The Challenge of Love (OC)

By Eaint_Shin_Sitt

361K 14.2K 723

ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှ... More

Introduction
Part (1) Uni/Zawgyi
Part (2) Uni/Zawgyi
Part (3) Uni/Zawgyi
Part (4) Uni/Zawgyi
Part (5) Uni/Zawgyi
Character Introduction
Part (6) Uni/Zawgyi
Part (7) Uni/Zawgyi
Part (8) Uni/Zawgyi
Part (9) Uni/Zawgyi
Part (10) Uni/Zawgyi
Part (11) Uni/Zawgyi
Part (12) Uni/Zawgyi
Part (13) Uni/Zawgyi
Part (14) Uni/Zawgyi
Part (15)Uni/Zawgyi
Part (16) Uni/Zawgyi
Part (17) Uni/Zawgyi
Part (18) Uni/Zawgyi
Part (19) Uni/Zawgyi
Part (21) Uni/Zawgyi
Part (22) Uni/Zawgyi
Part (23) Uni/Zawgyi
Part (24) Uni/Zawgyi
Part (25) Uni/Zawgyi
Part (26) Uni/Zawgyi
Part (27) Uni/Zawgyi
Part (28) Uni/Zawgyi
Part (29) Uni/Zawgyi
Part (30) Uni/Zawgyi
Part (31) Uni/Zawgyi
Part (32) Uni/Zawgyi
Part (33) Uni/Zawgyi
Part (34) Uni/Zawgyi
Part (35) Uni/Zawgyi
Part (36) Uni/Zawgyi
Part (37) Uni/Zawgyi
Part (38) Uni/Zawgyi
Part (39) Uni/Zawgyi
Part (40) Uni/Zawgyi

Part (20) Uni/Zawgyi

7.2K 313 23
By Eaint_Shin_Sitt

The Challenge of Love
Part (20)

အကြိုနေ့မို့မနက်အစောကြီးကပဲ ပါပါးနဲ့မာမားတို့အဘိုးနဲ့အဘွားကိုခေါ်ပြီး ဘုရားဖူးခရီးကိုသွားကြပြီ။

အိမ်ကကြီးကြီးရွှေနဲ့Driver ဦးမောင်ကလည်းသင်္ကြန်တွင်းနားရက်ယူကာသူတို့ရွာသူတို့ပြန်ကြသည်။

အိမ်မှာကမောင်နှမ၂ယောက်တည်းကျန်ခဲ့တာမို့ပါပါးနဲ့မာမားကမှာသင့်တာမှာကြားထားခဲ့သေးတာကိုခရီးမသွားခင်နာရီဝက်လောက်နားထောင်လိုက်ရသေးသည်။

၁၀ နာရီလောက်ကို ကိုကြီးသူငယ်ချင်း ၂ယောက်နဲ့ တွယ်တာ့သူငယ်ချင်း၂ယောက်အားအိမ်ကိုခေါ်ထားတာမို့ တွယ်တာတို့မောင်နှမ၂ယောက်မနက်စာစားရင်းစောင့်နေကြသည်။

ပါပါးတို့ကမနက်၆နာရီထသွားကြတာမို့ တွယ်တာတို့တစ်ရေးပြန်အိပ်ကြသေး၏။၉ နာရီထိုးပြီးမှမောင်နှမ၂ယောက်လုံးပြန်ထပြီးရေခဲသေတ္တာထဲမှာအဆင်သင့်ဝယ်ထည့်ထားသည့်ပေါင်မုန့်ကို တွယ်တာကစတော်ဘယ်ရီယိုသုတ်စားပြီးခိုင်မြဲကထောပတ်သုတ်စားသည်။

*
*
*

ရန်ကြီးအောင်တစ်ယောက် ရင်ဘက်မှာ AC/DC Sticker တီရှပ်အဖြူရောင်ကို အနက်ရောင်ဘောင်းဘီရှော့ပန်နှင့်တွဲဖက်ဝတ်ပြီး Nike တံဆိပ်ရှူးဖိနပ်ကိုစီးကာ ကွန်ဒိုကနေထွက်လာသည်။

အဆောင်အဦးအတွင်းမှအထွက်ပိတောက်ပင်ကြီးအောက်မှာအကြိုနေ့ပဲရှိသေးတယ်စောစောစီးစီး ရေပြွတ်သေနတ်တွေနဲ့ပြေးလွှားရေဆော့နေသောမနေ့ကပန်းခူးခိုင်းတဲ့ကလေးတွေကိုတွေ့ရသည်။

ရန်ကြီးအောင် မနေ့ညက သူ့ကိုဖုန်းဆက်ပြီးမှာလာသောတွယ်တာ့စကားကိုပြန်ကြားကာရေပက်နေတဲ့ကလေးတွေကိုဘယ်လိုရှောင်ရမလဲဟုအကြံအိုက်ရတော့သည်။

သူ့ဟာသူဆိုလို့ကတော့ရေပြွတ်နဲ့ပက်ပက်၊ပုံးလိုက်လောင်းလောင်းကိစ္စမရှိပေမဲ့ အခုကတော့လုံးဝရေစိုလို့မဖြစ်။

အကြောင်းအရင်းကတော့ မနေ့ညက၁၀ နာရီလောက်မှ

"ကိုရန်ကြီးမနက်ဖြန်အိမ်ကိုလာရင် ရေမစိုလာခဲ့စေနဲ့နော် တွယ်တာအရင်ဆုံးရေလောင်းချင်တယ်"

ဟု တကူးတကဖုန်းဆက်ပြောလာတဲ့တွယ်တာရတနာကြောင့်ပဲဖြစ်သည်။

ရေစိုမလာစေဖို့ကတိပေးပြီးသားမို့ကလေးတွေကိုလွတ်အောင်ရှောင်ဖို့လည်း ရန်ကြီးတာဝန်ပဲဖြစ်တော့သည်။

ရန်ကြီးလည်းကလေးတွေဟိုဘက်လှည့်နေတုန်းခပ်သွက်သွက် ပါကင်မှာထိုးထားတဲ့ကားဆီသို့ပြေးသွားသည်။

"ဟာ...ဦးလေး...ဦးလေး...နေဦး ရေပက်ဦးမယ်နေဦး!"

ဒါတောင်အဲ့ဒီကောင်းကျိုးမပေးလေးတွေကမြင်ဖြစ်အောင်မြင်ပြီးလိုက်လာကြသေးတာ။

ရန်ကြီးလည်းကားရှေ့ရောက်တော့ရပ်လိုက်ပြီးလက်ဖြင့်ကာ ကာ တားတော့သည်။

"နေဦး..နေဦး...ကလေးတွေ ဒီနေ့မပက်နဲ့ "

"ဘာလို့လဲဗျ ရေပက်တာပဲဒီနေ့ဟိုနေ့ရှိသေးလို့လား"

"ရှိတယ် ဒီနေ့...မဟုတ်ဘူး...အခုမပက်နဲ့ကွာ.ငါပြန်လာတော့ကြိုက်သလောက်ပက် ပုံးလိုက်လောင်းလည်းရတယ် ပိုက်နဲ့ထိုးလည်းရတယ်"

"အခုကဘာလို့လဲဗျ"

"အခုက ရေစိုလို့မရဘူးကွ ငါသွားစရာရှိသေးလို့ မင်းတို့ကိုမနေ့ကပန်းခူးပေးထားတာ စကားနားထောင်လေကွာ"

"ပြီးတာပဲဗျာ...အပြန်ကျရင်ရေပက်မှာနော် အခုတော့လွှတ်ပေးလိုက်မယ်"

"အေးကျေးဇူးပဲ"

ရန်ကြီးမှာ ကလေးတွေသူ့စကားနားထောင်ပြီးရေပက်မလွှတ်တာကိုပဲကျေးဇူးတင်နေမိစွာကားထဲဝင်လိုက်တော့သည်။

*
*
တွယ်တာနှင့်ခိုင်မြဲမနက်စာစားပြီးနောက် တွယ်တာကပေါင်မုန့်ယိုသုတ်တဲ့လက်ဖက်ရည်ဇွန်း သေးသေးကလေးနှင့်သူမရဲ့လက်ကိုဆေးနေသည်။ခိုင်မြဲကရေခဲသေတ္တာဖွင့်ပြီးရေတစ်ဘူးယူသောက်၏။

ထိုစဥ်အိမ်ရှေ့ကကားသံကြားတော့တွယ်တာကလက်ဆေးနေရင်းမှခိုင်မြဲသောက်နေသောရေဘူးကိုလုယူပြီးအိမ်ရှေ့သို့ပြေးထွက်သွားသည်။

"ဟ...ဘာတုန်းဟ...ငါရေသောက်နေတာကို! "

ခိုင်မြဲကနောက်ကနေလိုက်ကြည့်တော့ အိမ်ရှေ့၌ရန်ကြီးအောင်ရဲ့ကားကိုမြင်ရသည်။

တွယ်တာသည်ကားပေါ်ကဆင်းလာသောရန်ကြီးအား ရေစိုခဲ့မစိုခဲ့သေချာကြည့်ပြီးနောက် ဘယ်နေရာမှရေမစိုခဲ့တာသေချာမှ ခြေဖျားကလေးထောက်ပြီး စောနကခိုင်မြဲဆီကနေလုယူလာသောရေခဲရေဘူးထဲကရေတွေကိုရန်ကြီးအောင်ရဲ့ပုခုံးပေါ်မှစ၍လောင်းလိုက်သည်။

"နင်က ရန်ကြီးအောင်ကိုရေလောင်းဖို့ငါ့သောက်နေတဲ့ရေဘူးကိုလုသွားတာလား"

"နောက်တစ်ဘူးယူသောက်ပေါ့"

"အလကားအိမ်လာတဲ့လူကိုဘာလို့ရေလျောက်လောင်းနေတာလဲ ဟိုကောင်ကရေမစိုအောင်ပတ်ရှောင်လာခဲ့တာကိုအိမ်ရောက်ကောင်းရောက်ပြီးမှစိုကုန်ပြီ! "

ခိုင်မြဲသည်အိမ်တံခါးပေါက်ကိုမှီကာလက်ပိုက်ပြီး သူ့သူငယ်ချင်းရေတွေစိုကုန်လို့တွယ်တာ့ကိုဆူနေသည်။

"လောင်းပါစေ သင်္ကြန်မို့ရေလောင်းတာပဲ ခဏနေခြောက်သွားမှာပါ"

ရန်ကြီးက ရေစိုနေတဲ့အင်္ကျီကိုလေဝင်အောင်လက်နဲ့ဆွဲခါရင်း တွယ်တာ့ဘက်ကနေကာပြောသည်။

"ငထူးလာပြီ တွယ်တာနင်ရေထပ်မလောင်းနဲ့တော့နော်!"

"မလောင်းပါဘူး "

တွယ်တာက ကိုရန်ကြီး Only အရင်ဦးဆုံးရေလောင်းချင်တာပါနော်။

"ဘာတွေလုပ်နေကြတာလဲမင်းတို့က! "

ထူးမြတ်လင်းက ကားပေါ်ကဆင်းလာရင်းအိမ်ရှေ့မှာမိုးတိုးမတ်တပ်ရှိနေကြတဲ့ရန်ကြီးတို့ကိုမြင်ကာမေးလေသည်။

ထူးမြတ်လင်းရဲ့ကားပေါ်ကနေနောက်ထပ် လဝန်းနှင့်ပန်းနုပါထွက်လာကြ၏။

"ဘာမှမလုပ်ပါဘူးအိမ်ထဲဝင်တော့မလို့ အဲ့အရှုပ်ထုပ်မက ရန်ကြီးကိုဦးဦးဖျားဖျားရေထွက်လောင်းနေလို့လာပြောနေရတာ"

ခိုင်မြဲကပြောတဲ့အခါ ထူးမြတ်လင်းကတွယ်တာ့လက်ထဲကရေဘူးကိုကြည့်ပြီးသူ့ကိုမလောင်းဖို့လက်ကာသည်။

"မလောင်းပါဘူး...ဟို၂ယောက်ကဘယ်ကပါလာတာလဲ"

တွယ်တာက ထူးမြတ်လင်းကိုရေလောင်းဖို့စိတ်ကူးမရှိဘဲ သူမသူငယ်ချင်းနှစ်ယောက်ဆီသို့အာရုံရောက်သွားသည်။

"ငါ့ကို ကိုထူးလာခေါ်မှအိမ်ကလွှတ်တာလေ ပန်းနုကသူ့အစ်မမအားလို့တဲ့အဲ့တာနဲ့ငါလည်းကိုထူးနဲ့အတူဝင်ခေါ်ခဲ့တာ"

"သြော်...သွားမယ်လေ အိမ်ထဲ!"

