ငါ လူသားမဟုတ်တော့ဘူး [ Comple...

By Puddin524

211K 28.5K 325

This story is just a fan translation. Crd to the original owner. More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
ဈေးဗန်း
Chapter 21
Paid Gp Complete 🩵
MM Storyteller Website
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
ငါ့အမြှီးကို ဘယ်သူထိတာလဲ
Chapter 67
Chapter 68🚨
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93 ( Main Story End )
Chapter 94 ( Extra 1 )
Chapter 95 ( Extra 2 )
Chapter 96 ( Extra 3 )
Chapter 97 ( Extra 4 )
Chapter 98 ( Extra 5 )
Chapter 99 ( Extra 6 )
Chapter 100 ( Extra 7 )
Chapter 101 ( Extra 8 )
Chapter 102 ( Extra 9 )
Chapter 103 ( Extra 10 )
Chapter 104 ( Extra 11 )
Chapter 105 - Extra 12 (End Of Story)
ကျေးဇူးတင်လွှာ
New Novels
Attention Plz

Chapter 38

1.9K 224 0
By Puddin524

Chapter 38

ကုဟွိုက်သင်ကြားနေသောအကြောင်းအရာမှာ အလ်ဗ်၏စကားများကြောင့် ရပ်တန့်သွားရသည်။ သူသည် ကြီးမားသည့် ငွေရောင်ကြောင်ကြီးစကားကိုသာ နားထောင်နိုင်တော့၏။ ထိုနေ့ပြီးနောက်ပိုင်းမှစ၍ တစ်ဖက်လူ၏အမြီးက သူ့အားရစ်ပတ်နေခြင်းနှင့်ပက်သက်ပြီး အပေးအယူလုပ်ရတော့သည်။

ကုဟွိုက်က နှစ်သိမ့်ချော့မြူခြင်းနှင့်ပက်သက်၍ အတွေ့အကြုံမြောက်များစွာရှိပြီး လှည့်ကွက်များလည်း အများကြီးရှိသည်။ အခြားသူများ အနားမရှိချိန်တွင် အလ်ဗ်၏လက်၊ အမွေးနှင့်အမြီးကို ထိတွေ့ကာ တစ်ဖက်လူအား သူ့အမြီးနှင့်ရစ်ပတ်ထားခြင်းကို ခွင့်ပြုရသည်။ ထိုနည်းလမ်းနှင့် အလ်ဗ်က သူ့ကိုသဘောရှိလုပ်ခွင့်ရနေ၏။

ယခင်က ကုဟွိုက်သည် နောက်တစ်ကြိမ်ထပ်လုပ်ခွင့်မပေးဟုပြောဖူးသည်။ ထိုအခြေအနေထိ တိုးတက်လာသည်ကို သူကိုယ်တိုင်လည်း ရှုပ်ထွေးသွားရသည်။ အလ်ဗ်က တခြားသူများနှင့်ဆို ထိုသို့မပြုမူသင့်ကြောင်းပြောခဲ့သင့်သည်။ ရလဒ်အနေဖြင့် အလ်ဗ်က အချိန်တိုင်း ထိုပုံစံကိုလုပ်နေသည်။

သူ့ကို ဘယ်လိုချော့ရပါ့မလဲ…

ကုဟွိုက်ခမျာ ထိုကိစ္စနှင့်ပက်သက်ပြီး စိတ်ပူနေခဲ့သော်လည်း  တစ်ဖက်လူကို အပြစ်တင်မရကြောင်း ခံစားမိ၏။ သူ့အရှေ့၌ရှိသည့် ကြောင်ကြီးအား အပြစ်တင်ခြင်းက ဆိုးရွားသည့်လုပ်ရပ်ဖြစ်သည်။

ကုဟွိုက်က မရဘူးဟုပြောလိုက်သည်နှင့် အလ်ဗ်က သူ့အနားကို မချဉ်းကပ်လာတော့သော်လည်း သူ့အမြီးကမူ ပုံလျက်သားကျသွားရသည်။ ငွေမှင်ရောင်အမြီးက တွဲလဲကျနေသည်ကို ကုဟွိုက်မြင်သည်နှင့် သူက နူးညံ့ညင်သာသွားရကာ လွယ်လွယ်ကူကူ အပေးအယူလုပ်၍ရသည်။

သူပိုပြီး အပေးယူလုပ်လေ ကုဟွိုက်က ပိုပြီး အောက်ကျသွားရလေဖြစ်သည်။ အလ်ဗ်နှင့်သူသည် အချင်းချင်းဖက်ထားကြသည်ကို တခြားသူမမြင်နိုင်ပေ။ ထိုနည်းလမ်းနှင့်သာ ကုဟွိုက်သည် စိတ်ပူစရာမလိုသည့်အတွက်ကြောင့် လက်ရှိအခြေနေကို လက်ခံလိုက်နိုင်သည်။

သူနှင့်အလ်ဗ်၏ဆက်ဆံရေးက သည်ရက်ပိုင်းအတွင်း ပြောင်းလဲနေခဲ့သည်။ ကုဟွိုက်က ဘယ်လိုမှမခံစားရသော်လည်း တခြားသူတွေအမြင်မှာ မတူညီပေ။

အလ်ဗ်ကို သတိဖြင့်စောင့်ကြည့်နေသော ကာ့ပါးလီယာက ပိုပို၍အေးစက်လာသည်။ ရေခဲဆိုင်နှစ်ခုက မျက်နှာချင်းဆိုင်မိကြသည့်အခါ အချင်းချင်းတိုက်မိကြသကဲ့သို့ပင်။ ကုဟွိုက်ကမူ ၎င်းတို့ဘေးတွင် ဘုမသိဘမသိ တောင့်ခဲစွာရှိနေရသည်။

ကုဟွိုက်က ကာ့ပါးလီယာအား အတိုက်အခံလုပ်နေခြင်းကို ငြိမ်းအေးရန် ပြောဆိုဖို့ရည်ရွယ်လိုက်သည်။ သို့သော် ရုတ်တရက်ဖြစ်ပေါ်လာသော ကြယ်တာရာအရေးပေါ်ကိစ္စက ကုဟွိုက်ကို သူ၏အာရုံများအား ရွေ့ပြောင်းစေခဲ့၏။ ထိုအရေးပေါ်က ဇက်မျိုးနွယ်စုများဆီသို့ တိုက်ရိုက်မဟုတ်သော်လည်း ကြယ်တာရာခေတ်တစ်လျှောက်လုံးအား သက်ရောက်နိုင်သည်။ ဇက်များက မဆိုင်သလို နေ၍မရပေ။

