A LITTLE LOVE SONG {Complete}

By eimon2003

16.6K 2.1K 101

Author(s) Mo Chen Huan 莫晨欢 Year 2017 Status in COO 47 Chapters + 2 Extras (Completed) Genre Comedy Romance S... More

မိတ်ဆက်
အခန်း2
အခန်း 3
အခန်း4
အခန်း5
အခန်း6
အခန်း7
အခန်း 8
အခန်း 9
အခန်း 10
အခန်း 11
အခန်း 12
အခန်း 13
အခန်း 14
အခန်း 15
အခန်း 16
အခန်း 17
အခန်း 18
အခန်း 19
အခန်း 20
အခန်း 21
အခန်း22
အခန်း 23
အခန်း 24
အခန်း 25
အခန်း 26
အခန်း 27
အခန်း 28
အခန်း 29
အခန်း 30
အခန်း 31
အခန်း 32
အခန်း 33
အခန်း 34
အခန်း 35
အခန်း 36
အခန်း 37
အခန်း 38
အခန်း 39
အခန်း 40
အခန်း 41
အခန်း 42
အခန်း 43
အခန်း 44
အခန်း 45
အခန်း 46
အခန်း 47(end)
အခန်း 48 (extra မင်းရဲ့ရည်းစားက မင်းကိုထောက်ပံ့ဖို့ ပိုက်ဆံရှာတော့မယ်။)
အခန်း 49(part 1)
အခန်း 49 extra (part 2) THE END

အခန်း 1

1.2K 112 2
By eimon2003

အခန်း 1

ပူပြီး စိုစွတ်သော နွေရာသီတွင်
သစ်ပင်ပေါ်ရှိ ငှက်များ အော်မြည်နေသည်။

ရပ်ကွက်အနီးတွင် စီးပွားဖြစ်အိမ်ရာအသစ်များ ဆောက်လုပ်နေကြသည်။

နဂို အေးချမ်း နေလျက်ရှိသော ပန်းခြံထဲအား ထို အဆောက်ဦး လုပ်ငန်းခွင်များမှ အသံပလံများ ဆူညံနေ၏။

အဖြူရောင် တီရှပ်ဝတ် ထားသည့်ကလေးငယ်တစ်ဦးက အဝါရောင်သဲသောင်ပြင်ပေါ်တွင် ထိုင်နေလျက် ပလပ်စတစ်ဂေါ်ပြားဖြင့် သဲကစားနေသည်။
ခေါင်းတစ်ခုလုံး ချွေးများ စိုရွှဲနေကာ အနက်ရောင်ဆံပင်တွေက ပိုင်နန် ရဲ့ပါးပြင်မှာ ကပ်နေ၏။

ရုတ်တရက်, သူခေါင်းမော့လိုက်ကာ, မျက်နှာချင်းဆိုင် ထိုင်ခုံပေါ်တွင်ထိုင်နေသော ကလေးတစ်ယောက်အား တောက်ပနေသည့် မျက်လုံးများဖြင့် "ရှောင် ... ရှောင် ပေါ်ဟန်, ငါနဲ့ ကစားမလား?"
အဖြူ ဗြောင် အကျီဝတ်ထားသည့်နူးညံကာ လှပသောကောင်လေးက မျက်တောင် များ မှေးစင်း လျက် သူ၏ လက်ထဲမှ အနက်ရောင်ဂိမ်း စက်ကိုသာ‌စိုက်ကြည့်နေ၏။

ထို ကလေးက သူ့အား အော်ပြောလိုက်သော အခါတွင်လည်း ,သူက တုပ်တုပ်မှ မလှုပ်ပဲ ဂိမ်းသာဆက်ကစားနေ၏။

ကလေးငယ် လေးက
သဲအိတ်ဘန်ကာမှ ဆင်းလာကာသူ၏ ဂေါ်ပြား အသေးလေးနှင့် သူ့ဆီသို့ လျှောက်လာသည်။
မပီကလာ အသံသေးသေးလေးဖြင့်ဂရုတစိုက်မေးလာ၏။
"ရှောင်ပေါ်ဟန် ကစားချင်လား?"