ထူးမြတ်လင်းနဲ့ခိုင်မြဲကအိမ်ထဲဝင်သွားကြပြီမို့တွယ်တာက သူမသူငယ်ချင်း၂ယောက်ကိုအိမ်ထဲခေါ်သည်။

"ကိုရန်ကြီးကဘာလုပ်နေတာလဲ မဝင်ဘဲနဲ့"

ပန်းနုနဲ့လဝန်းအထဲရောက်သွားပေမဲ့ ကိုကြီးတို့နဲ့လိုက်မသွားဘဲသူ့နောက်မှာကျန်ရစ်သောရန်ကြီးကိုတွယ်တာမေးသည်။

ရန်ကြီးသည်အိမ်ထဲဝင်မယ့်တွယ်တာ့ကိုလက်မောင်းကနေလှမ်းဆွဲသည်။

"မင်းတစ်ယောက်တည်းရေလောင်းလို့မရဘူးလေ... ငါလည်းလောင်းမယ်"

ပြောပြီးတွယ်တာ့လက်ထဲကရေဘူးကိုယူကာ တွယ်တာ့ကိုဂုတ်ကနေရေလောင်းချလိုက်သည်။

"အား....အေးလိုက်တာ"

ဆံပင်တွေလည်းအနည်းငယ်စိုသွားပြီး ဝတ်ထားတဲ့စပန့်ဝမ်းဆက်အစိမ်းနုရောင်လေးလည်းကျောဘက်မှာရေတွေစိုကုန်သည်။

ကိုရန်ကြီးကိုလောင်းတုန်းကလည်းသူ့ရင်ဘက်တွေအရမ်းအေးနေမှာပဲ တွယ်တာရေခဲရေတွေနဲ့လောင်းခဲ့တာကို။

ကိုရန်ကြီးကရေလောင်းပြီးတော့ချက်ချင်းအိမ်ထဲဝင်သွားသည်။ ဒီနေ့တော့ လူကြီးတွေမရှိတဲ့အတူတူ အောက်ထပ်ကဧည့်ခန်းမှာပဲ အတူတူဝိုင်းထိုင်ဖြစ်ကြသည်။

"အဲ့ဒီတော့ ခါတိုင်းငါတို့ကားနဲ့ပါတဲ့ကောင်တွေနဲ့ ဒီအရှုပ်ထုပ်မ၃ယောက်အဖော်ရအောင်ထပ်တင်ထားတဲ့အစ်မတွေနဲ့ပဲပေါ့"

ခိုင်မြဲကမနက်ဖြန်မှစလည်ကြမှာမို့ကားပေါ်မှာပါ့မယ်လူတွေကိုသေချာအောင်မေးသည်။

"အေး...သူစိမ်းမဟုတ်ပါဘူး မင်းတို့လည်းသိပါတယ်ကျောင်းတုန်းကစီနီယာအစ်မတွေပါ"

ခါတိုင်းယောက်ျားလေးသီးသန့်ပဲလည်ကြတာဖြစ်ပေမဲ့အခုတော့တွယ်တာတို့အဖော်ရအောင်ဆိုပြီး ထူးမြတ်လင်းဟာ သူတို့အိမ်နားကUniversityမှာသိခဲ့သောစီနီယာအစ်မကြီးတို့အဖွဲ့ကိုပါခေါ်တင်ဖို့ဆုံးဖြတ်လိုက်ရသည်။

"ထားပါတော့အဲ့ဒီတော့ ငါနဲ့တွယ်တာ့ကိုနောက်ဆုံးမှလာခေါ်မှာလား"

"ဟုတ်တယ်လေ ခါတိုင်းလိုပဲ"

"ငါတို့အိမ်ကထွက်ရင် ဘယ်မဏ္ဍပ်အရင်သွားမလဲ "

"ကိုတရုတ်ကြီး ညီမတို့ကို ရဲရင့်အောင်ပါတဲ့ မဏ္ဍပ်လိုက်ပို့နော်"

ပန်းနုကသူအကြိုက်ဆုံးအဆိုတော်ဖြစ်တဲ့ရဲရင့်အောင်ပါဝင်ဖျော်ဖြေမည့်မဏ္ဍပ်ကိုလိုက်ပို့ရန် တွယ်တာ့ဘေးကနေထပြောသည်။

"သမီးကို X-Box ပါတဲ့ မဏ္ဍပ်ပို့ပေး "

တွယ်တာကလည်း သူမ၁၀တန်းကတည်းကသဘောကျရတဲ့အဆိုတော်ချောချောလေး X box ပါတဲ့မဏ္ဍပ်ကိုသွားချင်သည်။

"မပို့ဘူး ငါတို့က ဦးညီထွဋ်မဏ္ဍပ်သွားမှာ"

ခိုင်မြဲက သူ့ညီမနှင့်အပေါင်းအပါ၂ယောက်ကိုအပြတ်ငြင်းသည်။

"ဒါတော့ဟုတ်တယ် ငါတို့က ဇော်ဝင်းထွဋ်ပါတဲ့မဏ္ဍပ်ပဲသွားမှာ"

ထူးမြတ်လင်းကပါဝင်ပြောတော့ တွယ်တာတို့၃ယောက်ပြယာခက်သွားရသည်။

"ဟာ....မရပါဘူး တွယ်တာတို့ကိုလည်းတွယ်တာတို့ကြိုက်တဲ့ မဏ္ဍပ်လိုက်ပို့ရမယ်လေ ရဲရင့်အောင်နဲ့ X Box ပါတဲ့ မဏ္ဍပ်လိုက်ပို့ရမယ် "

"နိုးပဲ တွယ်တာ မဏ္ဍပ်တစ်ခုတိုးရတာလွယ်တာမဟုတ်ဘူး ငါတို့က ဇော်ဝင်းထွဋ်ပဲတစ်ပြားမှမလျော့ဘူး "

"ဟင်...အဲ့လိုမရပါဘူးဆို X Box ရှိတဲ့မဏ္ဍပ်မှာလည်ချင်တာ"

"ငါတို့မှ နင်တို့ရဲ့ ရဲရင့်အောင်တွေ X Box တွေမကြိုက်တာ ငါတို့က၃ယောက်စလုံးဦးညီထွဋ် Fan! "

ခိုင်မြဲက သူ့သူငယ်ချင်း၂ယောက်ကိုကြည့်ပြီး ဇော်ဝင်းထွဋ် Fan ဖြစ်ကြောင်းသက်သေပြသည်။

"ကိုရန်ကြီး ဟုတ်လား "

"အင်းဟုတ်တယ် "

ဒီတစ်ခါတော့ ကိုရန်ကြီးကိုပါစစ်ကူခေါ်လို့မရဘဲ သူကပါ ဇော်ဝင်းထွဋ်Fanဖြစ်နေသည်။

"တွယ်တာတို့မှ ဇော်ဝင်းထွဋ်မကြိုက်တာ!"

"နင်တို့ 2001 Born တွေ အဲ့တာပဲ Music အနှစ်တွေကိုမခံစားတတ်ကြတာ "

အသက်အားဖြင့် ၆ နှစ်ကွာသည့်အလျောက် 95 Bornဖြစ်တဲ့ အစ်ကိုကြီးတွေနဲ့ တွယ်တာတို့ကြိုက်တဲ့ Music Taste ချင်းလည်းမတူကြတော့ပေ။

"တော်သေးတယ်နော် ဟျောင့် ဒီနှစ် ကိုRကြီးတို့က မန္တလေးမှာဆိုလို့ မဟုတ်ရင်ငါတို့ ဒီနှစ်လွတ်ပြီ"

ထူးမြတ်လင်းက ရန်ကြီးကိုလက်ချင်းတို့ပြီး Rဇာနည် မန္တလေးကမဏ္ဍပ်မှာရှိမည့်အကြောင်းပြောသည်။

"အေး.... ဟဲလေးတို့ ဇော်ပိုင်တို့လည်း ဒီနှစ်မန္တလေးတဲ့"

ထူးမြတ်လင်းနဲ့ရန်ကြီးက မန္တလေးရောက်ရင် ဘယ်မဏ္ဍပ်အရင်လည်မလည်းတိုင်ပင်နေကြပြီဒီဘက်မှာမနက်ဖြန်အတွက်တောင် မောင်နှမ၂ယောက်ကအဝေမတည့်ကြသေး။

"ဒီလိုလုပ်ကွာမနက်ခင်းကို မင်းတို့သွားချင်တဲ့ ရဲရင့်အောင်နဲ့X Boxရှိတဲ့မဏ္ဍပ်လိုက်ပို့မယ် ညနေကျရင်ဦးညီထွဋ် မဏ္ဍပ်သွားမယ် "

"Okay သဘောတူတယ်"

ကြားထဲကနေထူးမြတ်လင်းကဝင်ညှိပေးလိုက်တော့အဆင်ပြေသွား၏။

"ဒါနဲ့ မင်းတို့က မန္တလေးရောလိုက်ကြမှာလား"

"လိုက်မှာပေါ့ ကိုငထူးကလည်း တွယ်တာကတစ်ရက်ပဲလည်ပြီးဒီမှာတစ်ယောက်တည်းနေခဲ့ရမှာလား"

ငထူး မင်းရဲ့ အာရာဖက်ကတော့အပြန်မှလူပြည့်မှာမဟုတ်ဘူးအသွားကတည်းက လူပြည့်ပြီဟေ့"

ခိုင်မြဲက သိပ်မခေါ်ချင်ဘဲပြောသည်။

"မခေါ်လို့မရဘူးနော် ကိုထူး ညီမတို့ကအဝတ်တွေတောင်ထည့်ပြီးပြီ"

လဝန်းက သူ့အစ်ကိုဝမ်းကွဲကိုပြောလာတော့ ထူးမြတ်လင်းကခေါင်းညိတ်ရသည်။

"အေးပါ ခေါ်မှာပါ"

*
*
*

°°° သင်္ကြန်အကျနေ့ °°°

"တွယ်တာရတနာ...ကားလာနေပြီ မပြီးသေးဘူးလား "

ခိုင်မြဲက ဂျင်းဘောင်းဘီအနက်ရောင်နဲ့အရိုးခေါင်းအရုပ်တွေပါသောတီရှပ်လက်ရှည်အနက်ရောင်နဲ့ အနက်ဝမ်းဆက်ဝတ်ကာ အိမ်ဝင်းထဲထိဝင်လာခေါ်တဲ့ထူးမြတ်လင်းတို့ကားကိုမြင်တာနဲ့အိမ်အပေါ်ထပ်ကညီမလုပ်သူကိုအော်ခေါ်သည်။

ဒါပေမဲ့တွယ်တာ့ဆီကဘာမှအသံမကြားတော့ ခိုင်မြဲလည်းအပြင်ထွက်ပြီးပြောရပါတော့သည်။

"မင်းညီမရော "

ကားပေါ်မှာရေအနည်းငယ်စိုလာခဲ့ပြီဖြစ်သောလူတွေထဲမှထူးမြတ်လင်းက အိမ်ထဲကထွက်လာသောခိုင်မြဲကိုလှမ်းမေးသည်။

နေပူလို့မျက်နှာတွေကိုလက်နှင့်နေကွယ်ထားရပြီးမျက်မှောင်ကုပ်ထားကြရ၏။

"ဝင်ခေါ်လိုက်ကြတော့ အသံကိုမကြားဘူး ဘီယာမပါသေးဘူးမလား"

"အေး မင်းတို့လမ်းထိပ်မှဝင်ဝယ်မလို့လေ"

"ငါသွားဝယ်ထားလိုက်မယ် တွယ်တာဆင်းလာရင်ထွက်လာခဲ့"

"အိုခေ "

ခိုင်မြဲက ခြံထဲကနေခြေလျင်ပြေးထွက်သွားလေသည်။

"ကိုထူး တွယ်တာမလာသေးဘူးလား ညီမတို့ဆင်းခေါ်ရမလား"

လဝန်းကနောက်လှည့်ပြီးမေးလေတော့ ထူးမြတ်လင်းနဲ့ရန်ကြီးအောင်ကားအောက်ရောက်နေပြီဖြစ်သည်။

"မဆင်းနဲ့တော့ အလုပ်ရှုပ်တယ် ဒီတိုင်းအော်လိုက်တော့မယ်"

ထူးမြတ်လင်းကပြန်ပြောပြီးအိမ်ထဲသို့ရန်ကြီးနဲ့အတူဝင်လာကြသည်။

"တွယ်တာ.... တွယ်တာ....မပြီးသေးဘူးလား"

ထူးမြတ်လင်းက အပေါ်ထိမတက်ဘဲ အောက်နေအော်ခေါ်သည်။

"လာပြီ...လာပြီ...ဘာလို့စွတ်အော်နေကြတာလဲ"

"အောင်မလေး.....တွယ်တာ...နင် ငါတို့ကားပေါ်ကလိုက်မှာနော် မဏ္ဍပ်မှာသီချင်းဆိုမှာမဟုတ်ဘူး"

"သိတယ်လေ ကိုငထူးကလည်း တွယ်တာလည်း သင်္ကြန်လည်ဖို့ ဒီအဝတ်အစားတွေသေချာဝယ်ထားတာပါနော်"

တွယ်တာသည် ဆွဲသားအဖြူရောင်လက်ရှည်ကိုဂျင်းဘောင်းဘီအတိုလေးထဲသို့ထည့်ဝတ်ထားပြီး တိုတိနေသောဂျင်းဘောင်းဘီအပြာရောင်လေးအောက်မှာ ဒီခေတ်စတိုင်လ်အရ သေချာဖြဲထားသောစတော်ကင်အပေါက်အပြဲအနက်ရောင်ပါးပါးလေးကိုတစ်ထပ်ဝတ်ထား၏။

သင်္ကြန်မဖြစ်ခင်၂ရက်ကမှ ပန်းနုတို့နဲ့သွားဝယ်ထားသော မျက်မှန်အမဲရောင်အဝိုင်းလေးကိုခေါင်းပေါ်သို့တင်လိုက်ရင်းဘောင်းဘီအိတ်ထဲလက်ထည့်ကာတစ်ဖက်ကခါးထောက်ပြီး ရှူးဖိနပ်အမြင့်ကြီးစီးထားသောခြေထောက်များကိုလိမ်၍ မော်ဒယ်တစ်ယောက်လိုလှေကားပေါ်ကနေ Poseပေးနေသည်။

အစ်ကိုအရင်းဖြစ်သော ခိုင်မြဲက ဘီယာသွားဝယ်ဆိုပြီးအိမ်ကိုပြန်မလာတော့ဘူး။ လမ်းထိပ်ကစတိုးဆိုင်ကနေစောင့်မယ်တဲ့သူ့ကိုအဲ့ဒီနားမှာကားရပ်ပြီးခေါ်ရမယ်။

