အခန်း (၄၂၉) : တာအိုသင်္ချိုင်းမြေ
ဝမ်ဝေ့က သူ့ရှေ့တွင် ရှိနေသည့် ခေါင်းဆောင်းနှင့် ပုံရိပ်အား ကြည့်ကာ တခြားတစ်ဖက်တွင် ဓားမြှောင်ကိုင်ဆောင်ထားသော ကျိုးနေသည့် လက်ကို ကိုင်ထားလိုက်သည်။ သူက အာရုံများနေစဉ် ထိုလူက ရုတ်ချည်းပေါ်ထွက်လာပြီး သူ့အား ထိုးစိုက်ခဲ့လေသည်။
ထိုသူ့အတွက် ကံဆိုးသွားသည်က ဝမ်ဝေ့၏ ခန္ဓာကိုယ်က အကျိုးအကြောင်း မသင့်လောက်အောင်အထိ သန်မာနေပြီဖြစ်၏။ ထို့ကြောင့် ထင်ထားသည့်အတိုင်း ဝမ်ဝေ့အား သတ်ဖြတ်နိုင်မည့်အစား သူ့အထွတ်အထိပ်အဆင့် ဓားမြှောင်သာ ကျိုးသွားခဲ့ပြီး တန်ပြန်သက်ရောက်မှုကြောင့် သူ့လက်ကောက်ဝတ်လည်း ကျိုးသွားခဲ့သည်။
" မင်းက ဘယ်သူလဲ။ ပြီးတော့ ငါ မသိဘဲ ဘယ်လိုလုပ် ရောက်လာနိုင်တာလဲ"
သူက သူ့အလိုလိုသိစိတ် အလုပ်မလုပ်သည်မှာ ထိုလူသည် သူ့အတွက် အန္တရာယ်မဖြစ်၍ ဖြစ်သည်။ သို့သော်လည်း သူ အာရုံများနေလျှင်ပင် ထိုလူက သူ မသိစေဘဲ ဖြတ်လာဖို့ မဖြစ်နိုင်ပေ။
ခေါင်းဆောင်းနှင့် ပုံရိပ်က ဘာမှမပြောပေ။ လုပ်ကြံသတ်ဖြတ်မှု ကျရှုံးသွားပြီဖြစ်၍ သူက နောက်ပြန်ဆုတ်ရမည်။ သူ့အနောက်ဘက်တွင် အာကာပြင်အက်ကြောင်း တစ်ခု ပေါ်ထွက်လာပြီး သူက ချက်ချင်းဆိုသလို ကိုယ်ပျောက်သွားလေသည်။ သူ့အတွက် ကံဆိုးသည်က သူ ထွက်မသွားခင် ဝမ်ဝေ့က လက်သီးဆုပ်လိုက်သည်။
ထိုလှုပ်ရှားမှုလေးဖြင့် ကောင်းကင်အထက်တွင် ဧရာမလေမုန်တိုင်းတစ်ခု ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်အား နှောင့်ယှက်နေကာ လုပ်ကြံသူ ထွက်မသွားနိုင်အောင် တားဆီးထားလေသည်။ သူ့အစစ်အမှန် အမြင်အာရုံဖြင့်ပင် ထိုအပြုအမူကို မမြင်နိုင်သည်မှာ ထူးဆန်းလှသည်။
ထို့ကြောင့် သူက အမြင်အာရုံအပေါ် နောက်ထပ်တစ်ခု ထပ်မံပေါင်းထည့်လိုက်သည်။ ကံစွမ်းအား ဖြစ်၏။ လုပ်ကြံသတ်ဖြတ်သူက သူ့အား သတ်ဖြတ်ဖို့ ကြိုးစားခဲ့သောကြောင့် သူတို့ကြားတွင် အကျိုးနှင့်အကြောင်း ရှိရမည်။ ထိုကြိုးမျှင်နောက်မှ လိုက်ကာ အရှေ့မြောက်ဘက်စူးစူးသို့ ပြိုင်ဘက်ကင်းအလျင်ဖြင့် ပျံသန်းသွားနေသည့် တစ်စုံတစ်ယောက်ကို မြင်လိုက်ရ၏။
သူက ခြေတစ်လှမ်းဖြင့် ထိုလုပ်ကြံသတ်ဖြတ်သူရှေ့တွင် ပေါ်ထွက်လာပြီး လက်ဝှေ့လိုက်သည့်အခါ ထိုလူက မလှုပ်ရှားနိုင်တော့ပေ။ ခေါင်းဆောင်းပုံရိပ်က သူ့ကို ချည်နှောင်ထားသည့် မမြင်ရသော ကြိုးမြောက်များစွာကို မမြင်နိုင်ပေ။
သူက ဘယ်လိုလုပ် ငါ့ကို မြင်နိုင်တာလဲ ....
