သူကြီးသားကကျွန်တော့်အပိုင်[ပု...

By Shinn-0813

302K 14.1K 677

ပုံတိုင်းဆောင် +ရာချီဒွေး သူကြီးသားလေးနဲ့ အပေါင်ဆိုင်သားလေးတို့ကိုဖတ်ပေးကြပါအုန်းရှင့် တောရွာပုံစံလေးကိုမှ ကြ... More

intro
1(Unicode)
1(ZawGyi)
2(Unicode)
2(ZawGyi)
3(ZawGyi)
4(Unicode)
4(ZawGyi)
5(Unicode)
5(ZawGyi)
6(Unicode)
6(ZawGyi)
7(Unicode)
7(ZawGyi)
8(Unicode)
8(ZawGyi)
9(Unicode)
9(ZawGyi)
10(Unicode)
10(ZawGyi)
11(Unicode)
11(ZawGyi)
12(Unicode)
12(ZawGyi)
13(Unicode)
13(ZawGyi)
14(Unicode)
14(ZawGyi)
15(Unicode)
15(ZawGyi)
16(Unicode)
16(ZawGyi)
17(Unicode)
17(ZawGyi)
18(Unicode)
18(ZawGyi)
19(Unicode)
19(ZawGyi)
20(Unicode)
20(ZawGyi)
21(Unicode)
21(ZawGyi)
22(Unicode)
22(ZawGyi)
23(Unicode)
23(ZawGyi)
24(Unicode)
24(ZawGyi)
25(Unicode)
25(ZawGyi)
26(Unicode)
26(ZawGyi)
27(Unicode)
27(ZawGyi)
28(Unicode)
28(ZawGyi)
29(Unicode)
29(ZawGyi)
Final part(Unicode)
Final Part (ZawGyi)
အသိပေးခြင်း

3(Unicode)

8.8K 564 41
By Shinn-0813

ရွာဦးကျာင်းကို ဆွမ်းချိုင့်သွားပို့တာ
ပုံမှန်မဟုတ်ဘဲ အလှအပတွေပြင်သွားတဲ့
နှင်းရည်ကြောင့် ရည်းစားရှိနေပြီလားဆိုတဲ့အထင်နဲ့ ရာချီတစ်ယောက် တကော‌က်ကောက်နဲ့ ညီမနောက်ကိုလိုက်နေရတာအခုထိ..

ဘုန်းဘုန်းကျောင်းကနေ ဆင်းလာတဲ့အထိ
နောက်သစ်ပင်ကနေ ကွယ်ကွယ်ပြီးလိုက်လာတာ လမ်းတစ်ဝက်တောင်ရောက်လို့။

ဒီကောင်မလေးလမ်းလျှောက်တာတောင် တွန့်လိမ်တွန့်လိမ်နဲ့ ငါးရှဉ့်ဆားပတ်ထားတာလားဘဲ။
‌နေပါအုန်း ဒါငါတို့အိမ်ကိုပြန်တဲ့လမ်းမှမဟုတ်ဘဲ။

"ကိုကို ပုံ"

"လန့်တာ နှင်းရည်ရာ "

ကိုကိုပုံတဲ့ဘယ်လိုတောင်ကဗျာမဆန်တဲ့
နာမည်လဲ။

"ကိုကိုပုံကလည်း ဒီလောက်ထိလှတဲ့နှင်းရည်ကိုလန့်.."

"တော်ပြီတော်ပြီမပြောနဲ့တော့ လန့်လည်းမလန့်တော့ဘူး လာရင်းအကြောင်းကိုပြော"

"ဂျီးတော်ကို ပြောခိုင်းဖို့ပါ "

"နှင်းရည်ရာ အမေ့ကိုပြောမှာများအိမ်သွားလေ "

"သွားပါဘူး ကိုကိုပုံဆီဘဲလာတာဟီးဟီး ဂျီးတော်နဲ့စတဲ့ ဖူးစာလေးများလုပ်မလားလို့လေ"

"ပေါက်ကရ "

"ဟင် "

"ထားပါ အကိုနဲ့ပြောစရာမရှိဘူးမလား အကိုလုပ်စရာရှိသေးတယ် "

"အော်ဟုတ်ဟုတ် "

