သခင့်ခြေတော်ရင်း [Completed]

Por Ennia_Yawn

141K 5.4K 1.5K

Title - သခင့်ခြေတော်ရင်း (သခင့္ေျခေတာ္ရင္း) Type - Own Creation, Myanmar BL, Mpreg မင်းရဲ့ခန္ဓာကိုယ... Más

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Final
Extra (1)
Extra (2)

Chapter 16

3.4K 145 33
Por Ennia_Yawn

ခြေဗလာနှင့် ဆေးရုံထဲမှ ပြေးထွက်သွားခဲ့သော တေဇရှိရာ ပုပ္ပားတောင်ကလပ်ရှေ့သို့ ဦးရာဇနှင့် ဦးမဟာတို့ လိုက်ပါလာသည့်ကား ရောက်ရှိလာခဲ့သည်။

သူ့သားဘေး၌ ရိပ်ကို မြင်လိုက်ရတာကြောင့် သူတို့နှစ်ယောက်လုံး၏မျက်နှာထက်၌ အလိုမကျမှုများ ပြည့်နှက်သွားကြ၏။

သူ့မိန်းမဖြစ်သူ ဒေါ်ဇာဇာကို ဆေးရုံ၌ နေဆက်ပိုင် ရောက်နေပြီမို့ သူတို့ထားခဲ့ကြရသည်။ အခုတော့ ဒီကောင်လေးက ရိပ်ကြောင့် ဒီလိုအရူးတစ်ပိုင်း ထွက်ပြေးသွားခဲ့ပုံမို့ ရိပ်ကို သူတို့ ပိုတောင်သတိထားရတော့မည့်ပုံပင်။

"အဖေ ကိုယ့်မြေးကို အရမ်းအလိုလိုက်မနေနဲ့၊ တေဇကို ကျွန်တော် နေဆက်ပိုင် တစ်ယောက်ထဲနဲ့ပဲ ဖြစ်စေချင်တယ်။ ရိပ်ကို အငယ်အနှောင်းထားမှာမျိုးလည်း လက်မခံဘူး။ အဖေ့မြေးကို နှစ်ယောက်ပေးစားရအောင် တေဇကို အဖေ ဘုရင်လောင်းများ ထင်နေတာလား။ ယောက်ျားလေးနဲ့ ယူမှာနဲ့ကို ပတ်ဝန်းကျင်က ပြောစရာဖြစ်နေပြီကို"

ဦးမဟာတစ်ယောက် တေဇနား၌ ပွတ်သီးပွတ်သပ် လုပ်နေသည့် ရိပ်ကို ကားပေါ်ကနေ အကဲခတ်လျက်ရှိ၏။ သူတို့ ရိပ်၏ နောက်ခံအသိုင်းအဝိုင်းကို သိသွားခဲ့ပြီးချိန်၌ ရိပ် သူ့မြေးနားမှာ ရှိနေတာကို ဘယ်လိုမှ လက်ခံပေးလို့မရ။ ထို့အတွက် တေဇ ရှာနေသည့် ကြင်ယာဖက်ကလည်း အခုထိကို ပေါ်မလာတာမို့ ‌တေဇ အမြန်ဆုံး အိမ်ထောင်ပြုဖြစ်သွားအောင် တေဇအတွက် ကြင်ယာဖက်အတုတစ်ယောက် စီစဥ်ဖြစ်ခဲ့ကြသည်။

နေဆက်ပိုင်ကို သူတို့ရွေးချယ်ခဲ့ကြပြီး တေဇ ဖန်တရာထေအောင် မိဘ‌တွေရှေ့ ဆယ်နှစ်လုံး ပြောပြခဲ့ဖူးသည့် သူတို့နှစ်‌ယောက်၏ ငယ်စဉ်က တွေ့ဆုံခဲ့ပုံကို နေဆက်ပိုင်အား လက်ထပ်သင်ကြားပေးခဲ့ကြကာ တေဇနား လွှတ်ခဲ့သည်။ တေဇ ထိုကလေးကို အမှတ်အသားအဖြစ် ပေးခဲ့သည့် လက်စွပ်ကလည်း ဦးမဟာကိုယ်တိုင် သူ့မြေးကို ဆင်ပေးထားခဲ့တာပဲမို့ နေဆက်ပိုင်အတွက် ပုံစံတူ ထပ်ပြုလုပ်ပေးထားခဲ့သည်။

ယောက်ျားလေးနှင့်ယူမှာကို မနှစ်မြို့သည့် သူ့သားရာဇပင် နေဆက်ပိုင်လေးကို သဘောကျလျက်ရှိနေပြီ ဖြစ်သည်။ အကြောင်းမှာမူ တေဇက သူတို့အတွက် တစ်ဦးတည်း‌သော သားလေးမို့ မျိုးဆက်ပျက်သွားမှာ စိုးရိမ်ခဲ့သော်လည်း နေဆက်ပိုင်က အံ့ဩစရာကောင်းစွာပင် ကိုယ်ဝန်ဆောင်နိုင်သူ ဖြစ်နေသောကြောင့်ပင်။ ထိုအချက်ကပင် နေဆက်ပိုင်က သူတို့အတွက် အလွန်သ‌ဘောကျစရာကောင်းလွန်းလှသည့် တေဇအတွက် ကြင်ယာတော်ဖြစ်နေခဲ့ခြင်းပင်။

အလွန်လှပလွန်း‌သော မျက်နှာလေးနှင့် နူးညံ့သော သွင်ပြင်လက္ခဏာရှိသည့် နေဆက်ပိုင်ကို တေဇ သဘောကျလောက်မည်ဟု သူတို့ တထစ်ချယုံကြည်ခဲ့ကြသော်လည်း တေဇက အခုနောက်ပိုင်း ရိပ်ကိုပဲ မျက်စိကျနေတာကို သတိထားမိတာ‌ကြောင့် နေဆက်ပိုင်ကို တေဇအား ဆေးခတ်ဖို့ပင် ဦးမဟာ စေခိုင်းခဲ့တာဖြစ်သည်။

သို့သော်ငြား မင်္ဂလာပွဲကိုပင် ရှုပ်ထွေးအောင် လုပ်သွားခဲ့သည့် ရိပ်ကို သူတို့မြေးက စိတ်ဆိုးပုံမရသလိုပင်။ 

"ခဏလွှတ်ထားပေးလိုက်ဦး၊ တေဇကို စိတ်ဖိစီးအောင် မလုပ်နဲ့လို့ ဆရာဝန် မှာထားတယ်လေ၊ ဒီက‌လေး ရိပ်ကို ဆော့စရာလေးလို သဘောထားနေရုံပါ၊ ကြာရင် ပျင်းသွားလိမ့်မယ်။ အငယ်အနှောင်းနေရာလောက်တော့ ပေးထားလိုက်စမ်းပါကွာ။ တေဇ စိတ်ချမ်းသာဖို့က အရေးကြီးတယ်"

ဦးရာဇ၏ မျက်နှာကြောများ တင်းထားလျက်ဖြင့် ကားအောက်ဆင်းသွားသည်။ သူ့သားနားသို့ လျှောက်သွားပြီး ရိပ် သူ့သား၏ လက်ကို ဆွဲထားတာအား ခပ်စူးစူးစိုက်ကြည့်လိုက်သည်။

ဦးရာဇကို မြင်လိုက်ရချိန်၌ ရိပ် တေဇနောက်သို့ ခပ်ရို့ရို့ ကျုံ့ဝင်သွားကာ တေဇ၏ ကျောနောက်၌ သူ့မျက်နှာဖွက်ထားလိုက်မိသည်။

"တေဇ မင်း ဆေးရုံပြန်ဖို့ပြင်စမ်း၊ မိဘတွေကို စိတ်ပူအောင် သိပ်လုပ်တယ်နော်၊ မင်းအမေ စိတ်ပူနေတယ်၊ ကားပေါ်တက်တော့"

တေဇ သူ့နောက်က ကောင်လေးကို လှည့်ကြည့်လိုက်ပြီး ရိပ်ကို သူ့ဘေး ပြန်တွဲခေါ်လိုက်ရင်း ရိပ်၏ပခုံးကို သိုင်းဖက်ထားပေးလိုက်ရသည်။

"မကြောက်နဲ့၊ ဒါ ကိုကို့အဖေ၊ ဆေးရုံပြန်ကြရအောင်၊ ကိုကို ဆေးရုံမှာ ခဏသွားနေရဦးမှာ"

ဦးရာဇ အနည်းငယ် ကြောင်သွားရသည်။ သူ မြင်ဖူးနေကျ ဘာမထီပုံစံရှိသည့် ရိပ်၏ ပုံစံက လုံးဝပြောင်းလဲသွားတာမို့ သူ ရိပ်ကို စိုက်ကြည့်လိုက်ချိန် ရိပ် သူ့သားရင်ခွင်ထဲ မျက်နှာဖွက်သွားပြန်သည်။

"ရိပ် သိပ်နေမကောင်းဘူး၊ ကျွန်တော် သူ့ကို ဆရာဝန်နဲ့ပြပေးဖို့ ဆေးရုံ တစ်ခါထဲ ခေါ်ခဲ့လိုက်မယ်"

တေဇ ရိပ်အား သိုင်းဖက်ထားရက်ဖြင့် တွဲခေါ်သွားပြီး သူ့အဖေ၏ ရှေ့က အရင်ထွက်လာခဲ့သည်။ ထို့နောက် ရိပ်ကို ကားနောက်ခန်းထဲသို့ အရင်ဝင်ခိုင်းလိုက်ရကာ သူပါ ရိပ်ဘေး ဝင်ထိုင်လိုက်ရသည်။

ကားရှေ့ခန်းက သူ့အဖေနဲ့ သူ့အဖိုးကို တေဇ တစ်ချက်ကြည့်လိုက်ပြီးနောက် ရိပ်ကိုသာ ခပ်တင်းတင်း ထွေးပွေ့ထားလိုက်မိသည်။ ထိုမြင်ကွင်းက ဦးရာဇအား ပိုစိတ်တိုစေသော်ငြား သူ စိတ်လျော့ထားရသည်။

"ကိုကို ဖိနပ်စီးထား"

ရိပ် သူ့ခြေ၌စွပ်ထားသည့် ဖိနပ်ကို တေဇအား ချွတ်ပေးလိုက်ရင်း သူ့ဘေးက အမျိုးသားကို မော့ကြည့်နေသည်။

တေဇ၏မျက်နှာထက်၌ ပြုံးရိပ်များသန်းသွားကာ ရိပ်၏ ဆံနွယ်များကို လက်ဖြင့်ပွတ်သပ်နေရင်း ထိုဖိနပ်ကို လှမ်းကုန်းထိလိုက်သည်။ ထို့နောက် ရိပ်၏ ခြေထောက်မှာသာ ပြန်စီးပေးလိုက်သည်။

"ရိပ်ပဲ စီးထား၊ ကိုကိုက မင်း ဖိနပ်နဲ့လည်း မတော်ဘူး"

သူတို့စီးနှင်းလာသည့် ကားလေးက ပုပ္ပားတောင်ရှေ့မှ ပြန်ထွက်လာခဲ့ကာ ဆေးရုံဆီသို့ ဦးတည်နေသည်။

ဦးမဟာ သူ့မြေးနှင့် ရိပ်ကို တစ်လမ်းလုံး ငြိမ်သက်စွာသာ အကဲခတ်လျက်ရှိနေသည်။

ဆေးရုံသို့ ပြန်ရောက်လာချိန်၌ သူ့အား ‌ဆေးရုံအဝင်ဝမှာပင် ဆင်းစောင့်နေသည့် မေမေနှင့် နေဆက်ပိုင်ကို တေဇ ကားပေါ်က ဆင်းဆင်းချင်း တွေ့လိုက်ရ၏။

နေဆက်ပိုင် တေဇနားသို့ မြန်ဆန်စွာ လျှောက်လာပြီး-

"ကိုကို အဆင်ပြေရဲ့လား၊ ခိုက်မိသွားသေးလား၊ အဲ့ကောင်ကို ကျွန်တော် ဒီအတိုင်း မထားဘူး"

