အမုန်း၏ အခြား တဖတ် ၌

By Htetwunyan

18.4K 552 2

မိသားစု ပြဿနာ တွေ ကြောင့် ဂျစ်ကန်ကန် ဆိုး နေတဲ့ ကောင်းမလေး နဲ့ အပြုံး မပျက် သည်းခံနိုင် တဲ့ မမ More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
ဇာတ်သိမ်းပိုင်း

အပိုင်း (၂၀)

810 23 0
By Htetwunyan

သဇင် သွေး ရဲ့ လက်ကလေးကို တင်းတင်း စုပ်ကိုင်လိုက်တယ်

" သဇင် ပြန်မလိုက်ပါရစေ နဲ့ ကိုလေး "

" ဘာပြောတယ်.... " သဇင့် ရဲ့ အဖြေက ကိုလေးကို ဒေါသပိုထွက်သွားစေတယ် ဆိုတာ သဇင် သိပါတယ်

" ဟုတ်တယ် ကိုလေး သဇင် ပြန်မလိုက်ချင်ဘူး"

" ဖြန်း......" အသံ နဲ့ အတူပါးလေး ထူပူသွားတယ်

" ညည်းကို ရန်ကုန်လွှတ်လိုက်တာ အလုပ်လုပ်ဖို့ ဒီလို မိန်းမ ချင်း အရှက်မရှိ ပလူးနေဖို့ မဟုတ်ဘူး ညည်းသိလား အသားထက်မနာချင်ရင် အခုချက်ချင်းလိုက်ခဲ့ " ပြောရင်း ကိုလေးက သဇင့်လက်လေးကို စောင့်ဆွဲလိုက်တယ်

" သဇင် မလိုက်နိုင်ဘူး " ငိုရင်းနဲ့ပဲ ကိုလေး လက်ကိုဖြုတ်ချလိုက်တယ် မယု က တော့ ဘာမှ ဝင်မပြောရှာ

" ညည်း" ကိုလေး က ဒေါသ ပိုထွက်သွားပြီး သဇင် ကို ထပ်ရိုက်ဖို့လက်ရွယ် လာတယ် ဒီတစ်ခါတော့ သွေး က သဇင့်ရဲ့လက်ကို ဖြုတ်လိုက်ပြီး ကိုလေးကို စောင့်တွန်းလိုက်ကာ

" ဒီမှာ အကြီးဆိုပြီး ခင်ဗျား လက်ပါနေစရာမလိုဘူး "

" နင်နဲ့ဘာဆိုင်လဲ ငါ့ညီမ ငါရိုက်တာ "

" အေး သူက ခင်ဗျား ညီမ ဆိုပေမယ့် ကျုပ် မိန်းမ ဆိုလဲ ဟုတ်တယ် " ဟုပြောပြီး သဇင်ရဲ့ လက်စွပ် ဝတ်ထားတဲ့လက်လေးကို မြှောက်ပြလိုက်တယ်

" $ အဓိပ္ပါယ် မရှိတာတွေ လာမပြောစမ်းနဲ့ ဘယ်နေရာမှာ တရားဝင်လဲ" ကိုလေးက သွေး ကို အနိုင်ပိုင်းပြီးပြောလာတယ်

" ဒီမှာ လိင်တူ ချင်း လက်ထက် တာကို တားမြစ်ထားတယ် ဆိုတာပေမယ့် ကျုပ်တို့အတွက် ကျုပ် တို့ပါတနာ ပေါ်ပဲ မူတည်တယ် "

" ဘာပြောတယ် "

" ခင်ဗျား နားမလည်ရင်နားလည်အောင်အရင်လုပ် အခု ခင်ဗျား မ ကို ရိုက်နေတာ ယောကျာ်းလေးမဝင်ရအဆောင်ထဲမှာနော် အဆောင်ပိုင်ရှင် ခွင့်ပြုထားတယ် ဆိုရင်တောင် အဆောင်ဝ မှာ ဆိုင်းဘုတ်တရားဝင် ချိတ်ပြီးသား ခင်ဗျား နားလည်မှာပါ ဒါ မိန်းကလေးအဆောင် "

" နင်....နင် " ကိုလေး က ဒေါသ တကြီး သွေးကို ရိုက်ဖို့ လုပ်တယ်

" ခင်ဗျား သတ္တိရှိရင် ကျုပ် အသားကိုထိ ကြည့်လိုက် ခင်ဗျား ဘာဖြစ်သွားမလဲ ဆိုတာ သိချင်ရင် ကျုပ် ချစ်တာ မ တစ်ယောက်ထဲ"

သဇင် က သွေး ကို အံသြတကြီးကြည့်နေမိတယ် ပြီးတော့ သဇင် သိလိုက်တာ တစ်ခုက သွေး ဟာ သဇင့် ကို အရာရာကာကွယ်ပေးနိုင်တယ် ဆိုတာပဲ

" မိသဇင် ညည်းပြန်လိုက်မှာလား မလိုက်ဘူးလား " ကိုလေး က သဇင့်ဘက်ကို လှည့်ပြီးမေးလိုက်တယ်

