမနည္း။ ဘယ္သူေတြ ဆက္ထားသလဲ သူၾကည့္မေနေတာ့ဘဲ ေရခ်ိဳးဖို႔သာျပင္လိုက္ေတာ့၏။

ေခါင္းေပၚကေန ေရခ်ိဳးခ်လိုက္ေတာ့မွ သူ႔တစ္ကိုယ္လုံး လန္းဆန္းသြားသလို။ ေရခ်ိဳးၿပီးအခ်ိန္မွာေတာ့ ေပါ့ေပါ့ပါးပါးျဖစ္မဲ့ ဝတ္ဆုံကိုယူဝတ္လိုက္ၿပီး အကိုက္ခဲေပ်ာက္ေဆး တစ္လုံးယူေသာက္လိုက္‌သည္။

ေနာက္ေတာ့ မနက္စာစားဖို႔ႀကံကာမွ အိမ္ေရွ႕က ဘဲလ္ျမည္သံေၾကာင့္ တံခါးအားဖြင့္ေပးလိုက္ေတာ့ တျခားသူမဟုတ္။ Aryan ပင္။

“ေဒး ညကေသာက္ထားတာလား”

သူ႔ပုံစံကိုၾကည့္ၿပီး ေမးလာတဲ့ အာရန္ အေမးအား ေခါင္းသာညိတ္ျပကာ သူမနက္စာျပင္ဖို႔လုပ္ေတာ့ အာရန္ တစ္ေယာက္ သူ႔ေဘးကို ေရာက္လာေလရဲ႕။

“မင္းဘာသာ သြားထိုင္ေန ငါဒီမွာမင္းနဲ႔အတူတူစားဖို႔ မနက္စာ ဝယ္လာတယ္ ငါထည့္လာခဲ့ေပးမယ္”

“မင္းပဲအားကိုးရတယ္”

“ခိုင္းေကာင္းေအာင္ မေျပာစမ္းပါနဲ႔ကြာ”

ႏွစ္ေကာင္သား ခပ္ဟဟရယ္ရင္း မနက္စာအတူတူစားဖို႔ လုပ္ေတာ့သည္။ ဘာပဲေျပာေျပာ သူ႔ဆီမွာ အာရန္ တစ္ေယာက္ရွိေနတာက ဘုရားသခင္ကေပးတဲ့ လက္ေဆာင္ပါပင္။

စာပြဲဝိုင္းထက္ ေရာက္လာတဲ့ မုန႔္ေတြကိုၾကည့္ၿပီး သူ႔ခပ္ေယးေယးသာ ၿပဳံးလိုက္မိတယ္။ ဒီေကာင္အၿမဲ သူ႔အႀကိဳက္ႀကီး ဝယ္လာတတ္တာ။

“ဒါနဲ႔ မင္းညက ဘယ္ပါတီတက္ထားလို႔လဲ မင္းၾကည့္ရတာ အမ်ားႀကီး ေသာက္ထားပုံပဲ”

“ဘယ္ပါတီမွ မတက္ျဖစ္ဘူး အိမ္မွာပဲေသာက္တာ”

အေဒးအေျဖေၾကာင့္ အာရန္ တစ္ေယာက္ သူ႔ဦးေႏွာက္အား အလုပ္ေပးကာ ။

“မင္းစိတ္ညစ္စရာရွိလို႔လား”

“စိတ္ညစ္စရာလား ငါ့မွာ စိတ္ညစ္စရာက အၿမဲရွိေနတာေလ ဘာထူးဆန္းလို႔လဲ”

“ငါေျပာခ်င္တာ-”

အာရန္ ‌ျပန္ေျပာဖို႔လုပ္ေနခ်ိန္မွာပဲ အခန္းတံခါး ဘဲလ္တီးသံေၾကာင့္ ထိုင္ရာကေန ထသြားကာ တံခါးသြား‌ဖြင့္ေလသည္။ ေနာက္ေတာ့ မ်က္ႏွာမအီမသာႏွင့္ ျပန္ေရာက္လာတဲ့ အာရန္ေၾကာင့္ သူ႔အေနာက္သို႔ၾကည့္လိုက္ေတာ့ အာရန္ေနာက္၌ ပါလာသူမွာ ကိုကိုပင္။

“ကိုကို”

သူေခၚလိုက္ေတာ့ သူ႔ကိုတစ္ခ်က္ၾကည့္ၿပီး သူ႔ေဘး၌ ဝင္ထိုင္သည္။ ေနာက္ေတာ့ လက္ထဲက ဘာထုတ္မွန္းမသိတဲ့အထုတ္အား သူ႔စာပြဲေပၚ၌ ခ်ေပးၿပီး ခပ္တည္တည္ႀကီး ထိုင္ေနေလ၏။

“ဘာေတြလဲ”

“မနက္စာ”

“ဟင္”

“မစားခ်င္ရင္ျပစ္လိုက္”

မဟုတ္တာပဲ။ ဒီေကာင္က ဘယ္လိုလုပ္ ျပစ္ရက္မွာလဲ။ ဒါေပမဲ့ သူအခုမစားႏိုင္ေသးဘူး။ သူအခုစားလိုက္ရင္ သူ႔အႀကိဳက္ေတြႀကီး ဝယ္လာေပးတဲ့ အာရန္ရဲ႕မနက္စာကို ဂ႐ုမစိုက္သလိုျဖစ္သြားမွာေပါ့။