ဂရုမစိုက်ချက်ကတော့လုံးဝဂရုမစိုက်တာဘဲဟူ၍သာ သက်ပျင်းချ၏ အော်ကိုကိုပုံရယ်။

ဒီမြင်ကွင်းကို ဂရုတစိုက်နဲ့ မျက်လုံးမီးတောက်သည်အထိ ကြည့်နေတဲ့ကောင်လေးတစ်ယောက်ကိုတော့ ပုံတိုင်းရော နှင်းရည်ပါသတိမထားမိပေ။

"ငါ့ညီမက ဒီအပေါင်ဆိုင်သားကိုကြိုက်နေတာလား "

ဘာကြောင့်မှန်းမသိ အလိုမကျတဲ့စိတ်တွေနဲ့ သဘောကျမိတဲ့စိတ်တွေကလည်းတစ်ဝက်တစ်ပြတ်စီရောက်လာ၏။
အလိုမကျတာကတော့ နှင်းရည်က သူ့ကိုမှကြိုက်နေတာကို။
သဘောကျတာကတော့ နှင်းရည်သာ သူနဲ့ရရင် ဂျီးတော်ချက်ကျွေးတဲ့ဟင်းကိုငါပါစားရမှာ သို့ပေမယ့် နှမပေးတဲ့အထိတော့ ငါမငတ်လောက်ပါဘူး။

"အကိုလေးရာချီ ဘာတွေတွေးနေတာလဲ "

သာလှမေးနေပေမယ့် ထန်းပင်ကြီးကိုမော့ကြည့်ပြီး ငါးနီတူခြောက်လေးကိုလည်း
ကိုင်ထားလျှက် အတွေးတစ်ခု၌ စီးမြောနေသည်။

"အကိုလေး တစ်ခုခုကို အလိုမကျနေတာလားဗျ "

"သာလှ "

"ဗျ"

"ဒီရွာမှာ အချောဆုံးက ဘယ်သူလဲ "

"အချောဆုံးက နှင်းရည်နဲ့ မစံပယ်ဘဲရှိတာလေ "

"ယောင်္ကျားတွေကိုပြောတာကွ "

"ကျွန်တော်သိသလောက်တော့ အကိုလေးပုံတိုင်းကတကယ်ချောတာဗျ "

ကြားလိုက်ရတဲ့ အဖြေက စိတ်တိုင်းမကျစရာဘဲ။ငါ့ညီလုပ်နေပြီး ဘယ်တော့မှ မြှောက်စားလုပ်မယ်ဆိုတာကိုမရှိဘူး

"အဟွတ် သူပြီးရင်ရောဘယ်သူချောလဲ "

ဒီတခါတော့ ငါဘဲရှိတော့သည် ဒါကြောင့်စိတ်တိုင်းကျတဲ့အဖြေတော့ထွက်လာမှာဘဲ။

"အကိုလေးကျန်စစ်က ချောတယ်ဗျ "

"ဘာ !!"

"မေးလို့ဖြေလိုက်တာပါဗျာ "

"ဒါဆို ကျန်စစ်ပြီးရင်ရော "

"ကြည်နူး ကချောတယ်လေ "

"ကြည်နူးပြီးရင်ရော "

"ကိုဆင့်ဟန်ကလည်းချောတယ်ထင်တယ် "

"ဆင့်ဟန် ပြီးရင်ရော "

"အကိုလေးရာ ဘာလို့မေးနေတာလဲ ကျွန်တော်လဲမသိတော့ဘူးလေ "

ခွမ်း !!!!(လင်ဗန်းနှင့်တီးသံ)

"အာ့ အကိုလေး!!"

"ငါစောက်ခွက်ကို သေချာကြည့်စမ်း "

ရိုက်ခံရတဲ့ခေါင်းကို ကိုင်ပြီးဘဲ သေချာလေးကြည့်ပေးလိုက်၏ ။ဘာမှတော့သိပ်မထူးဘဲ။

"ကြည့်တယ်လေ"

"ဘာထူးလဲ ငါ့မျက်နှာမှာ"

"မျက်ခုံးဘေးက ဝက်ခြံပေါက်နေတယ် "

"ဘာကွ!!သေချာကြည့် "

"မျက်လုံးပြူးနေတာ "

"သာလှ!!!"

"ဗျ!!"