အခုတွယ်တာ့ကိုစောင့်ပြီးခေါ်နေတာက ခြံထားမှာရပ်ထားသော သင်္ကြန်လည်မယ့် Light truck ကားပေါ်က ပန်းနုတို့နှင့် အိမ်ထဲလာပြီး တွယ်တာ့ကိုဝေဖန်နေသော ထူးမြတ်လင်း ၊ တွယ်တာ့ကိုလက်ပိုက်လျှက်မော့ကြည့်ပြီး တစ်ခုခုပြောရန်ပြင်ဆင်နေသော ရန်ကြီးအောင်တို့သာဖြစ်သည်။

"တွယ်တာ...အနွေးထည်ဝတ်ခဲ့ ရေစိုရင်ချမ်းလိမ့်မယ်"

ထိုအခါတွယ်တာကလှေကားပေါ်ကနေပြေးဆင်းလာပြီး

"ကိုရန်ကြီးကလည်း အနွေးထည်ဝတ်ရင် တွယ်တာ့အင်္ကျီလှလှလေးဘယ်ပေါ်ပါ့မလဲ အနွေးထည်မဝတ်ချင်လို့သေချာလက်ရှည်လှလှလေးရွေးဝတ်လာတာကို"

"တွယ်တာရေ....ကြာတာဟာ....ဒီမှာငါတို့ကကားပေါ်ကနေနေပူလှပြီ"

ဒီအသံသည်ပန်းနုအသံသာဖြစ်သည်။ ဟုတ်မှာပဲ...အိမ်ထဲဝင်စောင့်ရင် တွယ်တာမကစိတ်ချလက်ချအကြာကြီးပဲများနေမှာမို့လို့ ကားပေါ်ကနေစောင့်ရင်အားနာမလားဆိုပြီးပန်းနုတို့နှင့်သူငယ်ချင်းအချို့စောင့်နေကြတာ။ ပန်းနုတောင်ကားပေါ်ကနေဒီစကားထွက်လာရင် လမ်းထိပ်ကစတိုးဆိုင်မှာဘီယာဂျက်ဖာကြီးနဲ့စောင့်နေမယ့် ကိုကြီးသာဆို တွယ်တာ့ကိုကားပေါ်ရောက်ရင်လည်ပင်းညှစ်သတ်လိမ့်မည်။

"လာသွားစို့ ဝတ်ချင်ဝတ်မဝတ်ချင်နေ... ချမ်းလို့ဆိုပြီး တံဘက်တောင်းလို့ကတော့ တံဘက်မရဘူး ရန်ကြီးအောင်လက်သီးပဲရလိမ့်မယ်"

ထူးမြတ်လင်းက စကားနားမထောင်တဲ့တွယ်တာ့အား ဗလတောင့်သောရန်ကြီးအောင်နဲ့ကိုင်ပေါက်ပြီးအနိုင်ပိုင်းပြောသွားသေးသည်။

ထိုအခါ တွယ်တာက ထူးမြတ်လင်းနောက်ကနေကပ်လိုက်ပြီး

"ကိုရန်ကြီးက တွယ်တာ့ကိုလက်ဖျားတောင်မတို့ဖူးပါဘူးနော် "

ဟု ဂုဏ်ယူစွာနဲ့ပြန်ပြောလိုက်၏။

တွယ်တာသည် ပန်းနု၊ လဝန်းတို့နဲ့အတူရှေ့ဆုံးမှာမတ်တပ်ရပ်ကြပြီး ရန်ကြီးအောင်၊ ထူးမြတ်လင်းနှင့်သူငယ်ချင်းအချို့ကယောက်ျားသားများပီပီ တွယ်တာတို့ကိုဝန်းရံပြီးအနောက်မှာနေပေးကြသည်။

ထင်တဲ့အတိုင်း ခိုင်မြဲသည် တစ်ကိုယ်လုံးစိုရွှဲနေလျှက် ဘီယာကိုဖာလိုက်ဝယ်ထားတာမို့အဲ့ဒီဖာကြီးကိုမလာရင်းကားပေါ်ရောက်တာနဲ့

"ငုံးမသားတွေ ကြာတာ သောက်ကမသောက်ရသေးဘူး ဟိုဘက်ကကွမ်းယာဆိုင်ကဘွားတော်ကရေလာလောင်းသွားပြီ....စတိုးဆိုင်ကကလေးတွေကလည်းရေခဲရေတွေတဲ့ပက်ထားကြတာ ချမ်းတာ"

ကောင်မလေးတွေရေလောင်းတာခံချင်သော ကောင်ကိုမှဟိုဘက်ကဘွားတော်ကအရင်ဦးဆုံးလောင်းပြီးရေခဲရေနဲ့ပက်ခံရလို့ လောင်နေတဲ့ခိုင်မြဲပင်ဖြစ်သည်။

ထူးမြတ်လင်းကဘီယာဂျက်ဖာကိုကားပေါ်သို့တင်တော့ရန်ကြီးအောင်က ဖာကိုချက်ချင်းဖောက်သည်။

"ငါတို့ကကြာတာမဟုတ်ဘူး....မင်းညီမလုပ်နေတာကွ...ရှေ့ကမင်းညီမစတိုင်လ်ကိုလည်းကြည့်ဦး ပြင်ဆင်နေတာအကြာကြီးပဲ"

ထူးမြတ်လင်းကပြောတော့ ကားပေါ်နောက်ဆုံးမှတက်လာသော ခိုင်မြဲက ကားရဲ့ရှေ့ဆုံးမှာရှိနေသော သူ့ညီမကိုလှမ်းကြည့်သည်။ တွယ်တာက မျက်ခုံးပင့်ပြီးဘာလဲဆိုသောသဘောနဲ့ကြည့်သည်။

ကိုကြီးသည်တွယ်တာ့ကိုသိပ်ကြည်တာမဟုတ်။ သင်္ကြန်နှစ်တိုင်းသူတို့ယောက်ျားလေးတွေချည်းအုပ်စုလိုက်လွတ်လွတ်လပ်လပ်လည်ကြတာ၊ ဒီနှစ်မှ မိတွယ်တာတို့အုပ်စုကဇွတ်လိုက်ချင်တယ်ဆိုပြီးငိုယိုနေတော့ ငထူးနဲ့ရန်ကြီးကအားနာပြီးခေါ်ခဲ့တာ နို့မို့ဆိုမလိုက်ရဘူး။

မင်းထက်ခိုင်မြဲသည် ကားပေါ်သူ့ညီမပါတယ်ဆိုတာအာရုံထဲတောင်မထား။ ကားရဲ့နောက်ဆုံးမှပဲနေပြီး သူဝယ်လာတဲ့ဘီယာသူပဲသောက်နေသလားတောင်ထင်ရ၏။

ကတိပေးထားတဲ့အတိုင်း အရင်ဆုံး ရဲရင့်အောင်နဲ့ X box ပါတဲ့ မဏ္ဍပ်ကိုတိုးပေးရသည်။

"ခွေးဒေါင်းဇားတရုတ်ကြီး...."

ထူးမြတ်လင်းက ခါတိုင်းနှစ်တွေလိုပဲနောက်ဆုံးကနေမူးပြီးရှယ်ကနေသော ခိုင်မြဲအားမျက်စိဆံပင်မွှေးဆူးစွာဆဲလေတော့သည်။

ရန်ကြီးအောင်ကတော့ ခိုင်မြဲကိုမကျေနပ်သည့်ထူးမြတ်လင်းကိုကြည့်ပြီးခိုးရယ်မိလေ၏။

"တွယ်တာက သူ့ညီမအရင်းရောဟုတ်ရဲ့လားမသိဘူး... ပစ်ထားတာကြည့်ဦး..!"

ထူးမြတ်လင်းကတွယ်တာ့နာမည်ထည့်ပြောတော့ ရန်ကြီးအောင် အရှေ့ဆုံးမှာရှိနေသော သူငယ်ချင်းရဲ့ညီမလေးကိုလှမ်းကြည့်သည်။

မဏ္ဍပ်ရှေ့ရေပိုက်တွေအောက်ရောက်သွားတော့ ရေတွေထဲမှာဆံပင်တွေရမ်းခါပြီး ရှယ်ဒွန့်နေတာမို့ မောင်နှမနှစ်ယောက် ကားရှေ့ဆုံးနဲ့နောက်ဆုံးမှာနေပြီး လိုက်လည်းလိုက်ပါ့။

ငထူးကလည်းရေပိုက်တွေနဲ့အထိုးခံရတာကိုပျော်နေပြီး စောနကလိုခိုင်မြဲကိုကြည့်၍မေတ္တာမပို့နိုင်တော့။သူကိုယ်တိုင်ပါကားကြီးတုန်အောင်ခုန်နေပေါတော့သည်။

မဏ္ဍပ်ပေါ်က ရှင်ဖုန်းရဲ့အိုခေနားထား သီချင်းကဒီလောက် ကလို့ကောင်းမှန်းမသိခဲ့ဘူး။
နှစ်တိုင်းကနေကျသီချင်းပေမဲ့ ရှေ့က တစ်ကိုယ်လုံးခါရမ်းနေတဲ့တွယ်တာ့ကိုကြည့်ပြီး ရန်ကြီးအောင်ပိုလို့မြူးကြွလာရသည်။

🎵 ဂိုက်ပေးကြမ်းတယ်.....ကိုလူချောရေ....🎵

🎵လာပြီးအချိန်မဖြုန်းနဲ့.....စိတ်ကူးထဲတောင်မယဥ်နိုင်ဘူးကွယ်.....🎵

🎵စိတ်ညစ်တယ်.....နင်ဘယ်သူလဲ......🎵

​ထိုစဥ်....ကနေသော တွယ်တာတို့သူငယ်ချင်းတစ်စုငြိမ်သွားပြီးမှ

🎵အိုခေ...နားထား....နားထား🎵

တစ်ဖွဲ့လုံးသီချင်းကိုအသံပြိုင်လိုက်ဆိုပြီး တစ်ကားလုံးငလျင်လှုပ်အောင်ခုန်ကြတာမို့ ရန်ကြီးအောင်ဟန်ချက်ပျက်ပြီးယိုင်နဲ့သွားသဖြင့် ဒီကလေးမတွေအတော်ယွဟု စိတ်ထဲကနေပြောလိုက်သည်။

မဏ္ဍပ်အောက်က ကားတွေကတစ်ကားနဲ့တစ်ကား တအားကပ်နေပြီး ကားတိုင်းကသီချင်းတွေလိုက်ဆိုနေကြတာမို့ ပျော်စရာကောင်းကာစိတ်လွတ်လက်လွတ်ဖြစ်နေကြသည်။

အချို့ကားတွေဆိုကားချင်းကပ်နေတော့ အရက်ဘီယာတွေလဲသောက်ရင်းမုန့်တွေပါလဲစားနေကြ၏။

ကားလှုပ်အောင်ခုန်နေကြရာကနေအနည်းငယ်ငြိမ်သွားပြီး တွယ်တာတို့အုပ်စုအသံလည်းတိတ်သွားတာမို့ရန်ကြီးအောင်ဘာဖြစ်တာလဲဟု အကဲခက်တော့ ကားရဲ့ဘေးဆုံးရှေ့ဆုံးဖြစ်တဲ့ထောင့်မှာရပ်နေသော တွယ်တာ့အားဟိုဘက်ကားကအမူးသမားအချို့ကလှမ်းဆွဲနေကြတာဖြစ်သည်။

ရန်ကြီးသည် ချက်ချင်းကားပေါက်ကခုန်ဆင်းပြီး ကားနှစ်ခုကြားထဲတိုးသည်။ တွယ်တာ့လက်ကိုအဆွဲခံထားရတာမို့ရုန်းရင်းဆံခက်ဖြစ်နေ၏။

ရန်ကြီးသည်တွယ်တာ့ကိုဆွဲထားသောကောင်လက်ကိုဆွဲဖယ်လိုက်၍

"မင်းလက်မကျိုးချင်ရင်အဲ့ဒီလက်ကိုဖယ်!"

မူးရူးနေကြတော့သွေးကြွနေကြသဖြင့်ကားပေါ်ကကောင်တွေက ကားအောက်မှာရှိနေသောရန်ကြီးဆီသို့အကြည့်များရောက်လာကြသည်။

ဇချင်းယှဥ်လို့ရမရတော့မသိပေမဲ့...ဗလချင်းယှဥ်လို့မရတာတော့သေချာသည်။ ရန်ကြီးအောင်သည် Boxing အားကစားသမားပီပီ ရှယ် Train ထားတာမို့ တောင့်ဖြောင့်ပြီး ရုပ်ကလည်းတည်လွန်းအားကြီးသည်။

"ရန်ကြီးဘာဖြစ်တာလဲ"

ငထူးကပါအောက်ဆင်းလာပြီးရန်ကြီးဘေးမှာလာရပ်သည်။

"ဘာကြည့်နေတာလဲ သတ္တိရှိရင်ဆင်းခဲ့ ခုနကငါ့ညီမကိုကိုင်တဲ့လက် အရိုးပါရစရာမရှိအောင်ချိုးပစ်မယ်!"

ရန်ကြီးက ဝတ်ထားသော မိုးကာသားခပ်ပါးပါးဂျာကင်အပြာရောင်ကိုလက်ဖျံပေါ်သို့ဆွဲတင်လိုက်ပြီး အဟုတ်ထိုးမယ့်ပုံစံဖြစ်သည်။

"ဘာဖြစ်တာလဲ...တွယ်တာ့ကိုလှမ်းဆွဲတာလား ဘယ်ကောင်လဲ"

ထူးမြတ်လင်းက သဘောပေါက်သွားပြီး ဟိုဘက်ကားပေါ်ကကောင်တွေကိုဘယ်ကောင်ဖြစ်မလဲဟုလိုက်ကြည့်သည်။

ညီမတစ်ယောက်လုံးဘေးကားပေါ်သို့ဆွဲတင်ခံရမလိုဖြစ်တာတောင် စောက်ရေးမလုပ်တာကတော့ မင်းထက်ခိုင်မြဲပင်။ ကသာကနေတာလူကလည်းယိုင်ထိုးပြီးအတော်မူးနေတဲ့ကောင်ဖြစ်သည်။

"အေးဆေးရှင်း....ဟိုထိပ်မှာရဲတွေရှိတယ် "

"နောက်ရက် ကြုံဦးမှာပါ မင်းတို့ကားနဲ့!"