“မင္းကဘာလို႔ေရာက္ေနတာလဲ”

အာရန္အားစိုက္ၾကည့္ကာ ေမးခ်လိုက္တဲ့ ဒန္တီရဲ႕အေမးေၾကာင့္ အာရန္တစ္ေယာက္ ခ်က္ခ်င္းျပန္မေျဖ။ ေနာက္မွ ဟက္ခနဲရယ္ခ်ၿပီး ျပန္ေခ်ပေလ၏။

“ဘာထူးဆန္လို႔လဲ တစ္ခန္းတည္းအတူေန တစ္အိပ္ယာတည္း အတူတူအိပ္လာတဲ့ သူေတြပဲ ဘာလို႔ ေဘာင္မဝင္တာေတြ လာေမးေနတာလဲ”

“မင္းတို႔ႏွစ္ေယာက္စကားမ်ားမယ္ဆိုရင္ ႏွစ္ေယာက္လုံး ျပန္လိုက္ေတာ့ ငါေခါင္းေတြကိုက္ေနတာ မင္းတို႔ အျငင္းခုံစကားေတြ နားမေထာင္ႏိုင္ဘူး”

ၾကားထဲကျဖတ္ေျပာလိုက္တဲ့ အေဒး စကားေၾကာင့္ ႏွစ္ေယာက္လုံးတိတ္သြားၿပီး ဘာစကားမွထပ္မဆိုၾကေတာ့။ သို႔ေသာ္ ႐ုတ္တရက္ဆိုသလို အေဒးလည္ပင္းထက္ ပါးကပ္လာတဲ့ ဒန္တီလုပ္ရက္ေၾကာင့္ အေဒးလန႔္သြားသလို အာရန္မွာလည္း မ်က္ေမွာင္ၾကဳတ္သြားေလရဲ႕။

“ဘာလုပ္တာလဲ”

အေဒးအေမးအား ဒန္တီက ဆံပင္ကိုနဖူးကေန လွမ္းတင္ကာ ။

“ေခါင္းကိုက္ေနတယ္ဆိုလို႔ေလ ဖ်ားေနလား စစ္ၾကည့္‌တာ”

“ခင္ဗ်ားလက္ကက်ိဳးေနလို႔လား ဘယ္ေကာင္က အဖ်ားကို အဲ့ဒီလိုစစ္ရတယ္လို႔ေျပာလဲ”

အာရန္ စိတ္တိုတိုနဲ႔ ေမးလာေတာ့ ဒန္တီက ခပ္ေထးေထးၿပဳံးလိုက္ကာ အေဒး ပါးႏွစ္ဖက္အား လက္ျဖင့္ဆုပ္ကိုင္လိုက္ကာ အာရန္အေရွ႕မွာတင္ အေဒးႏႈတ္ခမ္းအား ခပ္ၾကမ္းၾကမ္းနမ္းျပ‌ျပစ္၏။

“Ommzz!”

အေဒးလန႔္ကာ တြန္းထုတ္ေပမဲ့ ဒန္တီက ခပ္ၾကာၾကာ ဖိနမ္းၿပီးမွ အေဒးအား လႊတ္ေပးေလသည္။

“မင္းႏႈတ္ခမ္း‌အတြင္းသားေတြ ပူမေနပါဘူး ၾကည့္ရတာ မင္းအဖ်ားမရွိတာ ေသခ်ာသြားၿပီထင္တယ္”

*ဒုန္း!*

ဒန္တီ စကားဆုံးေတာ့ အေဒး တစ္ေယာက္ ခပ္ရဲရဲပါးျပင္ေတြႏွင့္ စာပြဲဝိုင္းကေန ထသြားေလ၏။ က်န္ခဲ့သူ ဒန္တီမွာေတာ့ ေအာင္ႏိုင္သူလို ၿပဳံးေနၿပီး တစ္ဖက္ခုံက အာရန္မွာေတာ့ အေဒးမ်က္ႏွာအား ခပ္တင္းတင္း စိုက္ၾကည့္ေနေလရဲ႕။

“ခင္ဗ်ားဘာလို႔ ဒီလိုေတြလုပ္ေနတာလဲ ကြၽန္ေတာ္မသိေပမဲ့ ဘာရည္႐ြယ္ခ်က္နဲ႔ပဲလုပ္လုပ္ ခင္ဗ်ား ထပ္ၿပီးေတာ့ အေဒးကို နာက်င္ေအာင္လုပ္ရင္ ကြၽန္ေတာ္ ခင္ဗ်ားကို ဒီအတိုင္းလႊတ္ထားေပးမွာမဟုတ္ဘူး”

“Huh! မင္းကဘာေကာင္မို႔လို႔ ငါကဂ႐ုစိုက္ရမွာလဲ”

ဂ႐ုမစိုက္ဟန္ ျပန္တုံ႔ျပန္လာတဲ့ ဒန္တီပုံစံက အာရန္ စိတ္နဲ႔သာဆိုရင္ ဒီေနရာမွာတင္ သတ္ပြဲျဖစ္တယ္။ ဒါေပမဲ့ အာရန္က အေဒးအေပၚ အၿမဲ သူငယ္ခ်င္းေကာင္းပီသတဲ့သူ ျဖစ္တာေၾကာင့္ အေဒးစိတ္ဆင္းရဲမဲ့အလုပ္ သူဘယ္ေတာ့မွမလုပ္ဘူး။ ဒါေၾကာင့္ ဒန္တီအား ဘာမွမလုပ္မိေအာင္ သူ႔စိတ္သူထိန္းထားႏိုင္တာေပါ့။

