ANTI ALPHA

By ThetTantYoung

121K 8.9K 1.2K

"Welcome From No ALPHA Zone" 😎 More

Part-1-Unicode
Part-2-Unicode
Part-1-Zawgyi
Part-3-Unicode
Part-3-Zawgyi
Part-2-Zawgyi
Part-4-Unicode
Part-4-Zawgyi
Part-5-Unicode
Part-5-Zawgyi
Part-6-Unicode
Part-6-Zawgyi
Part-7-Unicode
Part-7-Zawgyi
Part-8-Unicode
Part-8-Zawgyi
Part-9-Unicode
Part-9-Zawgyi
Part-10-Unicode
Part-10-Zawgyi
Part-11-Unicode
Part-11-Zawgyi
Part-12-Unicode
Part-12-Zawgyi
Part-13-Unicode
Part-13-Zawgyi
Part-14-Unicode
Part-14-Zawgyi
Part-15-Unicode
Part-15-Zawgyi
Part-16-Unicode
Part-16-Zawgyi
Part-17-Unicode
Part-17-Zawgyi
Part-18-Unicode
Part-19-Unicode
Part-19-Zawgyi
Part-20-Unicode
Part-20-Zawgyi
Part-21-Unicode
Part-21-Zawgyi
Part-22-Unicode
Part-22-Zawgyi
Part-23-Unicode
Part-23-Zawgyi
Part-24-Unicode
Part-24-Zawgyi
Part-25-Unicode
Part-25-Zawgyi
Part-26-Unicode
Part-26-Zawgyi
Part-27-Unicode
Part-27-Zawgyi
Part-28-Unicode
Part-28-Zawgyi
Part-29-Unicode
Part-29-Zawgyi
Part-30-Unicode
Part-30-Zawgyi
Part-31-Unicode
Part-31-Zawgyi
Part-32-Unicode
Part-32-Zawgyi
Part-33-Unicode
Part-33-Zawgyi
Part-34-Unicode
Part-34-Zawgyi
Part-35-Unicode
Part-35-Zawgyi

Part-18-Zawgyi

484 14 0
By ThetTantYoung


ဘတ်စ်ကားပေါ်မှ အ၀ါရောင်Hoodie လေးဝတ်ထားတဲ့ ကောင်လေးတစ်ယောက်ဟာ ကျောပိုးအိတ်လေးလွယ်လျက် အပြေးလေးဆင်းလာခဲ့လေသည်။ ဘတ်စ်ကားဂိတ်ကိုရောက်လို့ လက်ကလက်ပတ်နာရီလေးကို ငုံ့ကြည့်တော့ ည၉နာရီကျော်။

"ဟူး.."

ဖူးခနဲ မှုတ်ထုတ်လိုက်တဲ့ သက်ပြင်းငွေ့နှင့်အတူ နဖူးထက်က အနီရောင်ဆံပင်လေးတွေက လေထဲ လွင့်ပျံ့တက်သွားလေသည်။ ပင်ပန်းနေတဲ့ မိုးထက်မိုရ်မျက်နှာလေးက နွမ်းဖတ်လျက် သေးသေးလေးသာ ကျန်ရစ်တော့သည်။ ရက်ပိုင်းအတွင်း ဖောင်းနေတဲ့ကိုယ်လေးကပင် ပိန်ကျသွားသလို။

Omega တွေဆန္ဒပြတဲ့ကိစ္စနဲ့ ရွေးကောက်ပွဲမဲဆွယ်ဖို့လုပ်တဲ့ UABO ပါတီက Alpha အမတ်တွေတန်းစီပြီး ကြက်ဥပန်ကိတ်တွေဖြစ်ကုန်တဲ့ကိစ္စက လတ်တလောHot အဖြစ်ဆုံးဖြစ်နေရာ မိုးထက်မိုရ်တို့ တစ်ရုံးလုံးအဲ့သတင်းတွေလိုက်နေရင်း အချိန်ပိုဆင်းနေကြရသည်။

နောက်ထပ်ဘယ်နှရက်လောက်များ ဒီလိုကျော်ဖြတ်ရဦးမလဲမသိတော့။

ဘာပဲဖြစ်ဖြစ် Celebrity တွေနောက်တောက်လျှောက်လိုက်ပြီး မဟုတ်ကဟုတ်က သတင်းတွေရေးရတာထက်စာရင်တော့ တော်ပါသေးတယ်လို့သာ ဖြည့်တွေးလိုက်ပြီး အိမ်ဘက်ဆီသို့သာဦးတည်လိုက်သည်။ အိမ်ပြန်နားရတော့မှာမို့ မိုးထက်မိုရ်ရဲ့ခြေလှမ်းတွေက တက်ကြွလျက်။

ပေါချောင်ကောင်းနေရာကိုငှားထားတာမို့ မိုးထက်မိုရ်ရဲ့ တိုက်ခန်းက ကားမှတ်တိုင်နှင့် နည်းနည်းတော့လှမ်းသည်။ သို့သော်ချောင်ကလောင်ထဲဖြစ်တဲ့အပြင် အိမ်နံပါတ်တောင် တိတိကျကျရှိမနေတာမို့ ဒီတစ်ခါတော့ မမမိုးထက်လှိုင်တစ်ယောက် အလွယ်တကူလိုက်မလာနိုင်တာနှင့်တင် ပေးရတဲ့ဈေးကအတော်တန်နေပြီဖြစ်သည်။ ခုနှစ်လွှာထိ ဖတ်ဖတ်မောနေတဲ့အထိ ခြေလျင်တက်ပြီး နောက်ဆုံးတံခါးကိုဆွဲဖွင့်လိုက်တဲ့အချိန်မှာတော့ မိုးထက်မိုရ်ရဲ့ဖုန်းက ထမြည်လာတော့သည်။

ဒီချိန်ဘယ်သူဖုန်းခေါ်တာပါလိမ့်။

တစ်ချက်ငုံ့ကြည့်လိုက်သည့်နောက်မှာ မိုးထက်မိုရ်ရဲ့မျက်နှာလေးက ရှုံ့တွသွားလေသည်။ ဖုန်းမျက်နှာပြင်ပေါ်,ပေါ်နေသည့်နာမည်က အဲရစ်စ်လင်း။

သွားပါပြီ..ငါ့ရဲ့ကောင်းနေတဲ့ Mood လေးကတော့ ပျက်ပါပြီ။

မကိုင်ဘဲနေလို့လည်း မရဲလေရာ မိုးထက်မိုရ်မှာဖုန်းကိုင်လိုက်ရသည်။

"ဟဲလို.."

ဖုန်းကိုထူးလိုက်တဲ့ အသံလေးကတော့ဖြင့်အိစိအိစိ။

"မင်းအခုဘယ်မှာလဲ.."

ဖုန်းထဲမှ ထွက်လာတဲ့အသံကတော့ အဲရစ်စ်လင်းအသံမဟုတ်။ ပြီးတော့ နည်းနည်းအလောသုံးဆယ်နိုင်နေတဲ့အသံ။ မိုးထက်မိုရ်မှာ ဘာမှန်းမသိညာမှန်းမသိနှင့် အယောင်ယောင်မှားမှား ပြန်ဖြေလိုက်မိသည်။

"ကျွန်တော်လား..အခုအိမ်ထဲဝင်မလို့လေ။"

"မ၀င်နဲ့တော့။ အခုချက်ချင်းဆရာ့အိမ်ကိုလာခဲ့ပေး။"

ထိုအခါမှ ဖုန်းဆက်သူသည် အဲရစ်စ်လင်းရဲ့လက်ထောက်အသံမှန်း မှတ်မိသွားရသည်။ ဒါပေမဲ့ ဘာလို့အဲရစ်စ်လင်းကိုယ်တိုင်မဆက်ဘဲ သူ့လက်ထောက်က ခုလိုရုတ်တရက်ကြီး ခေါ်ရတာလဲနားမလည်နိုင်။

"ဘာ..ဘာလို့.."

"တကယ်အရေးကြီးတယ်။ လာခဲ့ပါဆိုနေ။"

"မဟုတ်ဘူးလေ..ဘာလို့လဲလို့..ပြောမှကျွန်တော်ကသိ.."

"မင်းကိုအခုလာလို့ပြောနေ..အား..ဆရာ..မလုပ်နဲ့..တီ!"