မင်္ဂလာပွဲပျက်အောင် ဖျက်ဆီးသွားခဲ့သည့် ရိပ်အား နေဆက်ပိုင် တေဇလက်မောင်းကို ဆုပ်ကိုင်ထားလျက်နှင့် ဒေါသမျက်လုံးများဖြင့် မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေသည်။ ရိပ်ကတော့ သူ့အား မျက်ဝန်းသေများဖြင့်သာ ငြိမ်ကြည့်နေသည်။

တေဇ သူ့လက်မောင်းပေါ်က နေဆက်ပိုင်၏ လက်ချောင်းများကို အသာအယာဖြုတ်ချလိုက်ရင်း-

"ကိုယ် ရိပ်ကို နေရာချပေးလိုက်ဦးမယ်၊ ကိုယ်တို့ နောက်မှ စကားအေးဆေးပြောတာပေါ့"

နေဆက်ပိုင်၏ အဖြေကိုပင် တေဇ မစောင့်တော့ဘဲ ရိပ်ကို သူ့နား ဆွဲယူလိုက်ကာ ရိပ်နှင့်အတူ တေဇဓိရာဇ် ဆေးရုံထဲသို့ အရင်ဆုံး ဝင်သွားတော့သည်။

သူ့နား၌ ငြိမ်ငြိမ်လေးကပ်လိုက်လာသည့် ရိပ်ကို ‌တေဇတစ်‌ယောက် ရိပ်၏ခါးကို တင်းကြပ်စွာ ဖက်တွယ်ထားလိုက်ရ၏။ စိတ်အခြေအနေမကောင်းသည့် ရိပ် သူ့ဘေးက လှစ်ခနဲ ထွက်ပြေးသွားမှာစိုးရိမ်သောကြောင့် ချုပ်ထားလိုက်ခြင်းသာဖြစ်သည်။

တေဇ ရိပ်ကို ငုံ့မေးလိုက်၏။

"အခု ဘာလုပ်ချင်လဲ၊ ဗိုက်ဆာနေလား"

"အိပ်ချင်တယ်"

ရိပ်ဆီက မဆိုင်းမတွ ကြားလိုက်ရသည့် အဖြေကြောင့် တေဇ သက်ပြင်းချလိုက်မိ၏။ တစ်ချိန်လုံး ခွေနေချင်သည့် ရိပ်ကို မြင်ရတာ အားမရှိစရာ။

"ကိုကို ကျွန်တော် အိပ်ချင်နေပြီ။ ဟိုမှာပဲ အိပ်တော့မယ်"

လူနာစောင့်တွေ ထိုင်စောင့်လို့ရသည့် ခုံတန်းရှည်တွေဆီ လက်ညှိုးထိုးပြကာ ခြေလှမ်းများကပါ ဦးတည်နေသည့် ရိပ်အား တေဇ ပိုလို့ပင် တင်းတင်းကြပ်ကြပ် ခါးကို ဖက်ထားရ၏။

"အဲ့ဒါ အိပ်စရာနေရာ မဟုတ်ဘူး၊ ကိုကိုနဲ့ လိုက်ခဲ့"

တေဇ ရိပ်၏ ဆံနွယ်များပေါ် လက်ဖြင့်ပွတ်သပ်ချော့မြှူနေရင်း သူ့လူနာခန်းဆီသို့သာ ဒီကောင်လေးကို ခေါ်လာခဲ့ရပြီး သူ့ကုတင်ပေါ်မှာသာ ခဏပေးအိပ်လိုက်ရသည်။

ကုတင်ပေါ်၌ အကျအန နေရာယူသွားကာ စောင်ပါ‌ကောက်ခြုံပြီး မျက်လုံးများ မှိတ်ကျသွားသည့် ရိပ်က တကယ့်ကလေးလေးသဖွယ်။ နှစ်ဆယ်ပြည့်စ ဒီကလေးက နောင်ရိုးရိပ်နဲ့သာ မသက်ဆိုင်လျှင် သူ ဒီထက်ပိုပြီး သဘောကျမိသွားလောက်မှာ အသေအချာပင်။

တေဇ သူ့ဖိနပ်ကို ပြန်စီးလိုက်သည်။ သူ့နှလုံးကလည်း စိတ်ပန်းလူပန်းဖြစ်သွားခဲ့ရမှုကြောင့် အနည်းငယ် မောပန်းနေတာမို့ ရိပ် ရှိရာ ကုတင်ပေါ်သာ ခဏမှေးထိုင်လိုက်သည်။

သူကတော့ ပုပ္ပားထိကို အ‌ပြေးအလွှားလိုက်လာခဲ့ရသော်ငြား ဒီကလေးကတော့ ဘာမှမဖြစ်သလို အိပ်ပျော်သွားနိုင်တာမို့ အပြစ်ပေးသည့်အနေဖြင့် ရိပ်၏ ပါးပြင်ထက်သို့ နှာခေါင်းဖြင့် ဖိကပ်လိုက်ကာ နှုတ်ခမ်းဖြင့် ခပ်ဖွဖွ ကိုက်ဆွဲလိုက်မိသည်။ ကာလနဂါးလေးကတော့ အအိပ်မပျက်ပေ။

ထို့အတွက် ရိပ်၏ပါးထက်ကနေ နှုတ်ခမ်းဆီသို့ နေရာရွှေ့နမ်းရန် သူ့ကိုယ်ကို ပိုငုံ့မိုးလိုက်ချိန် ချောင်းဟန့်သံနဲ့အတူ တံခါးကလည်း အရှိန်နဲ့ပွင့်လာတာမို့ တေဇ မျက်မှောင်ကြုတ်လိုက်မိ၏။

သက်ခွန်းယံ တေဇနား အမြန်လျှောက်လာခဲ့ပြီး ဒေါသထွက်စွာ ကြိမ်းမိတော့၏။

"မင်း ကိုယ့်ကိုယ်ကိုယ် လူနာဆိုတာ မေ့နေတာလား။ ငါ ရိပ်ကို ရိုက်သတ်မိတော့မယ်"

တေဇ ယံ့အား အမြန်ဖမ်းဆွဲထားလိုက်ရသည်။ အိပ်ပျော်နေသည့်ရိပ်အတွက် ဒီကောင့်ဆူညံသံက အနှောင့်အယှက်ဖြစ်နိုင်တာမို့ ယံ့၏ ပါးစပ်ကိုပါ လက်နဲ့ဖိအုပ်ထားပစ်လိုက်ပြီး အခန်းပြင်သို့ အတင်းဆွဲထုတ်လိုက်ရသည်။

"ထားလိုက်ပါကွာ၊ သူ အိပ်ပါစေဦး"

သက်ခွန်းယံ၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွားလျက်ရှိ၏။ တေဇသာ လူနာမဟုတ်ရင် ဒီအခန်းပြင်မှာပဲ တေဇကို ပိတ်ထိုးမိတော့မှာ သေချာ၏။

"ဟက်၊ သေရင်လည်း အပြီးအိပ်ရမှာပဲကို မင်း ဘာတွေဖြစ်။ တေဇ မင်း အူကြောင်ကြောင် လုပ်မနေနဲ့နော်၊ မင်းပဲ ပုပ္ပားက ကလေးကို မရရင်ပဲ အခုချိန်ထိ သေတော့မလို ဖြစ်နေတာ မဟုတ်ဘူးလား၊ အခုကျ နေဆက်ပိုင်ကို ‌မေ့နေတာလား၊ မင်းရဲ့ကလေးက မင်္ဂလာပွဲကနေ မင်း ပျောက်သွားတော့ သူ့ခမျာ ဘယ်လောက်ရင်ပူနေလဲရော သိရဲ့လား၊ မင်းမိဘတွေ ဘယ်လောက်စိတ်ပူနေလဲရော သိရဲ့လား၊ နေဆက်ပိုင်ကို သွားနှစ်သိမ့်လိုက်ဦး"

သက်ခွန်းယံ မတုန်မလှုပ်လုပ်နေသည့် တေဇကို နားမလည်စွာ ကြည့်နေမိသည်။ တေဇက သူ ပြောနေတာကို နားထောင်နေတာလား၊ ကြားရဲ့လားပင် မသိ၊ အခန်းပြင်ရှိ မှန်ချပ်ကနေ အခန်းထဲကိုသာ ငေးကြည့်နေတာမို့ သူ ပိုလို့ပင် ဒေါသထွက်လာရသည်။

"မင်း ငါ ပြောနေတာ. ."

"ဒီဆေးရုံမှာ စိတ်ရောဂါကုဆရာဝန်ရော ရှိလား"

"ဘာလုပ်ဖို့လဲ၊ မင်း ရူးနေတာကို ကိုယ့်ကိုယ်ကိုယ် သိသွားလို့ သွားပြတော့မလို့လား"

"ကျစ်၊ မင်း ခဏလောက် တိတ်တိတ်နေစမ်းပါကွာ၊ အားနေရင်လည်း နေဆက်ပိုင်ကိုသာ ငါ့အစား သွားနှစ်သိမ့်နေချည်၊ ငါ ဆရာနဲ့ ခဏသွားတွေ့လိုက်ဦးမယ်"

သက်ခွန်းယံ စက္ကန့်ပိုင်းလောက် ဆွံ့အသွားရသည်။ ထို့နောက် တေဇနောက် ပြေးလိုက်သွားရပြန်သည်။

သူ့သား၏အခြေအနေကို ခပ်လှမ်းလှမ်းက အကဲခတ်နေသည့် ဦးရာဇတစ်ယောက် အခုအခြေအနေကို နေဆက်ပိုင် မသိစေရန်အတွက် သူ့အမျိုးသမီးအား နေဆက်ပိုင်ကို နှစ်သိမ့်ပြီး ခဏပြန်လွှတ်လိုက်ဖို့သာ ဖုန်းဆက်ထားလိုက်ရသည်။

--------------

ဒီတစ်ရက်လုံး တေဇ ဗျာများလျက်ရှိလေသည်။ ယံ့ဒယ်ဒီဆီက လွှဲစာရပြီးချိန်၌ သူ ရိပ်အား အတင်းနှိုးခဲ့ရကာ စိတ်ရောဂါကု ဆရာဆီ ဆွဲပို့ရ၏။ သူ ရိပ်အဖိုး အရေးပေါ်အခြေအနေဖြစ်နေတာကိုလည်း အဖေ့ဆီကတဆင့် သိလိုက်ရတာမို့ ထို့အတွက်ကြောင့် ရိပ် အခုလောက်ထိ စိတ်ကစဉ်ကလျား ဖြစ်သွားတာလား စိုးရိမ်သွားမိသည်။

သူ့အတွက်ဆိုလည်း သူ့အဖိုးက သူ အလွန်ချစ်မြတ်နိုးရသူမို့ အဖိုးတစ်ခုခုဖြစ်သွားမှာမျိုး သူ နည်းနည်းလေးတောင် မတွေးချင်။ အဖိုးထက်ပင် သူ အရင်သေလိုက်ချင်သူဖြစ်သည်။ ထို့အတွက် အဖိုးနဲ့ အဆင်မပြေမည့် အိမ်ထောင်ဖက်မျိုးကိုလည်း သူ ဘယ်တော့မှ အိမ်ခေါ်မလာဟု ငယ်ငယ်ကတည်းက ဆုံးဖြတ်ထားတာဖြစ်၏။

ရိပ်အား နာရီပေါင်းများစွာ စမ်းသပ်နေရာအခန်းရှေ့၌ တေဇ ထိုင်စောင့်လျက်ရှိသည်။ သူ့ဘေး၌ မျက်မှောင်ကြီးကြုတ်ပြီး ရပ်စောင့်နေသည့် ယံလည်း ရှိသည်။

"လူနာစောင့် ဝင်လာလို့ရပါပြီ"