ဟိုဘက်ကားပေါ်ကအခြားကောင်က ​ပြောပြီး ပြဿနာတက်တဲ့ကောင်ကိုလည်းအနောက်ဆွဲသွားသည်။ ကားကလည်းဖြေးဖြေးချင်းလှိမ့်ပြီးရွေ့သွားတာမို့ ရန်မဖြစ်လိုက်ရ။

ထူးမြတ်လင်းကလည်းရန်ကြီးကို ပုခုံးကနေပုတ်ပြီး ကားပေါ်တက်ခိုင်းသည်။

ရန်ကြီးသည်ဒီတစ်ခါနောက်ကမနေတော့ဘဲ တွယ်တာ့ဘေးကနေကားပေါ်တက်လိုက်၍ တွယ်တာ့နောက်မှာရပ်လိုက်သည်။

ကားကဘရိတ်အုပ်လိုက်၊တစ်လိမ့်ချင်းမောင်းလိုက်နဲ့မဏ္ဍပ်တိုးရတာမို့ လူမယိုင်သွားအောင်လို့ရန်ကြီးဟာတွယ်တာ့ရဲ့ဘေးတစ်ဖက်တစ်ချပ်စီကနေကားခေါင်းကိုလှမ်းကိုင်ထားလိုက်သည်။

အခုတွယ်တာ့ခန္ဓာကိုယ်လေးဟာ ရန်ကြီးအောင်၏ရင်ခွင်ထဲလုံးလုံးလျားလျားရောက်နေပြီဖြစ်သည်။

တွယ်တာလည်း စောနကမှလူအဆွဲခံထားရတာမို့ရန်ကြီးကသူ့ကိုလှုပ်လို့မရအောင်ဝန်းရံထားလည်းအတွန့်မတက်ရဲဘဲငြိမ်ငြိမ်လေးနေရသည်။

မဏ္ဍပ်ကိုကျော်သွားတော့ ရေပက်တဲ့သူမရှိသဖြင့် ကားကိုမြန်မြန်မောင်းသည်။ ဟုတ်သည်...နေ့လည်ရောက်နေပြီဆိုတော့ထမင်းစားနားကြတော့မှာဖြစ်၏။

ရေစိုလာပြီးမှ လေတွေကတအားတိုက်တော့ ရှေ့ဆုံးကလိုက်တဲ့တွယ်တာတုန်လာသည်။

ချမ်းတယ်လို့လည်းမပြောရဲဘူး...အိမ်မှာကတည်းကအနွေးထည်ဝတ်ခဲ့ဖို့မှာရဲ့သားနဲ့ပြောစကားနားမထောင်ခဲ့တာမိမိကိုယ်တိုင်မို့ အနောက်ကနေရုပ်တည်ကြီးနဲ့ရပ်နေတဲ့ဘဲကြီးကိုကြောက်ရသည်။

တွယ်တာမရဲတရဲနဲ့အသာလေးနောက်လှည့်ပြီးမော့ကြည့်တော့ ရန်ကြီးအောင်ကချက်ချင်းငုံ့ကြည့်လာသည်။

"ချမ်းနေတာမလား"

နှုတ်ခမ်းတွေပါတုန်နေတာတဲ့တွယ်တာ့ကြောင့် ရန်ကြီးအောင်ချက်ချင်းရိပ်မိပါသည်။ တွယ်တာ့အနေအထားကိုကြည့်တော့လည်း ဆွဲသားကိုယ်ကြပ်လေးကအဖြူရောင်လည်းဖြစ်၊ ရေကလည်းစိုထားတော့ကိုယ်မှာကပ်သည်ထက်ကပ်ပြီး အောက်ကဝတ်ထားတဲ့ အမဲရောင်ဘရာစီယာကိုပါထွင်းဖောက်မြင်နေရသည်။

ရန်ကြီးအောင် မျက်လုံးတွေကိုချက်ချင်းလွှဲလိုက်ပြီး စိတ်ထဲမယိုးမယွနဲ့ ငါ့မျက်လုံးတွေကလည်းအမြင်စူးရှနေသလားဟူ၍ကိုယ့်ကိုယ်ကိုယ်သံသယဝင်မိသည်။

ရန်ကြီးအောင်သူ့ဂျာကင်ကိုချွတ်ပြီး တွယ်တာ့အပေါ်ခြုံပေးလိုက်ကာ

"ဝတ်ထား"

ဟုအမိန့်ပေးလိုက်သည်။ တွယ်တာလည်းချက်ချင်း ဂျာကင်ကိုလက်လျှိုဝတ်လိုက်တော့ ရန်ကြီးအောင်ကတွယ်တာ့ခါးကနေဖက်ပြီး ဂျာကင်ဇစ်ကိုလည်ပင်းထိလုံအောင်တပ်ပေးသည်။

"မချွတ်နဲ့! "

ဟု နောက်ထပ်အမိန့်ထပ်ပေးပြန်သည်။

တွယ်တာကတော့ ထမင်းစားရင်ချွတ်ပစ်ဟုစိတ်ထဲကနေဆန့်ကျင်ပြီးသားဖြစ်၏။

ဟုတ်တယ်လေ....ကားရပ်တုန်း ပန်းနုတို့နဲ့ဓာတ်ပုံရိုက်ချင်သေးတာ။

တွယ်တာ့နောက်မှ စွပ်ကျယ်အဖြူရောင်နဲ့ ဘဲကြီးကို ပန်းနုတို့မသိမသာခိုးကြည့်နေကြသည်။ ကြည့်ချင်စရာပဲ...အသားညို...ရေကစိုတော့.တကယ့်ညိုညိုစိုစို။ ဟော....ကားပေါ်မှာသူတစ်ယောက်တည်းစွပ်ကျယ်နဲ့မချမ်းမစီး တင့်တင်းတဲ့လက်မောင်းတွေက တွယ်တာ့ကိုကာရံပေးထားတာများမနာလိုချင်စရာ။

၅မိနစ်လောက်နေတော့ နေ့ခင်းနားတဲ့အချိန် ရေပက်မဏ္ဍပ်မှ စတုဒီသာသင်္ကြန်ထမင်းကျွေးနေသည်။

ဘူးသီးသပြွန်းဟင်းနဲ့ငါးခြောက်ထောင်းကြော်ကလည်းစားချင်စားဖွယ်နဲ့ အခုမှကျွေးခါစမို့လူသိပ်မရှိသေးခင် တွယ်တာတို့ကားထိုးရပ်လိုက်ပြီးဝင်စားဖို့ဆုံးဖြတ်လိုက်ကြသည်။

ဗိုက်ဆာနေကြတာမို့ကားရပ်တာနဲ့ချက်ချင်းဆင်းပြီးဝင်ထိုင်ကြတဲ့သူတွေကထိုင်နေကြပြီ။

နှစ်တိုင်းအစဥ်အလာမပျက်တဲ့ ရန်ကြီးအောင်နှင့်ထူးမြတ်လင်း၏တာဝန်ကတော့ ငမူးငရူးမင်းထက်ခိုင်မြဲကိုတွဲခေါ်ရတာပင်ဖြစ်သည်။

ဒီကောင်ကတကယ်အရက်ဘီယာကို လူမှန်းသူမှန်းမသိအောင်သောက်လေ့ရှိတဲ့ကောင်ဖြစ်သည်။

သပြွန်းဟင်းပူပူလေး ငါးခြောက်ကြော်မွှေးမွှေးလေးနဲ့ထမင်းကိုအားပါးတရစားတာကတော့ရန်ကြီးအောင်နဲ့ထူးမြတ်လင်းသာဖြစ်သည်။

တွယ်တာတို့ကအများကြီးသိပ်မစားဘဲ မဏ္ဍပ်ရှေ့ဓာတ်ပုံရိုက်ရဖို့အရေးဒို့အရေးသာဖြစ်နေကြ၏။

ရန်ကြီးနှင့်ထူးမြတ်လင်းကစားသောက်နေတုန်း လူလိုမသောက်ဘဲခွေးလိုနွားလိုသောက်ထားတဲ့ခိုင်မြဲက ရှူးပေါက်ချင်လို့ဆိုပြီး ထသွားတာမို့ ထူးမြတ်လင်းကဆဲတော့သည်။

ရန်ကြီးထမင်းစားနေရင်း ဓာတ်ပုံရိုက်ကြမယ့်တွယ်တာတို့ကိုလှမ်းကြည့်နေသည်။ တွယ်တာသည် သူဝတ်ပေးထားတဲ့ဂျာကင်ဇစ်ကိုဖြုတ်နေတော့ ရန်ကြီးအောင်တစ်ယောက် ပလုပ်ပလောင်းနဲ့စားနေရာမှတစ်ရှူးဖြင့်ပါးစပ်သုတ်ပြီးနေရာမှထ၍ တွယ်တာဆီပြေးသွားတာကြောင့် ထူးမြတ်လင်းခဗျာစားရင်းသောက်ရင်းလန့်သွားရ၏။

ရန်ကြီးအောင်သည် ဂျာကင်ချွတ်ဖို့ပြင်နေတဲ့တွယ်တာ့ကို ဇစ်မဖွင့်ဖို့တားမြစ်သည်။

"ငါမှာထားတယ်လေ မချွတ်နဲ့လို့"

"ဘာလို့လဲ...ကိုရန်ကြီးကလည်း...မချမ်းတော့ဘူး"

"ဒါပေမဲ့ မင်းအင်္ကျီကမခြောက်သေးဘူး"

"ဓာတ်ပုံရိုက်မလို့ခဏချွတ်တာလေ မချမ်းတော့ပါဘူးဆို"

ရန်ကြီးအောင်လည်း တစ်ဝက်လောက်ဇစ်ဖွင့်ထားလို့မြင်နေရတဲ့သူမရင်ဘက်ကိုမျက်လုံးဝေ့ကြည့်လိုက်ပြီး တွယ်တာ့နားနားသို့ခပ်တိုးတိုးကပ်ပြောလိုက်ပါသည်။

"မင်း အောက်ကဘာဝတ်လာလဲဆိုတာ သေချာမြင်နေရတယ်"

ရန်ကြီးအောင်စကားကြောင့် တွယ်တာကိုယ့်ကိုယ်ကိုယ်ငုံ့ကြည့်လိုက်သည်။ ဘရာစီယာအပေါ်ကခပ်မို့မို့အသားစိုင်ကလေးများကစ ကိုရန်ကြီးမြင်သွားလေသလားဟုတွေးမိပြီး နားထဲကအငွေ့ထွက်လာတဲ့အထိရှက်လာသည်။

ရန်ကြီးအောင် ဂျာကင်အင်္ကျီဇစ်ကိုပြန်တပ်ပေးပြီး

"ထမင်းစားဦးမယ်....ရန်ထပ်မဖြစ်ချင်လို့ ဒါကိုမချွတ်နဲ့ ဒီတိုင်းရိုက်လည်းလှပြီးသား!"

ဟုပြော၍ စတုဒီသာမဏ္ဍပ်ထဲသို့ပြန်ပြေးသွားလေသည်။

နေပူထဲမှာစွပ်ကျယ်နဲ့ပြေးသွားတာမို့အညိုရောင်အသားတွေပိုမဲတော့မှာပဲဟုတွယ်တာတွေးမိရင်းရယ်ချင်လာသည်။


*********************************
အမှားပါရင်ခွင့်လွှတ်ပါ။
Part (21) ဆက်ရန်

Zawgyi Version
The Challenge of Love
Part (20)

အႀကိဳေန႕မို႔မနက္အေစာႀကီးကပဲ ပါပါးနဲ႕မာမားတို႔အဘိုးနဲ႕အဘြားကိုေခၚၿပီး ဘုရားဖူးခရီးကိုသြားၾကၿပီ။

အိမ္ကႀကီးႀကီးေ႐ႊနဲ႕Driver ဦးေမာင္ကလည္းသၾကၤန္တြင္းနားရက္ယူကာသူတို႔႐ြာသူတို႔ျပန္ၾကသည္။

အိမ္မွာကေမာင္ႏွမ၂ေယာက္တည္းက်န္ခဲ့တာမို႔ပါပါးနဲ႕မာမားကမွာသင့္တာမွာၾကားထားခဲ့ေသးတာကိုခရီးမသြားခင္နာရီဝက္ေလာက္နားေထာင္လိုက္ရေသးသည္။

၁၀ နာရီေလာက္ကို ကိုႀကီးသူငယ္ခ်င္း ၂ေယာက္နဲ႕ တြယ္တာ့သူငယ္ခ်င္း၂ေယာက္အားအိမ္ကိုေခၚထားတာမို႔ တြယ္တာတို႔ေမာင္ႏွမ၂ေယာက္မနက္စာစားရင္းေစာင့္ေနၾကသည္။

ပါပါးတို႔ကမနက္၆နာရီထသြားၾကတာမို႔ တြယ္တာတို႔တစ္ေရးျပန္အိပ္ၾကေသး၏။၉ နာရီထိုးၿပီးမွေမာင္ႏွမ၂ေယာက္လုံးျပန္ထၿပီးေရခဲေသတၱာထဲမွာအဆင္သင့္ဝယ္ထည့္ထားသည့္ေပါင္မုန့္ကို တြယ္တာကစေတာ္ဘယ္ရီယိုသုတ္စားၿပီးခိုင္ၿမဲကေထာပတ္သုတ္စားသည္။