ထိုစဉ် ဝမ်ဝေ့က ထိုလူအား ခြုံငုံကြည့်လိုက်သည်။
" မင်းက မရဏအမိန့်နန်းတော်က မဟုတ်ဘူး။ သူတို့က စည်းမျဉ်းချိုးဖောက်ပြီးတော့ ငါ့ကို သတ်ဖြတ်ဖို့ အစစ်အမှန်အုပ်ချုပ်သူကို လွှတ်မှာမဟုတ်ဘူး။ ဒီလိုဆိုတော့ မင်းက အရိပ်သတ်ဖြတ်သူ ဗိမာန်ကပဲ ဖြစ်ရမယ်။ တစ်ယောက်ယောက်က ငါ့ခေါင်းကို အလိုရှိနေတာလား။ မဟုတ်သေးဘူး။ ပိုပြီးအရေးကြီးတာက မင်းတို့တွေက ဒီမျိုးဆက်မှာ ပြန်လည်ပေါ်ထွက်လာကြပြီလား"
ဝမ်ဝေ့က အရိပ်သတ်ဖြတ်သူဗိမာန်သည် မရဏနန်းတော်ကဲ့သို့ လုပ်ကြံသတ်ဖြတ်သူအဖွဲ့ ဖြစ်ကြောင်း သိထားသည်။ သို့သော်လည်း ထိုအဖွဲ့နှင့် မတူသည်က သူတို့သည် စည်းမျဉ်း သို့မဟုတ် အဟန့်အတားမျိုး မရှိကြပေ။ တစ်စုံတစ်ယောက်က ပိုက်ဆံလုံလုံလောက်လောက် ပေးသရွေ့ သူတို့က ပစ်မှတ်ကို သတ်ဖြတ်ကြလိမ့်မည်။
ထိုအကြောင်းအရင်းကြောင့် ဧကရာဇ်မျိုးနွယ်အများစုက သူတို့နှင့် ပတ်သက်ပြီး မကျေနပ်ကြသည့်အတွက် ပူးပေါင်းကာ အရိပ်သတ်ဖြတ်သူဗိမာန်၏ ဌာနချုပ်ကို ရှာဖွေပြီး ဖျက်ဆီးခဲ့ကြသည်။
ကံဆိုးစွာဖြင့် အရိပ်သတ်ဖြတ်သူဗိမာန်သည် ခေတ္တမျှငြိမ်နေပြီးသည့်နောက်တွင် အမြဲလိုလို ပြန်လည်ပေါ်ထွက်လာလေ့ ရှိသည်။ သူတို့ကို မည်မျှပင် ဖျက်ဆီးပစ်စေကာမူ သူတို့က ထပ်မံ ပေါ်ထွက်လာစမြဲသာ ဖြစ်၏။
ထိုအဖွဲ့အစည်း၏ ထူးခြားသည့်အချက်မှာ သူတို့က ဧကရာဇ်မျိုးနွယ်၊ တာအိုမျိုးနွယ် သို့မဟုတ် မသေမျိုးမျိုးနွယ်ပင် မဟုတ်ကြပေ။ သူတို့က အထွတ်အထိပ်နယ်မြေ တစ်ခုမျှသာဖြစ်သော်လည်း လျှို့ဝှက်ဆန်းကြယ်ကာ အားကောင်းလွန်းလှသည်။
သူတို့ကို ဖျက်ဆီးလိုက်သည့် အချိန်တိုင်း သူတို့က ခေတ္တမျှ ငြိမ်သက်ပြီးသည့်နောက်တွင် ပြန်လည်ပေါ်ထွက်လာကြသည်။ ဧကရာဇ်မျိုးနွယ်များက ဘိုးဘေးအဆင့် ပုဂ္ဂိုလ်များကို စေလွှတ်ကာ သူတို့နောက်ကွယ်မှ လူကို စုံစမ်းခဲ့သော်လည်း ဘာမှ မတွေ့ရှိရပေ။
ဝမ်ဝေ့ သိထားသလောက် မဟာဧကရာဇ်တချို့က ထိုအင်အားစု၏ နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်မှုကို ရှာဖွေဖို့ ကြိုးစားခဲ့ကြဖူးသည်။ သူတို့ရရှိသည့် အဖြေမှာ ထိုအဖွဲ့အစည်းက တာအိုသင်္ချိုင်းမြေနှင့် ပတ်သက်နေကြောင်း ဖြစ်၏။ ထိုအရာက အသင်္ချေအင်ပါယာကမ္ဘာတွင် တားမြစ်နယ်မြေ ၆ ခုထဲမှ တစ်ခုဖြစ်သည်။
တားမြစ်နေရာများအတွင်း တာအိုသင်္ချိုင်းမြေသည် အားအကောင်းဆုံး မဟုတ်လျှင်ပင် ဖြေရှင်းဖို့ အခက်ဆုံးဖြစ်ပြီး ကမ္ဘာတစ်ခုလုံးထံ အန္တရာယ်အများဆုံး ပေးနိုင်သူလည်း ဖြစ်သည်။ အကြောင်းမှာ သူတို့က ခိုးကြောင်ခိုးဝှက်လုပ်ကြ၍ ဖြစ်သည်။
အချိန်အနည်းငယ်ကြာမြင့်တိုင်း သူတို့၏ မျက်နှာများကို အနက်ရောင်မြူများဖြင့် ဖုံးအုပ်ထားသည့် ပုံရိပ်များစွာက ထိုနေရာမှ ထွက်ပေါ်လာပြီး သူတို့လမ်းကြောင်းတွင် ရှိနေသမျှအရာအားလုံး သေမျိုးဖြစ်စေ၊ ကျင့်ကြံသူဖြစ်စေ၊ နတ်ဆိုးဖြစ်စေ၊ အရာအားလုံးကို သတ်ဖြတ်ပြီး သူတို့၏ အဆီအနှစ်ကို စုပ်ယူတတ်ကြသည်။
သို့သော်လည်း ထိုလူများက အားကောင်းသည့် ဧကရာဇ်မျိုးနွယ် သို့မဟုတ် သူတို့မဟာမိတ်များ၏ ပိုင်နက်များကိုမူ မတိုက်ခိုက်ကြပေ။ သူတို့က ထိုမျိုးနွယ်များ၏ အခြေစိုက်ကို တိုက်ရိုက် တိုက်ခိုက်ခြင်း မရှိဖူးပေ။
အားနည်းသည့် ဧကရာဇ်မျိုးနွယ်များ၏ ပိုင်နက်အတွက်မူ သူတို့က ချမ်းသာမပေးပေ။ ထိုဂိုဏ်းများက သူတို့၏ တာအိုဘိုးဘေးများနှင့် ထာဝရအရှင်များကို နိုးထစေလျှင်ပင် ထိုကျင့်ကြံသူများနှင့် လက်ရည်ယှဉ်နိုင်သည့် တားမြစ်နေရာမှ လူများ ထွက်ပေါ်လာတတ်ကြသည်။
ပို၍ဆိုးရွားသည်က သူတို့ထွက်ပေါ်လာသည့်အချိန်သည် အတိအကျ မဟုတ်ပေ။ တစ်ခါတစ်ရံတွင် မျိုးဆက်တစ်ခုပြီးမှ ထွက်ပေါ်လာလေ့ရှိပြီး တစ်ခါတစ်ရံတွင် ပြန်လည်ပေါ်ထွက်လာဖို့ မျိုးဆက်ဒါဇင်ချီ စောင့်ဆိုင်းရတတ်သည်။
မဟာဧကရာဇ်များက ထိုပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့သော်လည်း တားမြစ်နယ်မြေဟု သတ်မှတ်ထားသည့် အကြောင်းအရင်း တစ်ချက်က ရှိနေသေးသည်။ ဒုတိယတန်းစား မဟာဧကရာဇ်များစွာက အထဲတွင် သေဆုံးသွားကြပြီး ပထမတန်းစား မဟာဧကရာဇ်များပင် ဒဏ်ရာအပြင်းအထန်ရပြီး ထွက်ပြေးခဲ့ကြရသည်။ တချို့မူ အထဲတွင် သေဆုံးခဲ့ကြရ၏။
ထာဝရဧကရာဇ်အတွက်လား ...
ထိုတားမြစ်နေရာ၏ နာမည်ကျော်မှုက ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထာဝရဧကရာဇ်တစ်ပါး မွေးဖွားလာသည်နှင့် ထိုနေရာတစ်ခုလုံးက အစအနမရှိ ပျောက်ကွယ်သွားတတ်ကြသည်။ ထာဝရဧကရာဇ်ပင် သူတို့ကို ရှာမတွေ့နိုင်တော့ပေ။
ထိုအကြောင်းအရင်းကြောင့် ထိုတားမြစ်နေရာသည် ရှေးဟောင်းဧကရာဇ်ခေတ်ကာလကတည်းက တည်ရှိနေခဲ့၏။
သူက ငါ့ဇစ်မြစ်ကို ဘယ်လိုလုပ်သိတာလဲ ....