ထိုကိစ္စက အနည်းငယ်ရှုပ်ထွေးပြီး ဖြစ်စဉ်က လွန်ခဲ့သည့်နှစ်များကို ပြန်ရောက်သွားစေသည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်က ကြယ်တာရာမဟာမိတ်အဖွဲ့၏ သုတေသနအသင်းမှ အကြီးအကဲခေါင်းဆောင်သည် လူသားများနှင့်ဆိုင်သည့် စမ်းသပ်လုပ်ဆောင်ချက်များအား တရားမဝင်သယ်ယူခြင်းကြောင့် သူ၏အထက်အရာရှိများမှ ဖုံးကွယ်ခဲ့ရသည်။ စမ်းသပ်ရသည့်ရည်ရွယ်ချက်က စစ်သားများကို ဗီဇပညာနှင့်ကူးပြောင်းပြီး အားကောင်းသန်မာသည့်စစ်သားများအား ဖန်တီးရန်ဖြစ်သည်။

ယခင်သုတေသနခေါင်းဆောင်မှာ စကြဝဠာတစ်လျှောက်လုံးတွင် ထူးချွန်သူ ပညာရှိအဖြစ်သတ်မှတ်ကြပြီး သူ့နာမည်သည် ဂါဗင် အဲဟော့တ်ဖြစ်သည်။ သူက အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးသော်လည်း သမိုင်းခေတ်တစ်လျှောက်တွင် အများပြည်သူက သူ့အား ထူးချွန်သည့် ပုဂ္ဂိုဟ်ဟုခေါ်ကြသည်။

မျိုးရိုးဗီဇပြုပြင်မွမ်းမံခြင်းဟုခေါ်ကြသည့်အရာသည် တခြားမျိုးနွယ်စုများ၏ မျိုးစေ့ဗီဇဖြင့် အစမ်းသပ်ခံခန္ဓာကိုယ်များအား ပေါင်းစပ်သည့်အရာဖြစ်ကာ တိုက်ပွဲ၌ပိုကောင်းသည့်စွမ်းရည်ရရှိနိုင်ရန်အတွက်ဖြစ်သည်။ သို့သော် လူသားစမ်းသပ်ခြင်းများအား တားမြစ်ထားကြပြီး ပြစ်မှုကျူးလွန်သူများအား အကျဉ်းထောင်သို့ တိုက်ရိုက်ပို့ဆောင်ကြသည်။ ၎င်းတို့သည် တစ်သက်တစ်ကျွန်းထောင်ဒဏ်သတ်မှတ်ခံရပြီး စီရင်ချက်အား လျှော့ပေါ့ပေးရန် အခွင့်အရေးမရှိပေ။

ထိုဖြစ်ရပ်မတိုင်ခင် ဂါဗင်သည် လျှို့ဝှက်ထားသည့်မှတ်တမ်းများ၊ များပြားသောသုတေသနများနှင့်တကွ ကြယ်တာရာမဟာမိတ်အဖွဲ့၏ဌာနချုပ်မှ လွတ်မြောက်သွားခဲ့သည်။ ကြယ်တာရာမဟာမိတ်အဖွဲ့က စုံစမ်းစစ်ဆေးပြီးမှ ၎င်း၏ထွက်ပြေးမှုသတင်းအမှန်အား သိခဲ့ရပြီး လိုက်ရှာဖမ်းရန် အလွန်နောက်ကျသွားခဲ့သည်။

ဂါဗင်ထွက်ပြေးသွားသည့်နှစ်အတွင်း ကြယ်တာရာမဟာမိတ်အဖွဲ့သည် မဖမ်းမိနိုင်ခဲ့သလို ဘယ်ဆီရောက်နေမှန်းလည်း မသိခဲ့ရချေ။

ယခုဆိုလျှင် ပြည်ပြေးများသည် မဟာမိတ်အဖွဲ့၏ တရားစီရင်ပိုင်ခွင့်အပြင်တွင်ရှိသော မိုးမှောင်နယ်မြေရှိ မိုးမှောင်မျှော်စင်ဟုခေါ်သော အဖွဲ့ကြီးတစ်ဖွဲ့အား တည်ထောင်လိုက်လေသည်။ ဂါဗင်နှင့် သုတေသနများကလွဲလျှင် ထိုအဖွဲ့အစည်းတွင်ရှိသော အဖွဲ့ဝင်များသည် မျိုးရိုးဗီဇအားဖြင့် ပြုပြင်မွမ်းမံပြီးဖြစ်ကြသည့် စစ်သားများသာဖြစ်ပေသည်။

ထိုကဲ့သို့သော ခြွင်းချက်မရှိသည့် စွမ်းအားများသည် သာမာန်စစ်သားများထက်ပို၍ တိုက်ရည်ခိုက်ရည် ထူးချွန်ကြသည်။ ယခုဖြစ်ပေါ်နေသော အရေးပေါ်ကိစ္စသည် မိုးမှောင်မျှော်စင်ဟုခေါ်သောအဖွဲ့အစည်းက ကြယ်တာရာမဟာအမိတ်အဖွဲ့အား စတင်တိုက်ခိုက်နေသောကြောင့်ဖြစ်၏။

ထိုရည်ရွယ်ချက်က ကြယ်တာရာမဟာမိတ်အဖွဲ့ခွဲအနည်းငယ်ကိုသာ ရည်ရွယ်ပြီး အရေးပေါ်ဟုခေါ်ဆိုရန် မလုံလောက်ပေ။ အမှန်တကယ်ဖြစ်သည့် အရေးပေါ်မှာ မိုးမှောင်မျှော်စင်က ကြယ်တာရာမဟာမိတ်အဖွဲ့ဌာနချုပ်တွင်ရှိသော ‘ဥက္ကာခဲ’ အား ရည်ရွယ်ထားခြင်းဖြစ်သည်။