“အေဒး မေန႔ညကေသာက္တာ ခင္ဗ်ားေၾကာင့္ပဲ မဟုတ္လား”

ဒီတစ္ခါ စိတ္လႈပ္ရွားသြားဟန္ မ်က္ေမွာင္ၾကဳတ္သြားတဲ့ ဒန္တီကိုၾကည့္ၿပီး အာရန္ကပဲ စကားဆက္ေလရဲ႕။

“ခင္ဗ်ား အေဒးကို ဘယ္လိုျမင္လဲ”

“မင္းဘာလို႔ ငါတို႔အေၾကာင္းကို သိပ္သိခ်င္ေနတာလဲ”

ဒန္တီ စိတ္မၾကည္ေတာ့သလို ေမးလာေတာ့ အာရန္ဟာ ခ်က္ခ်င္းျပန္မေျဖ။ သူေျပာမဲ့စကားအား ေျပာသင့္ မေျပာသင့္ အရင္ေတြးၿပီးမွ ေျပာဖို႔ျပင္ေလသည္။

“ကြၽန္ေတာ္ဒဲ့ပဲေျပာမယ္ ကြၽန္ေတာ္ သူငယ္ခ်င္း အေဒးက ခင္ဗ်ားကို ႀကိဳက္ေနတာ ခင္ဗ်ား သိတယ္မဟုတ္လား အဲ့ဒီေတာ့ ခင္ဗ်ား ေရွ႕ဆက္ၿပီး ဘာလုပ္ဖို႔ စဥ္းစားထားလဲ”

အာရန္ အေမးကို ဒန္တီက ခနဲ႔တဲ့တဲ့ တစ္ခ်က္ၿပဳံးကာ ။

“အဲ့ဒါ မင္းသူငယ္ခ်င္းအပိုင္းေလ ငါ့ဘက္ကေတာ့ သူ႔ကို စပြန္ဆာေပးထားတဲ့ လူတစ္ေယာက္အေနထက္ ဘာမွမပိုဘူး ဒီေတာ့ မင္းနားလည္ေအာင္ေျပာရရင္ ငါသူ႔ကို ဘယ္ေတာ့မွ ျပန္ႀကိဳက္လာဖို႔ စိတ္ကူးမရွိဘူး”

အာရန္သည္ ဒန္တီစကားေၾကာင့္ ေမးေက်ာေတြ ေထာင္လာသည့္ မ်က္ႏွာမွာ ဘယ္ေလာက္ေတာင္မွ ေဒါသ‌ထြက္ေနသလဲ ေမးစရာမလိုေအာင္ပင္။ ထို႔အတူ သူ႔သေဘာမက်သည့္ အာရန္ ျဖစ္ေနသည့္ပုံစံအား ၾကည့္ရင္း ဒန္တီတစ္ေယာက္ သေဘာတက်ျဖစ္ေနေလ၏။

ေနာက္ေတာ့ အာရန္ဟာ ထိုင္ရာကေန ထလိုက္ၿပီး ျပန္ဖို႔လုပ္ေတာ့သည္။ မျပန္ခင္ ဒန္တီ မ်က္လုံးေတြအား စိုက္ၾကည့္ကာ စကားတခ်ိဳ႕ဆိုသြားေသး၏။

“အေဒးက ခင္ဗ်ားကို မႀကိဳက္ေတာ့တဲ့ေန ခင္ဗ်ားအေပၚ သူ႔စိတ္ခံစားခ်က္ေတြ ကုန္ဆုံးသြားတဲ့ေန႔ အဲ့ဒီေန႔က ကြၽန္ေတာ္ အေဒးကို အၿပီးအပိုင္ ႏိုင္ငံျခား ေခၚသြားတဲ့ေန႔ပဲဆိုတာ ခင္ဗ်ားေခါင္းထဲမွာ မွတ္ထား”

အာရန္ ေျပာသြားတဲ့ စကားေၾကာင့္ ဒန္တီဟာ အေဒးတိုက္ခန္းထက္ ခပ္ဟဟ ေအာ္ရဲေတာ့သည္။ ဒန္တီ စိတ္ထဲ ေတြးေနသည္မွာလည္း သူသာဆြဲထားရင္ သူ႔အား အေသရရ အရွင္ရရ လိုခ်င္ေနတဲ့ အေဒးဟာ သူ႔အနားကေန ထြက္သြားရဲမည္သူ မဟုတ္မွန္း သူလုံးဝ ယုံၾကည္ထားတာေၾကာင့္ပင္။

သို႔ေသာ္ ဒန္တီ မသိသည္မွာ လူတစ္‌ေယာက္၏ စိတ္ခံစားခ်က္ဆိုတာ ေလွာင္ေျပာစရာ မဟုတ္သလို။ လူတစ္‌ေယာက္၏ ခ်စ္ျခင္းေမတၱာဆိုတာကလည္း ကိုယ္စိတ္ေပ်ာ္ဖို႔သက္သက္ အသုံးမခ်သင့္ေပ။ ဘာေၾကာင့္လဲဆိုေတာ့ ဘယ္အေၾကာင္းအရာမဆို ဝဋ္ဆိုတာ လည္တတ္သည္မဟုတ္လား။

.
.
.