" သဇင် ပြန်မလိုက်ဘူး ကိုလေး " သဇင့်ရဲ့အဖြေဟာ အရမ်းကို တိကျပြတ်သားလွန်းလှပါတယ်

" တောက်စ် ညည်းမှတ်ထား ဒီနေ့ ဒီအချိန် က စပြီး ငါတို့ နဲ့ ညည်းပတ်သတ်စရာ မလိုဘူး"

" သဇင့် ကို ခွင့်လွှတ်ပေးပါ ကိုလေး "

" ညည်းကို ခွင့်လွှတ်စရာဘာအကြောင်းမှ မရှိဘူး ငါတို့မိသားစုထဲမှာ ညည်းနာမည် မရှိတော့ဘူးသာ မှတ်လိုက်" ကိုလေးက ပြောတော့ သဇင် ငိုယုံမှ တစ်ပါးဘာမှ မတက်နိုင် ကလေးနဲ့မှ မခွဲနိုင်တော့ ညီမ မိုက် အဖြစ်စာရင်းသွင်းလိုက်ပါ ကိုလေးရယ် ဟုသာ စိတ်ထဲကနေ ပြောလိုက်မိတယ်

" လာ..ယု သွားလိုက်အောင် နောက်ကို ဒီကောင်မ နဲ့ ပတ်သတ်ပြီး ကို့ ဆီ လှမ်းပြောစရာမလိုတော့ဘူး ဒီကောင်မ ကြောင့် ကို တို့ မိသားစု သိက္ခာ အကျမခံနိုင်ဘူး " ကိုလေး ရဲ့ ပြောစကားကို မယု က ခေါင်းညိမ့်ပြရှာတယ်

ကိုလေး တို့ ထွက်သွားတော့ သွေး က သဇင် ရဲ့ ပုခုံးလေးကို ဖက်ပြီး

" သွေး တောင်းပန်ပါတယ် မ ရယ် "

" ရပါတယ် သွေး ရယ် သွေး မှ မမှားတာ "

" မ,  ကို ပေးထားတဲ့ ကတိ သွေး မတည်လိုက်နိုင်ဘူး " မျက်နှာငယ်လေး နဲ့ ပြောရှာတဲ့ သွေး ကို သဇင်က ကြည့်လိုက်ပြီး

" သွေး ထွက်သွားတဲ့ ဒေါသ က မ ကြောင့်ဆိုတာ ကို မ သိတာပေါ့ မ ကို ချစ်လို့ ဖြစ်တာပဲ မ နားလည်ပါတယ်"

သွေး က ငိုနေတဲ့ သဇင့် ကို ကြည့်ပြီး

" မငိုပါနဲ့ မ ရယ် မ ငိုရင် သွေး မခံစားနိုင်လို့ပါ "

" အင်းပါ ကလေး ရယ် "

" နောက်ကျ မ ရဲ့ ကိုလေး စိတ်ပြေသွားအောင် သွေး တို့ သွားပြီးတောင်းပန်ကြမယ်နော် အခုတော့ စိတ်ဆိုးနေတုန်းမို့ပါ "

သဇင့် အတွက် အစစအရာရာ တွေးပေးတဲ့ ကလေးကို
သဇင် ပိုပြီး အချစ်ပိုရပြန်တယ်

Ring သံ ကြားလို့ ကြည့်လိုက်တော့ မယုဆက်တာ
ဆက်တာ သဇင့် ဖုန်းကိုပေမယ့် သွေး က ကိုင်လိုက်ပြီး

" ဟဲလို "

" သွေး လား "

" ဟုတ် မယု...."

" အဆင်ပြေကြရဲ့လား သဇင် ရော အရမ်းငိုနေလား "

" အဆင်ပြေပါတယ် မယု ရယ် မ က တော့ငိုနေရှာတယ် "

" အေး...အေး သွေး သဇင်ကို ချော့လိုက်ဦး ကိုလင်းကိုတော့ မယုလဲ နားဝင်အောင်ပြောပြလိုက်ပါတယ် သူ လဲစိတ်ဆိုးနေတုန်းမို့ပါ"

" ဟုတ်ကဲ့ပါ မယု သွေး နားလည်ပါတယ်"

" သွေး...." မယု က ခေါ်တော့

" ဟုတ်...မယု ပြောပါ "

" အခု သဇင် က သူ့အကို ကိုတောင် ပုန်ကန်ပြီး သွေး နဲ့ နေခဲ့တာဆိုတော့ သဇင့် ကို အစစအရာရာ ဂရုစိုက်ပေးပါ သစ္စာရှိပေးပါ သဇင့် အပေါ် မဖောက်ပြန်ပါဘူးလို့ မယု ကိုကတိပေးနိုင်လား"

သွေး က မ ရဲ့ လက်လေးကို တင်းကျပ်စွာ စုပ်ကိုင်လိုက်ပြီး

" စိတ်ချပါ မယု သွေး ရဲ့ အနာဂတ် မှာ မ တစ်ယောက်ပဲ ရှိပါတယ် "

" ဟုတ်ပါပြီ ဒါဆို မယု ဖုန်းချလိုက်တော့မယ် "