*
*
*

ရန္ႀကီးေအာင္တစ္ေယာက္ ရင္ဘက္မွာ AC/DC Sticker တီရွပ္အျဖဴေရာင္ကို အနက္ေရာင္ေဘာင္းဘီေရွာ့ပန္ႏွင့္တြဲဖက္ဝတ္ၿပီး Nike တံဆိပ္ရႉးဖိနပ္ကိုစီးကာ ကြန္ဒိုကေနထြက္လာသည္။

အေဆာင္အဦးအတြင္းမွအထြက္ပိေတာက္ပင္ႀကီးေအာက္မွာအႀကိဳေန႕ပဲရွိေသးတယ္ေစာေစာစီးစီး ေရႁပြတ္ေသနတ္ေတြနဲ႕ေျပးလႊားေရေဆာ့ေနေသာမေန႕ကပန္းခူးခိုင္းတဲ့ကေလးေတြကိုေတြ႕ရသည္။

ရန္ႀကီးေအာင္ မေန႕ညက သူ႕ကိုဖုန္းဆက္ၿပီးမွာလာေသာတြယ္တာ့စကားကိုျပန္ၾကားကာေရပက္ေနတဲ့ကေလးေတြကိုဘယ္လိုေရွာင္ရမလဲဟုအႀကံအိုက္ရေတာ့သည္။

သူ႕ဟာသူဆိုလို႔ကေတာ့ေရႁပြတ္နဲ႕ပက္ပက္၊ပုံးလိုက္ေလာင္းေလာင္းကိစၥမရွိေပမဲ့ အခုကေတာ့လုံးဝေရစိုလို႔မျဖစ္။

အေၾကာင္းအရင္းကေတာ့ မေန႕ညက၁၀ နာရီေလာက္မွ

"ကိုရန္ႀကီးမနက္ျဖန္အိမ္ကိုလာရင္ ေရမစိုလာခဲ့ေစနဲ႕ေနာ္ တြယ္တာအရင္ဆုံးေရေလာင္းခ်င္တယ္"

ဟု တကူးတကဖုန္းဆက္ေျပာလာတဲ့တြယ္တာရတနာေၾကာင့္ပဲျဖစ္သည္။

ေရစိုမလာေစဖို႔ကတိေပးၿပီးသားမို႔ကေလးေတြကိုလြတ္ေအာင္ေရွာင္ဖို႔လည္း ရန္ႀကီးတာဝန္ပဲျဖစ္ေတာ့သည္။

ရန္ႀကီးလည္းကေလးေတြဟိုဘက္လွည့္ေနတုန္းခပ္သြက္သြက္ ပါကင္မွာထိုးထားတဲ့ကားဆီသို႔ေျပးသြားသည္။

"ဟာ...ဦးေလး...ဦးေလး...ေနဦး ေရပက္ဦးမယ္ေနဦး!"

ဒါေတာင္အဲ့ဒီေကာင္းက်ိဳးမေပးေလးေတြကျမင္ျဖစ္ေအာင္ျမင္ၿပီးလိုက္လာၾကေသးတာ။

ရန္ႀကီးလည္းကားေရွ႕ေရာက္ေတာ့ရပ္လိုက္ၿပီးလက္ျဖင့္ကာ ကာ တားေတာ့သည္။

"ေနဦး..ေနဦး...ကေလးေတြ ဒီေန႕မပက္နဲ႕ "

"ဘာလို႔လဲဗ် ေရပက္တာပဲဒီေန႕ဟိုေန႕ရွိေသးလို႔လား"

"ရွိတယ္ ဒီေန႕...မဟုတ္ဘူး...အခုမပက္နဲ႕ကြာ.ငါျပန္လာေတာ့ႀကိဳက္သေလာက္ပက္ ပုံးလိုက္ေလာင္းလည္းရတယ္ ပိုက္နဲ႕ထိုးလည္းရတယ္"

"အခုကဘာလို႔လဲဗ်"

"အခုက ေရစိုလို႔မရဘူးကြ ငါသြားစရာရွိေသးလို႔ မင္းတို႔ကိုမေန႕ကပန္းခူးေပးထားတာ စကားနားေထာင္ေလကြာ"

"ၿပီးတာပဲဗ်ာ...အျပန္က်ရင္ေရပက္မွာေနာ္ အခုေတာ့လႊတ္ေပးလိုက္မယ္"

"ေအးေက်းဇူးပဲ"

ရန္ႀကီးမွာ ကေလးေတြသူ႕စကားနားေထာင္ၿပီးေရပက္မလႊတ္တာကိုပဲေက်းဇူးတင္ေနမိစြာကားထဲဝင္လိုက္ေတာ့သည္။

*
*
တြယ္တာႏွင့္ခိုင္ၿမဲမနက္စာစားၿပီးေနာက္ တြယ္တာကေပါင္မုန့္ယိုသုတ္တဲ့လက္ဖက္ရည္ဇြန္း ေသးေသးကေလးႏွင့္သူမရဲ႕လက္ကိုေဆးေနသည္။ခိုင္ၿမဲကေရခဲေသတၱာဖြင့္ၿပီးေရတစ္ဘူးယူေသာက္၏။

ထိုစဥ္အိမ္ေရွ႕ကကားသံၾကားေတာ့တြယ္တာကလက္ေဆးေနရင္းမွခိုင္ၿမဲေသာက္ေနေသာေရဘူးကိုလုယူၿပီးအိမ္ေရွ႕သို႔ေျပးထြက္သြားသည္။

"ဟ...ဘာတုန္းဟ...ငါေရေသာက္ေနတာကို! "

ခိုင္ၿမဲကေနာက္ကေနလိုက္ၾကည့္ေတာ့ အိမ္ေရွ႕၌ရန္ႀကီးေအာင္ရဲ႕ကားကိုျမင္ရသည္။

တြယ္တာသည္ကားေပၚကဆင္းလာေသာရန္ႀကီးအား ေရစိုခဲ့မစိုခဲ့ေသခ်ာၾကည့္ၿပီးေနာက္ ဘယ္ေနရာမွေရမစိုခဲ့တာေသခ်ာမွ ေျခဖ်ားကေလးေထာက္ၿပီး ေစာနကခိုင္ၿမဲဆီကေနလုယူလာေသာေရခဲေရဘူးထဲကေရေတြကိုရန္ႀကီးေအာင္ရဲ႕ပုခုံးေပၚမွစ၍ေလာင္းလိုက္သည္။

"နင္က ရန္ႀကီးေအာင္ကိုေရေလာင္းဖို႔ငါ့ေသာက္ေနတဲ့ေရဘူးကိုလုသြားတာလား"

"ေနာက္တစ္ဘူးယူေသာက္ေပါ့"

"အလကားအိမ္လာတဲ့လူကိုဘာလို႔ေရေလ်ာက္ေလာင္းေနတာလဲ ဟိုေကာင္ကေရမစိုေအာင္ပတ္ေရွာင္လာခဲ့တာကိုအိမ္ေရာက္ေကာင္းေရာက္ၿပီးမွစိုကုန္ၿပီ! "

ခိုင္ၿမဲသည္အိမ္တံခါးေပါက္ကိုမွီကာလက္ပိုက္ၿပီး သူ႕သူငယ္ခ်င္းေရေတြစိုကုန္လို႔တြယ္တာ့ကိုဆူေနသည္။

"ေလာင္းပါေစ သၾကၤန္မို႔ေရေလာင္းတာပဲ ခဏေနေျခာက္သြားမွာပါ"

ရန္ႀကီးက ေရစိုေနတဲ့အကၤ်ီကိုေလဝင္ေအာင္လက္နဲ႕ဆြဲခါရင္း တြယ္တာ့ဘက္ကေနကာေျပာသည္။

"ငထူးလာၿပီ တြယ္တာနင္ေရထပ္မေလာင္းနဲ႕ေတာ့ေနာ္!"

"မေလာင္းပါဘူး "

တြယ္တာက ကိုရန္ႀကီး Only အရင္ဦးဆုံးေရေလာင္းခ်င္တာပါေနာ္။

"ဘာေတြလုပ္ေနၾကတာလဲမင္းတို႔က! "

ထူးျမတ္လင္းက ကားေပၚကဆင္းလာရင္းအိမ္ေရွ႕မွာမိုးတိုးမတ္တပ္ရွိေနၾကတဲ့ရန္ႀကီးတို႔ကိုျမင္ကာေမးေလသည္။

ထူးျမတ္လင္းရဲ႕ကားေပၚကေနေနာက္ထပ္ လဝန္းႏွင့္ပန္းႏုပါထြက္လာၾက၏။

"ဘာမွမလုပ္ပါဘူးအိမ္ထဲဝင္ေတာ့မလို႔ အဲ့အရႈပ္ထုပ္မက ရန္ႀကီးကိုဦးဦးဖ်ားဖ်ားေရထြက္ေလာင္းေနလို႔လာေျပာေနရတာ"

ခိုင္ၿမဲကေျပာတဲ့အခါ ထူးျမတ္လင္းကတြယ္တာ့လက္ထဲကေရဘူးကိုၾကည့္ၿပီးသူ႕ကိုမေလာင္းဖို႔လက္ကာသည္။

"မေလာင္းပါဘူး...ဟို၂ေယာက္ကဘယ္ကပါလာတာလဲ"

တြယ္တာက ထူးျမတ္လင္းကိုေရေလာင္းဖို႔စိတ္ကူးမရွိဘဲ သူမသူငယ္ခ်င္းႏွစ္ေယာက္ဆီသို႔အာ႐ုံေရာက္သြားသည္။

"ငါ့ကို ကိုထူးလာေခၚမွအိမ္ကလႊတ္တာေလ ပန္းႏုကသူ႕အစ္မမအားလို႔တဲ့အဲ့တာနဲ႕ငါလည္းကိုထူးနဲ႕အတူဝင္ေခၚခဲ့တာ"

"ေၾသာ္...သြားမယ္ေလ အိမ္ထဲ!"

ထူးျမတ္လင္းနဲ႕ခိုင္ၿမဲကအိမ္ထဲဝင္သြားၾကၿပီမို႔တြယ္တာက သူမသူငယ္ခ်င္း၂ေယာက္ကိုအိမ္ထဲေခၚသည္။

"ကိုရန္ႀကီးကဘာလုပ္ေနတာလဲ မဝင္ဘဲနဲ႕"

ပန္းႏုနဲ႕လဝန္းအထဲေရာက္သြားေပမဲ့ ကိုႀကီးတို႔နဲ႕လိုက္မသြားဘဲသူ႕ေနာက္မွာက်န္ရစ္ေသာရန္ႀကီးကိုတြယ္တာေမးသည္။

ရန္ႀကီးသည္အိမ္ထဲဝင္မယ့္တြယ္တာ့ကိုလက္ေမာင္းကေနလွမ္းဆြဲသည္။

"မင္းတစ္ေယာက္တည္းေရေလာင္းလို႔မရဘူးေလ... ငါလည္းေလာင္းမယ္"

ေျပာၿပီးတြယ္တာ့လက္ထဲကေရဘူးကိုယူကာ တြယ္တာ့ကိုဂုတ္ကေနေရေလာင္းခ်လိဳက္သည္။

"အား....ေအးလိုက္တာ"

ဆံပင္ေတြလည္းအနည္းငယ္စိုသြားၿပီး ဝတ္ထားတဲ့စပန့္ဝမ္းဆက္အစိမ္းႏုေရာင္ေလးလည္းေက်ာဘက္မွာေရေတြစိုကုန္သည္။

ကိုရန္ႀကီးကိုေလာင္းတုန္းကလည္းသူ႕ရင္ဘက္ေတြအရမ္းေအးေနမွာပဲ တြယ္တာေရခဲေရေတြနဲ႕ေလာင္းခဲ့တာကို။

ကိုရန္ႀကီးကေရေလာင္းၿပီးေတာ့ခ်က္ခ်င္းအိမ္ထဲဝင္သြားသည္။ ဒီေန႕ေတာ့ လူႀကီးေတြမရွိတဲ့အတူတူ ေအာက္ထပ္ကဧည့္ခန္းမွာပဲ အတူတူဝိုင္းထိုင္ျဖစ္ၾကသည္။

"အဲ့ဒီေတာ့ ခါတိုင္းငါတို႔ကားနဲ႕ပါတဲ့ေကာင္ေတြနဲ႕ ဒီအရႈပ္ထုပ္မ၃ေယာက္အေဖာ္ရေအာင္ထပ္တင္ထားတဲ့အစ္မေတြနဲ႕ပဲေပါ့"

ခိုင္ၿမဲကမနက္ျဖန္မွစလည္ၾကမွာမို႔ကားေပၚမွာပါ့မယ္လူေတြကိုေသခ်ာေအာင္ေမးသည္။

"ေအး...သူစိမ္းမဟုတ္ပါဘူး မင္းတို႔လည္းသိပါတယ္ေက်ာင္းတုန္းကစီနီယာအစ္မေတြပါ"

ခါတိုင္းေယာက္်ားေလးသီးသန့္ပဲလည္ၾကတာျဖစ္ေပမဲ့အခုေတာ့တြယ္တာတို႔အေဖာ္ရေအာင္ဆိုၿပီး ထူးျမတ္လင္းဟာ သူတို႔အိမ္နားကUniversityမွာသိခဲ့ေသာစီနီယာအစ္မႀကီးတို႔အဖြဲ႕ကိုပါေခၚတင္ဖို႔ဆုံးျဖတ္လိုက္ရသည္။

"ထားပါေတာ့အဲ့ဒီေတာ့ ငါနဲ႕တြယ္တာ့ကိုေနာက္ဆုံးမွလာေခၚမွာလား"