ခေါင်းဆောင်းနှင့် ပုံရိပ်က စဉ်းစားလိုက်သည်။
ဝမ်ဝေ့က ထိုလူ၏ ကံကြမ္မာကြိုးမျှင်ကို ဖတ်ရှုနေခြင်း ဖြစ်၏။ ထိုလုပ်ကြံသူက သူ့ကံကြမ္မာကြိုးမျှင်ကို တားဆီးသည့် မှော်အသုံးအဆောင်ပစ္စည်းများ ရှိထားသော်လည်း ဝမ်ဝေ့၏ လက်ရှိစွမ်းအားအပြင် ကံနှင့် ကံကြမ္မာပေါင်းစပ်ထားသည့် စွမ်းအားကြောင့် သူက သတင်းအချက်အမြောက်အများကို ရယူနိုင်လိုက်သည်။
သူ့မျက်ဝန်းအတွင်း ထိုအရိပ်သတ်ဖြတ်သူဗိမာန်ထဲတွင် ကြုံတွေ့ခဲ့ရသည့် ရက်စက်သော လေ့ကျင့်ရေးများကိုလည်း မြင်လိုက်ရသည်။ သူ လုပ်ကြံသတ်ဖြတ်သူအဖြစ် ရှိနေစဉ်အတွင်း တိတ်တဆိတ် သတ်ဖြတ်ခဲ့သည့် လူအားလုံးကိုလည်း မြင်လိုက်သည်။
ကံဆိုးစွာဖြင့် သူက သူ့ခေါင်းအတွက် ဆုလာဘ်ထားသူကို ရှာမတွေ့ခဲ့ပေ။ သို့သော် ထိုလူသည် သူ့အာရုံမှ မည်သို့ လွတ်မြောက်သွားသည်ကို မသိရသေးပေ။ ဗိမာန်က ထိုလူအား ထိုတာဝန်ကို အောင်မြင်ဖို့အတွက် ပင်ကိုရတနာတစ်ခု ထုတ်ပေးခဲ့သည်။
ကိုယ်ပျောက်စွမ်းရည်ရှိသည့် အရာတစ်ခု ဖြစ်၏။
" ငါ့ကံက ကောင်းလာတဲ့ပုံပဲ။ ပင်ကိုရတနာနှစ်ခုကို တစ်ခုပြီးတစ်ခု ဆက်တိုက်ရလိုက်တာပဲ" ဝမ်ဝေ့က ရေရွတ်လိုက်ပြီးနောက် သူ့ချီကံကောင်းမှုကို စစ်ဆေးကြည့်ပြီး ထိုအရာဖြင့် သူ့အား ထောင်ချောက်ဆင် မဖမ်းနိုင်ရန် သေချာအောင် စစ်ဆေးကြည့်လိုက်သည်။
ကံကောင်းခြင်းက ကိစ္စကောင်း ဖြစ်သော်လည်း ကံအရမ်းကောင်းလွန်းခြင်းမှာ တစ်စုံတစ်ခု မှားယွင်းနေသည့် လက္ခဏာ ဖြစ်၏။ ထို့ကြောင့် သူက သေချာအောင် ပြုမူရသည်။
" ငါက နည်းစနစ်တစ်ခု ဖန်တီးထားတာဆိုတော့ မင်းအပေါ် စမ်းကြည့်ရအောင်" ဝမ်ဝေ့က ပြုံးလိုက်ပြီးနောက် ကြောက်ရွံ့နေသည့် လုပ်ကြံသတ်ဖြတ်သူကို ကြည့်လိုက်သည်။
" ကံကြမ္မာ ဖြတ်တောက်ခြင်း"
လုပ်ကြံသတ်ဖြတ်သူက သူနှင့် ဆက်နွယ်နေသည့် အဝါရောင်ကြိုးမျှင် မြောက်များစွာ ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။ ထိုစဉ် ထိုကြိုးမျှင်များကို တစ်ခုပြီးတစ်ခု ဖြတ်တောက်နေသည့် ဓားတစ်ချောင်း ပေါ်ထွက်လာသည်ကိုလည်း မြင်လိုက်ရသည်။ ထို့နောက် ချက်ချင်းဆိုသလို သူ့မျက်နှာအထက် ကြောက်ရွံ့သည့် အမူအရာတစ်ခု ပေါ်ထွက်လာသည်။
သူက သူ့တည်ရှိမှုသည် ပယ်ဖျက်ခံနေရကြောင်း ခံစားမိလိုက်၏။ သူ့တည်ရှိမှုအကြောင်း သိထားသည့် လူအားလုံးက သူ့အကြောင်း မှတ်ဉာဏ်အားလုံးကို အတင်းအကြပ် ဖျောက်ဖျက်ခံလိုက်ရသည်။ ဗိမာန်အတွင်းမှ သူ့ပြိုင်ဘက်များဖြစ်စေ၊ နည်းပြဖြစ်စေ၊ ခေါင်းဆောင်ဖြစ်စေ သို့မဟုတ် သူချစ်မြတ်နိုးရသူလည်း အပါအဝင်သာ ဖြစ်၏။
သူက ဒဏ်ရာရနေစဉ်အတွင်း သူမနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်၏။ သူက သူစိမ်းတစ်ယောက်ဖြစ်နေသော်လည်း သူမက ဆေးကုသပေးခဲ့ပြီး ကြင်ကြင်နာနာ ဆက်ဆံပေးခဲ့သည်။ သူ တွေ့ဖူးသမျှ လူများထဲ သူမက အကြင်နာဆုံး ဖြစ်သောကြောင့် သူ့ဇစ်မြစ်ကို သူမဆီမှ ဝှက်ထားခဲ့သည်။
သူမနှင့် လက်တွဲဖော် ဖြစ်လာပြီးသည့်နောက်တွင် သူက တာဝန်မရှိသရွေ့ အတူတူ အချိန်ကုန်ဆုံးလေ့ရှိသည်။