ဆရာမလေးဆီက ညွှန်ကြားချက်ရချိန်၌ တေဇ အခန်းထဲသို့ အမြန်ဝင်လာခဲ့ရသည်။ ရိပ်ကိုတော့ ဆရာ့နားမှာ မတွေ့ရတော့ဘဲ ဆရာ့အခန်းထဲရှိ မှန်ချပ်များခြားထားရာ တခြားအခန်းတစ်ခုထဲ၌ ရှိ‌နေတာကို သူ လှမ်းတွေ့လိုက်ရသည်။

လူနာကို စိတ်ပူစွာ ကြည့်နေသည့် လူနာစောင့်အား ဆရာ အရင် ဝင်ထိုင်ခိုင်းလိုက်ရကာ သူ့သူငယ်ချင်း၏ သားဖြစ်သူ သက်ခွန်းယံကိုလည်း ထိုဆရာ ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး နှုတ်ဆက်လိုက်သည်။

"ရိပ်ကို ဆရာ ခဏ ပုံသွားဆွဲခိုင်းထားတာပါ၊ သူ့စိတ်ထဲမှာ နေရာယူထားတဲ့ အခြေအနေတစ်ခု ရှိနေတယ်၊ ဒါကို ရိပ်က သေချာတော့ မပြောတတ်သလိုပဲ၊ အဲ့အတွက် ဆရာ သူ့ကို တခြားနည်းနဲ့ စမ်းသပ်ကြည့်ထားတာ"

တေဇ အခုမှပဲ နားလည်သွားရတာမို့ ဆရာ့ရှေ့ ဝင်ထိုင်လိုက်ပြီး-

"သူ့အခြေအနေက အရမ်းဆိုးနေလား ဆရာ၊ သူ တစ်ချိန်လုံး မှိန်းမနေအောင် ဆေးတွေပြောင်းပေးလို့ရော ရလား"

"ဆေးတွေကြောင့်ထက် ဒီကလေးက စိတ်ကျရောဂါ ဝင်နေတာ၊ အဲ့လိုလူနာမျိုးက သူတို့ရဲ့ ပုံမှန် နေ့တဒူဝ လုပ်ရတဲ့ ရေချိုး ထမင်းစားလောက်လုပ်ဖို့ကိုတောင် ပင်ပန်းနေတတ်ကြတာ။ သူတို့ကို လူနာ‌စောင့်တွေဖက်က ပုံမှန်လူလို လှုပ်ရှားသွားလာနေချင်‌စေတဲ့စိတ်နဲ့ အတင်းအကြပ် ကြိုးစားနေမယ်ဆို ဒီကလေးကို ညှင်းပန်းနှိပ်စက်နေသလို ဖြစ်နေမှာပါ။

ကြည့်လိုက်တော့ သူ့အလုပ်က သက်တော်စောင့်။ သူ့စိတ်အခြေအနေနဲ့ အလုပ်က ဘယ်လိုမှ မအပ်စပ်သလိုပဲ။ ခုန ဒီကလေးဆီက စကားတွေကို နားထောင်ကြည့်သလောက် သူက သူ စိတ်ရောဂါဖြစ်နေတယ်ဆိုတာကို သိတယ်၊ ဆေးကုသမှုလည်း ခံယူနေတယ်၊ အဲ့အတွက် သူ့ကို ဆက်ကုလိုက်ရင် အခြေအနေက ဖြည်းဖြည်းချင်း ကောင်းလာမှာပါ။ ဒါပေမဲ့ ဆရာ အခု သူ့ကို မေးခွန်းတွေ မေးကြည့်ပြီးတဲ့အချိန်မှာ စိတ်ပူမိတာ တစ်ခုရှိတယ်။ ဒီကလေးရဲ့မျက်စိရှေ့မှာ အဖေနဲ့ အစ်ကိုက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြဖူးတယ်။ အဲ့ဒါက ပြဿနာကို ဖြေရှင်းနည်းလို့လည်း ရိပ်က ခံယူထားတယ်။ အဲ့တော့ သူပါ တစ်ချိန်ကျ အဲ့လမ်းစဉ်လိုက်သွားမှာကို ဆရာ စိတ်ပူတယ်"

တေဇ နားလည်စွာ ခေါင်းညိတ်ပြလိုက်ပြီး သူတို့အား ကျောပေးကာ ခေါင်းချပြီး ပျင်းရိစွာ ပုံဆွဲနေသည့် ရိပ်ကို တစ်ချက်လှမ်းကြည့်လိုက်မိသည်။

"ရိပ်မှာ အစ်ကိုဖြစ်သူနဲ့ ပတ်သက်တဲ့ ဆိုးရွားတဲ့မှတ်ဉာဏ်တွေ ရှိ‌နေတယ်။ ဒါကိုတော့ ဆရာ လူနာဆီက ခွင့်ပြုချက်မရဘဲ မပြောချင်ဘူး။ ပြီး‌တော့ ဆရာ မေးချင်တာ ရှိတယ်။ သူ ဒီကြားထဲမှာ လိင်ပိုင်းဆိုင်ရာ ထိပါးခံရဖူးတာမျိုး ရှိလား"

ရိပ်ကို လှမ်းကြည့်နေသည့် တေဇတစ်‌ယောက် အနည်းငယ် သီးချင်ချင်ဖြစ်သွားသည်။

တစ်ချိန်လုံး လက်ပိုက်နားထောင်နေသည့် သက်ခွန်းယံ ဆရာ့အား ချက်ချင်း ဝင်ဖြေသည်။

"ကျွန်တော့်သူငယ်ချင်းက ရိပ်ရဲ့ အလုပ်ရှင်ဖြစ်တာ လပိုင်းတောင် မရှိသေးဘူး။ ကျွန်တော်တို့ သူ့အကြောင်း အကုန်သိပ်မသိဘူး"

တေဇ သူ့ခြေထောက်ကို လာကန်နေသည့် ယံ့ကို မသိမသာ ကြည့်လိုက်ကာ ဆရာ့ရှေ့ ဘာဖြေရမလဲ ရုတ်တရက် မသိဖြစ်သွားရတာမို့ ယောင်ယမ်းပြီး ခေါင်းညိတ်ပြမိသည်။

"ဪ"

"ဘာလို့လဲ ဆရာ၊ ရိပ်က အဲ့လိုရှိတယ်လို့ ပြောလို့လား"

တေဇ မေးလိုက်ချိန်၌ ဆရာ ခေါင်းခါပြ၏။

"တိုက်ရိုက်မပြောပေမယ့် အဖြေတွေအရ ဆရာ ထင်မိလို့ပါ။ ရိပ်က အဲ့အခြေအနေကို လန့်နေတာမျိုး ပြောနေတော့ ရှိများရှိဖူးလား မေးကြည့်တာ။ ကဲ၊ ဒါဆို ဆရာ သူ့ကို ဆေးပြန်ညှိပေးထားတယ်၊ အခုလောလောဆယ်တော့ ရက်ချိန်းပုံမှန် ပြခိုင်းပေးဦး"

ဆရာ ထရပ်သွားတာမို့ တေဇတို့ပါ ထရပ်လိုက်ကာ ဆရာ ခွင့်ပြုတာမို့ တေဇ ဆရာနဲ့အတူ ရိပ်ရှိရာ အခန်းထဲသို့ လိုက်ဝင်လာသည်။

"ဆွဲလို့ပြီးပြီလား ကလေး၊ ဆရာ့ကို ပြကြည့်"

စာရွက်ပေါ် ခေါင်းမှောက်အိပ်နေသည့် နှောင်ကြိုးရိပ် ဆရာ့အသံကြားလိုက်ချိန်၌ ပြန်နိုးလာသည်။ သူ ဆွဲထားသည့် စာရွက်ကို ဆရာ ယူကြည့်နေတုန်း သူ့ဘေး၌ ကိုကို လာရပ်နေတာမို့ ကိုကို့ခါးပေါ် ခေါင်းမှီရင်း မျက်လုံးကို ပျင်းရိစွာ ဖွင့်လိုက်ပိတ်လိုက်လုပ်နေ၏။

ဆရာ ဒီကလေး၏ ပုံဆွဲစကေး အလွန်ညံ့ဖျင်းလွန်းမှုကြောင့် ပုံကို အဓိပ္ပာယ်မဖော်တတ်ဖြစ်လျက်ရှိသည်။

"ဒါ ဘယ်နေရာလဲ ကလေး"

ဆရာ သူ့ရှေ့စာရွက်ချပြလာကာ မေးလာတာကြောင့် ရိပ် တစ်ခုချင်း လက်ထောက်ဖြေလိုက်သည်။

"ပုပ္ပားတောင်ပေါ်မှာ၊ ဒါ ကျွန်တော် ငယ်ငယ်က၊ ဒါက ငယ်ငယ်က အဲ့မှာ ဆုံဖူးတဲ့ ကိုကို၊ အဲ့ကိုကိုက နေမကောင်းဘူး၊ သူ့ရင်ဘတ်ကို ဖိထားတယ်၊ အထဲက နာလို့တဲ့၊ ဆရာ အဲ့ကိုကိုကို အရင် ကုပေးမလား"

တေဇ ပုံကို လိုက်ကြည့်နေရင်း မျက်လုံးများက ရင်ဘတ်ကို လက်ဖိထားကာ ခုံတန်းပေါ်၌ ခွေနေသည့် ကောင်လေးကို စိုက်ကြည့်နေမိသည်။ ရိပ်က လူပုံဆွဲတာ မပီပြင်လွန်းတာကြောင့် လူရုပ်ဆိုတာကလွဲရင် လူ့မျက်နှာကို ခန့်မှန်းမရ။

"အင်း၊ ဆရာ အဲ့ကိုကိုကိုလည်း ကုပေးမှာမို့ သူ့အကြောင်း နည်းနည်းပြောပြမလား"

ရိပ် ခေါင်းခါပြီး တေဇခါးကိုသာ လက်နှစ်ဖက်ဖြင့် ဖက်တွယ်ထားလိုက်သည်။

"ကိုကို ကျွန်တော် ပြန်ချင်ပြီ၊ ထပ်မဖြေချင်တော့ဘူး၊ ဒီဆရာက မေးခွန်းပဲ မေးနေတယ်၊ စိတ်ညစ်လာပြီ"

တေဇ ရိပ်၏ ဆံနွယ်များကို ပွတ်ပေးရင်း ဆရာ့အား လှမ်းကြည့်လိုက်ချိန် ဆရာလည်း နားလည်စွာ ခေါင်းညိတ်ပြလိုက်သည်။ ဒီနေ့တော့ ရိပ်ကို သူ နာရီအတော်ကြာ မေးထားပြီးပြီမို့ ထပ်မေးလို့ရတော့မှာ မဟုတ်မှန်းလည်း သိလိုက်သည်။

"ဒါဆို ကျွန်တော် သူ့ကို ပေးနားဖို့ ခေါ်သွားလိုက်တော့မယ်၊ ထ၊ ကိုကိုနဲ့ ညစာ ဆင်းစားရအောင်"

"အင်း"

ရိပ် ပျော်ရွှင်စွာ ထရပ်လိုက်ကာ ကိုကိုနဲ့အတူ အခန်းပြင်ထွက်လာနိုင်ခဲ့ပြီဖြစ်သည်။

"ကျွန်တော် စားပြီးရင် အိပ်တော့မယ်"

"အင်းပါ၊ အရင်တော့ ဝင်အောင်စားလိုက်ဦး"

သူ့ကို ဥ‌ပေက္ခာပြုထားကြကာ မိုးမမြင်လေမမြင်ဖြစ်နေသည့် ရိပ်နဲ့တေဇအား သက်ခွန်းယံ ရပ်ကြည့်ရင်း ကျန်ခဲ့ရသည်။ ထိုစဉ် သူ့ဘေးသို့ ဦးမဟာရောက်လာတာမို့ ယံ အရိုအ‌သေပြုလိုက်ရ၏။

"ရိပ်က လူပျိုလား"