" ဟုတ်.... မယု "
သွေး က ဖုန်းချလိုက်ပြီး မ ဘက်ကို လှည့်ကာ

" မ သွေး ကို ဘယ်လောက်ချစ်လဲဟင် "

" မေးစရာလိုသေးလို့လား ကလေးရယ် အရာရာကိုလွှတ်ချလိုက်ပြီး သွေး ကို ရွေးချယ်လောက်အထိ ချစ်မိသွားတာ"

" ချစ်တယ်.... မ ရယ် "  ပြောပြီး သွေး က မ ရဲ့ နဖူးလေးကို မြတ်နိုးစွာ နမ်းလိုက်မိတယ်

ငိုရလွန်းလို့ ပင်ပန်းသွားတယ် ထင်ပါ့ မ က ထိုင်နေရင်းနဲ့ ပဲ သွေးရင်ခွင်ထဲ မှီကာ အိပ်ပျော်နေရှာတယ်

" မ " သွေး က လေသံအေးအေးနဲ့နှိုးလိုက်ပေမယ့် မ က မနှိုးတော့ သွေး လဲ ခေါင်းအုံးလေး ဆွဲကာ မ ကို ဖြည်းဖြည်းချင် လှဲချလိုက်ပြီး သွေး လဲ မ အနားမှာ လှဲကာ အိပ်ပျော်သွားတော့တယ်

============
သဇင် နိုးလာတော့ ဘေးနားမှာ အိပ်ပျော်နေတဲ့ ကလေးကို ကြည့်ပြီး ဒီနေ့ အဖြစ်ကို မြင်ယောင်မိတယ် 

ဒီကလေး ရဲ့ ရင်ထဲက အချစ်တွေကို တကယ်မြင်လိုက်ရတယ်
ကိုလေး က သဇင့် ကို ရိုက်လိုက်တဲ့ အချိန် သွေး ရဲ့ မျက်လုံးထဲက ဒေါသ တွေ ကို သဇင် တွေ့လိုက်ရတယ်

သဇင့် ရဲ့ ကိုလေးဖြစ်နေလို့ ပထမ အကြိမ် သည်းခံနေတယ် ဆိုတာလဲ သဇင် သိတာပေါ့

( ချစ်တယ် ကလေး ရယ် အရာရာ နဲ့ ကို တန်ဖိုးထားပြီး ချစ်မြတ်နိုးရပါတယ် ကွယ် )

သဇင် က ကလေးရဲ့ ပါးလေးကိုငုံ့နမ်းလိုက်တော့

" မ နိုးနေပြီလား "

" အင်း နိုပြီးကလေး "

သွေး က နာရီကြည့်လိုက်ပြီး

" ည ၇ နာရီတောင် ရှိပြီ မ ဘာစားမလဲ သွေး သွားဝယ်ပေးမယ် "

" တစ်ယောက်ထဲ မသွားရပါဘူး မ ပါလိုက်ခဲ့မယ်"

" ဟုတ် အဲ့တာဆို သွားရအောင် ပြန်လာမှပဲ ရေချိုးတော့မယ် "

" အင်း....." ပြောပြီး သဇင် တို့ လဲ စျေးဘက်ကို ထွက်ခဲ့လိုက်တယ် စိတ်ညစ်စရာတွေ ရှိနေပေမယ့် သဇင့် အတွက်တော့ ဒီကလေးရဲ့ နွေးထွေးမှု တွေက သဇင့် ကို သောကတွေ ပြေပျောက်စေတယ်

အပိုင်း ၂၁ မျော်

နောက်ဆက်တွဲလေးတွေ လာဦးမယ်နော် သဇင် နဲ့ သွေး တို့ကြားဘယ်လို အခက်ခဲတွေရောက်လာဦးမလဲ စောင့်မျော်ပေးနော်
LGBT တို့ဘဝ တွေက မချောမွေ့ဘူးလေ

Continue Reading

You'll Also Like

1.5K 67 13
"ခါနွေဦးဆိုတဲ့ကျွန်မက နွေဦးမှာမွေးဖွားလာတဲ့ကံကော်ရိပ်ဆိုတဲ့အမျိုးသမီးကိုသိပ်ကိုချစ်ပါရဲ့ရှင်" ခါနွေဦးဆိုတဲ့အမျိုးသမီးနဲ့ကံကော်ရိပ်ဆိုတဲ့အမျိုးသမီး...
517K 33.1K 41
Let's see how different personalities mends with each other to form a beautifull bond together. Where the Eldest is calm and cold, Second is aggress...
401K 13.4K 53
Anhay Sharma:- Cold business tycoon who is only sweet for his family. He is handsome as hell but loves to stay away from love life. His female employ...
32.6K 1.1K 38
"ဘယ်လောက်ပဲ ငိုရ ငိုရ နှလုံးသားက မငယ် မှ မငယ်" *သွန်းရတီဦး* "မင်း ဘယ်လောက်ပဲ ဆိုး" အချိန်တန် တို့ ဆီကို ပြန်လာမှာမလား" *မီမီဇော်* "နင်ကို စတွေ့ကတည်းက...