သူ့ခေါင်းဆောင်က ယခုတစ်ခေါက် တာဝန်သည် ကျရှုံးနိုင်ချေများကြောင်း ပြောပြခဲ့သော်လည်း သူ အောင်မြင်မည်ဆိုပါက လွတ်လပ်ခွင့်ကို ရယူပြီး အမှန်တကယ် အခြေချနိုင်လိမ့်မည်။ လုပ်ကြံသတ်ဖြတ်သူက သူ့ခေါင်းဆောင်သည် လိမ်ညာနေတာ ဖြစ်နိုင်ကြောင်း သိထားသော်လည်း စတေးဖို့ရာ တုံ့ဆိုင်းနေခြင်း မရှိပေ။ အကြောင်းမှာ သူမနှင့် အတူတူ ရှိနိုင်မည့် အခွင့်အရေးဖြစ်နေ၍ ဖြစ်သည်။
ယခုတွင်မူ သူက သူမအတွက် မတည်ရှိတော့ပေ။ သူမက သူတို့ အတူတူ ပျော်ဖူးခဲ့သမျှ အချိန်များ၊ ဝမ်းနည်းမှုများ၊ မှတ်ဉာဏ်များကို မှတ်မိတော့မည် မဟုတ်ပေ။ ထိုကြိုးမျှင်တစ်ခု ဖြတ်တောက်လိုက်တိုင်း လုပ်ကြံသတ်ဖြတ်သူက သူ့အစိတ်အပိုင်းတစ်ခုသည် ပျောက်ကွယ်သွားပြီး သူ့တည်ရှိမှု အရိပ်အယောင်အားလုံး အတင်းအကြပ် ဖျောက်ဖျက်ခံလိုက်ရသည်ကို ခံစားမိလိုက်သည်။ ထိုကြိုးမျှင်အားလုံး ဖြတ်တောက်ပြီးသည်နှင့် သူက သေဆုံးသွားနိုင်ကြောင်း သိထားသည်။
သို့သော်လည်း သူက မှားယွင်းသွားခဲ့၏။ ထိုကြိုးမျှင်များအားလုံးကို ဖြတ်တောက်ပြီးသည့်နောက်တွင် သူ့အနားတွင် အကာအရံတစ်ခု ပေါ်ထွက်လာပြီး သူ့အား ကမ္ဘာမှ ပျောက်ပျက်မသွားအောင် ကာကွယ်ပေးထားဟန်ပေါ်သည်။
ထိုစဉ် ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။ သူက ထိုနည်းစနစ်ကို နောင်အနာဂတ်တွင် ထာဝရဧကရာဇ်များနှင့် ရင်ဆိုင်ဖြေရှင်းဖို့ ရှေ့ပြေးပုံစံအဖြစ် ဖန်တီးထားခြင်း ဖြစ်သည်။ သူတို့၏ အကျိုးအကြောင်းအရာအားလုံးကို ဖျောက်ဖျက်ခြင်းဖြင့် သူတို့၏ တည်ရှိမှုကို ပယ်ဖျက်နိုင်လိမ့်မည်။
သမိုင်းကြောင်းမှာ သူတို့၏ အောင်မြင်မှုများ၊ သူတို့နာမည် ရေးထွင်းထားသည့် စာရွက်စာတမ်းများ၊ သူတို့ကို မှတ်မိသည့်လူအားလုံးလည်း အပါအဝင် ဖြစ်၏။
ဤသည်က သူ မျက်မှောင်ကြုတ်လိုက်ရသည့် အကြောင်းအရင်း မဟုတ်ပေ။ သူက ဤရှေ့ပြေးပုံစံနှင့် ပတ်သက်ပြီး အလွန်ကျေနပ်နေမိသည်။ သူ မျက်မှောင်ကြုတ်လိုက်ရသည့် အကြောင်းအရင်းမှာမူ သူ့မန္တန်မှ သက်ရောက်ခြင်း မရှိသည့် တည်ရှိမှုတစ်ခုကို ခံစားလိုက်ရ၍ ဖြစ်သည်။
ထိုတည်ရှိမှုက ဤလုပ်ကြံသတ်ဖြတ်သူနှင့် ကံကြိုးမျှင် ရှိမနေပေ။ ပြောရလျှင် အနည်းဆုံးတော့ ဝမ်ဝေ့ ယခု မမြင်နိုင်သေးပေ။ ဝမ်ဝေ့က ထိုလူသည် ထိုမန္တန်ဖြင့် သက်ရောက်မခံရကြောင်း ခံစားမိလိုက်စဉ် ထိုတည်ရှိမှုက လုပ်ကြံသတ်ဖြတ်သူကို အလိုရှိပါက အမှတ်ရနေနိုင်ပြီး သူ့အား ပျောက်ကွယ်သွားခြင်းမှ ကာကွယ်ပေးထားနိုင်သည်။
ဒီလူက တာအိုသင်္ချိုင်းမြေနဲ့ ဆက်နွယ်နေတဲ့လူများ ဖြစ်နေမလား
ထိုသို့စဉ်းစားပြီးသည့်နောက်တွင် သူက လက်ဝှေ့လိုက်ပြီးနောက် လုပ်ကြံသတ်ဖြတ်သူအား ပုတီးစေ့အဖြစ် ပြောင်းကာ အထဲတွင် စည်းပိတ်ထားလိုက်သည်။ ထိုသူက တခြားအသုံးဝင်သည့် အရာများရှိလာနိုင်သည်ဟု ထင်နေမိသည်။
ထို့နောက် သူက တုံ့ဆိုင်းခြင်းမရှိ လေဟာနယ်ကို ဆုတ်ဖြဲကာ ယုမိသားစုနယ်မြေသို့ ဦးတည်လိုက်သည်။
*************
အခန္း (၄၂၉) : တာအိုသခ်ႋဳင္းေျမ
ဝမ္ေဝ့က သူ႔ေရွ႕တြင္ ရွိေနသည့္ ေခါင္းေဆာင္းႏွင့္ ပုံရိပ္အား ၾကည့္ကာ တျခားတစ္ဖက္တြင္ ဓားေျမႇာင္ကိုင္ေဆာင္ထားေသာ က်ိဳးေနသည့္ လက္ကို ကိုင္ထားလိုက္သည္။ သူက အာ႐ုံမ်ားေနစဥ္ ထိုလူက ႐ုတ္ခ်ည္းေပၚထြက္လာၿပီး သူ႔အား ထိုးစိုက္ခဲ့ေလသည္။