အစမရှိ အဆုံးမရှိ ကောက်ကာငင်ကာ မေးလာသည့် အဖိုးရှေ့၌ ယံ ရုတ်တရက် ကြောင်သွား၏။

"တခြားကြောင့်မေးတာ မဟုတ်ပါဘူး၊ မနက်ကထဲက ကြည့်နေတာ တေဇက အဲ့ကလေးကို တော်တော်လေး ဓာတ်ကျနေပုံရလို့။ အဲ့လောက်ဖြစ်နေရင်တော့လည်း အငယ်အနှောင်းနေရာမှာ ထားပြီး လက်ဆက်ပေးလိုက်မလို့လေ၊ ဒါပေမဲ့ အဖိုးမြေးရဲ့ ကြင်ယာတော်တွေက တခြားသူနဲ့ မပတ်သက်ဖူးမှတော့ ရမယ်၊ ပြစ်မျိုးမှဲ့မထင်ပဲ လိုချင်တာ မင်း သိသားပဲ"

"ဒီကောင်လား လူပျိုဖြစ်မှာ။ အဖိုး မသိသေးဘူးထင်တယ်၊ ဒီကောင် သူ့အစ်ကိုရင်းကို သဘောကျနေလို့တောင် သူ့အဖိုးက အိမ်ပေါ်က နှင်ချထားသေးတာလေ။ အစ်ကိုရင်းနဲ့တောင် ဖြစ်လာခဲ့ဖူးလားမှ မသိတာ"

မျက်လုံးပြူးသွားသည့် အဖိုးကို သက်ခွန်းယံ အစအဆုံး ပြောပြလျက်ရှိ၏။ ဆရာ့ဆီက ကြားခဲ့ရသည့် အဖြေတွေကိုပါ ထည့်ပေါင်းပြောပြနေမိချိန်၌ ဦးမဟာ၏ မျက်လုံးများ စူးရဲလာသည်။ သူ့မြေးလေးကို အခုလို အရူးကောင်နဲ့လည်း သဘောမတူနိုင်သလို အစ်ကိုရင်းနဲ့ ဖြစ်မလာရင်တောင် ရိပ်လိုပုံစံမျိုးက ပြစ်မျိုးမှဲ့မထင် မဖြူစင်နိုင်တာတော့ သူ ရိပ်မိသည်။

"ကျွန်တော် ပြောတာထက် အဖိုးကိုယ်တိုင် စုံစမ်းကြည့်ပေါ့၊ ကျွန်တော်ကတော့ တေဇကို တကယ်နှမြောတယ်၊ တေဇက အစကထဲက စိတ်ပျော့တဲ့သူဆိုတော့ ရိပ်က ဘာတွေပြုစားထားလည်းမှ မသိတာ"

ဦးမဟာ သူ့တောင်ဝှေးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ယံ့အား လျှို့ဝှက်အမိန့်တစ်ခု စေခိုင်းလိုက်သည်။

----------------

ဒီမနက်၌ တေဇ ဆေးရုံဆင်းဖို့ စောစီးစွာ ထလာသည်။ ညတုန်းက ရိပ် သူ့လူနာခန်းထဲရှိ ဆိုဖာပေါ်မှာ သူ့ကို‌ လူနာစောင့်ပေးရင်း အိပ်နေသေးသော်လည်း သူ နိုးချိန်မှာတော့ မတွေ့ရတော့။

တေဇတစ်ယောက် ကုတင်ထက်၌ မနက်စာကို ငြိမ်သက်စွာ စားနေရင်း ရိပ် အခုထိ ပြန်ဝင်လာတာ မတွေ့ရတာကြောင့် ဖုန်းဆက်ခေါ်ဖို့ ဖုန်းယူလိုက်ချိန် သူ့အဖေ အခန်းထဲဝင်လာသည်။

"အဖေလာတာ အတော်ပဲ၊ အဖေ ရိပ်ကို တွေ့မိသေးလား"

"ရိပ်ကို မင်းအဖိုးက တခြားအလုပ်တစ်ခုဆီလွှတ်ထားတယ်။ ဟိုတစ်ခါလိုပဲ ကျောက်ကုန်သည်တွေနား သွားနေပေးရမှာ။ မနက်စာ စားပြီးရင် ဆေးရုံဆင်းရအောင်၊ အခု အိမ်မှာ နေဆက်ပိုင်ကို လာနေခိုင်းထားလိုက်ပြီ။ ပွဲကိုတော့ မင်း လုံးဝကျန်းမာမှ အေးဆေးပြန်လုပ်ကြ‌တာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် နေဆက်ပိုင်က မင်းရဲ့အမျိုးသားဖြစ်နေပြီပဲဆိုတော့ မင်းတို့ ဒီည‌‌နေဖို့အတွက် စံအိမ်မှာ မင်္ဂလာအခန်းလည်း ပြင်ပေးထားတယ်၊ သူ မင်းကို အိမ်မှာ စောင့်နေတယ်"

တေဇ ဇွန်းကို အဖေ့ရှေ့ စောင့်ချလိုက်တာ မဟုတ်သော်ငြား ဒုံးခနဲ အသံထွက်သွားကာ အမြဲ ရန်ဖြစ်နေရသည့် အဖေ့ရှေ့ ထရပ်လိုက်သည်။

"ရိပ်ကို ဘာလို့ အဝေးလွှတ်ပြန်တာလဲဗျာ၊ အဲ့ကလေးက ပုံမှန်လှုပ်ရှားမှုတွေ လုပ်ဖို့ကိုတောင် ပင်ပန်းနေတဲ့ အခြေအနေပါဆို၊ သူ့ကို အန္တရာယ်များတဲ့နေရာတွေဆီ လွှတ်ကြပြန်ပြီ၊ အခု ပြန်ခေါ်ပေး"

"မင်းကို နေမကောင်းသေးလို့ ငါ သည်းခံနေတာနော်။ ငါ မတရားလုပ်နေတယ်များ ထင်နေတာလား၊ ရိပ်အဖိုး အရေးပေါ်ရောက်နေတာ သိတယ်မလား၊ အဲ့အတွက် သူ ငွေလိုနေလို့ မနက်က ဒီအလုပ်ကို လက်ခံလို့ လွှတ်တာလေ၊ သူ့သဘောနဲ့သူ သွားတာ မင်းက ဘာဖြစ်နေတာလဲ။

သူက မင်းရဲ့သက်တော်စောင့်ဆိုပေမယ့် သူ့ကို လစာပေးထားတာ ငါကွ၊ ငါ့စိတ်နဲ့သာဆို သူ့ကို အလုပ်ထုတ်ပစ်ပြီးပြီ၊ သူ့အဖိုး ဆေးရုံစရိတ်အတွက် သူ ဒီအလုပ်က ဝင်ငွေလေး ရှိမှဖြစ်မယ်ဆိုပြီး တောင်းပန်နေလို့ ငါ စိတ်လျှော့ပြီး အလုပ်မဖြုတ်သေးတာ ကျေးဇူးတင်"

"အဟက်၊ ရတယ်လေ၊ ရိပ်တစ်ယောက်ကိုတော့ ကျွန်တော် လစာပေးနိုင်တယ်၊ ကျွန်တော် သူ့ကို ပြန်ခေါ်မယ်၊ နောက်ဆို ကျွန်တော့်လူကို ကျွန်တော့်ကို အရင်မမေးဘဲ ဟိုပို့ဒီပို့ ထပ်မလုပ်ပါနဲ့"

တေဇ သူ့အဖေနဲ့ ရန်ထပ်မဖြစ်မိတော့အောင် ဖုန်းယူပြီး အခန်းပြင်ထွက်လာကာ ရိပ်ကို ဖုန်းဆက်တိုက်ခေါ်နေမိ၏။

ဖုန်းလုံးဝမကိုင်သည့် ရိပ်ကြောင့် တေဇ တောက်ခေါက်လိုက်မိ၏။

"ဒီသတ္တဝါလေးက ငါ့ကို နည်းနည်းတောင် အကြောင်းမကြားဘဲ ထွက်သွားပြန်ပြီ၊ တောက်၊ ဒီတစ်ခါပြန်လာလို့ ခြေကျိုးလက်ကျိုး ထပ်ဖြစ်လာရင် သေအောင်ကို ပစ်ထားလိုက်ဦးမယ်"

ရိပ်က မနေ့ညနေကစလို့ တစ်ညလုံး သူ့အား နောင်ရိုးရိပ်လို့ ထင်လိုက်၊ သူ့အစ်ကို၏ နှလုံးရှိနေသော တေဇဓိရာဇ်မှန်း သတိရလာလိုက် ဖြစ်နေသည့် စိတ်အခြေအနေသာ ရှိနေခဲ့သူဖြစ်သည်။

အခုထက် စိတ်အခြေအနေမှန်နေတုန်းကတောင် ခြေထော့နဲ့ထော့နဲ့ဖြင့် ပြန်လာသည့် ရိပ်ကို သူ ရှေ့ရက်က တွေ့ထားခဲ့ရတာကြောင့် အခုလို အန္တရာယ်များသည့်နေရာကို ငွေရဖို့အတွက်နဲ့ သွားပြန်သည့် ရိပ်အား သူ စိတ်ပူမိသလို၊ သူ့ကိုအကူအညီတောင်းရင်လည်း ငွေမထုတ်ပေးမှာ မဟုတ်တာကို တစ်ချက်ခွင့်မ‌တောင်းဘဲ ထွက်သွားတာမို့ ရိပ်အပေါ် ဒေါသလည်း ထွက်နေမိသည်။

________________________

31.12.2023

[Zawgyi]

ေျခဗလာႏွင့္ ေဆး႐ုံထဲမွ ေျပးထြက္သြားခဲ့ေသာ ေတဇရွိရာ ပုပၸားေတာင္ကလပ္ေရွ႕သို႔ ဦးရာဇႏွင့္ ဦးမဟာတို႔ လိုက္ပါလာသည့္ကား ေရာက္ရွိလာခဲ့သည္။

သူ႕သားေဘး၌ ရိပ္ကို ျမင္လိုက္ရတာေၾကာင့္ သူတို႔ႏွစ္ေယာက္လုံး၏မ်က္ႏွာထက္၌ အလိုမက်မႈမ်ား ျပည့္ႏွက္သြားၾက၏။

သူ႕မိန္းမျဖစ္သူ ေဒၚဇာဇာကို ေဆး႐ုံ၌ ေနဆက္ပိုင္ ေရာက္ေနၿပီမို႔ သူတို႔ထားခဲ့ၾကရသည္။ အခုေတာ့ ဒီေကာင္ေလးက ရိပ္ေၾကာင့္ ဒီလိုအ႐ူးတစ္ပိုင္း ထြက္ေျပးသြားခဲ့ပုံမို႔ ရိပ္ကို သူတို႔ ပိုေတာင္သတိထားရေတာ့မည့္ပုံပင္။

"အေဖ ကိုယ့္ေျမးကို အရမ္းအလိုလိုက္မေနနဲ႕၊ ေတဇကို ကြၽန္ေတာ္ ေနဆက္ပိုင္ တစ္ေယာက္ထဲနဲ႕ပဲ ျဖစ္ေစခ်င္တယ္။ ရိပ္ကို အငယ္အေႏွာင္းထားမွာမ်ိဳးလည္း လက္မခံဘူး။ အေဖ့ေျမးကို ႏွစ္ေယာက္ေပးစားရေအာင္ ေတဇကို အေဖ ဘုရင္ေလာင္းမ်ား ထင္ေနတာလား။ ေယာက္်ားေလးနဲ႕ ယူမွာနဲ႕ကို ပတ္ဝန္းက်င္က ေျပာစရာျဖစ္ေနၿပီကို"