တစ်ဖက်လူက သူ့အား လျှစ်လျူရှုထားသဖြင့် သူမဝံ့မရဲ အော်ခေါ်လိုက်သည်။ "ရှောင်ပေါ်ဟန်."

ကောင်လေးက သူ၏အရွယ်နဲ့မှမလိုက် ရင့်ကျက်တည်ငြိမ်စွာဖြင့် အအေးစက်စွာ ကြည့်လာ၍
"မကစားဘူး"

ရုတ်တရက် အဖြေပြန်ရသွား၍, ကောင်လေးက တုံ့သွားကာ, အနည်းငယ် ဆုံးရှုံးသွာသော အသံဖြင့်,
"အိုး",
သဲပုံဘန်ကာထဲသို့သာ ပြန်သွား၍ သဲများဖြင့်သာ ပြန်ထိုးဖွ ဆော့နေ၏။

နေလုံးကြီးက အနောက်ရပ်သို့ဝင်သွားသောအချိန်တွင်, သေးငယ်သော ပုံရိပ်လေး နှစ်ခု ဟာအတူတူ လမ်းလျှောက်ကာ ပြန်သွားကြသည်။.
သူ့နောက်မှ သဲပုံးအကြီးကြီးအားကိုင်ဆွဲလျက် လမ်းလျှောက်နေသော ကောင်ကလေးထက် ရှောင်ပေါ်ဟန်က အနည်းငယ်အရပ်ပိုရှည်သည်။
ထိုကလေးက အနည်းငယ် ယိုင်သွားကာ သဲများ မြေပြင် ပေါ်သို့ ပြန့်ကျဲသွားသည်။


သူတို့နှစ်ယောက်လုံးဟာ ယူနစ် အဆောက်ဦးတစ်ခုသို့ဝင်ရောက်သွားကြသည်။
သူတို့ တံခါးထဲသို့ မဝင်ခင်တွင် သပ်သပ်ရပ်ရပ် ဝတ်ထားသည့် အဘွား တစ်ယောက်က တံခါးဝတွင် ပြုံးလျက် စောင့်ကြို နေ၏။

သူတို့ နှစ်ယောက်ကို မြင်လိုက်သည်နှင့် အဖွားအိုက အမြန် လျှောက်လာကာ ရှောင်ပေါ်ဟန် ၏ ခေါင်းအား ပွတ်သက်လိုက်သည်။
ထို့နောက် နံဘေးရှိ ကောင်ကလေးအားကြည့်ကာ "ရှောင်အာ့ ဒီနေ့ရှောင်ဟန်နဲ့အတူဆော့ရတာ ပျော်ခဲ့လား?
ရှောင့အာ့ ကို အနိုင်ကျင့်ခဲ့သေးလား?"

ကောင်လေးက သဲပုံးကို ကိုင်ထား လျက်အဖွားအား မော့ကြည့်လိုက်သည်။
သူ၏ နုနယ်လှသော မျက်နှာလေးအား ပင့်လျက်"ရှောင်ပေါ်ဟန်က ဒီနေ့......."

အဖွား၏ ဘေးတွင် ရပ်နေသော ကောင်လေးက သူ့အား အေးစက်သော အကြည့်တစ်ချက် ဖြင့်ကြည့်လာသည်။
ကောင်ကလေးက စိတ်ပျံလွင့်သွား၍ အနောက်သို့အနည်းငယ်ယိုင်သွားကာ တိုးတိုးလေးပြောလာ၏။
"ဒီနေ့ ရှောင်ပေါ်ဟန် ... သားကို အနိုင်မကျင့်ဘူး"

အဖွားက ပြုံးလာ၍, သူ၏အိပ်ကပ်ထဲမှ ချောကလက်နှစ်ခု ထုတ်လာကာ, ကောင်လေး၏ လက်ထဲသို့ထည့်ပေးလိုက်၏