“ေနာက္တစ္ခါ အရက္မေသာက္ေတာ့ဘူး! Haa ငါဘာေတြ လုပ္ခဲ့မိတာလဲ”

မေန႔ညက မူးမူးနဲ႔ ေပါက္ကရ လုပ္ခဲ့တာေတြက ဒီမနက္ ‌မ်က္လုံးထဲ အေသအခ်ာ ျပန္ျမင္လာပါေရာ။ သူတကယ္ပဲ ႐ူးသြားတာလား။ ဘာလို႔ ကိုးလ္အေပၚ အဲ့ဒီလို အလုပ္ေတြ လုပ္ခဲ့မိတာလဲ။ မဟုတ္ေသးဘူး။ သူဘာလို႔မ်ား ကိုးလ္ရဲ႕ႏႈတ္ခမ္းေတြကို ဒုတိယအႀကိမ္ နမ္းခဲ့မိတာလဲ။

ကိုးလ္အေပၚမွာ သူ႔စိတ္ေတြက မွန္ေရာ မွန္ေသးရဲ႕လား။ သူမသိေတာ့ဘူး။ မေတြးတတ္ေတာ့ဘူး။ မဟုတ္ဘူး။ သူမေတြးရဲေတာ့တာ။

“ငါတကယ္ကို ဘာေတြ ေတြးေနမိတာလဲ....”

“ဘာေတြေတြးေနမိလို႔လဲ Daddy ffin”

“ဟင္ ေဘဘီေလး”

ဖင္လ္ အေတြးလြန္ေနတုန္း အခန္းထဲေရာက္လာတဲ့ ယူကိုေလးမွာ အဝတ္စား ေသခ်ာ ျပင္ဆင္ထားသည္မွာ ရႈိးစမိုးအျပည့္ပင္။ ေနာက္ေတာ့ လုံးလုံးကေလးႏွင့္ ဖင္လ္ေပါင္ေပၚ တက္လာေလရဲ႕။

“Daddy ffin ဘာေတြ ေတြးေနတာလဲလို႔”

“ဒီအတိုင္း အလုပ္ကိစၥပါကြာ ဒါနဲ႔ ေဘဘီေလးက ျပင္ဆင္ထားလိုက္တာ မင္းသားေတြေတာင္ ထိုင္ငိုေလာက္တယ္”

ဖင္လ္က ယူကိုေလးပါးကို အသာေလး ဆြဲညႇစ္ၿပီး ဆိုေလေဝာာ့ ယူကိုေလးက သူ႔ဆံပင္သူသပ္တင္ကာ ရႈိးထုတ္ေတာ့၏။

“ယူကိုေခ်ာတာ သိပါတယ္ Daddy ffin ရဲ႕”

“ဟားဟား ဟုတ္ပါၿပီကြာ”

“ဒါနဲ႔ Daddy ffin အျမန္ ျပင္ဆင္ေတာ့ Grandma တို႔က ယူကိုတို႔ကို ဒီေန႔ အျပင္လိုက္ပို႔မလို႔တဲ့”

ယူကိုေလးအေျပာေၾကာင့္ ဖင္လ္အနည္းငယ္ ေၾကာင္သြားေလသည္။ ဒီကိစၥကို သူလည္း ႀကိဳမသိရသ‌လို ကိုးလ္မာမီႏွင့္အတူတူ အျပင္သြားရမွာ နည္းနည္းတစ္မ်ိဳးေတာ့ႏိုင္သည္။ ထို႔အျပင္ အခုခ်ိန္မွာ ကိုးလ္ႏွင့္ပါ မ်က္ႏွာခ်င္းဆိုင္ဖို႔ သူေၾကာက္လို႔ေန၏။

“Daddy ffin ျမန္ျမန္! ဒယ္ဒီတို႔ ေစာင့္ေနတယ္”

“ေဘဘီေလး ကိုယ္မလိုက္လို႔ မရဘူးလား”

“မရဘူး!”

“ဒါေပမဲ့-”

“ဖင္လ္ကဘာလို႔ မလိုက္ခ်င္တာလဲ”

႐ုတ္တရက္ အခန္းထဲဝင္လာသည့္ ကိုးလ္ေၾကာင့္ ဖင္လ္ လန႔္သြားသလို ကိုးလ္ဆီ အၾကည့္ေရာက္မိေဝာာ့ ကိုးလ္မွာ ဘာမွမျဖစ္သလို ပုံမွန္အတိုင္း သူ႔ဆီ ေလွ်ာက္လာတာ ျမင္ရေလ၏။

ထို႔အတူ။ ဖင္လ္ အခုမွ သတိထားမိသည္မွာ ကိုးလ္ဝတ္ထားသည့္ ဝတ္ဆုံဟာ ယူကိုေလးႏွင့္ ဆင္တူကေလး ျဖစ္ေနၿပီး ယူကိုေလးလို ေဘာင္းဘီ ေပါင္တိုေလးပင္။ ေပါင္တစ္ဝက္ေလာက္ထိသာရွိသည့္ ေဘာင္းဘီတိုးကေလးေၾကာင့္ ကိုးလ္ ေပါင္တံေလးေတြမွာ ေဖြးေဖြးကေလးႏွင့္ မိန္းကေလးရႈံးေအာင္ လွေလ၏။

သူ ဘာေတြေတြးေနမိျပန္ၿပီလဲ။

“ယူကို မာမီေခၚေနတယ္ သြားလိုက္ဦး”

“ဟိုက္! Daddy ffin ျမန္ျမန္ေနာ္!”