ပြောနေတုန်းတန်းလန်းကြီး ဖုန်းကတီခနဲကျသွားလေပြီဖြစ်သည်။ ပြန်ဆက်တော့လည်း ဖုန်းမကိုင်တော့။ အစကတော့ လာခိုင်းမယ်ဆိုရင်တောင် ငြင်းဖို့ကြံနေခဲ့တာကို အဲ့လိုကြီး မရှင်းမရှင်းတွေလုပ်သွားတော့မှ မိုးထက်မိုရ်ရဲ့ ခေါင်းထဲတွင် ပေါက်တတ်ကရအတွေးတွေ အကုန်စုပြုံဝင်လာလေသည်။ ခုနောက်ပိုင်း Celebrity တွေရဲ့သတ်သေနှုန်းဆိုတာ သိကြားမင်းဖင်ထိုးဆောင့်လုမတတ်ထိုးတတ်လာတာ။ ဒုက္ခပဲ။ ဘာများဖြစ်နေလို့ပါလိမ့်။

ချက်ချင်းဖုန်းကိုဘောင်းဘီအိတ်ထဲထည့်လိုက်ပြီး မိုးထက်မိုရ် ချက်ချင်းနောက်ပြန်လှည့်လိုက်သည်။ လမ်းမထိပ်ထိ ထွက်ပြီးတွေ့ရာ တက္ကစီတစ်စီးကောက်ငှားရင်း ငှားလိုက်သည့်ဦးတည်ရာက Royal Garden Residence ဆီ။ အဲ့ကိုရောက်သွားပြီဆိုတာနှင့် တက္ကစီခကိုအမြန်ရှင်းလိုက်ပြီး Royal Garden Tower ထဲကိုဝင်လိုက်သည်။

တကယ်တမ်း မိုးထက်မိုရ်သည် တစ်နေကုန်ပင်ပန်းထားတာမို့ အားတစ်စက်မှ မကျန်အောင် နုံးချိနေခဲ့သော်လည်း အခုတော့စိတ်ကလောနေတာနဲ့တင် ကိုယ့်ကိုယ်ကိုပင်ပန်းလို့ ပင်ပန်းနေမှန်းလည်း သတိမထားမိတော့။ အပေါ်ဆုံး Penthouse ဆီရောက်တဲ့အခါမှာတော့ မိုးထက်မိုရ်ဦးဆုံးခံစားလိုက်ရသည်က တစ်လွှာလုံးနီးပါး ပြန့်လွင့်နေတဲ့ Pheromone နံ့တွေ။ လှမ်းတွေ့လိုက်ရသည်က ပွင့်နေလျက်သားဖြစ်နေတဲ့တံခါးကြီး။

"ဆရာ..စိတ်ကိုထိန်းလို့!"

ထိုအသံကိုကြားကြားချင်း မိုးထက်မိုရ်အထဲကိုအပြေးအလွှားဝင်သွားလိုက်လေသည်။ တန်းပြီးမြင်လိုက်ရတဲ့ မြင်ကွင်းက အောက်က ကာတွန်းဘောင်းဘီတိုလေးနှင့် အပေါ်ကစွပ်ကျယ်သာသာအင်္ကျီကို ၀တ်ထားကာ တံခါးကိုဖိတွန်းထားတဲ့လူတစ်ယောက်။ ခေါင်းကဆံပင်တွေဆိုတာ ရှုပ်ပွဖွာလန်ကြဲနေလို့နေရာ အဲရစ်စ်လင်းရဲ့လက်ထောက်ပါဆိုတာကို မနည်းပုံဖမ်းကြည့်လိုက်ရလေသည်။ ထိုလူတံခါးကိုဖိတွန်းထားလျက်နှင့်ပင် တစ်ဖက်က တံခါးကိုထုရိုက်သံ တဒုန်းဒုန်းကတော့ မြည်ဟီးလျက်။

"ဘာဖြစ်နေကြတာလဲ။"

အခန်းတံခါးကိုအတင်းဖိပိတ်နေတဲ့ ထိုလူသည် မိုးထက်မိုရ်ဘက်ကို လှည့်ကြည့်လာသည်။ ထိုအကြည့်က မောင်မင်းကြီးသားရောက်လာသေးတာပဲဆိုတဲ့အကြည့်။ တဒုန်းဒုန်းထုရိုက်ခြင်းခံနေရတဲ့ တံခါးရဲ့တစ်ဖက်ခြမ်းကနေ တိုးထွက်နေတဲ့ Pheromone နံ့တွေကတော့ တဖြည်းဖြည်းပြင်းထန် စူးရှလာလေသည်။ ထိုအခါမှ မိုးထက်မိုရ်သည် အခြေအနေတစ်ရပ်လုံးကို ရှင်းရှင်းလင်းလင်း နားလည်သွားရသည်။

အဲရစ်စ်လင်း Heat ဖြစ်နေပြီ။

ပါးနှစ်ဖက်လုံးသည် ဖြန်းခနဲကျိန်းစပ်သွားသည်နှင့်အတူ ကုတင်တိုင်မှာကြိုးတုပ်ခံရသည့် ဆိုးဆိုးရွားရွား မှတ်ဥာဏ်ကြီးသည် ၀ုန်းခနဲပြန်ရောက်လာလေသည်။ Pheromone တွေကမိမိကို လုံးလုံးလျားလျား ၀ါးမျိုလို့မသွားခင် နှစ်ခါစဉ်းစားမနေတော့ဘဲ မိုးထက်မိုရ်ရဲ့ခြေလှမ်းတို့နောက်ပြန်လှည့်လိုက်သည့်ဦးတည်ရာက တံခါးဝဆီ။ ထိုအရာကို တန်းသတိထားလိုက်မိတဲ့ သန့်ပိုင်သည် တံခါးကိုဝုန်းခနဲလော့ကျအောင်ပိတ်ချလိုက်ပြီး မိုးထက်မိုရ်ကို ပြေးဆွဲတော့သည်။

"မင်းအဲ့တာ ဘာလုပ်တာတုန်း။"

အဲ့ကောင်လေးရဲ့လက်ကို မရမကပြေးဆွဲရင်း မေးလိုက်မိသည်။ ဒါကြီးကဘယ်လိုဖြစ်ရတာတုန်း။ သူတို့က အတူနေဖို့သဘောတူထားကြတဲ့ Partner တွေပဲမဟုတ်လား။ ထိုကောင်လေးကတော့ဖြင့် သန့်ပိုင်ကို အသံလေးတုန်တုန်,တုန်တုန်ဖြင့် လက်အုပ်ချီမတတ်တောင်းပန်လာသည်။

"ကျွန်..ကျွန်တော်အားနာပေမဲ့ ဒီနေ့ညတော့ အစ်ကိုပဲတာဝန်ယူပေးလိုက်ပါတော့။ အရမ်းပင်ပန်းနေတာမို့ပါ။ တောင်းပန်ပါတယ်။ ဘယ်လိုမှမဖြစ်နိုင်လို့ပါ။"

"မဖြစ်ဘူး။ ငါနဲ့မဖြစ်ဘူးလို့။ မဖြစ်နိုင်ဘူး။ ငါကြောက်တယ်လို့။"

သန့်ပိုင်မှာလည်း ပြန်ငြင်းရင်း ငိုသံပင်ပေါက်လာလေပြီ။ သူ့လို Alpha တောင် မဖြစ်နိုင်ပါဘူးဆို သန့်ပိုင်လို့ Beta ကဘယ်လိုဖြစ်နိုင်မှာတုန်း။ ပြီးတော့ ဆရာHeat ဖြစ်တဲ့ပုံက အဲ့လောက်ကြီးကြမ်းတမ်းပြီး ဆိုးရွားလိမ့်မယ်လို့ ဘယ်သူကထင်ခဲ့မှာလဲ။ မြင်မြင်သမျှအရာတိုင်းကို နှစ်ခြမ်းဆွဲစုတ်ဖြဲပစ်ဖို့ အဆင်သင့်ဖြစ်နေသည်မှာ အခုဖွာလန်ကြဲနေတဲ့ သန့်ပိုင်ဆံပင်တွေက သက်သေပင်။

"အစ်ကိုကြောက်သလို ကျွန်တော်လည်းကြောက်တာပဲလို့!"

မိုးထက်မိုရ်မှာလည်း ခြေဆောင့်ပြီးကို မျက်ရည်ထွက်တော့မတတ် အော်ပစ်လိုက်မိသည်။ တကယ်ပါပဲ။ သူ့ချည့်ကြောက်တတ်တာကျလို့။ Alpha တွေလည်း ကြောက်တတ်ပါတယ်ဟ။

နှစ်ယောက်သားညှိလို့မရဘဲတိုင်ပတ်နေတဲ့အချိန်မှာပဲ ထပ်ပြီးထွက်လာတဲ့တဒုန်းဒုန်းထုရိုက်သံကြီး။

"ဒုန်း!ဒုန်း!ဒုန်း!"