ထိုသူ႔အတြက္ ကံဆိုးသြားသည္က ဝမ္ေဝ့၏ ခႏၶာကိုယ္က အက်ိဳးအေၾကာင္း မသင့္ေလာက္ေအာင္အထိ သန္မာေနၿပီျဖစ္၏။ ထို႔ေၾကာင့္ ထင္ထားသည့္အတိုင္း ဝမ္ေဝ့အား သတ္ျဖတ္ႏိုင္မည့္အစား သူ႔အထြတ္အထိပ္အဆင့္ ဓားေျမႇာင္သာ က်ိဳးသြားခဲ့ၿပီး တန္ျပန္သက္ေရာက္မႈေၾကာင့္ သူ႔လက္ေကာက္ဝတ္လည္း က်ိဳးသြားခဲ့သည္။
" မင္းက ဘယ္သူလဲ။ ၿပီးေတာ့ ငါ မသိဘဲ ဘယ္လိုလုပ္ ေရာက္လာႏိုင္တာလဲ"
သူက သူ႔အလိုလိုသိစိတ္ အလုပ္မလုပ္သည္မွာ ထိုလူသည္ သူ႔အတြက္ အႏၲရာယ္မျဖစ္၍ ျဖစ္သည္။ သို႔ေသာ္လည္း သူ အာ႐ုံမ်ားေနလွ်င္ပင္ ထိုလူက သူ မသိေစဘဲ ျဖတ္လာဖို႔ မျဖစ္ႏိုင္ေပ။
ေခါင္းေဆာင္းႏွင့္ ပုံရိပ္က ဘာမွမေျပာေပ။ လုပ္ႀကံသတ္ျဖတ္မႈ က်ရႈံးသြားၿပီျဖစ္၍ သူက ေနာက္ျပန္ဆုတ္ရမည္။ သူ႔အေနာက္ဘက္တြင္ အာကာျပင္အက္ေၾကာင္း တစ္ခု ေပၚထြက္လာၿပီး သူက ခ်က္ခ်င္းဆိုသလို ကိုယ္ေပ်ာက္သြားေလသည္။ သူ႔အတြက္ ကံဆိုးသည္က သူ ထြက္မသြားခင္ ဝမ္ေဝ့က လက္သီးဆုပ္လိုက္သည္။
ထိုလႈပ္ရွားမႈေလးျဖင့္ ေကာင္းကင္အထက္တြင္ ဧရာမေလမုန္တိုင္းတစ္ခု ေပၚထြက္လာၿပီး ပတ္ဝန္းက်င္အား ေႏွာင့္ယွက္ေနကာ လုပ္ႀကံသူ ထြက္မသြားႏိုင္ေအာင္ တားဆီးထားေလသည္။ သူ႔အစစ္အမွန္ အျမင္အာ႐ုံျဖင့္ပင္ ထိုအျပဳအမူကို မျမင္ႏိုင္သည္မွာ ထူးဆန္းလွသည္။
ထို႔ေၾကာင့္ သူက အျမင္အာ႐ုံအေပၚ ေနာက္ထပ္တစ္ခု ထပ္မံေပါင္းထည့္လိုက္သည္။ ကံစြမ္းအား ျဖစ္၏။ လုပ္ႀကံသတ္ျဖတ္သူက သူ႔အား သတ္ျဖတ္ဖို႔ ႀကိဳးစားခဲ့ေသာေၾကာင့္ သူတို႔ၾကားတြင္ အက်ိဳးႏွင့္အေၾကာင္း ရွိရမည္။ ထိုႀကိဳးမွ်င္ေနာက္မွ လိုက္ကာ အေရွ႕ေျမာက္ဘက္စူးစူးသို႔ ၿပိဳင္ဘက္ကင္းအလ်င္ျဖင့္ ပ်ံသန္းသြားေနသည့္ တစ္စုံတစ္ေယာက္ကို ျမင္လိုက္ရ၏။
သူက ေျခတစ္လွမ္းျဖင့္ ထိုလုပ္ႀကံသတ္ျဖတ္သူေရွ႕တြင္ ေပၚထြက္လာၿပီး လက္ေဝွ႔လိုက္သည့္အခါ ထိုလူက မလႈပ္ရွားႏိုင္ေတာ့ေပ။ ေခါင္းေဆာင္းပုံရိပ္က သူ႔ကို ခ်ည္ေႏွာင္ထားသည့္ မျမင္ရေသာ ႀကိဳးေျမာက္မ်ားစြာကို မျမင္ႏိုင္ေပ။
သူက ဘယ္လိုလုပ္ ငါ့ကို ျမင္ႏိုင္တာလဲ ....
ထိုစဥ္ ဝမ္ေဝ့က ထိုလူအား ၿခဳံငုံၾကည့္လိုက္သည္။
" မင္းက မရဏအမိန႔္နန္းေတာ္က မဟုတ္ဘူး။ သူတို႔က စည္းမ်ဥ္းခ်ိဳးေဖာက္ၿပီးေတာ့ ငါ့ကို သတ္ျဖတ္ဖို႔ အစစ္အမွန္အုပ္ခ်ဳပ္သူကို လႊတ္မွာမဟုတ္ဘူး။ ဒီလိုဆိုေတာ့ မင္းက အရိပ္သတ္ျဖတ္သူ ဗိမာန္ကပဲ ျဖစ္ရမယ္။ တစ္ေယာက္ေယာက္က ငါ့ေခါင္းကို အလိုရွိေနတာလား။ မဟုတ္ေသးဘူး။ ပိုၿပီးအေရးႀကီးတာက မင္းတို႔ေတြက ဒီမ်ိဳးဆက္မွာ ျပန္လည္ေပၚထြက္လာၾကၿပီလား"
ဝမ္ေဝ့က အရိပ္သတ္ျဖတ္သူဗိမာန္သည္ မရဏနန္းေတာ္ကဲ့သို႔ လုပ္ႀကံသတ္ျဖတ္သူအဖြဲ႕ ျဖစ္ေၾကာင္း သိထားသည္။ သို႔ေသာ္လည္း ထိုအဖြဲ႕ႏွင့္ မတူသည္က သူတို႔သည္ စည္းမ်ဥ္း သို႔မဟုတ္ အဟန႔္အတားမ်ိဳး မရွိၾကေပ။ တစ္စုံတစ္ေယာက္က ပိုက္ဆံလုံလုံေလာက္ေလာက္ ေပးသေ႐ြ႕ သူတို႔က ပစ္မွတ္ကို သတ္ျဖတ္ၾကလိမ့္မည္။
ထိုအေၾကာင္းအရင္းေၾကာင့္ ဧကရာဇ္မ်ိဳးႏြယ္အမ်ားစုက သူတို႔ႏွင့္ ပတ္သက္ၿပီး မေက်နပ္ၾကသည့္အတြက္ ပူးေပါင္းကာ အရိပ္သတ္ျဖတ္သူဗိမာန္၏ ဌာနခ်ဳပ္ကို ရွာေဖြၿပီး ဖ်က္ဆီးခဲ့ၾကသည္။
ကံဆိုးစြာျဖင့္ အရိပ္သတ္ျဖတ္သူဗိမာန္သည္ ေခတၱမွ်ၿငိမ္ေနၿပီးသည့္ေနာက္တြင္ အၿမဲလိုလို ျပန္လည္ေပၚထြက္လာေလ့ ရွိသည္။ သူတို႔ကို မည္မွ်ပင္ ဖ်က္ဆီးပစ္ေစကာမူ သူတို႔က ထပ္မံ ေပၚထြက္လာစၿမဲသာ ျဖစ္၏။