အဖွား က ရှောင်ပေါ်ဟန်အား အိမ်ထဲသို့ ခေါ်သွား၏။
နင်အာ က သူ၏အိပ်ထောင်ထဲမှ သော့တစ်ချောင်းအားဆွဲထုတ်လိုက်ကာ မျက်နှာချင်းဆိုင်ရှိ အခန်းတံခါးကို ဖွင့်လိုက်သည်။
သူ၏ ကလေးသံလေးဖြင့် ပြော လိုက်၏
, "တာ့တာ ရှောင်, ရှောင်ဟန်",
ရှောင်ပေါ်ဟန်က နူးညံ့သည့်အသံလေးဖြင့်, "တာ့တာ."

အိမ်ထဲသို့ ဝင်လိုက်ပြီးနောက် ကောင်လေးဟာ သဲပုံးကို ဘေးသို့ချလိုက်သည်။
ထို့နောက် သူ၏အိပ်ကပ်ထဲမှ ချောကလက်ချိုချဉ်အား ဖွင့်ရန်
မစောင့်ဆိုင်းနိုင်တော့ သည့်ပုံဖြင့် အခွံခွာလိုက်၏။
နူးညံ့ကာ ကပ်စီးနေသည့် ချောကလက်များက ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် အရသာရှိသော ချောကလက် ဆော့ အဖြစ်အရည်ပျော်သွားသည်။
ချောကလက်တံဆိတ်မှာ နင်အာ တစ်ခါမှ မကြားဘူး သည့်အပြင် သူ့၏မိဘများကလည်း သူကို မုန့်ဝယ်ကျွေးခဲသည်ပင်။

သူတို့ ချောကလက်ဝယ်လာခဲ့လျှင်တောင် ဈေးထဲရှိ ချောကလက်တံဆိပ် ကိုသာ ဝယ်လာမည် ဖြစ်သည်။
ရှောင်မိသားစု ကအရမ်းချမ်းသာတယ်လို့ပင် မားက ပြောဖူး၏။
ချောကလက်ကနိုင်ငံခြားက လာသဖြင့် လွယ်လွယ်ကူကူဝယ်ယူလို့မရဘဲ မှာယူမှလို့သာရသည်။
ဘာကိုဆိုလိုသည်ကိုတော့ နင်အာလည်းမသိပေ။
သူသိတာကတော့ သူသာ ရှောင်ပေါ်ဟန်နှင့်အတူ ကစားပေးလျှင် အဖွားက သူ့ကို ချောကလက်အပြင် တခြားအရသာရှိသည့်မုန့်များအား ကျွေးလိမ့်မည်ပင်။

အကယ်၍ ရှောင်ပေါ်ဟန်သာ ဒီမှာ မရှိတော့လျှင် သူအရသာရှိတဲ့ ချောကလက်တွေ စားလို့မရနိုင်တော့ဘူး ပေါ့?
ရှောင်ပေါ်ဟန် ကဒီမှာဘဲ ရှိနေရမှာ!


ဖွားဖွား ရှောင်၏အိမ်တွင် ရှောင်ပေါ်ဟန်သူ့အသက် သုံးနှစ်တွင် ရုတ်တရက် ပေါ်လာ ခဲ့သည်။
ထို့နောက် အနီးနားရှိ ကျောင်းသို့ သူနှင့်အတူတူ တက်ခဲ့ကြ၏။
မူလတန်းတက်ရမည့် အရွယ် ဖြစ်လာသဖြင့် မားနဲ့ပါးက သူ့အားရှားရှားပါးပါး ကျောင်းလွယ်အိတ် ‌အကောင်းတစ်လုံး ဝယ်ပေးလာသည်။
နင်အာက ကျောင်းလွယ်အိတ်အား အိပ်ရာခင်းထဲတွင် တိတ်တိတ်လေးဝှက်ထားလိုက်၏။
သူအပျော်လွန်နေ‌၍ တစ်ညလုံးအိပ်မပျော်ခဲ့။
ဧည့်ခန်းထဲတွင် သူမိဘများ စကားပြောနေကြသည်အား သူမတော်တဆ ကြားမိသွား၏။
မျက်နှာချင်းဆိုင် အခန်းမှာ နေတဲ့ကလေးက ကျွန်မတို့သားလေးနဲ့ ကျောင်းအတူတူပဲမလား?
သူတို့ မိသားစုကချမ်းသာတာပဲကို
နိုင်ငံခြားကျူရှင်ဘာလို့ မထားတာလဲ မသိဘူးနော်?"