နှစ်ယောက်သားသည် မတိုင်ပင်ရဘဲ ထိုတံခါးရှိရာဆီကိုပြိုင်တူလိုပင် ကြည့်မိသွားလေသည်။ ခိုင်ခံ့စွာတပ်ဆင်ထားသော အလူမီနီယမ်တံခါးကြီးသည် အချိန်မရွေး ပြုတ်ထွက်လာတော့မည့်အလားပင်။

"မဖြစ်ဘူး။ ကျွန်တော်ပြန်တော့မယ်။ ပြန်တော့မယ်လို့။"

ဘေးကကောင်လေးသည် ထိုတံခါးကြီးကိုကြည့်ရင်း ပြန်လှည့်ပြေးဖို့သာ ပြင်နေလေရာ သန့်ပိုင်မှာ တစ်ခုခုကိုအလျင်အမြန် ဆုံးဖြတ်ချက်ချလိုက်ရသည်။ မိုးထက်မိုရ်ကိုတစ်ချက်ဆောင့်ဆွဲလိုက်ရင်း

"ဒီမှာ။ ဒါဆိုရင်လည်း ဒီလိုလုပ်။ ဆရာ့ကိုဒီတိုင်းတစ်ယောက်တည်းလွှတ်ထားလို့တော့ အဆင်မပြေဘူးလေ။ အဲ့တော့ မင်းနဲ့ငါနှစ်ယောက်သွားပြီး ခဏထိန်းထားရအောင်။ ငါခုနကလည်း ဆေးတိုက်ထားတယ်။ အဲ့တော့ ခဏနေရင်တော့ ငြိမ်သွားပြီးအိပ်ပျော်သွားလိမ့်မယ်။"

မိုးထက်မိုရ်သည် သန့်ပိုင်ကို ငုံ့တော့ကြည့်လာသည်။ သို့သော် သိပ်ယုံကြည်နိုင်သေးဟန်မတူ။

"ဖြစ်ပါ့မလား။"

သန့်ပိုင်က စိတ်ပူစရာမလိုပါဘူးဆိုတဲ့ မျက်နှာပေးမျိုးဖြင့်

"ဖြစ်ပါတယ်။ ပြီးတော့ ငါလည်းဘေးနားမှာရှိမှာပဲဟာ။"

"ဆေးတကယ်တိုက်ထားတာသေချာတယ်နော်။"

"တကယ်သေချာတယ်။ ဒီမှာကြည့်။"

ဘောင်းဘီအိတ်ထဲက ဆေးအခွံကိုပင် ထုတ်ပြီး ပြလိုက်သည်။မိုးထက်မိုရ်သည် ထိုဆေးခွံကို ယူကြည့်လိုက်ပြီးသည့်နောက် သန့်ပိုင်ကိုလုံးဝယုံကြည်သွားလေသည်။

"ငါတစ်ယောက်တည်းကျတော့ဘယ်လိုမှထိန်းမရဘူးလေ။သိတယ်မလား။"

သန့်ပိုင်ထပ်လောင်းပြောလိုက်သည့်နောက် ထိုဆံနီကောင်လေးသည် ခေါင်းကိုခပ်လေးလေးညိတ်ပြလေသည်။ သန့်ပိုင်သည် ထိုကောင်လေးကိုတစ်ချက်ကြည့်လိုက်ရင်း ရှေ့မှဦးဆောင်ကာ တံခါးဆီသို့ သွားပြလိုက်သည်။ နောက်လှည့်ကြည့်တော့ မလှမ်းမကမ်းကနေ ကပ်လိုက်လာတဲ့ကောင်လေး။ တံခါးထုရိုက်သံ တဒုန်းဒုန်းကတော့ သန့်ပိုင်တို့နီးကပ်လာသည်နှင့်အမျှ ဖြည်းဖြည်းချင်းအရှိန်လျော့သွားကာ ပျောက်ကွယ်သွားလေသည်။

"တကယ်အိပ်ပျော်သွားပြီလားမသိဘူး။"

တံခါးခေါက်သံပျောက်သွားတော့ နှစ်ယောက်သားခပ်ရဲရဲပင် တံခါးနားထိ ရောက်သွားသည်။ Pheromone နံ့တွေကတော့ စူးစူးရှရှကိုထွက်ပေါ်ဆဲ။ သန့်ပိုင်ကတော့ ထိုPheromone နံ့ကိုမသိပေမဲ့ မိုးထက်မိုရ်ကတော့ ခံစားနေရသည်။ ပုံမှန်ဆိုဆေးသောက်လိုက်လို့ Heat ရပ်သွားပြီဆိုရင် Pheromone တွေက တဖြည်းဖြည်းချင်း အရှိန်ကျပြီးလျော့သွားတာပဲ မဟုတ်ဘူးလား။ အဲ့တော့ Heat ကရပ်တာလား။ မရပ်တာလား။

မိုးထက်မိုရ်ရဲ့အတွေးထဲ ဇဝေဇ၀ါ။ အတွေ့အကြုံကစကားပြောတယ်ဆိုတာ ဒီနေရာမှာသိပ်မှန်တာပဲ။

စိတ်ထဲကနက်နက်နဲနဲစဉ်းစားလို့နေကာ Pheromone နံ့ကိုခံရင်းခံရင်းဖြင့် တံခါးနှင့်အတော်နီးနီးထိ မိုးထက်မိုရ်ရောက်သွားရသည်။ အသံကတော့ လုံးဝမကြားရတော့ဘူး။ တံခါးကိုနားလေးကပ်ပြီး အထဲမှအသံကို စူစမ်းကြည့်မိတဲ့တခဏမှာပင် တံခါးသည်ပွင့်လို့သွားလေကာ မိုးထက်မိုရ်သည် အရှိန်နှင့် ရှေ့ကဟာလာဟင်းလင်းအခန်းထဲရောက်သွားလေသည်။ မိုးထက်မိုရ်အခန်းထဲရောက်သွားပြီး နောက်လှည့်ကြည့်လိုက်တော့ တံခါးကဂျိမ်းခနဲပြန်ပိတ်သွားတော့သည်။

"ဟာ..အစ်ကို..ဘာလုပ်တာတုန်း!"

"ပြန်ဖွင့်ပေးလို့!"

"ပြောတော့ တူတူထိန်းမှာဆို!ပြန်ဖွင့်ပေးလို့!"

အော်သံများနှင့်အတူ တံခါးရိုက်သံတ၀ုန်းဝုန်းဟာ ဆူညံလျက်။ သန့်ပိုင်မှာတော့ တံခါးနားမှာမတ်တတ်ရပ်လျက် အသံတစ်ချက်တောင်မထွက်ဘဲ ငြိမ်သက်လို့။

"ဖွင့်ပေးပါဆိုနေ..ဖွင့်ပေး..ခင်..ခင်ဗျား..အဲရစ်စ်လင်း..အား!!"

ထို့နောက်မှာတော့ တံခါးနားကနေ တရွတ်တိုက်ဆွဲပါသွားတဲ့အသံတွေ၊ တစ်ခုခုနှင့်ဒုန်းခနဲ ဆောင့်မိခိုက်မိသံတွေ၊ ၀ုန်းခနဲ ကုတင်ပေါ်ပစ်လှဲကျသံတွေနှင့်အတူ ကမ္ဘာပျက်မတတ်အော်သံဟစ်သံများ။ သန့်ပိုင်သည် တံခါးတွင်နောက်မှီရပ်ရင်း မျက်လုံးများကိုမှိတ်ကာ စိတ်ထဲမှသာတီးတိုးရေရွတ်လိုက်လေသည်။

ဆောရီးပါ...ကောင်လေးရေ...ကိုယ့်ကိုဒီတစ်ကြိမ်တော့ မင်းခွင့်လွှတ်ပေးလိုက်ပါတော့...

***

ခပ်နွေးနွေးနေရောင်ခြည်ဟာ ဖွင့်ဟထားတဲ့ကန့်လန့်ကာတွေမှတဆင့် အိပ်ရာထဲသို့ ဖြာကျလျက်။ အိပ်ရာပုံထဲမှာ အဖြူရောင်စောင်ကြီးကိုပတ်လျက် အဲရစ်စ်လင်းတစ်ယောက် အိပ်မှုံစုံမွှားဖြင့် နိုးလာခဲ့လေသည်။ မနေ့ကဖြစ်စဉ်တွေသည် အကုန်လုံးဝေေ၀၀ါးဝါးဆိုသည့်တိုင် အခန်းထဲမှာတော့ ကြွင်းကျန်ရစ်ခဲ့တဲ့ Pheromone တွေနဲ့တင် ဒီကုတင်ပေါ်မှာဘယ်သူနဲ့အတူရှိသွားခဲ့တာလဲဆိုတာကို မသိရလောက်အောင် အဲရစ်စ်လင်း မအ,ပါပေ။

ဘယ်မှာလဲ..ပြန်သွားတာလား..