ထိုအဖြဲ႕အစည္း၏ ထူးျခားသည့္အခ်က္မွာ သူတို႔က ဧကရာဇ္မ်ိဳးႏြယ္၊ တာအိုမ်ိဳးႏြယ္ သို႔မဟုတ္ မေသမ်ိဳးမ်ိဳးႏြယ္ပင္ မဟုတ္ၾကေပ။ သူတို႔က အထြတ္အထိပ္နယ္ေျမ တစ္ခုမွ်သာျဖစ္ေသာ္လည္း လွ်ိဳ႕ဝွက္ဆန္းၾကယ္ကာ အားေကာင္းလြန္းလွသည္။
သူတို႔ကို ဖ်က္ဆီးလိုက္သည့္ အခ်ိန္တိုင္း သူတို႔က ေခတၱမွ် ၿငိမ္သက္ၿပီးသည့္ေနာက္တြင္ ျပန္လည္ေပၚထြက္လာၾကသည္။ ဧကရာဇ္မ်ိဳးႏြယ္မ်ားက ဘိုးေဘးအဆင့္ ပုဂၢိဳလ္မ်ားကို ေစလႊတ္ကာ သူတို႔ေနာက္ကြယ္မွ လူကို စုံစမ္းခဲ့ေသာ္လည္း ဘာမွ မေတြ႕ရွိရေပ။
ဝမ္ေဝ့ သိထားသေလာက္ မဟာဧကရာဇ္တခ်ိဳ႕က ထိုအင္အားစု၏ ေနာက္ကြယ္မွ လွ်ိဳ႕ဝွက္ဆန္းၾကယ္မႈကို ရွာေဖြဖို႔ ႀကိဳးစားခဲ့ၾကဖူးသည္။ သူတို႔ရရွိသည့္ အေျဖမွာ ထိုအဖြဲ႕အစည္းက တာအိုသခ်ႋဳင္းေျမႏွင့္ ပတ္သက္ေနေၾကာင္း ျဖစ္၏။ ထိုအရာက အသေခ်ၤအင္ပါယာကမာၻတြင္ တားျမစ္နယ္ေျမ ၆ ခုထဲမွ တစ္ခုျဖစ္သည္။
တားျမစ္ေနရာမ်ားအတြင္း တာအိုသခ်ႋဳင္းေျမသည္ အားအေကာင္းဆုံး မဟုတ္လွ်င္ပင္ ေျဖရွင္းဖို႔ အခက္ဆုံးျဖစ္ၿပီး ကမာၻတစ္ခုလုံးထံ အႏၲရာယ္အမ်ားဆုံး ေပးႏိုင္သူလည္း ျဖစ္သည္။ အေၾကာင္းမွာ သူတို႔က ခိုးေၾကာင္ခိုးဝွက္လုပ္ၾက၍ ျဖစ္သည္။
အခ်ိန္အနည္းငယ္ၾကာျမင့္တိုင္း သူတို႔၏ မ်က္ႏွာမ်ားကို အနက္ေရာင္ျမဴမ်ားျဖင့္ ဖုံးအုပ္ထားသည့္ ပုံရိပ္မ်ားစြာက ထိုေနရာမွ ထြက္ေပၚလာၿပီး သူတို႔လမ္းေၾကာင္းတြင္ ရွိေနသမွ်အရာအားလုံး ေသမ်ိဳးျဖစ္ေစ၊ က်င့္ႀကံသူျဖစ္ေစ၊ နတ္ဆိုးျဖစ္ေစ၊ အရာအားလုံးကို သတ္ျဖတ္ၿပီး သူတို႔၏ အဆီအႏွစ္ကို စုပ္ယူတတ္ၾကသည္။
သို႔ေသာ္လည္း ထိုလူမ်ားက အားေကာင္းသည့္ ဧကရာဇ္မ်ိဳးႏြယ္ သို႔မဟုတ္ သူတို႔မဟာမိတ္မ်ား၏ ပိုင္နက္မ်ားကိုမူ မတိုက္ခိုက္ၾကေပ။ သူတို႔က ထိုမ်ိဳးႏြယ္မ်ား၏ အေျခစိုက္ကို တိုက္႐ိုက္ တိုက္ခိုက္ျခင္း မရွိဖူးေပ။
အားနည္းသည့္ ဧကရာဇ္မ်ိဳးႏြယ္မ်ား၏ ပိုင္နက္အတြက္မူ သူတို႔က ခ်မ္းသာမေပးေပ။ ထိုဂိုဏ္းမ်ားက သူတို႔၏ တာအိုဘိုးေဘးမ်ားႏွင့္ ထာဝရအရွင္မ်ားကို ႏိုးထေစလွ်င္ပင္ ထိုက်င့္ႀကံသူမ်ားႏွင့္ လက္ရည္ယွဥ္ႏိုင္သည့္ တားျမစ္ေနရာမွ လူမ်ား ထြက္ေပၚလာတတ္ၾကသည္။
ပို၍ဆိုး႐ြားသည္က သူတို႔ထြက္ေပၚလာသည့္အခ်ိန္သည္ အတိအက် မဟုတ္ေပ။ တစ္ခါတစ္ရံတြင္ မ်ိဳးဆက္တစ္ခုၿပီးမွ ထြက္ေပၚလာေလ့ရွိၿပီး တစ္ခါတစ္ရံတြင္ ျပန္လည္ေပၚထြက္လာဖို႔ မ်ိဳးဆက္ဒါဇင္ခ်ီ ေစာင့္ဆိုင္းရတတ္သည္။
မဟာဧကရာဇ္မ်ားက ထိုျပႆနာကို ေျဖရွင္းဖို႔ ႀကိဳးစားခဲ့ေသာ္လည္း တားျမစ္နယ္ေျမဟု သတ္မွတ္ထားသည့္ အေၾကာင္းအရင္း တစ္ခ်က္က ရွိေနေသးသည္။ ဒုတိယတန္းစား မဟာဧကရာဇ္မ်ားစြာက အထဲတြင္ ေသဆုံးသြားၾကၿပီး ပထမတန္းစား မဟာဧကရာဇ္မ်ားပင္ ဒဏ္ရာအျပင္းအထန္ရၿပီး ထြက္ေျပးခဲ့ၾကရသည္။ တခ်ိဳ႕မူ အထဲတြင္ ေသဆုံးခဲ့ၾကရ၏။
ထာဝရဧကရာဇ္အတြက္လား ...
ထိုတားျမစ္ေနရာ၏ နာမည္ေက်ာ္မႈက ထြက္ေပၚလာျခင္း ျဖစ္သည္။ ထာဝရဧကရာဇ္တစ္ပါး ေမြးဖြားလာသည္ႏွင့္ ထိုေနရာတစ္ခုလုံးက အစအနမရွိ ေပ်ာက္ကြယ္သြားတတ္ၾကသည္။ ထာဝရဧကရာဇ္ပင္ သူတို႔ကို ရွာမေတြ႕ႏိုင္ေတာ့ေပ။
ထိုအေၾကာင္းအရင္းေၾကာင့္ ထိုတားျမစ္ေနရာသည္ ေရွးေဟာင္းဧကရာဇ္ေခတ္ကာလကတည္းက တည္ရွိေနခဲ့၏။
သူက ငါ့ဇစ္ျမစ္ကို ဘယ္လိုလုပ္သိတာလဲ ....