"ဟုတ္တယ္ေလ ခါတိုင္းလိုပဲ"

"ငါတို႔အိမ္ကထြက္ရင္ ဘယ္မ႑ပ္အရင္သြားမလဲ "

"ကိုတ႐ုတ္ႀကီး ညီမတို႔ကို ရဲရင့္ေအာင္ပါတဲ့ မ႑ပ္လိုက္ပို႔ေနာ္"

ပန္းႏုကသူအႀကိဳက္ဆုံးအဆိုေတာ္ျဖစ္တဲ့ရဲရင့္ေအာင္ပါဝင္ေဖ်ာ္ေျဖမည့္မ႑ပ္ကိုလိုက္ပို႔ရန္ တြယ္တာ့ေဘးကေနထေျပာသည္။

"သမီးကို X-Box ပါတဲ့ မ႑ပ္ပို႔ေပး "

တြယ္တာကလည္း သူမ၁၀တန္းကတည္းကသေဘာက်ရတဲ့အဆိုေတာ္ေခ်ာေခ်ာေလး X box ပါတဲ့မ႑ပ္ကိုသြားခ်င္သည္။

"မပို႔ဘူး ငါတို႔က ဦးညီထြဋ္မ႑ပ္သြားမွာ"

ခိုင္ၿမဲက သူ႕ညီမႏွင့္အေပါင္းအပါ၂ေယာက္ကိုအျပတ္ျငင္းသည္။

"ဒါေတာ့ဟုတ္တယ္ ငါတို႔က ေဇာ္ဝင္းထြဋ္ပါတဲ့မ႑ပ္ပဲသြားမွာ"

ထူးျမတ္လင္းကပါဝင္ေျပာေတာ့ တြယ္တာတို႔၃ေယာက္ျပယာခက္သြားရသည္။

"ဟာ....မရပါဘူး တြယ္တာတို႔ကိုလည္းတြယ္တာတို႔ႀကိဳက္တဲ့ မ႑ပ္လိုက္ပို႔ရမယ္ေလ ရဲရင့္ေအာင္နဲ႕ X Box ပါတဲ့ မ႑ပ္လိုက္ပို႔ရမယ္ "

"နိုးပဲ တြယ္တာ မ႑ပ္တစ္ခုတိုးရတာလြယ္တာမဟုတ္ဘူး ငါတို႔က ေဇာ္ဝင္းထြဋ္ပဲတစ္ျပားမွမေလ်ာ့ဘူး "

"ဟင္...အဲ့လိုမရပါဘူးဆို X Box ရွိတဲ့မ႑ပ္မွာလည္ခ်င္တာ"

"ငါတို႔မွ နင္တို႔ရဲ႕ ရဲရင့္ေအာင္ေတြ X Box ေတြမႀကိဳက္တာ ငါတို႔က၃ေယာက္စလုံးဦးညီထြဋ္ Fan! "

ခိုင္ၿမဲက သူ႕သူငယ္ခ်င္း၂ေယာက္ကိုၾကည့္ၿပီး ေဇာ္ဝင္းထြဋ္ Fan ျဖစ္ေၾကာင္းသက္ေသျပသည္။

"ကိုရန္ႀကီး ဟုတ္လား "

"အင္းဟုတ္တယ္ "

ဒီတစ္ခါေတာ့ ကိုရန္ႀကီးကိုပါစစ္ကူေခၚလို႔မရဘဲ သူကပါ ေဇာ္ဝင္းထြဋ္Fanျဖစ္ေနသည္။

"တြယ္တာတို႔မွ ေဇာ္ဝင္းထြဋ္မႀကိဳက္တာ!"

"နင္တို႔ 2001 Born ေတြ အဲ့တာပဲ Music အႏွစ္ေတြကိုမခံစားတတ္ၾကတာ "

အသက္အားျဖင့္ ၆ ႏွစ္ကြာသည့္အေလ်ာက္ 95 Bornျဖစ္တဲ့ အစ္ကိုႀကီးေတြနဲ႕ တြယ္တာတို႔ႀကိဳက္တဲ့ Music Taste ခ်င္းလည္းမတူၾကေတာ့ေပ။

"ေတာ္ေသးတယ္ေနာ္ ေဟ်ာင့္ ဒီႏွစ္ ကိုRႀကီးတို႔က မႏၱေလးမွာဆိုလို႔ မဟုတ္ရင္ငါတို႔ ဒီႏွစ္လြတ္ၿပီ"

ထူးျမတ္လင္းက ရန္ႀကီးကိုလက္ခ်င္းတို႔ၿပီး Rဇာနည္ မႏၱေလးကမ႑ပ္မွာရွိမည့္အေၾကာင္းေျပာသည္။

"ေအး.... ဟဲေလးတို႔ ေဇာ္ပိုင္တို႔လည္း ဒီႏွစ္မႏၱေလးတဲ့"

ထူးျမတ္လင္းနဲ႕ရန္ႀကီးက မႏၱေလးေရာက္ရင္ ဘယ္မ႑ပ္အရင္လည္မလည္းတိုင္ပင္ေနၾကၿပီဒီဘက္မွာမနက္ျဖန္အတြက္ေတာင္ ေမာင္ႏွမ၂ေယာက္ကအေဝမတည့္ၾကေသး။

"ဒီလိုလုပ္ကြာမနက္ခင္းကို မင္းတို႔သြားခ်င္တဲ့ ရဲရင့္ေအာင္နဲ႕X Boxရွိတဲ့မ႑ပ္လိုက္ပို႔မယ္ ညေနက်ရင္ဦးညီထြဋ္ မ႑ပ္သြားမယ္ "

"Okay သေဘာတူတယ္"

ၾကားထဲကေနထူးျမတ္လင္းကဝင္ညွိေပးလိုက္ေတာ့အဆင္ေျပသြား၏။

"ဒါနဲ႕ မင္းတို႔က မႏၱေလးေရာလိုက္ၾကမွာလား"

"လိုက္မွာေပါ့ ကိုငထူးကလည္း တြယ္တာကတစ္ရက္ပဲလည္ၿပီးဒီမွာတစ္ေယာက္တည္းေနခဲ့ရမွာလား"

ငထူး မင္းရဲ႕ အာရာဖက္ကေတာ့အျပန္မွလူျပည့္မွာမဟုတ္ဘူးအသြားကတည္းက လူျပည့္ၿပီေဟ့"

ခိုင္ၿမဲက သိပ္မေခၚခ်င္ဘဲေျပာသည္။

"မေခၚလို႔မရဘူးေနာ္ ကိုထူး ညီမတို႔ကအဝတ္ေတြေတာင္ထည့္ၿပီးၿပီ"

လဝန္းက သူ႕အစ္ကိုဝမ္းကြဲကိုေျပာလာေတာ့ ထူးျမတ္လင္းကေခါင္းညိတ္ရသည္။

"ေအးပါ ေခၚမွာပါ"

*
*
*

သၾကၤန္အက်ေန႕

"တြယ္တာရတနာ...ကားလာေနၿပီ မၿပီးေသးဘူးလား "

ခိုင္ၿမဲက ဂ်င္းေဘာင္းဘီအနက္ေရာင္နဲ႕အရိုးေခါင္းအ႐ုပ္ေတြပါေသာတီရွပ္လက္ရွည္အနက္ေရာင္နဲ႕ အနက္ဝမ္းဆက္ဝတ္ကာ အိမ္ဝင္းထဲထိဝင္လာေခၚတဲ့ထူးျမတ္လင္းတို႔ကားကိုျမင္တာနဲ႕အိမ္အေပၚထပ္ကညီမလုပ္သူကိုေအာ္ေခၚသည္။

ဒါေပမဲ့တြယ္တာ့ဆီကဘာမွအသံမၾကားေတာ့ ခိုင္ၿမဲလည္းအျပင္ထြက္ၿပီးေျပာရပါေတာ့သည္။

"မင္းညီမေရာ "

ကားေပၚမွာေရအနည္းငယ္စိုလာခဲ့ၿပီျဖစ္ေသာလူေတြထဲမွထူးျမတ္လင္းက အိမ္ထဲကထြက္လာေသာခိုင္ၿမဲကိုလွမ္းေမးသည္။

ေနပူလို႔မ်က္ႏွာေတြကိုလက္ႏွင့္ေနကြယ္ထားရၿပီးမ်က္ေမွာင္ကုပ္ထားၾကရ၏။

"ဝင္ေခၚလိုက္ၾကေတာ့ အသံကိုမၾကားဘူး ဘီယာမပါေသးဘူးမလား"

"ေအး မင္းတို႔လမ္းထိပ္မွဝင္ဝယ္မလို႔ေလ"

"ငါသြားဝယ္ထားလိုက္မယ္ တြယ္တာဆင္းလာရင္ထြက္လာခဲ့"

"အိုေခ "

ခိုင္ၿမဲက ၿခံထဲကေနေျခလ်င္ေျပးထြက္သြားေလသည္။

"ကိုထူး တြယ္တာမလာေသးဘူးလား ညီမတို႔ဆင္းေခၚရမလား"

လဝန္းကေနာက္လွည့္ၿပီးေမးေလေတာ့ ထူးျမတ္လင္းနဲ႕ရန္ႀကီးေအာင္ကားေအာက္ေရာက္ေနၿပီျဖစ္သည္။

"မဆင္းနဲ႕ေတာ့ အလုပ္ရႈပ္တယ္ ဒီတိုင္းေအာ္လိုက္ေတာ့မယ္"

ထူးျမတ္လင္းကျပန္ေျပာၿပီးအိမ္ထဲသို႔ရန္ႀကီးနဲ႕အတူဝင္လာၾကသည္။

"တြယ္တာ.... တြယ္တာ....မၿပီးေသးဘူးလား"

ထူးျမတ္လင္းက အေပၚထိမတက္ဘဲ ေအာက္ေနေအာ္ေခၚသည္။

"လာၿပီ...လာၿပီ...ဘာလို႔စြတ္ေအာ္ေနၾကတာလဲ"

"ေအာင္မေလး.....တြယ္တာ...နင္ ငါတို႔ကားေပၚကလိုက္မွာေနာ္ မ႑ပ္မွာသီခ်င္းဆိုမွာမဟုတ္ဘူး"

"သိတယ္ေလ ကိုငထူးကလည္း တြယ္တာလည္း သၾကၤန္လည္ဖို႔ ဒီအဝတ္အစားေတြေသခ်ာဝယ္ထားတာပါေနာ္"

တြယ္တာသည္ ဆြဲသားအျဖဴေရာင္လက္ရွည္ကိုဂ်င္းေဘာင္းဘီအတိုေလးထဲသို႔ထည့္ဝတ္ထားၿပီး တိုတိေနေသာဂ်င္းေဘာင္းဘီအျပာေရာင္ေလးေအာက္မွာ ဒီေခတ္စတိုင္လ္အရ ေသခ်ာၿဖဲထားေသာစေတာ္ကင္အေပါက္အၿပဲအနက္ေရာင္ပါးပါးေလးကိုတစ္ထပ္ဝတ္ထား၏။

သၾကၤန္မျဖစ္ခင္၂ရက္ကမွ ပန္းႏုတို႔နဲ႕သြားဝယ္ထားေသာ မ်က္မွန္အမဲေရာင္အဝိုင္းေလးကိုေခါင္းေပၚသို႔တင္လိုက္ရင္းေဘာင္းဘီအိတ္ထဲလက္ထည့္ကာတစ္ဖက္ကခါးေထာက္ၿပီး ရႉးဖိနပ္အျမင့္ႀကီးစီးထားေသာေျခေထာက္မ်ားကိုလိမ္၍ ေမာ္ဒယ္တစ္ေယာက္လိုေလွကားေပၚကေန Poseေပးေနသည္။

အစ္ကိုအရင္းျဖစ္ေသာ ခိုင္ၿမဲက ဘီယာသြားဝယ္ဆိုၿပီးအိမ္ကိုျပန္မလာေတာ့ဘူး။ လမ္းထိပ္ကစတိုးဆိုင္ကေနေစာင့္မယ္တဲ့သူ႕ကိုအဲ့ဒီနားမွာကားရပ္ၿပီးေခၚရမယ္။

အခုတြယ္တာ့ကိုေစာင့္ၿပီးေခၚေနတာက ၿခံထားမွာရပ္ထားေသာ သၾကၤန္လည္မယ့္ Light truck ကားေပၚက ပန္းႏုတို႔ႏွင့္ အိမ္ထဲလာၿပီး တြယ္တာ့ကိုေဝဖန္ေနေသာ ထူးျမတ္လင္း ၊ တြယ္တာ့ကိုလက္ပိုက္လွ်က္ေမာ့ၾကည့္ၿပီး တစ္ခုခုေျပာရန္ျပင္ဆင္ေနေသာ ရန္ႀကီးေအာင္တို႔သာျဖစ္သည္။

"တြယ္တာ...အႏြေးထည္ဝတ္ခဲ့ ေရစိုရင္ခ်မ္းလိမ့္မယ္"

ထိုအခါတြယ္တာကေလွကားေပၚကေနေျပးဆင္းလာၿပီး

"ကိုရန္ႀကီးကလည္း အႏြေးထည္ဝတ္ရင္ တြယ္တာ့အကၤ်ီလွလွေလးဘယ္ေပၚပါ့မလဲ အႏြေးထည္မဝတ္ခ်င္လို႔ေသခ်ာလက္ရွည္လွလွေလးေ႐ြးဝတ္လာတာကို"

"တြယ္တာေရ....ၾကာတာဟာ....ဒီမွာငါတို႔ကကားေပၚကေနေနပူလွၿပီ"