"ငါစောက်ခွက်ကိုသေချာကြည့်လို့ "

သာလှ၏ ချောတယ်လို့မကြားမချင်းမေးနေမည့်ပုံ။

"ကြည့်တယ်လေလို့ "

သာလှ ရူးချင်စိတ်ပါပေါက်သွားရ၏

"ငါချောလား "

"မချောဘူးလေ "

ခွမ်း!!!

"ချောတယ် စောက်ရမ်းချောတယ် ဟုတ်ပြီလား "

"အေ နောက်ဆိုလည်း ငါချောတာကိုသိထားလိုက် ငါက ဆက်ပြီးချောနေအုန်းမှာဘဲ
ချောနေရတာကိုက အလုပ်တစ်ခုဖြစ်နေတာမို့လို့ "

အရူးစိတ်ချမ်းသာရင် ကမ္ဘာကြီးအေးချမ်းတယ်ဆိုပြီးလွှတ်ထားလိုက်တာကအကောင်းဆုံး။
ရွာမှာလည်း အကိုလေးပုံတိုင်းပြီးရင် အကိုလေးရာချီက တကယ်ချောပါသည်။
ဒါကိုလည်းသိသည် ဒါပေမယ့်သူ့ရှေ့မှာမို့လို့ ချောတယ်လို့မပြောချင် တမင်စကားလမ်းကြောင်း‌လွှဲနေတာကို ရအောင်ပြောခိုင်းသေးတာ အခုကြည့်ပြောလိုက်တော့ ဘာထူးလဲ ဘဝင်မြင့်သွားတာဘဲ အဖက်တင်တယ်။

<><><>

"ကျန်စစ် မင်းမှန်မှန်ပြော "

"ဘာကိုလဲကွာ "

သူငယ်ချင်း ကြည်နူးနဲ့သာ စကားပြောနေပေမယ့် စိတ်က အလိုမကျ တဲ့အသံတွေနဲ့။

"မင်း အကိုပုံတိုင်းကို ကြိုက်နေတာလား "

"မဟုတ်ပါဘူးနော် မင်းဘယ်လိုသိတာ "

"မလိမ်တက်ဘဲ လီးတွေလိုလိမ် ငါမင်းသူငယ်ချင်းပါကွ မင်းအိမ်က ပိုက်ဆံပေးရဲ့သားနဲ့ အဲ့ဆိုင်မာဘဲ သွားသွားပေါင်နေတာတွေ ပိုက်ဆံချေးနေတာတွေ ချေးပြီးရင်ပြုံးစိစိနဲ့ထွက်သွားတာတွေ နောက်ကခိုးခိုးကြည့်နေတာလေ ငါမမြင်ဘူးထင်နေလား "

အံ့ဩမိပါသည် ဒီလိုအတက်သိနေတဲ့ သူငယ်ချင်းကို။
ဟုတ်တယ် ကျွန်တော်် အကိုပုံတိုင်းကို သဘောကျနေပြီထင်တယ်။သူရဲ့သည်းခံစိတ်ရင့်ကျက်မှု ချောမောမှူတွေက အတိုင်းအတာမရှိစွာကိုဘဲ။

ငယ်ငယ်က အကိုတစ်ယောက်လိုချစ်ပေမယ့် ကြီးလာတော့ ကိုကို တစ်ယောက်လိုချစ်မိနေတာ။

ဒါဆို ဘယ်လိုခေါ်လဲမသိပေမယ့် ခြောက်နေတာလို့တော့ခေါ်တယ်မလား ဒါဆို ငါက ခြောက်နေတာပေါ့ ထားလိုက်ပါ အကို့အတွက်ခြောက်ရတာဘဲ တန်ပါတယ်လေ။

"မင်းတို့ ဘာမှမပြောဘူးလား "

"ဘာပြောရမှာတုန်း "

"ငါယောင်္ကျားချင်းကြိုက် "

"ဟင် အကိုကျန်ရစ်က အခြောက်ပေါ့"

ရုတ်တရက်ဘယ်ကပေါက်လာမှန်းမသိတဲ့ သာလှကြောင့် နှစ်ယောက်လုံး တစ်ယောက်မျက်နှာကို ‌တစ်ယောက်ကြည့်ပြီးလန့်နေမိ၏

"သာလှ?"