တစ်အိမ်လုံးပတ်ရှာသော်လည်း အရိပ်အရောင်လေးသော်မျှမတွေ့။ နောက်ဆုံးမနေနိုင်တဲ့အဆုံး ကိုယ့်အိမ်ဘက်ဆီကနေ ရုံးခန်းဘက်ကိုကူးလိုက်သည်။

"သူဘယ်မှာလဲ။"

ရုံးခန်းထဲမှာရှိနေတဲ့ ကောင်လေးနှင့် ကောင်မလေးက ဘာကိုမေးမှန်းရုတ်တရက်သေချာသိပုံမပေါ်။ ပေါင်မုန့်ကိုကိုက်ထားတဲ့ Omega ကောင်မလေးသည် Bathrobe ကြီးဖရိုဖရဲနှင့်ထွက်လာတဲ့ အဲရစ်စ်လင်းကိုအမြင်မှာ ပါးစပ်ထဲက ပေါင်မုန့်ပင် ဖွတ်ခနဲပြုတ်ကျသွားလေသည်။ မျက်မှန်ဝိုင်းခပ်ကြီးကြီးတပ်ထားတဲ့ Omega ကောင်လေးကတော့ ခပ်တည်တည်မျက်နှာပေးနှင့် ပြန်မေးသည်။

"ကိုသန့်ပိုင်ကို မေးတာလား။"

အဲရစ်စ်လင်းရဲ့မျက်နှာကမှုန်မှိုင်းသွားလေသည်။ ငါကဘာကိစ္စအဲ့Beta ကောင်ကိုမေးရမှာတုန်း။

ထားပါ.သူတို့ကဘယ်လိုသိမလဲ..

နောက်တော့လည်း ကိုယ်ကပဲစိတ်လျှော့ပြီး အခန်းထဲပြန်လှည့်ဝင်ဖို့အပြင် Suit အပြည့်အစုံဖြင့် ထမင်းဘူးကိုလက်ကဆွဲလျက် ရောက်ချလာတဲ့သန့်ပိုင်။ အဲရစ်စ်လင်းကို မြင်သည်နှင့် သန့်ပိုင်ရဲ့မျက်ဝန်းညိုတွေဟာ ရွှန်းလက်သွားပြီး အဲရစ်စ်လင်းနားကို ချက်ချင်းရောက်လာတော့သည်။

"ဆရာ..နေသာရဲ့လား။ အဆင်ပြေရဲ့လား။ ဘယ်လိုနေသေးလဲ။"

"ပြေတယ်။ ဘာမှမဖြစ်ဘူး။"

အနားကိုအတင်းကပ်ပြီးကိုင်လားဆွဲလားလုပ်လာတဲ့ သန့်ပိုင်ကိုအသာဖယ်ချပစ်လိုက်သည်။ အဲရစ်စ်လင်း အတော်ကြီးကိုသက်သက်သာသာရှိနေပါသည်။ မနက်မိုးလင်းလာတဲ့အချိန် အနီရောင်ဆံပင်ပွပွလေးတွေနဲ့ အူတူတူမျက်နှာလေးကို အနားမှာမတွေ့လို့ နည်းနည်းစိတ်မကြည်မလင်ဖြစ်နေတာလွဲလျှင်ပေါ့။

"မနေ့ညကမင်းသူ့ကိုခေါ်လိုက်သေးတယ်မလား။သူဘယ်ရောက်သွားတာလဲ။"

ဝေေ၀၀ါးဝါးမှတ်ဥာဏ်တချို့ကိုအစဆွဲဖော်ရင်းအဲရစ်စ်လင်းမေးမိသည်။ "သူ"ဆိုတဲ့နာမ်စားပိုင်ရှင်ကို သဘောပေါက်တဲ့ သန့်ပိုင်ကတော့ မဆိုင်းမတွတုံ့ပြန်သည်။

"မသိဘူးလေ။ ကျွန်တော်အခုမှရောက်တာ။"

ညတုန်းကတော့သန့်ပိုင် ညလယ်ထိစောင့်နေခဲ့ပေးပါသေးသည်။ သန့်ပိုင်လို Beta အဖို့ အသံတချို့ကြားရရုံမှအပPheromone တွေကမခံစားရတော့ အနှောင့်အယှက်မဖြစ်စေဘူးလေ။ အသံကတော့ နားကြပ်တပ်ပြီးနေလိုက်ရုံပဲ။ နောက်တော့ လော့ခတ်ထားတဲ့တံခါးကိုအသာပြန်ဖွင့်ပေးထားပြီး သန့်ပိုင်ပြန်လာလိုက်တာ။ ဒါကလည်း တခြားကလေးတွေမသိစေချင်တာမို့ စောစောပြန်လို့ရအောင် ဖွင့်ပေးထားခဲ့တာ။ ခုတော့အဲ့လိုလုပ်လိုက်တာ မှားပြီလားမသိ။ အလိုမကျဟန်ဖြင့် ဆရာ့ရဲ့မျက်ခုံးကော့ကော့လေးတွေက တွန့်ချိုးသွားရသည်။ အဲ့လိုကျလည်း သန့်ပိုင်မှာမနေတတ်တော့ပေ။

"ကျွန်တော်သူ့ကိုဆက်သွယ်ပေးရမလား။"

"ထားလိုက်တော့။"

အဲရစ်စ်လင်း လက်သာကာပြလိုက်သည်။ တကယ်က အလုပ်ကိုမဟုတ်တာ။ အဲရစ်စ်လင်းလိုလူက မနက်မိုးလင်းတော့ သူ့လိုငချွတ်ကောင်လေးကိုအနားမှာမရှိလို့ လိုက်ပတ်ရှာနေရတဲ့အဖြစ်။ ကိစ္စကပြီးသွားပြီ။ ရှာစရာဘာလိုနေလဲ။ ဖြစ်ကိုမဖြစ်သင့်တာ။

"ထုတ်ရမဲ့စာအုပ်က ပြန်ပြင်စရာတွေရှိနေသေးတယ်ပြောတယ်။ အဲ့File ကိုငါ့ဆီခဏပို့ထား။ ပြီးတော့ ခဏနေရင် ရတနာသက်လှယ်ရုံးခန်းကို ပန်းစည်းတစ်စည်းလောက် ကိုယ်တိုင်သွားပို့ပေးလိုက်။"

ဒီနေ့အတွက်လုပ်ရမဲ့ဟာတွေကိုသာ လက်တန်းပြောလိုက်သည်။သန့်ပိုင်ကတော့ ချက်ချင်းပင် သူ့မှတ်စုစာအုပ်လေးကိုထုတ်ပြီးမှတ်လေသည်။

"ငါကမနေ့က အတွက်ကျေးဇူးတင်ပါတယ်လို့။ ပြီးရင်..."

အဲရစ်စ်လင်းရဲ့အသံကခဏတာရပ်သွားတာမို့ မှတ်စုမှတ်နေတဲ့သန့်ပိုင်ရဲ့လက်ချောင်းတွေကလည်း ခဏမျှတန့်သွားရသည်။

"UABO ပါတီကဘယ်ကောင်လာလာ တံခါးကိုဖွင့်မပေးနဲ့! လာဆက်သွယ်ရင်လည်း အဖတ်လုပ်ပြီးပြန်ပြောမနေနဲ့!"

အဲ့နောက်မှာတော့ တံခါးပိတ်သံက ဂျိမ်းခနဲ။ သန့်ပိုင်သည် နေရင်းထိုင်ရင်းစိတ်မကြည်နေတော့ပြန်တဲ့ ဆရာ့ကိုလှမ်းကြည့်ရင်း ငိုင်သွားရလေသည်။ ဘာဖြစ်ရပြန်တာလဲ။ Alpha တစ်ယောက်နဲ့ အိပ်ရလည်း သူ့စိတ်ကမကြည်နိုင်တော့ပြန်ဘူးလား။

"ငါတို့ဆရာရဲ့ Pheromone တွေကတော်တော်ဆိုးရွားနေတာပဲ။"

"Heat ဖြစ်နေတာကိုစိတ်မကြည်ဘူးထင်တယ်။ ဒါနဲ့ငါမနက်ကရောက်လာတော့ တခြားတစ်ယောက်ရဲ့Pheromone နံ့ကိုရလိုက်သလိုပဲ။"

"ရလိုက်တာလား။ ဘယ်လိုအနံ့လဲ.."

"ဟမ်..သစ်ရွက်စိမ်းလို..လန်းလန်းဆန်းဆန်းအနံ့မျိုးလေးပဲ.."

"wtf..Omega အချင်းချင်းများလား..."