ဥက္ကာခဲသည် ဂြိုဟ်များအားဆန့်ကျင်၍ တိုက်ခိုက်သည့်နေရာတွင် အသုံးပြုသည့် လက်နက်အမျိုးအစားဖြစ်သည်။ အစပိုင်းတွင် ဂါဗင်က သူ၏ သုတေသနအဖွဲ့အစည်းကို အခြေခံသဘောထားပေါ်မူတည်၍ ရေးဆွဲသောပုံကြမ်းများအား ရေးဆွဲရန် ဦးဆောင်ခဲ့သည်။ လက်နက်၏အင်အားက ပုံကြမ်း၏အယူအဆနှင့်ကိုက်ညီလျှင် တာဝန်တစ်ခုသာလိုအပ်ပြီး ဥက္ကာခဲက ဂြိုဟ်ပေါင်းများစွာနီးပါးကို ဖျက်ဆီးနိုင်လိမ့်မည်။

ဂါဗင်ထွက်မပြေးခင်တွင် လက်နက်၏ပုံကြမ်းရေးဆွဲမှုများက တစ်ဝက်မျှအောင်မြင်ပြီးဖြစ်သည်။ ထိုအချိန်တုန်းက ဥက္ကာခဲသည် ကြယ်တာရာမဟာမိတ်အဖွဲ့၏ မည်သည့်သုတေသနအသင်းကမှ မထုတ်လုပ်နိုင်သည့် လက်နက်တစ်ခုဖြစ်ကြောင်း တညီတညွတ်တည်းသတ်မှတ်ခဲ့ကြသည်။

ပထမတွင် ပုံကြမ်းရေးဆွဲခြင်းက အလွန်ခက်ခဲခဲ့သည်။ သုတေသနလုပ်နေစဉ်အတွင်း ၎င်းတို့၏ လက်ရှိနည်းပညာအဆင့်နှင့် မဖြေရှင်းနိုင်သည့် အခက်အခဲများစွာရှိခဲ့သည်။

ဥပမာအားဖြင့်ဆိုရလျှင် ဥက္ကာခဲ၏အစွမ်းတိုးတက်ရန် အားသွင်းရမည့်ပြဿနာဖြစ်သည်။ စွမ်းအင်ကျောက်သလင်းမြောက်များစွာကို သုံးစွဲပြီးနောက်ပိုင်းတွင်မှ ဂြိုဟ်တစ်ခုလုံးအား ဖျက်ဆီးတိုက်ခိုက်နိုင်မည့်စွမ်းအင်အထိ မလုံလောက်သေးပေ။ လက်နက်တစ်ခုက ထိုမျှကြီးမားသည့် စွမ်းအင်ပမာဏအား မည်သို့သယ်ဆောင်နိုင်မည်နည်းဆိုခြင်းကလည်း မရှောင်သာမလွှဲသာသည့် ပြဿနာတစ်ရပ်ဖြစ်ပေသည်။

ယခုဆိုလျှင် ဂြိုဟ်လက်နက်အား ထုတ်လုပ်ပြီးဖြစ်လေသည်။ ဥက္ကာခဲ၏ပေါ့ပါးသည့်ပုံစံ မိုးမှောင်မျှော်စင်မှာ စစ်သားများအချို့၏ သိမ်းဆည်းခြင်းကိုခံသွားရပြီး ကြယ်တာရာကလည်း ယင်းကိုယုံကြည်ရန် တွန်းအားပေးခံခဲ့ရသည်။ ထို့နောက် မိုးမှောင်မျှော်စင်က ကြယ်တာရာမဟာမိတ်အဖွဲ့တွင် ဥက္ကာခဲကို စတင်ပြုလုပ်ရန် ကြေညာလိုက်သည်။

ပေါ့ပါးသည့်ပုံစံနှင့် ဂြိုဟ်ပုံစံသည် တူညီသည့်အခြေခံသဘောတရားများအား အခြေခံ၍ ပြုလုပ်ထားခြင်းဖြစ်သည်။ တကယ့်ဥက္ကာခဲက ပုံကြမ်းအယူအဆအရဆိုလျှင် ကြီးမားသည့် ပမာဏရှိသည်။ ကြယ်တာရာမဟာမိတ်အဖွဲ့သည် ဥက္ကာခဲ၏တည်နေရာအား ရှာမတွေ့သေးသလို လက်ရှိအချိန်တွင် သူတို့၏အခြေအနေက မလှုပ်မသာရှိနေသည်။

ကြယ်တာရာမဟာမိတ်အဖွဲ့ဟူသည် ခေတ်အသစ်တွင်ပြောလေ့ရှိကြသော ငြိမ်းချမ်းခြင်းသင်္ကေတနှင့် တူညီသည့်အဓိပ္ပာယ်ရှိသည်။ ကြယ်တာရာအဖွဲ့အစည်းဌာနချုပ်သာ အမှန်တကယ်ပျက်စီးသွားခဲ့မည်ဆိုလျှင် သူတို့၏လုပ်ပိုင်ခွင့်အာဏာကလည်း သက်ရောက်မှုရှိနိုင်သည်။ ငြိမ်းချမ်းခြင်းသင်္ကေတက ပျောက်ကွယ်သွားနိုင်သည်။ ရလဒ်အနေဖြင့် ဆူပူသောင်းကျန်းမှုများက စကြဝဠာတစ်ခုလုံးပြည့်နှက်သွားလိမ့်မည်မှာ မလွဲဧကန်ဖြစ်သည်။

အားကောင်းသည့် ဇက်များအတွက် ဝရုန်းသုန်းကားအခြေအနေများသည် အားနည်းသည့်မျိုးနွယ်စုများလောက် သက်ရောက်မည်မဟုတ်သော်လည်း ကုဟွိုက်၏ သံတမန်ရေးရာနှင့် လူမျိုးရေးအစီအစဉ်များကို ထိခိုက်နိုင်သည်။ ထို့အပြင် ဥက္ကာခဲသည် ဂြိုဟ်အားတိုက်ခိုက်သည့်နေရာတွင် အသုံးပြုသည့်လက်နက်ဖြစ်သည်။ ထိုလက်နက်သည် ဇက်များကပင် ကြောက်ရွံ့နိုင်သည့် အဖျက်ကြီးမားသည့်လက်နက်ဖြစ်သည်။