ေပါင္ေပၚက မဆင္းခင္ ႏႈတ္ခမ္းဆူဆူကေလးႏွင့္ သူ႔အား အျမန္လုပ္ဖို႔ ေျပာသြားသည့္ ယူကိုေလးေၾကာင့္ ဖင္လ္ သေဘာတက် ၿပဳံးေနေတာ့သည္။ သို႔ေသာ္ မ်က္ႏွာေလး ရႈံ႕မဲ့ေနတဲ့ ကိုးလ္ေၾကာင့္ ဖင္လ္လည္း လန႔္သြားရွာ၏။

“ကိုးလ္ ဘာျဖစ္လို႔လဲ”

“အဲ့ဒီကေလးေလ ဖင္လ္က သူ႔အေဖမဟုတ္ဘဲ Daddy ffin  လို႔ ေခၚတာကို မရပ္ေတာ့ဘူး တကယ္ပဲဗ်ာ ေျပာလို႔လည္းမရဘူး”

“ဘာလို႔လဲ က္ိုးလ္က သေဘာမက်လို႔လား”

ဖင္လ္ မရဲတရဲေလး ကိုးလ္မ်က္ႏွာအားၾကည့္ကာ ခပ္တိုးတိုးေမးေလေတာ့ ကိုးလ္က ဖင္လ္ေဘး၌ ဝင္ထိုင္ေလရဲ႕။

“သေဘာမက်လို႔ မဟုတ္ပါဘူး ဖင္လ္အတြက္ မေကာင္းလို႔ပါ ဖင္လ္က သူ႔အေဖမွမဟုတ္ဘဲေလ သူစိမ္းေတြအျမင္မွာ ဖင္လ္ကို အိမ္ေထာင္သည္လို႔ ထင္သြားရင္ ဘယ္လိုလုပ္မလဲ အဲ့ဒါက မသင့္ေတာ္ပါဘူး”

သူေျပာေနတာေတြ နားေထာင္ေနပုံမေပၚ။ သူ႔အား စိုက္ၾကည့္ေနသည့္ ဖင္လ္ေၾကာင့္ ကိုးလ္ စကားရပ္သြားၿပီး ဖင္လ္အား ေၾကာင္ေတာင္ေတာင္ေလး ၾကည့္လာရွာသည္။

“ဖင္လ္ ဘာျဖစ္လို႔ ကြၽန္ေတာ္ကို ၾကည့္ေနတာလဲ”

“ကိုးလ္ မင္းေဘာင္းဘီက အရမ္းမတိုလြန္းဘူးလား”

အလိုမက်သလို ဆူပုတ္ေနသည့္ မ်က္ႏွာႀကီးျဖင့္ ဖင္လ္ ေမးလာေတာ့ ကိုးလ္ တစ္ေယာက္ ခပ္ဟဟရယ္ေလရဲ႕။

ဖင္လ္ေျပာလည္း ေျပာခ်င္စရာ။ ကိုးလ္ေဘာင္းဘီက နဂိုကတည္းကမွ တိုပါဆိုမွ ထိုင္လိုက္ေတာ့မွ အေပၚထိ အေတာ္ေလး တိုတက္သြားတာေၾကာင့္ ဖင္လ္တစ္ေယာက္ အလိုမက်ျဖစ္ေနေလ၏။

“ကြၽန္ေတာ္ ယူကိုနဲ႔ ဆင္တူ ဝတ္ထားတာေလ မလွဘူးလား”

“ကိုးလ္ ျပန္လဲလိုက္ပါလား”

“ေဟး ကြၽန္ေတာ္ မာမီေတာင္ ေပးဝတ္ထားတာ ဖင္လ္က ဘာျဖစ္ခ်င္ေနတာလဲ”

ကိုးလ္ဂ်စ္က်ကာ ျပန္ေျပာေတာ့ ဖင္လ္သည္ သူေျပာလည္း မရမွာကို သိလိုက္တာေၾကာင့္ ဘာမွဆက္ေျပာမေနေတာ့ဘဲ ေရခ်ိဳးခန္းထဲ ဝင္သြားေလရဲ႕။

ကိုးလ္ကေတာ့ ဖင္လ္ထြက္အလာကိုသာ ေမြ႕ယာထက္ ထိုင္ေစာင့္ေနေလရဲ႕။ ထိုအခ်ိန္မွာပဲ ဝင္လာတဲ့ဖုန္းေၾကာင့္ ၾကည့္လိုက္ေတာ့ တျခားသူမဟုတ္။ သူ႔ သူငယ္ခ်င္းႀကီး နစ္ခ္ပင္။

“နစ္ခ္! မင္းငါ့ဆီ ဖုန္းဆက္ေဖာ္ရေသးတယ္ေပါ့”