ဦးမဟာတစ္ေယာက္ ေတဇနား၌ ပြတ္သီးပြတ္သပ္ လုပ္ေနသည့္ ရိပ္ကို ကားေပၚကေန အကဲခတ္လ်က္ရွိ၏။ သူတို႔ ရိပ္၏ ေနာက္ခံအသိုင္းအဝိုင္းကို သိသြားခဲ့ၿပီးခ်ိန္၌ ရိပ္ သူ႕ေျမးနားမွာ ရွိေနတာကို ဘယ္လိုမွ လက္ခံေပးလို႔မရ။ ထို႔အတြက္ ေတဇ ရွာေနသည့္ ၾကင္ယာဖက္ကလည္း အခုထိကို ေပၚမလာတာမို႔ ‌ေတဇ အျမန္ဆုံး အိမ္ေထာင္ျပဳျဖစ္သြားေအာင္ ေတဇအတြက္ ၾကင္ယာဖက္အတုတစ္ေယာက္ စီစဥ္ျဖစ္ခဲ့ၾကသည္။

ေနဆက္ပိုင္ကို သူတို႔ေ႐ြးခ်ယ္ခဲ့ၾကၿပီး ေတဇ ဖန္တရာေထေအာင္ မိဘ‌ေတြေရွ႕ ဆယ္ႏွစ္လုံး ေျပာျပခဲ့ဖူးသည့္ သူတို႔ႏွစ္‌ေယာက္၏ ငယ္စဥ္က ေတြ႕ဆုံခဲ့ပုံကို ေနဆက္ပိုင္အား လက္ထပ္သင္ၾကားေပးခဲ့ၾကကာ ေတဇနား လႊတ္ခဲ့သည္။ ေတဇ ထိုကေလးကို အမွတ္အသားအျဖစ္ ေပးခဲ့သည့္ လက္စြပ္ကလည္း ဦးမဟာကိုယ္တိုင္ သူ႕ေျမးကို ဆင္ေပးထားခဲ့တာပဲမို႔ ေနဆက္ပိုင္အတြက္ ပုံစံတူ ထပ္ျပဳလုပ္ေပးထားခဲ့သည္။

ေယာက္်ားေလးႏွင့္ယူမွာကို မႏွစ္ၿမိဳ႕သည့္ သူ႕သားရာဇပင္ ေနဆက္ပိုင္ေလးကို သေဘာက်လ်က္ရွိေနၿပီ ျဖစ္သည္။ အေၾကာင္းမွာမူ ေတဇက သူတို႔အတြက္ တစ္ဦးတည္း‌ေသာ သားေလးမို႔ မ်ိဳးဆက္ပ်က္သြားမွာ စိုးရိမ္ခဲ့ေသာ္လည္း ေနဆက္ပိုင္က အံ့ဩစရာေကာင္းစြာပင္ ကိုယ္ဝန္ေဆာင္နိုင္သူ ျဖစ္ေနေသာေၾကာင့္ပင္။ ထိုအခ်က္ကပင္ ေနဆက္ပိုင္က သူတို႔အတြက္ အလြန္သ‌ေဘာက်စရာေကာင္းလြန္းလွသည့္ ေတဇအတြက္ ၾကင္ယာေတာ္ျဖစ္ေနခဲ့ျခင္းပင္။

အလြန္လွပလြန္း‌ေသာ မ်က္ႏွာေလးႏွင့္ ႏူးညံ့ေသာ သြင္ျပင္လကၡဏာရွိသည့္ ေနဆက္ပိုင္ကို ေတဇ သေဘာက်ေလာက္မည္ဟု သူတို႔ တထစ္ခ်ယဳံၾကည္ခဲ့ၾကေသာ္လည္း ေတဇက အခုေနာက္ပိုင္း ရိပ္ကိုပဲ မ်က္စိက်ေနတာကို သတိထားမိတာ‌ေၾကာင့္ ေနဆက္ပိုင္ကို ေတဇအား ေဆးခတ္ဖို႔ပင္ ဦးမဟာ ေစခိုင္းခဲ့တာျဖစ္သည္။

သို႔ေသာ္ျငား မဂၤလာပြဲကိုပင္ ရႈပ္ေထြးေအာင္ လုပ္သြားခဲ့သည့္ ရိပ္ကို သူတို႔ေျမးက စိတ္ဆိုးပုံမရသလိုပင္။ 

"ခဏလႊတ္ထားေပးလိုက္ဦး၊ ေတဇကို စိတ္ဖိစီးေအာင္ မလုပ္နဲ႕လို႔ ဆရာဝန္ မွာထားတယ္ေလ၊ ဒီက‌ေလး ရိပ္ကို ေဆာ့စရာေလးလို သေဘာထားေန႐ုံပါ၊ ၾကာရင္ ပ်င္းသြားလိမ့္မယ္။ အငယ္အေႏွာင္းေနရာေလာက္ေတာ့ ေပးထားလိုက္စမ္းပါကြာ။ ေတဇ စိတ္ခ်မ္းသာဖို႔က အေရးႀကီးတယ္"

ဦးရာဇ၏ မ်က္ႏွာေၾကာမ်ား တင္းထားလ်က္ျဖင့္ ကားေအာက္ဆင္းသြားသည္။ သူ႕သားနားသို႔ ေလွ်ာက္သြားၿပီး ရိပ္ သူ႕သား၏ လက္ကို ဆြဲထားတာအား ခပ္စူးစူးစိုက္ၾကည့္လိုက္သည္။

ဦးရာဇကို ျမင္လိုက္ရခ်ိန္၌ ရိပ္ ေတဇေနာက္သို႔ ခပ္ရို႔ရို႔ က်ဳံ႕ဝင္သြားကာ ေတဇ၏ ေက်ာေနာက္၌ သူ႕မ်က္ႏွာဖြက္ထားလိုက္မိသည္။

"ေတဇ မင္း ေဆး႐ုံျပန္ဖို႔ျပင္စမ္း၊ မိဘေတြကို စိတ္ပူေအာင္ သိပ္လုပ္တယ္ေနာ္၊ မင္းအေမ စိတ္ပူေနတယ္၊ ကားေပၚတက္ေတာ့"

ေတဇ သူ႕ေနာက္က ေကာင္ေလးကို လွည့္ၾကည့္လိုက္ၿပီး ရိပ္ကို သူ႕ေဘး ျပန္တြဲေခၚလိုက္ရင္း ရိပ္၏ပခုံးကို သိုင္းဖက္ထားေပးလိုက္ရသည္။

"မေၾကာက္နဲ႕၊ ဒါ ကိုကို႔အေဖ၊ ေဆး႐ုံျပန္ၾကရေအာင္၊ ကိုကို ေဆး႐ုံမွာ ခဏသြားေနရဦးမွာ"

ဦးရာဇ အနည္းငယ္ ေၾကာင္သြားရသည္။ သူ ျမင္ဖူးေနက် ဘာမထီပုံစံရွိသည့္ ရိပ္၏ ပုံစံက လုံးဝေျပာင္းလဲသြားတာမို႔ သူ ရိပ္ကို စိုက္ၾကည့္လိုက္ခ်ိန္ ရိပ္ သူ႕သားရင္ခြင္ထဲ မ်က္ႏွာဖြက္သြားျပန္သည္။

"ရိပ္ သိပ္ေနမေကာင္းဘူး၊ ကြၽန္ေတာ္ သူ႕ကို ဆရာဝန္နဲ႕ျပေပးဖို႔ ေဆး႐ုံ တစ္ခါထဲ ေခၚခဲ့လိုက္မယ္"

ေတဇ ရိပ္အား သိုင္းဖက္ထားရက္ျဖင့္ တြဲေခၚသြားၿပီး သူ႕အေဖ၏ ေရွ႕က အရင္ထြက္လာခဲ့သည္။ ထို႔ေနာက္ ရိပ္ကို ကားေနာက္ခန္းထဲသို႔ အရင္ဝင္ခိုင္းလိုက္ရကာ သူပါ ရိပ္ေဘး ဝင္ထိုင္လိုက္ရသည္။

ကားေရွ႕ခန္းက သူ႕အေဖနဲ႕ သူ႕အဖိုးကို ေတဇ တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ ရိပ္ကိုသာ ခပ္တင္းတင္း ေထြးေပြ႕ထားလိုက္မိသည္။ ထိုျမင္ကြင္းက ဦးရာဇအား ပိုစိတ္တိုေစေသာ္ျငား သူ စိတ္ေလ်ာ့ထားရသည္။

"ကိုကို ဖိနပ္စီးထား"

ရိပ္ သူ႕ေျခ၌စြပ္ထားသည့္ ဖိနပ္ကို ေတဇအား ခြၽတ္ေပးလိုက္ရင္း သူ႕ေဘးက အမ်ိဳးသားကို ေမာ့ၾကည့္ေနသည္။

ေတဇ၏မ်က္ႏွာထက္၌ ၿပဳံးရိပ္မ်ားသန္းသြားကာ ရိပ္၏ ဆံႏြယ္မ်ားကို လက္ျဖင့္ပြတ္သပ္ေနရင္း ထိုဖိနပ္ကို လွမ္းကုန္းထိလိုက္သည္။ ထို႔ေနာက္ ရိပ္၏ ေျခေထာက္မွာသာ ျပန္စီးေပးလိုက္သည္။

"ရိပ္ပဲ စီးထား၊ ကိုကိုက မင္း ဖိနပ္နဲ႕လည္း မေတာ္ဘူး"

သူတို႔စီးႏွင္းလာသည့္ ကားေလးက ပုပၸားေတာင္ေရွ႕မွ ျပန္ထြက္လာခဲ့ကာ ေဆး႐ုံဆီသို႔ ဦးတည္ေနသည္။

ဦးမဟာ သူ႕ေျမးႏွင့္ ရိပ္ကို တစ္လမ္းလုံး ၿငိမ္သက္စြာသာ အကဲခတ္လ်က္ရွိေနသည္။

ေဆး႐ုံသို႔ ျပန္ေရာက္လာခ်ိန္၌ သူ႕အား ‌ေဆး႐ုံအဝင္ဝမွာပင္ ဆင္းေစာင့္ေနသည့္ ေမေမႏွင့္ ေနဆက္ပိုင္ကို ေတဇ ကားေပၚက ဆင္းဆင္းခ်င္း ေတြ႕လိုက္ရ၏။

ေနဆက္ပိုင္ ေတဇနားသို႔ ျမန္ဆန္စြာ ေလွ်ာက္လာၿပီး-

"ကိုကို အဆင္ေျပရဲ႕လား၊ ခိုက္မိသြားေသးလား၊ အဲ့ေကာင္ကို ကြၽန္ေတာ္ ဒီအတိုင္း မထားဘူး"

မဂၤလာပြဲပ်က္ေအာင္ ဖ်က္ဆီးသြားခဲ့သည့္ ရိပ္အား ေနဆက္ပိုင္ ေတဇလက္ေမာင္းကို ဆုပ္ကိုင္ထားလ်က္ႏွင့္ ေဒါသမ်က္လုံးမ်ားျဖင့္ မ်က္ေမွာင္ၾကဳတ္ကာ စိုက္ၾကည့္ေနသည္။ ရိပ္ကေတာ့ သူ႕အား မ်က္ဝန္းေသမ်ားျဖင့္သာ ၿငိမ္ၾကည့္ေနသည္။

ေတဇ သူ႕လက္ေမာင္းေပၚက ေနဆက္ပိုင္၏ လက္ေခ်ာင္းမ်ားကို အသာအယာျဖဳတ္ခ်လိဳက္ရင္း-

"ကိုယ္ ရိပ္ကို ေနရာခ်ေပးလိုက္ဦးမယ္၊ ကိုယ္တို႔ ေနာက္မွ စကားေအးေဆးေျပာတာေပါ့"

ေနဆက္ပိုင္၏ အေျဖကိုပင္ ေတဇ မေစာင့္ေတာ့ဘဲ ရိပ္ကို သူ႕နား ဆြဲယူလိုက္ကာ ရိပ္ႏွင့္အတူ ေတဇဓိရာဇ္ ေဆး႐ုံထဲသို႔ အရင္ဆုံး ဝင္သြားေတာ့သည္။

သူ႕နား၌ ၿငိမ္ၿငိမ္ေလးကပ္လိုက္လာသည့္ ရိပ္ကို ‌ေတဇတစ္‌ေယာက္ ရိပ္၏ခါးကို တင္းၾကပ္စြာ ဖက္တြယ္ထားလိုက္ရ၏။ စိတ္အေျခအေနမေကာင္းသည့္ ရိပ္ သူ႕ေဘးက လွစ္ခနဲ ထြက္ေျပးသြားမွာစိုးရိမ္ေသာေၾကာင့္ ခ်ဳပ္ထားလိုက္ျခင္းသာျဖစ္သည္။