"ငါလည်း ဘယ်သိပါ့မလဲ မင်းဘာလို့ သွားဂရုစိုက်နေတာလဲ"

"ကျွန်မက ဒီတိုင်းစပ်စုရုံပါပဲ. ခုချိန်ထိ ကလေးမိဘတွေ ပေါ်မလာသေးဘူး, မဟုတ်မှ လွဲရော ... ကလေးကို စွန့်ပစ်ခဲ့တာများလား?"

နင်အာ ကျောပိုးအိတ်အားကိုင်လျက် ရုတ်တရက် အိပ်ချင်ပြေသွား၏။

နောက်နေ့မနက် ကျောင်းသို့သွားသောအခါ, ဖွားဖွားရှောင်က ရှောင်ပေါ်ဟန်အား ကျောင်ကားပေါ်သို့ လိုက်ပို့ပေးသည်။
နင်မားမား ကလည်း နင်အာ ကို အတူ လိုက်ပို့ပေး၏။
သူ ကျောင်းကားပေါ်သို့ ရောက်သောအခါ နင်အာ ဘာလုပ်လို့ဘာကိုင်ရမလဲ မသိတော့။
ကားပေါ်ရှိလူအားလုံးက သူနှင့်စိမ်းနေသလို သူတို့ကလည်းစပ်စပ်စုစုဖြင့် ကြည့်နေကြ၏။
သူလက်သီးကို ကျစ်နေအောင်ဆုတ်လိုက်ကာ မား မှာခဲ့သည်များအား သူမေ့သွားသည်။
ငြိမ်ငြိမ်လေးသာ မတ်တပ်ရပ်နေလိုက်ပြီး သူ၏မျက်နှာမှာ ပိုပိုရဲတက်လာ၏။

"သွားရအောင်"

နွေးထွေးလှသော လက်တစ်စုံက သူ၏လက်ကို ဆုတ်ကိုင်လိုက်ကာ
‌ကား၏အနောက်ဘက်သို့ သူ့အားဦးဆောင်ခေါ်သွားခဲ့သည်။
နင်အာ ခေါင်းမော့လိုက်ကာ သူ့ရှေ့က လူအားတုံးအစွာ ကြည့်လိုက်၏။
သူ၏ ရှုထောင့်မှကြည့်သော်
ရှောင်ပေါ်ဟန်၏ လှပသော ဘေးတစောင်း မျက်နှာကို သာမြင်ရသည်။

သူက အေးစက်နေသည့် မျက်နှာထားရှိနေဆဲဖြစ်ပြီး သူ့အားကြည့်မလာခဲ့။
လစ်လပ်နေသည့် ထိုင်ခုံနှစ်နေရာသို့ ရောက်သောအခါ ရှောင်ပေါ်ဟန်
က နင်အာ အားဂရုမစိုက်ခဲ့သလိုပင်သူထိုင်ချလိုက်သည်။

ဒီအချိန်မှာတော့ နင်အာက သက်သာသွားပြီ ဖြစ်ရာ သူ၏လွယ်အိတ်လေးအား ပေါင်ပေါ်သို့ တင်လိုက်ကာ လိမ်လိမ်မာမာလေးသာ ထိုင်ချလိုက်၏။