အနောက်ကနေပွစိပွစိနှင့်အတင်းတုပ်နေတဲ့ ထိုအူကြောင်ကြားOmega နှစ်ကောင်သည် သန့်ပိုင်ရဲ့ဓားသွားလိုအကြည့်တွေကို မြင်လိုက်မှငြိမ်သက်သွားရလေတော့သည်။

***

အဲရစ်စ်လင်းကတော့ ဘာကိုစိတ်မကြည်လို့မကြည်မှန်း ကိုယ့်ကိုယ်ကိုမသိ။ အခန်းထဲပြန်ဝင်ဝင်လာချင်း အိပ်ရာထဲကိုသာ ပြေးမှောက်ပစ်လိုက်လေသည်။ ကုတင်ပေါ်မှာ မှောက်ခုံပစ်လှဲချလိုက်တဲ့အရှိန်နှင့် မွေ့ယာထဲ အဲရစ်စ်လင်းရဲ့ ကိုယ်လုံးဟာ အိပြီးမြုပ်သွားရလေသည်။ ကြေမွနေတဲ့ အဖြူရောင်အိပ်ရာခင်းတွေဆီမှာ မျက်နှာကိုတိုးအပ်မိတော့ နှာခေါင်းထဲဝင်လာသည်က ကျန်ရစ်နေခဲ့သည့် မြက်ခင်းစိမ်းရနံ့လေးတွေ။

အသက်ရှုသံတွေက တဖြည်းဖြည်းငြိမ်သက်သွားရပြီး မျက်ခွံတွေကလေးလာခဲ့လေသည်။ ဒီရနံ့လေးကတော့ အဲရစ်စ်လင်းရဲ့စိတ်ကိုငြိမ်သက်တည်ကြည်သွားစေတာအမှန်ပင်။

***

နေ့လည်လောက်ရောက်တော့ လှပေ့ဆိုတဲ့ နေကြာပန်းတွေကိုမှ ဆိုင်မှာရွေးချယ်ဝယ်ယူလာကာ သန့်ပိုင်ကားတစ်စီးနှင့် NLHR ပါတီအခြေစိုက်ရာရုံးချုပ်ဆီသို့ ထွက်လာခဲ့လေသည်။ သန့်ပိုင်ရုံးကိုရောက်တော့ နေ့လည်နှစ်နာရီ။ တွေ့တဲ့ဆုံတဲ့လူတချို့ကို့်ပြုံးပြနှုတ်ဆက်ရင်း မေးရင်းမြန်းရင်းဖြင့်ပင် ဒေါ်ရတနာသက်လှယ်ရဲ့ရုံးထိုင်တဲ့နေရာဆီသို့ ရောက်သွားလေသည်။ ဒေါ်ရတနာသက်လှယ်သည် သန့်ပိုင်ကို မြင်မြင်ချင်း မှတ်မိတဲ့ဟန်မပေါ်။

ဘယ်မှတ်မိပါ့မလဲ။ ညတုန်းကကာတွန်းဘောင်းဘီတိုနဲ့အခုSuit အပြည့်အစုံနဲ့က သန့်ပိုင်ပုံရိပ်က အတော်ကွာဟနေတာကိုး။

"မနေ့က..အာ..ရှင်ပဲ။ ကိုသန့်ပိုင်.."

တော်သေးတာပေါ့။ မှတ်မိသွားသေးလို့။ ထိုင်နေရာကနေထကာ အနားကိုရောက်လာတဲ့ ရတနာသက်လှယ်ကို သန့်ပိုင်သည်ခေါင်းလေးအသာညွတ်ပြီးနှုတ်ဆက်လိုက်လေသည်။

"ကျွန်တော့်ဆရာကိုယ်စား ကျေးဇူးတင်တဲ့အနေနဲ့ပန်းစည်းလက်ဆောင်လာပို့ပေးတာပါ။"

ထိုပန်းစည်းကိုမြင်လိုက်ရာ ရတနာသက်လှယ်ရဲ့မျက်လုံးတွေကအရောင်တောက်သွားလေသည်။ ပြီးတော့ ၀မ်းသာအားရနှင့်ပင်ပန်းစည်းကိုလှမ်းပွေ့လိုက်သည်။

"အိုး..နေကြာတွေ။ လှလိုက်တာ ။ တို့နေကြာပန်းကြိုက်တာ ဘယ်လိုများသိပါလိမ့်။ သူရောဘယ်လိုလဲ။ သက်သာရဲ့လား။"

"ဟုတ်။သက်သာပါတယ်။"

သန့်ပိုင်သည် မချိုမချဉ်မျက်နှာထားလေးဖြင့်ခေါင်းကိုအသာညိတ်ပြလိုက်လေသည်။ မသိချင်ယောင်ဆောင်နေတဲ့တိုင် ရတနာသက်လှယ်ရဲ့ ခြေဆုံးခေါင်းဆုံး အကဲခတ်တဲ့ အကြည့်ကိုတော့ရှောင်လွဲလို့မရ။ Beta တွေနဲ့သာအိပ်တယ်လို့ နာမည်ကြီးတဲ့ ဆရာ့အတွက် သူ့မျက်လုံးထဲတွင် အနစ်နာခံပေးလိုက်သူက သန့်ပိုင်ဖြစ်နေလောက်ပြီ။

တကယ်တော့ အစ်မရေ..ကျွန်တော်ဆရာ့အပေါ်မှာအဲ့လောက်ကြီး မရက်ရောနိုင်ခဲ့ပါဘူး။

"ဘာပဲဖြစ်ဖြစ်တကယ်ကျေးဇူးတင်ပါတယ်။ မနေ့က အစ်မသာမကူညီပေးခဲ့ရင် အတော်လေးအကြပ်ရိုက်သွားမှာ။"

"မလိုပါဘူး။ ဒါကဒီလိုပဲကူညီပေးရမှာပေါ့။"

သန့်ပိုင်စကားစပြန်ဖော်လိုက်တော့မှပဲ ထိုအကြည့်တွေအောက်ကနေ လွတ်မြောက်သွားရသည်။ နောက်တော့ နှစ်ယောက်သား ရောက်တတ်ရာရာစကားပြောနေရင်း မြင့်မားတဲ့အရိပ်တစ်ခုက အုပ်မိုးလာသည်ကို ခံစားလိုက်ရလေသည်နှင့် သန့်ပိုင်နောက်လှည့်ကြည့်လိုက်မိသည်။ နောက်မှာရပ်နေသည်က လူတစ်ယောက်။ အပေါ်အောက်Suit အပြည့်ဝတ်ဆင်ထားပြီး ထင်းနေတဲ့မျက်ခုံးထူထူတွေနှင့် လေးထောင့်ကျကျမျက်နှာဟာ အရှိန်အ၀ါတစ်ခုကိန်းအောင်းလျက်။ မရင်းနှီးသော်လည်း မြင်ဖူးတယ်လို့ခံစားနေရတဲ့ ထိုမျက်နှာကိုကြည့်နေရင်းမှာပဲ သန့်ပိုင်ခေါင်းထဲတန်းရောက်လာသည့် နာမည်ကား..

အာ..ကြက်ဥပန်ကိတ်။

လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကမှ ကြက်ဥတွေနဲ့ အကြီးအကျယ်ပေါက်ခံထားရတဲ့ UABOပါတီက Alpha အမတ်ကို သန့်ပိုင်မသိဘဲ နေပါ့မလား။ နှစ်ရက်လောက်ထိက New Feeds မှာသူ့ပုံတွေချည့်တက်နေတာလေ။

ထိုအမတ်ကတော့ဖြင့် သန့်ပိုင်ကိုစိတ်ဝင်စားတဲ့ပုံပင်မပြပါ။ သန့်ပိုင်ရှေ့ကရတနာသက်လှယ်ကိုသာ ခပ်ငြိမ်ငြိမ်အသံအနေအထားနှင့်လှမ်းမေးသည်။

"...ဘယ်မှာလဲ။"

နာမည်တစ်ခုကိုတော့ ထိုလူကမေးလိုက်သေးပေမဲ့ သန့်ပိုင်ရေရေရာရာမကြားလိုက်။ ရတနာသက်လှယ်ကတော့ ဖြေချင်သလို မဖြေချင်သလိုအသံဖြင့် ပြန်ဖြေသည်။

"အထဲမှာ။ ၀င်သွားလို့ရတယ်။"

ထိုလူသည် ထိုအဖြေရလိုက်သည်နှင့် ဒီနေရာဟာသူနှင့်မသက်ဆိုင်တော့သည့်နှယ်ရှေ့ဆက်သွားဖို့သာပြင်သည်။ မတ်နေတဲ့ကျောရိုးနှင့် ခြေလှမ်းတွေက မြန်ဆန်သွက်လက်စွာ။ သန့်ပိုင်သည် ပုံမှန်အားဖြင့်ဆရာ့တပည့်ပီသစွာ Alpha တွေကိုစောက်မြင်ကပ်ပါသည်။ သို့သော် Alpha ထဲမှပင် တခြားAlpha များနဲ့မတူတဲ့ ကြီးကျယ်ခမ်းနားမှုက ဒီလူကိုငေးကြည့်စေမိသည်အထိပင်။

ကျယ်ပြန့်လှတဲ့ကျောပြင်ကြီးကို သန့်ပိုင်ငေးကြည့်နေဆဲမှာပင် ထိုလူကသန့်ပိုင်ကို ဆတ်ခနဲလှည့်ကြည့်လာခဲ့လေသည်။ လူမိသွားတာမို့အနည်းငယ်ထိတ်ခနဲဖြစ်သွားသော်လည်း ထိုသူသည် တစ်စုံတခုကို မှတ်မိသွားတဲ့ပုံဖြင့် သန့်ပိုင်နားကိုချက်ချင်းကပ်လာလေသည်။