ေခါင္းေဆာင္းႏွင့္ ပုံရိပ္က စဥ္းစားလိုက္သည္။
ဝမ္ေဝ့က ထိုလူ၏ ကံၾကမၼာႀကိဳးမွ်င္ကို ဖတ္ရႈေနျခင္း ျဖစ္၏။ ထိုလုပ္ႀကံသူက သူ႔ကံၾကမၼာႀကိဳးမွ်င္ကို တားဆီးသည့္ ေမွာ္အသုံးအေဆာင္ပစၥည္းမ်ား ရွိထားေသာ္လည္း ဝမ္ေဝ့၏ လက္ရွိစြမ္းအားအျပင္ ကံႏွင့္ ကံၾကမၼာေပါင္းစပ္ထားသည့္ စြမ္းအားေၾကာင့္ သူက သတင္းအခ်က္အေျမာက္အမ်ားကို ရယူႏိုင္လိုက္သည္။
သူ႔မ်က္ဝန္းအတြင္း ထိုအရိပ္သတ္ျဖတ္သူဗိမာန္ထဲတြင္ ႀကဳံေတြ႕ခဲ့ရသည့္ ရက္စက္ေသာ ေလ့က်င့္ေရးမ်ားကိုလည္း ျမင္လိုက္ရသည္။ သူ လုပ္ႀကံသတ္ျဖတ္သူအျဖစ္ ရွိေနစဥ္အတြင္း တိတ္တဆိတ္ သတ္ျဖတ္ခဲ့သည့္ လူအားလုံးကိုလည္း ျမင္လိုက္သည္။
ကံဆိုးစြာျဖင့္ သူက သူ႔ေခါင္းအတြက္ ဆုလာဘ္ထားသူကို ရွာမေတြ႕ခဲ့ေပ။ သို႔ေသာ္ ထိုလူသည္ သူ႔အာ႐ုံမွ မည္သို႔ လြတ္ေျမာက္သြားသည္ကို မသိရေသးေပ။ ဗိမာန္က ထိုလူအား ထိုတာဝန္ကို ေအာင္ျမင္ဖို႔အတြက္ ပင္ကိုရတနာတစ္ခု ထုတ္ေပးခဲ့သည္။
ကိုယ္ေပ်ာက္စြမ္းရည္ရွိသည့္ အရာတစ္ခု ျဖစ္၏။
" ငါ့ကံက ေကာင္းလာတဲ့ပုံပဲ။ ပင္ကိုရတနာႏွစ္ခုကို တစ္ခုၿပီးတစ္ခု ဆက္တိုက္ရလိုက္တာပဲ" ဝမ္ေဝ့က ေရ႐ြတ္လိုက္ၿပီးေနာက္ သူ႔ခ်ီကံေကာင္းမႈကို စစ္ေဆးၾကည့္ၿပီး ထိုအရာျဖင့္ သူ႔အား ေထာင္ေခ်ာက္ဆင္ မဖမ္းႏိုင္ရန္ ေသခ်ာေအာင္ စစ္ေဆးၾကည့္လိုက္သည္။
ကံေကာင္းျခင္းက ကိစၥေကာင္း ျဖစ္ေသာ္လည္း ကံအရမ္းေကာင္းလြန္းျခင္းမွာ တစ္စုံတစ္ခု မွားယြင္းေနသည့္ လကၡဏာ ျဖစ္၏။ ထို႔ေၾကာင့္ သူက ေသခ်ာေအာင္ ျပဳမူရသည္။
" ငါက နည္းစနစ္တစ္ခု ဖန္တီးထားတာဆိုေတာ့ မင္းအေပၚ စမ္းၾကည့္ရေအာင္" ဝမ္ေဝ့က ၿပဳံးလိုက္ၿပီးေနာက္ ေၾကာက္႐ြံ႕ေနသည့္ လုပ္ႀကံသတ္ျဖတ္သူကို ၾကည့္လိုက္သည္။
" ကံၾကမၼာ ျဖတ္ေတာက္ျခင္း"
လုပ္ႀကံသတ္ျဖတ္သူက သူႏွင့္ ဆက္ႏြယ္ေနသည့္ အဝါေရာင္ႀကိဳးမွ်င္ ေျမာက္မ်ားစြာ ေပၚထြက္လာသည္ကို ျမင္လိုက္ရသည္။ ထိုစဥ္ ထိုႀကိဳးမွ်င္မ်ားကို တစ္ခုၿပီးတစ္ခု ျဖတ္ေတာက္ေနသည့္ ဓားတစ္ေခ်ာင္း ေပၚထြက္လာသည္ကိုလည္း ျမင္လိုက္ရသည္။ ထို႔ေနာက္ ခ်က္ခ်င္းဆိုသလို သူ႔မ်က္ႏွာအထက္ ေၾကာက္႐ြံ႕သည့္ အမူအရာတစ္ခု ေပၚထြက္လာသည္။
သူက သူ႔တည္ရွိမႈသည္ ပယ္ဖ်က္ခံေနရေၾကာင္း ခံစားမိလိုက္၏။ သူ႔တည္ရွိမႈအေၾကာင္း သိထားသည့္ လူအားလုံးက သူ႔အေၾကာင္း မွတ္ဉာဏ္အားလုံးကို အတင္းအၾကပ္ ေဖ်ာက္ဖ်က္ခံလိုက္ရသည္။ ဗိမာန္အတြင္းမွ သူ႔ၿပိဳင္ဘက္မ်ားျဖစ္ေစ၊ နည္းျပျဖစ္ေစ၊ ေခါင္းေဆာင္ျဖစ္ေစ သို႔မဟုတ္ သူခ်စ္ျမတ္ႏိုးရသူလည္း အပါအဝင္သာ ျဖစ္၏။
သူက ဒဏ္ရာရေနစဥ္အတြင္း သူမႏွင့္ ေတြ႕ဆုံခဲ့ျခင္း ျဖစ္၏။ သူက သူစိမ္းတစ္ေယာက္ျဖစ္ေနေသာ္လည္း သူမက ေဆးကုသေပးခဲ့ၿပီး ၾကင္ၾကင္နာနာ ဆက္ဆံေပးခဲ့သည္။ သူ ေတြ႕ဖူးသမွ် လူမ်ားထဲ သူမက အၾကင္နာဆုံး ျဖစ္ေသာေၾကာင့္ သူ႔ဇစ္ျမစ္ကို သူမဆီမွ ဝွက္ထားခဲ့သည္။
သူမႏွင့္ လက္တြဲေဖာ္ ျဖစ္လာၿပီးသည့္ေနာက္တြင္ သူက တာဝန္မရွိသေ႐ြ႕ အတူတူ အခ်ိန္ကုန္ဆုံးေလ့ရွိသည္။