ေတဇ ရိပ္ကို ငုံ႕ေမးလိုက္၏။

"အခု ဘာလုပ္ခ်င္လဲ၊ ဗိုက္ဆာေနလား"

"အိပ္ခ်င္တယ္"

ရိပ္ဆီက မဆိုင္းမတြ ၾကားလိုက္ရသည့္ အေျဖေၾကာင့္ ေတဇ သက္ျပင္းခ်လိဳက္မိ၏။ တစ္ခ်ိန္လုံး ေခြေနခ်င္သည့္ ရိပ္ကို ျမင္ရတာ အားမရွိစရာ။

"ကိုကို ကြၽန္ေတာ္ အိပ္ခ်င္ေနၿပီ။ ဟိုမွာပဲ အိပ္ေတာ့မယ္"

လူနာေစာင့္ေတြ ထိုင္ေစာင့္လို႔ရသည့္ ခုံတန္းရွည္ေတြဆီ လက္ညွိုးထိုးျပကာ ေျခလွမ္းမ်ားကပါ ဦးတည္ေနသည့္ ရိပ္အား ေတဇ ပိုလို႔ပင္ တင္းတင္းၾကပ္ၾကပ္ ခါးကို ဖက္ထားရ၏။

"အဲ့ဒါ အိပ္စရာေနရာ မဟုတ္ဘူး၊ ကိုကိုနဲ႕ လိုက္ခဲ့"

ေတဇ ရိပ္၏ ဆံႏြယ္မ်ားေပၚ လက္ျဖင့္ပြတ္သပ္ေခ်ာ့ျမႇူေနရင္း သူ႕လူနာခန္းဆီသို႔သာ ဒီေကာင္ေလးကို ေခၚလာခဲ့ရၿပီး သူ႕ကုတင္ေပၚမွာသာ ခဏေပးအိပ္လိုက္ရသည္။

ကုတင္ေပၚ၌ အက်အန ေနရာယူသြားကာ ေစာင္ပါ‌ေကာက္ၿခဳံၿပီး မ်က္လုံးမ်ား မွိတ္က်သြားသည့္ ရိပ္က တကယ့္ကေလးေလးသဖြယ္။ ႏွစ္ဆယ္ျပည့္စ ဒီကေလးက ေနာင္ရိုးရိပ္နဲ႕သာ မသက္ဆိုင္လွ်င္ သူ ဒီထက္ပိုၿပီး သေဘာက်မိသြားေလာက္မွာ အေသအခ်ာပင္။

ေတဇ သူ႕ဖိနပ္ကို ျပန္စီးလိုက္သည္။ သူ႕ႏွလုံးကလည္း စိတ္ပန္းလူပန္းျဖစ္သြားခဲ့ရမႈေၾကာင့္ အနည္းငယ္ ေမာပန္းေနတာမို႔ ရိပ္ ရွိရာ ကုတင္ေပၚသာ ခဏေမွးထိုင္လိုက္သည္။

သူကေတာ့ ပုပၸားထိကို အ‌ေျပးအလႊားလိုက္လာခဲ့ရေသာ္ျငား ဒီကေလးကေတာ့ ဘာမွမျဖစ္သလို အိပ္ေပ်ာ္သြားနိုင္တာမို႔ အျပစ္ေပးသည့္အေနျဖင့္ ရိပ္၏ ပါးျပင္ထက္သို႔ ႏွာေခါင္းျဖင့္ ဖိကပ္လိုက္ကာ ႏႈတ္ခမ္းျဖင့္ ခပ္ဖြဖြ ကိုက္ဆြဲလိုက္မိသည္။ ကာလနဂါးေလးကေတာ့ အအိပ္မပ်က္ေပ။

ထို႔အတြက္ ရိပ္၏ပါးထက္ကေန ႏႈတ္ခမ္းဆီသို႔ ေနရာေ႐ႊ႕နမ္းရန္ သူ႕ကိုယ္ကို ပိုငုံ႕မိုးလိုက္ခ်ိန္ ေခ်ာင္းဟန႔္သံနဲ႕အတူ တံခါးကလည္း အရွိန္နဲ႕ပြင့္လာတာမို႔ ေတဇ မ်က္ေမွာင္ၾကဳတ္လိုက္မိ၏။

သက္ခြန္းယံ ေတဇနား အျမန္ေလွ်ာက္လာခဲ့ၿပီး ေဒါသထြက္စြာ ႀကိမ္းမိေတာ့၏။

"မင္း ကိုယ့္ကိုယ္ကိုယ္ လူနာဆိုတာ ေမ့ေနတာလား။ ငါ ရိပ္ကို ရိုက္သတ္မိေတာ့မယ္"

ေတဇ ယံ့အား အျမန္ဖမ္းဆြဲထားလိုက္ရသည္။ အိပ္ေပ်ာ္ေနသည့္ရိပ္အတြက္ ဒီေကာင့္ဆူညံသံက အေႏွာင့္အယွက္ျဖစ္နိုင္တာမို႔ ယံ့၏ ပါးစပ္ကိုပါ လက္နဲ႕ဖိအုပ္ထားပစ္လိုက္ၿပီး အခန္းျပင္သို႔ အတင္းဆြဲထုတ္လိုက္ရသည္။

"ထားလိုက္ပါကြာ၊ သူ အိပ္ပါေစဦး"

သက္ခြန္းယံ၏ မ်က္ႏွာတစ္ခုလုံး မည္းေမွာင္သြားလ်က္ရွိ၏။ ေတဇသာ လူနာမဟုတ္ရင္ ဒီအခန္းျပင္မွာပဲ ေတဇကို ပိတ္ထိုးမိေတာ့မွာ ေသခ်ာ၏။

"ဟက္၊ ေသရင္လည္း အၿပီးအိပ္ရမွာပဲကို မင္း ဘာေတြျဖစ္။ ေတဇ မင္း အူေၾကာင္ေၾကာင္ လုပ္မေနနဲ႕ေနာ္၊ မင္းပဲ ပုပၸားက ကေလးကို မရရင္ပဲ အခုခ်ိန္ထိ ေသေတာ့မလို ျဖစ္ေနတာ မဟုတ္ဘူးလား၊ အခုက် ေနဆက္ပိုင္ကို ‌ေမ့ေနတာလား၊ မင္းရဲ႕ကေလးက မဂၤလာပြဲကေန မင္း ေပ်ာက္သြားေတာ့ သူ႕ခမ်ာ ဘယ္ေလာက္ရင္ပူေနလဲေရာ သိရဲ႕လား၊ မင္းမိဘေတြ ဘယ္ေလာက္စိတ္ပူေနလဲေရာ သိရဲ႕လား၊ ေနဆက္ပိုင္ကို သြားႏွစ္သိမ့္လိုက္ဦး"

သက္ခြန္းယံ မတုန္မလႈပ္လုပ္ေနသည့္ ေတဇကို နားမလည္စြာ ၾကည့္ေနမိသည္။ ေတဇက သူ ေျပာေနတာကို နားေထာင္ေနတာလား၊ ၾကားရဲ႕လားပင္ မသိ၊ အခန္းျပင္ရွိ မွန္ခ်ပ္ကေန အခန္းထဲကိုသာ ေငးၾကည့္ေနတာမို႔ သူ ပိုလို႔ပင္ ေဒါသထြက္လာရသည္။

"မင္း ငါ ေျပာေနတာ. ."

"ဒီေဆး႐ုံမွာ စိတ္ေရာဂါကုဆရာဝန္ေရာ ရွိလား"

"ဘာလုပ္ဖို႔လဲ၊ မင္း ႐ူးေနတာကို ကိုယ့္ကိုယ္ကိုယ္ သိသြားလို႔ သြားျပေတာ့မလို႔လား"

"က်စ္၊ မင္း ခဏေလာက္ တိတ္တိတ္ေနစမ္းပါကြာ၊ အားေနရင္လည္း ေနဆက္ပိုင္ကိုသာ ငါ့အစား သြားႏွစ္သိမ့္ေနခ်ည္၊ ငါ ဆရာနဲ႕ ခဏသြားေတြ႕လိုက္ဦးမယ္"

သက္ခြန္းယံ စကၠန႔္ပိုင္းေလာက္ ဆြံ႕အသြားရသည္။ ထို႔ေနာက္ ေတဇေနာက္ ေျပးလိုက္သြားရျပန္သည္။

သူ႕သား၏အေျခအေနကို ခပ္လွမ္းလွမ္းက အကဲခတ္ေနသည့္ ဦးရာဇတစ္ေယာက္ အခုအေျခအေနကို ေနဆက္ပိုင္ မသိေစရန္အတြက္ သူ႕အမ်ိဳးသမီးအား ေနဆက္ပိုင္ကို ႏွစ္သိမ့္ၿပီး ခဏျပန္လႊတ္လိုက္ဖို႔သာ ဖုန္းဆက္ထားလိုက္ရသည္။

--------------

ဒီတစ္ရက္လုံး ေတဇ ဗ်ာမ်ားလ်က္ရွိေလသည္။ ယံ့ဒယ္ဒီဆီက လႊဲစာရၿပီးခ်ိန္၌ သူ ရိပ္အား အတင္းႏွိုးခဲ့ရကာ စိတ္ေရာဂါကု ဆရာဆီ ဆြဲပို႔ရ၏။ သူ ရိပ္အဖိုး အေရးေပၚအေျခအေနျဖစ္ေနတာကိုလည္း အေဖ့ဆီကတဆင့္ သိလိုက္ရတာမို႔ ထို႔အတြက္ေၾကာင့္ ရိပ္ အခုေလာက္ထိ စိတ္ကစဥ္ကလ်ား ျဖစ္သြားတာလား စိုးရိမ္သြားမိသည္။

သူ႕အတြက္ဆိုလည္း သူ႕အဖိုးက သူ အလြန္ခ်စ္ျမတ္နိုးရသူမို႔ အဖိုးတစ္ခုခုျဖစ္သြားမွာမ်ိဳး သူ နည္းနည္းေလးေတာင္ မေတြးခ်င္။ အဖိုးထက္ပင္ သူ အရင္ေသလိုက္ခ်င္သူျဖစ္သည္။ ထို႔အတြက္ အဖိုးနဲ႕ အဆင္မေျပမည့္ အိမ္ေထာင္ဖက္မ်ိဳးကိုလည္း သူ ဘယ္ေတာ့မွ အိမ္ေခၚမလာဟု ငယ္ငယ္ကတည္းက ဆုံးျဖတ္ထားတာျဖစ္၏။

ရိပ္အား နာရီေပါင္းမ်ားစြာ စမ္းသပ္ေနရာအခန္းေရွ႕၌ ေတဇ ထိုင္ေစာင့္လ်က္ရွိသည္။ သူ႕ေဘး၌ မ်က္ေမွာင္ႀကီးၾကဳတ္ၿပီး ရပ္ေစာင့္ေနသည့္ ယံလည္း ရွိသည္။

"လူနာေစာင့္ ဝင္လာလို႔ရပါၿပီ"

ဆရာမေလးဆီက ၫႊန္ၾကားခ်က္ရခ်ိန္၌ ေတဇ အခန္းထဲသို႔ အျမန္ဝင္လာခဲ့ရသည္။ ရိပ္ကိုေတာ့ ဆရာ့နားမွာ မေတြ႕ရေတာ့ဘဲ ဆရာ့အခန္းထဲရွိ မွန္ခ်ပ္မ်ားျခားထားရာ တျခားအခန္းတစ္ခုထဲ၌ ရွိ‌ေနတာကို သူ လွမ္းေတြ႕လိုက္ရသည္။