"ဟုတ်တယ်ဗျ ကျွန်တော် ဟိုဘက်ဝိုင်းမာထိုင်နေတာလေ ကြားလို့ ဒီကိုရောက်လာတာ လုံးဝ သတင်းထူးဘဲဗျ "

သတင်းထူးဆို ဒီကောင်လျှောက်ဖွတော့မှာ
ဒါဆို ဟိုကောင်ရာချီ သိသွားမှာ ငါ့ကိုလဲ လှောင်နေလိမ့်မည်။

"သာလှ ငါတစ်ခုတောင်းဆိုမယ် "

"ပြောပါ အောင်သွယ်ပေးခိုင်းမို့လား "

"ငါ ‌အခြောက်ဆိုတာကို ဘယ်သူကိုမှမပြောနဲ့"

အကိုကျန်စစ်အတွက် လျို့ဝှက်ချက်ဖြစ်မယ်ဆိုတာ သာလှသိလိုက်ပြီဖြစ်သည်။
ဒါကြောင့်ပိုက်ဆံ‌အိတ်လေးကို မသိမသာလေးမျက်စပြုလိုက်တာကြောင့်
ကျန်စစ်လည်း သတိထားမိ၍သုံးသောင်းထုတ်ပေးလိုက်၏

"ရပြီလား ဘယ်သူမှမပြောနဲ့နော် "

"ဟုတ်ကဲ့ အကိုကျန်ရစ်က အခြောက်ဆိုတာကိုလုံးဝ မပြောဘူး ဒီလျှိူ့ဝှက်ချက်ကို သင်္ချိုင်းကုန်းအထိ ယူသွားပေးမယ် "

"အေပြောတဲ့စကားကိုတည်နော် "

<><>

အဖေဖြစ်သူက အလုပ်က စာရင်းတွေကိုင်နေစဉ် သားဖြစ်သူကတော့ ‌အိမ်နောက်က ခုံမှာ အိပ်ပျော်နေတာများ ဆင်အော်ရင်တောင်နိုးမိပုံမပေါ်။

ဂါးးးးး(ဟောက်သံ)

"စား‌လို့ကောင်းတယ် ပုံတိုင်း "

ဂါးးးးးးး

ပါးစပ်ကိုလည်းလူပ်စိလူပ်စိနဲ့ ယောင်နေသူတစ်ဦး။

"ကြက်ပေါင်လေး မွေးနေတာကွာ "

"အကိုလေး အကိုလေး"

"ကျွေးအုန်းလို့ "

"အကိုလေးရေလို့ "

ဖြန်း!!

နှစ်ခါသုံးခါခေါ်မရတာတဲ့ ပါးကိုသာ ခက်စပ်စပ် တီးလိုက်၏ ဒါပေမယ့် သူကတော့ ထလာတာတောင် 'ငါ့ကြက်ပေါင်ရော'ဆိုပြီးတနေသေးတာ။

"အကိုလေး သတင်းထူးပြောမလို့ "

သာလှအတွက် ကတိမတည်တာမဟုတ်ဘဲ တည်ခဲ့ပြီးပြီ အမှန်မှန် အကိုလေးကျန်စစ်က အခြောက်မဟုတ်ဘူးဆိုတဲ့စကားကို သင်္ချိုင်းကုန်းအထိ တစ်လှမ်းချင်းစီ ရွတ်ပြီး သယ်သွားပြီးခဲ့ပြီ။
ဒါကြောင့်အခု သင်္ချိုင်းကိုကျော်လာပြီဆိုတော့ ကတိမတည်လဲရပြီ။

"ဘာတုန်းကွာ "

"အရမ်းထူးတာမို့လို့ ငါးသောင်းပေးရင်ပြောပြမယ် "

အခုသာပြောရင် အကိုလေးကျန်ရစ် စိတ်ဆိုးပြီး သုံးသောင်းပြန်တောင်းမှာ သိသည်မို့ အကိုလေးရာချီဆီမှာသာငါး‌ေသာင်းရရင် ကျန်စစ်ကို သုံးသောင်းပြန်ပေးပြီးလုပ်လို့ရပြီး အဲ့ကျ သူလည်း နှစ်သောင်း မြတ်ပြီ။
တကယ်တော့ အခြောက်ဖြစ်တာရှက်စရာမှမဟုတ်တာဆိုပြီးလည်းသိစေချင်တာကြောင့်။

"ငါးသောင်းမပြောနဲ့ ငါးကျပ်တောင်မရှိဘူး"

"ဒါဆိုမပြောဘူး "

"မပြောနဲ့ကွာ ငါအိပ်ချင်တယ်လို့ လီးဘဲ "

ပြော‌သာပြောနေရတာ မျက်လုံးကမဖွင့်သေး။

"လုံးဝ သတင်းထူးနော်အကိုလေးကိုကျေနပ်စေမာ "

"ဘာတုန်းလို့ "

"ငါးသောင်းပေးရင်ပြောပြမယ်လို့ "

"အကြွေးထဲမှတ်ထားကွာ ဘာလဲမြန်မြန်ပြော"

"အကိုလေးကျန်စစ်က အခြောက်တဲ့ "

"ဘာ!!!"