ဥက္ကာခဲ၏သေစေနိုင်လောက်သည့်အစွမ်းအားကိုအခြေတည်၍ ထုတ်လုပ်သည့်အနေအထားက အလွန်ပြင်းထန်နိုင်ပြီး ပြန်လည်ဖော်ထုတ်ရန်လည်း မလွယ်ကူချေ။ တခြားမျိုးနွယ်စုများ၏ ခေါင်းဆောင်အများစုလို ကုဟွိုက်ကလည်း လက်နက်ကို ပျက်စီးသွားရန် မျှော်လင့်နေမိသည်။ ထိုလက်နက်အား နေ့အလင်းရောင်ကိုတောင် မြင်ခွင့်မပြုခြင်းက ပိုကောင်းလိမ့်မည်။

“မိုးမှောင်မျှော်စင်က ကြယ်တာရာမဟာမိတ်အဖွဲ့ကိုတိုက်ခိုက်ဖို့ အဖွဲ့ခွဲတွေနှင့် စတင်လှုပ်ရှားနေပြီ အရှင် ကျွန်တော်တို့ စစ်ကူအနေနဲ့ တပ်သားတွေလွှတ်လိုက်ရမလား..” ကြီးကြပ်ရေးမှူးက တည်ကြည်သောအမူအရာဖြင့် မေးလိုက်သည်။

ဥက္ကာခဲလက်နက်တည်ရှိမှုက ထိုဖြစ်ရပ်တွင် ဇက်များအား ပါဝင်ခွင့်ပေးလိုက်ခြင်းက ထိုက်တန်သည်။ ဇက်များ၏ နိုင်ငံရေးရာမူဝါဒအရ ကြီးကြပ်ရေးမှူးက ၎င်းတို့သည် ကြယ်တာရာမဟာမိတ်အဖွဲ့နှင့်ဆက်ဆံရေးကို တည်ဆောက်နိုင်ရန် ထိုအခွင့်အရေးအား အသုံးပြု နိုင်သည်ဟု ယုံကြည်နေသည်။

စစ်ကူမလွှတ်ခင် ကြယ်တာရာမဟာမိတ်အဖွဲ့က အခက်အခဲများပိုကြုံတွေ့သည်အထိစောင့်နိုင်သည့်အတွက် ထိုအကူအညီက ပို၍ကြီးမားလာနိုင်သည်။

ကြီးကြပ်ရေးမှူးက အကျိုးအမြတ်များအားရေတွက်ရင်းနှင့် မျက်မှန်ကိုပင့်တင်လိုက်လေသည်။ ကုဟွိုက်က ခေါင်းညိတ်သည်။ ကြီးကြပ်ရေးမှူးမပြောသည့်စကားများကို သူနားလည်နိုင်သည်။

“ကျွန်တော်တို့ရဲ့ အကူအညီကိုပြစရာမလိုပါဘူး ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားကိုပဲ ထုတ်ဖော်ပြဖို့လိုတာပါ..”

မိုးမှောင်မျှော်စင်စစ်သားများ၏ ထက်မြက်သည့် သတင်းပေးပို့မှုများအား တွေးမိပြီး ကုဟွိုက်က မပြောင်းလဲသည့်မျက်နှာထားဖြင့် ထပ်ပြောသည်။

“မျိုးရိုးဗီဇပြုပြင်ခံထားရတဲ့ အထူးတပ်သားတွေနဲ့ ရင်ဆိုင်ဖို့လွယ်မှာမဟုတ်ဘူး ကျွန်တော်တို့ စစ်ကူတွေအများကြီးပို့စရာမလိုဘူး ဒီတိုင်း သူတို့ကို ဘေးကင်းရာကို ပို့ပေးလိုက်..”

ကုဟွိုက်က အောင်မြင်မှုကို ဖက်တွယ်မထားပေ။ ၎င်းတို့၏ စိတ်နေစိတ်ထားကိုသာ ပြသရန်လိုအပ်သည်။ ယခုကိစ္စသည် သူ့ဘက်က အရှုံးမရှိကြောင်း ပြသသင့်သည့်ကိစ္စဖြစ်ပေသည်။

“ကျွန်တော်တို့ ဆံချည်မျှင်တစ်မျှင်ထိခိုက်ရင်လည်း အရှင်က ပျော်မှာမဟုတ်ဘူးပေါ့..” စီမိုဒိုက သူ့ဆံပင်မွေးကိုဆွဲကာ ရက်စက်ကြမ်းကြုတ်သောမျက်နှာထက်တွင် စိတ်အနှောင့်အယှက်ဖြစ်သည့်အမူအရာဖော်ပြနေသည်။

“အင်း” ကုဟွိုက်က အတည်ပြုလိုက်သည်။

“အမ်…” စီမိုဒို၏အသံက တိုးသွားပြီး သူ၏တိုက်ခိုက်မှုစွမ်းရည်တချို့က လျော့ပါးသွားရသည်။ “ဟုတ်ကဲ့ ဒီလက်အောက်ငယ်သား နားလည်ပါပြီ..”

သူ့ပုံစံက ရက်စက်ကြမ်းကြုတ်သောခွေးတစ်ကောင်က လိမ္မာသည့်ခွေးလေးအဖြစ်သို့ပြောင်းသွားသည်နှင့်တူသည်။ သူ့လည်ပင်းတစ်လျှောက်တွင်ရှိသော လည်ပတ်နှင့် နေသားမကျသေးသော်လည်း ထိုလည်ပတ်သည် သူ့တွင်အိမ်ရှိကြောင်းပြသနေသည့် သက်သေတစ်ခုဖြစ်သည်။ သူသည် အတိုင်းအတာပမာဏတစ်ခုထိ ခုန်ကျော်ပြီးသွားခဲ့သည်ဆိုလျှင်ပင် အလွန်ပျော်နေမိလိမ့်မည်။ ထိုအနေအထားတွင် အလ်ဗ်အပါအဝင် တခြားစစ်တပ်ခေါင်းဆောင်များက ကုဟွိုက်၏စကားများအားလုံးကို သဘောတူညီစွာဖြင့် စားပွဲတွင်ထိုင်နေကြလေသည်။

“မိုးမှောင်မျှော်စင်ကေန တိုက်ခိုက်ခံရတဲ့ နောက်ဆုံးကြယ်တာရာမဟာမိတ်အဖွဲ့ခွဲက ကိုဗေးကြယ်အစုအဝေးထဲမှာရှိတယ် သူတို့က လွန်ခဲ့တဲ့နှစ်ရက်က တိုက်ခိုက်ရေးပွဲမှာ အသက်ရှင်နေတဲ့ မိုးမှောင်မျှော်စင်စစ်သားတွေအများကြီးကို ဖမ်းထားကြတယ်..” ကြီးကြပ်ရေးမှူးက ရှင်းပြသည်။

ကိုဗေးကြယ်အစုအဝေး…

ကုဟွိုက်က ကြယ်အစုအဝေး၏တည်နေရာကိုတွေးလိုက်မိသည်။ “အဖွဲ့ခွဲကိုဆက်သွယ်လိုက် ငါတို့ ခရီးထွက်ကြမယ်..”