ဒီအသံသည္ပန္းႏုအသံသာျဖစ္သည္။ ဟုတ္မွာပဲ...အိမ္ထဲဝင္ေစာင့္ရင္ တြယ္တာမကစိတ္ခ်လက္ခ်အၾကာႀကီးပဲမ်ားေနမွာမို႔လို႔ ကားေပၚကေနေစာင့္ရင္အားနာမလားဆိုၿပီးပန္းႏုတို႔ႏွင့္သူငယ္ခ်င္းအခ်ိဳ႕ေစာင့္ေနၾကတာ။ ပန္းႏုေတာင္ကားေပၚကေနဒီစကားထြက္လာရင္ လမ္းထိပ္ကစတိုးဆိုင္မွာဘီယာဂ်က္ဖာႀကီးနဲ႕ေစာင့္ေနမယ့္ ကိုႀကီးသာဆို တြယ္တာ့ကိုကားေပၚေရာက္ရင္လည္ပင္းညွစ္သတ္လိမ့္မည္။

"လာသြားစို႔ ဝတ္ခ်င္ဝတ္မဝတ္ခ်င္ေန... ခ်မ္းလို႔ဆိုၿပီး တံဘက္ေတာင္းလို႔ကေတာ့ တံဘက္မရဘူး ရန္ႀကီးေအာင္လက္သီးပဲရလိမ့္မယ္"

ထူးျမတ္လင္းက စကားနားမေထာင္တဲ့တြယ္တာ့အား ဗလေတာင့္ေသာရန္ႀကီးေအာင္နဲ႕ကိုင္ေပါက္ၿပီးအနိုင္ပိုင္းေျပာသြားေသးသည္။

ထိုအခါ တြယ္တာက ထူးျမတ္လင္းေနာက္ကေနကပ္လိုက္ၿပီး

"ကိုရန္ႀကီးက တြယ္တာ့ကိုလက္ဖ်ားေတာင္မတို႔ဖူးပါဘူးေနာ္ "

ဟု ဂုဏ္ယူစြာနဲ႕ျပန္ေျပာလိုက္၏။

တြယ္တာသည္ ပန္းႏု၊ လဝန္းတို႔နဲ႕အတူေရွ႕ဆုံးမွာမတ္တပ္ရပ္ၾကၿပီး ရန္ႀကီးေအာင္၊ ထူးျမတ္လင္းႏွင့္သူငယ္ခ်င္းအခ်ိဳ႕ကေယာက္်ားသားမ်ားပီပီ တြယ္တာတို႔ကိုဝန္းရံၿပီးအေနာက္မွာေနေပးၾကသည္။

ထင္တဲ့အတိုင္း ခိုင္ၿမဲသည္ တစ္ကိုယ္လုံးစို႐ႊဲေနလွ်က္ ဘီယာကိုဖာလိုက္ဝယ္ထားတာမို႔အဲ့ဒီဖာႀကီးကိုမလာရင္းကားေပၚေရာက္တာနဲ႕

"ငုံးမသားေတြ ၾကာတာ ေသာက္ကမေသာက္ရေသးဘူး ဟိုဘက္ကကြမ္းယာဆိုင္ကဘြားေတာ္ကေရလာေလာင္းသြားၿပီ....စတိုးဆိုင္ကကေလးေတြကလည္းေရခဲေရေတြတဲ့ပက္ထားၾကတာ ခ်မ္းတာ"

ေကာင္မေလးေတြေရေလာင္းတာခံခ်င္ေသာ ေကာင္ကိုမွဟိုဘက္ကဘြားေတာ္ကအရင္ဦးဆုံးေလာင္းၿပီးေရခဲေရနဲ႕ပက္ခံရလို႔ ေလာင္ေနတဲ့ခိုင္ၿမဲပင္ျဖစ္သည္။

ထူးျမတ္လင္းကဘီယာဂ်က္ဖာကိုကားေပၚသို႔တင္ေတာ့ရန္ႀကီးေအာင္က ဖာကိုခ်က္ခ်င္းေဖာက္သည္။

"ငါတို႔ကၾကာတာမဟုတ္ဘူး....မင္းညီမလုပ္ေနတာကြ...ေရွ႕ကမင္းညီမစတိုင္လ္ကိုလည္းၾကည့္ဦး ျပင္ဆင္ေနတာအၾကာႀကီးပဲ"

ထူးျမတ္လင္းကေျပာေတာ့ ကားေပၚေနာက္ဆုံးမွတက္လာေသာ ခိုင္ၿမဲက ကားရဲ႕ေရွ႕ဆုံးမွာရွိေနေသာ သူ႕ညီမကိုလွမ္းၾကည့္သည္။ တြယ္တာက မ်က္ခုံးပင့္ၿပီးဘာလဲဆိုေသာသေဘာနဲ႕ၾကည့္သည္။

ကိုႀကီးသည္တြယ္တာ့ကိုသိပ္ၾကည္တာမဟုတ္။ သၾကၤန္ႏွစ္တိုင္းသူတို႔ေယာက္်ားေလးေတြခ်ည္းအုပ္စုလိုက္လြတ္လြတ္လပ္လပ္လည္ၾကတာ၊ ဒီႏွစ္မွ မိတြယ္တာတို႔အုပ္စုကဇြတ္လိုက္ခ်င္တယ္ဆိုၿပီးငိုယိုေနေတာ့ ငထူးနဲ႕ရန္ႀကီးကအားနာၿပီးေခၚခဲ့တာ နို႔မို႔ဆိုမလိုက္ရဘူး။

မင္းထက္ခိုင္ၿမဲသည္ ကားေပၚသူ႕ညီမပါတယ္ဆိုတာအာ႐ုံထဲေတာင္မထား။ ကားရဲ႕ေနာက္ဆုံးမွပဲေနၿပီး သူဝယ္လာတဲ့ဘီယာသူပဲေသာက္ေနသလားေတာင္ထင္ရ၏။

ကတိေပးထားတဲ့အတိုင္း အရင္ဆုံး ရဲရင့္ေအာင္နဲ႕ X box ပါတဲ့ မ႑ပ္ကိုတိုးေပးရသည္။

"ေခြးေဒါင္းဇားတ႐ုတ္ႀကီး...."

ထူးျမတ္လင္းက ခါတိုင္းႏွစ္ေတြလိုပဲေနာက္ဆုံးကေနမူးၿပီးရွယ္ကေနေသာ ခိုင္ၿမဲအားမ်က္စိဆံပင္ေမႊးဆူးစြာဆဲေလေတာ့သည္။

ရန္ႀကီးေအာင္ကေတာ့ ခိုင္ၿမဲကိုမေက်နပ္သည့္ထူးျမတ္လင္းကိုၾကည့္ၿပီးခိုးရယ္မိေလ၏။

"တြယ္တာက သူ႕ညီမအရင္းေရာဟုတ္ရဲ႕လားမသိဘူး... ပစ္ထားတာၾကည့္ဦး..!"

ထူးျမတ္လင္းကတြယ္တာ့နာမည္ထည့္ေျပာေတာ့ ရန္ႀကီးေအာင္ အေရွ႕ဆုံးမွာရွိေနေသာ သူငယ္ခ်င္းရဲ႕ညီမေလးကိုလွမ္းၾကည့္သည္။

မ႑ပ္ေရွ႕ေရပိုက္ေတြေအာက္ေရာက္သြားေတာ့ ေရေတြထဲမွာဆံပင္ေတြရမ္းခါၿပီး ရွယ္ဒြန့္ေနတာမို႔ ေမာင္ႏွမႏွစ္ေယာက္ ကားေရွ႕ဆုံးနဲ႕ေနာက္ဆုံးမွာေနၿပီး လိုက္လည္းလိုက္ပါ့။

ငထူးကလည္းေရပိုက္ေတြနဲ႕အထိုးခံရတာကိုေပ်ာ္ေနၿပီး ေစာနကလိုခိုင္ၿမဲကိုၾကည့္၍ေမတၱာမပို႔နိုင္ေတာ့။သူကိုယ္တိုင္ပါကားႀကီးတုန္ေအာင္ခုန္ေနေပါေတာ့သည္။

မ႑ပ္ေပၚက ရွင္ဖုန္းရဲ႕အိုေခနားထား သီခ်င္းကဒီေလာက္ ကလို႔ေကာင္းမွန္းမသိခဲ့ဘူး။
ႏွစ္တိုင္းကေနက်သီခ်င္းေပမဲ့ ေရွ႕က တစ္ကိုယ္လုံးခါရမ္းေနတဲ့တြယ္တာ့ကိုၾကည့္ၿပီး ရန္ႀကီးေအာင္ပိုလို႔ျမဴးႂကြလာရသည္။

ဂိုက္ေပးၾကမ္းတယ္.....ကိုလူေခ်ာေရ....

လာၿပီးအခ်ိန္မျဖဳန္းနဲ႕.....စိတ္ကူးထဲေတာင္မယဥ္နိုင္ဘူးကြယ္.....

စိတ္ညစ္တယ္.....နင္ဘယ္သူလဲ......

ထိုစဥ္....ကေနေသာ တြယ္တာတို႔သူငယ္ခ်င္းတစ္စုၿငိမ္သြားၿပီးမွ

အိုေခ...နားထား....နားထား

တစ္ဖြဲ႕လုံးသီခ်င္းကိုအသံၿပိဳင္လိုက္ဆိုၿပီး တစ္ကားလုံးငလ်င္လႈပ္ေအာင္ခုန္ၾကတာမို႔ ရန္ႀကီးေအာင္ဟန္ခ်က္ပ်က္ၿပီးယိုင္နဲ႕သြားသျဖင့္ ဒီကေလးမေတြအေတာ္ယြဟု စိတ္ထဲကေနေျပာလိုက္သည္။

မ႑ပ္ေအာက္က ကားေတြကတစ္ကားနဲ႕တစ္ကား တအားကပ္ေနၿပီး ကားတိုင္းကသီခ်င္းေတြလိုက္ဆိုေနၾကတာမို႔ ေပ်ာ္စရာေကာင္းကာစိတ္လြတ္လက္လြတ္ျဖစ္ေနၾကသည္။

အခ်ိဳ႕ကားေတြဆိုကားခ်င္းကပ္ေနေတာ့ အရက္ဘီယာေတြလဲေသာက္ရင္းမုန့္ေတြပါလဲစားေနၾက၏။

ကားလႈပ္ေအာင္ခုန္ေနၾကရာကေနအနည္းငယ္ၿငိမ္သြားၿပီး တြယ္တာတို႔အုပ္စုအသံလည္းတိတ္သြားတာမို႔ရန္ႀကီးေအာင္ဘာျဖစ္တာလဲဟု အကဲခက္ေတာ့ ကားရဲ႕ေဘးဆုံးေရွ႕ဆုံးျဖစ္တဲ့ေထာင့္မွာရပ္ေနေသာ တြယ္တာ့အားဟိုဘက္ကားကအမူးသမားအခ်ိဳ႕ကလွမ္းဆြဲေနၾကတာျဖစ္သည္။

ရန္ႀကီးသည္ ခ်က္ခ်င္းကားေပါက္ကခုန္ဆင္းၿပီး ကားႏွစ္ခုၾကားထဲတိုးသည္။ တြယ္တာ့လက္ကိုအဆြဲခံထားရတာမို႔႐ုန္းရင္းဆံခက္ျဖစ္ေန၏။

ရန္ႀကီးသည္တြယ္တာ့ကိုဆြဲထားေသာေကာင္လက္ကိုဆြဲဖယ္လိုက္၍

"မင္းလက္မက်ိဳးခ်င္ရင္အဲ့ဒီလက္ကိုဖယ္!"

မူး႐ူးေနၾကေတာ့ေသြးႂကြေနၾကသျဖင့္ကားေပၚကေကာင္ေတြက ကားေအာက္မွာရွိေနေသာရန္ႀကီးဆီသို႔အၾကည့္မ်ားေရာက္လာၾကသည္။

ဇခ်င္းယွဥ္လို႔ရမရေတာ့မသိေပမဲ့...ဗလခ်င္းယွဥ္လို႔မရတာေတာ့ေသခ်ာသည္။ ရန္ႀကီးေအာင္သည္ Boxing အားကစားသမားပီပီ ရွယ္ Train ထားတာမို႔ ေတာင့္ေျဖာင့္ၿပီး ႐ုပ္ကလည္းတည္လြန္းအားႀကီးသည္။

"ရန္ႀကီးဘာျဖစ္တာလဲ"

ငထူးကပါေအာက္ဆင္းလာၿပီးရန္ႀကီးေဘးမွာလာရပ္သည္။

"ဘာၾကည့္ေနတာလဲ သတၱိရွိရင္ဆင္းခဲ့ ခုနကငါ့ညီမကိုကိုင္တဲ့လက္ အရိုးပါရစရာမရွိေအာင္ခ်ိဳးပစ္မယ္!"

ရန္ႀကီးက ဝတ္ထားေသာ မိုးကာသားခပ္ပါးပါးဂ်ာကင္အျပာေရာင္ကိုလက္ဖ်ံေပၚသို႔ဆြဲတင္လိုက္ၿပီး အဟုတ္ထိုးမယ့္ပုံစံျဖစ္သည္။

"ဘာျဖစ္တာလဲ...တြယ္တာ့ကိုလွမ္းဆြဲတာလား ဘယ္ေကာင္လဲ"

ထူးျမတ္လင္းက သေဘာေပါက္သြားၿပီး ဟိုဘက္ကားေပၚကေကာင္ေတြကိုဘယ္ေကာင္ျဖစ္မလဲဟုလိုက္ၾကည့္သည္။

ညီမတစ္ေယာက္လုံးေဘးကားေပၚသို႔ဆြဲတင္ခံရမလိုျဖစ္တာေတာင္ ေစာက္ေရးမလုပ္တာကေတာ့ မင္းထက္ခိုင္ၿမဲပင္။ ကသာကေနတာလူကလည္းယိုင္ထိုးၿပီးအေတာ္မူးေနတဲ့ေကာင္ျဖစ္သည္။

"ေအးေဆးရွင္း....ဟိုထိပ္မွာရဲေတြရွိတယ္ "

"ေနာက္ရက္ ႀကဳံဦးမွာပါ မင္းတို႔ကားနဲ႕!"