“ငါအလုပ္ကိစၥေတြ ရႈပ္ေနလို႔ပါကြာ မင္းသိတဲ့အတိုင္း ဒီရက္ပိုင္း ငါ့အေဖကုမၸဏီကို ငါပဲၾကည့္ေပးေနရတာေလ”

“ေကာင္းတာေပါ့ မင္းေျခခ်ဳပ္မိသြားတာေပါ့ ဟားဟား မင္းကေတာ့ ကုမၸဏီးခန္းထဲ အလုပ္ေတြလုပ္ေနတဲ့အခ်ိန္ ငါတို႔ကေတာ့ ဒီမွာ ေလွ်ာက္လည္ေနတာ ဟားဟား စိတ္မေကာင္းဘူး ငါ့ေကာင္ေရ”

“မင္းကြာ ရက္စက္လိုက္တာ”

“ဟားဟား”

“ေအးကြာ ရယ္ေန ငါအလုပ္ေတြထားခဲ့ၿပီး ဂ်ပန္လိုက္လာမွာေနာ္ ကိုးလ္”

“ေဟး နစ္ခ္! မလုပ္နဲ႔! မင္းဘိုေတာ္ႀကီး ငါ့ကိုပါ လာပြားေနလိမ့္မယ္ မင္းဘာသာ ေနစမ္းပါကြာ ငါျပန္လာမွာ ႏွစ္ေကာင္တည္း ဂိုးလ္မယ္ေလ ငါက နစ္ခ္ကို ျပစ္မထားပါဘူး အတူတူဒိတ္ေပးမွာ- ဟင္ ဖင္လ္”

႐ုတ္ရက္ႀကီး ဖုန္းေျပာေနသည့္ သူ႔ေဘး၌ ကပ္ထိုင္ကာ ပုခုံးေပၚ ေခါင္းတင္လာတဲ့ ဖင္လ္ေၾကာင့္ ကိုးလ္တစ္‌ေယာက္လန႔္သြားၿပီး ဖုန္းအား ခ်ျပစ္လိုက္ေလရဲ႕။

“ဖင္လ္‌ ေရခ်ိဳးၿပီးၿပီလား”

“အြန္း ဘယ္သူနဲ႔ေျပာေနတာလဲ”

“နစ္ခ္နဲ႔ ေျပာေနတာ- အင့္!”

႐ုတ္တရက္ဆိုသလို သူ႔အား ေမြ႕ယာထက္ တြန္းခ်လိုက္ၿပီး ကုတင္ေျခရင္းကေန မတ္တပ္ရပ္ကာ သူ႔အား အေပၚကေန ငုံ႔ၾကည့္လာသည့္ ဖင္လ္ေၾကာင့္ ကိုးလ္ ခင္မ်ာ ပါးကေလးေတြရဲတက္လာၿပီး ဖင္လ္အား ေၾကာင္ေတာင္ေတာင္ေလး ၾကည့္ေနရွာ၏။

“Daddy ffin!”

“Ugh!!”

႐ုတ္တရက္ ယူကိုေလး အသံေၾကာင့္ ကိုးလ္ တစ္ေယာက္ရွက္ရွက္ႏွင့္ ဖင္လ္အား ‌တြန္းထုတ္လိုက္တာေၾကာင့္ ဖင္လ္မွာ ၾကမ္းျပင္ထက္ ပုံခနဲ။

“Daddy ffin ဘာျဖစ္တာလဲ”

အခန္းထဲ လုံးလုံးကေလး ေျပးဝင္လာၿပီး ၾကမ္းျပင္ထက္က ဖင္လ္ဆီ ေျပးသြားတဲ့ ယူကိုေလးေၾကာင့္ ကိုးလ္မွာ ရွက္ရွက္ႏွင့္ အခန္းထဲကေန ေျပးထြက္သြားေလရဲ႕။

ေအာက္ထပ္‌ ေရာက္ေတာ့မွ အခုန္ျမန္ေနတဲ့ ရင္ဘတ္ထက္ လက္တင္ကာ ကိုးလ္ တစ္ေယာက္ အေတြး‌လြန္ေနရွာသည္။ အခုဆိုရင္ သူႏွင့္ ဖင္လ္၏ ဆက္ဆံေရးဟာ ေခါင္းစဥ္တပ္မရေအာင္ ရႈပ္ေထြးေနၿပီး ဒီပုံစံအတိုင္းသာ ေရွ႕ဆက္သြားမယ္ ဆိုရင္ ကိုးလ္ သူ၏စိတ္ခံစားအား ဆက္ၿပီး ထိန္းထားႏိုင္မယ္ မထင္ေပ။

ဒါေၾကာင့္ ေခါင္းထဲပတ္ေျပးေနသည့္ ေမးခြန္းေတြႏွင့္အတူ သူဘာလုပ္သင့္လဲ ဆိုသည့္ ေမးခြန္းေတြ၏ အေျဖအား သူတစ္ေယာက္တည္း အေျဖထုတ္ေနမိ၏။

ဒီလိုႏွင့္ ခဏၾကာေတာ့ ဖင္လ္တစ္ေယာက္ ယူကိုေလးအား ခ်ီထားရင္းႏွင့္ အေပၚထပ္ကေန ဆင္းလာေလသည္။ ေနာက္ေတာ့ မာမီႏွင့္အတူတူ အျပင္သြားဖို႔ ခရီးစဥ္စေတာ့၏။