ကိုဗေးကြယ်အစုအဝေးသည် တူဆာတည်ရှိသည့် နော်ဒရာကြယ်အစုအဝေးနှင့် သိပ်မဝေးပေ။ ကုဟွိုက်က မိုးမှောင်မျှော်စင်၏ မျိုးရိုးဗီဇအရ ပြုပြင်မွမ်းမံထားသော အထူးစွမ်းအားများကို သူကိုယ်တိုင်ကြည့်ချင်နေသည်။ ထိုကိစ္စနှင့်ပက်သက်ပြီး ကြယ်တာရာမဟာမိတ်အဖွဲ့က ဇက်များထံမှ အကူအညီလိုချင်လျှင် အကျဉ်းသားများအား ကြည့်ရှုခွင့်တောင်းလည်း ၎င်းတို့ လုံးဝ ငြင်းမည်မဟုတ်ပေ။

ကြီးကြပ်ရေးမှူးက ကုဟွိုက်၏ ညွှန်ကြားချက်များကို ချက်ချင်းလုပ်ဆောင်သည်။ ကြယ်တာရာမဟာမိတ်အဖွဲ့၏ တရားဝင်ထိပ်တန်းအဖွဲ့ခွဲသည် ဇက်များထံမှ အဆက်အသွယ်ရရှိခြင်းကြောင့် အချိန်အတော်ကြာသည်အထိ ကြက်သေသေသွားရသည်။ ယခုဖြစ်ရပ်နှင့်ပက်သက်ပြီး ဇက်များက ကြယ်တာရာမဟာမိတ်အဖွဲ့အား ကူညီထောက်ပံ့ချင်သည့်သဘောထားအား ပြသလိုက်သည့်အတွက် အံ့အားသင့်သွားကြရသည်။

ကြယ်တာရာမဟာမိတ်အဖွဲ့က ယခုလက်ရှိတွင် အလွန်အလျင်လိုသည့်အခြေအနေအား ရင်ဆိုင်နေရပြီး ကူညီထောက်ပံ့မှုများကို မျှော်လင့်နေသော်လည်း ဇက်များဆိုလျှင်တော့…

ဇက်များက ပိုးပိုလ်စ်မျိုးနွယ်စုများကို ကူညီရန် ‌ပဏာမခြေလှမ်းစထားဖူးသောကြောင့် အဖွဲ့ခွဲမှ ထိပ်တန်းခေါင်းဆောင်က စိတ်တည်ငြိမ်အောင်လုပ်လိုက်ကာ သံသယများအား ချုပ်တည်းလိုက်သည်။ သူက ဇက်များ၏တောင်းဆိုမှုကို တုံ့ဆိုင်းခြင်းမရှိပဲ သဘောတူလက်ခံလိုက်သည်။

ဇက်များက လုပ်ဆောင်သည့်နေရာတွင် အမြဲတမ်း ကျွမ်းကျင်လေ့ရှိသည်။ ကုဟွိုက်က ၎င်းတို့အား တခြားနေရာသို့သွားရန်ပြောလိုက်ပြီး ရေတပ်သင်္ဘောအစုများက တူဆာ၏လေဆိပ်သို့ ချက်ချင်းစုဝေးရောက်ရှိလာကြသည်။ ကုဟွိုက်အတွက် ကိုဗေးကြယ်အစုအဝေးသို့သွားရန် ယူးလာစစ်သင်္ဘောပေါ်သို့တက်သည့်အချိန်က သိပ်မကြာလိုက်ပေ။

ယူးလာစစ်သင်္ဘော၏အမြန်နှုန်းက တူဆာကနေ ကိုဗေးသို့သွားရန် နှစ်ရက်ခွဲမျှသာကြာရှည်သည်။ ထိုအချိန်အတွင်း အကွာအဝေးတွင်ရှိသော ကြယ်အစုအဝေးမှ မိုးမှောင်မျှော်စင်သည် ကြယ်တာရာမဟာမိတ်အဖွဲ့လောက် စိုးရိမ်ပူပန်ခြင်းမရှိပေ။ ထို့အပြင် သူတို့သည် စိမ်ပြေနပြေဖြစ်နေကြသေး၏။

မိုးမှောင်မျှော်စင်အတွက်တော့ ကြယ်တာရာမဟာမိတ်အဖွဲ့ခွဲ၏တိုက်ခိုက်မှုများမှာ မည်သည့်အကျိုးရလဒ်မှမရှိသည့် အပန်းဖြေစရာဂိမ်းဆော့နေသကဲ့သို့လောက်သာရှိသည်။ အစပိုင်းမှာကတည်းက သူတို့၏ပန်းတိုင်ကို ရရှိခဲ့သည်။ ဥက္ကာခဲသည် ကြယ်တာရာမဟာမိတ်အဖွဲ့ဌာနချုပ်တည်ရှိသည့် ဟေးလ်ကြယ်ကို ဖျက်စီးနိုင်သည်။ ထိုရလဒ်ကို မည်သူကမျှမပြောင်းလဲနိုင်သလို မိုးမှောင်မျှော်စင်ကလည်း ယခင်ကတည်းက အနိုင်ရရှိပြီးဖြစ်သည်။

“ဟေး မင်းရဲ့လက်နက်ထည့်ထားတဲ့အိတ်မှာ ဘာကြီးကိုချိတ်ထားတာလဲ ဟားဟားဟား ရယ်ရလို့သေတော့မယ် လူကြီးဖြစ်နေတာတောင်မှ လက်နက်အိတ်မှာ အရုပ်သေးသေးလေးချိတ်ထားသေးတယ် မင်းမှာ အဲဒီလိုဝါသနာရှိမှန်း ထင်တောင်မထင်ထားမိဘူး.."