ဟိုဘက္ကားေပၚကအျခားေကာင္က ေျပာၿပီး ျပႆနာတက္တဲ့ေကာင္ကိုလည္းအေနာက္ဆြဲသြားသည္။ ကားကလည္းေျဖးေျဖးခ်င္းလွိမ့္ၿပီးေ႐ြ႕သြားတာမို႔ ရန္မျဖစ္လိုက္ရ။

ထူးျမတ္လင္းကလည္းရန္ႀကီးကို ပုခုံးကေနပုတ္ၿပီး ကားေပၚတက္ခိုင္းသည္။

ရန္ႀကီးသည္ဒီတစ္ခါေနာက္ကမေနေတာ့ဘဲ တြယ္တာ့ေဘးကေနကားေပၚတက္လိုက္၍ တြယ္တာ့ေနာက္မွာရပ္လိုက္သည္။

ကားကဘရိတ္အုပ္လိုက္၊တစ္လိမ့္ခ်င္းေမာင္းလိုက္နဲ႕မ႑ပ္တိုးရတာမို႔ လူမယိုင္သြားေအာင္လို႔ရန္ႀကီးဟာတြယ္တာ့ရဲ႕ေဘးတစ္ဖက္တစ္ခ်ပ္စီကေနကားေခါင္းကိုလွမ္းကိုင္ထားလိုက္သည္။

အခုတြယ္တာ့ခႏၶာကိုယ္ေလးဟာ ရန္ႀကီးေအာင္၏ရင္ခြင္ထဲလုံးလုံးလ်ားလ်ားေရာက္ေနၿပီျဖစ္သည္။

တြယ္တာလည္း ေစာနကမွလူအဆြဲခံထားရတာမို႔ရန္ႀကီးကသူ႕ကိုလႈပ္လို႔မရေအာင္ဝန္းရံထားလည္းအတြန့္မတက္ရဲဘဲၿငိမ္ၿငိမ္ေလးေနရသည္။

မ႑ပ္ကိုေက်ာ္သြားေတာ့ ေရပက္တဲ့သူမရွိသျဖင့္ ကားကိုျမန္ျမန္ေမာင္းသည္။ ဟုတ္သည္...ေန႕လည္ေရာက္ေနၿပီဆိုေတာ့ထမင္းစားနားၾကေတာ့မွာျဖစ္၏။

ေရစိုလာၿပီးမွ ေလေတြကတအားတိုက္ေတာ့ ေရွ႕ဆုံးကလိုက္တဲ့တြယ္တာတုန္လာသည္။

ခ်မ္းတယ္လို႔လည္းမေျပာရဲဘူး...အိမ္မွာကတည္းကအႏြေးထည္ဝတ္ခဲ့ဖို႔မွာရဲ႕သားနဲ႕ေျပာစကားနားမေထာင္ခဲ့တာမိမိကိုယ္တိုင္မို႔ အေနာက္ကေန႐ုပ္တည္ႀကီးနဲ႕ရပ္ေနတဲ့ဘဲႀကီးကိုေၾကာက္ရသည္။

တြယ္တာမရဲတရဲနဲ႕အသာေလးေနာက္လွည့္ၿပီးေမာ့ၾကည့္ေတာ့ ရန္ႀကီးေအာင္ကခ်က္ခ်င္းငုံ႕ၾကည့္လာသည္။

"ခ်မ္းေနတာမလား"

ႏႈတ္ခမ္းေတြပါတုန္ေနတာတဲ့တြယ္တာ့ေၾကာင့္ ရန္ႀကီးေအာင္ခ်က္ခ်င္းရိပ္မိပါသည္။ တြယ္တာ့အေနအထားကိုၾကည့္ေတာ့လည္း ဆြဲသားကိုယ္ၾကပ္ေလးကအျဖဴေရာင္လည္းျဖစ္၊ ေရကလည္းစိုထားေတာ့ကိုယ္မွာကပ္သည္ထက္ကပ္ၿပီး ေအာက္ကဝတ္ထားတဲ့ အမဲေရာင္ဘရာစီယာကိုပါထြင္းေဖာက္ျမင္ေနရသည္။

ရန္ႀကီးေအာင္ မ်က္လုံးေတြကိုခ်က္ခ်င္းလႊဲလိုက္ၿပီး စိတ္ထဲမယိုးမယြနဲ႕ ငါ့မ်က္လုံးေတြကလည္းအျမင္စူးရွေနသလားဟူ၍ကိုယ့္ကိုယ္ကိုယ္သံသယဝင္မိသည္။

ရန္ႀကီးေအာင္သူ႕ဂ်ာကင္ကိုခြၽတ္ၿပီး တြယ္တာ့အေပၚၿခဳံေပးလိုက္ကာ

"ဝတ္ထား"

ဟုအမိန့္ေပးလိုက္သည္။ တြယ္တာလည္းခ်က္ခ်င္း ဂ်ာကင္ကိုလက္လွ်ိုဝတ္လိုက္ေတာ့ ရန္ႀကီးေအာင္ကတြယ္တာ့ခါးကေနဖက္ၿပီး ဂ်ာကင္ဇစ္ကိုလည္ပင္းထိလုံေအာင္တပ္ေပးသည္။

"မခြၽတ္နဲ႕! "

ဟု ေနာက္ထပ္အမိန့္ထပ္ေပးျပန္သည္။

တြယ္တာကေတာ့ ထမင္းစားရင္ခြၽတ္ပစ္ဟုစိတ္ထဲကေနဆန့္က်င္ၿပီးသားျဖစ္၏။

ဟုတ္တယ္ေလ....ကားရပ္တုန္း ပန္းႏုတို႔နဲ႕ဓာတ္ပုံရိုက္ခ်င္ေသးတာ။

တြယ္တာ့ေနာက္မွ စြပ္က်ယ္အျဖဴေရာင္နဲ႕ ဘဲႀကီးကို ပန္းႏုတို႔မသိမသာခိုးၾကည့္ေနၾကသည္။ ၾကည့္ခ်င္စရာပဲ...အသားညို...ေရကစိုေတာ့.တကယ့္ညိုညိုစိုစို။ ေဟာ....ကားေပၚမွာသူတစ္ေယာက္တည္းစြပ္က်ယ္နဲ႕မခ်မ္းမစီး တင့္တင္းတဲ့လက္ေမာင္းေတြက တြယ္တာ့ကိုကာရံေပးထားတာမ်ားမနာလိုခ်င္စရာ။

၅မိနစ္ေလာက္ေနေတာ့ ေန႕ခင္းနားတဲ့အခ်ိန္ ေရပက္မ႑ပ္မွ စတုဒီသာသၾကၤန္ထမင္းေကြၽးေနသည္။

ဘူးသီးသႁပြန္းဟင္းနဲ႕ငါးေျခာက္ေထာင္းေၾကာ္ကလည္းစားခ်င္စားဖြယ္နဲ႕ အခုမွေကြၽးခါစမို႔လူသိပ္မရွိေသးခင္ တြယ္တာတို႔ကားထိုးရပ္လိုက္ၿပီးဝင္စားဖို႔ဆုံးျဖတ္လိုက္ၾကသည္။

ဗိုက္ဆာေနၾကတာမို႔ကားရပ္တာနဲ႕ခ်က္ခ်င္းဆင္းၿပီးဝင္ထိုင္ၾကတဲ့သူေတြကထိုင္ေနၾကၿပီ။

ႏွစ္တိုင္းအစဥ္အလာမပ်က္တဲ့ ရန္ႀကီးေအာင္ႏွင့္ထူးျမတ္လင္း၏တာဝန္ကေတာ့ ငမူးင႐ူးမင္းထက္ခိုင္ၿမဲကိုတြဲေခၚရတာပင္ျဖစ္သည္။

ဒီေကာင္ကတကယ္အရက္ဘီယာကို လူမွန္းသူမွန္းမသိေအာင္ေသာက္ေလ့ရွိတဲ့ေကာင္ျဖစ္သည္။

သႁပြန္းဟင္းပူပူေလး ငါးေျခာက္ေၾကာ္ေမႊးေမႊးေလးနဲ႕ထမင္းကိုအားပါးတရစားတာကေတာ့ရန္ႀကီးေအာင္နဲ႕ထူးျမတ္လင္းသာျဖစ္သည္။

တြယ္တာတို႔ကအမ်ားႀကီးသိပ္မစားဘဲ မ႑ပ္ေရွ႕ဓာတ္ပုံရိုက္ရဖို႔အေရးဒို႔အေရးသာျဖစ္ေနၾက၏။

ရန္ႀကီးႏွင့္ထူးျမတ္လင္းကစားေသာက္ေနတုန္း လူလိုမေသာက္ဘဲေခြးလိုႏြားလိုေသာက္ထားတဲ့ခိုင္ၿမဲက ရႉးေပါက္ခ်င္လို႔ဆိုၿပီး ထသြားတာမို႔ ထူးျမတ္လင္းကဆဲေတာ့သည္။

ရန္ႀကီးထမင္းစားေနရင္း ဓာတ္ပုံရိုက္ၾကမယ့္တြယ္တာတို႔ကိုလွမ္းၾကည့္ေနသည္။ တြယ္တာသည္ သူဝတ္ေပးထားတဲ့ဂ်ာကင္ဇစ္ကိုျဖဳတ္ေနေတာ့ ရန္ႀကီးေအာင္တစ္ေယာက္ ပလုပ္ပေလာင္းနဲ႕စားေနရာမွတစ္ရႉးျဖင့္ပါးစပ္သုတ္ၿပီးေနရာမွထ၍ တြယ္တာဆီေျပးသြားတာေၾကာင့္ ထူးျမတ္လင္းခဗ်ာစားရင္းေသာက္ရင္းလန့္သြားရ၏။

ရန္ႀကီးေအာင္သည္ ဂ်ာကင္ခြၽတ္ဖို႔ျပင္ေနတဲ့တြယ္တာ့ကို ဇစ္မဖြင့္ဖို႔တားျမစ္သည္။

"ငါမွာထားတယ္ေလ မခြၽတ္နဲ႕လို႔"

"ဘာလို႔လဲ...ကိုရန္ႀကီးကလည္း...မခ်မ္းေတာ့ဘူး"

"ဒါေပမဲ့ မင္းအကၤ်ီကမေျခာက္ေသးဘူး"

"ဓာတ္ပုံရိုက္မလို႔ခဏခြၽတ္တာေလ မခ်မ္းေတာ့ပါဘူးဆို"

ရန္ႀကီးေအာင္လည္း တစ္ဝက္ေလာက္ဇစ္ဖြင့္ထားလို႔ျမင္ေနရတဲ့သူမရင္ဘက္ကိုမ်က္လုံးေဝ့ၾကည့္လိုက္ၿပီး တြယ္တာ့နားနားသို႔ခပ္တိုးတိုးကပ္ေျပာလိုက္ပါသည္။

"မင္း ေအာက္ကဘာဝတ္လာလဲဆိုတာ ေသခ်ာျမင္ေနရတယ္"

ရန္ႀကီးေအာင္စကားေၾကာင့္ တြယ္တာကိုယ့္ကိုယ္ကိုယ္ငုံ႕ၾကည့္လိုက္သည္။ ဘရာစီယာအေပၚကခပ္မို႔မို႔အသားစိုင္ကေလးမ်ားကစ ကိုရန္ႀကီးျမင္သြားေလသလားဟုေတြးမိၿပီး နားထဲကအေငြ႕ထြက္လာတဲ့အထိရွက္လာသည္။

ရန္ႀကီးေအာင္ ဂ်ာကင္အကၤ်ီဇစ္ကိုျပန္တပ္ေပးၿပီး

"ထမင္းစားဦးမယ္....ရန္ထပ္မျဖစ္ခ်င္လို႔ ဒါကိုမခြၽတ္နဲ႕ ဒီတိုင္းရိုက္လည္းလွၿပီးသား!"

ဟုေျပာ၍ စတုဒီသာမ႑ပ္ထဲသို႔ျပန္ေျပးသြားေလသည္။

ေနပူထဲမွာစြပ္က်ယ္နဲ႕ေျပးသြားတာမို႔အညိုေရာင္အသားေတြပိုမဲေတာ့မွာပဲဟုတြယ္တာေတြးမိရင္းရယ္ခ်င္လာသည္။


*********************************
အမွားပါရင္ခြင့္လႊတ္ပါ။
Part (21) ဆက္ရန္

Continue Reading

You'll Also Like

111K 4.8K 59
ေယာက်ၤားေလး ေယာင္ေဆာင္ၿပီး က်မ အေဖ ေနာက္မိန္းမရဲ႕ သားကို က်မက ကလဲ့စားေခ်မလို ့ပါဆိုေနမွ အခုေတာ့ က်မက သူ႕ကို မျမင္ရရင္ မေနႏိုင္မထိုင္ႏိုင္တဲ့အထိ ခ်စ္မ...
168K 10.8K 21
သူများစုံတွဲတွေ ကြည်နူးနေတာကို ကြည့်ပြီး အားကျနေရသူ ရှင်းသန့် ။ တုံးအပြီး ရိုးသားတဲ့ ရုပ်ဆိုးမလေး ရှင်းသန့်ရဲ့ ဘဝထဲ ကောင်လေးချောချောလေး နှစ်ယောက် ရော...
246K 26.7K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
33.1K 787 32
Tension between love and friend.