မၾကာခင္ သူတို႔လည္း ျပန္ေတာ့မွာျဖစ္တာ‌ေၾကာင့္ မျပန္ခင္ သူတို႔အား အျပင္လိုက္ပို႔ေပးတဲ့ မာမီေၾကာင့္ ဖင္လ္သည္လည္း ဂ်ပန္ႏိုင္ငံ၏ ေနရာအစုံသို႔ ေရာက္ဖူးသြားသလို သူတို႔မိသားစုမွာလည္း အခုလို ခရီး အတူတူမထြက္ျဖစ္သည္မွာ အေတာ္ၾကာၿပီမို႔ ဒီခရီးစဥ္ဟာ မထင္မွတ္ထားဘဲ သိပ္ေပ်ာ္ဖို႔ ေကာင္းေလ၏။

“Brother ffin ယူကို ေရခဲေခ်ာင္းစားခ်င္တယ္”

သူတို႔ထိုင္ေနသည့္ ေနရာႏွင့္ မလွမ္းမကန္း‌၌ ေရာင္းေနသည့္ ေရခဲေခ်ာင္းဆိုင္ အေသးေလးအား လက္ညႇိဳးထိုးကာ ပူဆာေနသည့္ သားေတာ္ေမာင္ဟာ တစ္လမ္းလုံး သူ႔သည္က အေဖအရင္း ဟုတ္ပါရဲ႕လား ေတြမိသည္အထိ သူ႔အားအဖတ္မလုပ္။ ေမြးစားအေဖ ဖင္လ္ကိုသာ တစ္ခုၿပီးတစ္ခု ပူဆာေလရဲ႕။

ဒါေပမဲ့ ရယ္ဖို႔ေတာ့ေကာင္းသား။ မာမီေရွ႕မို႔ Daddy ffin လို႔မေခၚရဲရွာဘူးေလ။

“လာ ကိုယ္နဲ႔ အတူတူ သြားဝယ္ၾကမယ္”

“ဟိုက္!”

“ကြၽန္ေတာ္လည္း လိုက္မယ္ ဖင္လ္”

သူလည္း ဖင္လ္တို႔နဲ႔အတူတူ ေရခဲေခ်ာင္းဆိုင္သို႔ ‌လိုက္သြားလိုက္သည္။ မာမီကေတာ့ ထုံးစံအတိုင္း သူ႔တပည့္ေတြႏွင့္ က်န္ခဲ့ရွာ၏။

“ကိုးလ္ ဘာအရသာစားခ်င္လဲ”

“ဖင္လ္ႀကိဳက္တာေပး”

ကိုးလ္ စကားေၾကာင့္ ဖင္လ္က ခပ္ေယးေယးၿပဳံးကာ ကိုးလ္ လက္ထဲ ေရခဲ‌ေခ်ာင္း ထည့္ေပး‌လာသည္။ ယူကိုေလးကေတာ့ သူစားခ်င္တာရသြားေတာ့ သူ႔အား ေအာက္သို႔ခ်ခိုင္းကာ ေရခဲေခ်ာင္းအား အားရပါးရစားေတာ့၏။

“Daddy ffin တို႔ ဟိုဘက္ကို သြားသင့္တယ္ အရမ္းလွတယ္”

“ဟင္ ယူကိုေလးေရာ မလိုက္ဘူးလား”

“ဟင့္အင္း ယူကိုက Grandma ကို အေဖာ္လုပ္ေပးလိုက္ဦးမယ္”

ေျပာၿပီးတာနဲ႔ လုံးလုံးကေလး သူ႔အဖြားဆီ ေျပးသြားတဲ့ ယူကိုေလးေၾကာင့္ ကိုးလ္လည္း ဖင္လ္အား တံတားေလးဆီ ေခၚသြားေတာ့၏။

တံတားေလးဆီေရာက္ေတာ့ ယူကိုတို႔အား လွမ္းၾကည့္ေတာ့ သူ႔အဖြားႏွင့္ စကားေတြေျပာေနသည့္ ကိုးလ္လည္း ခပ္ဖြဖြၿပဳံးကာ သူစားစရာရွိသည့္ ေရခဲေခ်ာင္းအား ဆက္စားေလရဲ႕။ ဖင္လ္ကေတာ့ ကိုးလ္ေဘး၌ ခပ္ၿငိမ္ၿငိမ္ရပ္ေနေလသည္။

“ကိုးလ္”

“ဗ်ာ”

“ကိုးလ္တို႔ ဂ်ပန္ကလွတယ္ေနာ္ ကိုယ္ေတာ့ ျပန္သြားရင္ လြမ္းေနရေတာ့မွာပဲ”

“ဟားဟား ဒါဆိုလည္း မၾကာမၾကာ ဂ်ပန္လာလည္ေပါ့ မေကာင္းဘူးလား”

“ကိုယ္တစ္ေယာက္တည္းသာဆို ဂ်ပန္ႏိုင္ငံလည္း လွတယ္လို႔ ျမင္မိမွာမဟုတ္ဘူး အဓိက မင္းရွိေနဖို႔ပဲ ကိုးလ္ မင္းနဲ႔သာ အတူတူဆိုရင္ အရာရာတိုင္းက လွေနမွာ ကိုယ္ေလ-”