အပြင်လူများမသိသည့် မိုးမှောင်မျှော်စင်၏ အောက်ခြေတွင် ကော်လင်းက သူတွေ့လိုက်သည့် အရုပ်အသေးလေးအား လက်ညှိုးဖြင့်ထိုးကြည့်နေပြီး ဗိုက်ကိုနှိပ်၍ ရယ်မောနေလေသည်။

“လက်မဆေးပဲ လာမကိုင်နဲ့…” အေးစက်သောအသံက ထွက်ပေါ်လာခဲ့သည်။ “မင်းလက်ဆေးပြီးတာတောင် ကိုင်ကြည့်ခွင့်မရှိဘူး နောက်တစ်ခါကျရင် ငါမင်းလက်ချောင်းတွေကို ဖြတ်ပစ်မယ်...”

“ဝိုး ကြောက်လိုက်တာ..” ကော်လင်က ထိုသို့ပြောပြီး ဆက်လက်ပြုံးနေဆဲဖြစ်ကာ ကြောက်ရွံ့ခြင်း လုံးဝ မရှိပေ။

“ဘာက ဒီလောက်ထိ အဖိုးတန်နေလို့လဲ အရင်ချစ်သူဆီက ရတဲ့လက်ဆောင်မို့လား..”

စီဗာက ပြန်မပြောပဲ တခြားနေရာသို့ အေးစက်စွာကြည့်နေသည်။

ကော်လင်က ရယ်မောနေရင်း မတုန်မလှုပ်ရှိနေ၏။ “တန်ဖိုးထားရတဲ့ ချစ်သူဆီက ရတဲ့လက်ဆောင်ဆိုရင်တောင်မှ အဖိုးတန်ရတနာလိုသတ်မှတ်နေစရာမလိုပါဘူး ငါတို့လို မကောင်းဆိုးဝါးတွေကိုကြည့်လိုက်စမ်းပါ ဘယ်သူမှ ငါတို့ကို လက်ခံမှာမဟုတ်ဘူး အတိတ်က တမ်းတနေလို့ ဘာအကျိုးရှိမှာလဲ..”

၎င်းတို့၏ ပုံပန်းသွင်ပြင်အရ မိုးမှောင်မျှော်စင်ရှိ မျိုးနွယ်စုထဲမှ လူနှစ်ယောက်အား မမြင်နိုင်ပေ။ ၎င်းတို့တွင် ထူးဆန်းသည့်သွင်ပြင်ရှိသည့် ရောနှောနေသောမျိုးနွယ်စု လက္ခဏာများစွာရှိနေသည်။ ဥပမာအားဖြင့်ဆိုရလျှင် ကော်လင်တွင် ဆာတိုရစ်စ်၏ရေဘဝဲလက်များရှိပြီး ဖီးလ်တွင် မှင်ပြာရောင်အသားအရေရှိသည်။

မျိုးရိုးဗီဇပြုပြင်မွမ်းမံထားသည့် လက်တွေ့လုပ်ဆောင်ချက်များမှာ ကြယ်တာရာခေတ်မှလူများ၏အမြင်တွင် မကောင်းဆိုးဝါးများဖြစ်နေမည်မှာ မလွဲဧကန်ပင်။ ၎င်းတို့အား မည်သည့်မျိုးနွယ်စုကမှ လက်မခံနိုင်ပေ။ ၎င်းတို့၏ ယခင်နေထိုင်ခဲ့သောနေရပ်ဒေသများဆီသို့ ပြန်သွားပြီး ငြင်းပယ်ခြင်းခံလိုက်ရကတည်းက မိုးမှောင်မျှော်စင်မှာ နားလည်သွားခဲ့သည်။

သို့သော်လည်း မျိုးရိုးဗီဇအားဖြင့်ပြုပြင်မွမ်းမံထားခြင်းသည် ၎င်းတို့ကိုယ်တိုင်လည်း ဆန္ဒရှိခဲ့ခြင်းမဟုတ်ပေ။ မိုးမှောင်မျှော်စင်မှစစ်သားများသည် ဂါဗင်ကိုယ်တိုင် ငှားရမ်းထားသည့် ကြေးစားစစ်သားများဖြစ်သည်။ ၎င်းတို့က မျိုးရိုးဗီဇနှင့်ဆိုင်သော သတင်းအချက်အလက်များအား လက်ခံလာအောင်တွန်းအားပေးခြင်းခံခဲ့ရပြီး လှည့်ဖြားခံရကာ အသိစိတ်များဆုံးရှုံးခဲ့ရသည်။

ဂါဗင်က ၎င်းတို့အထဲတွင် အထူးချပ်စ်အပြားများကိုထည့်ထားသည့်အတွက် ဆန့်ကျင်တွန်းလှန်နိုင်ခြင်းမရှိပေ။ ထိုချပ်စ်အပြားများကို ဖယ်ရှားသည့်နည်းလမ်းအား ယခုနှစ်အတွင်းတွင်ရှာတွေ့ခဲ့သော်လည်း ဂါဗင်ကို လက်တုံ့ပြန်ရန်ကြိုးစားသည့်အချိန်မှာပင် ၎င်းက လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။

၎င်းတို့၏ဒေါသများအား ဖြေဖျောက်ရန်လိုအပ်သည်။ မိုးမှောင်မျှော်စင်မှ စစ်သားများသည် မည်သည့်မျိုးနွယ်စုများမှ လက်မခံနိုင်သည့် မကောင်းဆိုးဝါးများဖြစ်လာကြပြီး ကြယ်တာရာခေတ်၏ ငြိမ်းချမ်းခြင်းသင်္ကေတကို ဖျက်ဆီးချင်နေကြတော့သည်။