"မနေ့ကသူသက်သာရဲ့လား။"

ရုတ်တရက်မို့ သန့်ပိုင်ကြောင်ပြီးဘာပြောရမှန်းမသိ။ သူကထပ်လောင်းပြောလာသည်။

"အဲရစ်စ်လင်းလေ။"

ထိုနာမည်ကိုပြောလာတဲ့အချိန်သူ့မျက်နှာသည် ပြုံးချိုပြီးကြင်နာနွေးထွေးတတ်တဲ့ လူတစ်ယောက်အဖြစ်သို့ ရုတ်ချည်းပြောင်းလဲသွားသည်။ ခုနကချဉ်းကပ်ရခက်တဲ့အရှိန်အ၀ါတွေအကုန်လုံးဘယ်ဆီရောက်သွားလဲမသိ။ သန့်ပိုင်သည် တစ်ခုခုပြောဖို့ကြံပြီးကာမှ ဆရာ့စကားကိုပြေးပြီးမှတ်မိသွားရသည်။

"UABO ပါတီကဘယ်ကောင်လာလာတံခါးကိုဖွင့်မပေးနဲ့! လာဆက်သွယ်ရင်လည်းအဖတ်လုပ်ပြီးပြန် ပြောမနေနဲ့"

ထိုစကားကိုကြားလိုက်သည်နှင့်သန့်ပိုင်ရဲ့မျက်နှာထားကချက်ချင်းတည်သွားရသည်။ ဆရာကတော့ ထိုစကားကိုအကြောင်းမဲ့ပြောခဲ့ခြင်းမဟုတ်တန်ရာ။

"အဲ့တာဆို..ကျွန်တော်အလုပ်လေးလည်းရှိလို့ပြန်လိုက်ဦးမယ်နော်။"

ရတနာသက်လှယ်ကလည်း နှုတ်ဆက်လာတဲ့ သန့်ပိုင်ကို အပြုံးချိုချိုလေးဖြင့်တုံ့ပြန်သည်။

"ဟုတ်ပါပြီရှင်..ဒါဖြင့်နောက်မှတွေ့မယ်နော်။"

"ဟုတ်ကဲ့ပါ..ဒါဖြင့်ခွင့်ပြုပါဦးဗျ။"

ရုတ်တရက်ကြီး ဥက္ကာမင်းပိုင်ကိုလျစ်လျူရှုပြီး မေးနေတာကိုတောင်မဖြေဘဲ ရတနာသက်လှယ်ကိုသာ နှုတ်ဆက်ပြီးထွက်သွားတဲ့ထိုကောင်လေး။ အဲရစ်စ်လင်းတင်မကဘဲ အဲရစ်စ်လင်းရဲ့ လက်ထောက်ကအစ ဥက္ကာမင်းပိုင်ကိုဆက်ဆံတဲ့ပုံစံက..

"ဟက်.."

ဥက္ကာမင်းပိုင်သည် ခံပြင်းစိတ်ကို ထိန်းမရနိုင်ဘဲ ဟက်ခနဲပင်ရယ်ချလိုက်လေသည်။ မနေ့က တော်တော်အဆင်မပြေတဲ့ပုံပေါက်လို့ တကယ်ကိုစိတ်ပူလို့မေးမိတာပါ။ အခုတော့သက်သက်ကြီး ရတနာသက်လှယ်ရှေ့မှာ ချိုးချခံလိုက်ရတယ်လို့။

ရတနာသက်လှယ်ကတော့ ဥက္ကာမင်းပိုင်ကို ပြုံးစိစိဖြင့် လှောင်သလိုတစ်ချက်ကြည့်ကာ သူ့နေရာသူပြန်ဝင်ထိုင်ဖို့ပြင်သည်။ ခုနက မာထန်နေတဲ့မျက်နှာထားကိုပြန်လည်ဖန်တီးယူရင်း ဥက္ကာမင်းပိုင်သည် နေရာမှချာခနဲလှည့်ထွက်သွားလေတော့သည်။ နောက်ကနေတိတ်တိတ်ကလေး ချောင်းကြည့်နေတဲ့တစ်စုံတယောက်ကိုတော့ ဥက္ကာမင်းပိုင်သတိမထားမိတော့။

ဥက္ကာမင်းပိုင်တစ်ယောက် အခန်းထဲဝင်ရောက်ပျောက်ကွယ်သွားတဲ့အထိကို ရတနာသက်လှယ်မျက်လုံးထောင့်ကနေ လှမ်းကြည့်နေမိသည်။ အခန်းထဲဝင်သွားပြီဆိုတာလည်းသေချာရော ရတနာသက်လှယ်သည် နေရာကနေ၀ုန်းခနဲထကာ အဆောက်အအုံရှေ့သို့အပြေးလေးထွက်သွားတော့သည်။

"ဟေ့..ကိုသန့်ပိုင်..ခဏ..။"

နောက်ကနေလိုက်လာတဲ့ရတနာသက်လှယ်ကိုအမြင်မှာ ကားတံခါးကိုဆွဲဖွင့်နေတဲ့ သန်ပိုင်ရဲ့လက်တွေတုံ့ဆိုင်းသွားရသည်။ ရတနာသက်လှယ်သည် ဒေါက်ဖိနပ်မြင့်မြင့်ကိုဝတ်ထားတဲ့ကြားထဲမှ ခပ်သွက်သွက်နှင့်အပြေးလေးအနားကိုရောက်လာလေသည်။ ပြီးတော့လောနေဟန်နှင့် အနားကိုရောက်ရောက်ချင်း ပြောလာတော့သည်။

"ဒါနဲ့တကယ်ကျေးဇူးတင်တယ်ဆိုရင်လေ..တို့ကိုတစ်ခုလောက်တော့ကူညီပေးလို့ရမလား။"

"ဟုတ်ကဲ့..ဘာများလဲ.."

သန့်ပိုင်သည် ဘာမှန်းသေချာမသိသေးပေ။ ရတနာသက်လှယ်ကတော့ ကုတ်အင်္ကျီကြားထဲမှ ဖုန်းလေးကိုထုတ်လိုက်ရင်း

"တခြားတော့မဟုတ်ပါဘူး။"

ထို့နောက်ထိုဖုန်းကို သန့်ပိုင်ဆီသို့ထိုးပေးလာလေကာ

"မင်းတို့ရဲ့ဘော့စ် မြတ်ကေသရီရဲ့ဖုန်းနံပါတ်လေးရနိုင်မလားလို့။"

သန့်ပိုင်သည်ကြက်သေ,သေသွားရလေတော့သည်။ ရတနာသက်လှယ်ဟာတော့ ခပ်ပြုံးပြုံးနှင့်ပင် သန့်ပိုင်ကိုအနူးအညွတ်တောင်းဆိုနေသောဟန်ဖြင့်။

ဖုန်းနံပါတ်ပေးပြီးနောက်မှာတော့ ကျေးဇူးတင်တဲ့အကြည့်တွေနှင့် လက်ပြရင်း ရတနာသက်လှယ်ကထွက်သွားလေတော့သည်။ သန့်ပိုင်ကတော့ အူတူတူနှင့်သာ ကားပေါ်တက်ထိုင်ကာ တံခါးကိုဆွဲပိတ်လိုက်သည်။ အဲ့ရတနာသက်လှယ်ဆိုတဲ့ အမျိုးသမီးဟာလည်းတစ်မျိုးတော့ တစ်မျိုးပဲ။

ရုံးကိုပြန်ဖို့ကားစက်နှိုးလိုက်တဲ့အချိန်မှာတော့ ဖုန်းကမြည်လာခဲ့သည်။ ကြည့်လိုက်တော့ဆရာ့ဆီက။

"ဆရာ။ ဟုတ်ကဲ့.."

ချက်ချင်းကိုင်လိုက်တော့ ဆရာ့ဆီကမေးခွန်းတစ်ခုကမဆိုင်းမတွ။

"ဒီညကျောက်မျက်ရတနာပြပွဲတစ်ခုကို သွားရမှာလား။"

ဒီလိုမေးလာပုံထောက်လျှင်တော့ သန့်ပိုင်ပို့ပေးလိုက်တဲ့ Schedule ကို မြင်ပြီးပြီထင်ပါရဲ့။

"ဟုတ်တယ်။ ဆရာ။ အဲ့တာ Make up artist က ညနေ၆နာရီရောက်မယ်ဆိုတော့ ဆရာ၅နာရီခွဲလောက်အဆင်သင့်ပြင်.."

"အဲ့Scheduleကိုဖျက်လိုက်တော့.."