ဖင္လ္မွာ စကားပင္ဆက္မေျပာႏိုင္။ သူ႔အား စိုက္ၾကည့္ေနသည့္ ကိုးလ္ေၾကာင့္ ဖင္လ္သည္ ဘာဆက္ေျပာရမလဲမသိေတာ့။ သူသည္လည္း သတိလက္လြတ္ ကိုးလ္ မ်က္ဝန္းေတြအား ျပန္ၿပီး ေငးၾကည့္ေနမိေလ၏။

ထိုအခ်ိန္မွာပဲ ကိုးလ္ဟာ ဖင္လ္လက္အားယူလိုက္ၿပီး သူ႔ရင္ဘတ္ထက္ တင္လိုက္ေလသည္။  ဖင္လ္မွာ ကိုးလ္ လုပ္ရက္ေၾကာင့္ ေၾကာင္ေနတုန္းရွိေသး။ သူ႔လက္ေတြေအာက္က ကိုးလ္ ရင္ဘတ္၏ လႈပ္ခတ္ေနသည့္ ရင္ခုန္သံေတြအား စမ္းမိေလေတာ့ ဖင္လ္သည္လည္း ရင္ခုန္သံေတြျမန္လာေလ၏။

“ကိုးလ္”

“ကြၽန္ေတာ္ ႀကိဳးစားခဲ့တယ္ အတက္ႏိုင္ဆုံး ႀကိဳးစားခဲ့တယ္ ဒါေပမဲ့ ဖင္လ္ ကြၽန္ေတာ္ေလ ကြၽန္ေတာ္ ဆက္ၿပီးေတာ့ မထိန္းႏိုင္ေတာ့ဘူး ကြၽန္ေတာ္ ႏွလုံးသားက ကြၽန္ေတာ္ လက္ထဲက ေရခဲေခ်ာင္းလိုပဲ တေျဖးေျဖး အရည္ေပ်ာ္ေနၿပီ အဲ့ဒါကအရမ္းဆိုးတယ္”

ကိုးလ္ စကားေတြကို ဖင္လ္ဟာ ဘာမွမတုံ႔ျပန္ႏိုင္ဘဲ ခပ္ၿငိမ္ၿငိမ္သာ နားေထာင္ေနေလသည္။ ကိုးလ္ကေတာ့ စိတ္လႈပ္ရွားလြန္းလို႔ မ်က္ရည္ေတြလည္း ဝဲတက္ေနၿပီ ျဖစ္သလို သူ႔ရင္ဘတ္ထက္က ဖင္လ္လက္ေတြအား ဆုပ္ကိုင္ထားသည့္ ကိုးလ္လက္ေတြမွာလည္း ေအးစက္ၿပီး တုန္ရီေနရွာသည္။

“ဖင္လ္ ကြၽန္ေတာ္ေလ ကြၽန္ေတာ္ ဖင္လ္ကို ခ်စ္တယ္”

“ကိုးလ္-”

“ခ်စ္တယ္ ကြၽန္ေတာ္ ထိန္းထားေလ ဖင္လ္က ကြၽန္ေတာ္ ႏွလုံးသားထဲ ေနရာယူလာေလပဲ အရမ္းဆိုးတယ္ ဖင္လ္ကို ဖြင့္မေျပာဘဲ မ်ိဳသိပ္ထားရတာ အရမ္းနာက်င္တယ္ ကြၽန္ေတာ္ ခ်စ္တယ္ ဖင္လ္ကို ခ်စ္တယ္”

ေျပာလည္းေျပာ ငိုလည္းငိုေနသည့္ ကိုးလ္အား ဖင္လ္မွာ ဘာမွျပန္မတုံ႔ျပန္ႏိုင္။ သူ႔အတြက္ ဒါက သိပ္ကိုမွ ေရွာ့ခ္အႀကီးႀကီး ရေစသည့္ ကိစၥရပ္မ်ိဳး မဟုတ္လား။

“ခ်စ္တယ္ ဖင္လ္ ကြၽန္ေတာ္ ဘာလုပ္ရမလဲ မသိေတာ့ဘူး ကြၽန္ေတာ္-”

႐ုတ္တရက္ဆိုသလို ႐ြာခ်လာတဲ့ မိုးေၾကာင့္ ဖင္လ္ဟာ ကိုးလ္ လက္အား ဆြဲသြားၿပီး ယူကိုတို႔ရွိရာဆီ ေခၚသြားေတာ့၏။

သို႔ေသာ္ ဖင္လ္မသိသည္မွာ သူ႔လက္ဆြဲကာ ေခၚသြားသည့္ ကိုးလ္ဟာ မိုးစက္ေတြၾကားထဲ ငိုေနခဲ့တယ္ ဆိုတာကိုပင္။

ဖင္လ္ကသူ႔ကိုမခ်စ္ဘူး။

End....

Happy New Year Guys 🎇

ကိုးလ္ကေတာ့ ဖြင့္ေျပာလိုက္ၿပီ။ ေခြးေသြးနဲ႔ ေခြးစာ တစ္ခုခု‌ေတာ့ တစ္ခုခုပဲ။


















Pokračovat ve čtení

Mohlo by se ti líbit

339K 13.5K 41
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
290K 7.6K 74
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.5M 62.7K 74
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...