ကားကဖြေးညင်းစွာမောင်းနှင်လာသည်။
နင်အာ ကားပြတင်းပေါက် သို့ကြည့်လိုက်သောအခါ နင်မားမားက သူ့အားလက်ရမ်းပြကာ လူအုပ်ထဲသို့ဝင်သွားသည်ကို တွေ့လိုက်ရသည်။
နင်မားမား၏ နောက်ကျောကို ကြည့်နေရင်းနဲ့ သူအချိန်အတော်အကြာ ထိန်းထားခဲ့ရသော မျက်ရည်များက စီးကျလာ၏။
ထိုကောင်လေးက ညင်သာစွာ ငိုရှိုက်နေကာ သူ၏ဘေးရှိရှောင်ပေါ်ဟန် က
တော့ ကားပြတင်းပေါက်မှ ဖြတ်ပြေးနေသည့်သစ်ပင်များကိုသာ စိုက်ကြည့်နေသည်။
အချိန်အတော်ကြာပြီးနောက် သူ၏ငိုရှိုက်သံက ရှောင်ပေါ်ဟန်အား အနည်းငယ်စိတ်အနှောက်ယှက် ဖြစ်လာ‌သည်။
ပြတင်းပေါက်၏အစွန်း အား သူအရင်က ဆော့ဖူးသည့်ဂိမ်းစက်ကဲ့သို့တစ်တောက်တောက်ခေါက်နေ၏။
နောက်ဆုံးမှာတော့ ရှောင်ပေါ်ဟန် ခေါင်းကိုလှည့်လိုက်ကာ အေးစက်သောလေသံဖြင့်ပြောလိုက်သည်။
"မငိုနဲ့"
နင်အာက မျက်ရည်များ ဘူးသီးလုံးလောက်ကျနေပြီး ဘယ်ကမှန်း မသိတဲ့ သတ္တိများ ထွက်လာသည်လည်း သူမသိပေ။
သူအမှန်တကယ်ပင် လက်ကို ဆန့်လိုက်ကာ ရှောင်ပေါ်ဟန်၏လက်အားဆုတ်ကိုင်လိုက်၏။
ရှောင်ပေါ်ဟန် ပထမဆုံးအကြိမ်အဖြစ် သူ၏မျက်နှာထက် အံ့ဩရိပ်များ ပေါ်လာသည်။
နွေးထွေး နေသည့်လက်ကလေးအားသူ ဆုတ်ကိုင်လိုက်ပြီး ချောင်းဟန့်လိုက်ကာ
. "ရှောင်ပေါ်ဟန်, ငါ လည်း မင်း မင်းကို မငိုစေချင်ဘူး, မငိုပါနဲ့, မ ... ဝါး ... မငိုပါနဲ့......"

"ငါမငိုဘူး." ရှောင်ပေါ်ဟန်က
သူ၏နှုတ်ခမ်းများကို မကျေနပ်သည့်ပုံဖြင့် ဖိထားလိုက်၏။

နင်အာက ပိုမို ကျယ်လောင်စွာ ငိုလာ၍: "မငို, ဟင်း ... ငါ ... ငါမင်းကို, ငါ ..."
သူမျက်ရည်များဖြင့်ရွှဲနေသည်။
သူ၏ငိုသံက အခြားကလေးများကိုလည်းကူးသွားသည့်ပုံပင်
အချိန်အတော်ကြာတော့ နောက်ထပ် ကျယ်လောင်သောငိုသံက ကားထဲတွင် ထွက်ပေါ်လာ၏။
ကလေးများက သူတို့မိဘများအား အော်ခေါ်နေပြီး ဆရာမများကလည်း ပြန်လည်ချော့ပေးနေသည်။

သူ၏ ဘေးထိုင်ခုံရှိကလေးက ဆိုးဆိုးဝါးဝါး ငိုနေသဖြင့် ရှောင်ပေါ်ဟန် မျက်နှာငယ်လေးဖြင့် အေးခဲသွား၏။