"ဟမ်။"

သန့်ပိုင်မှာပါးစပ်အဟောင်းသားပင်ဖြစ်သွားရသည်။

"ငါဒီတိုင်းHeat ဖြစ်နေတော့ နေလို့သိပ်မကောင်းလို့။"

Heat ဖြစ်နေတယ်ဆိုတဲ့အကြောင်းပြချက်ကိုပေးလာတော့ သန့်ပိုင်မှာပြန်ကန်ငြင်းလို့ကလည်း မကောင်းတော့။ Omega တွေHeat ဖြစ်ရင်က လူကြားထဲမသွားလေကောင်းလေပဲ။ ဘယ်အချိန်ထဖောက်လာမလဲက မှန်းမရဘူးမဟုတ်ပါလား။ သန့်ပိုင်သည် ဖိတ်ထားတဲ့လူကို ပွဲမလာဖြစ်တဲ့အကြောင်းလှမ်းပြောဖို့ စကားလုံးစီနေစဉ်မှာပဲ ဆရာကဆက်မေးလာသည်။

"ဒါနဲ့ မြို့ထဲမှာ ကိုရီးယားစားသောက်ဆိုင်ဘယ်ဆိုင်ကောင်းလဲ။"

"ဟမ်.."

သန့်ပိုင်သည်ထပ်ပြီးပါးစပ်အဟောင်းသားဖြစ်သွားလေသည်။

ခဏလေးနေပါဦး။ ချိန်းထားတဲ့ ကျောက်မျက်ရတနာပြပွဲကျမသွားဘဲနဲ့ မြို့ထဲက ကိုရီးယားစားသောက်ဆိုင်သွားမယ်လို့တော့ ငါ့ကိုလာမပြောနဲ့နော်..။

"ဆရာ.."

ဒီဟာတော့ တားမှဖြစ်မယ်လို့တွေးလိုက်ရင်း ပါးစပ်ပြင်လိုက်သော်လည်း ဆရာကစကားဆက်မခံ။

"ထားလိုက်တော့။ ငါ့ဟာငါပဲရှာလိုက်တော့မယ်။ မင်းလည်းရတနာသက်လှယ်ကို ပန်းပို့ပေးပြီးပြီဆိုရင် ပြန်လို့ရပြီ။ ဟိုကလေးနှစ်ယောက်ကိုလည်း ရုံးစောဆင်းခိုင်းလိုက်။ ဒါပဲ။"

"ဆရာ..ဆရာ..ခဏလေး..ဟဲလို..တီ!"

သန့်ပိုင်ဘက်က စကားကိုတောင်နားမထောင်ဘဲနဲ့ ဖုန်းကိုချသွားလေသည်။ မဟုတ်သေးပါဘူး။ ဆရာကတော့..။ အရင်သူ့အလုပ်တွေနဲ့ပတ်သက်လာရင် တစ်ချက်ကလေးတောင် အလွတ်မခံ၊ ရုံးကလူတွေ ရုံးလာရင်လည်း တစ်မိနစ်လေးတောင် စောပြန်မရ၊ တစ်မိနစ်လေးတောင်နောက်ကျမခံတဲ့ဆရာက ခုနောက်ပိုင်းတော့ ရှိသမျှ Schedule အကုန် ဖျက်လိုဖျက်၊ သူလုပ်ချင်တိုင်းလုပ်လိုလုပ်နဲ့ ဖြစ်နေတော့တာ။ တကယ်ကို ဆရာ အပြောင်းလဲကြီးပြောင်းလဲနေပြီ။ အထူးသဖြင့် ဟို Alpha ကောင်စုတ်လေးနဲ့တွဲပြီးကတည်းကပဲ။

သန့်ပိုင်စိတ်ထဲကမကျေမနပ်တွေးနေမိတဲ့အချိန်မှာပဲ ဖုန်းကိုထပ်ကိုင်လိုက်ရပြန်သည်။ ထုံးစံအတိုင်းဆရာ့ဆီက။

"ဟုတ်ကဲ့။ဆရာ။"

"ပန်းပို့ပြီးတာနဲ့ အိမ်တန်းပြန်လိုက်နော်။ ရုံးပြန်မလာနဲ့တော့။ ညနေ၃နာရီနောက်ပိုင်းကစပြီး မင်းမျက်နှာငါမမြင်ချင်တော့ဘူး။ ဒါပဲ။"

သန့်ပိုင်သည် ဖုန်းကျသွားတဲ့အထိတိုင် ထိုအကြောင်းအရာအပေါ် မည်သို့မျှမတုံ့ပြန်လိုက်နိုင်ပေ။

***

မနက်က တစ်ယောက်သောသူအနားကပျောက်နေတာနဲ့ပတ်သက်ပြီး အဲရစ်စ်လင်း တနေကုန် အတွေးထဲနစ်မျောနေရင်း ဘာမှသေချာမလုပ်နိုင်။ လူက နေလို့ထိုင်လို့မကောင်းတာ မဟုတ်ဘဲ စိတ်ကသက်တောင့်သက်သာရှိမနေခြင်းပင်။ အစကတော့ ဘာပဲဖြစ်ဖြစ် ဒီတိုင်းထားလိုက်မယ်စဉ်းစားခဲ့ပေမဲ့ မနေ့ညကတကူးတကရောက်လာပေးခဲ့တဲ့အတွက် တစ်ခုခုတော့ သေချာပြန်လုပ်ပေးဖို့တွေးလိုက်မိသည်။ သေချာစဉ်းစားကြည့်လိုက်တော့ ပြီးခဲ့တဲ့တစ်ခါက အဲ့ကောင်လေး ကိုရီးယားအစားအသောက်ကြိုက်တတ်တာ ကို ပြေးသတိရသွားသည်။ အဲ့လိုနဲ့အဲရစ်စ်လင်းဒီကိုရီးယားဆိုင်ကို ရောက်လာခဲ့ရခြင်းပင်။

"ဧည့်သည်ရှင့်။ မှာတော့မလားဟင်။"

ဝန်ထမ်းကောင်မလေးရဲ့အသံသည် အဲရစ်စ်လင်းရဲ့အတွေးစကိုပြတ်တောက်သွားစေသည်။

"ရေပဲချပေး။ ကျန်တာတော့ နောက်မှပဲမှာမယ်။"

ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းထားပြီး နေကာမျက်မှန်ကြီးတပ်ထားကာ အမည်းရောင်ဝမ်းဆက်ဝတ်ထားတဲ့ အဲရစ်စ်လင်းကို ထိုစားပွဲထိုးက အကဲခတ်သလို တစ်ချက်ကြည့်ပြီးနောက် သီးသန့်စားသောက်ခန်းထဲမှ ပြန်ထွက်သွားလေသည်။ နာရီကိုတစ်ချက်လှမ်းကြည့်လိုက်တော့ တိုင်ကပ်နာရီသည် ညဘက်၈နာရီစွန်းစွန်းကိုညွှန်ပြနေပြီ။ အဲရစ်စ်လင်းဒီရောက်နေသည်မှာ နာရီဝက်ကျော်နေပြီဖြစ်သည်။

ကျစ်စ်။ အဲ့ကောင်လေးဘာလို့ မရောက်လာသေးပါလိမ့်။

အဲရစ်စ်လင်းသည် စိတ်မရှည်စွာနှင့် ဖုန်းကိုလှမ်းယူကြည့်လိုက်သည်။ ညနေလေးနာရီလောက်ကတည်းက အချိန်နေရာအပြည့်အစုံနှင့် ပို့ထားသော Messageလေးသည် စာပြန်သူကင်းမဲ့စွာ အထီးကျန်လျက်။ 7:30pm, Gangnam Korea Restaurant ဆိုတဲ့Messageက အဲရစ်စ်လင်းကိုလှောင်ပြန်နေသည့်နှယ်။ ဒီမှာတော့ တစ်မြို့လုံးမှာအကောင်းဆုံး ဈေးအကြီးဆုံးဆိုင်ကိုမှ Booking တင်ထားရတာလေ။

"တီ!"