လူနာကို စိတ္ပူစြာ ၾကည့္ေနသည့္ လူနာေစာင့္အား ဆရာ အရင္ ဝင္ထိုင္ခိုင္းလိုက္ရကာ သူ႕သူငယ္ခ်င္း၏ သားျဖစ္သူ သက္ခြန္းယံကိုလည္း ထိုဆရာ ေခါင္းတစ္ခ်က္ညိတ္ျပလိုက္ၿပီး ႏႈတ္ဆက္လိုက္သည္။

"ရိပ္ကို ဆရာ ခဏ ပုံသြားဆြဲခိုင္းထားတာပါ၊ သူ႕စိတ္ထဲမွာ ေနရာယူထားတဲ့ အေျခအေနတစ္ခု ရွိေနတယ္၊ ဒါကို ရိပ္က ေသခ်ာေတာ့ မေျပာတတ္သလိုပဲ၊ အဲ့အတြက္ ဆရာ သူ႕ကို တျခားနည္းနဲ႕ စမ္းသပ္ၾကည့္ထားတာ"

ေတဇ အခုမွပဲ နားလည္သြားရတာမို႔ ဆရာ့ေရွ႕ ဝင္ထိုင္လိုက္ၿပီး-

"သူ႕အေျခအေနက အရမ္းဆိုးေနလား ဆရာ၊ သူ တစ္ခ်ိန္လုံး မွိန္းမေနေအာင္ ေဆးေတြေျပာင္းေပးလို႔ေရာ ရလား"

"ေဆးေတြေၾကာင့္ထက္ ဒီကေလးက စိတ္က်ေရာဂါ ဝင္ေနတာ၊ အဲ့လိုလူနာမ်ိဳးက သူတို႔ရဲ႕ ပုံမွန္ ေန႕တဒူဝ လုပ္ရတဲ့ ေရခ်ိဳး ထမင္းစားေလာက္လုပ္ဖို႔ကိုေတာင္ ပင္ပန္းေနတတ္ၾကတာ။ သူတို႔ကို လူနာ‌ေစာင့္ေတြဖက္က ပုံမွန္လူလို လႈပ္ရွားသြားလာေနခ်င္‌ေစတဲ့စိတ္နဲ႕ အတင္းအၾကပ္ ႀကိဳးစားေနမယ္ဆို ဒီကေလးကို ညွင္းပန္းႏွိပ္စက္ေနသလို ျဖစ္ေနမွာပါ။

ၾကည့္လိုက္ေတာ့ သူ႕အလုပ္က သက္ေတာ္ေစာင့္။ သူ႕စိတ္အေျခအေနနဲ႕ အလုပ္က ဘယ္လိုမွ မအပ္စပ္သလိုပဲ။ ခုန ဒီကေလးဆီက စကားေတြကို နားေထာင္ၾကည့္သေလာက္ သူက သူ စိတ္ေရာဂါျဖစ္ေနတယ္ဆိုတာကို သိတယ္၊ ေဆးကုသမႈလည္း ခံယူေနတယ္၊ အဲ့အတြက္ သူ႕ကို ဆက္ကုလိုက္ရင္ အေျခအေနက ျဖည္းျဖည္းခ်င္း ေကာင္းလာမွာပါ။ ဒါေပမဲ့ ဆရာ အခု သူ႕ကို ေမးခြန္းေတြ ေမးၾကည့္ၿပီးတဲ့အခ်ိန္မွာ စိတ္ပူမိတာ တစ္ခုရွိတယ္။ ဒီကေလးရဲ႕မ်က္စိေရွ႕မွာ အေဖနဲ႕ အစ္ကိုက ကိုယ့္ကိုယ္ကိုယ္ သတ္ေသသြားၾကဖူးတယ္။ အဲ့ဒါက ျပႆနာကို ေျဖရွင္းနည္းလို႔လည္း ရိပ္က ခံယူထားတယ္။ အဲ့ေတာ့ သူပါ တစ္ခ်ိန္က် အဲ့လမ္းစဥ္လိုက္သြားမွာကို ဆရာ စိတ္ပူတယ္"

ေတဇ နားလည္စြာ ေခါင္းညိတ္ျပလိုက္ၿပီး သူတို႔အား ေက်ာေပးကာ ေခါင္းခ်ၿပီး ပ်င္းရိစြာ ပုံဆြဲေနသည့္ ရိပ္ကို တစ္ခ်က္လွမ္းၾကည့္လိုက္မိသည္။

"ရိပ္မွာ အစ္ကိုျဖစ္သူနဲ႕ ပတ္သက္တဲ့ ဆိုး႐ြားတဲ့မွတ္ဉာဏ္ေတြ ရွိ‌ေနတယ္။ ဒါကိုေတာ့ ဆရာ လူနာဆီက ခြင့္ျပဳခ်က္မရဘဲ မေျပာခ်င္ဘူး။ ၿပီး‌ေတာ့ ဆရာ ေမးခ်င္တာ ရွိတယ္။ သူ ဒီၾကားထဲမွာ လိင္ပိုင္းဆိုင္ရာ ထိပါးခံရဖူးတာမ်ိဳး ရွိလား"

ရိပ္ကို လွမ္းၾကည့္ေနသည့္ ေတဇတစ္‌ေယာက္ အနည္းငယ္ သီးခ်င္ခ်င္ျဖစ္သြားသည္။

တစ္ခ်ိန္လုံး လက္ပိုက္နားေထာင္ေနသည့္ သက္ခြန္းယံ ဆရာ့အား ခ်က္ခ်င္း ဝင္ေျဖသည္။

"ကြၽန္ေတာ့္သူငယ္ခ်င္းက ရိပ္ရဲ႕ အလုပ္ရွင္ျဖစ္တာ လပိုင္းေတာင္ မရွိေသးဘူး။ ကြၽန္ေတာ္တို႔ သူ႕အေၾကာင္း အကုန္သိပ္မသိဘူး"

ေတဇ သူ႕ေျခေထာက္ကို လာကန္ေနသည့္ ယံ့ကို မသိမသာ ၾကည့္လိုက္ကာ ဆရာ့ေရွ႕ ဘာေျဖရမလဲ ႐ုတ္တရက္ မသိျဖစ္သြားရတာမို႔ ေယာင္ယမ္းၿပီး ေခါင္းညိတ္ျပမိသည္။

"ဪ"

"ဘာလို႔လဲ ဆရာ၊ ရိပ္က အဲ့လိုရွိတယ္လို႔ ေျပာလို႔လား"

ေတဇ ေမးလိုက္ခ်ိန္၌ ဆရာ ေခါင္းခါျပ၏။

"တိုက္ရိုက္မေျပာေပမယ့္ အေျဖေတြအရ ဆရာ ထင္မိလို႔ပါ။ ရိပ္က အဲ့အေျခအေနကို လန႔္ေနတာမ်ိဳး ေျပာေနေတာ့ ရွိမ်ားရွိဖူးလား ေမးၾကည့္တာ။ ကဲ၊ ဒါဆို ဆရာ သူ႕ကို ေဆးျပန္ညွိေပးထားတယ္၊ အခုေလာေလာဆယ္ေတာ့ ရက္ခ်ိန္းပုံမွန္ ျပခိုင္းေပးဦး"

ဆရာ ထရပ္သြားတာမို႔ ေတဇတို႔ပါ ထရပ္လိုက္ကာ ဆရာ ခြင့္ျပဳတာမို႔ ေတဇ ဆရာနဲ႕အတူ ရိပ္ရွိရာ အခန္းထဲသို႔ လိုက္ဝင္လာသည္။

"ဆြဲလို႔ၿပီးၿပီလား ကေလး၊ ဆရာ့ကို ျပၾကည့္"

စာ႐ြက္ေပၚ ေခါင္းေမွာက္အိပ္ေနသည့္ ေႏွာင္ႀကိဳးရိပ္ ဆရာ့အသံၾကားလိုက္ခ်ိန္၌ ျပန္ႏွိုးလာသည္။ သူ ဆြဲထားသည့္ စာ႐ြက္ကို ဆရာ ယူၾကည့္ေနတုန္း သူ႕ေဘးကို ကိုကို လာရပ္ေနတာမို႔ ကိုကို႔ခါးေပၚ ေခါင္းမွီရင္း မ်က္လုံးကို ပ်င္းရိစြာ ဖြင့္လိုက္ပိတ္လိုက္လုပ္ေန၏။

ဆရာ ဒီကေလး၏ ပုံဆြဲစေကး အလြန္ညံ့ဖ်င္းလြန္းမႈေၾကာင့္ ပုံကို အဓိပၸာယ္မေဖာ္တတ္ျဖစ္လ်က္ရွိသည္။

"ဒါ ဘယ္ေနရာလဲ ကေလး"

ဆရာ သူ႕ေရွ႕စာ႐ြက္ခ်ျပလာကာ ေမးလာတာေၾကာင့္ ရိပ္ တစ္ခုခ်င္း လက္ေထာက္ေျဖလိုက္သည္။

"ပုပၸားေတာင္ေပၚမွာ၊ ဒါ ကြၽန္ေတာ္ ငယ္ငယ္က၊ ဒါက ငယ္ငယ္က အဲ့မွာ ဆုံဖူးတဲ့ ကိုကို၊ အဲ့ကိုကိုက ေနမေကာင္းဘူး၊ သူ႕ရင္ဘတ္ကို ဖိထားတယ္၊ အထဲက နာလို႔တဲ့၊ ဆရာ အဲ့ကိုကိုကို အရင္ ကုေပးမလား"

ေတဇ ပုံကို လိုက္ၾကည့္ေနရင္း မ်က္လုံးမ်ားက ရင္ဘတ္ကို လက္ဖိထားကာ ခုံတန္းေပၚ၌ ေခြေနသည့္ ေကာင္ေလးကို စိုက္ၾကည့္ေနမိသည္။ ရိပ္က လူပုံဆြဲတာ မပီျပင္လြန္းတာေၾကာင့္ လူ႐ုပ္ဆိုတာကလြဲရင္ လူ႕မ်က္ႏွာကို ခန႔္မွန္းမရ။

"အင္း၊ ဆရာ အဲ့ကိုကိုကိုလည္း ကုေပးမွာမို႔ သူ႕အေၾကာင္း နည္းနည္းေျပာျပမလား"

ရိပ္ ေခါင္းခါၿပီး ေတဇခါးကိုသာ လက္ႏွစ္ဖက္ျဖင့္ ဖက္တြယ္ထားလိုက္သည္။

"ကိုကို ကြၽန္ေတာ္ ျပန္ခ်င္ၿပီ၊ ထပ္မေျဖခ်င္ေတာ့ဘူး၊ ဒီဆရာက ေမးခြန္းပဲ ေမးေနတယ္၊ စိတ္ညစ္လာၿပီ"

ေတဇ ရိပ္၏ ဆံႏြယ္မ်ားကို ပြတ္ေပးရင္း ဆရာ့အား လွမ္းၾကည့္လိုက္ခ်ိန္ ဆရာလည္း နားလည္စြာ ေခါင္းညိတ္ျပလိုက္သည္။ ဒီေန႕ေတာ့ ရိပ္ကို သူ နာရီအေတာ္ၾကာ ေမးထားၿပီးၿပီမို႔ ထပ္ေမးလို႔ရေတာ့မွာ မဟုတ္မွန္းလည္း သိလိုက္သည္။

"ဒါဆို ကြၽန္ေတာ္ သူ႕ကို ေပးနားဖို႔ ေခၚသြားလိုက္ေတာ့မယ္၊ ထ၊ ကိုကိုနဲ႕ ညစာ ဆင္းစားရေအာင္"

"အင္း"

ရိပ္ ေပ်ာ္႐ႊင္စြာ ထရပ္လိုက္ကာ ကိုကိုနဲ႕အတူ အခန္းျပင္ထြက္လာနိုင္ခဲ့ၿပီျဖစ္သည္။

"ကြၽန္ေတာ္ စားၿပီးရင္ အိပ္ေတာ့မယ္"

"အင္းပါ၊ အရင္ေတာ့ ဝင္ေအာင္စားလိုက္ဦး"