အချိန် အတော်အကြာတွင် တစ်ယောက်က သူ့အား ပွေ့ဖက်လာသည်အား နင်အာ ခံစားမိသည်။
ထိုသူ၏အသံက တခြားသော အချိန်များဖြင့်မတူဘဲ နူးညံ့ပြီးတည်ငြိမ်နေ၏။
ငှက်သိုက်မုန့်ကဲ့သို့ ချိုမြနူးညံ့နေပြီး နင်အား အငိုရပ်သွားစေ ကာကြောင်တောင်တောင်လေး ဖြစ်သွားသည်။

"ရှောင်အာ့, ငါဒီမှာ အမြဲရှိနေမှာမို့ မငိုပါနဲ့"



"နင်အာ,နင်အာ! ဆရာမရောက်နေပြီ, မြန်မြန်ထတော့!"
ကျင်းမင်ကျောင်း ၏စာသင်ခန်းထဲသို့ ဆရာတစ်ယောက် ဝင်လာသောအခါ အတန်းထဲရှိဆူညံသံများ ဖြေးညင်းစွာ တိတ်ဆိတ် သွား၏။
အချိန်အတော်ကြာပြီးနောက် ဆရာက လွန်ခဲ့တဲ့ အပတ်က ဖြေခဲ့တဲ့ စာမေးပွဲအ‌ ဖြေစာရွက်တွေအကြောင်း ပြောလာသောအခါ ပြတင်းပေါက်နားတွင်ထိုင်သည့်ကောင်လေးက နှိုးလာပြီဖြစ်သည်။
သူ၏ နွမ်းနယ်နေသော မျက်ခွံများကို ပွတ်လိုက်ပြီးနောက် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
အရောင်ဖျော့နေသည့် မျက်ဝန်းများက ပယင်းရောင်ကဲ့သို့ နေရောင်ခြည်အောက် လှပစွာတောက်ပနေသည်။
သူ့အားအနည်းငယ် စိတ်အဆင်မပြေဖြစ်စေသည့် ကလေးဘဝကအမှတ်တရအား အိပ်မက်ပြန်မက်ခဲ့သည်။
ဘောပင်အိတ်ထဲမှ ဘောပင်အနက်ရောင်တစ်ချောင်းအား ထုတ်လိုက်ကာ လက်ချောင်းများထဲ့သို့ထည့်လိုက်ကာ လှည့်နေလိုက်၏။

သင်ခန်းစာ အချိန်ကလျင်မြန်စွာကုန်ဆုံးသွားသည်။
နင်အာက လက်မောင်းကို ခေါင်းအုံးလျက်စားပွဲပေါ်တွင်မှောက်အိပ်လိုက်သည်။
သူ၏လက်ချောင်းများအားပျင်းရိစွာ ကြည့်နေပြီး ဘောပင်အား နှေးကွေးစွာ လှည့်နေသည်။
ယခု သူတို့က အထက်တန်းပထမနှစ် ကျောင်းသားများဖြစ်ကြပြီး သင်ခန်းစာများသည်လည်း ဖိအားမများသေးပေ။
အတန်းမှန်မှန်တက်နေ သမျှ လူတိုင်း လိုက်မှီသည်ပင်။

အတန်းပြီးချိန်မှာတော့ လူတိုင်းကအနား‌ ယူနေကြကာစကားစမြည်ပြောနေကြ၏။

သူမကြိုက်သည့်အိပ်မက်ကိုမက်ခဲ့သဖြင့်နင်အာ စိတ်မပါသလိုခံစားနေရ၍ သူတို့ထဲဝင်ကာ စကားမပြောချင်ခဲ့။
ထိုစဉ်တစ်ယောက်ယောက်က ပြောလာ၏။
"အတန်းခြောက်က ကျောင်းသားအသစ် အကြောင်း ကြားပြီးပြီလား?"





စာရေးဆရာမှာပြောစရာရှိတယ်

နင်အာ: လူလွိင် QAQ!

ရှောင်ပေါ်ဟန်: ...




__

Continue Reading

You'll Also Like

1.3M 115K 42
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
1.7K 88 5
short stories on AbhiRa a couple from yrkkh.... Cover and aesthetics made by @-Sherni-
4.1M 261K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
3.9M 162K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...