သူ႔ေခါင္းေဆာင္က ယခုတစ္ေခါက္ တာဝန္သည္ က်ရႈံးႏိုင္ေခ်မ်ားေၾကာင္း ေျပာျပခဲ့ေသာ္လည္း သူ ေအာင္ျမင္မည္ဆိုပါက လြတ္လပ္ခြင့္ကို ရယူၿပီး အမွန္တကယ္ အေျခခ်ႏိုင္လိမ့္မည္။ လုပ္ႀကံသတ္ျဖတ္သူက သူ႔ေခါင္းေဆာင္သည္ လိမ္ညာေနတာ ျဖစ္ႏိုင္ေၾကာင္း သိထားေသာ္လည္း စေတးဖို႔ရာ တုံ႔ဆိုင္းေနျခင္း မရွိေပ။ အေၾကာင္းမွာ သူမႏွင့္ အတူတူ ရွိႏိုင္မည့္ အခြင့္အေရးျဖစ္ေန၍ ျဖစ္သည္။
ယခုတြင္မူ သူက သူမအတြက္ မတည္ရွိေတာ့ေပ။ သူမက သူတို႔ အတူတူ ေပ်ာ္ဖူးခဲ့သမွ် အခ်ိန္မ်ား၊ ဝမ္းနည္းမႈမ်ား၊ မွတ္ဉာဏ္မ်ားကို မွတ္မိေတာ့မည္ မဟုတ္ေပ။ ထိုႀကိဳးမွ်င္တစ္ခု ျဖတ္ေတာက္လိုက္တိုင္း လုပ္ႀကံသတ္ျဖတ္သူက သူ႔အစိတ္အပိုင္းတစ္ခုသည္ ေပ်ာက္ကြယ္သြားၿပီး သူ႔တည္ရွိမႈ အရိပ္အေယာင္အားလုံး အတင္းအၾကပ္ ေဖ်ာက္ဖ်က္ခံလိုက္ရသည္ကို ခံစားမိလိုက္သည္။ ထိုႀကိဳးမွ်င္အားလုံး ျဖတ္ေတာက္ၿပီးသည္ႏွင့္ သူက ေသဆုံးသြားႏိုင္ေၾကာင္း သိထားသည္။
သို႔ေသာ္လည္း သူက မွားယြင္းသြားခဲ့၏။ ထိုႀကိဳးမွ်င္မ်ားအားလုံးကို ျဖတ္ေတာက္ၿပီးသည့္ေနာက္တြင္ သူ႔အနားတြင္ အကာအရံတစ္ခု ေပၚထြက္လာၿပီး သူ႔အား ကမာၻမွ ေပ်ာက္ပ်က္မသြားေအာင္ ကာကြယ္ေပးထားဟန္ေပၚသည္။
ထိုစဥ္ ဝမ္ေဝ့က မ်က္ေမွာင္ၾကဳတ္လိုက္၏။ သူက ထိုနည္းစနစ္ကို ေနာင္အနာဂတ္တြင္ ထာဝရဧကရာဇ္မ်ားႏွင့္ ရင္ဆိုင္ေျဖရွင္းဖို႔ ေရွ႕ေျပးပုံစံအျဖစ္ ဖန္တီးထားျခင္း ျဖစ္သည္။ သူတို႔၏ အက်ိဳးအေၾကာင္းအရာအားလုံးကို ေဖ်ာက္ဖ်က္ျခင္းျဖင့္ သူတို႔၏ တည္ရွိမႈကို ပယ္ဖ်က္ႏိုင္လိမ့္မည္။
သမိုင္းေၾကာင္းမွာ သူတို႔၏ ေအာင္ျမင္မႈမ်ား၊ သူတို႔နာမည္ ေရးထြင္းထားသည့္ စာ႐ြက္စာတမ္းမ်ား၊ သူတို႔ကို မွတ္မိသည့္လူအားလုံးလည္း အပါအဝင္ ျဖစ္၏။
ဤသည္က သူ မ်က္ေမွာင္ၾကဳတ္လိုက္ရသည့္ အေၾကာင္းအရင္း မဟုတ္ေပ။ သူက ဤေရွ႕ေျပးပုံစံႏွင့္ ပတ္သက္ၿပီး အလြန္ေက်နပ္ေနမိသည္။ သူ မ်က္ေမွာင္ၾကဳတ္လိုက္ရသည့္ အေၾကာင္းအရင္းမွာမူ သူ႔မႏၲန္မွ သက္ေရာက္ျခင္း မရွိသည့္ တည္ရွိမႈတစ္ခုကို ခံစားလိုက္ရ၍ ျဖစ္သည္။
ထိုတည္ရွိမႈက ဤလုပ္ႀကံသတ္ျဖတ္သူႏွင့္ ကံႀကိဳးမွ်င္ ရွိမေနေပ။ ေျပာရလွ်င္ အနည္းဆုံးေတာ့ ဝမ္ေဝ့ ယခု မျမင္ႏိုင္ေသးေပ။ ဝမ္ေဝ့က ထိုလူသည္ ထိုမႏၲန္ျဖင့္ သက္ေရာက္မခံရေၾကာင္း ခံစားမိလိုက္စဥ္ ထိုတည္ရွိမႈက လုပ္ႀကံသတ္ျဖတ္သူကို အလိုရွိပါက အမွတ္ရေနႏိုင္ၿပီး သူ႔အား ေပ်ာက္ကြယ္သြားျခင္းမွ ကာကြယ္ေပးထားႏိုင္သည္။
ဒီလူက တာအိုသခ်ႋဳင္းေျမနဲ႔ ဆက္ႏြယ္ေနတဲ့လူမ်ား ျဖစ္ေနမလား
ထိုသို႔စဥ္းစားၿပီးသည့္ေနာက္တြင္ သူက လက္ေဝွ႔လိုက္ၿပီးေနာက္ လုပ္ႀကံသတ္ျဖတ္သူအား ပုတီးေစ့အျဖစ္ ေျပာင္းကာ အထဲတြင္ စည္းပိတ္ထားလိုက္သည္။ ထိုသူက တျခားအသုံးဝင္သည့္ အရာမ်ားရွိလာႏိုင္သည္ဟု ထင္ေနမိသည္။
ထို႔ေနာက္ သူက တုံ႔ဆိုင္းျခင္းမရွိ ေလဟာနယ္ကို ဆုတ္ၿဖဲကာ ယုမိသားစုနယ္ေျမသို႔ ဦးတည္လိုက္သည္။