ဘဲလ်သံကို ကြားလိုက်ချိန်တွင် ဟိုကောင်လေးများလားလို့ လှမ်းကြည့်လိုက်မိသေးသည်။ သို့သော် ၀င်လာတဲ့သူသည် ခုနက ၀န်ထမ်းကောင်မလေးသာ။ အနက်ရောင်ယူနီဖောင်းဝတ်ထားတဲ့ထိုမိန်းကလေးသည် လှမ်းပြုံးပြလာတဲ့တိုင် ထိုအပြုံးမှကြည်လင်နေတဲ့ဓာတ်က အဲရစ်စ်လင်းဆီသို့ မကူးစက်စေပါ။

ထိုကောင်မလေးပြန်ထွက်သွားချိန်မှာတော့ ရေဘူးထဲမှရေကို ခွက်ထဲထည့်လိုက်ရင်း ရင်ထဲမှာယောက်ယက်ခတ်နေတဲ့ခံစားချက်ကြီးက မျောချလိုက်တဲ့ရေတွေနဲ့ ပျောက်လိုပျောက်ညား ရေတစ်ခွက်ကို မော့သောက်လိုက်သည်။

မဟုတ်သေးပါဘူး။ စာပြန်မပို့ရင်တောင် ၄၅မိနစ်လောက်နောက်ကျမယ်ဆို Message တော့ပို့ရမှာပေါ့။ ဒီလောက်ဆို ငါဖုန်းဆက်သင့်နေပြီမလား။

အဲရစ်စ်လင်းသည် ဖုန်းကိုအိတ်ထဲမှပြန်ထုတ်မိပြန်သည်။ ပြီးလျှင် ဆက်ရနိုးနိုး မဆက်ရနိုးနိုးနှင့် ထိုင်စောင့်နေသည်မှာ နောက်ထပ်၁၅မိနစ်ကြာသွားပြန်သည်။ သူ့ကိုစားစေချင်လို့ တကူးတကခေါ်ကျွေးတယ်ဆိုပေမဲ့လည်း ဒါကပင်အဲရစ်စ်လင်းအတွက် သိပ်ကိုအောက်ကျနောက်ကျနိုင်နေသလိုပင်။ အထူးသဖြင့် ချိန်းထားတဲ့အချိန်ထက် တစ်နာရီလောက် နောက်ကျနေတဲ့လူကို တကူးတကဖုန်းဆက်ခေါ်ရတာကိုပေါ့။

နောက်ဆုံးတော့ ဆိုင်က၀န်ထမ်းတွေက စိတ်မရှည်တော့ဟန်ဖြင့် လှမ်းလှမ်းကြည့်နေသည့်အခါမှ အဲရစ်စ်လင်းသည် မိုးထက်မိုရ်ကို ဖုန်းဆက်တဲ့ဆီရောက်တော့သည်။

"တူ...တူ...တူ..."

ဖုန်းတစ်ခါဝင်သွားတဲ့အသံက တစ်ကမ္ဘာလောက်ကြာတယ်လို့ ထင်ရပါသော်လည်း အဲရစ်စ်လင်းသည် စိတ်ရှည်ရှည်နှင့်ပင် နှစ်ခါသုံးခါမျှခေါ်နေပါသေးသည်။ သုံးခါကျော်သွားတဲ့အခါမှာတော့ အဲရစ်စ်လင်းသိပ်စိတ်မရှည်တော့။

"တူ...တူ..တီ...လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ မအားသေးပါရှင်.."

ဖုန်းက၀င်သွားပြီးကာမှ ရုတ်တရက်ကြီးတီခနဲအသံမြည်ကာ မအားသေးပါရှင်ဖြစ်သွားရလေသည်။

ဘာလဲ..ဒါငါ့ဖုန်းကိုချလိုက်တာလား..ဟမ်...

အံ့သြလွန်းလို့ ယုံတောင်မယုံနိုင်။ ချက်ချင်းပင် Phoneမှာထည့်ထားတဲ့ Chat Application တစ်ခုထဲသို့ အဲရစ်စ်လင်း ၀င်သွားလိုက်သည်။ ထိုApplication ကိုအဲရစ်စ်လင်း တော်ရုံမသုံးပေ။ မိုးထက်မိုရ်ရဲ့ဖုန်းနံပါတ်ကမှတ်ပြီးသားမို့ ၀က်ဝံရုပ်အညိုရောင်လေးနဲ့ Profile က အဲရစ်လင်းကိုအသင့်စောင့်ကြိုနေပေသည်။ အဲရစ်စ်လင်းသည် ထိုProfile ရဲ့Message Box ထဲသို့တန်းဝင်သွားလိုက်သည်။

အဲ့ထဲမှာတော့ အဲ့ခွေးမသားလေးက မီးစိမ်းနေလေရဲ့..

စိတ်ထဲက ကြိတ်ဆဲလိုက်ပြီးတော့ စာကိုချက်ချင်းကောက်ရိုက်လိုက်သည်။

ငါဒီမှာစောင့်နေတာအတော်ကြာနေပြီ..

မင်းကိုငါစာပို့ထားတာ ညနေ၄နာရီထဲက..

ဒေါသထွက်ထွက်နှင့်အဲရစ်စ်လင်း စာတွေကိုတောက်လျှောက်ထိုင်ပို့တော့သည်။

Message ထဲဝင်မကြည့်ဘူးလား..ဟမ်..

ငါ့ကိုဒီမှာတစ်နာရီလောက်ထိုင်စောင့်ရအောင်..မင်းက..ဘာမို့..

ဟမ်..

အဲရစ်စ်လင်း စာဆက်ပို့လို့မရတော့.. ။

Application ကကြောင်ပြီးတော့ တစ်ခုခုများအမှားအယွင်းဖြစ်တာလားလို့ အဲရစ်စ်လင်းMessage တွေကိုအကြိမ်ကြိမ်အခါခါဖိနှိပ်နေမိလေသည်မှာဖုန်းမျက်နှာပြင်ကြီးပင် ပွန်းတော့မတတ်ပင်။ ထိုအချိန်မှာပင် Phone Screen ထက်သို့ စာသေးသေးလေးတစ်ကြောင်းကတက်လာလေသည်။ နေကာမျက်မှန်ကိုပင် ဆွဲချွတ်လိုက်ပြီး မျက်လုံးကိုမှေးစင်းကြည့်လိုက်တဲ့အခါမှာတော့ ထိုစာပါအကြောင်းအရာကား..

You got blocked by this number...

အပြာရောင်မျက်ဝန်းတို့သည် ပြူးကျယ်ဝိုင်းစက်သွားရလေကာ အဲရစ်စ်လင်းရဲ့တစ်ကိုယ်လုံးမှသွေးများ ပွက်ပွက်ဆူသွားရလေတော့သည်။

***

(A/N)

အားလုံးပဲ Happy New Year ပါနော်။ ၂၀၂၄ကို စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ချစ်တဲ့သူတွေနဲ့ တူတူပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားနိုင်ပါစေ။ ဒါနဲ့ Organized ဖြစ်ပြီး Schedule နဲ့လုပ်တတ်တဲ့အကျင့်လေး ရအောင် Anti Alpha ကိုတန့်ရက်လေး သတ်မှတ်လိုက်ပါတယ်။ အပတ်စဉ် Sunday တိုင်းAnti Alpha က Update ရှိပါမယ်လို့။ သဘောကျတယ်ဆိုရင် တခြားသူတွေကို Share ပေးဖို့လည်းမမေ့ပါနဲ့နော်။ >< 

Continue Reading

You'll Also Like

3.6M 119K 75
" α€žα€€α€Ία€‘α€€α€Ία€•α€”α€Ί! ! ငါ α€™α€„α€Ία€Έα€€α€­α€―α€žα€±α€œα€±α€¬α€€α€Ία€‘α€±α€¬α€„α€Ία€™α€―α€”α€Ία€Έα€α€šα€Ί " " ထင်း! ! α€€α€»α€½α€”α€Ία€α€±α€¬α€Ία€€α€œα€Šα€Ία€Έ α€α€„α€Ία€—α€»α€¬α€Έα€€α€­α€―α€α€»α€…α€Ία€™α€”α€±α€•α€«α€˜α€°α€Έ " " α€žα€€α€Ήα€‘α€€α€Ήα€•α€”α€Ή! ! ငါ α€™α€„α€Ήα€Έα€€α€­α€―α€±α€žα€±α€œα€¬α€€α€Ήα€±α€‘α€¬α€„α€Ήα€™α€―α€”α€Ήα€Έα€α€šα€Ή " "...
879K 55.7K 76
α€”α€½α€œα€Άα€―α€Έα€žα€¬α€Έα€™α€½α€žα€Šα€Ή α€€α€­α€―α€šα€Ήα€…α€­α€α€Ήα€α‚αΆα€¬α€‘α€…α€Άα€―α€€α€­α€― α€€α€­α€―α€„α€Ήα€œα‚ˆα€•α€Ήα€α€²α€·α€α€²α€· α€α€Ία€…α€Ήα€»α€α€„α€Ήα€Έα€”α€²α‚”α€žα€°α€Ÿα€¬ ကျွန်တော့်ထတွက် α€€α€„α€Ήα€†α€¬α€α€…α€Ήα€α€―α€œα€­α€― α€α€±α€»α€™α€·α€±α€»α€™α€·α€œα‚ˆα€­α€€α€Ήα€…α€¬α€Έ α€‘α€»α€™α€…α€Ήα€α€Όα€šα€Ήα€œα€­α€―α‚” Unicode α€”α€Ύα€œα€―α€Άα€Έα€žα€¬α€Έα€™...
754K 15.9K 30
တော်ဝင်ဂုဏ် + α€›α€Ύα€±α€Έα€†α€”α€Ία€žα€°
1.8K 305 7
Home is where your heart belong ...
Wattpad App - Unlock exclusive features