စီဗာက သူ့လုပ်ဖော်ကိုင်ဖက်နှင့် အဆက်သွယ်လုပ်ရန် ထပ်ပြီး ငြင်းဆန်ခဲ့သည်။ ကော်လင်းက ကြယ်ကွန်ရက်ပေါ်တွင် အရုပ်၏ပုံကိုတင်လိုက်ကာ မြောက်များစွာသောစကားလုံးများကိုတွေ့လိုက်ရသည်။

“ဇက်ဘုရင်လား…” ကော်လင်၏အသံက သူ့ဘာသာရေရွတ်ပြောဆိုရင်း အလွန်တိုးညှင်းနေခဲ့သည်။ ‘ဇက်ဘုရင်’ ဆိုသည့်စကားလုံးအားတွေ့ပြီး ဆံပင်အနက်ရောင်နှင့် မျက်လုံးအနက်ရောင်နှင့်လူအား အလားတူစွာတွေ့ရှိပြီးနောက် ကော်လင်၏နှလုံးသားထဲတွင် မဖော်ပြနိုင်သောခံစားချက်များ ပြည့်နှက်သွားခဲ့သည်။ ထူးဆန်းလိုက်တာ…

ကော်လင်၏ ပယင်းရောင်ဒေါင်လိုက်မျက်ဆံများသည် သူ့အထဲတွင် တစ်စုံတစ်ခုက အစပျိုးပေးနေသကဲ့သို့ ကျဉ်းမြောင်းသွားရသည်။

ကော်လင်က သူ့လုပ်ဖော်ကိုင်ဖက်တွင်လည်း ထိုကဲ့သို့ ဒေါင်လိုက်မျက်ဆံများရှိနေကြောင်းကို တွေ့လိုက်ရပြီး ပေါ့ပေါ့ပါးပါးစကားပြောရန် ဟန်ဆောင်လိုက်သည်။

“ဘာလဲ ဒါက ကြယ်ကွန်ရက်ပေါ်ကို ဒီတိုင်းယူလာလို့ရတဲ့ အရုပ်လား မင်းငါ့ကို ဒီဟာပေးပြီး ငါမင်းကို အသစ်ပြန်ဝယ်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ..”

စီဗာက ခံစားမှုကင်းမဲ့နေဆဲ။

“ငါနှစ်ခုဝယ်ပေးမယ် တစ်ယောက်တည်းအတွက်နဲ့ နှစ်ခုဆိုရင် လုံလောက်တယ်...”

ကော်လင်က ရုတ်တရက်ကြီး ဘာကြောင့် ဒီအရုပ်ကိုလိုချင်မိသွားမှန်းမသိသော်လည်း လိုချင်နေခဲ့သည်။ သို့သော်လည်း သူ့လုပ်ဖော်ကိုင်ဖက်က ငြင်းဆန်လိုက်ကာ သူ့အတွက် အနည်းငယ် စိတ်ပူစရာဖြစ်သွားရသည်။

“သွားစမ်းပါ မင်းဘာသာမင်းဝယ်..” လုပ်ဖော်ကိုင်ဖက်က စကားဝိုင်းအား အေးစက်စွာ အဆုံးသတ်လိုက်လေသည်။

ကော်လင်က အံကြိတ်လိုက်ပြီး ကြယ်ကွန်ရက်စတိုးဆိုင်မှ အရေးတကြီး အထုပ် ၆ထုပ် မှာလိုက်သည်။ မှာလိုက်သော်လည်း အမြန်အချောပို့နှင့်ဆိုလျှင် ရောက်ရန် တစ်ရက်ကြာပေဦးမည်ဖြစ်သည်။ နောက်တစ်ရက်စောင့်ရမည်ဆိုသည့်အတွေးက ကော်လင်၏ဒေါင်လိုက်မျက်ဆံများကို ပို၍ကျုံ့သွားစေသည်။ ထိုဒေါင်လိုက်မျက်ဆံများက ဇက်များနှင့် သက်ဆိုင်သည်။

ဇက်များက သဘာဝအရ တိုက်ခိုက်ကြသည့် မျိုးနွယ်စုများဖြစ်သည်။ ကြယ်တာရာများအနက် သေချာပျိုးထောင်ခဲ့သည့်အရာဖြစ်သည်။ အားကောင်းသည့်စစ်သားများကို ပျိုးထောင်ရမည့် အစီအစဉ်ဖြစ်သည့်အတွက်ကြောင့် မိုးမှောင်မျှော်စင်စစ်သားများသည် မျိုးရိုးဗီဇပြုပြင်မွမ်းမံခြင်းများခံရရန် တွန်းအားပေးခြင်းခံခဲ့ရပြီး ၎င်းတို့အများစုနီးပါး ဇက်များနှင့် ပေါင်းစပ်ခြင်းခံခဲ့ရသည်။

နှစ်ရက်ကျော်ခရီးစဉ်ပြီးနောက် ကုဟွိုက်တို့သည် ကိုဗေးကြယ်အစုအဝေးသို့ ရောက်ရှိလာကြလေသည်။ သူတို့သွားနေသည့် ကြယ်တာရာမဟာမိတ်အဖွဲ့ခွဲမှာ လိုဒါကြယ်တွင်ဖြစ်သည်။

သူ၏နောက်ဆုံးခရီးစဉ်အားအခြေခံ၍ ကုဟွိုက် ထိုအချိန်က ခပ်လျှိုလျှိုသာဖြစ်ခဲ့သည်။ ရေတပ်သင်္ဘောအစုမှ သင်္ဘောအရေအတွက်မှာ ယခင်တစ်ခေါက်ကထက် ပိုဝေးပြီး လမ်းပေါ်တွင် တခြားဂြိုဟ်များဆီမှ နှောင့်ယှက်ခြင်းခံရလေ့မရှိပေ။

“ဒီထောင်ထဲမှာ မိုးမှောင်မျှော်စင်က စစ်သားနှစ်ယောက် အဖမ်းခံခဲ့ရတာ… အရှင် အလိုရှိမယ်ဆိုရင် သွားကြည့်လို့ရပါတယ်..” ကြယ်တာရာမဟာမိတ်အဖွဲ့၏ သတ္တမမြောက်အဖွဲ့ခွဲခေါင်းဆောင်က ကုဟွိုက်အား ဂရုတစိုက်နှင့်လိုက်ပြသည်။ ကုဟွိုက်က ခေါင်းညိတ်သည်နှင့် ဆက်လက်၍ ပြသသည်။