သူ႕ကို ဥ‌ေပကၡာျပဳထားၾကကာ မိုးမျမင္ေလမျမင္ျဖစ္ေနသည့္ ရိပ္နဲ႕ေတဇအား သက္ခြန္းယံ ရပ္ၾကည့္ရင္း က်န္ခဲ့ရသည္။ ထိုစဥ္ သူ႕ေဘးသို႔ ဦးမဟာေရာက္လာတာမို႔ ယံ အရိုအ‌ေသျပဳလိုက္ရ၏။

"ရိပ္က လူပ်ိဳလား"

အစမရွိ အဆုံးမရွိ ေကာက္ကာငင္ကာ ေမးလာသည့္ အဖိုးေရွ႕၌ ယံ ႐ုတ္တရက္ ေၾကာင္သြား၏။

"တျခားေၾကာင့္ေမးတာ မဟုတ္ပါဘူး၊ မနက္ကထဲက ၾကည့္ေနတာ ေတဇက အဲ့ကေလးကို ေတာ္ေတာ္ေလး ဓာတ္က်ေနပုံရလို႔။ အဲ့ေလာက္ျဖစ္ေနရင္ေတာ့လည္း အငယ္အေႏွာင္းေနရာမွာ ထားၿပီး လက္ဆက္ေပးလိုက္မလို႔ေလ၊ ဒါေပမဲ့ အဖိုးေျမးရဲ႕ ၾကင္ယာေတာ္ေတြက တျခားသူနဲ႕ မပတ္သက္ဖူးမွေတာ့ ရမယ္၊ ျပစ္မ်ိဳးမွဲ႕မထင္ပဲ လိုခ်င္တာ မင္း သိသားပဲ"

"ဒီေကာင္လား လူပ်ိဳျဖစ္မွာ။ အဖိုး မသိေသးဘူးထင္တယ္၊ ဒီေကာင္ သူ႕အစ္ကိုရင္းကို သေဘာက်ေနလို႔ေတာင္ သူ႕အဖိုးက အိမ္ေပၚက ႏွင္ခ်ထားေသးတာေလ။ အစ္ကိုရင္းနဲ႕ေတာင္ ျဖစ္လာခဲ့ဖူးလားမွ မသိတာ"

မ်က္လုံးျပဴးသြားသည့္ အဖိုးကို သက္ခြန္းယံ အစအဆုံး ေျပာျပလ်က္ရွိ၏။ ဆရာ့ဆီက ၾကားခဲ့ရသည့္ အေျဖေတြကိုပါ ထည့္ေပါင္းေျပာျပေနမိခ်ိန္၌ ဦးမဟာ၏ မ်က္လုံးမ်ား စူးရဲလာသည္။ သူ႕ေျမးေလးကို အခုလို အ႐ူးေကာင္နဲ႕လည္း သေဘာမတူနိုင္သလို အစ္ကိုရင္းနဲ႕ ျဖစ္မလာရင္ေတာင္ ရိပ္လိုပုံစံမ်ိဳးက ျပစ္မ်ိဳးမွဲ႕မထင္ မျဖဴစင္နိုင္တာေတာ့ သူ ရိပ္မိသည္။

"ကြၽန္ေတာ္ ေျပာတာထက္ အဖိုးကိုယ္တိုင္ စုံစမ္းၾကည့္ေပါ့၊ ကြၽန္ေတာ္ကေတာ့ ေတဇကို တကယ္ႏွေျမာတယ္၊ ေတဇက အစကထဲက စိတ္ေပ်ာ့တဲ့သူဆိုေတာ့ ရိပ္က ဘာေတြျပဳစားထားလည္းမွ မသိတာ"

ဦးမဟာ သူ႕ေတာင္ေဝွးကို တင္းၾကပ္စြာ ဆုပ္ကိုင္လိုက္ၿပီး ယံ့အား လွ်ို႔ဝွက္အမိန႔္တစ္ခု ေစခိုင္းလိုက္သည္။

----------------

ဒီမနက္၌ ေတဇ ေဆး႐ုံဆင္းဖို႔ ေစာစီးစြာ ထလာသည္။ ညတုန္းက ရိပ္ သူ႕လူနာခန္းထဲရွိ ဆိုဖာေပၚမွာ သူ႕ကို‌ လူနာေစာင့္ေပးရင္း အိပ္ေနေသးေသာ္လည္း သူ နိုးခ်ိန္မွာေတာ့ မေတြ႕ရေတာ့။

ေတဇတစ္ေယာက္ ကုတင္ထက္၌ မနက္စာကို ၿငိမ္သက္စြာ စားေနရင္း ရိပ္ အခုထိ ျပန္ဝင္လာတာ မေတြ႕ရတာေၾကာင့္ ဖုန္းဆက္ေခၚဖို႔ ဖုန္းယူလိုက္ခ်ိန္ သူ႕အေဖ အခန္းထဲဝင္လာသည္။

"အေဖလာတာ အေတာ္ပဲ၊ အေဖ ရိပ္ကို ေတြ႕မိေသးလား"

"ရိပ္ကို မင္းအဖိုးက တျခားအလုပ္တစ္ခုဆီလႊတ္ထားတယ္။ ဟိုတစ္ခါလိုပဲ ေက်ာက္ကုန္သည္ေတြနား သြားေနေပးရမွာ။ မနက္စာ စားၿပီးရင္ ေဆး႐ုံဆင္းရေအာင္၊ အခု အိမ္မွာ ေနဆက္ပိုင္ကို လာေနခိုင္းထားလိုက္ၿပီ။ ပြဲကိုေတာ့ မင္း လုံးဝက်န္းမာမွ ေအးေဆးျပန္လုပ္ၾက‌တာေပါ့၊ ဘယ္လိုပဲျဖစ္ျဖစ္ ေနဆက္ပိုင္က မင္းရဲ႕အမ်ိဳးသားျဖစ္ေနၿပီပဲဆိုေတာ့ မင္းတို႔ ဒီည‌‌ေနဖို႔အတြက္ စံအိမ္မွာ မဂၤလာအခန္းလည္း ျပင္ေပးထားတယ္၊ သူ မင္းကို အိမ္မွာ ေစာင့္ေနတယ္"

ေတဇ ဇြန္းကို အေဖ့ေရွ႕ ေစာင့္ခ်လိဳက္တာ မဟုတ္ေသာ္ျငား ဒုံးခနဲ အသံထြက္သြားကာ အၿမဲ ရန္ျဖစ္ေနရသည့္ အေဖ့ေရွ႕ ထရပ္လိုက္သည္။

"ရိပ္ကို ဘာလို႔ အေဝးလႊတ္ျပန္တာလဲဗ်ာ၊ အဲ့ကေလးက ပုံမွန္လႈပ္ရွားမႈေတြ လုပ္ဖို႔ကိုေတာင္ ပင္ပန္းေနတဲ့ အေျခအေနပါဆို၊ သူ႕ကို အႏၲရာယ္မ်ားတဲ့ေနရာေတြဆီ လႊတ္ၾကျပန္ၿပီ၊ အခု ျပန္ေခၚေပး"

"မင္းကို ေနမေကာင္းေသးလို႔ ငါ သည္းခံေနတာေနာ္။ ငါ မတရားလုပ္ေနတယ္မ်ား ထင္ေနတာလား၊ ရိပ္အဖိုး အေရးေပၚေရာက္ေနတာ သိတယ္မလား၊ အဲ့အတြက္ သူ ေငြလိုေနလို႔ မနက္က ဒီအလုပ္ကို လက္ခံလို႔ လႊတ္တာေလ၊ သူ႕သေဘာနဲ႕သူ သြားတာ မင္းက ဘာျဖစ္ေနတာလဲ။

သူက မင္းရဲ႕သက္ေတာ္ေစာင့္ဆိုေပမယ့္ သူ႕ကို လစာေပးထားတာ ငါကြ၊ ငါ့စိတ္နဲ႕သာဆို သူ႕ကို အလုပ္ထုတ္ပစ္ၿပီးၿပီ၊ သူ႕အဖိုး ေဆး႐ုံစရိတ္အတြက္ သူ ဒီအလုပ္က ဝင္ေငြေလး ရွိမွျဖစ္မယ္ဆိုၿပီး ေတာင္းပန္ေနလို႔ ငါ စိတ္ေလွ်ာ့ၿပီး အလုပ္မျဖဳတ္ေသးတာ ေက်းဇူးတင္"

"အဟက္၊ ရတယ္ေလ၊ ရိပ္တစ္ေယာက္ကိုေတာ့ ကြၽန္ေတာ္ လစာေပးနိုင္တယ္၊ ကြၽန္ေတာ္ သူ႕ကို ျပန္ေခၚမယ္၊ ေနာက္ဆို ကြၽန္ေတာ့္လူကို ကြၽန္ေတာ့္ကို အရင္မေမးဘဲ ဟိုပို႔ဒီပို႔ ထပ္မလုပ္ပါနဲ႕"

ေတဇ သူ႕အေဖနဲ႕ ရန္ထပ္မျဖစ္မိေတာ့ေအာင္ ဖုန္းယူၿပီး အခန္းျပင္ထြက္လာကာ ရိပ္ကို ဖုန္းဆက္တိုက္ေခၚေနမိ၏။

ဖုန္းလုံးဝမကိုင္သည့္ ရိပ္ေၾကာင့္ ေတဇ ေတာက္ေခါက္လိုက္မိ၏။

"ဒီသတၱဝါေလးက ငါ့ကို နည္းနည္းေတာင္ အေၾကာင္းမၾကားဘဲ ထြက္သြားျပန္ၿပီ၊ ေတာက္၊ ဒီတစ္ခါျပန္လာလို႔ ေျခက်ိဳးလက္က်ိဳး ထပ္ျဖစ္လာရင္ ေသေအာင္ကို ပစ္ထားလိုက္ဦးမယ္"

ရိပ္က မေန႕ညေနကစလို႔ တစ္ညလုံး သူ႕အား ေနာင္ရိုးရိပ္လို႔ ထင္လိုက္၊ သူ႕အစ္ကို၏ ႏွလုံးရွိေနေသာ ေတဇဓိရာဇ္မွန္း သတိရလာလိုက္ ျဖစ္ေနသည့္ စိတ္အေျခအေနသာ ရွိေနခဲ့သူျဖစ္သည္။

အခုထက္ စိတ္အေျခအေနမွန္ေနတုန္းကေတာင္ ေျခေထာ့နဲ႕ေထာ့နဲ႕ျဖင့္ ျပန္လာသည့္ ရိပ္ကို သူ ေရွ႕ရက္က ေတြ႕ထားခဲ့ရတာေၾကာင့္ အခုလို အႏၲရာယ္မ်ားသည့္ေနရာကို ေငြရဖို႔အတြက္နဲ႕ သြားျပန္သည့္ ရိပ္အား သူ စိတ္ပူမိသလို၊ သူ႕ကိုအကူအညီေတာင္းရင္လည္း ေငြမထုတ္ေပးမွာ မဟုတ္တာကို တစ္ခ်က္ခြင့္မ‌ေတာင္းဘဲ ထြက္သြားတာမို႔ ရိပ္အေပၚ ေဒါသလည္း ထြက္ေနမိသည္။

________________________

31.12.2023

Seguir leyendo

También te gustarán

1.9M 97.3K 38
Presenting the story of ISHIKA MEHRA Whose innocence made the king bow down to her AND ABHIRAJ SINGH RATHORE Whose presence is enough to make the per...
171K 5.9K 21
တောဓလေ့ကိုမှ အလောင်မကြိုက်ဘူး ချိုချိုလေးပဲဖတ်ချင်ရင်ဒါလေးဖတ်ကြည့်ပါ 💛 ဖိုးသောကြာ + ထက်မင်းသက် 💛
849K 29.3K 104
When Grace returns home from college, it doesn't go like she thought it would. With her past still haunting her everyday choices, she discovers a sid...
17K 169 25
Alina lost her parents when she was 18. Shes on the road to becom a successful singer when she runs into 5 boys on the streets of LA. Her idols and i...