ထိုမှ မျက်လုံးပြူးမျက်စံပြူးထလာတာများ ပုဆိုးတွေနဲ့လိတ်ပြီး ခုံပေါ်ကနေ ပြုတ်ကျသည်အထိ။
အခုတော့ ရာချီလုံးဝအိပ်ချင်ပြေသွားပြီဖြစ်သည်။

"ဟုတ်တယ် အခုနလေးတင်ကြားလာတာ "

"မထင်ရဘူးဘဲ "

"ထပ်ထူးတာ‌က သူ့ဘယ်သူကိုကြိုက်လဲပါသိခဲ့တယ်"

"ပြောစမ်းဘယ်သူလဲ "

"ထပ်ပြီး နှစ်သောင်း‌ပေးရင်ပြောပြမယ် "

"သုံးသောင်းပေးမယ်ပြောစမ်းဘယ်သူလဲ "

ဟိုက်ရှားသာလှအတွက် အလကားနေရင်း ငါးသောင်းရပြီ။

"အကိုလေးပုံတိုင်းဆောင်ကိုတဲ့ "

"ဘာ !!!"

လုံးဝထူးတဲ့ သတင်းတစ်ခုဘဲ။
ဒီအပေါင်ဆိုင်သားကိုဘဲ ဘာလို့ဝိုင်းကြိုက်နေကြတာ ။
ဒီလိုသာ ကျန်စစ်နဲ့ကြိုက်သွားရင် ငါ့ညီမ ကြေကွဲအုန်းမှာ။
ကျန်စစ်နဲ့မကြိုက်လို့ ငါညီမနဲ့ ကြိုက်သွားရင်လည်း ငါ့နှမကို သူ့ကိုမပေးချင်။

ပြီးတော့ ကျန်စစ်နဲ့လည်းလုံးဝမကြိုက်စေချင်ဘူး ကျန်စစ်နဲ့သာ ပုံတိုင်းဆောင်တို့တွဲရင် ကျန်စစ်က စောက်ကျင့်ယုတ်ပြီးငါ့ကိုကြက်ကြော်ကျွေးခိုင်းမှာမဟုတ်ဘူး။

အဲ့တော့အခုလုပ်ရမှာတစ်ခုတည်း
ကျန်စစ်လည်းသူနဲ့မကြိုက်
ငါ့ညီမလည်း သူနဲ့မကြိုက်အောင်
ငါဝင်လုံးပေးဖို့ဘဲလိုသည်။

ဒါမှ ကြက်ကြော်လည်းစားရသလို
ကျန်စစ်ကိုလည်းငါနိုင်မည်။
ငါ့ညီမကိုလည်းသူများကိုမပေးရတော့ဘူး။
ဘယ်လောက်တောင်ကောင်းတဲ့အကြံလည်း။

ဒါပေမယ့် ငါက သူ့ကိုဘယ်လိုဆွဲဆောင်ရမှာလဲ.....။

Continue Reading

You'll Also Like

368 54 9
နှင်းဆီနီတွေကို သိပ်မုန်းတဲ့ကောင်လေးရယ် နှင်းဆီနီတွေကို သိပ်မြတ်နိုးတဲ့ကောင်ငယ်လေးရယ် ဘယ်လိုတွေများတွေ့ဆုံကြမလဲ။
72.3K 166 17
My wlw thoughts Men DNI 🚫 If you don't like these stories just block don't report
3.9K 194 11
ထွက်ပြေးလို့လွတ်ကြေးလားကိုကို
33.4K 1.4K 200
book 2 to kpop quotes :) just more dumbass crackhead shit ;) (it's mostly NCT but that's not a surprise) ⚠️I DO NOT GIVE CONSENT TO TEENFIC.NET TO ST...