အဖြူရောင်အကျဉ်းထောင်အတွင်းပိုင်းသည် ဖောက်ထွင်းမြင်နိုင်သည့် တံခါးရွက်များနှင့် ကာရံထားသည်။ အပြင်လူများက အကျဉ်းသားများကို ထင်ထင်ရှားရှားမြင်နိုင်သည်။ နှစ်ဖက်လုံးသည်လည်း ဖောက်ထွင်းမြင်နိုင်သည့် အချပ်အပြားမှတစ်ဆင့် စကားပြောဆက်သွယ်နိုင်သည်။

ခဏကြာသောအခါ ကုဟွိုက်နှင့်စစ်တပ်ခေါင်းဆောင်လေးယောက်သည် မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်အဖမ်းခံထားရသည့်နေရာသို့‌ ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ မိုးမှောင်မျှော်စင်စစ်သားထဲမှတစ်ယောက်က ရောက်လာသည့်သူများကို မျက်လုံးဖွင့်ကြည့်ရန် အလွန်ပျင်းရိနေခဲ့သည်။ နောက်တစ်ယောက်က ဒေါင်လိုက်မျက်ဆံများနှင့် အဖွဲ့ခွဲခေါင်းဆောင်ကို လှောင်ရယ်နေခဲ့သည်။

“ကျွန်တော်တို့ သူတို့ကို စစ်မေးပြီးပါပြီ ဒါပေမယ့် သူတို့က ဘာမှမပြောဘူး စစ်ဆေးဖို့ တာဝန်ကျတဲ့သူက စစ်မေးတော့လည်း စကားမပြောဘူးလို့ပြောတယ် အဲဒီတော့ အရှင်လည်း စိတ်ပျက်သွားမှာပဲ ကျွန်တော်တို့မှာ ဘာမှအသုံးဝင်တဲ့ သတင်းအချက်အလက် မရခဲ့ဘူး.." ခေါင်းဆောင်က ရိုးသားစွာပြောလိုက်သည်။

မိုးမှောင်မျှော်စင်စစ်သားများက နေထိုင်ချင်စိတ် လုံးဝ မရှိပေ။ ၎င်းတို့က တစ်ခုခုကို ဖျက်ဆီးချင်နေရုံသာရှိသည်။ ထိုကဲ့သို့သော ရန်သူများက အဆိုးရွားဆုံးဖြစ်သည်။

“သူတို့က ဘာမေးမေး မပြောတာလား..” ကုဟွိုက်က ဖောက်ထွင်းမြင်နေရသော တံခါးရှေ့သို့သွားကာ အထဲမှ မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်အား ကြည့်လိုက်သည်။ သူသည် သူ့လည်ပင်နားက ငွေဖြူရောင်လည်စည်းအား ကိုင်လိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ကုဟွိုက် ထိုလည်စည်းကိုဝတ်သည့်အခါတိုင်း လီဆာက စိတ်ချမ်းသာနေနိုင်ပြီး တစ်နေ့လုံး ခံစားချက်ကင်းမဲ့နေနိုင်သည်။ အခုလို ကုဟွိုက်က မျက်မှောင်ကြုတ်နေသည်အားတွေ့သောအခါ သူမသည် ပျော်ရွှင်ခြင်းမရှိတော့ပဲ မသိစိတ်၏စေ့ဆော်မှုအရ ပြုံးလိုက်၏။

စစ်ဆေးမေးမြန်းမှုက သူမ၏ အထူးစွမ်းအင်ဖြစ်သည်။ ထိန်းသိမ်းခံထားရသော မိုးမှောင်မျှော်စင်စစ်သားထဲမှ တစ်ယောက်က သူမအား ကြားဖြတ်လိုက်သောအခါ လီဆာက စကားပြောရန်ပြင်လိုက်သည်။ ဖောက်ထွင်းမြင်နိုင်သောတံခါးနောက်မှ ကုဟွိုက်ကိုမြင်သည်နှင့် လှောင်ရယ်နေသော မိုးမှောင်မျှော်စင်စစ်သားက ရုတ်တရက်အေးခဲသွားရပြီး ဒေါင်လိုက်မျက်ဆံများက ထိန်းချုပ်၍မရပဲ ကျဉ်းမြောင်းသွားရသည်။

ဘာတွေဖြစ်နေလဲ မသိရသော်လည်း ကုဟွိုက်မျက်မှောင်ကြုတ်နေသည်ကိုမြင်သောအခါ မိုးမှောင်မျှော်စင်စစ်သားက ရှေ့နောက်မစဉ်းစားပဲ ပြောချလိုက်သည်။

“သေချာပေါက် မဟုတ်…”

ထိုအသံက တိတ်ဆိတ်နေသောအကျဉ်းထောင်ထဲတွင် ပဲ့တင်ထပ်သွားခဲ့ပြီး ကျန်ရှိသည့် အကျဉ်းသားများအား အံ့အားသင့်သည့်အမူအရာများနှင့် ပြည့်နှက်သွားစေသည်။

စစ်ဆေးမေးမြန်းရန် တာဝန်ကျသူ : “?”

ကြယ်တာရာမဟာမိတ်အဖွဲ့၏ သတ္တမမြောက်အဖွဲ့ခွဲခေါင်းဆောင် : “?”

သူ့ဘေးမှ လုပ်ဖော်ကိုင်ဖက် : “???”

သင်—!

Continue Reading

You'll Also Like

175K 1.6K 175
作者:村里的小傲娇 Chen Xiaolin accidentally bleeds on the bracelet her grandmother left her, and she discovers a space inside. She then fills the space with...
59.6K 526 19
( Editing right now) Synopsis When Malenia, a betrayed middle-aged woman, is transported to a magical world, she becomes the Dungeon Mistress of a pe...
3.7K 433 13
Zawgyi ရီရှင်းယွင် သည် ဝိညာဉ်ကူးပြောင်းလာပြီး နတ်ဘုရား နယ်မြေ ကျင့်ကြံရေး လောကမှာ ထိပ်ဆုံးအဆင့်ဝင် နတ်ဘုရားဝိညာဉ်အဆင့် တစ်ယောက် ဖြစ်ပြီး ဘဝင်မြင့်လွန...
778K 22K 59
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။